ဓါတ်ပုံတွေ တင်ပြီးမှ ဓါတ်ပုံတွေနဲ့ ပတ်သတ်တဲ့ feeling ကို စာရေးချင်စိတ်ပေါက်လာလို့...
Junction 8 နဲ့တော့ ရေစက်ပါပဲ
8th May 2005 မှာတောင် ရေစက်တော့မလို့ နဲနဲပဲ ကပ်လွဲသွားတာကို အမှတ်ရမိတယ်
စင်ကာပူ ညခင်းကို ရိုက်တော့ သူများတွေလို စင်ကာပူမှာနေရတာ လျှပ်စစ်မီးဒုက္ခ မရှိဘူး လို့ ၀မ်းသာချင်မိတယ်
ဒါပေမယ့် လူဆိုတာ သူ့ကံနဲ့ သူရှင်... မြန်မာပြည်မှာ ၂၈ နှစ်လုံးလုံး နေလာခဲ့လည်း 88 ကာလလေး တစ်ဝိုက်ပဲ မီးမမှန်တာ ကြုံဖူးတယ်...
ဆိုတော့ စင်ကာပူမှာ မီးတွေမှန်မှန်လာလည်း ကျွန်မ အတွက်တော့ မထူးဆန်းတော့ပါ ဖြစ်နေတာပေါ့
သူများတကာ အတွက် ထူးခြားဝမ်းသာစရာ ဖြစ်တဲ့ကိစ္စ ကိုယ့်အတွက် ၀မ်းသာစရာ မဖြစ်တာလဲ ကိုယ့် ကံနဲ့ကိုယ်ပါပဲ။
IC Show ကတော့ ကြည့်မယ် မကြည့်ဘူးငြင်းကြရင်းနဲ့ ကြည့်ဖြစ်သွားတဲ့ ပွဲပါ။
Show ကြည့်ရင်းက ထူးဆန်းတာတစ်ခုက တော်တော် စိတ်အားထက်သန်စွာ ကြည့်ချင်ခဲ့ရတာ ဖြစ်ပေမယ့်
ပွဲချိန်မှာ လူက ပွဲထဲမှာ ရှိပေမယ့် စိတ်က ပွဲရဲ့ အပြင်ဘက်ကို ရောက်ရောက်သွားတယ်...သိပ်လည်း မပျော်လှဘူး...
မဆီမဆိုင် အဂ္ဂသာဝက အလောင်းအလျာ နှစ်ပါး ဒီလို Show ပွဲ ကြည့်ရင်း သံဝေဂရ သွားကြတာပေါ့ ...လို့တွေးလိုက်မိသေး
ကျွန်မကတော့ ပါရမီဓါတ်ခံ အဲလောက် မရင့်သန်လေတော့ သံဝေဂရတာ ဟုတ်ပုံမရပါဘူး။
အသက်က စကားပြောလာတာပဲ ဖြစ်မှာပါ
(အိမ်လွမ်းသူ သီချင်းကို ဆိုပေးအပြီးမှာ
"ကျွန်တော်တို့လည်း ခင်ဗျားတို့လိုပါပဲဗျာ။ အိမ်ကို ပြန်မရောက်ပါဘူး။ ဒီလိုပဲ လျှောက်သွားနေရတာ" ဆိုတဲ့ စကားလေး ပြောပေးခဲ့တဲ့ "၀ိုင်ဝိုင်း" နဲ့
"ကိုယ့် အနားရှိစေချင်" ကို ဆိုပေးခဲ့တဲ့ "R ဇာနည်" ကို ဒီနေရာကနေ မှတ်တမ်းတင် လိုက်ပါတယ်)
အဲဒီပွဲမှာ လေးဖြူ မပါဘူး။
***
အင်း ဒီလောက်ပါပဲ
No comments:
Post a Comment