
အတိတ်တွေက မှုန်ဝါးပေမယ့်
ငါ့တို့နှစ်ဦး ဇာတ်လမ်းမှာ
တချို့နေရာက အကောင်းအတိုင်း ရှိနေဆဲပါပဲ
ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက်
အရင်လို ကြည့်မကောင်းပေမယ့် မြင်ရတယ်
အဓိပ္ပါယ်မရှိတာ သိပေမယ့်
တစ်ခါတလေ တိုက်ဆိုင်မှုတွေ ရှိလာတော့လဲ
အမှတ်တမဲ့ မင်းကို လွမ်းပါတယ်
အပေါ်ယံ ရှပ်ထိသော ဒဏ်ရာမဟုတ်တော့
လွယ်ကူစွာနဲ့ ငါ
မေ့မရဘူးကွယ်
တွေ့ရင်မှတ်မိဦးမယ် ထင်ပါတယ်
နှစ်တွေ လတွေက အတော်ကြာပြီပဲ
ဘယ်ဆီကို မင်းရောက်နေမလဲ
ဘာတွေကို မင်း လုပ်နေမလဲ
ဘယ်သူနဲ့ မင်း ရှိနေမယ် တွေးမိပါတယ်
ပြန်လွမ်းမောရင်းနဲ့ ပြန်စဉ်းစားရင်းနဲ့ သတိရပါတယ်
_________________________________________________
ဒီသီချင်းကို Desktop ပေါ်တင်သွားတာ ကြာလှပြီ
တွေ့နေပေမယ့် မဖွင့်ဖြစ်ဘူး
ဒီနေ့မှပဲ ဖွင့်ကြည့်ဖြစ်တယ်
ထူးခြားတဲ့ သီချင်းတစ်ပုဒ်လို့ ခံစားရပါတယ်
ဖြစ်နိုင်ရင်တော့ ဘာဖြစ်လို့များ အဲဒီ ခေါင်းစဉ်တပ်ရတာလဲ သိချင်မိတယ်
၁၅ ယောက်မြောက် ရည်းစား အကြောင်းမို့လို့လား
(သီချင်းရေးတဲ့သူကပဲ သိမှာပေါ့လေ)
လေးဖြူ အသံက ကျွန်မ နှစ်ခြိုက် စွဲလမ်းတတ်တဲ့ အသံမျိုးထဲမှာ မပါ ပါဘူး
ဒါပေမယ့် သူ့အသံက ခံစားမှု တစုံတရာ ဖြစ်စေနိုင်စွမ်းတဲ့ အသံပါ
ပြီးတော့ လာသေးတယ်
"တွေ့ရင်မှတ်မိဦးမယ် ထင်ပါတယ်" တဲ့... ဒါပေမယ့် သူ့ အသံထဲမှာကိုပဲ မှတ်မိဦးမှာကို သေချာနေတဲ့ ပုံမျိုးနဲ့ကိုများ...
နောက်တခုက...
"အဓိပ္ပါယ် မရှိတာ သိပေမယ့်
တစ်ခါတလေ တိုက်ဆိုင်မှုတွေ ရှိလာတော့လဲ
အမှတ်တမဲ့ မင်းကို လွမ်းပါတယ်" ဆိုတဲ့ အပိုဒ်ကလေး
စာသားတွေ ချစ်စရာလို့ ထင်မိပါတယ်
အဓိပ္ပါယ်မရှိတာ သိပေမယ့်....တဲ့
အင်းလေ ဒီကိစ္စမျိုးဆိုတာ အဓိပ္ပါယ် ရှိဖို့မှ မလိုတာနော်
ပြီးတော့ စောဒက တက်ချင်သေးတယ်
ဘယ်အလွမ်းပဲဖြစ်ပစေ
အမှတ်တမဲ့နဲ့ လွမ်းလို့ရတယ် ကျွန်မတော့ မထင်ဘူးရှင်
ဘယ်အလွမ်းမဆို အမှတ်တရနဲ့သာ လွမ်းရတာချည်းပဲ
ဘာပဲပြောပြော တခါနားထောင်ရုံနဲ့ သီချင်းတစ်ပုဒ်ကို စွဲလမ်းနှစ်ခြိုက်ဖို့ ခဲယဉ်းလာပြီဖြစ်တဲ့
ဒီအသက်အရွယ်မှာ အဲဒီ သီချင်းလေးကတော့ ဘာစကားလုံး ဆန်းဆန်းတွေမှ မပါဘဲ ကျွန်မရင်ကို တိုက်ရိုက် ထိခတ်နိုင်ပါတယ်
ဒီသီချင်းကို နားထောင်ပြီးရင်တော့ (ဘယ်သူမဆိုလေ)
မှုန်ဝါးပေမယ့် တချို့နေရာတွေမှာ အကောင်းအတိုင်းရှိနေသေးတဲ့ အတိတ် တပိုင်းတစကို သတိရမိလိမ့်မယ် ထင်ပါတယ်။
အဲ့ဒီ မှုန်ဝါးနေပေမဲု့ အကောင်းတိုင်းရှိတယ်ဆိုတာ သိပ်မှန်တာပေါ့ အမရယ်..
ReplyDeleteတိုက်ဆိုင်လို့ အမှတ်တမဲ့လွမ်းတာမဟုတ်ဘူးအမရေ.
လွမ်းလို့ ကို တိုက်ဆိုင်ပစ်လိုက်တာ...
အရမ်းကိုကြိုက်တဲ့ သီချင်းလေးပါ...အဆိုတော်ကိုေ၇ာပေါ့..
Jr.me
မူလသီချင်းအမည်က....စာမျက်နှာ ၁၆ပါ.. စာပေစစ်ဆေးရေးက...သတင်းစာ,စာမျက်နှာ ၁၆က နာရေးမှတ်တမ်းနဲ့ညိနေလို့....စာမျက်နှာ ၁၅လို့...ပြောင်းလိုက်ရကြောင်း....ကြားရကြောင်းပါ.....
ReplyDeletebare saing ko min yauk nay lal.
ReplyDeletebare thu nae min tauk nay lal.
bar twe nae min myee nay lal.
oh.. tway mee bar tal