(ကိုကိုကတော့ အများကြီး ပေးချင်ခဲ့တာပဲ။ ဒါပေမဲ့ ညီမလေးက ဘာမှ မယူလိုခဲ့ဘူးထင်ပါရဲ့)
***
ပြန်ဖို့အသင့်ဖြစ်သည့်အချိန်တွ င် သူမ၏ နောက်ဆုံးဓါတ်ပုံကို သူ
ပြန်ကြည့်ခဲ့လေသည်။ အတိအကျဆိုရလျှင် ကြိုးစားပြီးတော့ ပြန်ကြည့်ခဲ့လေသည်။
ဒိုင်ယာရီ နောက်ကျောဖုံး၏ အတွင်းဘက်မှာ ထည့်သွင်းထားသော ထိုဓါတ်ပုံကို
သတိကြီးစွာဖြင့် အသာ ထုတ်ယူတော့ စိတ်နှလုံးများ တုန်ရီလျက်ရှိ၏။
တကယ့်ကို သတိကြီးစွာပါပဲ။ သူမနှင့်ပတ်သတ်သည့် ထိုအတိတ်ကို ပြန်စောင်းငဲ့ကြည့်ရတော့မည်ဆို
တကယ့်ကို သတိကြီးစွာပါပဲ။ သူမနှင့်ပတ်သတ်သည့် ထိုအတိတ်ကို ပြန်စောင်းငဲ့ကြည့်ရတော့မည်ဆို
နှုတ်ဆက်ပွဲပေါင်းများစွာထဲမှ နောက်ဆုံးနှုတ်ဆက်ပွဲပြီးသည့်ည အိမ်အပြန်တွင် ထိုဓါတ်ပုံကို တိတ်ဆိတ်စွာပင် ငေးလျက် ကြည့်မိ၏။ သူမနဲ့ပတ်သတ်လို့ စိတ်ထဲမှာ ထိခိုက်မျက်ရှနေလျက်က တိတ်ဆိတ်ငြိမ်သက်ခဲ့ရတာရော ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါရှိပါပြီလဲ။
ငယ်စဉ်တုန်းက ခွင့်လွှတ်နိုင်မှာမဟုတ်ဘူးဟု ထင်ခဲ့သည့် အဖြစ်အပျက်များ ခုတော့ အချိန်နဲ့အမျှ လွင့်ပါး မှေးမှိန်သွားခဲ့ပြီ။
ပြီးတော့လည်း ယခင်ကထက် ပိုပြီး သူ သိမြင်နားလည်လာနိုင်ခဲ့သည်။
သူကိုယ်တိုင်က ဒုက္ခကို ရှာယူလက်ခံခဲ့တာ ဖြစ်၏။ သူ့ဘက်က
ခွင့်လွှတ်စကားဆိုဖို့ရန် သူမမှာ အမှားတစ်စုံတစ်ရာ မရှိခဲ့တာကို သူ တကယ်ပဲ
နားလည်နိုင်ခဲ့ပြီ။
ဓါတ်ပုံတစ်ခုလုံးက အဖြူရောင်ကဲလျက်ရှိသည်။
နှုတ်ခမ်းပါးများ ဖျော့တော့စွာ စေ့လျက် သူမမျက်နှာတွင် ဘာအရိပ်အယောင်မှ မရှိ။
တချိန်က ခေါင်းမာငြင်းဆန်လိုရိပ်ဖြင့် လင်းလက်ခဲ့ဖူးသော မျက်ဝန်းများကို မှေးမှိတ်လျက် သူမ လှဲလျောင်းနေခဲ့ပြီ။
ဘာကိုမှ စောဒက မတက်ချင်တော့ပြီလား၊ စောဒက မတက်လိုတော့ပြီလား ရီ။
သူ အထပ်ထပ်အခါခါ တောင်းဆိုလို့ နောက်ဆုံးမှာ ဒီဓါတ်ပုံကို ချယ်ရီပို့ပေးခဲ့သည်။ အဲဒီနေ့က သူမ၏ နောက်ဆုံးပုံရိပ်ကို ကြည့်ရင်း ကြေကွဲနာကျင်မှုများကို ဆို့နင့်စွာ သိမ်းဆည်းခဲ့ရသည်။
ပြီးတော့ ထိုဓါတ်ပုံကို ထုတ်ယူပြီး ဒိုင်ယာရီအတွင်းမှာ ထည့်သွင်းသိမ်းဆည်းပစ်ခဲ့၏။
ရီဟာ နောက်ဆုံးအချိန်ထိ သူ့ကို တမ်းတနာကျင်စေခဲ့သည်။
***
ကျောင်းဆင်းချိန် ထွက်လာသည့်
ရွယ်တူကလေးများစွာထဲမှ သမီးကလေးကို မြင်တော့ သူ ချက်ချင်းပဲ
ခွဲခြားသိနိုင်ခဲ့သည်။ စိတ်နှလုံးထဲက ပုံရိပ်တစ်ခုရဲ့ ကိုယ်ပွား၊ သို့မဟုတ်
သူမ ချန်ရစ်ခဲ့သည့် အရိပ်ကလေး။
"ဒါ ရီ့ သမီးလေးလား" ဟု ရေရွတ်လိုက်မိသော်လည်း ချယ်ရီ ပြန်ဖြေစရာမလိုအောင်ပင် မြင်ရုံမျှနှင့် သေချာလေသည်။
သူမ၏ သမီးကလေးက ကြည်လင်သော မျက်ဝန်းကလေးများဖြင့် သူ့ကို မော့ကြည့်တော့ လွန်ခဲ့သောအချိန်ကာလတစ်ခုဆီက သူ စာရှင်းပြတာကို ထိုင်နားထောင်နေသည့် မိန်းကလေး၏ သန့်စင်သော အပြုံးအရယ်နှင့် မျက်ဝန်းအကြည့်တို့ကို သိပ်သည်းအုံ့ဆိုင်းစွာ သတိရမိသည်။
"ညီမလေး၊ သမီးလေးကို ကိုကို ကြည့်နေတယ်"
သူမကို ရည်စူး၍ စိတ်ထဲမှ တီးတိုးသိစေလိုက်သည်။ သူ ငုံ့ကိုင်းထိုင်ချလိုက်ရင်း ကလေး၏ ဆံပင်များကို ပွတ်သပ်ကာ ခပ်ဖွဖွ သိုင်းဖက်နှုတ်ဆက်လိုက်၏။ သမီးကလေး၏ မျက်ဝန်းများထဲတွင် တစုံတရာလိုအပ်နေကြောင်း ပြဆိုသည့်အရိပ်တစ်ခုကို သူ စူးရှကြင်နာစွာ မြင်ရသည်။

ရီ့ကို စတွေ့စဉ်တုန်းကတော့ ဒီလို မဟုတ်ခဲ့။
အလိုရှိသမျှတွေကို လိုချင်သလို အနေအထားဖြင့် မရယူနိုင်ခဲ့သည့်တိုင်အောင်
သူမဘဝမှာ လစ်ဟာခြင်း မည်ရစွာ မရှိခဲ့။ ရယူခဲ့သည်ဖြစ်စေ၊
ငြင်းဆိုရှောင်ပယ်ခဲ့သည်ဖြစ်စေ ရီ့ဘဝအတွက် လိုအပ်သမျှက လက်တကမ်းတွင်
ရှိခဲ့သည်။
ရီဟာ အလွယ်တကူရနိုင်သည့် သင့်လျော်ကောင်းမြတ်ရာတို့နှင့်
ဘာကြောင့်များ မလုံလောက်ခဲ့ပါလိမ့်ဟု ခုချိန်ကျမှတော့ သူ
ပြန်မတွေးလိုတော့ပြီ။
"သမီးကို ဘယ်သူ လာကြိုလဲ"
ချယ်ရီက မေးတော့ ကလေးငယ်က ဘေးဘီတနေရာကို ဝဲကြည့်ရင်း ကားတစ်စီးကို လက်ညှိုးညွှန်ပြ၏။
"ဖေဖေလား သမီး"
ထိုစဉ်မှာပင် ကားတံခါးပွင့်ကာ လူတစ်ယောက်ဆင်းလာသည်။
သမီးကလေး၏မျက်နှာ ရုတ်ခြည်းဝင်းပသွားလျက် "ဖေဖေ" ဟု လှမ်းခေါ်သလို၊ ချယ်ရီ့ကို ပြန်ဖြေသလိုဟန်နှစ်မျိုးဖြင့် လှုပ်ရှားပျော်ရွှင်သွားလေသည်။ သူ့ဖေဖေ နေ့တိုင်း လာမကြိုနိုင်ဘူး ထင်ပါရဲ့။
"သွား သွား သမီး"

ချယ်ရီကပြောတော့ ကလေးမသည် သူ့ကို နှုတ်ဆက်သလို တချက်မော့ကြည့်ရင်း အဖေရှိရာ အပြေးသွားလေသည်။ သူ့ဖေဖေက ရှေ့ ၃/၄ လှမ်း ဆက်လျှောက်လာရင်း အပြေးလာသော သမီးငယ်ကို ကြို၏။ နောက် ချယ်ရီ့ကို လက်ဟန်ပြကာ နှုတ်ဆက်သည်။ တွေ့ဆုံခိုက် နှုတ်ဆက်စကားဆိုရန် ရည်ရွယ်သော သူ့စိတ်ကူးတို့ကို စွန့်လွှတ်လိုက်သည်။ နေပါစေတော့။ လောကမှာ စိတ်နှလုံးများက မည်သို့ပင်ရှိစေ၊ လောကဝတ်ပြုနိုင်ရန် ခဲယဉ်းသည့် ပတ်သတ်ဆက်စပ်မှုတွေအကြောင်း သူ လုံလောက်စွာ သိမြင် ကြုံတွေ့ခဲ့ရဖူးပြီ။
နောက်မှပဲ ချယ်ရီ့ကို မေးကြည့်တော့မည်။ သမီးကလေးကို သူမချစ်သူ အသိုင်းအဝိုင်းက ကြိုဆိုပါရဲ့လားဆိုတာ။ သူမကို မလိုလားခဲ့သည့် ချမ်းကရော သမီးကလေးကိုတော့ နှစ်လိုနွေးထွေးပါရဲ့လားဆိုတာ။ ရီချစ်ခဲ့သောသူကတော့ သူမနှင့် ထပ်တူထပ်မျှဖြစ်သော သမီးကလေးကို ချစ်မြတ်နိုးမှာပါပဲ။
ရီကတော့ ဒါတွေအားလုံးကို ချန်ရစ်ထားခဲ့ပြီ။
***
နောက်ဆုံးမှာတော့ 'ဘဝမှာ အပျော်ရွှင်နိုင်ဆုံးနေရာမို့ ပြန်သွားချင်တုန်းပဲ' ဟု သူမ မကြာခဏ ပြောခဲ့ဖူးသော သူ့ဇာတိမြို့ကလေးဆီသို့ သူ ရောက်ရှိသွားခဲ့သည်။
ကျောင်းဝင်းရှေ့မှာ ရပ်လျက် မော့ကြည့်လိုက်ချိန်ခဏမှာပဲ အလုံးစုံသော မြင်ကွင်းတွေက သူ့ကို အတိတ်ဆီသို့ ဆွဲငင်ခေါ်ဆောင်သွားတော့သည်။
သူတို့ စတင် ဆုံတွေ့ခဲ့သည့်နေရာ။
မည်သည့်အရောင်အစွန်းအထင်းမှ မရှိသေးသော မျက်ဝန်းနက်များဖြင့် လင်းလက်ကြည်စင်စွာ ကြည့်တတ်သော မိန်းကလေးတစ်ယောက်အဖြစ် သူမကို ဆုံဆည်းခဲ့ရသည့်နေရာ။
သူတို့ အိမ်ရှေ့က ညနေခင်းလမ်းသွယ်လေးသည် ဟိုးအရင် နှစ်များစွာကအတိုင်းပါပဲ။
သူ ဖြတ်လျှောက်လာတော့ သူ့ကို မမှတ်မိသလို ဇဝေဇဝါအကြည့်တချို့နှင့် ဆုံရသည်။ ဝေခွဲမရဟန် စူးစမ်းသည့်အကြည့်တွေကို ခပ်သာသာ ပြုံးပြ၍ ဆက်လျှောက်လာခဲ့၏။ နားထဲတွင်
"မုန့်စားမယ်နော် ကိုကို" ဟူသော အသံတစ်ခုကို ကြားရသည်။ သူ ဘေးဘက်ဝဲယာကို လိုက်မရှာဖြစ်ပါ။ ဒါဟာ ခုတမဟုတ်ချင်း ဘေးနားက တစိမ်းတယောက် ပြောသောအသံမဟုတ်။ ဟိုးလွန်ခဲ့သော နှစ်များစွာဆီက သူ့ဘေးနားမှာ လမ်းလျှောက်လိုက်ပါလာသည့် မိန်းကလေးတစ်ယောက်ထံမှ ထွက်ပေါ်လာတတ်သော အသံ။ သူ့နှလုံးသားထဲတွင် နှစ်ပေါင်းများစွာ သိမ်းဆည်းထားရာမှ တဖန် ပြန်လည်ထွက်ပေါ်လာသော အသံဖြစ်၏။
"မုန့်စားမယ်နော် ကိုကို"
ချွဲနွဲ့ချင်ဟန် မရှိသည့် ပူဆာတောင်းဆိုသော အသံ။ အသိပေး ကြေညာလိုဟန်ပါနေသေးသလို ခုပြန်တွေးတော့ ထင်မိသည်။ ထိုအသံမှာ ထိုအချိန်ကတည်းက သူ့အတွက် ခံစားမှုတခုခု လိုနေခဲ့လိမ့်မည် ထင်သည်။ သို့သော် သူ့အတွက်ကတော့ မညှို့ရီသော၊ မည်သည့်အဓိပ္ပါယ်ကိုမှ မဆောင်သော ကြည်လင်တောက်ပရုံ မျက်ဝန်းအကြည့်များသည်ပင် လုံလောက်ပြည့်စုံခဲ့သည်။
ဟောသည် ဈေးထောင့်တနေရာ သစ်ပင်ကြီးအောက်ကနေ ချယ်ရီ ပါဝင်သည့် မြို့ရဲ့ နာမည်ကြီး ကထိန်တစ်ခု စီတန်းလှည့်လာသည်ကို နှစ်ယောက်အတူ ရပ်ကြည့်ခဲ့ကြဖူးသည်။
"ချယ်ရီက လှလိုက်တာ" ဟု ပြောသော သူမကို ကြည့်ရင်း "ညီမလေးရော အဲဒါတွေလုပ်ဖို့ ဝါသနာမပါဘူးလား" ဟု သူ မေးတော့ "ဟင့်အင်း" ဟု ခေါင်းယမ်းကာ ဖြေသည့် အဲဒီအချိန်က သူမကို ခုထိ မှတ်မိနိုင်တုန်းပဲ။ တွေးကြည့်ရုံမျှနှင့် ခံစားလို့ရနေတုန်းပါပဲ။
အတူ သွားလာခဲ့ဖူးသောနေရာတို့ကို သူမ မရှိတော့ဘူးဟူသော အသိဖြင့်
ဖြတ်ကျော်လာခဲ့ရသည်။ တချိန်က တောက်ပသောအပြုံးများဖြင့်
ပေါ့ပါးသောစကားသံများဖြင့် ဖြန့်ကျက်စေလျက် သူတို့ လျှောက်လှမ်းခဲ့သည့်
လမ်းနေရာများ။ ဒီဘဝမှာဖြင့် ဘယ်တော့မှ နောက်ထပ် အတူတူ
လျှောက်လှမ်းခွင့်မရနိုင်တော့။
***
ထိုညနေမှာပဲ သူမရှိရာဆီသို့ သွားခဲ့သည်။ နွေရာသီ၏ လင်းပသည့် ညနေချိန်။
ဘဝမှာ အငြိမ်းချမ်းဆုံးပါပဲဆိုသည့် တချိန်ကအမှတ်တရတွေနှင့်အတူ လှဲလျောင်းနေပေလိမ့်မည်။
***
ထိုညနေမှာပဲ သူမရှိရာဆီသို့ သွားခဲ့သည်။ နွေရာသီ၏ လင်းပသည့် ညနေချိန်။
ဘဝမှာ အငြိမ်းချမ်းဆုံးပါပဲဆိုသည့် တချိန်ကအမှတ်တရတွေနှင့်အတူ လှဲလျောင်းနေပေလိမ့်မည်။
ကံမကောင်းရှာတဲ့ မိန်းကလေး။
သူ ဖျတ်ခနဲ တွေးမိသည်။
ကံကောင်းမှုတွေကို ဖမ်းမဆုပ်ချင်ခဲ့တဲ့ မိန်းကလေးလို့ ပြောလျှင် ပိုဆီလျော်လေမည်လား။ လက်ထဲရောက်လာသမျှ၊ ရောက်နိုင်သမျှ ကောင်းသော အရာတို့ကို လွယ်လင့်တကူ လက်ခံဖို့ ငြင်းဆန်ခေါင်းမာခဲ့သည့် ထိုမိန်းကလေးဟာ သူမ လိုချင်ခဲ့တာတွေကိုကျ ဖမ်းဆုပ်မမိနိုင်ခဲ့။ သို့မဟုတ် သူမ လိုချင်သည့် အနေအထားဖြင့် ဖမ်းဆုပ် မရယူနိုင်ခဲ့။

သူမ၏ အမည်နာမကို ဖတ်မိရင်းက စိတ်တွင်းမှာ ဆုံးရှုံးနာကျင်လာပြန်သည်။
ပူနွေးသည့် အုတ်ဂူစွန်းနေရာကို အသာထိကိုင်လျက် မျက်စေ့မှိတ်ကာ တိတ်ဆိတ်နေမိ၏။ ချိုမြိန်သည့်အချိန်များ ရှိခဲ့သလို ခါးသီးသည့် အချိန်များလည်း ရှိခဲ့သည်။ သို့သော်... မေတ္တာတရားက အတ္တမာနထက် သာလွန်သောအခါ အာဃာတကို သူ ကျော်လွန်လိုက်နိုင်သည် ထင်သည်။

ညီမလေးအပြစ်မှ
မဟုတ်တာ။ ကိုကို ခွင့်မလွှတ်စရာအကြောင်း မရှိပါဘူးလို့ ပြောဖို့
နောက်ကျသွားတယ်။ အခုတော့ ညီမလေးထွက်သွားပြီ။ အေးချမ်းပါစေ။
***
ည
အရင်တုန်းကနဲ့ သိပ်မတူတော့သည့်
ဝန်းကျင်မှာ၊ အရင်တုန်းက မြစ်ရေစီးသံမှာ၊ အရင်တုန်းကလို လင်းလက်မြဲ
ကြယ်ရောင်နဲ့ လရောင်တွေမှာ၊ နွေဦးရာသီလေပြည်နဲ့ ဆည်းလည်းသံကြားမှာ သူမကို
သူ ရှာဖွေကြည့်ဦးမည်။
အတိတ်တွေက အချိန်နဲ့အတူ လွင့်ပါးပျောက်ကွယ်သွားချိန်တွ
***
ဘယ်သူ ထင်ခဲ့မှာတဲ့လဲ။ ဒီလောက် လှပစွာ အစပြုခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာလေ။
***
any investigations are not allowed!
any investigations are not allowed!

12 comments:
အနှစ်နှစ် အလလ စောင့်ဖတ်လာခဲ့ရတာ ..ပြီးသွားတော့ ၀မ်းနည်းနာကျင်မှူတွေ နဲ့ .....း(
D လို ဆုံးမယ့်အစား ... ဒီရှေ့ အပိုင်းသာ အဆုံးထားလိုက်ပါတော့....
တစ်ကယ်ပြီးသွားပြီပဲ...
လောကမှာ စိတ်နှလုံးများက မည်သို့ပင်ရှိစေ၊ လောကဝတ်ပြုနိုင်ရန် ခဲယဉ်းသည့် ပတ်သတ်ဆက်စပ်မှုတွေအကြောင်း သူ လုံလောက်စွာ သိမြင် ကြုံတွေ့ခဲ့ရဖူးပြီ။
အဲ့ဒီစာကြောင်းလေး အရမ်းထိတာပဲ။ အဆုံးသတ်က ဒိထက်ကောင်းတာ မရှိနိုင်ဘူးဆိုပေမယ့် ခံတော့ ခံစားရတယ်။
Addy Chen ဆီက တစ်ကြောင်း၊ xo xo ဆီက တစ်ကြောင်း ယူသုံးထားတယ်။
အကုန်ပြန်စုပီး အစအဆုံးဖတ်ပလိုက်တယ်
ဟင်း စင်ကာပူလိုက်လာပြီ: ဇတ်ပေါင်းရမာ ဘယ့်နယ် သေပလိုက်တာလဲ? ဒီတပိုင်းက အစစ်မဟုတ်တော့ ဝထ္ထုဖတ်ရသလို ဖွယ်တယ်တယ်ချည်း အမ်!
ခွေဖြူ
ဒါမှ မဟုတ် သမီးလေးကကြီးလာ စင်ကာပူရောက် ခွေဖြူနဲ့သူငယ်ချင်းဖြစ် အမ်!
ခွေဖြူ
ဒီ့မတိုင်ခင်အပိုင်းကို အဆုံးသတ်သွားပြီလို့ ထင်လိုက်တာ။ ရီ မရှိတော့ဘူးတဲ့လား? စိတ်မကောင်းဘူး။း(
ဇာတ်သိမ်းပိုင်းလေး လာဖတ်ပါတယ်..
ကြေကွဲစရာလေး ဖြစ်သွားပါလား..
အစတောင် မေ့သလိုလို ရှိနေပြီ.. :D
ဟာ.. ဘာကြီးတုန်းကွာ
ရီတစ်ယောက်တော့ လောကကြီးတစ်ခုလုံးကိုအနိုင်ပိုင်းပြီးထွက်သွားလေပြီး(
သိပ်ကြိုက်ပါတယ်အမရီတာ..အ၇မ်းဖတ်လို့ကောင်းတယ်
Post a Comment