Friday, February 25, 2011
Phyu Phyu Kyaw Thein
ဖြူဖြူကျော်သိန်း
သူ့ကို စသိတော့ ကျောင်းတက်နေတုန်း သူ့ ပထမဆုံး စီးရီးကြော်ညာကနေပါပဲ။ သီချင်းတွေကို အာရုံနည်းနေတဲ့အချိန်ဆိုတော့ အမှတ်တမဲ့နဲ့။ အသံက တော်တော်ထူးခြားတော့ ကျောင်းမှာတော့ ပြန်ပြောဖြစ်တယ်။
အနီးကပ်ဆွဲပြတဲ့ သူ့မျက်နှာက ငယ်ရုပ်မပျောက်သေးတဲ့ပုံမို့ ဆယ်တန်းအောင်ပြီးကာစ ၁၇ နှစ်/ ၁၈ နှစ်လောက်လို့ ထင်ခဲ့ကြသေးတယ်။
အခွေတော့ သေချာ နားမထောင်ဖြစ်ပါဘူး။ သီချင်းတွေကတော့ မူရင်းတွေ ကျက်မိနေတာကြောင့် နားစွဲလွယ်ခဲ့တယ်။
***
ဇာတ်ဆရာအလိုကျ
ကျောင်းပြီးလို့ လိုင်းတစ်ခုကို သေချာရွေးမယ် စဉ်းစားပြီး ၃/ ၄ မျိုး တစ်ခုချင်းကို စုံစမ်းခဲ့တဲ့အချိန်... သင်တန်းကျောင်းတစ်ခုကို သွားဗျူးတော့ တာဝန်ခံက အဲဒီလိုင်းက နိုင်ငံတကာမှာ မိန်းကလေးတွေအတွက် အခွင့်အရေးနည်းလွန်းတာကြောင့် သေချာပြန်စဉ်းစားပါဦး ပြောလိုက်တယ်။
သူငယ်ချင်း ၃ ယောက်သွားတယ်။ အပြန်မှာ mac burger ဝင်ထိုင်တော့ ဖွင့်ထားတဲ့ နံရံပေါ်က tv တွေမှာ ပြနေတာ "ဇာတ်ဆရာအလိုကျ"။ မှန်တာပြောရရင် အဲဒီသီချင်းကို သူဆိုနေတာ သီချင်းဆိုနေတာနဲ့ မတူဘူး။ မကောင်းဆိုးဝါးတွေ နှင်ထုတ်ဖို့ ဂါထာမန္တာန်တွေ ရွတ်ဖတ်သရစ္ဈာယ်နေတာနဲ့ ပိုတူတယ်လို့ ခံစားရတယ်။ သူ မဆိုခင် (၁၀) နှစ်လောက် အေးချမ်းမေ စ ဆိုကတည်းက တော်တော်ကို ကြွေခဲ့တဲ့သီချင်း။ အေးချမ်းမေ နားထောင်တုန်းက ရခဲ့တဲ့ feeling က သူ ပြန်ဆိုတာ ကြားလိုက်ရတော့ အစကို ရှာလို့မရတော့ဘူး။
ဒါပေမဲ့ အဲဒီအချိန်မှာ ကိုယ့်အာရုံက သီချင်းပေါ်မှာလည်း အပြည့်မရှိ၊ သူ့ အသံနဲ့ ဘေးက ပါဖောင်းမင့်တွေပေါ်မှာလည်း အပြည့်အဝမရှိဘူး။
ကြည့်စမ်း၊ သူ လုပ်ချင်တာ လုပ်နေတာ။ လုပ်ချင်တာကို လုပ်နေရရုံတင် မဟုတ်ဘူး။ ဘယ်သူကမှ မကန့်ကွက်ဘူး။ ပြန်စဉ်းစားလိုက်ပါဦးလားလို့ မပြောဘူး။ မိန်းကလေးတွေအတွက် အခွင့်အရေးနည်းတယ်နော်လို့ သတိပေးမယ့်သူ မရှိဘူး။ အဲဒါအပြင် အားပေးမယ့်လူတွေပါ အလုံးအရင်းနဲ့ ရှိနေတယ် လို့ တွေးလည်း တွေးမိ၊ ပြောလည်း ပြောမိခဲ့တယ်။ (ပြောပြီးတော့ ဟားတာပေါ့။ ကျောင်းတက်တုန်းနဲ့ ကျောင်းပြီးကာစ ဘာမဆို အလွယ်တကူ ဟားနိုင်တယ်)
တကယ်တော့ ကိုယ်တွေမှာ ဘယ်သူ့ဘဝကိုတော့ဖြင့် အားကျလိုက်တာ ဆိုတဲ့စိတ် မရှိဘူး။ အထူးသဖြင့် အနုပညာသည်ဘဝကိုတော့ အားမကျဘူး။ အဲဒီ အခိုက်အတန့်မှာလည်း အားမကျဘူး။ ကိုယ်တွေအဖြစ်ကလည်း ဂွတော့ကျပေမယ့်၊ ဆိုးလိုက်တာလို့ ဆိုရမယ့် အနေအထား မဟုတ်တာလည်းပါတာပေါ့လေ။ သီချင်းဆိုစားဖို့ စဉ်းစားခဲ့ရမှာလို့ ပြောခဲ့မိတယ်ဆိုရင်တောင် အဲဒါ ရီစရာအနေနဲ့ ပြောတာပဲ။ ဒါပေမဲ့ ပိုက်ဆံ အတော်အကုန်ခံ ကိုယ်က ပေးပြီး တက်ရမယ့် သင်တန်းက ပြန်ပြီး စဉ်းစားပါဦးလားဆိုတဲ့ စကားကို ကြားလာရတဲ့ ခဏမှာ အထက်ကလိုတော့ တွေးခဲ့မိတယ်။
ခုချိန်ထိ အဲဒီသီချင်းကိုကြားတိုင်း အဲဒီအဖြစ်ကို ပြန်သတိရမိတယ်။
***
မညိုညိုသိန်း
အဲဒီနာမည် သူ့အင်တာဗျူးတချို့မှာ တွေ့ဖူးပေမယ့် အမှတ်တမဲ့ပဲ။
တကယ်တော့
အဲဒါ ကိုယ့်စိတ်ထဲ အမြဲ မှတ်မိနေတဲ့ ၃ ယောက်ပဲ ရှိတဲ့ ၁၀ တန်း ဂုဏ်ထူးရှင်အင်တာဗျူးတွေထဲက တဦးတည်းသော မိန်းကလေးရဲ့ နာမည်။ '91 မှာ မြန်မာတနိုင်ငံလုံး အမှတ်အများဆုံး ဘာသာစုံဂုဏ်ထူးရှင်။
အဲဒါကို မောင် ကိုကို နဲ့ မရီတာ ရေးဖြစ်တော့မှ ဇာတ်လမ်းထဲ ကိုယ့် ငယ်ငယ်က ရိုးလ်မော်ဒယ်တွေရဲ့ နာမည်တွေ အမှတ်တရ ထည့်မိတော့ တစ်ယောက်က လာပြောတယ်။ ဖြူဖြူကျော်သိန်းရဲ့အစ်မဆိုတာ။ ပထမတော့ ဟုတ်ရဲ့လားလို့ ဇဝေဇဝါနဲ့။ နောက်တော့ သိတဲ့လူတွေ လာ confirm လုပ်ကြတယ်။
ကမ္ဘာကြီးက အလုံးကြီးဆိုတော့ ပတ်ချာလည်နေတာ။
***
Fashion
ဒီရောက်ပြီး နောက်ပိုင်းလည်း သီချင်းပေါ်မှာ ဒီလောက် အာရုံမရှိခဲ့ဘူး။
2009 သင်္ကြန်တုန်းကလည်း ပွဲအစီအမံက ညံ့လွန်းလို့ မပြီးခင် ထပြန်လာခဲ့တော့ သူ့အလှည့်ကို မကြည့်ခဲ့ရဘူး။
အဝတ်အစား အဆင်အပြင်တွေ ချွန်ထွက်နေတာနဲ့ ပတ်သတ်လို့လည်း သူများအခွင့်အရေး ကဲ့ရဲ့တားမြစ်ချင်ရလောက်အောင်ထိ ဝါသနာမပါတော့ ဘယ်လိုမှ မနေပါဘူး။
ကြုံရင် ဖျော်ဖြေရေးတစ်ရပ်အနေနဲ့ပဲ ကြည့်မိတယ်။ (ကိုယ့်အမြင်မှာ ဝတ်ချင်ရာ ဝတ်ထွက်တဲ့လူထက် ဘာအခွင့်အာဏာမှ လက်ဆုတ်လက်ကိုင်မရှိဘဲ တားချင်တယ်၊ ဆီးချင်တယ်ဆိုတဲ့ဟာတွေက ပိုကြောင်တယ်။ ဤကား (လူရာဝင်ဖို့လို့ နေရာတကာပါ) စကားချပ်) (နောက်တာနော်။ နောက်တာ) =D
အဲဒီလို ဝတ်ချင်တာ ဝတ်ထွက်တဲ့ သူ့ဒီဇိုင်းတွေရဲ့ နောက်က သူ့ရဲ့ ရှင်းရှင်းလင်းလင်းရှိတဲ့ စိတ်ကိုတော့ နဲနဲ သတိပြုခဲ့မိတယ်။
***
ကြော်ညာ
မြန်မာပြည်မှာ ရှိနေတုန်းကတော့ ကြော်ညာတွေ မတွေ့မိသေးဘူး။ နောက်တော့ သူ ကြော်ညာရိုက်တယ်ဆိုတာ ကြားတယ်။ အရက် ဆေးလိပ်ကြော်ညာတွေ မရိုက်ဘူး သူ ပြောတော့၊ အဲဒီလိုပဲ ဖြစ်နေရမယ် လို့ စိတ်ထဲ အားရနေမိတယ်။ အားရတယ်ဆိုတာ သောက်တဲ့လူတွေအတွက် မဟုတ်ဘူး။ သူ့အတွက် အားရတာ။ လူဟာ အထူးသဖြင့် သူ့လို ဆရာဝန်လည်း ဖြစ်သေးတဲ့သူတစ်ယောက်ဟာ အဲဒီလိုတော့ ကိုယ့်အင်းမေ့ဂ်ျကို ထူထောင်ရမှာပဲ။ (သူ မရိုက်လည်း ရိုက်ချင်တဲ့လူက ရိုက်ပြီး၊ သောက်ချင်တဲ့လူက သောက်မှာပဲ။ ကိုယ့်အတွက် ကိုယ်ကြည့်တတ်ဖို့က အဓိက)
အင်တာဗျူးတွေမှာ သူ ထည့် ထည့်ပြောတဲ့ ဉာဏ်ရည်ဆိုတာ အဲဒါ။ အပြောနဲ့ အလုပ်တော့ ညီတယ်။
***
သီချင်းများ
သူ့ကို ဘာကြိုက်တာလဲ မေးရင် ဘာကို ကြိုက်တာပါလို့ သီချင်းတွေ အများကြီး နားထောင်ပြီးတဲ့ထိ ပြောစရာ မယ်မယ်ရရ မရှိပါဘူး။
ဂီတ နဲ့ အဆိုပညာကို နားမလည်ပေမယ့် ခံစားမှုနဲ့တော့ ဆုံးဖြတ်မိတယ်။
အသံအားကောင်းတဲ့ အဆိုတော်တွေဟာ အများအားဖြင့် မုဒ် မကောင်းဘူး။
ခံစားချက်ကို သူ ထည့်ဆိုနေတယ်ဆိုတာ သိနေမိပေမယ့် သီချင်းစာသားနဲ့ သံစဉ်ကပေးမယ့် ခံစားမှုနဲ့ သူထည့်ဆိုပစ်လိုက်တဲ့ ခံစားမှုက ဘယ်လိုမှ အံမဝင်ဘူး။ အထူးသဖြင့် သူများသီချင်းတွေ ပြန်ဆိုရင် ပိုသိသာတယ်။
ဥပမာ - ဇာတ်ဆရာအလိုကျ၊ အချစ်တဲ့လား၊ အတွင်းကြေ။
တကယ့်ကို ကိုယ့်နားထဲကို သီချင်းအနေနဲ့ မရောက်ဘဲ ဂါထာမန္ထာန်တွေ အနေနဲ့ပဲ ဝင်လာကြတယ်။ ဒါပေမဲ့ သူ့ကို ကြိုက်တယ်။
မသေနိုင်သောအဆုံးမဲ့ ချစ်ခြင်းရူးလည်း ရူးပစေ ဆိုတာတွေတော့ အထူးသဖြင့် ကြိုက်ပါတယ်။
***
Solo Concert
ခု ၃ ရက်လောက် အတွင်းမှာတော့ သီချင်းအပုဒ် ၃၀ လောက်ပါတဲ့ သူ့ solo concert ကိုကြည့်ရင်း သူ့ စကားလုံးတွေကို အထူးသဖြင့် ကြိုက်နေမိတော့တယ်။
"မတော်လိုက်ရတဲ့ ယောက္ခမကြီး"
"ဖြူဖြူ့မှာ ရည်းစားဘယ်နှစ်ယောက်ရှိတယ် ထင်သလဲ"
"နင့်အသံ ပိုကျယ်လာတယ်လို့ ပြောတယ်"
"အဲဒီသီချင်းကို ဆိုမိတိုင်း ဖြူဖြူ့မှာ ရည်းစားတစ်ယောက် ရလိုက်သလို..."
"စတန့်ထွင်တယ် မထင်ကြပါနဲ့ ဖြူဖြူ့ဆရာကလည်း မြှောက်ပေးလို့ပါ"
နောက်... အတွင်းကြေ မဆိုခင်မှာ ပြောသွားတဲ့ အလွန်တရာရှည်လျားသော ကျေးဇူးတင်စကား။
ဒါတင်မကသေးဘူး။ ဘယ်သီချင်း ဆိုဖို့ အလုပ်မှာလဲ မသိ။ စကားပြောရင်း ပြောရင်း နောက်ရွှေ့သွားတာ ကျောခိုင်းထားတဲ့ conductor ကို ဝင်တိုက်မိတာရောပဲ။
***
ဂျူးရဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ဘရစ်တနီနဲ့ ပတ်သတ်လို့ ရေးထားတာ ဖတ်ခဲ့ဖူးတယ်။
ဒီအသက်ငယ်ငယ်ကလေးမလေးဟာ သီချင်းဆိုရင်း တွန့်လိမ်ကွေးကောက်ပြီး ကနေရုံသာပါပဲ ဆိုတာထက် ပိုတာတစ်ခု ရှိတယ်။ အဲဒါ စင်ပေါ်မှာ ဘာလုပ်ပြနေနေ သူ့မျက်လုံးတွေက ရိုးသားနေတာပါ တဲ့။ (အတိအကျမဟုတ်ပါ)
ဒီနေ့ပဲ cbox မှာ တယောက်ကပြောတယ်။ သူ ကြည့်ဖူးတဲ့ စတိတ်ရှိုးမှာ ဖြူဖြူကျော်သိန်း ခလုတ်တိုက်လဲတော့ ထိုင်ရက် ဆက်ဆိုပြခဲ့တယ် ဆိုတာ...
သီချင်းတွေ နားထောင်ရင်း၊ သူ့ပါဖောင်းမင့်တွေကြည့်ရင်း တဖြည်းဖြည်းနဲ့ ကိုယ်မြင်လာရတာတချို့ ရှိတယ်။ သူများအတွက်တော့ မှန်ချင်မှ မှန်မယ်။ အဲဒါ သူ အတွင်းစိတ်က အတော်ကို ရှင်းရှင်းလင်းလင်းရှိပြီး၊ လိပ်ပြာသန့်နေပုံရတာ။ အဲဒါကို သီချင်းဆိုနေတုန်းတင် မဟုတ်ဘဲ အင်တာဗျူးအဖြေတွေမှာ၊ စကားပြောတာတွေမှာပါ မြင်နေရတယ်။ (ခိုင်သင်းကြည် မှာလဲ အဲဒီ လိပ်ပြာမျိုးရှိတယ်)
***
ဂီတကို နားလည် (တယ်လို့ ထင်ရ) တဲ့ တယောက်ကတော့ ဖြူဖြူကျော်သိန်းမှာ အသံကလွဲရင် ဂီတ မရှိဘူး ဆိုတယ်။ အဲဒါ ဖြစ်နိုင်တာပဲ။ သူ သီချင်းဆိုပြနေတယ်လို့ ကိုယ်ခံစားရတဲ့ အပုဒ်ရေဟာ ဘယ်လောက်မှ မရှိဘူး။
ကိုယ်ကတော့ အဲဒါတွေကျော်ပြီး မြင်ရခဲ့တဲ့ သူ့ လိပ်ပြာကို နှစ်လိုနေမိတော့တယ်။
***
(စာကြွင်း။ သူ ရေးတဲ့ ဝတ္ထုတိုတစ်ပုဒ်လည်း ဖတ်ဖူးတယ်)
Monday, February 21, 2011
ပတ္တမြားခင် (သို့) ကိုယ်နဲ့ သင့်တဲ့စာ
အမေရိကားမှာ အခြေချကာစ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ နီးပါးကာလက ကျွန်မ ကားမောင်းလိုင်စင်သွားယူရင်း ကိုယ်ခန္ဓာအစိတ်အပိုင်း organ တွေကိုပါ တခါတည်း လှူဒါန်းဖို့ စာရင်းသွင်းထားခဲ့ပါတယ်။ ကားမောင်းလိုင်စင်ရတဲ့အခါကျတော့ လိုင်စင်ကဒ်ပြားပေါ်မှာ organ donor ဆိုတဲ့စာတန်း တပါတည်း နှိပ်ပြီးသားလေ။ အဲဒီ စာတန်းကို မြင်ရတိုင်း ကျွန်မရဲ့ အစိတ်အပိုင်းတွေနဲ့ အသက်ဆက်နိုင်ကြမယ့်သူတွေအတွက် ကြည်နူးပီတိ ခံစားရတာကြောင့် ဘဝရဲ့ နိဂုံးအတွက် ကြိုတင်ပြင်ဆင်တဲ့ စာတမ်းလေးတစ်ခု ရေးထားခဲ့ပါတယ်။
"တချိန်ချိန်မှာ ဆရာဝန်တစ်ဦးဦးက ကျွန်မရဲ့ ဦးနှောက်ဟာ ရပ်စဲသွားပြီလို့ ကြေညာရင်း ဘဝအဆုံးသတ်မှုကို အတည်ပြုပါလိမ့်မယ်။
အဲဒီအချိန်ကျရင် စက်ပစ္စည်းသုံးပြီး အသက်ရှင်မှု အတုအယောင်တစ်ခုတော့ မဖန်ဆင်းလိုက်ပါနဲ့။
အသုံးဝင်နေသေးတဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တခြားလိုအပ်သူတွေ အသက်ဆက်ဖို့အတွက် လှူဒါန်းပြီးတဲ့နောက်...
ကျွန်မအိပ်စက် လဲလှောင်းခဲ့တဲ့ ခုတင်ဟာ အဆုံးသတ်မှုတစ်ခု ပြုခဲ့တဲ့နေရာမဟုတ်ဘဲ ရှင်သန်မှုတွေ တွေ့တဲ့နေရာ ဖြစ်လာပါလိမ့်မယ်။
ကျွန်မရဲ့ မျက်လုံးတွေဟာ...
နေရောင်ခြည်ကို တခါမှ မမြင်ဖူးတဲ့၊
အပြစ်မဲ့တဲ့ ကလေးတစ်ယောက်ရဲ့မျက်နှာကို မတွေ့ဖူးတဲ့၊
လူသားတစ်ဦးရဲ့ မျက်ဝန်းထဲက အချစ်ကို မခံစားဖူးတဲ့ လူတစ်ယောက်ထံမှာ ရှိပြီးတဲ့နောက်...
ကျွန်မရဲ့နှလုံးကို အစားထိုးရင်း နေ့စဉ်ခံစားနေရတဲ့ နာကျင်မှုက လွတ်မြောက်ခဲ့တဲ့ ဝေဒနာရှင်တစ်ယောက်ရှိပြီးတဲ့နောက်...
ကျွန်မရဲ့ကျောက်ကပ်ကြောင့် စက်ကို အားကိုးစရာမလိုတော့ဘဲ အသက်ရှင်နိုင်တဲ့ လူတစ်ယောက် ရှိပြီးတဲ့နောက်...
ကျွန်မရဲ့ အသွေးအကြောတွေကို လေ့လာအသုံးပြုပြီး မသန်စွမ်းတဲ့ကလေးတစ်ယောက် လမ်းလျှောက်နိုင်အောင် ဖန်တီးပြီးတဲ့နောက်မှ ကျွန်မရဲ့ အသုံးမဝင်တော့တဲ့ အစိတ်အပိုင်းတွေကို ပြာချပြီး လှပတဲ့ ရောင်စုံပန်းတွေ ဖူးပွင့်ပါစေလား။
တစ်ခုခု မြှုပ်နှံရမှ ကျေနပ်မယ်ဆိုရင်လည်း မြေမြှုပ်သင်္ဂြိုလ်သင့်တာဟာ ကျွန်မရဲ့ မိုက်မဲမှု အပြစ်တွေ၊ အားနည်းချက်တွေ၊ မာန်မာနတရားတွေသာ ဖြစ်ပါစေတော့။
ကျွန်မရဲ့ မကောင်းမှုကုသိုလ်တွေကို ငရဲမင်းက မှတ်တမ်းတင်ပြီး ဖြစ်သလို၊ ကျွန်မ ပြုခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကိုလည်း ရှင်တော် မြတ်ဘုရားက သိကြားတော်မူပြီး ဖြစ်မှာပါပဲ။
တကယ်လို့များ ကျွန်မကို အမှတ်ရကြတဲ့အခါမျိုးရှိရင် အဲဒီအချိန်မှာ အနီးအနားက အကူအညီလိုအပ်နေသူတွေ စိတ်ချမ်းသာအောင် တစ်ခုခု ဆောင်ရွက်ကူညီပေးလိုက်ပါလားနော်။
ကျွန်မမှာခဲ့တဲ့ ဆန္ဒကိုသာ ဖြည့်ဆည်းပေးမယ်ဆိုရင် ကျွန်မကို ချစ်ခင်ကြသူများအတွက် ထာဝစဉ်ရှင်သန်နေဦးမှာပါ။"
ပတ္တမြားခင်
(ရွှေအမြုတေ ၁၈၇၊ June '05)
***
ပတ္တမြားခင်ကို စကြားဖူးတာတော့ မဟေသီ မှာ "ကင်မရာကိုင်ခဲ့ရသော ကျွန်မဘဝ" အခန်းဆက်တွေကတည်းကပါပဲ။ ဒါပေမဲ့ နည်းနည်းပါးပါးကလွဲလို့ သေချာ မဖတ်ဖြစ်ခဲ့ဘူး။ အလယ်တန်း အထက်တန်း မဂ္ဂဇင်းတွေ ဖတ်ဖြစ်နေတုန်းကတည်းက ကလျာ ကိုကျ လုံးဝနီးပါး မဖတ်ဖြစ်တော့ အဲဒီမှာပါတဲ့ "သန္တာစမ်းမှ အလွမ်းစာ" (လို့ ထင်တယ်) ဆောင်းပါးစုတွေလည်း၊ နေ့လည်စာ တူတူစားနေကျ ဆရာမတွေဆီက ကြားရုံကြားဖူးပြီး မဖတ်ဖူးခဲ့ဘူး။
ကျောင်းပြီးတော့မှ ရွှေအမြုတေနဲ့ တခြား မမှတ်မိတော့တဲ့ မဂ္ဂဇင်းတချို့မှာပါတဲ့ သူ့ဆောင်းပါးတွေ သေချာဖတ်မိတယ်။ နူးမြေ့ပျော်ဝင်သွားအောင် ရေးနိုင်တဲ့ စာရေးသူတစ်ယောက်လို့ ခံစားမိခဲ့တယ်။
***
ဟိုတလောက အွန်လိုင်းမှာပဲ မြသန်းတင့်ရေးတဲ့ ပတ္တမြားခင် အကြောင်း ဆောင်းပါးတစ်ပုဒ်ကို ဖတ်ဖြစ်တယ်။ အဲဒီထဲမှာ ဆရာမြဆီပို့တဲ့ ပတ္တမြားခင်ရဲ့ ပေးစာတစ်စောင်ပါ ပါတယ်။ ခါတိုင်းလိုပါပဲ။ သူရေးတဲ့ စာတွေဖတ်ရတာ စိတ်နှလုံး ညွှတ်နူးပြီး ကြွေကျတော့မတတ်လိုပဲ။
အဲဒီဆောင်းပါးကို ဖတ်ရင်း ကူးရေးထားဖူးတဲ့
အထက်က စာပိုဒ်ကို သတိရမိတယ်။
***
အလယ်တန်းမှာ ဂျာနယ်ကျော်မမလေး ရဲ့ ရင်နင့်အောင်မွှေး ကို ကျောင်းစာကြည့်တိုက်ကနေ ငှားဖတ်ဖြစ်တယ်။ (တကယ်တော့ အဲဒါ သူငယ်ချင်းရဲ့ အမေ (ဆရာမ) က ကျောင်းစာကြည့်တိုက်မှာ တာဝန်ခံလုပ်တဲ့နှစ်မို့ ငှားလို့ရတာပါ။)
အဲဒါဖတ်ပြီးတော့ သူငယ်ချင်းကပြောတယ်။ ဂျူး ဆောင်းပါးတစ်ပုဒ်ထဲမှာ သူ မော့်လို (မီးဖိုချောင်မှာ ဖုံတမှုန်စာမျှ မရှိ) နေဖို့ ကြိုးစားကြည့်တာ တပတ်လောက်ပဲ ခံတယ်ဆိုတဲ့အကြောင်း ရေးထားတယ်တဲ့။ သူငယ်ချင်းကတော့ အဲလို အတုယူဖို့ စိတ်တော့ကူးမိတယ်၊ ဒါပေမဲ့ လက်တွေ့မလုပ်ဖြစ်လိုက်ဘူး ဆိုတယ်။ ကိုယ်အတွက်တော့ အဲဒါ မကြံကောင်း၊ မစည်ရာထဲပါလို့ စိတ်ကို မကူးလိုက်မိဘူး။
အဲဒီလို အဖြစ်တွေရှိခဲ့တော့ စာအုပ်တစ်အုပ်က လူတစ်ယောက်ကို အစိမ်းလိုက် ပြုပြင်ရေးလုပ်နိုင်တယ်ဆိုတာကို အဲဒီကတည်းက မယုံကြည်နိုင်တဲ့စိတ် ဝင်ခဲ့ပုံရတယ်။
ဒါပေမဲ့ ပဋ္ဌာန်းဆက်ဆိုရမလား၊ ရေစက်ဆိုရမလား ဘာရယ်လို့ အတိအကျမပြောနိုင်တဲ့ စာရေးသူနဲ့ ဖတ်သူကြားက တစ်စုံတစ်ရာ။ တရားစာအုပ်တွေမှာ တွေ့ရတတ်တဲ့ ကိုယ်နဲ့ သင့်တော်တဲ့ဆရာ (တရားပြသူ)၊ ကိုယ်နဲ့ သင့်တော်တဲ့တရား ဆိုတာမျိုးလို။ ပတ္တမြားခင်ရဲ့ အခုစာပိုဒ်ကို ဖတ်မိတော့ အဲဒီအချက်ကို တွေးမိစေခဲ့တယ်။
လူကိုယ်တိုင်မှာ တိမ်းညွှတ်မှုတစ်စုံတစ်ရာ ရှိနေတုန်း၊ သင့်တော်တဲ့ဆွဲဆောင်မှုတစ်ခုနဲ့ ကြုံခဲ့ရင်တော့ အဲဒီနောက်ကို (ကိုယ် နှုတ် နှလုံး သုံးပါးစလုံးနဲ့ဖြစ်ဖြစ်၊ အဲဒီထဲက တခုခုပဲဖြစ်ဖြစ်) လိုက်ချင်စိတ် ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့လည်း ဆက်တွေးမိတယ်။
***
နောက် သူ့ကပြားမြေးမကလေးရဲ့ အက်ဆေးတစ်ပုဒ်ကို သူ ဘာသာပြန်တာ ဖတ်ခဲ့ဖူးတယ်။ အဲဒီနောက် မတူတဲ့ဓလေ့ထုံးတမ်းတွေ၊ မတူတဲ့ဘာသာတရားတွေ ပေါင်းစည်းမှုကြားက ဖြစ်လာမယ့် ကလေးတွေရဲ့ အနေအထားဆိုတာကို အကြာကြီး စဉ်းစားခဲ့ဖူးတယ်။
***
(စာကြွင်း။ ပတ္တမြားခင် ငယ်ငယ်တုန်းက ရေးခဲ့တဲ့ ရည်းစားစာတွေလည်း ဖတ်ကြည့်ချင်လိုက်တာလို့ ဖြစ်ဖူးတယ်)
***
Friday, February 18, 2011
အမှတ်တရလေးများ
အမှတ်တရလေးများ (တေးရေး - ဒေါမနစ် ၊ တေးဆို - မီးမီးခဲ)
မင်းပေးတဲ့ စံပယ်ဖြူပွင့်တွေလည်း နွမ်းခြောက်သွားခဲ့ပေမယ့် ရင်မှာမွှေးနေဆဲ
မင်းစိုက်ခဲ့ စံပယ်ရုံသစ်ပင်လည်း ကြီးရင့်သွားခဲ့ပေမယ့် ဖြူစင်မွှေးနေဆဲ
မင်းပြောတဲ့ ပုံပြင်လေးတွေလည်း ရင်မှာ ကြားယောင်ဆဲ
မင်းရေးတဲ့ ကာရန်လေးတွေလည်း တချို့တဝက် မရှိတော့ပေမယ့် ငါ ဆိုညည်းနေဆဲ
မင်းနမ်းတဲ့ နေရာပါးပြင်လည်း ခြောက်သွေ့သွားခဲ့ပေမယ့် ဒဏ်ရာဖြစ်နေဆဲ
မင်းချစ်တဲ့ ထိုင်ခုံလေးမှာလည်း ငါ ထိုင်ငေးနေဆဲ
မင့်အိပ်မက် မျှော်လင့်ခြင်းတွေလည်း မပြီးဆုံးသွားခဲ့ပေမယ့် ငါ တည်ဆောက်နေဆဲ
မင်းနင်းတဲ့ ခြေရာလေးတွေလည်း ပျောက်ပျက်သွားခဲ့ပေမယ့် ဖွေရှာ ငေးနေဆဲ
မင်းကမ်းတဲ့ အကြင်နာလက်တွေလည်း လှမ်းဆုတ်မရတော့ပေမယ့် ရင်မှာ တမ်းတဆဲ
မင်းသွားတဲ့ နေရာလေးတွေလည်း ငါ ရောက်သွားတတ်ဆဲ
မင်းအိပ်ခဲ့ ကမ္ဗလာစက်ရာလည်း အေးစက်သွားခဲ့ပေမယ့် ရင်မှာ နွေးနေဆဲ
***
'95 လောက်တုန်းက ဒေါမနစ် စီးရီးစ်တခွေထွက်တော့ အဲဒီသီချင်းနဲ့ ကြော်ညာခဲ့တာကို မှတ်မိနေတယ်။ ဒီသီချင်းကို ကြိုက်ပေမယ့် အဲဒီအခွေကိုတော့ မဝယ်ဖြစ်လိုက်ဘူး။ နောက်တော့ မေ့သွားရော။
city FM ကို ရုံးမှာ နားထောင်ဖြစ်တဲ့အချိန် မီးမီးခဲ ပြန်ဆိုတာကြားတော့ ချက်ချင်းပဲ မှတ်မိသွားတယ်။ ပျောက်သွားတဲ့ ပစ္စည်းတစ်ခု ပြန်တွေ့ရသလိုပဲ။ နားထောင်ရခဲတဲ့ သီချင်းတွေ ပြန်ရှာတွေ့ရတာ သိပ်ဝမ်းသာစရာကောင်းတယ်။
ညက facebook မှာ တင်တော့ ရွယ်တူချင်းတွေက သိကြတယ်။
သူငယ်ချင်းတယောက်ကတော့ အဲဒီသီချင်းကို ဘိုဘို လည်း ပြန်ဆိုထားသေးတယ် ပြောတယ်။
***
ခုတလော အမှတ်တရ (ဂျူး) ကို စိတ်ကူးနဲ့ ပြန်ရိုက်နေရင်း၊ ဇာတ်ဝင်သီချင်း ရှာနေမိတယ်။
(မှတ်ချက်။ မင်းသား မင်းသမီး ရှာမရသေး။ ဒါရိုက်တာတော့ ရပြီ)
တွေ့ရသလောက်ကို စာရင်းလုပ်ထားတဲ့ထဲ ဒီသီချင်းပါတယ်။
နောက် ဟိုးးး အရင်က သန္တာဦး ဆိုတဲ့
အမှတ်တရ သီချင်းရယ်။ အဲဒီသီချင်း မီမီဝင်းဖေ ပြန်ဆိုထားတာတွေ့တယ်။
ဇာတ်ကားတစ်ကားမှာ ဇာတ်ဝင်သီချင်း၊ နောက်ခံတေးဂီတတွေလည်း အင်မတန် ပို့ပေးနိုင်တယ်လို့ ထင်မိတယ်။ စကားမစပ် ဇာတ်လမ်းအသွားနဲ့ ဇာတ်ဝင်သီချင်း ဘာမှမဆိုင်ဘူးလို့ ထင်မိတာကတော့ စင်ရော်မောင်မောင်ရိုက်တဲ့ မောင်။ ဒါပေမဲ့လည်း အဲဒီကားပေါက်တော့ သီချင်းပါ ပြန်ပေါက်သွားပြန်ရော။
တီဗွီကြည့်ပြီး ပြိုင်ကားလည်းမောင်းချင်၊ ရေခဲပြင်လည်း စကိတ်စီးချင်၊ နှင်းလျှောလည်း စီးချင်ဖြစ်တတ်တဲ့ အရွယ်တုန်းကတော့ ရုပ်ရှင်ကြည့်ပြီး ကြိုက်တာတွေ့ရင် ဒါရိုက်တာလည်း လုပ်ချင်ခဲ့သေးတယ်။
ခုတော့လည်း ကြိုက်တဲ့ဝတ္ထုတွေကို ပရိုဂျူဆာလုပ် ရိုက်ခိုင်းပြီးတော့ပဲ သိမ်းထားချင်တော့တယ်။
***
Monday, February 14, 2011
နှစ်ပိဿာခွဲ
နှစ်ပိဿာခွဲ
(တေးရေး - မြို့မငြိမ်း၊ တေးဆို - လေဘာတီ မမြရင်။
ဝင်းဦး၊ တင်တင်မြ၊ ချိုပြုံး)
စိန်ခြူးကြာညောင် လရောင်တွေလင်းပါလို့
မှန်ရွှေပြတင်းဆီက မယ်ခုမျှော်
သုံးချက်စည်တော် ရိုက်ဆော်ကာ ညှင်းတယ်လေး
လင်းပြန်လုနော်
ရှေးက လှိုင်ထိပ်ခေါင်တင် သခင်မမော်
သူ့မောင်တော်ပြန်လာခဲ စက်လည်းမပျော်
လာနိုးငယ်မျှော် ထူးတဲ့တစ်ကိုယ်တော်
သုံးချက်စည်ဆော်
သံချိုချို ရွှေဗဟိုရ်ညှင်းတယ်
တောင် တောင်ပံ နှက်သံပြင်းတယ်ကွယ်
လင်းကြက်တွန်သံကြော်
ခုနေခါ ရှိများရှိရင် လှိုင်ထိပ်ခေါင်တင်
သခင်မကြီးထံတော် အရောက်သွားလို့
ဘုရားကျွန်မရဲ့ အဖြစ်တွေကို
ရှိကြတဲ့လူတွေနှင့် သူလည်းသိလေအောင်
စိန်ခြူးရယ်တဲ့ ကြာညောင် ကြာညောင်
ဘောလယ်ကဲ့သို့ တစ်ပုဒ်လောက်ရေးဖို့
အကြံလေးများ ပေးသနားပါလို့
တင်ရသော် တော်မလားနော်
လာနိုးမျှော် မှန်ပြတင်းက လည်ပင်းကိုးတောင်ကျော်
ရှင် ကျိန်တာတွေ အဟုတ်စူးမနော်
တမင်လိမ်တာတွေ မမြုပ်ဘူး ဗူးပေါ်သလိုပေါ်
ဟို နောက်များနော် သွေဖေါက်ပြားကာ မျက်နှာများခဲ့သော်
ကျိန်တာများလည်း ကောင်းတယ်မထင်နဲ့
မိုးကြိုးကျိန်ရင် မိုးကြိုး ခြေကျင်းငြိမှာ စိုးရသတော်
ရွှေလရောင်ထိုး လာနိုးမျှော်
မှန်ပြတင်းက လည်ပင်းကိုးတောင်ကျော်
အရုဏ်ကျင်းပါပေါ့
လင်းကြက်ကယ် ရွှေတောင်ပံ
နှက်သံပြင်း ယွင်းတဲ့ချိန်နော်
တွန်သံပေး ဝေးနီးခေါ် တကြော်ကြော်
အခန့်သင့် သူပြန်လာသော်
ဒါက ဘာကြက်တုန်းလို့
ခပ်ငေါ့ငေါ့နှင့် မေးလိုက်ရင်နော်
စစ်တကောင်းကြက်ကြီးပါကွာ
အချိန်မနည်းပေါင်
နှစ်ပိဿာခွဲလောက်တော့ ရှိမပေါ့ ဖြေပုံပေါ်။
you tube link
(ဝင်းဦး၊ တင်တင်မြ၊ ချိုပြုံး ဗားရှင်း)
စာသားတွေကို ဒီက ယူပါတယ်။
***
အမှုန့်ကြိတ်ပစ်ချင်လာပြီ တခါပြောမိတော့ "ပေါင်ဒါမှုန့်လို လုပ်ပြီးတော့တောင် လိမ်းထားချင်သေးလို့ မို့လား" လို့ ပြန်မေးတုန်းက အဲဒီ "စစ်တကောင်းကြက်ကြီးပါကွာ အချိန်မနည်းပေါင် နှစ်ပိဿာခွဲလောက်တော့ ရှိမပေါ့" ဆိုတဲ့ စာသားကို မဆိုင်လှပေမယ့် ဖျတ်ခနဲ သတိရမိသေးတယ်။
သူတို့တွေ တဖက်ကမ်းခတ်တဲ့အရာတစ်ခု ရှိတယ်။
အလုပ်မဟုတ်တာတစ်ခုခု လုပ်ထားပြီးရင် ဝေ့လည်ကြောင်ပတ်တွေ လျှောက်ပြောပြီး ရူးချင်ယောင်ဆောင်တာ။
***
(Valentine Day အမှတ်မရ တရ)
Friday, February 11, 2011
06/02/2011 02:08 PM
အုံ့ပုန်းခြောက်ရတဲ့အခါ...
suzuki: ဘိန်း အကြောင်းလား။ ဒါတ်ပုံ အကြောင်းလား။ ၇ုပ်ရှင် အကြောင်းလား။
Me: ဆေးပညာရှုထောင့်ကနေ အခြောက်တွေအကြောင်း သိချင်တယ်။ အခြောက်တွေရဲ့ စိတ်နေသဘာဝအကြောင်း။ အတိအကျပြောရရင် အသိုင်းအဝိုင်းကြောင့် ပွင့်ပွင့်လင်းလင်း ခြောက်ခွင့်မရတဲ့ အခြောက်တွေ အကြောင်း
ဟယ်ရီပေါ်တာ: တူစိတ်ဝင်စားတာအဆန်း
suzuki: http://www.professorrjross.com/bio.php ဒီ ဘိုးတော်ကြီးနဲ့ ကောင်းကောင်း သိတယ်။ သူ့ အိမ်လဲ ရောက်ဖူးတယ်။ တော်တယ်။ အခြောက် စစ်စစ်ကြီး။
ဟယ်ရီပေါ်တာ: ဆန်းဒရားလှထွတ်သိရင်အခြောက်များနှင့်တွေ့ဆုံခြင်းများပင်သီချင်းရေးမိမယ်ထင်
Me: အနောက်တိုင်းမှာတော့ အုံ့ပုံးခြောက် မရှိလောက်ပါဘူး။ ပွင့်ပွင့်လင်းလင်းခြောက်တာတွေ မသိချင်ဘူး။ မသိချင်ဆို သူတို့နဲ့က အပြင်မှာလည်း သိနေတာကိုး။
suzuki: သိချင်ရင် ပြောပြမယ်
Me: ပြော အုံ့ပုန်းခြောက်ရတဲ့လူတွေရဲ့ စိတ်နေသဘာဝ
suzuki: ရှိတဲ့နေရာမှာ ရှိတယ်၊ လက်မခံတဲ့ နေရာလဲ ရှိတယ်။ အနောက်တိုင်းလို့ ခြုံပြောလို့ မရဘူး။
Me: ယေဘုယျကတော့ အနောက်တိုင်းမှာ ပွင့်ပွင့်လင်းလင်း ခြောက်ခွင့်ရနေတာပဲလေ
suzuki: မဟုတ်ဖူး
Me: ဒီဘက်မှာကတော့ မလွယ်ဘူးပေါ့ မြန်မာပြည်လိုနေရာမှာ။ အသိုင်းအဝိုင်းကြောင့်ဆိုတာမျိုး အုံ့ပုန်းခြောက်ရတာတွေ ရှိမှာပဲ။
suzuki: အမေရိကားမှာဆို ဆန်ဖရန်စစ်စကို၊ ဘာကလေနားတ၀ိုက်ပဲ ပွင့်ပွင့်လင်းလင်း ခြောက် ကြတာ
Me: ဟုတ်လား
suzuki: ခရစ်ယာန် အစွန်းရောက်တွေ၊ တောင်ပိုင်း အမေရိကားပြည်နယ်တွေမှာ အခြောက်တွေအတွက် အန္တရာယ်တောင် ရှိတယ်။ သူတို့ကို ဘုရားသခင်က ဒါဏ်ခတ်သလိုလို၊ ဘုရား မကြိုက်တဲ့ အလုပ် လုပ်တဲ့လူတွေလိုလို သဘောထားတာ။
Vista: အော သနားပါတယ်
Me: ဗမာပြည်လည်း ဒီတိုင်းပါပဲလေ။ ဗုဒ္ဓဘာသာအရကိုက။
ဟယ်ရီပေါ်တာ: ကိုယ်ပိုင်အမြင်အရတော့ဒါကိုအပြစ်တစ်ခုလုပ်တဲ့သူတွေလို့မမြင်ဘူး
suzuki: အဲဒီ ကီးဘုတ်သမား ဘိုးတော်ကြီး နာမည်က ရောဘတ်တဲ့။ ဒီးထရိုက်မှာ ငယ်ငယ်လေးထဲက နာမည် ကြီးတာ၊ ဒါပေမဲ့ အခြောက်ဖြစ်လို့ မနေရဲတာနဲ့ ဘာကလေကို ပြောင်းလာတာ။
ဟယ်ရီပေါ်တာ: ဖုံးကွယ်ပြီးညာနေတဲ့သူတွေကိုပဲလက်သင့်မခံချင်တာ။
suzuki: သူက သီချင်း အရေး အဆိုလဲ ကောင်းတယ်၊ ဒါပေမယ့် အခြောက်ဖြစ်တာကို အပြစ်လို့သဘောထားတဲ့ ပါတ်ဝန်းကျင်မှာ ကြီးပြင်းလာတော့ တော်တော် ကြီးတဲ့ထိ သိမ်ငယ်စိတ် ဖြစ်နေရှာတာ။ သူ့ စိတ်မှာ အနာတရလို ဖြစ်နေတော့ အောင်မြင်သင့်သလောက် မအောင်မြင်လာဘူး၊ တကယ်ဆို ပီတာဂေဘရီယယ်တို့လောက် အရည်အချင်း ရှိတဲ့သူ။
Me: အတိတ်က သူတို့ဘာလုပ်ခဲ့တယ်လို့ ကိုယ် မြင်တာ မမြင်တာတွေက ကိုယ့်အတွက် အရေးမပါဘူး။ သေချာလည်းတွေးမနေဘူး။ အပြစ်လုပ်လုပ် မလုပ်လုပ် ကိုယ့်အလုပ်မှ မဟုတ်တာ။ အဓိကက သူတို့ကို ဒဏ်ခတ်ဖို့ ကျန်တဲ့လူတွေမှာ အခွင့်အာဏာမရှိဘူးလို့ပဲထင်တယ်။
Me: ဟယ်ရီပေါ်တာ: ဖုံးကွယ်ပြီးညာနေတဲ့သူတွေကိုပဲလက်သင့်မခံချင်တာ )) ဒါကလည်း ပတ်ဝန်းကျင်ပေါ်မူတည်သေးတာကိုး။ ကိုယ်ဆိုလည်း ပတ်ဝန်းကျင်က လက်မခံရင် အသိုင်းအဝိုင်း ထိခိုက်မှာ စိုးနေရရင် ဘယ်ခြောက်ရဲမလဲ။
အများအားဖြင့် သူတို့ကို မြင်ရင် စိတ်အနှောင့်အယှက်ဖြစ်ကြတယ်။ သူတို့အနေနဲ့လည်း အများစိတ်မညိုညင်အောင် စည်းနဲ့ နေဖို့လိုတယ်။ ဒါဆိုရပြီ။ မမြင်ချင် မျက်နှာလွှဲနေရုံပဲ။ (သူများတွေစောင့်ရတဲ့ တန်းတူတဲ့ စည်း - ကိုယ့်ကြောင့် သူများ မထိပါးစေရတဲ့ စည်း။)
suzuki: အခြောက်တွေ စိတ်အေးလက်အေး နေရဲတာ ဆန်ဖရန်၊ ဘာကလေ နဲ့ လန်ဒန် လောက်ပဲ ရှိမယ်ထင်တယ်။ အန်စတာဒမ်မှာ နဲနဲပါးပါး။
Me: ခင်စန်းဝင်း တခါပြောဖူးတာ။ မိန်းမရှာဖြစ်နေတော့ လူအထင်သေးလွယ်တယ်၊ ဒါကြောင့် သူအလုပ်လုပ်ရင် ကတိတည်အောင် အလုပ်နဲ့တူအောင်လုပ်တယ်ဆိုတာမျိုး။ (အဲလိုနေရင် ပြီးပြီပေါ့။ ဒါကလည်း သူတို့မို့ လိုတာမဟုတ်။ လူတိုင်းမှာ လိုတဲ့အရာ)
ဟယ်ရီပေါ်တာ: ညာတယ်ဆိုတာကအဲ့ဒီစိတ်အခံကိုလည်းမလွန်ဆန်နိုင်အိမ်ထောင်တွေပြုပြီး သူတပါးကိုဒုက်ခထပ်ပေးတဲ့သူတွေကိုပါ
suzuki: ဆန်ဖရန် လေမြန်ကွင်းမှာဆို ယောကျာ်းခြင်း ဖက်နမ်း နှုတ်ဆက်နေတာတွေ အမြဲတမ်းလိုလို တွေ့ရတာဘဲ၊ မြင်ရတဲ့သူ စိတ် အနှောက်အယှက် ဖြစ်သလိုလိုတော့ ရှိသား။
Me: ဟယ်ရီပေါ်တာ: ညာတယ်ဆိုတာကအဲ့ဒီစိတ်အခံကိုလည်းမလွန်ဆန်နိုင်အိမ်ထောင်တွေပြုပြီး သူတပါးကိုဒုက်ခထပ်ပေးတဲ့သူတွေကိုပါ)) အဲဒါကိုက ပတ်ဝန်းကျင်ကြောင့်ဖြစ်တာ။ သူတို့သဘောအတိုင်းဆို ယူမယ်မထင်ဘူး။
ဟယ်ရီပေါ်တာ: ကားကျပ်ကျပ်မှာလက်လိုက်သရမ်းတဲ့သူတွေလည်းမကြိုက်
Me: အေးပေါ့ အဲဒါပြောတာလေ။ သူတို့အနေနဲ့လည်း စည်းရှိဖို့လိုတယ်။ ပြီးတော့ အဲဒါက အခြောက်တမျိုးတည်းတင် ဖြစ်တာလည်းမဟုတ်ဘူး။
ဟယ်ရီပေါ်တာ: သူတို့ကိုယ်တိုင်ကဖုံးကွယ်ပြီးအိမ်ထောင်ပြုတာပါ
Me: ဟယ်ရီပေါ်တာ: သူတို့ကိုယ်တိုင်ကဖုံးကွယ်ပြီးအိမ်ထောင်ပြုတာပါ )) ဆက်ပြောရင်တော့ အရှည်ကြီးဖြစ်သွားမယ်။ ခြောက်လို့ သိက္ခာကို ထိပါးမခံရဘူးဆိုရင် သူတို့ကိုယ်တိုင်ကိုက မိန်းမယူမယ် မထင်ဘူးလို့ ဆိုလိုတာ။
ပြောချင်တာ အဲဒါတွေ မဟုတ်
ဟယ်ရီပေါ်တာ: ဘာတွေပါလိမ့်
Me: အသိုင်းအဝိုင်းကြောင့် အုံ့ပုန်းခြောက်ရတဲ့လူတွေရဲ့ စိတ်နေသဘာဝ
ဟယ်ရီပေါ်တာ: ကြီးလန့်စာစားဖြစ်မယ်
suzuki: ဗမာပြည်မှာနေတုံးက ခြောက်နေကြောင်း မပြောရဲလို့ စိတ်ဆင်းရဲနေပြီး၊ အနောက်နိုင်ငံ ရောက်မှ ပွင့်ပွင့်လင်းလင်း ခြောက်ခွင့်ရလို့ စိတ်သက်သာရာ ရသွားတဲ့သူလဲ တွေ့ဘူးပါရဲ့။ အဲဒီတော့မှ ပျော်သွားတယ်လို့ ဆိုတာဘဲ
Me: အဲဒါဖြစ်နိုင်တယ်။ ဘာလို့ဆို အနောက်ရောက်တော့ သူဘယ်သူလဲ ဘယ်သူမှ မသိတော့ဘူး။ ဒါဆို ဘယ်ရောက်ရောက် ဗမာအသိုင်းအဝိုင်းမှာ ဘယ်သူလို့ သိနေနိုင်တဲ့ လူမျိုးဆိုရင်ရော
Vista: ငါးရံ့ခြောက်ဟင်းတောင်စားချင်လာပီ ခြောက်တွေထပ်နေလို့ 
Me: ငါးရံ့ခြောက်နဲ့ ခမ်းချဉ်တီးလေးနဲ့ ရှလွတ် (ဗမာပြည်မှာတော့ ဟင်းမထင်ဘူး)
Vista: မထင်အုံး ခုတော့ ငတ်နေမှလား
Me: ခုတော့ အဲဒါနဲ့ ဘယာကြော်နဲ့ ငရုတ်သီးဆားထောင်းနဲ့ဆို နတ်စည်းစိမ်ဆယ်သက် တကယ်မမက်ပါတယ် ဖြစ်သွားမယ်
Me: Me: ဒါဆို ဘယ်ရောက်ရောက် ဗမာအသိုင်းအဝိုင်းမှာ ဘယ်သူလို့ သိနေနိုင်တဲ့ လူမျိုးဆိုရင်ရော။ ဘယ်လို ခြောက်မယ် ထင်လဲ။
suzuki: ဘယ်သိမလဲ
Me: အစကတော့ သိသလိုလိုနဲ့။
---
35 comments:
မိုးယံ said...
အနော်တို့ ကျောင်းနေဘက်တစ်ယောက်က နွဲ့နွဲ့လေး အခုများ မိန်းမယူထားတယ် ကလေးတောင် ရနေပြီတဲ့။အဆင်ပြေနေတယ်ထင်တာပဲ။ ယူထားတဲ့ မိန်းမက ဟဲဗီးကြီး (သန်မာတာ) အနော်တို့နဲ့တောင် ရန်ဖြစ်တာ။
January 17, 2011 7:29 PM
မေဓာဝီ said...
ဘယ်ရောက်ရောက် ဗမာအသိုင်းအ၀ိုင်းမှာ ဘယ်သူလို့ သိနေနိုင်တဲ့ သူမျိုးဆိုရင်တော့ ...
သမာဓိခြောက် ခြောက်မယ် ထင်တာပဲ။
အဲဒီလို ခြောက်တဲ့လူမျိုးတွေ တွေ့ဖူးပါတယ်။ အဲဒါလဲ ဆိုက်ကိုတမျိုးပဲ ထင်ပါရဲ့။ အများအမြင်မှာတော့ ကျားကျားလျားလျား ယောက်ျားကြီးပါ ... ဒါပေမဲ့ ခြောက်နေရှာတာ။ သူတို့က တတ်နိုင်သလောက်တော့ သူများမသိအောင် ဖုံးထားတာပေါ့။ ဘယ်လိုဖုံးဖုံး ကြာလာတော့လဲ သိကုန်ကြတာပါပဲ။
စိတ်ဓာတ်အခြေအနေအရတော့ အဲဒီလိုလူမျိုးတွေက ပွင့်ပွင့်လင်းလင်း ခြောက်ရတဲ့ သူမျိုးထက် ပိုပြီး agressive ဖြစ်တတ်ကြတယ်။ ပတ်ဝန်းကျင်ကို သိပ်ဂရုစိုက်ပြီး ကိုယ့်ကို အခြောက် မထင်အောင် လူတကာ အထင်ကြီးအောင် အတင်းကြီး ဇွတ်ကြိုးစားတတ်ကြတယ်။
ကိုယ်တွေ့ဖူးသလောက် အတွေ့အကြုံကို ပြောပြတာပါ .. အားလုံးတော့ ဟုတ်မဟုတ် မသိဘူးနော်။
January 17, 2011 8:43 PM
Soe said...
Homosexualtiy is natural in animal
world and we are just talking apes.
One research was done about macho
homosexuals. Researchers put two
rams and two ewes (female sheep)
constrained by their necks making
their backs exposed to be mounted.
The female ewes are ovulating and
that means if a ram (straight ram
will mount on an ewe) to fertilize
eggs. But homosexual rams, once
released are found to mount on
another ram, copulating with anal
passage perfering over the ewe's vaginal passage even when she
is ovulating. This is because
DNA defects.
For submissive homosexuality,
when pregnant mice are exposed
to sustained stress, her sons
may become passive homosexuals,
showing femine behaviour, they
let other male mounted on them.
So homosexuality can be due to
nature. What we have to prevent
is by nuture. I mean I have no
issues if another male put any
thing into his orifices, that
is fine. I do not and I will
not judge him and I dont believe
that any f..ker in heaven exists
at all and if suckers who believe
in that heavenly sucker almighty
urge to harm them, I will protect
that faggot even if I dont like
him as I think it is his rights
to put anything into his arse.
But I will not, and I dont like
old fags to exploit young kids,
so if a guy try to rape my son,
or my daughter against his or
her will. I will not tolerate.
I think homosexuality is not we can prevent. Those fag hating
fags radicals cannot and should
not do anything too. It is just
a matter of personal choice.
So it is better for them to be openly gay than in closets as
it could lead contagin of STD diseases. So we Burmese should
not worry for homosexuality.
January 17, 2011 9:19 PM
ဇွန်မိုးစက် said...
ရီတာ Brokeback Mountain ကြည့်ကြည့်ပါလား။ ဇွန် မကြည့်ဖူးပေမယ့် ယောက်ျားချင်းချစ်သူဖြစ်တာကို ရိုက်ပြထားတာကောင်းတယ်လို့ နာမည်ကြီးတယ်။ မောင်လေးကို download လုပ်ထားခိုင်းတာရယင် ဇွန်လည်း ကြည့်မလို့။ ယောက်ျာချင်း စိတ်ဝင်စားတာ၊ ချစ်ခင်ကြတာ ဘယ်လိုနေမလဲဆိုတာ စိတ်ဝင်စားလို့။
January 17, 2011 9:39 PM
Thu said...
A scholar studied in Europe annually came back to Myanmar to take part in Taung Pyone Pwe. He was expired soon after 'A' affected.
A first victim of 'A' I've seen was a lady tutor around 90s, no one thought she had such flirted nature as judged by her decent appearance.
A fortunate thing to her was she passed away under nice treatment of last husband.
To be more understand of them, Pls see following desperate story : အဆောင်မှာခြောက်တဲ့သူရဲ…….
http://geologist-myanmar.com/geos-stories65.htm
January 17, 2011 10:03 PM
ဉာဏ်လင်းထူး said...
top/bottom/england တဲ့။လိင်မ​ဆက်ဆံ​တဲ့
အေြ​ခာ​က်၊လိင်ဆက်ဆံ​ခံ​တဲ့​အေြ​ခာ​က်၊လိင်ဆက်ဆံ​လ​ည်း​ခံ ကိုယ်တိုင်က​လ​ည်း လိင်ဆက်ဆံ​တဲ့​အေြ​ခာ​က်(၂​ဖက်ချွ​န်)။
ေ​တာ​္ေ​တာ​္မ်ားမ်ား​ကေ​တာ့ ေ​မြး​ရာ​ပါ​ဗီ​ဇေ​တြ၊ တခ်ိ​ဳ​႕ေ​တြ​ကေ​တာ့ ပံု​စံ​သြ​င​္း​ခံ​ရ​တဲ့​သူ​ေ​တြ။
January 18, 2011 9:13 AM
Rita said...
အကြောင်းပြစရာ မယ်မယ်ရရမရှိပေမယ့် ပုံစံသွင်းခံရလို့ ခြောက်တယ် ဆိုတာကို လက်ခံလို့မရဘူး။ မဖြစ်နိုင်ဘူးပဲ ထင်နေတယ်။
January 18, 2011 9:20 AM
ဉာဏ်လင်းထူး said...
ဟို​တေ​လာ​က စာ​တ​ပုဒ္ဖတ္မိ​တ​ယ်။မိ​န်း​မ​ရှာ​တေ​ယာက္အေ​ၾ​ကာ​င​္း​ပဲ။ဘယ္က​လဲ​ေ​တာ့ မ​မွတ္မိ​ေ​တာ့​ဘူး။ သူ​က​အေ​ျ​ခာ​က​္ေ​တာ့​အေ​ျ​ခာက္ပဲ။သူ့​​ကို​သူ​လ​ည်း အေြ​ခာက်လို့​​လက်ခံ​ထား​တ​ယ်။ဒါ​မ​ယ့် ရှုပ်ရှုပ်ရှက်ရှ​က် မ​လုပ်ဘူး။သူ့​​အလုပ်သူ​တည်တ​ည်ြ​က​ည်ြ​ကည်လုပ်တ​ယ်။ဘ​ဝေ​ပး​ကံ​အရ မိ​န်း​မြ​ဖစ်ချင်တဲ့​စိ​တ်ေြ​ကာ​င့်​သာ အဲ့​လိုြ​ဖ​စ်ေ​နရ​တာ။ဝ​တ်ေ​တာ့​လ​ည်းေ​ယာကျာ်း​လို။လူ​မေ​စာ်​ကား​ရဲ​ဘူး။(မစေနာက္ရဲဘူး)ေ​သခ်ာ​မ​မွတ္မိ​ေ​တာ့ ​ဘူးဗ်ာ။ေ​တာ​္ေ​တာ​္ေ​ကာ​င်းတယ်။
January 18, 2011 9:28 AM
ဉာဏ်လင်းထူး said...
ရွိ​တ​ယ​္ေ​ဒ​ၚ​ရီ​တာ။က်ေ​နာ​့္​အသိ​ထဲ​မွာ အဲ့​လို​ေ​တြ​ရွိ​တ​ယ်။ဘယ်လိုြေ​ပာ​ရ​မ​လဲ။န​ည်း​န​ည်းေ​တာ့ ရို​င်း​မ​ယ်ေ​နာ်။အလို​မ​တူ​ပဲ လိင္ဆက္ဆံ​ခံ​လိုက္ရျ​ပီး​တဲ့​ေ​နာက္မွာ ေျ​ခာက္သြား​တာ။တခ်ိ​ဳ​႕​ၾ​ကေ​တာ့ အေ​ျ​ခာ​က​္ေ​တြ​နဲ​႔ လက္ပြ​န​္း​တ​တီး​ေ​နရ​င​္း​ကေ​န စိတ္ပါ​သြား​တာ။စိတ္ပ​ညာ​ယူ​တဲ့​သူ​ငယ္ခ်​င​္း​တေ​ယာက္က ေျ​ပာ​ဖူး​တာ​ကေ​တာ့ အဲ့​လို​လူ​ေ​တြ​ရဲ​႕​မ​သိ​စိတ္မွာ ငယ္ဘ​ဝ​က မ​စင္စြ​န​္​႔​တဲ့​ဟာ​ကို သာယာ​ခဲ့​ဖူး​တယ္တဲ့။အေ​ၾ​ကာ​င​္းေ​ၾ​ကာ​င​္းေ​ၾ​ကာ​င​့္ အဲ့​လို​ကိ​စ​ၥမ်ိ​ဳး​ၾ​ကံ​ဳ​လာ​တဲ့​အခါ အဲ့​ဖက္ကို​ေ​ရာက္သြား​တာ​တဲ့။ေ​သခ်ာ​ေ​တာ့ မေ​ျ​ပာ​တတ္ဘူး။
January 18, 2011 9:34 AM
Rita said...
ကိုယ်ထင်တာလည်း အဲလိုဆင်ဆင်ပဲ။
သူတို့ စိတ်အခံမှာကိုက ရှိနေပြီးသားမို့လို့ ထင်တာ။ တင်းပြည့်ကျပ်ပြည့်လူကို ဇာတ်သွင်းလို့ ရမယ်တော့ မထင်ဘူး။
January 18, 2011 9:36 AM
Rita said...
ဟယ်ရီပေါ်တာ: နာမည်တိုက်ရိုက်ရေးပြီး မတိုက်ခိုက်တော့ဘူးလား
RITA: ကိုယ်ရေးသမျှထဲမှာ တိုက်ခိုက်တာ မပါဘူးနော်။ မှတ်တမ်းသက်သက်တွေပဲ ရှိသေးတယ်။ ကိုယ် ဒီလို တင်တာနဲ့ အဲဒီကို ပြေးမြင်တယ် ဆိုရင်တော့ ပရော်ဘတ်ဘလတီ နည်းနည်းများနေပြီ။ ကိုယ့်ဘာသာ ဆွေးနွေးတာလည်း ဖြစ်နိုင်တာပဲ။
ဟယ်ရီပေါ်တာ: မနှစ်ကအံသွားတချောင်းနှုတ်လိုက်ရတယ်
RITA: ကိုယ်ကလည်း မဟုတ်ဘူး ငြင်းတာ မဟုတ်။ ဟုတ်တယ် ပြောတာလည်း မဟုတ်။ ဟိုလိုလည်း မြင်လို့ရရဲ့သားနဲ့ ဒီလို တန်းပြီးမြင်တယ်ဆိုရင်တော့ ပရော်ဘတ်ဘလတီများသွားပြီ ပြောတာ။
ဟယ်ရီပေါ်တာ: ဆွေးနွေးချက်ဆိုမိမိယူဆချက်ကိုချည်းဘိုးလ်မလုပ်သင့်ဘူးလေ
RITA: အဲဒါ ယူဆချက်မဟုတ်။ မေးခွန်းပဲ ရှိသေးတယ်။ အဲဒီထဲ ပုဂ္ဂိုလ်စွဲယူဆချက် တခုမှ မပါ။
ဟယ်ရီပေါ်တာ: ပိတ်သတ်ကိုမေးတာလား
RITA: မဟုတ်ဘူး မေးတာက ချာဝန်လို့ထင်ရတဲ့ လူတွေကို မေးချင်တာ။ ချာဝန်တောင်မှ မက်ဒီဇင်ပိုင်း ဆာဂျင်ပိုင်းတွေ မေးချင်တာမဟုတ်။ ဆိုက်ခီပိုင်းတွေ ပိုမေးချင်တာ။
Vista: ချာဝန်ကိုယ်တိုင်ခြောက်နေမှ :fo:
RITA: ချာဝန်ကိုယ်တိုင်ခြောက်နေတဲ့ကိစ္စဆို ပိုတောင် နီးစပ်သိရဦးမယ် :fo:
Vista: :fo: ပြောမှာမဟုတ်တော့ဘူးအဲလိုဆို
RITA: မဟုတ်ချင်ယောင်ဆောင်ပြီး ပြောချင်ပြောမှာပေါ့
Vista: မိန်းကလေးချင်းယူထားတဲ့ သူငယ်ချင်းမတော့ရှိတယ်။ ကလေးပါ ယူထားတာ သိပ်ရယ်ရတယ်။ အမေရိကန်မှာ ယူလို့ ရတဲ့ ပြည်နယ်မှ ရတာ။ သူတို့ အဲယူလို့ ရတဲ့ပြည်နယ်ကိုပြောင်းရတယ် .. ကလေးပါယူမို့။ ခုတော့ ကလေးရပီ သူတို့ ၂ ယောက်လုံးမျိုးစေ့နဲ့  စပန်းဒိုနာနဲ့  စပ်တဲ့ကလေး :fo: ပေါက်ပေါက်ဝဝ သိပ်လုပ်တယ်။
RITA: မိန်းကလေးတွေက အဲ့ဒါမျိုးကိစ္စမှာ သိပ် သိက္ခာမကျကြဘူးထင်မိတယ်။ မိဘအသိုင်းအဝိုင်းကတော့ မကြိုက်ကြဘူးပေါ့လေ။ ဒါပေမဲ့ ပတ်ဝန်းကျင်က မိန်းကလေးတွေကျ ယောက်ျားလေးတွေခြောက်တာထက် ခွင့်လွှတ်တယ်။
suzuki: မက်ဒီဇင်နဲ့ရော ဆိုက်ခိရာထရီနဲ့ရော သိတ် ရှင်းပြလို့ မရဘူးထင်တယ်၊ သိသလောက်တော့။ မက်ဒီဇင်လဲ ကိုယ်သိတာက လက်တောက်လောက်ရှိတာ၊ ဆိုက်ခ်ကတော့ ကြားဘူးနားဝလောက်ရှိတာ။
RITA: ဟုတ်မှာပါ။ ဒါလည်း အင်ဒီဗီကျူရယ်နဲ့ပဲ ဆိုင်သလားမသိ။
RITA: မိန်းမလို မိန်းမရ ဆက်ဖြစ်နေတဲ့ ကိစ္စတွေ ရှိတယ်၊ ကိုယ်နဲ့တောင် မဆိုင်ပါဘူး။ ကိုယ်နဲ့ဆိုင်တဲ့သူတွေနဲ့ ဆက်နေတာ။ တချို့ကိစ္စတွေက သာမန်တင်းပြည့်ကျပ်ပြည့်ယောက်ျားလေး အထက်တန်းအရွယ်ဆိုရင်တောင် လုပ်မှာ မဟုတ်တဲ့အလုပ်တွေ။ တကယ်ခြောက်နေလားဆိုတာ အဲဒီမှာ တွေးမိတယ်။
ဟယ်ရီပေါ်တာ: ပွိုင့်ကိုရောက်ပီ
suzuki: ဟို အရင်ကတတော့ အခြောက်တွေကို ရူးတယ် သတ်မှတ်တာ၊ ခုကျ ကုစရာ ဆေးလဲမရှိတော့ ပုံမှန်လို့ဆိုပြန်ရော၊ နောင် ဆယ်နှစ်ဆို တစ်မျိုး ပြောချင်ပြောကြအုန်းမှာ
RITA: ကိုယ်တော့ အဲဒါတွေ အရေးမကြီး။ ကိုယ့်မထိပါးရင် အခြောက်လည်း ထိုက်သင့်သလို လေးလေးစားစားဆက်ဆံမယ်။
January 18, 2011 9:58 AM
ဉာဏ်လင်းထူး said...
ြေ​ပာ​ရ​ဦး​မယ်ဗျ။ခု​တေ​လာ​ေ​ခတ္စား​ေ​န​တဲ့ အီ​မို​ဆို​တာ​ေ​လ။တ​က​ယ​္ေ​တာ့​အဲ့​တာ​ေ​တြ​က တျ​ခား​ႏိုင္ငံ​ေ​တြ​မွာ ေ​ယ​ဘူယ်​အား​ျ​ဖ​င​့္ လိင္တူ​ဆက္ဆံ​တဲ့​သူ​ေ​တြမ်ား​တ​ယ​္။ျ​မန္မာႏ​ိုင္ငံ​ကို​ေ​ရာက္လာ​တာ စ​တိုင္က​အရ​င​္၊ေ​နာ​က​္ေ​တာ့ က်န္တဲ့​ဟာ​ေ​တြ​ပါ ကူး​စက္လာ​ျ​ပီလား​ေ​တာ့​မ​သိ​ဘူး။၂​၀⁠၀​၉​တု​န​္း​က ျ​မန္မာ​ျ​ပည္မွာ ခ​ဏေ​န​လိုက္တု​န​္း​ကေ​တာ့ ေ​တာ​္ေ​တာ်​သတိထား​မိ​ခဲ့​တ​ယ်။ကို​ရီး​ယား၊ထို​င်း၊ဂျ​ပ​န် လွှ​မ်း​မိုး​မှုေ​တွ။အြ​က​ည်ေ​တာ်​ရဲ့ ေ​ရႊ​ရင္ရႈပ္ဆို​တာ​ေ​လး​ကို​လဲ ဖ​တ်ြ​က​ည့်​လိုက်ပါ​ဦး။အဲ့​လို​ဟာေ​တွ​လ​ည်း ရှိ​တ​ယ်။တ​က​ယ​္ေ​တာ့ဗ်ာ ဘယ္သူ​မျ​ပဳ​မိမိ​မႈ​ပါ။
January 18, 2011 10:02 AM
ဉာဏ်လင်းထူး said...
January 18, 2011 10:12 AM
Rita said...
အဲဒီ ကိစ္စကတော့ ကူးစက်လို့မရပါဘူး ထင်နေတုန်းပဲ။ နဂိုအခံမရှိဘဲ ဘယ်လိုလုပ် ကူးမှာလဲ။
လမ်းသရဲလိုကိစ္စ ကူးတယ်ဆိုတာမှ ဟုတ်တုတ်တုတ်။ ဆေးသုံးတာ၊ ရန်ဖြစ်တာ စသဖြင့် အဲဒါတွေက အပေါင်းအသင်းကြောင့်၊ ပတ်ဝန်းကျင်ကြောင့် ဖြစ်ရတယ်ဆိုတာ လက်ခံတယ်။ ခြောက်တာ၊ လျှာတာကတော့ ကိုယ့်မှာ အခံမရှိဘဲ အားကျသွားမှာကို မဟုတ်ဘူးထင်ပါတယ်။ ဘယ်သူမပြုဆိုတာ မှန်တယ်။
နောက် အပေါ်မှာ soe ရေးထားသလို ကာကွယ်လို့မရ ဆိုတာမျိုး တွေးမိတယ်။
ဘာသာရေးအရဆိုလည်း သံသရာက အရှည်ကြီး၊ နောက်ထပ် ဆက်ရဦးမယ်ဆို ဘယ်အဆစ်အပိုင်းမှာ ကိုယ်တိုင် ဒီလိုဖြစ်ဖို့ အကုသိုလ်တွေ ကျန်နေဦးမလဲ မသိနိုင်လေ။
ဒါပေမဲ့ အဲလိုရေးရင် ရေးတဲ့လူက အဲလိုလူတွေကို အားပေးအားမြောက်လုပ်ချင်လို့ဆိုတဲ့ ရှုထောင့်ကပဲ တွေးမိကြတာများတယ်။ တကယ်က အားပေးစရာလည်း မလို၊ အားမြောက်စရာလည်း မလိုဘူး။ အဲဒါတွေ လုပ်စရာအလုပ်ကို မဟုတ်တာ။
ကိုယ့်စည်းဝိုင်းထဲကလူမှာ ဖြစ်လာရင်တော့ သိမ်ငယ်မိ အရှက်ရမိ ပြုပြင်ဖို့ကြိုးစားမိမှာပဲ။ ဒါပေမဲ့ ဘယ်သူ့ကိုမဆို မတူမတန်သဘောထားမိမှာ မဟုတ်ဘူး။
***
ပြောချင်တဲ့ အဓိက အကြောင်းရင်းက အဲဒါတွေ မဟုတ်ဘူး။ bold လုပ်ထားတဲ့ အရာ။
January 18, 2011 10:16 AM
ဉာဏ်လင်းထူး said...
လွေ​လး​စိန္ကို သတိရ​မိ​တ​ယ်။:)
January 18, 2011 10:43 AM
Rita said...
ပြီးရင်တော့ "ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ" တအုပ်လောက် ထွက်လာမယ်ထင်တယ်။
***
အဲဒီမှာ ဒီလိုဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်တဲ့လူနဲ့ ခွင့်မလွှတ်နိုင်တဲ့လူ ကွာချင်ကွာဦးမှာ။
ကိုယ့်ဘာသာခွင့်လွှတ်နိုင်တဲ့လူက ပေါက်စီပြောသလို သူတို့လိုချင်တာရအောင် လုပ်သွားလိမ့်မယ် ထင်တယ်။
January 18, 2011 10:50 AM
ဉာဏ်လင်းထူး said...
ြ​မန်မာြ​ပည်က နာမ​ည်ြ​ကီး​အယ်ဒီ​တာြ​ကီး​တေ​ယာက်လ​ည်း အဲ့​လို​ပဲ။ဒါ​မ​ယ​့္ေ​တာ​္ေ​တာ​္မ်ားမ်ား​ကေ​တာ့ မ​သိ​ၾ​က​ဘူး။သိ​တဲ့​သူ​ေ​တြ​သိ​ေ​ပ​မ​ယ​့္ က်ေ​နာ​့္​အေ​န​နဲ​႔​လ​ည​္း မေ​ျ​ပာ​သ​င​့္​ဘူး။ဆို​လိုခ်င္တာ​က အဲ့​လို​လူတေ​ယာက္ကေ​နျ​ပီး​ေ​တာ့ သူ​မေ​သ​ခင္သူ​႕​အေ​ၾ​ကာ​င်း​ကို အမှန်အ​တို​င်း ဖွ​င့်ချ​ခဲ့​ရ​င်ေ​တာ့ ကျေ​နာ်​တို့​​သိ​ခွ​င့်​ရ​တာ​ေ​ပါ့​ေ​လ။ေ​သာ​္​တာ​ေ​ဆြ​တို​႔ေ​ရႊ​ဥေ​ဒါ​ င​္း​တို​႔​လို​ေ​ပါ့။
January 18, 2011 10:52 AM
နန်းညီ said...
ယောက်ျားတိုင်းရဲ့ မသိစိတ်မှာ အဲ့အခြောက်စိတ်ရှိတယ်လို့လည်း ဖတ်ဖူးတယ်.. အခြေအနေ အခွင့်အလမ်းတွေ ကြုံလာရင် သူဟာ ခြောက်သွားနိုင်ဖို့ ၉၀% ရှိသတဲ့.. သူငယ်ချင်းတစ်ယောက် ကျားကျားလျားလျားကြီးကနေ စရင်း နောက်ရင်း တကယ်နွဲ့သွားတာတွေ ကြုံဖူးသဗျာ..
ပြီးတော့ မမရီတာ ပြောသွားတဲ့ ခင်စန်းဝင်းလိုပေါ့.. သူတို့မှာ အဲ့ဒါကို တပန်းရှုံးနေတယ်ထင်နေတော့ တခြားဟာတွေ ပိုတော်အောင်လုပ်ကြလို့လားမသိ.. သူတို့တွေထဲမှာ ထူးချွန်တဲ့လူတွေ များတယ်နော်..
ဘေးပတ်ဝန်းကျင်က လူတွေကို စိတ်အနှောင့်အယှက်မပေးဘဲ နေလို့ဖြစ်ရင်တော့ သူတို့လွတ်လပ်ခွင့်ကို ဘာမှ ကန့်ကွက်ဖို့ မရှိဘူးထင်မိ.. သို့သော် တချို့ကျတော့ အလိုလိုနေရင်း မိန်းမလျာဆိုရင် အမြင်ကပ်နေကြတာပဲ..
(ခေါင်းစဉ်ကိုဖတ်ပြီး ပြေးသတိရတာတော့ ဆရာတင်ရဲ့ သီချင်းစာသားပဲ.. "အုံ့ပုန်းခြောက် ခြောက်ရတာရယ်~~ အပွင့်ခြောက် တသက်က မမှီပါတယ် ~~ တူနှယ်တဲ့နှယ်") :P
January 18, 2011 11:17 AM
Rita said...
ဟားဟား
တူတယ်။
မနေ့တည်းက အဲဒီသီချင်း သတိရနေတာ။
January 18, 2011 11:19 AM
Nyo said...
I just read a story referred by Thu
and would like to note from
http://geologist-myanmar.com/geos-stories65.htm
ဆိုင်တာမှသိပ်ဆိုင်…အခြောက်ဆိုတာဘုရားရှင်လက်ထက်မှာကတည်းကရှိတာ…
စာသင်တိုက်မှာရှိတဲ့စာသင်သားကိုယ်တော်တွေအခြောက်ဘုန်းကြီးတစ်ပါးကြောင့်ဒုက္ခအကြီးအကျယ်ရောက်ခဲ့ရတာဘုရားရှင်သိသွားပြီး….
ဘုရားရှင်ကိုယ်တော်တိုင်အခြောက်တွေကိုလုံးဝရဟန်းဝတ်ခွင့်မပြုရလို့ပညတ်ထားခဲ့တယ်…။ဒါနဲ့နေကြပါအုန်း..
မင်းတို့ပြောပြောနေတဲ့အခြောက်ဆိုတဲ့အဓိပ္ပါယ်ကိုရောသိကြလို့လား….။
အခြောက်ဆိုတာမစိုလို့ပေါ့ကွ။ ဂန်ဒူးပေါ့…။ မိန်းမစိတ်ပေါက်နေတဲ့ယောက်ျားပေါ့ကွာ…။
မှတ်ထားကြ….ပရိသဒူသက….လောကဒူသက…..
လောကအလှကိုဖျက်စီးသူများ…လူစဉ်မမှီသူများ….ကုသိုလ်ကံခန်းခြောက်နေသူများကိုအခြောက်ဟုခေါ်၏တဲ့…
အခြောက်သုံးမျိုးမဟုတ်ဘူး..အခြောက်ငါးမျိုးရှိတယ်…။
ဟ..ဒီဘုန်းကြီးအခြောက်အကြောင်းတယ်သိပါလား..ဧကန္တတော့…ဧကန္တဘဲ…..
အခြောက်ကိုပါဋ္ဌိလိုပဏ္ဍုက်(ပန်သုတ်) လို့ခေါ်တယ်….
အာသိတ္တက ( အာတိတ်တက )
ဥဿူယ ( အုတ်သူယ )
သြပက္ကမိက ( သြပက်ကမိက )
ပက္ခ
နပုံး ….အဲဒါဘုရားဟောထားတဲ့အခြောက်ငါးမျိုးဘဲ…။
-----------------------------------------------
ဘုရားရှင်ကအခြောက်တွေကိုယောက်ျားစိတ်ပြန်ဖြစ်လာအောင်ဝိုင်းကူညီပေးကြဖို့ဟောထားတယ်။
မင်းတို့အားလုံးလည်းလက်ခုတ်လက်ဝါးတီးပြီးအခြောက်နွံထဲနစ်နေတဲ့ကောင်တွေကိုဝိုင်းမလှောင်ကြပါနဲ့၊
ဘုရားဆုပန်ခွင့်ရှိတဲ့ယောက်ျားဘ၀ပြန်ရောက်အောင်ကူညီပေးလိုက်ကြပါ……
January 18, 2011 11:58 AM
စာဖတ်သူ said...
blog ပိုင်ရှင် စာရေးသူ မရီတာသည်..
၁။ စာဖတ်များသောသူဖြစ်ပါသည် ..သို့ သော် အကျိုးရှိသောစာများကို မရေးသားတတ်ပါ ။
၂ ။ စာဖတ်နာသူဖြစ်သည့် အကြောင်းဖတ်ဖူးပါသည်..သို့ သော် စာအုပ်များမှ အနှစ်တရားများ ရင်ထဲရောက်ဟန်မတူကြောင်း ရေးသောစာများက သက်သေပြလျှက် ရှိပါသည်။
၃။ ဝေမျှပေးသော ဝင်းဝင်းလတ်စာအုပ်အတွက် ကျေးဇူးတင်ပါသည် ။
၎။ ဝင်းဝင်းလတ်၏အရေးအသားအရဆိုလျှင် မရီတာသည် အလွန်မိန်းမ ပီသသူ ဖြစ်ပါသည်။
အချိန်ပေးကာဖတ်သင့်သော Blog တစ်ခုမဟုတ်ပါ။
January 18, 2011 12:50 PM
Rita said...
စာရေးတာမှာ ဖတ်ဖူးတာ 3/4 အုပ် ထုတ်ရေးလိုက်ရင် အများကြီးဖတ်တယ်လို့ ထင်ရတတ်တယ်။ အဲဒါက သဘာဝပဲ။ တကယ်တော့ အများကြီး ဖတ်လာတာမဟုတ်ဘူး။ နည်းနည်းပဲ ဖတ်ခဲ့တာ။ ကြားရုံကြားဖူးပြီး ဖတ်ဖို့ကို မကြုံခဲ့တဲ့ စာအုပ်တွေ အများကြီးပဲ။
ငယ်ငယ်က ပုံမှန် တောက်လျှောက် အသည်းအသန်ဖတ်တာဆိုလို့၊ လွန်းထားထား ရှင်မိုး တွတ်ပီ လေးမွန်ထွေးမွန်တို့ပဲ ရှိတယ်။ ခုထိလည်း အဲဒါတွေပဲဖတ်တယ်။ ထပ်တိုးလာတာဆိုလို့ အကြည်တော်၊ ဝိဇ္ဇာပဲ ရှိတယ်။
(စာအုပ်များမှ အနှစ်တရားများ ရင်ထဲရောက်ဟန်မတူကြောင်း ရေးသောစာများက သက်သေပြလျှက် ရှိပါသည်။)
ကြည့်ရတာ စာဖတ်သူက ဒီပို့စ်ရဲ့ ဆိုလိုရင်းကို ကွက်ကနဲမြင်ပုံပဲ။ =)
ရင်ထဲရောက်တာ (သိတာ) က တခြား၊ လိုက်လုပ်နိုင်တာတခြား။ ပြီးတော့ အကျိုးရှိတာတွေချည်း ရေးဖို့လို့ မရည်ရွယ်၊ ဒါ့အပြင် အကျိုးရှိတာတွေချည်း ဖတ်ဖို့လို့လည်း မရည်ရွယ်။ အကျိုးမရှိမှန်းသိလည်း အပျင်းပြေပေါ့ဆိုတဲ့ ကိုယ်လိုလူတွေကလည်း အများကြီး ရှိဦးမှာ။
မပူနဲ့။ ပရိသတ်အားပေးတဲ့ ရောင်းအကောင်းဆုံးတွေထဲမှာ သမ္မာကျမ်းစာတို့၊ ပိဋကတ် ၃ ပုံတို့ချည်းမဟုတ်ဘူး။ အပျော်ဖတ်တွေလည်း အများကြီးပါတယ်။
စိတ်နဲ့မသင့်လို့ လာမဖတ်လည်း နှမြောစရာလို့မထင်။ ကိုယ်လည်း သူများရေးတာတွေ အဲလိုလုပ်နေကျပဲ။ ကိုယ်ရေးတဲ့စာ လူအများသဘောညီမျှအောင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့တော့ ဘယ်တော့မှ ရေးဖြစ်မယ်မထင်။
ဒီဘလော့မှာ
ကိုယ်စိတ်ဝင်စားတဲ့အကြောင်း၊
ကိုယ်ရေးကိုယ်တာအကြောင်း၊
အိမ်မှာ အပ်ပျောက်တဲ့အကြောင်း၊
ကြယ်သီးရှာမတွေ့တဲ့အကြောင်း၊ ဘယ်တုန်းက ဘာအကြောင်းကို ဘယ်လိုလုပ်ခဲ့တဲ့အကြောင်း စတဲ့ကိုယ်ရေးချင်ရာရေးတဲ့ အကြောင်းတွေကလွဲလို့ ဘာမှမျှော်လင့်လို့မရပါ။ ကံမကောင်းလို့ အခန့်မသင့်ရင် ပုဂ္ဂိုလ်ရေး အညိုးအတေးအကြောင်းတွေတောင် ဖတ်ရနိုင်တယ်။
စာဖတ်သူအတွက်သော်လည်းကောင်း၊ ကိုယ်တိုင်အတွက်သော်လည်းကောင်း အကျိုးရှိရာရှိကြောင်း တမင်တကာ မရည်ရွယ် (ဆိုလိုသည်မှာ - အကျိုးရှိချင်ရှိမည်၊ မရှိချင်မရှိဖြစ်မည်။ တချို့အတွက် ရှိကောင်းရှိသွားနိုင်၍၊ တချို့အတွက် မရှိဖြစ်ချင်ဖြစ်မည်) ဒါတွေနဲ့ ဓါတ်မတည့်ရင် ဝေးဝေးကသာ အသာရှောင်ပါလေ။
ဒါနဲ့ ဒေါက်တာမယတ လေသံနဲ့တောင် နည်းနည်းတူတယ်နော် =)
January 18, 2011 2:11 PM
Ko Boyz said...
ဒါက ဘာဖြစ်ပြန်တာလဲ....။
ဘယ်ဆရာဝန်က အခြောက် ဖြစ်နေတာလဲ...။
ဒီလိုမျိုး ပို့စ်တွေ မဖတ်ချင်ဘူး။ (မဖတ်ချင်လဲ နေပေါ့။)
January 18, 2011 7:35 PM
Yan said...
ဒီပို့စ်လေး နာမည်ကြီးနေလို့ ဘူ့အကြောင်းလဲ. ဘူရေးထားတာလဲ၊ ဘူတွေဘာသေးလဲ ဆိုပြီး လာရှိုးသွားတယ်. မရီတာရေ... :D
တော်သေးတယ်. ဆန်ဖရန်စစ်စကိုနဲ့ ဘာကလေနား မနေဖူးသေးလို့. ဟတ်ဟတ်.
Y.
January 18, 2011 9:01 PM
Rita said...
@ ကိုဘတို့များ စာကို သေချာမဖတ်ဘူး။ ဝတ်ကျေတမ်းကျေနဲ့။
@ ကိုရန်အောင်
အမေရိကားဆိုတော့ ဘာပဲပြောပြော နီးစပ်တာပဲ =D
@ မောင်လေး
ကိုမောင်လေးကွန်မန့် နှစ်ခုလုံး မတင်ခိုင်းတာလား၊ အောက်ကတခုပဲ မတင်ခိုင်းတာလား မသေချာလို့ နှစ်ခုလုံးမတင်ပဲ ထားလိုက်တယ်။ ပထမတစ်ခု တင်ပြီးမှ ပြန်ဖျက်လိုက်ရတယ်။
January 18, 2011 10:46 PM
Rita said...
အခြောက်နဲ့ပတ်သတ်တဲ့ ကိုယ့်သဘောထားကို အဓိက ရေးချင်တာမဟုတ်ပေမယ့် ဒီထဲမှာ အတော်များများ ပါသွားပါပြီ။ နောက်မှပဲ သူတို့နဲ့ပတ်သတ်တဲ့ သဘောထားသက်သက်ကို စိတ်ပါရင်တော့ ထပ်ရေးဦးမယ်။
January 18, 2011 11:37 PM
ဇွန်မိုးစက် said...
ဟိုတခါက ရေးချင်တဲ့အကြောင်းအရာကို မရေးမိဘဲ ဘာလို့ ရုပ်ရှင်အကြောင်းရောက်သွားလဲ မသိဘူး။
တို့မောင်လေး သူငယ်ချင်းတစ်ယောက် ငယ်ငယ်လေးတုန်းက ပုံမှန်ပဲ။ အလယ်တန်းရောက်ပြီး တဖြည်းဖြည်းနဲ့ သိသိသာသာနွဲ့လာတာ။ သူတို့ကျောင်းက ယောကျာ်းလေးကျောင်းဆိုတော့ အဲဒီ့ကလေးလိုမျိုးကို ပိုဝိုင်းစကြတာပေါ့။ သူ့အမေနဲ့ဇွန့်အမေနဲ့လည်းခင်တယ်။ သားကတစ်ယောက်တည်းဆိုတော့ အမေက ကလေးကို အဲလိုမဖြစ်စေချင်ဘူး။ ဒါပေမဲ့ ကလေးက ကြီးလာလေ ပိုနွဲ့လေဖြစ်လာတာ။ ကိုယ်တို့အားလုံးကို သူ့ကိုသိပ်နှမြောတာ။ အဆက်အသွယ်ပြတ်သွားတာ တော်တော်ကြာပြီဆိုတော့ အခုဘယ်လိုနေမလဲ မပြောတတ်ဘူး။ မောင်လေးတို့ကျောင်းကားပေါ်မှာ တော်တော်နွဲ့တဲ့ နောက်ထပ်ကလေးတစ်ယောက်ရှိသေးတယ်။
January 22, 2011 12:22 AM
ဇွန်မိုးစက် said...
ဒီပို့စ်ကို ဖတ်ထားတော့ ကိုယ်တို့ရုံးမှာလည်း အဲလိုလူရှိတာ သွားသတိရတယ်။ သူက အသက်တော်တော်ကြီးပြီ။ ၀တ်တာစားတာ ယောကျာ်းလိုပါပဲ။ ဒါပေမဲ့ ပြောတာဆိုတာ၊ လမ်းလျှောက်တာ သိသိသာသာနွဲ့တာ။ အိမ်ထောင်ရှိလားတော့ အသေအချာမသိဘူး။
နောက်ပြီးကပ်ရပ်ရုံးက တစ်ယောက်က လုံးဝကို transform လုပ်ထားတာ။ အိမ်သာတောင် ဇွန်တို့အမျိုးသမီးအိမ်သာမှာ သုံးတာ။ သူရှိနေရင် ဇွန်စိတ်မဖြောင့်ဘူး။ transform မလုပ်ထားဘူးဆိုရင် သူဟာ တနည်းတဖုံ ယောကျာ်း ဖြစ်နေသေးတာပဲလေ။ အဲဒါကို ဇွန်ကကြောက်တာ။ သူ့ကို မသိတဲ့သူဆိုရင် ရုတ်တရက်ကြည့်လိုက်ရင် ယောက်ျားလို့ မထင်ရဘူး။ ဒါပေမဲ့ အသံကြားရင်တော့ သိသာတယ်။
မနေ့ညနေကကျပြန်တော့ စုံတွဲတစ်တွဲ တွေ့တယ်။ ယောက်ျားလေးက နွဲ့နေသလိုပဲ။ ကြည့်ရတာ စိတ်ထဲတစ်မျိုးဖြစ်တယ်။ သူတို့ကိုမြင်တော့ ဒီပို့စ်ထဲက ကော်မန့်တစ်ခုကို သွားသတိရတယ်။ မိန်းမလျာဆိုပြီး သိပ်နီးနီးကပ်ကပ်နေရင် မကောင်းဘူးဆိုတာ။
စလုံးမှာ ပေမှီထောက်မှီ ထောင်ကောင်းကောင်း၊ ဗလကောင်းကောင်းနဲ့ ယောက်ျားအများစုကို ဂေးဖြစ်တယ်လို့ ပြောကြတယ်နော်။ ဘာလို့လဲ မသိဘူး။
ရီတာ့ပို့်စ်ဖတ်ပြီး မြန်မာလိုအခေါ်ဝေါ်နဲ့ အင်္ဂလိပ်အခေါ်အဝေါ်ဂေးက ဘယ်လိုကွာခြားလဲဆိုတာ သိချင်သွားတယ်။
January 22, 2011 12:34 AM
Rita has left a new comment on your post "အုံ့ပုန်းခြောက်ရတဲ့အခါ...":
လုံးဝ transform ပြောင်းတယ်ဆိုလို့ ကိုယ်တို့ ကျောင်းတုန်းက နာမည်ကြီးရွှေဆိုင်တစ်ခုက တစ်ယောက်လည်း မိန်းမကနေ ယောက်ျားပြောင်းထားတာဆိုတဲ့သတင်
း ကြားကြသေးတယ်။
ဒီလို ကိစ္စမျိုးတွေမှာ ယောက်ျားတွေက ပိုပြီး ရှုပ်ထွေးတယ်လို့ ထင်တယ်။ မိန်းမတွေက သိသာတယ်။ မိန်းမစစ်စစ်ရယ်၊ ယောက်ျားရှာရယ်၊ နောက် ယောက်ျားရှာတွေနဲ့ တွဲတဲ့ မိန်းမရယ် (ဒါပေမဲ့ အဲဒါတွေက တကယ်တော့ မိန်းမစစ်စစ်ပဲ၊ မိန်းမချင်းတွဲနေပေမယ့် သူတို့ ယောက်ျားရှာလို ယောက်ျားမကြိုက်တာ မဟုတ်ဘူးလို့ ထင်တယ်။ မိန်းမရှာနဲ့ တွဲတဲ့ ယောက်ျားတွေလည်း ဒီသဘောနေမယ်)
ကိုယ်ထင်တာတော့ ခြောက်တာမှာ ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်တဲ့လူ နဲ့ ခွင်မလွှတ်နိုင်တဲ့လူ ကွာသလားမသိ။ ခွင့်လွှတ်နိုင်တဲ့လူက သူ့ဘာသာ ရအောင် ခြောက်ဖို့နည်းလမ်းရှာသွားမှာပဲ။ ခွင့်မလွှတ်နိုင်တဲ့လူကျ ...
အဲဒါကို သိချင်နေတာ
=D
H S to me
show details Jan 22
Ma Rita,
I would like to comment in your post but it is too long and don't know whether you want to post that long comment in your post.
So I just email to you and let you to decide.
I recommend you to watch "Bangkok Love Story" (Gay Romantic Movie) so you can understand more.
Regards,
Your reader
PS: You can add other nice movies.
မရီတာ …
စိတ်ဝင်စားသူမှန်သမျှ သိရှိအောင်၊ စာနာ နားမလည်ပေးနိုင်သူတွေ စာနာ နားလည်ပေးနိုင်အောင် ရည်ရွယ်ပြီး ဒီစာကို ရေးလိုက်ပါတယ်။
စာဖတ်သူတွေကို နားလည်ပေးစေချင်တာက ဘယ်သူကမှ သူများ အနှိမ်ခံဘ၀နဲ့ မရပ်တည်၊ မရှင်သန်ရှင်ကြပါဘူး။ လူတိုင်း သိက္ခာရှိရှိ၊ ခေါင်းမော့ပြီး ရှင်သန်ချင်ကြတာချည်းပါ။
အခြောက်ဆိုတဲ့ သုံးနှုန်းမှုဟာ သာမန် Straight တွေအနေနဲ့ ဘာမှ ခံစားချက်မရှိပေမယ့် Gay or Homosexual or လိင်တူ နှစ်သက်သူတွေမှာတော့ အင်မတန် အနှိမ်ခံရတဲ့ Negative ဆန်တဲ့ အခေါ်အဝေါ်တခုပါ။
Gay (မိန်းမလျာ၊ ယောကျာင်္းလျာ) ဖြစ်ရခြင်းဟာ ဆေးပညာအရ မမွေးခင်ကတည်းက သန္ဓေတည်ပြီးသားလို့ သိရှိရပါတယ်။ ဥပမာပေးရရင် Straight တွေ ဆန့်ကျင်ဘက်လိင်ကို စိတ်ဝင်စားတာကို လိင်တူကိုပဲ စိတ်ဝင်စားပါလို့ ဇွတ်အတင်း စိတ်ဝင်စားခိုင်းလို့ မရသလိုပါပဲ။
Gay တွေမှာလည်း ဆန့်ကျင်ဘက်ကို စိတ်ခံစားလို့မှ မရတာ။ ဘယ်လို ပြောင်းစိတ်ဝင်စားရမလဲ။ ဒါဟာ လုပ်သင့်တာကို မလုပ်ပဲ မလုပ်သင့်တာကို စိတ်အလိုလိုက်ပြီး လုပ်တဲ့ သာမန် စိတ်အလိုလိုက်တဲ့ ကိစ္စနဲ့ လုံးဝ မတူညီပါ။ (ဒါကို နောက်ပိုင်း တော်တော်များများ နားလည်လက်ခံလာကြတာမို့ အကျယ် မရှင်းတော့ပါဘူး။ မိန်းမလျာနဲ့ ယောကျာင်္းလျာရဲ့ စိတ်ခံစားမှု၊ ဆက်ဆံနေနိုင်ပုံတွေဟာ အတူတူပါပဲ။ ဒါပေမယ့် ယောကျာင်္းတွေရဲ့ လိင်တူချင်း စိတ်ခံစားမှုကိုပဲ ရေးသွားပါ့မယ်။)
တော်တော်များများ ကြားဖူးကြမှာပါ။ ထောင်ထဲမှာ လိင်တူချင်း ဆက်ဆံတာတွေ၊ တချို့သဘောင်္သားတွေ လိင်တူချင်း ဆက်ဆံကြတာတွေဟာ ဆန့်ကျင်ဘက်လိင်နဲ့ မနီးစပ်တာ ကြာလာတဲ့အခါ စိတ်ခံစားမှု သက်သာအောင် အစားထိုး ဖြေဖျောက်ခြင်းပါ။ အဲဒီလူတွေဟာ ဆန့်ကျင်ဘက်လိင်နဲ့ တွေ့ရင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသူတွေပါ။ ဒါပေမယ့် Bisexual နည်းနည်း ဆန်သူတွေပေါ့။
နောက်တစ်မျိုးက လုံးဝ Bisexual တွေပါ။ မိန်းမရော၊ ယောကျာင်္းပါ နှစ်သက်သူတွေပါ။
အဲ့ဒီ Bi မှာမှ တစ်ချို့က မိန်းမနဲ့ ဖြစ်စေ၊ ယောကျာင်္းနဲ့ ဖြစ်စေ၊ ယောကျာင်္းနေရာကပဲနေပြီး၊
တချို့ကျတော့ မိန်းမနဲ့သာ ယောကျာင်္းနေရာနေပြီး၊ ယောကျာင်္းနဲ့ကျ မိန်းမနေရာက နေတဲ့သူဆိုပြီး နှစ်မျိုးရှိပါတယ်။
တချို့သူတွေ ပြောသလို နီးစပ်လို့၊ ကျူံးသွင်းခံရလို့ဆိုတာတွေဟာ လုံးဝ မမှန်ပါဘူး။
နီးစပ်လို့ဆိုရင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ Straight အရေအတွက် ဒီလောက်များပြားတာ ဘာလို့ Straight ဘက် မကူးပဲ နည်းပါးလှတဲ့ Gay ဘက်ကို ကူးရတာလဲ။
ကျူံးသွင်းခံရတာနဲ့ ပတ်သက်လို့ ရပ်ကွက်ထဲမှာ၊ ဘော်ဒါဆောင်တွေမှာ၊ အထူးသဖြင့် ထောင်ထဲမှာ နှစ်ကြီးသမားတွေရဲ့ အဓမ္မပြုခံရတာတွေ ကြားဖူးကြမှာပါ။ အဲဒီလူတွေ အပြင်ရောက်လာတော့ သာမန် Straight အနေနဲ့ပဲ နေထိုင်သွားကြတာပါပဲ။ ဒါကြောင့် ကျူံးသွင်းခံရလို့ဆိုတာလည်း မမှန်ပါဘူး။
သာမန် သန္ဓေမပါလာပဲနဲ့ Gay မဖြစ်ပါဘူး။
Gay မှာ အမျိုးအစားအားဖြင့် အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။
  1. Pure Top - လုံးဝ ယောကျာင်္းနေရာကပဲ ဆက်ဆံတဲ့သူ
  2. V Top - တခါတရံ မိန်းမနေရာက နေတဲ့သူ
  3. Versatile - ကိုယ့်အဖော် အပေါ် မှုတည်ပြီး ယောကျာင်္း၊ မိန်းမနေရာ နေနိုင်သူ
  4. V Bottom - တခါတရံ ယောကျာင်္းနေရာက နေတဲ့သူ
  5. Pure Bottom - မိန်းမနေရာကပဲ အမြဲနေသူ
  6. No Anal - အများအားဖြင့် ဘာသာရေးကြောင့် ရှောင်ကျဉ်သူ (အလွန် နည်းပါး)
ကျွန်တော်ကိုယ်တိုင် ငယ်ငယ်က Gay ဆိုရင် ခပ်နွဲ့နွဲ့၊ မိန်းမ အရမ်းဆန်တဲ့ ယောကျာင်္းလို့ပဲ ထင်ခဲ့တယ်။ နောက်ပိုင်းမှ Gay ဆိုတာ သာမန် Straight ထက်တောင် ယောကျာင်္းဆန်တဲ့သူ၊ သာမန် ယောကျာင်္းဆန်သူနဲ့ မိန်းမဆန်သူတွေအားလုံး ပါဝင်တယ်ဆိုတာ သိရတယ်။
ယောကျာင်္းဆန်ခြင်း၊ မိန်းမဆန်ခြင်းဟာ အပေါ်မှာ ပြောပြခဲ့တဲ့ အမျိုးအစား (၆)မျိုးနဲ့ ရာနှုန်းပြည့် မသက်ဆိုင်ပါဘူး။ တချို့ ခပ်နွဲ့နွဲ့နဲ့ Pure Top, V Top တွေ ရှိသလို၊ ယောကျာင်္းအရမ်းဆန်ပြီး Pure Bottom, V Bottom တွေဖြစ်နေတာလည်း ရှိပါတယ်။ ဒါပေမယ့် များသောအားဖြင့် မိန်းမဆန်တွေသူဟာ Bottom အမျိုးအစားမှာ ပါတာ များပါတယ်။ သာမန် ယောကျာင်္းနဲ့ ခွဲရခက်သူတွေကတော့ အထက်ပါ (၆)မျိုးထဲက တမျိုးမျိုး ဖြစ်နိုင်ပါတယ်။
Gay မှန်သမျှဟာ အရွယ်ရောက်ချိန်မှာ သာယာတဲ့ ကိုယ်ပိုင် မိသားစု ဘ၀ကို ပိုင်ဆိုင်ချင်ကြသူတွေချည်းပါပဲ။ မိမိကိုယ်ကို မိမိ Gay မှန်း သိလိုက်ရတဲ့အချိန်မှာ (မိမိ အဆင့်အတန်း၊ ပတ်ဝန်ကျင်၊ အသိုင်းအ၀ိုင်း အစရှိသည်အပေါ် မှုတည်ပြီး) အင်မတန်မှ ကြေကွဲ ခံစားကြရပါတယ်။ တချို့ ကိုယ့်ကိုကိုယ် သတ်သေသည်အထိ ကျိုးစားသူတွေတောင် ရှိကြပါတယ်။
တချို့ အရွယ်မတိုင်ခင်ကတည်းက Gay ဖြစ်မှန်း သိသူတွေ အနေနဲ့ကတော့ အနည်းအကျင်း သက်သာမယ်လို့ ယူဆရပါတယ်။
Gay တွေဟာလည်း Straight တွေလိုပါပဲ။ လိင်တူချင်းပေမယ့် မိမိ မနှစ်သက်တဲ့သူနဲ့ နေထိုင်ရမှာကို မကြိုက်ကြပါဘူး။
တချို့ မိမိ ချစ်ခင်နှစ်သက်သူတွေ့ပြီး နှစ်အနည်းငယ်ကနေ ဆယ်နှစ်ကျော် တူတူ နေထိုင်ကြသူတွေ ရှိသလို အချစ်ဆိုတာကို မယုံကြည်ခြင်း (သို့) ခဲမှန်ဖူးခြင်းတို့ကြောင့် Sex Buddy (သို့) One Night Stand ပဲ ရှာဖွေနေထိုင်ကြသူတွေ ရှိကြပါတယ်။ Gay တွေမှာ ကလေးမရှိခြင်း၊ ၎င်းတို့ရဲ့ Relationship ကို မသိရှိခြင်းကြောင့် ငဲ့ညှာ ထိန်းသိမ်းရန် ကိစ္စများ နည်းပါးခြင်း အစရှိသည်တို့ကြေင့် Gay တွေရဲ့ Love Life ဟာ Straight တွေလောက် ရှည်ကြာခြင်း၊ တည်မြဲခြင်း မရှိပါ။
တချို့ အတူတူ နေထိုင်လာတာ နှစ်ပေါင်းများစွာကြာတဲ့အခါ လိင်ပိုင်းမှာ ငြီးငွေ့လာကြပေမယ့် တယောက်ကိုတယောက် အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ တွယ်တာမှုတွေကြောင့် ဆက်လက် အတူတူ မခွဲမခွာ Open Relationship နဲ့ နေကြတယ်။ မိမိကြိုက်တဲ့သူနဲ့ အပြင်မှာ Safe Sex လုပ်ခွင့် သဘောတူညီမှု ရယူထားပြီး ၎င်းတို့အချင်းချင်း ဆက်ဆံမှုကတော့ ရံဖန်ရံခါလောက်ပဲ ရှိတတ်ကြပါတယ်။
ပွင့်လင်းစွာ Gay အဖြစ် နေထိုင်နိုင်သူတွေရဲ့ ဘ၀ဟာ လျှို့ဝှက်စွာ နေထိုင်သူ Gay တွေထက် သာယာပျော်ရွင်တဲ့ စိတ်ခံစားမှုကို ပိုမို ရရှိကြပါတယ်။ ၎င်းတို့ရဲ့ ခံစားမှုမှန်သမျှကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်နိုင်ခြင်း၊ အများသူငါ သိမှာ စိုးရိမ်ကြောင့်ကျရန် မလိုအပ်သော်လည်း Discreet Gay တွေမှာတော့ မိမိ စိတ်ခံစားမှု၊ ပျော်ရွှင်မှုအတွက် တခုခုလုပ်တိုင်း (သို့) လျှို့ဝှက်စွာ နေထိုင်သော်လည်း ကံအကြောင်းမလှစွာ တယောက်ယောက်များ သိလေမလားဆိုတဲ့ စိုးရိမ်သောက အမြဲ ရှိနေတတ်ပါတယ်။ ကံကောင်း၍ ချစ်သူရရှိသော်လည်း အခြားသူများကဲ့သို့ ပွင့်လင်းစွာ ချစ်ခင်ယုယနိုင်မှု မရရှိခြင်း၊ မိမိ မိသားစု၊ အပေါင်းအသင်း သိရှိသွားမည်ကို စိုးရိမ်ရခြင်း၊ မိမိရဲ့ အထီးကျန်မှု၊ စိတ်ခံစားမှုတို့ကို ပွင့်လင်းစွာ ပြောဆိုတိုင်ပင် ရင်ဖွင့်ရမယ့်သူ မရှိခြင်း (သို့) နည်းပါးခြင်း အစရှိသော အကြောင်းမျိုးစုံတို့ကြောင့် Discreet Gay တို့ရဲ့ဘ၀ဟာ Miserable Life ပါ။
ကျွန်တော့်စာလည်း တော်တော်ရှည်သွားပြီ။ အကြမ်းအားဖြင့် ပြည့်စုံသလောက်ရှိပြီမို့ ဒီမှာပဲ အဆုံးသတ်လိုက်ပါ့မယ်။
Gay များကို စာနာ အားပေး နှစ်သိမ့်နိုင်ပါစေ။
အိမ်ပြောင်းခြင်း အနုပညာ
Monday, January 10, 2011
အိမ်ပြောင်းခြင်း အနုပညာ
28th Dec 2010 မှာ အိမ်ခန်းဟောင်းကို အပြီးအပ်ရတယ်။ လက်ရှိနေနေတဲ့ နေရာတဝိုက်မှာ အခန်းဈေးတွေကလည်း တက်လာလိုက်တာ၊ စိတ်ကြိုက် (အခန်းရော၊ ဈေးရော) တော်တော်နဲ့ မရနိုင်။ ရမယ့်ရတော့လည်း 6th Jan 2011 ကျမှ တက်လို့ရမယ့် အခန်းဖြစ်နေတော့ ဒီကြားထဲမှာ နေဖို့ထိုင်ဖို့ အခက်တွေ့ကြပြန်ရော...။ ဘယ်သူ့မှ အပူမကပ်ချင်လို့ အခန်းငှားဖို့ ကြံကြ ဖန်ကြပေမယ့် ရက်က ကန့်လန့်ဖြစ်နေတော့ အဆင်မပြေ၊ ပြေပြန်တော့လည်း နေရာကဝေး၊ ဟိုတယ်ပေါ်တက်နေရမလိုလို ဖြစ်လိုက်သေးတယ်။
ဒါပေမဲ့ နောက်ဆုံးအချိန် မတိုင်ခင် အဝေးကြီးကတည်းက ၆ ယောက်လုံး သူ့နည်းသူ့ဟန်နဲ့ အဆင်ပြေကုန်ပါတယ်။ နေစရာတစ်နေရာ မလွယ်တဲ့ စင်ကာပူလိုနေရာမှာ 10 ရက်လောက် အလကားတက်နေဖို့ ၆ ယောက်စလုံးအဆင်ပြေသွားတော့ တင်ပေးထားတဲ့ လူတွေအပြင် နောက်ထပ် ဘယ်သူဘယ်ဝါမှန်းမသိတဲ့ တယောက်ယောက်ကို ကျေးဇူးတင်ချင်လိုက်တာ။
အမှန်တော့ ခေါ်ထားချင်တဲ့လူက ဘယ်လောက်တောင် ခေါ်ထားချင်လည်း သူ့အိမ်မှာ အဆင်ပြေမှ ဖြစ်တာ။ ခုလို အခြေအနေ အရပ်ရပ် အကုန်ကွက်တိကျတယ်ဆိုတာ ခရစ်ယာန်တွေ ဆိုရင်တော့ ဘုရားသခင်ကို ကျေးဇူးတင်ကြမှာပဲ။ ဗုဒ္ဓဘာသာတွေမှာတော့ ကိုယ်ပြုခဲ့သမျှအကြောင်းတွေလို့မှတ်ပြီး ပထမ ခေါ်တင်တဲ့ အိမ်ရှင်တွေပြီးရင်၊ ဒုတိယ ကိုယ့်ဘာသာပဲ ကျေးဇူးတင်လိုက်ဖို့ရှိတယ်။ =)
နှစ်ပတ်လောက် အိမ်ခန်းငှားဖို့ gtalk status မှာ တင်လိုက်ကတည်းက ချက်ချင်း သူ့အိမ်မှာ လာနေပါလို့ ခေါ်တဲ့ သူကလေးကို ကျေးဇူးတင်တယ်။ ဒီဘလော့ရေးဖြစ်လို့ ဒီအကြောင်းဖြစ်လာမယ် မထင်ခဲ့ပေမယ့် ဖြစ်ချင်လည်း ဖြစ်လာတာပါပဲ။ သူက စောစောပြောင်းလာပါခေါ်လို့ 10 ရက်လောက် စောပြောင်းဖြစ်တယ်။ သူ့ဆီမှာ 18th Dec ~ 8th Jan ထိ (၃) ပတ်တောင်မှ။
မပြောင်းခင် ပစ္စည်းတွေ သိမ်းခန်းတော့ ပြန်တောင် မရေးချင်တော့ဘူး။ အဲဒီအခိုက်မှာ "အတောင်သာလျှင် ဝန်ရှိသော ငှက်" ဆိုတာမျိုး ဖြစ်ချင်လိုက်တာ။ ထပျံသွားရုံပဲ။ ပစ္စည်းအကြီးအသေး စုစုပေါင်း (17) ထုတ်။ အဲဒါ မပြီးသေးဘူး။ ပစ္စည်းတွေ ကျန်ခဲ့သေးတယ်။ အရင်ဆုံးပြောင်းလိုက်မိလို့သာ တော်တော့တယ်။ အိမ်ဟောင်းမှာ ကျန်ခဲ့တဲ့ပစ္စည်းတွေကို နောက်ရက်တွေမှ ရုံးအပြန် ဖြည်းဖြည်းချင်း ပြန်ယူရတယ်။ (ဒါနဲ့ ခဏနေတဲ့အိမ်ကနေ ထပ်ပြောင်းတော့ စုစုပေါင်း (18) ထုတ်)
အမှန်တော့ အဲဒီအိမ်ဟောင်းမှာနေဖြစ်တဲ့အတွင်း ဝယ်ဖြစ်တဲ့ ကြီးကြီးမားမားပစ္စည်းဆိုလို့ 3 in 1 printer တလုံးပဲ ရှိတယ်။ ကျန်တာ ဗြုတ်စဗျင်းတောင်း အဝတ်အစား၊ ဖိနပ်၊ အိတ်။ ဒါပေမဲ့ ခဏနေတဲ့အိမ်ကို မပြောင်းခင်နဲ့၊ ပြောင်းပြီး (၁) လလောက် အချိန်အတွင်းမှာ ထပ်ဝယ်ဖြစ်သေးတယ်။ မှတ်မှတ်ရရ ဂျင်းဘောင်းဘီက (၆) ထည်။ (နောက်အလုပ်တခု ထပ်မပြောင်းချင်ရတဲ့အထဲမှာ ဂျင်းဘောင်းဘီ ဝတ်မရမှာ စိုးတာလည်းပါတယ်)
သူများအိမ်တက်နေတဲ့ (၃) ပတ်လုံး အတော် ငြိမ်းချမ်းတယ်။ ရုံးဆင်းရင် အိမ်ဟောင်းကိုဝင် ညစာစား၊ ကျန်ခဲ့တဲ့ ပစ္စည်းတွေ လိုက်သိမ်း၊ နည်းနည်းပါးပါး ပွားပြီး 8 ခွဲ၊ 9 လောက်မှပြန်။ 9 နာရီခွဲ၊ 10 နာရီလောက် နေတဲ့အိမ်ရောက်၊ ရေချိုး ပြီးရင် အိမ်ရှင် သူငယ်ချင်းနဲ့ စကားလေး ဘာလေး နည်းနည်းပြောပြီး အိပ် (သူပဲ ပြောတာ များပါတယ်)။ 6 နာရီခွဲ ထ၊ 7 နာရီခွဲ ကားဂိတ်ထွက်၊ 8 ခွဲ ရုံးရောက်။ (အဝေးကြီးကနေ ရုံးတက်တော့ ရုံးလည်း နောက်မကျဘူး)။ အိမ်သစ်ကိုရောက်လည်း ညဘက် အင်တာနက်အသုံးလျှော့မယ် စိတ်ကူးတယ်။
weekends နှစ်ပတ်မှာ ပထမပတ် 25/26th Dec က အိမ်ဟောင်းကလူတွေ မပြောင်းကြသေးတော့ အဲဒီမှာပဲ ဆယ်လီဘရိတ်၊ နောက်တပတ် (1st/2nd Jan) ကျတော့ အကုန်သူများအိမ်ပေါ်ရောက်ကုန်ပြီ။ အိမ်ဟောင်းက ညီမလေးတစ်ယောက်နဲ့ နှစ်ရက်လုံး JP မှာ ခြေတိုအောင် နေကုန်နေခမ်းပတ်။ အိမ်စောစောပြန်နားမယ်ဆိုတာ စိတ်ကူးပဲ ရှိလိုက်တယ်။ 1 ရက်နေ့ ညမှာ သူနဲ့ ဖုန်းပြောတယ်၊ နာရီဝက်။ :*
ကြားရက်တရက်မှာမှာ အခန်းဖော် ညီမက ဖုန်းဆက်တယ်။ ဗုဒ္ဓဟူးနေ့ အိမ်ကို တက်ချင်ရင် တက်နေလို့ရပြီတဲ့။ ဒါပေမဲ့ ကြားရက်ကြီးတော့ မပြောင်းဖြစ်တော့ပါဘူး။ သူတို့ကတော့ 5th Jan (ဗုဒ္ဓဟူးနေ့တည်းက) ပြောင်းနေကြတယ်။
ကြာသပတေးညမှာ သူငယ်ချင်းနဲ့တူတူ အိမ်နားက ကမ်းခြေကို လမ်းလျှောက်ထွက်ကြတယ်။ ဒီလိုပဲ ဟိုသတင်း ဒီသတင်း၊ အလုပ်အကိုင် အချစ်ရေး နိုင်ငံရေး တိုင်းရေး ပြည်ရေး သာရေး နာရေး။ ကမ်းခြေက လွမ်းစရာကြီး။ ည ၁၀ နာရီလောက် မိန်းကလေးနှစ်ယောက်တည်း လူကျဲတဲ့ ကမ်းခြေမှာ အေးအေးချမ်းချမ်း စိတ်လုံလုံခြုံခြုံ လမ်းလျှောက်ထွက်နိုင်တော့လည်း ဘယ်သူဘယ်ဝါမှန်းမသိတဲ့ တစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်ပြန်တယ်။ (နောက်ဆုံးနှစ်တုန်းက ရန်ကုန်မှာ သင်တန်းချိန်အပြီး ည ၉ နာရီကျော် သူငယ်ချင်းကို လမ်းတဝက်ထိ လိုက်ပို့ခိုင်း၊ အိမ်က လမ်းတဝက်ကနေ စောင့်ခေါ်ခိုင်းရတာ သတိရမိတယ်၊ ဘာဖြစ်နိုင်တာ မဖြစ်နိုင်တာထက် စိတ်လုံလုံခြုံခြုံနဲ့ လမ်းသွားလို့မရတာ)
ဒီလိုနဲ့ပဲ တပတ်ကုန်။ 8th စနေရုံးမတက်ဘဲ အိမ်ရှင်သူငယ်ချင်း သင်တန်းသွားနေတုန်း တခြားသူငယ်ချင်းတယောက် အကူအညီနဲ့ အိမ်သစ်ကို အောင်မြင်စွာ ပြောင်းလာခဲ့တယ်။
ကျေးဇူးစကား
* အိမ် ၂ ခါ ပြောင်းရတာမှာ အစအဆုံး လိုက်ကူပေးတဲ့ သူငယ်ချင်း စု၊
* အိမ်ပေါ်ခေါ်တင်ထားတဲ့ ခွေဖြူ၊
* အိမ်ဟောင်းက အထွက်နဲ့ အိမ်သစ်ကို အဝင်မှာ ကူသယ် ကူချ လုပ်ပေးတဲ့ အတူနေ ညီမများနဲ့ အစ်မ။
* အိမ်မှာ စောရောက်နေပြီး၊ ကုတင်၊ ဗီရိုကစလို့ စိတ်ကြိုက် ကြိုရွေးလို့ ရပါရက်နဲ့၊ နောက်ကျမှ ရောက်တဲ့လူကို စောင့်ပြီး မဲနှိုက်ယူမယ်လို့ ဆုံးဖြတ်တဲ့ အတူနေ အခန်းဖော်တွေ။
(အဲဒီကိစ္စက ဘာမဟုတ်တာလေးပါလို့ ပြောလည်းရပေမယ့်၊ ဘာမဟုတ်တာကိုတောင် သမာသမတ်ရှိနိုင်ကြတာ ကျေးဇူးတင် စိတ်ကျေနပ်စရာ။ အပြန်အလှန်အားဖြင့် အဲဒါကို နားလည်သိမှတ်နိုင်တဲ့ စိတ်အခြေအနေမျိုး ရှိနေပြန်တာဟာလည်း ကျေနပ်စရာ)။
* ဒီလိုလူတွေနဲ့ ဆုံဖြစ်အောင် အကြောင်းတရားတွေ ဖန်တီးထားနိုင်တဲ့ ကိုယ့်ဘာသာလည်း မပျက်မကွက် ကျေးဇူးတင်တယ်။
Bishan အိမ်ကနေ ဒီလူတွေ ရှိရာကို ပြောင်းလာတော့ မလွယ်ကူခဲ့သလို၊ ဒီလူတွေ ရှိရာကနေ ပြောင်းသွားရဦးမယ် ဆိုရင်လည်း ခက်ခဲဦးမှာပဲ။
***
အရင်အိမ်နဲ့စာရင် ပိုကျဉ်းသွားပေမယ့် အပြောင်းအလဲနဲ့ ကြုံရတဲ့ တခဏမှာ ဘာကိုမှ သိပ်မတွေးဘဲ အသစ်အဆန်းဖြစ်နေတယ်။ ကျန်တာ နောက်မှ နောင်ခါလာ နောင်ခါဈေး။ ကြိုမတွေးဘူး။
ပြောင်းမလာခင်က အရင်ပြောင်းနှင့်ထားတဲ့ ညီမလေးက အိမ်နားက food court အကြီးကြီးပဲ လို့ သတင်းပေးတယ်။ 3 ပတ်လုံး အပြင်စာပဲ စားနေရတဲ့ ကိုယ်က food court က အစာတွေ မစားချင်တော့ဘူး လို့ ပြန်ပြောမိတယ်။ ပြောင်းတဲ့ညကျ အိမ်မှာ gas သုံးလို့ မရသေးတော့ အဲဒီမှာပဲ သွားစားကြတယ်။ food court က ကြီးရုံမက၊ အမျိုးစုံ၊ မယုံနိုင်လောက်အောင် အရသာရှိ၊ ဒါ့အပြင် ဈေးကလည်း သက်သာသေးတယ်။ ကောင်းလေစွ ကောင်းလေစွ။
အိမ်ကို လှမ်းဖုန်းဆက်တယ်။ အိမ်ပြောင်းတာ သိနေတော့ အဆင်ပြေရဲ့လား စိတ်ပူနေကြတယ်။ မပူပါနဲ့ အကုန်ပြေပါတယ်။ အိမ်ပဲ ပြောင်းတာ၊ လူက ဒီလူတွေချည်းပါပဲလို့။ လောလောဆယ် ၁ ယောက် ရန်ကုန်ပြန်နေလို့ ၅ ယောက်တည်း။
ညကျ စောစော (11 နာရီ ကျော်ကျော်) အိပ်ရာဝင်တယ်။ 8 ရက်နေ့ ပြောင်းမယ် ဆိုတာကို သူ ဗမာပြည်မပြန်ခင် 28 ရက်နေ့ထိ နေပါဦးလို့ ပြောတဲ့ သူငယ်ချင်းကို မအိပ်ခင် သတိရနေသေးတယ်။ များလိုက်တဲ့ သမုဒယတွေ။
***
တနင်္ဂနွေနေ့ကျ စောစော နိုးတယ် (9 နာရီ)။ အိမ်က ညီမလေးတစ်ယောက်ရဲ့ ချစ်ချစ်က အိမ်လာပြီး လိုအပ်တာတွေ အကုန်လုပ်ပေးတယ်။ ဥပမာ ပလပ်စတစ်စင်ကလေးကို bathroom ထဲမှာ ထားလို့ရအောင် သွပ်နန်းကြိုးနဲ့ ဆိုင်းပေးတာမျိုး၊ အဝတ်လျှော်စက်ရဲ့ ရေထုတ်ပိုက်ကို extend လုပ်ပေးတာမျိုးကစ၊ အင်တာနက်ကိစ္စအဆုံးပေါ့။ အဲလို အသေးစိတ်ဆိုတာ ဘာမှ မဟုတ်ပေမယ့် ကိုယ်တွေအတွက်ကျ ခက်နေပြန်ရော။ ကျေးဇူးတင်လိုက်တာ။ ရီးစားဆိုတာ အဲဒါပဲ။ (တကယ်တော့ အိမ်က အမျိုးသား အဝင်မခံဘူး။ ဒီလိုအခြေအနေမျိုးကတော့ ခြွင်းချက်)
နေ့လည်ကျ ညီမလေးတယောက်နဲ့ တဘူတာကျော်က ဂျပန်ဆိုင်မှာ လိုတဲ့ပစ္စည်းတွေ သွားဝယ်။ နေ့လည်စာကို အိမ်နား food court မှာရှိတဲ့ ထိုင်းဆိုင်က ဝယ်လာပြီး စား။ ရှေ့ရေး နောက်ရေးတွေ ပြောရင်း စားလိုက်တာ 2 နာရီလောက်များ ကြာသွားလား မသိ။ နောက်တော့ ဒီတပတ် ဝတ်လို့ရအောင် တပတ်စာ အဝတ်အစားတွေ အပြင်ထုတ်ထားတယ်။ အိပ်ရာခင်း ပြင်ခင်းတယ်။ တော်ပြီ ဒီတပတ် နေလို့ရရင် ပြီးတာပဲ။ နောက်မှ လိုတာထုတ်သုံးရင်း သူ့အလိုလို နေသားတကျ ဖြစ်သွားလိမ့်မယ်။
ဒါနဲ့ မနေ့ညက မအိပ်ခင်ထိ အင်တာနက် သုံးနေလိုက်တယ်။
အွန်လိုင်းမှာ တချိန်လုံးမနေနိုင်ရင် စီဘောက်မှာ ကိုဘ အတင်းပြောတာ ခံရတတ်တယ်။
ရန်ကုန်ပြန်သွားတဲ့ ညီမလေးနဲ့ အွန်လိုင်းမှာတွေ့တော့ သူနဲ့ထည့်ပေးလိုက်တဲ့ လူကြုံပစ္စည်း မှာတဲ့သူက လာမယူဖြစ်သေးတာအတွက် လှမ်းတောင်းပန်ရတယ်။ မှာတုန်းက အသည်းအသန်မှာပြီး ရောက်တော့မှ ချက်ချင်း သွားမယူတာလောက် ထုချင်တာကို မရှိတော့ဘူး။ နေနှင့်ဦး။
ဪ အဲဒီညမှာ ဖြူးအကြောင်းရေးတဲ့ ပို့စ်အဟောင်းတခုကို ဖတ်မိတဲ့ Cyprus ရောက်နေတဲ့ ဖြူးက သူငယ်ချင်းတယောက်နဲ့ အွန်လိုင်းမှာ ပြန်ဆုံရတယ်။ တခန်းထဲနေခဲ့ဖူးတဲ့သူ မဟုတ်ပေမယ့် ဝမ်းသာမိတယ်။ တနှစ်တည်း တတန်းတည်း တခန်းတည်းလူတွေကို တယောက်မှ အွန်လိုင်းမှာ ပြန်မတွေ့ရဘူး။ ကိုယ် တခေါက်လောက် ပြန်ဦးမယ်ကွယ် အဲဒီကို။ သိခဲ့ဖူးတဲ့လူတွေ အတော်လျော့နေပြီ။ နောက်ထပ် ထပ်မလျော့ခင်၊ ကိုယ်လည်း ရှိနေသေးချိန်။ ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်။
သွားချင်နေတဲ့ တခြားနိုင်ငံ ခရီးစဉ်တွေ ဘာတွေ ညာတွေ ခဏခေါက်ထားပြီး၊ နေခဲ့ဖူးတဲ့ နေရာက သိခဲ့ဖူးတဲ့လူတွေဆီ ပြန်ဖြစ်အောင်ပြန်တာ ပိုကောင်းမလား ပထမဆုံးအကြိမ်တွေးမိတယ်။ ဘဝဟာ တခဏလေးပဲ ကြာတယ်။ မရောက်ဖြစ်သေးတဲ့နေရာမှာ အသစ်အဆန်းတွေ ရှိပြီး၊ နေခဲ့ဖူးတဲ့နေရာတွေမှာက သံယောဇဉ်တွေရှိတယ်။ ကိုယ်က ပြန်တွေ့ရရင် ဝမ်းသာအားရဖြစ်ရမယ့်၊ ကိုယ့်ကို တွေ့ရင် ဝမ်းသာအားရဖြစ်ကြမယ့် လူတွေ ရှိတယ်။
***
မနက်ကျ စောစော ထရတယ်။ ရုံးက အရင်လို လမ်းလျှောက်ရုံနဲ့ မရောက်တော့ဘူး။ BMW နဲ့ သွားမှ ရောက်တယ် (Bus, MRT, Walking)။ ဒီနေ့ရုံးကို စောစောရောက်တယ်။ ရုံးက ကလေးမ ဆံပင်ကောက်လာတာ ကြည့်ပြီး လှလိုက်တာလို့ ပြောရင်း အားကျရသေးတယ်။ ဆံပင် ကောက်ချင်တယ်။
ညနေကျ မျက်နှာက pimple အတွက် ချိန်းထားတဲ့ဆီ သွားတွေ့ရဦးမယ်။
အိမ်ပြန်ရောက်ရင် မသိမ်းရသေးဘဲ ပြန့်ကျဲနေတဲ့ အထုတ်တွေက ကြိုနေလိမ့်မယ်။
ဘယ်နေရာမှာ ဘာတွေ ဘယ်လို ထားရမယ်ဆိုတာ ခု မစဉ်းစားချင်သေးဘူး။ အဲဒီအကြောင်းတွေ ခု စဉ်းစားရင် ရူးသွားလိမ့်မယ်။ နောက်နေ့တွေကျမှ စဉ်းစားမယ်။
***
pic from here
Posted by Rita at 1/10/2011 04:41:00 PM
23 comments:
သိင်္ဂါကျော် said...
ဘာပဲဖြစ်ဖြစ် အိမ်ပြောင်းရတာကတော့ စိတ်ညစ်စရာ ကောင်းပါတယ်နော်..ပစ္ဏည်းတွေ နေရာချရတာ တော်တော် စိတ်ရှုပ်စရာ ကောင်းမှာ..
January 10, 2011 5:00 PM
Rita said...
ဟုတ်ပ။ ဒါတောင် တကိုယ်စာ အသုံးအဆောင်မို့လို့။ တအိမ်လုံးစာ ပရိဘောဂက စလို့ ပြောင်းရမယ်ဆို တွေးတောင်မကြည့်ချင်ဘူး။
January 10, 2011 5:20 PM
rose said...
ကိုယ်ချင်းစာပါတယ် မရီတာ...ရို့စ်လည်း အိမ်ပြောင်းတာ ၂ ခါ ၃ခါလောက် ရှိနေပြီ။ မသယ်နိုင်တော့ရင်၊ သိပ်အသုံးမ၀င်တော့ဘူးလို့ ထင်တဲ့ ပစ္စည်းတွေ လွှင့်ပစ်ခဲ့ရရင် သိပ်နှမြောတာပဲ။ မပစ်ရင်လည်း မရဘူးလည်း ချစ်ချစ်က တဗျစ်ဗျစ်တောက်တောက်... ကိုယ်ကလည်း သတင်းစာ အပောာင်းလေးတွေက အစ သယ်ချင်တဲ့သူ ဆိုတော့ ခစ် ခစ်း)
January 10, 2011 8:05 PM
T T Sweet said...
အိမ်ပြောင်းမဲ့ အစားတော့ ကျားမြီးသာပြေးဆွဲချင်တော့တယ်။ ဒါကြောင့် ပစ္စည်းတွေ အများကြီး အပိုဝယ်မထားချင်တာ။ အရင် အိမ် ၆လုံးပြောင်းဖူးပြီးကထဲက သံဝေဂရပြီးသား။
January 10, 2011 8:22 PM
Vista said...
မကြားလိုဘာ မကြားလိုဘာာ ..
January 11, 2011 7:20 AM
myo said...
တို့က လကုန်ပြောင်းမှာ..
* အိမ်မှာ စောရောက်နေပြီး၊ ကုတင်၊ ဗီရိုကစလို့ စိတ်ကြိုက် ကြိုရွေးလို့ ရပါရက်နဲ့၊ နောက်ကျမှ ရောက်တဲ့လူကို စောင့်ပြီး မဲနှိုက်ယူမယ်လို့ ဆုံးဖြတ်တဲ့ အတူနေ အခန်းဖော်တွေ။
(အဲဒီကိစ္စက ဘာမဟုတ်တာလေးပါလို့ ပြောလည်းရပေမယ့်၊ ဘာမဟုတ်တာကိုတောင် သမာသမတ်ရှိနိုင်ကြတာ ကျေးဇူးတင် စိတ်ကျေနပ်စရာ။ အပြန်အလှန်အားဖြင့် အဲဒါကို နားလည်သိမှတ်နိုင်တဲ့ စိတ်အခြေအနေမျိုး ရှိနေပြန်တာဟာလည်း ကျေနပ်စရာ)
(တကယ်ကျေနပ်ဖို့ကောင်းတယ်)
January 11, 2011 10:08 AM
shin said...
ကိုယ်တို့နောက်ဆုံးတခေါက်အိမ်ပြောင်းတုံးက မလိုတဲ့ဟာတွေ(Mostly books,papers and clothes)ကို ညီမ၂ယောက် ညသန်းခေါင် Recycleပုံးထဲဆင်းပြစ်ကြတာ ပုံးကြီးပြည့်လုနီပါးဖြစ်သွားတယ်။
Pimpleအတွက်ဘယ်ဆေးခန်းမှာပြသလဲ။ မသိသေးဘူးဆိုညွန်းချင်လို့ပါ။ ကိုယ်အရင်က မျက်နာမှာဝက်ခြံတော်တော်ထွက်တုံးက Guardianက staffတယောက်ညွန်းလို့ အဲ့ဒီ clinicကိုသွားခဲ့ဖူးတယ်။ သူ့ဆီမှာပြပြီးတော့ တော်တော်သက်သာတယ်။ ဆရာဝန်ရဲ့ consultation fees က၃၀လောက်ပဲကျတယ်။ ပထမဆုံးတခါသွားတုန်းကတော့ ဆေးဖိုးအပါ၁၂၀လောက်ကုန်သွားတယ်။ နောက်ပိုင်း တွေကျတော့ပိုတောင် သက်သာတယ်။ ဆေးကကုန်တာပဲ ဝယ်ရတော့လို့။ ဒါပေမဲ့ တန်းစီရတာတော့တော်တော်ကြာတယ်။ clinic မဖွင့်ခင်ကထဲကသွားQueue နိုင်မှတော်ကာကြမှာ။ ညနေပိုင်းဆိုလူနာအကန့်အသန့်နဲ့ပဲ လက်ခံတယ်။
Just try it out if you want...You can do some research from internet as well...Clinic information are as below.
Maple clinic
http://www.nikspro.com/el_niksmaple.html
Fyi: The consultation fees I mentioned above is only for Tampines clinic as I only visit there before...
January 11, 2011 12:25 PM
suwai said...
ဘာလို့နံမည်ပြောရလဲ တော်ကြာ ကိုဘွိုင်တော့ တီဇက်အေတို့ မိန်းမနဲရန်ဖြစ်လို့ ခဏလာနေမယ်စို ဘယ်လိုလုပ်။
သူငယ်ချင်းကို မအိပ်ခင် သတိရနေသေးတယ်။ များလိုက်တဲ့ သမုဒယတွေ။ - ထားခဲ့ပြီ:မှ လာညာနေတယ်၊ ဒီမာဖြင့် တကိုယ်ရေညများဖြစ်နေပြီ
ခွေဖြူ
January 11, 2011 12:39 PM
Rita said...
@ Shin
ကျေးဇူးပါပဲ Shin
လောလောဆယ်တော့ ဆေးခန်းမပြဘဲ၊ ဓါတ်စာလို စားရတဲ့ product နှစ်မျိုးစားနေတယ်။ ပိုက်ဆံလည်းကုန်၊ မျက်နှာပေါ်မှာလည်း နည်းနည်းပါးသွားပြီလို့ ယူဆရတယ်။
ဆေးခန်းဆိုဒ်ကိုလည်း ဝင်ကြည့်လိုက်ပါဦးမယ်။ အစက NSC လား အဲဒီ သွားပြမလိုလို လုပ်ပြီးမှ၊ သူတို့ချိန်းတဲ့အချိန် သွားရမှာ၊ ကိုယ်က အလုပ်တဖက်နဲ့ ဖြစ်တာတွေးပြီး အသိတယောက်ညွှန်းတဲ့ product ဝယ်သုံးဖြစ်သွားတာ။
@ ခွေဖြူ
ဂယ်ပြောတာပါ။ မယုံဘူးလား။ အားလုံးလည်း သိနေကြပါပြီ =D
ကိုဘွိုင်း လာမှာတော့ မစိုးရိမ်နဲ့။ သူ့မှာ စိတ်ဆိုးစရာ မွီးမ မရှိသေးဘူး။ ကျိန်းကျေသွားဦးမယ်။
January 11, 2011 1:04 PM
နန်းညီ said...
တကယ်တော့လေ အိမ်ပြောင်းတယ်ဆိုတာ
ပိုက်ဆံသာရှိရင် ပင်ပန်းပေမယ့် ပျော်စရာကောင်းပါတယ်..
ပစ္စည်း အဆန်းလေးတွေ ၀ယ်ထည့်.. အသစ် အကောင်း အပြောင်းအလဲတွေ.. လူမပင်ပန်းအောင် ငွေနဲ့ ရသလောက်ကူ..
နော့် နော် နော်
January 11, 2011 3:42 PM
Rita said...
ဪ မှန်တာတွေ တော်တော်ပြောပါလား။
ပိုက်ဆံများ ရှိလို့ကတော့လေ... အိမ်ဟောင်းက ပစ္စည်းတွေ ဘာမှ မသယ်ဘဲ အကုန်လွှင့်ပစ်ခဲ့ဦးမှာ။
ကွန်ဒိုဝယ်ပြီး လိုသမျှ delivery နဲ့ ပို့ခိုင်းဦးမှာ။ ဒီဇိုင်နာ ခေါ်ပြီး decorate လုပ်ခိုင်းဦးမှာ။
January 11, 2011 3:45 PM
MrDBA said...
အိမ်သစ်တက်ပွဲ မုန့်လေးဘာလေး ကျွေးဖို့ အစီအစဉ် မရှိဘူးလားဟင် ...
January 11, 2011 5:02 PM
Rita said...
ကျွေးပါတယ်။ အိမ်နားက food court အရမ်းကိုကောင်းတယ်။
January 11, 2011 5:32 PM
အန်တီချမ်း said...
< မပြောင်းခင် ပစ္စည်းတွေ သိမ်းခန်းတော့ ပြန်တောင် မရေးချင်တော့ဘူး။ အဲဒီအခိုက်မှာ "အတောင်သာလျှင် ဝန်ရှိသော ငှက်" ဆိုတာမျိုး ဖြစ်ချင်လိုက်တာ။ ထပျံသွားရုံပဲ။ ပစ္စည်းအကြီးအသေး စုစုပေါင်း (17) ထုတ်။ >
ကိုယ်ကတော့ ကံကောင်းတယ်ဆိုရမယ်
အိမ်တခုလုံးပြောင်းတာ သည်တာ ထုပ်တာ အကုန်မောင်ပဲ
ကိုယ်က နှမ်းတောင် နည်းနည်းပဲ ဖြူးရတာ
မောင် ပင်ပန်းရှာတယ်
ကိုယ့်လို ကံကောင်းချင်ရင် ဘာလုပ်ရမလဲ သိတယ်ဟုတ်
နောက်မှ အိမ်သစ်အကြောင်း ပိုစ့်တင်အုံးမယ်
လောလောဆယ်တော့ နေမကောင်းဖြစ်နေတယ်
စကားမကျန်အောင် ပြောရရင်တော့ ပြုစုရတာလဲ မောင်ပဲ
မမကွမ်ကတော့ ပြောမယ်
မောင်တွေသိပ်များတယ်လို့
တကယ်ကတော့ တယောက်ထဲပါ
January 11, 2011 7:38 PM
Rita said...
မှားပါတယ် မောင်ရယ်
January 11, 2011 10:27 PM
JulyDream said...
သူဌေးမကြီး မရီတာက BMW ကြီးနဲ့ ရုံးသွားနေတာကိုး... အားကျလာပြီနော်... ဂလု.....
January 13, 2011 3:56 PM
hninhnin said...
I like ur BMW.I don't want to discuss about moving house bcos i've to move from country to country.I don't even want to look at the boxes at least 6 months.But.....u know who has to manage it.C'est la vie,c'est la vie.:)...Gyidaw
January 17, 2011 10:31 PM
Rita said...
ကြီးတော်ကို တွေ့တွေ့နေတာ ကြာပြီ။ ခုထိ ဘယ်သူမှန်းမသိသေးဘူး။ စတည်းက မသိတဲ့လူပဲဖြစ်မယ်။
=D
January 18, 2011 10:34 AM
Lun Lunn said...
Ma Rita,
I have never encountered this difficulty as I am a housing agent ... :)
January 20, 2011 5:27 AM
Rita said...
housing agent ဆို အိမ်မပြောင်းရဘူးလား
=)
စကားမစပ် နောက်တခါပြောင်းရင် ဆက်သွယ်လိုက်မယ်။
January 20, 2011 9:48 AM
Lun Lunn said...
Ma Rita,
I also have to move out after I am sick and tired at old house but I have more chance to choose a nice house with reasonable rent.
Do u agree?
Regards,
January 20, 2011 8:28 PM
AZURE said...
BMW နဲ့ သွားမှ ရောက်တယ် ဆိုတဲ့ စကားလေး သဘောကျတယ်..။
January 24, 2011 11:38 AM
Su Su said...
"မရောက်ဖြစ်သေးတဲ့နေရာမှာ အသစ်အဆန်းတွေ ရှိပြီး၊ နေခဲ့ဖူးတဲ့နေရာတွေမှာက သံယောဇဉ်တွေရှိတယ်။ " love it.
February 11, 2011 8:57 AM