Wednesday, October 12, 2011

Such a disaster week!

:fish:

ကံဆိုးချင်တော့ ဒီမှာ ပျင်းနေ။:bored:

ကံကောင်းချင်တော့ ခရီးသွားရဖို့ အကြောင်းပေါ်။:panda:

ကံဆိုးချင်တော့ ဘတ်ဂျက်လေယာဉ်လိုင်းတွေ ဈေးမချ။:plane1:

ကံကောင်းချင်တော့ ဘတ်ဂျက်မဟုတ်တဲ့လိုင်းက ဈေးချတာကိုရ။ လက်ဂေ့ခ်ျတောင် သယ်လို့ရ၊ နေ့လည်စာလည်းပါ။:ball1:

ကံဆိုးချင်တော့ အဲဒီရက်ပိုင်း အပြင်က အလုပ်တွေ လာအပ်၊ အိမ်ပြန်ရောက်ရင် ခေါင်းတောင် မဖော်အား။:write:

ကံကောင်းချင်တော့ ခရီးစရိတ် ကာမိတာပေါ့။:um:

ကံဆိုးချင်တော့ သွားမယ့်နေရာမှာ ဆိုးဆိုးရွားရွား ရေကြီး။:water:

ကံကောင်းချင်တော့ ရေလွတ်တဲ့နေရာက အသိနှစ်ယောက်က လာခေါ်ထားမယ်လို့ပြော။:ball7:

ကံဆိုးချင်တော့ မိကျောင်း အကောင် 100 လွတ်နေ။:pcry:

ကံကောင်းချင်တော့ လေယာဉ်ရုံးက သွားမယ့်ရက်ကို ရွှေ့လို့ရတယ်လို့ အကြောင်းပြန်။:happy:

ပိုပြီး ကံကောင်းချင်တော့ ပို့စ်တစ်ပုဒ်ရ။:write1:

***
နောက်နေ့ ဘာဖြစ်ဦးမလဲ။ ဘယ်သူမှ မသိဘူး။:mn:

***

12 comments:

  1. ဒီပို့စ်ကို လာဖတ်မိတာကိုက ကံကောင်းလား ကံဆိုးလား မသိတော့ပါဘူးဟာ.....ဟိဟိ

    သစ်သစ်

    ReplyDelete
  2. ပိုပိုပြီး ကံကောင်းချင်တော့ ရာသီဥတုက ရတဘက်ပါပြီး ဒီမှာ နေတွေကို သာလို့..

    မိုးသားကင်းစင်.. ပြုံးပျော်ရွှင်.. :)

    ReplyDelete
  3. တလှည့်စီဖြစ်နေတာ ပျော်စရာကောင်းတယ်။ နောက်တနေ့ဘာဖြစ်မလဲဆိုတာကိုတော့.. ခါးတောင်းကြိုက်ပြီးတော့သာ စောင့်နေပါလေ..
    N/A

    ReplyDelete
  4. ဟက်ပီး သီတင်းကျွတ်ပါ ခင်ဗျာ

    ReplyDelete
  5. အဲ့လို တွေးတတ် ရေးတတ်တဲ့
    ရီတာ့ ပို့စ်ကို
ဲပြုံးပြုံးကြီး ဖတ်ခွင့်ရတဲ့
    တို့များလည်း ကံကောင်းပါတယ်နော်

    ReplyDelete
  6. ကံဆိုးချင်တော့ အဲဒီရက်ပိုင်း အပြင်က အလုပ်တွေ လာအပ်၊ အိမ်ပြန်ရောက်ရင် ခေါင်းတောင် မဖော်အား။
    (((နာ့ကြောင့် ကံဆိုးသွားတာပေါ့ ဟိ)))
    ကံကောင်းချင်တော့ ခရီးစရိတ် ကာမိတာပေါ့။
    (((လိုက်မလားလို့တောင်မခေါ်))))
    ကံဆိုးချင်တော့ သွားမယ့်နေရာမှာ ဆိုးဆိုးရွားရွား ရေကြီး။
    (((bangkok)))

    ခွေဖြု

    ReplyDelete
  7. and it is sunny shinny day

    and it is gonna be like that till the end of the month

    ReplyDelete
  8. ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းတွေ
    တစ်လှည့်စီပေါ့နော်
    အဲတာလဲကောင်းတာပဲ

    ReplyDelete
  9. ပိုပြီး ကံကောင်းချင်တော့ ဒီပို့ စ်ကို လာဖတ်မိသား ဖြစ်နေတယ်...:)

    ReplyDelete
  10. ဖတ်နေရင်းနဲ့ ပြုံးမိတဲ့ ချစ်စရာ ပို့စ်လေးး))

    ReplyDelete
  11. အကုန်လုံး လန်းတယ်ဗျာ.... လာလည်သွားတယ်နော်..

    ReplyDelete