Thursday, June 10, 2010

အားပေးနှစ်သိမ့်တဲ့ အင်ဥ





ပြီးခဲ့တဲ့ တနင်္ဂနွေ (6th June)
Bangkok က reader တစ်ယောက် ပို့လိုက်တဲ့ ပုံလေးတွေ။ အဲဒီ ညီမလေးရဲ့ comment တွေ ရဖူးပေမယ့် သူ့ comment က တခါတလေမှပဲ လာတာပါ။ ပြီးတော့ သူ့ကို S'pore ကလို့ပဲ ထင်နေခဲ့မိသေးတယ်။ နောက်ပြီး blog ကို ခြေရာခံမိသလောက် BKK က စာလာဖတ်သူ နည်းတယ်လို့ ထင်မိတော့ BKK ကဆိုရင် ရင်းရင်းနှီးနှီးသိတဲ့ Addy တစ်ယောက်ပဲ ပင်တိုင်ဖတ်သူ ရှိတယ်လို့ ထင်နေခဲ့တယ်။

သူက ကျွန်မတို့ လက်ထပ်ဖြစ်ကြရင် က မရွှေဇင် နဲ့ အပြန်အလှန် ရေးထားကြတဲ့ comment တွေကို ဖတ်ပြီး ကိုယ်စားချင်တဲ့ အင်ဥဟင်း ဓါတ်ပုံ ပို့လိုက်တာ တဲ့။

ချက်နည်းလဲ ပါတယ်။


" ပို့စ်မှာ အင်ဥမပါဘဲ ဘာကြောင့်များ မန့် ထားပါလိမ့်လို့ တွေးနေမိသေးတယ်။ နောက်မှ မရွှေဇင်ဦး ဘလော့ကို သွားကြည့်လိုက်တော့မှ သဘောပေါက်သွားတယ်။
...
ဒီမှာ ကျွန်မတွေ့ခဲ့တဲ့အင်ဥက ရေကို ပြောင်အောင် ဆေးပြီးသားတွေ။ တော်တော်လေးတော့ ဝမ်းသာသွားတယ်။

အိမ်ပြန်ရောက်တော့ ရေတခါလောက် အာပတ်လွတ် ထပ်ဆေး၊ ပါးပါးလှီးထား။ ကြက်သွန်ဖြူ နီထောင်း၊ ဆနွင်းထည့် ဆီသတ်၊ ခရမ်းချဉ်သီးထည့်၊ အရောင်တင်မှုန့်ထည့်။ ခရမ်းချဉ်သီးလိပ်ပြီဆို လှီးထားတဲ့ အင်ဥထည့်။ အပေါ့အငန် လိုသလိုမြည်း၊ ရေထည့်ပြီး ခန်းအောင်တည်။ လိုသေးရင် ရေထပ်ထည့်ပါ။

ဒီက အင်ဥမှာ ပြောစရာတခုရှိတာက မြန်မာပြည်က အင်ဥလို မနုပါဘူး။ သားရေဖတ်နဲ့  နည်းနည်းဆင်တယ်။ ဒါပေမယ့်လည်း အလွမ်းပြေ ရှားရှားပါးပါး လူတကာ မနာလိုဖြစ်ရတဲ့ဟင်းတော့ စားလိုက်ရတာပေါ့လေ။"

(သူ့စာ တပိုင်းတစ)

***
"
ဓါတ်ပုံပြပြီး ထပ်နှိပ်စက်သလို ဖြစ်ပေမယ့် အဲလို နှိပ်စက်တာကို ခံချင်နေတာပါ။

မစားရ ဝခမန်း ကြည့်လိုက်ပါမယ် ညီမလေး :D

ပဲခူးတိုင်းမှာ နေခဲ့တုန်းကဆို မိုးတွင်းရောက်တာနဲ့ အိမ်မှာ ခဏခဏ ချက်ပြီ။ အဲဒီခါတိုင်း တလုံးချင်းကို ပွတ်ပြီး ၂ ခါလောက်ဆေးရတာ သိပ်ပျင်းတာပဲ။ အင်ဥအမဲက သိပ်ဆေးစရာမလိုဘူး။ ချောအိအိလေးနဲ့ သဲလဲ သိပ်မကပ်ဘူး။ အဖြူက သဲတွေကပ်နေတတ်လို့ သေချာ ဆေးရတယ်။

အဲဒီအကြောင်းကို ပြန်စဉ်းစားရတာ ရေစိမ်ထားတဲ့ အင်ဥမဲမဲလေး ဖြူဖြူလေးတွေဆီက ထွက်တဲ့ အနံ့နဲ့ သူတို့မှာ ကပ်နေတဲ့ သဲနံ့ကို နှာခေါင်းထဲမှာ ပြန်ရနေတယ်။ ဖြူးမှာ နေခဲ့တုန်းကပေါ့..."

(ကိုယ့်ပြန်စာ တပိုင်းတစ)

***
" ကျွန်မလည်း အင်ဥလှီးနေတုန်း ခဏခဏ ကောက်နမ်းကြည့်မိတယ်။

အိမ်ကို လွမ်းဘီဆို အနံ့လေးက အစ၊ ရာသီဥတုအခြေအနေလေးက အစ လွမ်းစရာလေးတွေချည်းပဲနော်။ မိုးရွာပြီးစ မြေသင်းနံ့၊ မြက်နံ့ဆို ဘယ်လိုချစ်မှန်းကိုမသိတာ။""

(သူ ထပ်ပြန်တဲ့ စာ)

***

ကိုယ့်မှာလဲ ရောဂါတစ်ခုက ဘာတဲ့ဆိုရင် ဖတ်ဖူးတဲ့ စာအုပ်တွေ ပြေးပြေး သတိရတာပါပဲ။
ခုလည်း အဲဒီ တနင်္ဂနွေနေ့က ဆရာမ ဝင်းဝင်းလတ် ရဲ့ "အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ" မှာပါတဲ့ အားပေးနှစ်သိမ့်သော မုန့်ဟင်းခါး ဆိုတာလေးကို သတိရမိတယ်။


အဲဒီ ဝတ္ထုထဲက စကားလုံးတွေ၊ အကြောင်းအရာတွေ တခုချင်းကို စွဲလမ်းနေခဲ့တော့ အကြောင်းတိုက်ဆိုင်တာနဲ့ ပြန်ပေါ်လာတာ သိပ်တော့ မဆန်းပါဘူး။

ဒေါက်တာ ခင်ဦးနွယ် ဆေးရုံက တိုင်စာကိစ္စ ရင်ဆိုင်ရခါနီး၊ သားနှစ်ယောက်ကို ခင်ပွန်းဟောင်းက ခဏ ခေါ်သွားချိန်၊ လုပ်ငန်းခွင်ကနေ အိမ်ပြန်ရောက်တော့ ကလေးတွေအသံ မကြားရ၊ တဘက်က ရင်ဆိုင်ရဦးမယ့် ပြဿနာ... အဲဒီအချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေ လာပို့ထားကြတဲ့ မုန့်ဟင်းခါး နဲ့ ဘုရားပန်းကို ညွှန်းဆိုလိုက်တဲ့ စကားလုံးလေး... အားပေးနှစ်သိမ့်တဲ့ မုန့်ဟင်းခါး နဲ့ အားပေးနှစ်သိမ့်တဲ့ ဘုရားပန်း တဲ့။


ebook မှာတော့ စာမျက်နှာ 217 နဲ့ 218 မှာ...

***
ဘဝမှာ ဘာတွေပဲတွေ့တွေ့ ဒါတွေကြောင့်ပဲ နေပျော်ရပါတယ်။

:)))

***



ဒီပုံနဲ့ post နဲ့ သိပ်တော့ မဆိုင်ပေမယ့် "ကျေးဇူး post" တွေ ရေးဖြစ်တုန်းက side bar မှာ တင်ထားခဲ့လို့ ကိုပေါ နဲ့ ကိုဝတုတ်က ဒီ post မှာ comment ဝင်ရေးခဲ့တာကြောင့် ဒီ post မှာပဲ အဆက်အစပ်မိအောင် ပြန်သိမ်းထားလိုက်တယ်။

ပြီးတော့ အင်ဥပုံတွေ ပို့ပေးသူနဲ့ ဒီ ကာတွန်းပုံလေး ပို့ပေးသူ တစ်ယောက်တည်း ဖြစ်တာကြောင့်ရောပါ။

***

28 comments:

  1. အင်ဥ စားချင်လိုက်တာ သတိရသွားပြီ

    ReplyDelete
  2. ကိုင်းဥက ကင်ရင် ပိုမွှေးတယ် ရှလွတ် သတိရသွားပီ

    ReplyDelete
  3. @ ဆောင်း

    ငိုချင်ရက် လက်တို့
    :'(

    ReplyDelete
  4. ညီမ ရေ

    ချစ်တဲ့ ကိုယ်ချင်းစာတဲ့ လူတွေ အများသား

    ကဲ ပုံလေးကြည့်ရတာ စားချင်စရာ
    စားပေရော အဝ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  5. အယ် စားချင်စရာနော်...
    ပပ်ပပ်နပ်နပ်ကလေး..
    မစားဖူးဘူးရီတာရဲ့
    ဘာအရသာနဲ့ဆင်လည်းဟင်
    မှိုနဲ့တော့အမြင်အားဖြင့်ဆင်တယ်နော်

    ReplyDelete
  6. @ KNSL
    မရွှေဇင် ပြောတာတော့ အင်ဥကလည်း မှိုတမျိုးလို့ ပြောတာပဲ ကျော်နှင်းဆီရဲ့။ အဖြူအမဲ ရောလာပြီးတော့ အမဲကမှ အင်ဥ။ အဖြူက ကိုင်းဥလို့လဲ ပြောကြတယ်။ ကိုယ်တော့ ဘာမျိုးလဲတို့ ဘယ်ကရလဲတို့ မသိဘူး။ သားကတော့ ဒီအတိုင်း ကော်စားလိုက်တာပဲ ဆိုတဲ့လူမျိုးဆိုတော့... :D

    မှိုမျိုးဆိုပေမဲ့ သူက အခွံက ထုတ်ထုတ် ထုတ်ထုတ် နေတယ်။ အထဲမှာ အနှစ်လေးတွေက ထွေးထွေးလေး နေတယ်။ သိရသလောက်တော့ အင်ဥဟင်းကို စားဖူးသွားရင် မကြိုက်ဘဲနေတဲ့သူ မရှိဘူး။

    ReplyDelete
  7. ကိုယ်က ရန်ကုန်သူစစ်စစ်မို့ မစားဖူးဘူးထင်တာပဲ။ အင်ဥဟင်း မြည်းကြည့်ဖို့ အရမ်းစိတ်ဝင်စားသွားပြီ။း)

    ReplyDelete
  8. ဟုတ်တယ် ဇွန်
    ရန်ကုန်မှာ မတွေ့မိဘူး။ ကိုယ်တို့ အညာမှာလဲ မစားကြဘူး။ ဒါပေမဲ့ မရွှေဇင်တို့ ရွှေမန်းအညာမှာတော့ ရှိတယ်။

    ပဲခူးတိုင်းမှာနေတုန်းက မုန်းလောက်အောင် စားရတယ်။ (တကယ်တော့ မမုန်းပါဘူး။ တင်စားပြောတာပါ)

    ReplyDelete
  9. အင်ဥဒွေလာပြန်ဘီ ။ GARRRR !!!!!!

    ReplyDelete
  10. အိုး အထဲက အနှစ်ကထွေးထွေးလေးတဲ့လား
    ရီတာရှင်းမှ ပိုသားရေကျတော့တယ်
    ဒီတခါပြန်ရင်တော့မရအရ ရှာချက်စားဦးမယ်
    :)

    ReplyDelete
  11. ပဲခူးတိုင်းသူ...........အင်ဥသိပ်ကြိုက်

    ReplyDelete
  12. ပဲခူးသူလား ဒါဆိုအမျိုးပဲ
    တို့မေဘက်က ပဲခူးနွယ်တွေ...
    ခစ်
    ဖေ့စ်ဘွတ်ခ်တော့လတ်တလောစတေးရှောင်နေပါတယ်..

    ReplyDelete
  13. အင်ဥချက်ရင် သူငယ်ချင်းတယောက်ကို အရမ်းသတိရတယ်။ သူကလုံးဝမစားဖူးဘူး။ ကျောင်းကိုထမင်းချိုင့်ယူတော့ ကိုယ့်ချိုင့်ယူစားရင်း ကြိုက်သွားတာ။ စားပြီးတော့မှပြောရှာတယ်။ အင်ဥဆိုတော့ ဥအတုကြီးပေါ့တဲ့။ အမရီတာပြောတာ ဟုတ်တယ်။ ကိုယ့်ချိုင့်ယူစားရင်း အင်ဥတခါမှ မစားဖူးတဲ့သူတွေ ကြိုက်သွားကြတာ ၆ ယောက်ရှိတယ်။ ဒါပေမယ့်မစားသာဘူး။ သူတို့ အိမ်က အလုပ်ရှုပ်လို့ မချက်ပေးတော့ အင်ဥချက်တာဝန်က ကိုယ့်ပေါ် ကျတော့တာပဲ။ အမရေ ပိုစ့်လေးကိုဖတ်ရတာ အရမ်းဝမ်းသာတာပဲ။

ဲJJ

    ReplyDelete
  14. :)))
    ဒါဆို JJ က ကိုယ်နေဖူးတဲ့ နေရာနဲ့ မဝေးလောက်ဘူး
    :)))

    ReplyDelete
  15. ပဲခူးသူတော့မဟုတ်ပါ။ ပဲခူးတိုင်း သူ

    ReplyDelete
  16. ကျွန်မ တောင်ငူကပါ။ ပြောဖို့ မေ့မေ့နေတာ။

    JJ

    ReplyDelete
  17. အင်း ဓါတုကလျာ nick မို့လို့ ထင်တော့ထင်တယ်။
    ဖြူး နဲ့ တောင်ငူ 36 မိုင်လားပဲ မသိ ဝေးတာ။

    :)))

    ReplyDelete
  18. အင်ဥက ယားတတ်တယ်မို့လား။

    ReplyDelete
  19. “မျက်နှာချင်းဆိုင်ပြီး သနပ်နဲ့ ပစ်ချင်” ရင်တော့ ဘွာတေးမပါတမ်းနော၊ တို့ အောက်ပြည်က မရမ်းသီးသနပ်က မျက်နှာရှုံ့ပြီး အရှူံးပေးသွားရမယ်။ (ဈေးတော့ မရောင်းလို့ လိုချင်တယ်ဆိုရင် ပို့မပေးနိုင်ပါ၊)

    ReplyDelete
  20. အင်ဥက မယားပါဘူး။ ချက်ပြီးမှ မဟုတ်ဘဲ ဒီတိုင်း အစိမ်းကို ရေဆေးတာလဲ လုပ်ဖူးပါတယ်။ မယားပါဘူး။

    နောက် ကျွန်မက စာလုံးပေါင်းသတ်ပုံ သိပ်ဂရုစိုက်တယ်နော် (မမှားဘူးတော့ မဆိုလိုပါ)

    သေနတ် is NOT equal to သနပ်
    :)

    ReplyDelete
  21. မိုးရောက်ပြီဆိုတာနဲ့ အင်ဥ ကောက်ဖို့ တက်ကြွခဲ့ဖူးတယ် ။ ကိုယ်တိုင်ကောက်ပြီး ပြန်လာ ကိုယ်တိုင်ရေဆေး...ချက်တော့ မချက်တတ်လို့ အမေ့ ချက်ပေးတဲ့ အင်ဥ...အရမ်းလွမ်းတာပဲ။ တစ်ခါတစ်လေ ကောက်လာတဲ့ အင်ဥ တွေ သိပ်များလာရင် ဆားလေး ထည့်ပြီး ပြုတ် ရေနွေးကြမ်းနဲ့မြည်း .. သတိရတယ် တကယ်း(

    ReplyDelete
  22. အပြုတ် မစားဖူးဘူး မေဇင်ရဲ့။ အိမ်မှာတော့ ချက်တာ။ တချို့လည်း ကြော်ကြတယ်။ ကြော်တာလည်း စားဖူးတယ်။

    ReplyDelete
  23. Typical Rita,lol..................
    Tin Aung Ni is my fav cartoonist.

    ReplyDelete
  24. ဂျော်လီဆွေ တပုဒ်လောက်ရေးပါအုံး j/k :D

    ဒါနဲ့ အောက်က bar ကြီးက ကွန်နစ်ရှင် မကောင်းရင် load တာမကြာစေဘူးလားလို့

    ReplyDelete
  25. တင်အောင်နီကာတွန်းကို ကြိုက်တယ်။

    တရားသဘောနဲ့ပြောရရင် (အဟမ်း).....

    “မရှိခြင်းနဲ့ ကျေးဇူးပြုတာမို့ နတ္ထိပစ္စယော”

    ဒါကြောင့် ကျေးဇူးရှိကို ရှိတယ်။ ရီတာ ကျနော့်ကို ဇွတ်ကန်မငြင်းနဲ့....း-)

    ReplyDelete
  26. http://formmbloggers.blogspot.com/2010/06/blog-post.html

    JJ

    ReplyDelete
  27. အင်ဥစားချင်တယ် မမရာ... :)

    ReplyDelete
  28. ညီမရေ

    အင်ဥ အဖြူ အမဲ ကွဲတာက အောက်ခံ မြေပေါ်မှာ မူတည် သွားတာပါ အားလုံး ဟာ အင်ဥ ကြီးပါဘဲ

    ကိုင်းဥ က သီးသန့် ပါ အမ ကိုင်းဥ နဲ့ ပတ်သက်တဲ့ ဝတ္ထုတိုလေး တပုဒ် နောက်နေ့ တင်ပေးပါမယ်နော် အမှတ်မှား မှာဆိုးလို့ ပြင်ပေးတာပါ

    ရွှေစင်ဦး

    ReplyDelete