Saturday, July 18, 2009

ဝေးကွာခြင်း




မုန်တိုင်းတစ်ခု တိုက်သလိုပ
လွင့်ထွက်သွားအောင်

စွမ်းဆောင်နိုင်လိုက်တာ


ထိတ်လန့်ဖွယ် ကောင်းလေစွ

နီးစပ်ခြင်းများအား
အတင်းအဓမ္မ ဆွဲခွာသွားရက်တာ

ညှို့ငင်ချက်တခုလိုပ

တမ်းတခြင်းများအား

တားဆီးမရအောင်

ဆွဲဆောင်ပျံ့နှံ့လာစေတာ

သေနတ်တစ်လက်လိုပ

အရှိန်ပြင်းပြင်း
စီးဆင်းလာတဲ့

ဝမ်းနည်းခြင်းများအား

တာလွှတ်ပေးခဲ့တာ


*

ကြည့်

တိတ်ဆိတ်ခြင်းနဲ့ ခြောက်သွေ့ခြင်းတွေကို
အထီးကျန် ကမ္ဘာထဲ လာထည့်ပြပါလိမ့်မယ်

(1998)

*****
(မင်းခိုက်စိုးစန်တို့ တာရာမင်းဝေတို့ မော်ဒန်တွေ ဖတ်ပြီး ရူးနှမ်းခဲ့တဲ့ အချိန်တုန်းက ရေးထားခဲ့တာပေါ့။ ကိုယ့်ဟာကိုယ် အနုပညာ ဇာတာ မပါမှန်းလည်း မသိခဲ့သေးတဲ့ အချိန်လေ။ သူတို့သာသိရင် တစ်သက်လုံး နောင်တရသွားနိုင်တယ်)
:D


(သူတို့ နှစ်ယောက်လုံး မရှိကြတော့ဘူး လို့ အချိန်တော်တော် ကြာကြာကတည်းက ခံစားရတယ်။)


*****

Credit for Photo :
Nyan Htun

(Midway between
Italy and Spain)


7 comments:

  1. မမ ရေ....တူပါတယ်... ကိုမင်းခိုက်စိုးစန် တို့ ကိုတာရာ တို့သာ သိရင် ၀မ်းသာမှာပါ...သူတို့လိုလေး ရေးတဲ့ မမတစ်ယောက် ရှိလို့ပေါ့....။

    တိတ်ဆိတ်ခြင်း နဲ့ ခြောက်သွေ့ခြင်းသာ အထီးကျန်ကမ္ဘာထဲ ရောက်နေရင်တော့ ပျင်းလို့ သေမလားပဲ...း)

    ခင်တဲ့
    မေဇင်

    ReplyDelete
  2. ကြည့်
    ဆိုလို့ မြင်အောင်ကြည့်ပါတယ်
    ၉၈ တုန်းက ရေးထားတာဆိုလို့ ရှေးဟောင်းဆို
    တန်ဖိုးမရှိလို့ လေးစားပါတယ်။
    တန်ဖိုးမရှိ = priceless ကိုဆိုလိုတာပါ
    အဖိုးမဖြတ်နိုင်လို့ ရေးရင် ပိုလှမယ်ထင်မိသား
    မပြင်ချင်တော့လို့။

    ReplyDelete
  3. သြော်

    ၁၉၉၈ ကတည်းကတောင် ဒီလောက်တော်နေတာ

    ဒါကြောင့် လက်စွမ်းထက်ပါတယ်မှတ်နေတယ်။
    ခုတော့သိပြီ။
း)

    ReplyDelete
  4. 98 လောက်က ရေးထားတာတွေမို့ အဆင်ပြေနေတာ။ ခုဒါမျိုး ဘယ်လိုမှ မထွက်တော့ဘူး။ တခါတခါတွေးမိတယ်။ ကိုယ့်ဦးနှောက်က devolution များ ဖြစ်နေလားလို့။

    ReplyDelete
  5. မင်းခိုက်စိုးစံက ရှိသေးတယ်လေ ရီတာရဲ့....

    ReplyDelete
  6. ကျွန်မအတွက်တော့ သူတို့ နှစ်ယောက်လုံး ဟိုးအရင်ကတည်းက မရှိတော့ဘူး မမရယ်။
    :)

    ReplyDelete
  7. မမရီတာရယ်


    ကောင်းပါတယ် လာပြောရင်မြှောက်သလိုဖြစ်မယ်


    ကောင်းလို့လာပါတယ် ဆိုရင်သဘောပေါက်

    ၉၈ တုန်းကဗျာလေးကိုပဲကြည့်ပါအုံး


    ကြာလေကောင်းလေပါနော်


    ချစ်ခင်စွာဖြင့်

    ဖိုးစိန်

    စိတ်ကုန်ပါနဲ့ သားဘာမှလုပ်ဖူးနော်

    ReplyDelete