Wednesday, April 1, 2009

April

www.yadanabon.com

My month starts!


ကိုယ့်ရဲ့လ။
ချိုမွှေးသင်းပျံ့တဲ့ နွေလေပြည်လေးတွေ တိုက်ခတ်တတ်တဲ့လ။
ကောင်းကင်တစ်ခုလုံး လင်းပကြယ်စင်နေတတ်တဲ့လ။
ကြယ်ကလေးတွေ စုံတဲ့လ။
နှစ်ကူးပွဲတော် ရှိတဲ့လ။
အရင်ကတော့ အညာကို ပြန်နေကျ လ။
ဆုံဆည်းခြင်းရဲ့လ။
စိတ်အလွတ်လပ်ဆုံး လ။
ငယ်ဘ၀ကို သတိအရစေဆုံးသော လ။

ဘာရယ်လို့တော့ မသိဘူး။ ဒီလကို ကိုယ်ပိုင်လို့ ထင်နေတတ်တယ်။
မွေးလဖြစ်တာလဲ တစ်ကြောင်း။ ကျောင်းပိတ်တဲ့ ရာသီမို့ ကိုယ်လုပ်ချင်တာ လွတ်လွတ်လပ်လပ် လုပ်ရလို့ ပိုင်တယ် ထင်တာလဲ တစ်ကြောင်း။

ပြီးတော့ သူငယ်ချင်းတွေ မိတ်ဆွေတွေထဲမှာ ဒီလမွေးတဲ့သူတွေ တိုက်တိုက်ဆိုင်ဆိုင် ရှိနေတာ။
ခင်အောင်ထွေး၊ နိုင်လင်း၊ ကိုသူရိန်၊ ညီလင်း၊ ချိုမာ၊ ရန်နိုင်၊ မိုးမြင့်၊ မဥမ္မာ
(အဲလို တူတဲ့လူတွေ များတာကောင်းတယ်။
တလတည်း မွေးနေ့တွေ အပြိုင်အဆိုင်လုပ်၊ လက်ဆောင်တွေ အပြန်အလှန်ပေး။

အဲလို မထင်ပါနဲ့။
ပေးစရာရှိတာ ကျွေးစရာရှိတာတွေ
အပြန်အလှန် လျှော်ပစ်လိုက်ကြတော့ ပြီးသွားရော...)

ပြီးတော့ Apple က CEO "John Sculley"... သူကတော့ သူငယ်ချင်းမဟုတ်ပါဘူး။ မွေးနေ့တူလို့ ထည့်ရေးလိုက်တာ။

(ကိုယ်လဲ ပုလုကွေးဖွင့်မယ်ဆိုတဲ့ သူခိုးဆော့ဖ်ဝဲလ်ဆိုင်ကြီးမှာ CEO ရာထူးတောင်းထားပါတယ်။ ဒါကြောင့် နောက်ဆို ရာထူးပါတူတော့မှာ)

အိမ်မှာပဲ နေချင်တဲ့ လ။

April...
ကိုယ့်ရဲ့လ...

(ရည်ညွှန်း။ ။ မြန်မာနိုင်ငံက ကျန်ခဲ့ပြီးသော April များသို့)

2 comments:

  1. i am not really april guy/gal
    co i don't like april fool
    i don't like thynngyan
    but i do like long holidays
    coz i can sleep as late as i want and as long as i want :D
    but do wish for u
    and will write something fro ur B day
    let me knwo when
    :D

    ReplyDelete
  2. မွေးလတော့သိပြီး
    မွေးနေ့ မှာ ဘာကျွေးမလဲဆိုတာဆက်ပါ
    ဆက်ဆက်လာစားမည်
    ခင်တဲ့
    ဖိုးစိန်

    ReplyDelete