Tuesday, July 28, 2009
ဝင်ကစွပ် - Hermit Crab
ဝင်ကစွပ်
မြင်ဆွတ်က ကြည်ဖို့ရာ
သည်သို့လာ ဟိုသို့သွားရယ်နှင့်
အငှားခန္ဓာ မြောင်ရတယ်
ဆန်းခေါင်ထိမျိုး။
(မြင်ဖူးမှ ယုံစဖွယ် - ဦးကြင်ဥ)
*****
မမခင်ဦးမေHello Singapore နှင့် ရွာသားဘာကြောင့် နိုင်ငံရပ်ခြား... များ ဖတ်ပြီး သတိရသဖြင့် ကောက်တင်လိုက်ပါသည်။
24 comments:
  1. ကဲ ပြောပါဦး။ ခုကော ဘယ်သူ့အင်္ကျီ ကောက်စွပ်ထားတာလဲ။
    ReplyDelete
  2. ပုံထဲမှာ မမြင်ဘူးလား။ :D
    (ဘိုးဘိုးလီတို့ အင်္ကျီလေ)
    ReplyDelete
  3. အခုတော. ၃ ထပ်ဝတ်ထားရတယ် night duty ကျတာ server ခန်းထဲမှာချမ်းလွန်းလို. ၀င်ကစွပ်တော. မကတော.ဘူး လိပ်မြေးလေးဖြစ်နေပြီ
    ReplyDelete
  4. ရေကြည်ရာ မြက်နုရာပေါ့ဗျာ ...
    ReplyDelete
  5. ဖြူနီဝါ ပြာတချို့နဲ့...
    ခရုထွေလာဆန်း...
    ကမ်းကွေ့ပတ်လည်....
    အားပါး... ပြောရင်းဆိုရင်း ဘူးဂစ်မှာ သွားပြီး ခရုတပွဲလောက် စားချင်လာပြီနော်... ရှလွတ်
    ReplyDelete
  6. အဲဒီခေတ်က beach သွားပြီး ကဗျာစပ်လာတဲ့ ဦးကြင်ဥတော့ လေးစားတယ်ရှင်။
    ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) တို့ ဟိုတယ်တက် စာရေးတယ်ဆိုတာ သူ့နောက် ပဝေသဏီကြာမှ ဖြစ်လာတာ။
    ReplyDelete
  7. ခုမှမြင်ဖူးတယ် အဲအကောင်ကို။
    ReplyDelete
  8. ကိုယ်ဟာလဲ hollow man ပါ...
    ReplyDelete
  9. ကဗျာက ဘာတဲ့လဲ။ သိတ်နားမလည်ပါ။ စင်ကာပူရောက်နေတဲ့မြန်မာတွေကို အဲဒီအကောင်နဲ့နှိုင်းချင်တာလား။ Irish တွေအဖို့Engaland ဟာလဲ နိုင်ငံခြားဘဲ။ သူတို့ကိုရော ဝင်ကစွတ်နဲ့နှိုင်းလို့ရလား။ တကယ်တော့ ဒီကလူတွေက အရှေ့ကလူတွေကိုအတူတူ ပဲလို့မြင်ကြတယ်။ ကိုယ့်ကိုလဲ China ကလာတယ်လို့ထင်တဲ့လူကထင်။ မလေး ကလို့ထင်တဲ့လူကထင်။
    ReplyDelete
  10. ဦးကြင်ဥရဲ့ ကဗျာတွေကို ကြိုက်ခဲ့တယ်..
    တခါတလေတောင် ပိတောက်ပန်းကဗျာ ကိုရွတ်ပီး
    ဦးကြင်ဥ သာ ပြန်ရှင်ပီး ကဗျာစပ်မိရင် ငါအရင်ကစပ်တဲ့
    ကဗျာမှားနေပီလို့ ဆိုပီး စိတ်ညစ်မှာ ..
    တနှစ်မှာတ ခါပွင့်တဲ့ ပိတောက်လည်း.. အခုတော့ အခါခါ ပွင့်ကြပီ..
    ReplyDelete
  11. အော်... ၀င်ကစွပ်တဲ့လား.... ။ ဟင့်... နောင့် ကိုယ့်ဘာသာ သနားသွားပြီ...။း) ပုံလေး ကချစ်စရာလေး နော်..။
    ReplyDelete
  12. သူများအိမ် ကိုယ့်အိမ်လုပ်နေရတာပေါ့။ အခွံလှလှလေး
    အခွံလှလှလေး အခွံလှလှလေး
    ... ဘာမှန်းတော့ မသိလိုက်ဘူး။ ကျနော်က ပညာရှိမဟုတ်တော့ .မြင်ရင်တောင် ဘာမှန်းသိတာမဟုတ်ဘူးခင်ဗျ
    ReplyDelete
  13. 29 Jul 09, 09:45
    စန္ဒကူး: အဲဒီအကောင်လေးတွေကရီရတယ်.. ပင်လယ်ကမ်းခြေရောက်တိုင်း အမြဲဖမ်းဖမ်းကြည့်တယ်
    29 Jul 09, 09:35
    myo: ဝင်ကစွပ်ကောင်ပုံလေးလှတယ်..သူကလှတဲ့အခွံလေးမှာ ဝင်စွပ်တာကိုးးး
    29 Jul 09, 09:33
    myo: သည်သို့လာ ဟိုသို့သွားရယ်နှင့် အငှားခန္ဓာ မြောင်ရတယ်
    ReplyDelete
  14. ဝင်ကစွပ်...တစ်ချိန်ချိန်တော့လဲ ကိုယ်ပိုင် အင်္ကျီ ရကောင်းပါရဲ့လေ...............
    ReplyDelete
  15. အဲကဗျာသိတယ်..
    အခုသေချာပြန်ဖတ်တော့ "ဆန်းခေါင်ထိမျိုး" ရဲ့ အဓိပ္ပါယ်က ဘာလဲ သိလား ရီတာ.. ကိုယ်မသိလို့.. ဟီး .. ဝေးဒယ်နော်..
    ReplyDelete
  16. vista >>> ပုံထဲက အကောင်လေးလို လှတပတ စွပ်ထားရဲ့လား :)
    little brook >>> ရေကြည်ရာ မြက်နုရာ အခွံချောင်ရာ :)
    Ko Paw >>> ဦးကြင်ဥမှာတော့ လှတပတလေးတွေ ရွေးပြီး ကဗျာရေးသွားရှာတာ ကိုပေါဖတ်ပြီး ဘီယာနဲ့ မြည်းချင်စိတ်ပေါက်နေတာ သိရင် ခမျာ စိတ်အတော် ဆင်းရဲရှာမှာ :D
    ချိုမာ (ကြည်ဖြူပိုင်) >>> ဟုတ်ပါ့။ ရှာလိုက်ရတာ။ e လို မသိလို့။ ကမ္ဘာပတ်မေးရသေး။
    pm >>> ညံ့ပါ့ မောင် pm .. ဘိခ်ျ သွား သွားပြီး ဘာလုပ်နေသတုန်း။
    ကိုလူထွေး >>> ၀င်ကစွပ်နဲ့ ကြုံချင်နေ မှတ်တယ်။
    Steve >>> ဘ၀မှာ စာတွေဖတ် ကဗျာတွေဖတ်ခဲ့သမျှ ဒီကဗျာက ဘာအဓိပ္ပါယ်လဲတို့ ဘာကို ဆိုလိုတာလဲတို့ မေးတဲ့လူတွေချည်း ကြုံနေရတာ ဘယ်လို ဆုတောင်းမကောင်းခဲ့လို့လဲ မသိ။ အဲဒီကဗျာ မသင်ခဲ့ဖူးဘူးလား ဒေါက်တာရယ်။ :(
    မမြတ်နိုး >>> တကယ်ပဲ အရင်က တနှစ်မှ တရက်ထဲ ပွင့်သလားဆိုတာ သံသယ ၀င်မိတယ်။ :)
    မေဇင် >>> အေးကွယ် ကိုယ့်ဘာသာပဲ သနားရတော့မှာပဲ။
    ရွာသား >>> အပေါ်မှာတော့ အဓိပ္ပါယ်ကို ဟုတ်တိပတ်တိ ရေးချပြီးမှ အောက်ရောက်တော့ ဘာမှန်း မသိပါဘူး ပြောတာ လာနောက်နေသလိုပဲ။
    ပုလု >>> ရမှာပါကွယ်။ ပြန်နိုင်တဲ့ သူတွေ ပြန်ကြပါ။ ကိုယ်တွေတော့ ဘယ်ထိ ၀င်ကစွပ် ဖြစ်နေမလဲ မသိသေးဘူး။
    Jr Lwin Oo >>> ဆန်းခေါင်ထိမျိုး ဆိုတာ ဆန်းကြယ်လှပါဘိခြင်း လို့ ပြောတာပါပဲ။ ခေါင် ဆိုတာ အထွတ်အထိပ် ကို ပြောချင်တာ ဖြစ်မှာပါ။ ဆန်းကြယ်မှုတွေ ခေါင်ထိတယ် မိုးထိတယ်။ ဆန်းကြယ်လိုက်ပါတဲ့ အမျိုးပေါ့။
    သူက ဘိခ်ျ သွားပြီး သဘာဝလောကအလှကို ရေးဖွဲ့ထားတာကို .. လှတာလေးတွေ .. ဆန်းတာလေးတွေ ..
    မြင်ယောင်ကြည့်ပါ။
    သျှောင်ထုံးကြီးနဲ့ တောင်ရှည်ပုဆိုးနဲ့ ရှေးမြန်မာ စာဆိုတော်ကြီး တယောက် ကမ်းခြေမှာ ခရုကောက်ရင်း ကဗျာရေးနေတဲ့ပုံကို။
    ခုပြန်တွေးရင် အဲဒီ scene ကမှ "ဆန်းခေါင်ထိမျိုး" ဖြစ်နေသေးတယ်။ :)
    ReplyDelete
  17. ရှင်းပြတာကျေးဇူးပါ ရီတာရေ။ ခုမှပဲ ကွက်ကွက်ကွင်းကွင်း မြင်တယ်။ ရှင်းပြသူတော်ပါပေ့။ :)
    ReplyDelete
  18. ၀င်ကစွပ်
    မြင်ဆွတ်က ကြည်ဖို့ရာ
    သည်သို့လာ ဟိုသို့သွားရယ်နှင့်
    အငှားခန္ဓာ မြောင်ရတယ်
    မြင်ဆွတ်က??
    ဆန်းခေါင်ထိမျိုး။??
    I really dont understand . sorry
    ReplyDelete
  19. ဂယ်ပါပဲကွယ်။ ပြောစရာကို မလိုတော့ဘူး။ ကွက်တိ။
    ReplyDelete
  20. ဆန်း ခေါင်ထိ မျိုး ..
    မမျိုးဟာ အလွန်ထူးဆန်းတဲ့နေရာမှာ ထိပ်ဆုံးခေါင်မိုးထိအောင် တက်နိုင်တယ် .. တဲ့ ... ဆိုလား.. ဆိုလား..ပဲ ..
    :P
    (နောက်ပြောင်ခြင်း သည်းခံခွင့်လွှတ်ပေးပါ)
    ဦးကြင်ဥ ကဗျာလေး ပြန်တင်ပေးတာ ကျေးဇူး
    ReplyDelete
  21. ရွာသားရေးခိုင်းတဲ့ စာကို...
    ကဗျာထဲက ကူးချပြီး ဖြေပေးလိုက်တော့လည်း...
    အဖြေက လိုတိုရှင်း ကွတ်တိပဲ...
    ကောင်းလိုက်တဲ့ အကြံ...
    ReplyDelete
  22. မြင်ဖူးမှ ယုံစဖွယ် (လေးချိုး) - ဦးကြင်ဥ
    မြန်မာကဗျာလက်ရွေးစင် သတ္တမတန်း (၂၀၀၉-၂၀၁၀ ပညာသင်နှစ်) မှ
    ကြုံစဖူး
    မြင်ဖူးမှ ယုံစဖွယ်။
    ဖြူနီဝါ ပြာတစ်စုနှင့်
    ခရုထွေလာဆန်း
    ကမ်းကွေ့ပတ်လည်။
    ရွှေမင်တံ သံပခြုပ်နှင့်
    ဟန်ရုပ်ပြ သွယ်သွယ်
    နတ္မယ္လ် ဆံထိုး။
    မြင်ဆွတ်က ကြည့်ဖို့ရာ
    သည်သို့လာ ဟိုသို့သွားနှင့်
    အငှား ခန္ဓာ မြှောင်ရတယ်
    ဆန်းခေါင်ထိမျိုး။
    ခက်ဆစ်အဖွင့်
    ကြုံစဖူး= မကြုံစဖူး။
    ရွှေမင်တံ= မင်တံသဏ္ဍာန်ရှိ ခရု။
    သံပခြုပ်= ပခြုပ်သဏ္ဍာန်ရှိ ခရု။
    နတ်မယ်လျဆံထိုး= နတ်သမီးဆံထိုးအမည်ရှိ ခရု။
    မြင်ဆွတ်= မြင်လျှင် ဆွတ်ပျံကြည်နူးဖွယ်။
    ReplyDelete