Sunday, December 20, 2009

နောက်ဆုတ်ဖို့ ကြိုးစားရင်းနဲ့

2007 Melody World မှာ The Best of Melody World ဆု ရသွားတဲ့ ထက်နေကြည် ရဲ့ သီချင်း

တေးရေးက မင်းချစ်သူ



စာသားတွေ တစ်လုံးချင်းက အဓိပ္ပါယ် တစ်စချင်းကို ကြိုက်မိတယ်။
အဲဒီ သီချင်း စ ကြားဖူးတော့ မြန်မာပြည်မှာပဲ ရှိသေးတယ်။ ဒီကို လာခါနီး အချိန်ပေါ့။

စကြားလိုက်ရတဲ့ အချိန်မှာပဲ...
ရင်ထဲကို ပစ်သွင်းလိုက်သလို တိုက်ရိုက်ရောက်သွားတဲ့ သီချင်း။
စာသားတွေ တစ်လုံးချင်း တစ်လုံးချင်းက ဖောက်ထွင်းပြီး ဝင်သွားသလားတောင် ထင်မိခဲ့ရတယ်။

သူဆိုသွားတဲ့ mood ကိုလည်း သိပ်ကြိုက်တယ်။
အဆိုပညာတော့ သိပ်နားမလည်လှပါဘူး။ ဒါပေမဲ့ သူ့မှာ အဆိုပညာတင် မကဘဲ mood ကိုပါ စကားလုံး တစ်လုံးချင်းမှာ ထည့်သွားနိုင်တယ်လို့ ခံစားရတယ်။

ဥပမာ - တချို့ စကားလုံးတွေရဲ့ အဖျားနားလေးတွေမှာ အသံကို ဖျော့ချပြီး ဆိုပြလိုက်တာမျိုး။

သီချင်းကို အမေ့မေ့ အလျော့လျော့ နားထောင်ရင်းက မင်းချစ်သူ ဟာ သူဆိုဖို့ မဟုတ်ဘဲ ကိုယ် နားထောင်ဖို့များ ရေးခဲ့တာလားလို့
အဲဒီ အချိန်တုန်းက အယောင်ယောင် အမှားမှား တွေးခဲ့မိသေးတယ်။

အာရုံမှာ အိပ်မက်များမှာလည်း မင်းမျက်နှာ
နေရာတကာ ကိုယ်ထင်ပြနိုင်တဲ့ မင်းပေါ့ကွာ


ဒီတနေ့လုံး ကွန်ပျူတာ screen မှာ တင်ထားတဲ့ မျက်နှာတစ်ခုကို ကြည့်နေရင်းနဲ့
အဲဒီသီချင်းကို တောက်လျောက်ဖွင့်ပြီး နားထောင်နေမိတယ်။

မြန်မာပြည်ကနေ ဒီကို ထွက်လာခါနီး အချိန်က feeling တွေ၊ အငွေ့အသက်တွေကို ပြန်ခံစားရပြန်တယ်။ :(

***
ဘဝမှာ လုပ်တိုင်း မဖြစ်နိုင်တာတွေ၊ ဖြစ်တိုင်း မလုပ်နိုင်တာတွေ ကြုံလာတဲ့ အခါ...

***

7 comments:

  1. ဖတ်ဖူးတာ ရှိသား
    အချစ်ဆိုတာ ခွင့်လွှတ်ထိုက်တဲ့ ရူးသွပ်ခြင်း တစ်မျိုး ဆိုလား...
    မထူးခင် ရူး တာပေါ့
    ထူးသွားတော့လည်း ဖိတ်ပါ။
    ဓာတ်ပုံလည်း ရိုက်ပေးမယ် ရေခဲမုန့်လည်း စားမယ်

    pm ဘာမှ မသိပါ

    ReplyDelete
  2. ဘုရား ဘုရား
    ဒေါ်ရီတာကြီး
    ခံစားချက်တွေပျင်း (ပြင်း)နေပါပေါ့လား
    အခံရှိတယ်ထင်သာပ
    ကိုယ်ကတော့ ပိန်နေတာနဲ့ သီချင်းကိုတောင်သိပ်မကြိုက်ချင်တော့
    လူလှရင် ဘာဆိုဆိုကြိုက်တယ်
    အဟေးဟေး
    အဟော့ဟော့

    ReplyDelete
  3. Thanks for sharing
    Writing a book or blog....
    Writing a poem............
    Composing a song..........
    Singing or listening a song...........
    Playing a music..........
    Painting....
    different kind of item,
    But all are same art.

    BINO

    ReplyDelete
  4. ဘဝမှာ လုပ်တိုင်း မဖြစ်နိုင်တာတွေ၊ ဖြစ်တိုင်း မလုပ်နိုင်တာတွေ ကြုံလာတဲ့ အခါ... ဘယ်လိုလုပ်ရမလဲ မမရီတာ...
း(((((((((((((((

    ReplyDelete
  5. အရင်တည်းက ကြိုက်တဲ့ သီချင်းလေးပဲ... စာသားလေးကလည်း ရင်ထဲ ငြိတယ်လေ..

    ReplyDelete
  6. 21 Dec 09, 23:02
    julyDream: သီချင်းလာ နားထောင်တာ။ ကြော်ငြာ ကောင်းလွန်းလို့ပါ။

    ReplyDelete
  7. နောက်ဆုတ်ဖို့ကြိုးစားရင်း ရှေ့တိုးမိ....
    မေ့ပျောက်ဖို့ကြိုးစားမှ သတိကရနေပြန်ပြီ...

    :)
    သီချင်းဆက်ဆိုသွားတယ် ဒေါ်ရီတာ

    ReplyDelete