Wednesday, August 29, 2012

120829

ခုလောလောဆယ် တွေးမိတဲ့အတွေးကို ပြောရရင် အထဲက လုပ်နေတဲ့လူတွေနဲ့ အပြင်က ပြောနေတဲ့လူတွေကို တနေရာတည်း စုထည့်လိုက်ပြီး ထိပ်တိုက် ညှိနှိုင်း ငြင်းခုန် ဆွေးနွေး ဝေဖန် ဆဲဆို ဖွင့်ထုတ်ပစ်လိုက်ကြရင် ကိစ္စတွေ ပြတ်သင့်သလောက်တော့ ပြတ်သွားမယ်ထင်တယ်။ မပြတ်တဲ့ကိစ္စတွေရှိရင်တောင် ဒါတွေမပြတ်ဘူးလို့ ပြတ်ပြတ်သားသား သိသွားတာပေါ့။

လုပ်တာက တလိုင်း ပြောတာက တလိုင်း (စိုက်တာက တဖွဲ့၊ ခုတ်တာက တဖွဲ့)ထက်စာရင် အဲဒီနှစ်ခု ထိပ်တိုက်တွေ့စေချင်တယ်။ အဲလိုလုပ်တဲ့ပွဲကို ကျန်တဲ့လူတွေအတွက် ချန်နယ်တခုခုကနေ လိုက်ဖ်လွှင့်လိုက်။

ပုံ/ ပွဲပြောင်း ပွဲလွဲ ကြည့်လိုသူ။

4 comments:

  1. ပိုက်ဆံများရှိလို့ကတော့ကွာ...

    ReplyDelete
  2. အမြင့်ကြီးတွေ မဖတ်ချင်ဘူး.။
    နဲနဲလျှော့..။

    ReplyDelete
  3. hmmm ... might be easier said than done! worth a try though ...

    ReplyDelete
  4. ရက်စ်

    လုပ်ဖို့ခက်တယ်။ ခက်တယ်ဆိုတာထက် မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူးဆိုတာ သေတဲ့လူ ပြန်ရှင်အောင်လုပ်ဖို့ မဖြစ်နိုင်တာမျိုး၊ မသေဆေးဖော်ဖို့ မဖြစ်နိုင်တာမျိုး၊ လူကနေ မျောက်ဖြစ်အောင် ဖန်ဆင်းဖို့ မဖြစ်နိုင်တာမျိုး မဟုတ်ဘူး။

    နှစ်ဘက်စလုံးက ဗမာတွေဖြစ်နေလို့မို့ 'ဆင်ပြောင်ကြီး အမြီးကျမှ တစ်' တဲ့ မဖြစ်နိုင်တာမျိုးကြီး။ ဆင်ဖမ်းမယ် ကျားဖမ်းမယ် တခဲနက် အော်ရုံအော်ပြီး တကယ်လက်တွေ့ ထိပ်တိုက်တွေ့ဆိုတော့မှ အဖျားရှူးချမယ့် မဖြစ်နိုင်တာမျိုးကြီး။ တခါတခါကျ နှစ်ဘက်စလုံး ညှိပြီး ပွဲဖြစ်ရုံ၊ လူစိတ်ဝင်စားရုံ ဇာတ်တိုက်ထားသလားလို့တောင် သံသယဖြစ်လာတယ်။ ကိုးရီးယားကား အထာပေါ့လေ။ ထိပ်တိုက်တွေ့ရင် ဇာတ်က ရှေ့ဆက်လို့မရဘဲ ပြီးသွားမှာကိုး။

    ကိုယ့်အမြင်ပြောတာပါ။ မှားချင်လည်းမှားမယ်။ =)

    တကယ်ပြောတာ။ ပိုက်ဆံရှိများလို့ကတော့ နှစ်ဘက်စလုံးကို ရုံသွင်းပြီးပြပစ်မယ်။ (နှစ်ဘက်စလုံး ရူးချင်ယောင်ဆောင်သွားကြမှာ သိပေမယ့် အချီကြီးရမယ့်ပွဲမျိုး စိတ်ကူးယဉ်ကြည့်တာပေါ့လေ) =D

    ReplyDelete