Monday, September 21, 2009

My Photo as a Child



တို့တော့ ငယ်ငယ်လေးတည်းက ချစ်စရာကောင်းပါ့။

(သူများလို မိုက်ကြည့် မကြည့်တတ်ပါဘူး။)


***

မပန်းနွယ်ရဲ့ post လေးတစ်ခု ဖတ်ရတုန်းက သဘောကျလွန်းလို့ ရယ်လိုက်ရတာ။
မိဘတွေက ကလေးတွေရဲ့ ဓါတ်ပုံတင်တာနဲ့ ပတ်သတ်လို့ ရေးထားတဲ့ post လေးပါပဲ။
သူပြောတာလေးတွေ စဉ်းစားသင့်တဲ့ အချက်တွေပါ။

***

မေစီ။ ။မဟုတ်သေးဘူး..မဟုတ်သေးဘူး။ ဘေဘီပြောတာ မှန်တယ်။ ငါလဲ စဉ်းစားတယ်။ တစ်နေ့.. ငါ ဟီလာရီကလင်တန်လို... သမ္မတအဖြစ် ၀င်အရွေးခံဖို့ ကြိုးစားနေတဲ့အချိန်၊ ငါ့ပြိုင်ဘက် ပါတီက ဒီပုံတွေနဲ့ တီဗွီမှာ ဟာသလုပ်ရင် ငါ မဲရပါ့မလားလို့။ ငါ့အဖေကလည်း အင်တာနက်မှာ ငါ အီတာလီယံခေါက်ဆွဲ စားနေတဲ့ ပုံတွေ တင်ထားတယ်လေ။ ငါမှ သေချာမ စားတတ်သေးတာ၊ ပေပွနေတာပေါ့ဟယ်။ သမ္မတလောင်းတစ်ယောက်ဟာ အဲဒီလို ပေပွနေအောင် စားဖို့ မသင့်ဘူး မဟုတ်လား။

(မပန်းနွယ် ဘလော့မှ)


***
တွေးသင့်တဲ့ အတွေးကလေး။

အဲလေ
ဒါပေမဲ့ ကိုယ့်မှာ ဒီတသက် သမ္မတဖြစ်ဖို့ လမ်းက မရှိလောက်တော့ပါဘူး။
လွန်ရော ကျွံရော ဖြစ်လှမှ သမ္မတကတော်လောက်ပဲဆိုတော့ သိပ်အရေးမကြီးဘူး ထင်တာပါပဲ။

:D

***

22 comments:

  1. ငယ်ငယ်တုန်းက အဖိုးဝယ်ပေးတဲ့ သုံးဘီးစက် ဘီးလေးကို သတိရသွားမိတယ် ... အမှတ်တရ လေးတွေပါ အစ်မရေ .... :)

    ReplyDelete
  2. ချစ်စရာလေး

    ReplyDelete
  3. ဗိုလ်အုန်းသီးကို နောက်ခုံကနေ စတိုင်နဲ့ ထိုင်စီးတာပါလား။ ခေသူ မဟုတ်ပေဘူး။ သမ္မတကတော် ဖြစ်ရင် မမေ့ပါနဲ့း)

    ReplyDelete
  4. ပုံလေးက ချစ်စရာလေးပါ။ သမ္မတကတော် မဖြစ်တောင်၊ သမ္မတမယ်တော်၊ သမ္မတယောက္ခမတော် မဖြစ်ဘူးလို့ ဘယ်သူပြောနိုင်လဲနော်။ :)။

    ReplyDelete
  5. မေး ၂ ထပ်နဲ့ပါလား.....

    ReplyDelete
  6. ငါ့ နှမ Rita တို့များ ငယ်ငယ် ကလဲ လှ
    ကြီးတော့ လဲ လှ ဆိုတော့...
    ဒေါင်း ရော ခွေး ရော နှစ်မျိုးလုံး ရောနေတာကိုး

    ReplyDelete
  7. သမ္မတကတော်ဖြစ်မဲ့ ညီမရေ
    တို့တွေက အမျိုးတွေနော်...မမုန်းကြေး မမေ့ကြေး။ :D

    ReplyDelete
  8. ပန်းနွယ်ပြောတာ သဘောကျသွားတယ်။ တော်သေးတာပေါ့..လုံလုံခြုံခြုံ ကလေး ပုံလေးမို့။ တချို့ဆို.....း)

    ReplyDelete
  9. ခုချိန်ကတည်းကတိုင်
    မမကြီး ကြိုခေါ်ထားရင် ကောင်းမလား
    :P


    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  10. ချစ်ချာလေး။ငယ်ရုပ်မပျောက်ဘူး

    ReplyDelete
  11. ကျော်ထင်September 21, 2009 at 2:57 PM

    My childhood photo ဆိုရင် ပိုသင့်တော်မလားလို့အကြံပြုကြည့်ပါရစေ

    ReplyDelete
  12. မှားပါတယ်

    ငါ့မှာလည်း အဲဒီလို ပုံစံ စက်ဘီးလေး ရှိတယ်ဟဲ့။ အရေးထဲ လာတူနေသေးတယ်။
    နင်ငါ့စက်ဘီး ယူရိုက်ထားတာတော့ မဟုတ်ပါဘူးနှော။ သိပ္မသကဿငာဘူး

    အမည္မေဖာ္လိုသူ
    အနောနီးမတ်စ်

    ReplyDelete
  13. Steve >>> absolutely thank u. :)

    Yangonthar >>> အဲဒါ ကိုယ့်စက်ဘီး မဟုတ်ဘူး။ ကိုယ့် 1st cousin ရဲ့ စက်ဘီးလေး။ :)

    မမီယာ >>> ဟုတ်လိုက်လေ မမရယ်။ (<<< အမ် မနိုင်ပါလား)

    မနုသွဲ့ >>> ဟုတ်တယ် မမ။ ငယ်ငယ်တည်းက စတိုင်နဲ့ မလိုင်နဲ့။ :)

    မပန်းနွယ် >>> တစ်ခုမဟုတ် တစ်ခု ဖြစ်ပါစေ။

    SDL >>> ခုတော့ တစ်ထပ်တည်းပဲ ဖြစ်သွားပါပြီ။ မေးနှစ်ထပ်ကလေးဟာ အတိတ်မှာ ကျန်ခဲ့တာ ကြာပေါ့။

    Nai >>> တကယ်က သံပုရာသီးရှင့်။ ကြီးလေ ချဉ်လေ။

    မမချို >>> မမုန်းပါ မမေ့ပါ မမရယ်။ ဘာပဲဖြစ်ဖြစ်ပါ။

    မကေ >>> လုံလုံခြုံခြုံလေးတွေပဲ ထပ်တင်ဦးမယ် မမ။ ဟိုလိုပုံတွေက အင်တာနက်မှာ ရိုးနေပြီမို့လို့။ :D

    တိုတိုတီဟ >>> ညီမလေး ခေါ်လဲ ရပါတယ်။

    June One >>> ဟုတ်ပ သားသားလိုပဲ ချစ်ချာလေး။ :)

    ကိုကျော်ထင် >>> ဟုတ် ဒီခေါင်းစဉ်ကလဲ တခြားတယောက် အကြံပြုထားတာမို့ပါ။ နောက်ထပ်ပုံတွေ ရှိသေးတယ်။ ခေါင်းစဉ် အမျိုးမျိုးတပ်မယ်။ :)

    email နှင့် ပို့သော အမည်မဖော်လိုသူ အနောနီးမတ်စ် >>> ဟုတ်တယ်လေ။ အဲဒါ နင့်စက်ဘီးပဲ။ နင်မမှတ်မိဘူးလား။

    မမKOM >>> သမီးလို ချစ်စရာ သမီးလေးတစ်ယောက်လောက် မလိုချင်ဘူးလား မမ။ :)

    မမသီတာ >>> certainly! :)

    ReplyDelete
  14. ဟားဟား အဲ့ကလေးလေးက တစ်နေ့အင်ဂျင်နီယာကြီးဖြစ်လာ မောင်၊ ကိုကိုနဲ့ မမရီတာကို ရေးမယ် ဘယ်သူကြိုတွေးမိသလဲ ..
    ဗိုလ်အုန်းသီးစက်ဘီးနဲ့ နောက်မှာထိုင်လို့ .. ကင်မရာမင်းကိုလား ဒီဘက်ကိုကြည့်ဖို့ မြူနေတဲ့ ဖေဖေလား မေမေလားကို စိတ်ဝင်တစားကြည့်လို့ ..
    ချစ်စရာ ..
    ကလေးပုံပဲ တုံးလုံးလေးကော ဘာဖြစ်တာမှတ်လို့ မုန့်စားပီးပေပွနေတဲ့ ကလေးကိုပိုတောင် မဲပေးလိုက်ဦးမယ် ကလေးပီပီသသလေးမို့

    ReplyDelete
  15. ရယ်လိုက်ရတာ littlebrook ရယ်။

    ဒါဖြင့် ကိုယ့်ကို ချစ်လို့ သူ့ကို မဲထည့်မယ့်လူတွေ အများကြီး နေမှာပဲနော်။

    :D :D :D

    ReplyDelete
  16. 21 Sep 09, 22:30
    littlebrook: သေချာတယ် .. အမကိုချစ်လို့ ၀ိုင်းမဲပေးမှား)

    ReplyDelete
  17. စက်ဘီးကို ရုတ်တရက်ကြည့်ပြီး ကလေးလှည်းခွေ အောက်မေ့နေတာ.. =) ဘီးအကြီးကြီးပဲ လို့ ..

    baby Rita, super cute!!

    ReplyDelete
  18. """ ကျော်ထင် said...

    My childhood photo ဆိုရင် ပိုသင့်တော်မလားလို့အကြံပြုကြည့်ပါရစေ""""

    ကိုယ်တော့အခုတပ်ထားတာကိုပဲပိုကြိုက်တယ်

    ReplyDelete
  19. ကိုယ်က စက်ဘီးမစီး လေယာဉ်ပျံစီးတာ....း)

    ချစ်စရာလေး...ပါးဖောင်းဖောင်း၊ မျက်လုံးဝိုင်းဝိုင်းလေးနဲ့... ငယ်ရုပ်သိပ်မပျောက်ဘူးနော် (အပြင်မှာပဲ မြင်ဖူးသလိုလို လေသံဖမ်းသွားတာ)

    ကိုယ်ငယ်ငယ်က ဓာတ်ပုံရိုက်ခံရတိုင်း မျက်လုံးပြူးတယ်။ :D

    ReplyDelete