Monday, September 21, 2009

You jump, I jump!



ငရဲပွက်သလို ကမ္ဘာပျက်လုနီး အချိန်တစ်ခုမှာ ကိုယ့်လက်ကို မလွတ်တမ်း ဆုတ်ကိုင်ထားချင်တဲ့သူ...
ကိုယ်ကလဲ သူ့လက်ကို မလွတ်တမ်း ဆုတ်ကိုင်ထားချင်မိသူ...

ဒါ့ထက် သေမင်းက လက်တကမ်းအလို ရောက်နေတဲ့ အချိန်
မှာ သူရော ကိုယ်ရော အချစ်ဆိုတာကို ဖက်တွယ်ဖို့ တကယ်ပဲ စိတ်ပါလက်ပါရှိနိုင်သလား...

ဒါကတော့ ကိုယ်တွေ့ကြုံမှ သိနိုင်မယ့် ကိစ္စမျိုးပဲ။

***
ဂျူး ရဲ့ "ရေကူးသင်ခြင်း" (နာမည် မသေချာပါ) ကို သတိရမိ။
သူ့ချစ်သူနဲ့ သူ လှေတူတူစီးရင်း "ခုနေ လှေမှောက်ရင် နင် ဘာလုပ်မလဲ ဟင်" လို့ မေးတော့ ချစ်သူက သူရေမကူးတတ်မှန်း သိရက်နဲ့ သူ့ကို အရင် ဆယ်မှာပေါ့ လို့ မပြောဘဲ "ကမ်းခြေကိုရောက်အောင် ရေကူးပြေးမှာပေါ့" လို့ ဖြေလိုက်လို့ အဲဒီလူကို ဖြတ်လိုက်ပြီးတဲ့နောက် ရေကူးချန်ပီယံ ဖြစ်တဲ့ထိ ရေကူးသင်ခဲ့တဲ့ မိန်းကလေး တစ်ယောက်အကြောင်း။

ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်ချင်တဲ့ မိန်းမတစ်ယောက်ဟာ ရေကူးတတ်ဖို့လိုသတဲ့။

ဖတ်ကာစကတော့ တိုက်ရိုက် အဓိပ္ပါယ်ကိုပဲ ယူလို့ ပြုံးမိတယ်။
ဒါပေမဲ့ မြှုပ်ထားတဲ့ အဓိပ္ပါယ်တွေ အဲဒီ ၀တ္ထုမှာ ရှိနေသေးတယ်။

ဘ၀မှာ မုန်တိုင်းကျလို့၊ လှေမှောက်လို့ စသဖြင့် ရေထဲမျောနေတဲ့အခါ...
ရာသီဥတု သာယာစဉ်ကလို ဘေးမှာ ဖေးမတွဲ
ကူမယ့်သူ အမြဲ ရှိနေပါမယ်လို့ ဘယ်သူမှ မသေချာနိုင်ဘူး မဟုတ်လား။

ကိုယ်တိုင် ရှင်သန်ဖို့ ကိုယ်တိုင်ပဲ တတ်နိုင်တယ်။


***
မင်းခိုက်စိုးစံ ရဲ့ "ကမ်းခြေ" ဆိုလား၊ ဒါမှမဟုတ် "မွေးနေ့" ဆိုလား (အဲဒီ နာမည်တွေလဲ မသေချာပါ) ကို သတိရမိ။
အလွန် အင်မတန် ကြင်နာတတ် လူကြီးလူကောင်းဆန်တတ်တဲ့ ချစ်သူနဲ့ စက်လှေအပျော်စီးရင်း စက်လှေပျက်သလား၊ မုန်တိုင်းမိသလား မသိ၊ ပင်လယ်ထဲ မျောနေတော့မှ...

အတူ စီးလာခဲ့တဲ့ အလုပ်သမားတွေကို အသက်ကယ်လှေပေါ် ခေါ်တင်ဖို့...
နောက်ဆုံး ချစ်သူ မိန်းကလေးကိုတောင် ပါလာတဲ့ရေ ခွဲတိုက်ဖို့...
ခက်ခဲတဲ့ အခြေအနေကို ယောက်ျားပီပီသသ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖို့...

ခဲ ယဉ်း နေ တာ။

တချို့လူတွေရဲ့ တကယ့် စိတ်ရင်း နဲ့ အရည်အချင်းဟာ သေလုမျောပါး အခက်အခဲနဲ့ ကြုံတော့မှ အရင်းအတိုင်း ပေါ်လာတယ်။

***
တချို့က တစ်ယောက်လက်ကို တစ်ယောက်တွဲလို့၊ တစ်ယောက်ကို တစ်ယောက်ကို ပွေ့ဖက်လို့ အနီးကပ်လာတဲ့ သေခြင်းတရားကို စောင့်ဆိုင်းနေတဲ့ အချိန်...
တချို့တွေကတော့ အသက်ရှင်ခွင့် ရဖို့အရေး သွေးရူးသွေးတန်း လောဘတကြီး ပြေးလွှားအော်ဟစ် နေကြတယ်။

တချို့က ရှင်ရင်လဲ အတူတူ ရှင်ဖို့၊ သေရင်လဲ အတူတူသေဖို့ နှစ်ဦးသဘောတူနေတဲ့ အချိန်မှာ...
တချို့ကတော့ ရှင်သန်ခွင့် အတွက် တခြားသူကို မရှက်မကြောက် ခုတုံးလုပ်တယ်။
(အဲဒီအတွက် သူ အသက်ရှင်နေသရွေ့ သူ့ လိပ်ပြာသူ ပြန်ရှက်နေရတော့မှာပဲလို့ အလယ်တန်းကျောင်းသူ ဘ၀လောက်က ဆိုရင်တော့ တွေးကောင်းတွေးမိနိုင်တယ်။ ခုတော့လည်း အဲလို မတွေးမိပြန်ဘူး။ လိပ်ပြာ ပါမလာတဲ့သူတွေ လောကမှာ အများကြီးပဲ။)

***
အသက်ရှင်ကျန်ရစ်ရမယ့် အခွင့်အရေးက အကန့်အသတ်နဲ့သာ ရှိနေချိန်မှာ ကိုယ့်အတွက် ဘေးဖယ်ထားပြီး သူများအတွက် ပေးနိုင်လောက်အောင် ဘယ်အရာမျိုးက တွန်းအားပေးနိုင်တာတဲ့လဲ။

***
အသက် ၁၅ နှစ်လောက်က ချောင်းသာမှာ ရေနစ်ဖူးတာ သတိရမိတယ်။
ရေထဲပြုတ်ကျပြီ၊ နစ်နေပြီ၊ သေတော့မယ်လို့ ကိုယ်သိတဲ့ အချိန်... ကြောက်ရွံ့တုန်လှုပ်နေတဲ့ကြားက ငါတတ်နိုင်တာ ဘာမှ မရှိတော့ဘူးဆိုတဲ့ စိတ်ဝင်လာပြီး ဘုရားကို အာရုံပြုခဲ့နိုင်တယ်။

ခုနေ ဒါမျိုး ဖြစ်ရင် အဲဒီလို အာရုံဟာ
အဲဒီအချိန်တုန်းကလို ချက်ချင်း ပေါ်လာနိုင်ပါ့မလား ကိုယ့်ဟာကိုယ် မသေချာတော့ဘူး။

နောက်ထပ် နေလာတဲ့ ၁၅ နှစ် အတွင်းမှာ ပထမ ၁၅ နှစ်ကထက် အများကြီး ထူထဲ နေခဲ့ပြီ။
လောဘတွေ ဒေါသတွေ မောဟတွေ မာန်မာနတွေနဲ့...

***

ငရဲပွက်သလို ကမ္ဘာပျက်လုနီး အချိန်တစ်ခုမှာ ကိုယ့်လက်ကို မလွတ်တမ်း ဆုတ်ကိုင်ထားချင်တဲ့သူ...
ကိုယ်ကလဲ သူ့လက်ကို မလွတ်တမ်း ဆုတ်ကိုင်ထားချင်မိသူ...

ဒါ့ထက် သေမင်းက လက်တကမ်းအလို ရောက်နေတဲ့ အချိန်
မှာ သူရော ကိုယ်ရော အချစ်ဆိုတာကို ဖက်တွယ်ဖို့ တကယ်ပဲ စိတ်ပါလက်ပါရှိနိုင်သလား...

ဒါကတော့ ကိုယ်တွေ့ကြုံမှ သိနိုင်မယ့် ကိစ္စမျိုးပဲ။

***

(Rose ရဲ့ မျက်လုံးအကြည့်လေးကို တကယ်ပဲ သဘောကျမိတယ်။ လောကကို ခုမှ တအံ့တသြ စူးစမ်းလေ့လာနေတဲ့ အကြည့်)

You jump, I jump!


You jump, I jump!

You jump, I jump!

အညတရ ပန်းချီဆရာကလေးတစ်ယောက်...

သင်္ဘောကြီး နစ်သွားတဲ့ အချိန်မှာ သူနဲ့ ပတ်သတ်တဲ့ မှတ်တမ်းမှတ်ရာ ဘာတစ်ခုမှ မကျန်ရစ်ခဲ့ဘူး။ သူ့ဓါတ်ပုံကလေးတောင်မှ ငါ့မှာ မရှိခဲ့ဘူး။
သူဟာ ငါ့ရဲ့ အသိစိတ်ထဲမှာသာ ရှင်သန်နိုင်တော့တယ်။

အသက် ၁၀၁ နှစ်ထိ...
နောက်ထပ် နှစ်ပေါင်း ၈၄ နှစ် တောင်မှ ဆက်ပြီး အသက်ရှင်နိုင်ခဲ့တာဟာ
ဒီဘ၀ကို
(သေခြင်းဆီ ဆွဲခေါ်မယ့် ခရီးစဉ်တစ်ခုရဲ့ လက်မှတ်ဟာ ချစ်ရသူမိန်းကလေးနဲ့ တွေ့ခဲ့ရတာကြောင့် သူ့ဘ၀မှာ အဖိုးအတန်ဆုံးဖြစ်ခဲ့တယ် လို့ ဆိုခဲ့တဲ့) သူ့ချစ်သူက ပေးခဲ့တာလို့ သူ မှတ်ထင်ယူဆခဲ့လို့ များလား။

***

ဒီနေ့ Titanic ကြည့်မိလို့ ရေးဖြစ်သွားတဲ့ post... အဲဒီကား ခုမှ ကြည့်ဖြစ်တာ။
နောက်တပတ်ကျ Schindler's List ကြည့်မယ်။

***
စာကြွင်း။ ။ ကိုယ် ခုထိ ရေမကူးတတ်သေးဘူး။

***

22 comments:

  1. တို့လဲ you jump, I jump, right? လို့ Rose မေးလိုက်တာလေးကို အမြဲပဲ စွဲနေခဲ့တာပါ။ ဒါကြောင့် ချစ်သူမှ မဟုတ်ပါဘူး၊ သူငယ်ချင်းဆိုရင်လဲ ရဲဘော်ရဲဘက်စိတ် ရှိတတ်ဖို့ အတူခံ အတူစံဖို့ သတိပေးတတ်တဲ့ စကားမျိုးလေး လို့ စိတ်ထဲမှာ ထင်မိတာ။
    သေမင်းနဲ့ လက်တကမ်းအလိုမှာ တဦးနဲ့ တဦး ဖေးကူ ဖက်တွယ်ဖို့ အချစ်တောင် လိုအပ်ချင်မှ လိုအပ်မယ်။ စိတ်ကောင်းလေးတခုကပဲ အလုပ်လုပ်သွားပါလိမ့်မယ် လို့ အလင်းတဒေါင့်က အတွေးရောက်မိပါတယ် ညီမရေ။

    ReplyDelete
  2. အစ်မရေ ရုပ်ရှင်လေးကြည့်ပြီ တွေးမိတဲ့ အတွေး လေးကို တွေးရင်းတောရင်းဖတ်သွား ပါတယ် .... ဟုတ်တယ်နော် ... အရေးကြုံလာ တဲ့အခါ တကယ်ဒုက္ခရောက်လာတဲ့အခါကျမှ လူ တစ်ယောက်ရဲ့ ကိုယ့်အပေါ်ထားတဲ့ စိတ်ကို ထင်းထင်းလင်းလင်း မြင်လာနိုင်တယ် ဒုက္ခရောက် လို့ ခွဲခွာသွားတဲ့သူတွေ ရှိသလို၊ ဒုက္ခတွေကို မျှဝေခံစားတဲ့သူတွေလည်း ရှိတယ် အဲဒီဒုက္ခတွေကနေ လွတ်မြောက်သွားဖို့ ကူညီ ဖေးမသူတွေလည်း ရှိတယ် ဘယ်လိုလူမျိုးတွေ ဘယ်လောက်များတယ်ဆိုတာကတော့ ကိုယ့် ကံတရားပေါ်ပဲ တည်မယ်ထင်တယ်နော် ... ကျနော်လည်း ကိုယ်ချစ်ခင်သူ တစ်ယောက် အတွက် ဘယ် လောက်ထိ စွန့် လွှတ်နိုင်ပါမလဲဆိုတာ ခုထိ သံသယတွေ ပရပွပါပဲအစ်မရာ ...
    အတွေးအတွက်ကျေးဇူးအစ်မ
    လေးစားခင်မင်လျှက်
    ရန်ကုန်သား :)))

    ReplyDelete
  3. ကျနော်တော့ ဂျူးဝတ္ထုထဲက ဇာတ်ကောင်မိန်းကလေးလို နာကျင်မှုကို ကောင်းမွန်တဲ့အကျိုးဖြစ်စေမယ့် တွန်းအားတစ်ခုအဖြစ် ကြိုးစားသွားတာကို နှစ်သက်မိတယ်။

    ပုဂံသွားရင်း စက်လှေစီးမိတော့တောင် တွေးနေမိသေးတယ်။ ငါ့ဘယ်သူမှ လာမမေးပါလားဆိုပြီး :P

    ReplyDelete
  4. စိတ်ကူးလေးသဘောကျတယ်

    ReplyDelete
  5. “အံ့” မဟုတ်လား အဲ့မိန်းမနာမည်..

    ReplyDelete
  6. နောက်ဘာဆက်ဖြစ်သွားလဲ သူဘယ်သူနဲ့ယူသွားသလဲ။ ဂျုးထဲက...

    ReplyDelete
  7. ချန်နယ်ဖိုက်ကပြတိုင်းကြည့်မိတဲ့ကား..........

    ReplyDelete
  8. မမချို >>> အချစ်တောင် လိုအပ်ချင်မှ လိုအပ်မယ် အချစ်တောင် လိုအပ်ချင်မှ လိုအပ်မယ်။ အထပ်ထပ် ရွတ်နေမိတယ် မမရဲ့။

    ရန်ကုန်သား >>> အဲဒီကားက ကိုယ့်ကို အများကြီး တွေးသွားစေတယ်။ အဓိကကတော့ သံသယတွေပဲ။

    ရွာသား >>> ဘယ်သူက မေးရအောင် ဘယ်သူပါလို့လဲ ဘေးမှာ။

    ချိုမာ >>> အရေးလေးရော :)

    နီညန်း >>> ဟုတ်တယ်။ ဒါပေမဲ့ နီညန်းပြောမှ ပြန် မှတ်မိတာ။

    မမ KOM >>> ဘယ်သူနဲ့မှ မယူဘူး မမရဲ့. ၀တ္ထုတို ဆိုတော့လည်း... သူ ချန်ပီယံ ဖြစ်တဲ့ထိ ရေကူးပစ်လိုက်တယ်။ ပြီးတော့ ကယ်ဆယ်ခံချင်တဲ့ မိန်းကလေးတစ်ယောက်မှာ ချစ်သူဆိုတဲ့လူက မကယ်ဆယ်နိုင်ဘူးဆိုတာ သိတဲ့နောက် ကိုယ့်ဘာသာပဲ ရေကူးတတ်အောင် သင်တာက ပို စိတ်ချရတယ်လို့ တွေးသွားတယ် ထင်ပါတယ်။

    ငါမသေဘူး ရေကူးတတ်တယ် ပေါ့လေ။

    ထင်တာပြောတာ :D

    ReplyDelete
  9. ခေါင်းစဉ်ကို ဖတ်ပြီးတော့ ကြိုးခုန်တမ်း ကစားနေတယ် အောက်မေ့တာ...

    နောက်ဆုံးမှ စုန်းစုန်းမြုပ်တော့တာပဲ...

    Jack ရေထဲကျသွားတဲ့ပုံကို မျက်စိထဲက ခုထိမထွက်သေးဘူး...

    ငါကိုယ်တိုင်များလားလို့ စိတ်ကူးယဉ်ဖူးသေးတယ်...

းဝ)

    ReplyDelete
  10. တူတူသေမလား လို့စိတ်ကူးပေါက်ရင် မေးဖူးတယ်... မမေးကောင်းဘူး သိပေမယ့် ကိုယ်ကြားချင်တဲ့ အဖြေမျိုး ရမလားလို့ မျှော်လင့်ချက်နဲ့ပေါ့

    ReplyDelete
  11. မသီတာလည်း ရေမကူးတတ်ဘူး...
    ကိုဧရာကတော့ ဧရာဝတီကမ်းနဘေးက အလွမ်းတေးသမားလေး ဆိုတော့ (အော် အဆိုတော်ကိုမင်းအောင်နဲ့ မှားကုန်ပါပီ) ကူးတတ်တယ်။
    ကယ်မကယ်တော့ ကိုခလာ အဲလေ ကိုဧရာ သဘောပါပဲ...

    ReplyDelete
  12. "ဒီနေ့ Titanic ကြည့်မိလို့ ရေးဖြစ်သွားတဲ့ post... အဲဒီကား ခုမှ ကြည့်ဖြစ်တာ။
    နောက်တပတ်ကျ Schindler's List ကြည့်မယ်။"

    Obviously, you are a great reader, but not a movie fan.

    I watched Titanic several times. It was 1995 when I watched Schindler's list. Black and white film, isn't it?

    ReplyDelete
  13. Schindler's List
    ပြီးရင် Eichman
    ကိုဆက် ကြည့်ကိုယ့်မှာတော့အကုန်သိမ်းထားတယ် ကိုယ်ကြိုက်တဲ့ကားတွေအကုန်ရှိတယ်

    ReplyDelete
  14. အဲ့သည်ဝတ္ထုတိုနဲ့ပဲ ဂျူးကိုစဖတ်ဖူးခဲ့တာ..

    -ဘယ်လိုရည်ရွယ်ချက်နဲ့ ရေကူးတာလဲလို့ မေးတဲ့သူက မေးကြတယ်.. ရေကူးဝတ်စုံနဲ့ ရှိုးပြချင်လို့ လို့ တချို့က ပြောကြတယ်.. -

    ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့ ရေကူးတယ် ဆိုတာကို ငယ်ငယ်တုန်းက နားမလည်ခဲ့ဘူး..

    ReplyDelete
  15. တကယ်တမ်း အသက်အန္တရာယ်နဲ့ကြုံတော့မှသာ ..
    သည်အဖြေကို သိမှာပါ..။

    ပြောဖို့စောတယ်..။

    ReplyDelete
  16. ဟုတ်တယ် တော်တော် အားနေတယ်။ ဒါပေမဲ့ ကိုယ့်ဘလော့မှာ ကိုယ်ရေးချင်တာ ရေးဖို့ပဲ အားတယ်။ သူများဘလော့မှာ အားနေလား လိုက်မေးနေရလောက်အောင်တော့ မအားဘူး။

    ReplyDelete
  17. တို့ကတော့ ဒီနေ့ ရုံးမသွားတော့ သူများ ဘလော့က ကွန့်မန့်တွေ ဖတ်ဖို့ အားနေတဲ့အပြင် မာမီ့ စီပုံးမှာ သောင်းကျန်းသူ လုပ်ဖို့လည်း အချိန်တွေ ပိုနေတယ်ကွယ်။ အထင်တွေများ ဇွတ် ကြီးသွားလေ သလားနော်။ အဲငှယ်...

    ReplyDelete
  18. DONT CRY WHEN YOU WATCH Schindler's List..
    ;)
    IT IS SO TOUCHING

    ReplyDelete
  19. 24 Sep 09, 09:56
    nn: Rita! the first time for me. I also cannot do the swimming.. hihe.. :)
    24 Sep 09, 09:50
    စန္ဒကူး: ကူး လဲ မကူးတတ်ဘူး။ (ရေ)

    ReplyDelete
  20. jack ကိုတော့မသိဘူး။ rose ကိုတော့ အဲဒီအချိန်မှာ သူမဟာ ကန်ချင်တဲ့ အချိန်၊ လွတ်မြောက်ချင်တဲ့ အချိန်မို့ အဲလိုဖြစ်တာ။ jack နဲ့မှ မဟုတ်ဘူး။ jack နဲ့ မတွေ့လည်း rose တခြားတယောက်နဲ့အဲဒီအချိန်မှာ တွေ့ကို တွေ့မှာပဲလို့ အသိတစ်ယောက်က ပြောဖူးတယ်။ Passimist လို့ပဲပြောရမလားမသိဘူး။ စဉ်းစားတွေးခေါ်ပြီး ဆက်စပ်ရေးထားတာလေး ကြိုက်မိတယ်။

    ReplyDelete
  21. Jr ပြောတာ စိတ်ဝင်စားစရာလေး။

    စိတ်ကူးယဉ်ဇာတ်လမ်းကို အတည်ယူသလိုတော့ ဖြစ်နေမယ်။ ကိုယ်တော့ ဆက်ဆွေးနွေးချင်သေးတယ်။

    သူ့အနေနဲ့ တကိုယ်တော် လွတ်မြောက်ချင်ရုံသက်သက်ဆိုရင်
    ၁) အသက်ကယ်လှေပေါ် အရင်ဆုံး တက်လို့ရတဲ့ အနေအထားကနေ နစ်နေတဲ့ သင်္ဘောပေါ်က ချစ်သူဆီ ပြန်သွားမှာ မဟုတ်ဘူး။

    ၂) လည်ပင်းထိရောက်နေတဲ့ ရေကို ဖြတ်ပြီး ချစ်သူဆီ ပြန်သွားမှာ မဟုတ်ဘူး။

    ၃) အသက်ကယ်လှေပေါ်ရောက်နေရာကနေ ကျန်ရစ်ခဲ့တဲ့ ချစ်သူဆီ ပြန်ပြေးလာမယ် မဟုတ်ဘူး။

    ကိုယ့်စိတ်နဲ့ နှိုင်းပြီး တွေးရရင်တော့ အချစ်ဆိုတာသာ မပါဘူးဆိုရင် ဒီမလောက်လေး မလောက်စား ပန်းချီဆရာလေးကို လှည့်တောင် ကြည့်မိမယ် မဟုတ်ဘူး။ တဖက်မှာက tycoon ကြီးလေ။

    Heart of the Ocean ကနေ လွတ်မြောက်ချင်တဲ့ မိန်းကလေး တကယ် ရှိပါ့မလားကွယ်။ (<<< ဒါက စိတ်ကူးမယဉ်ဘဲ တွေးလိုက်တာပါ)

    ReplyDelete