Friday, April 1, 2011

အေပရယ်



အေပရယ်

စွတ်စို ထိုင်းမှိုင်း
အေးစက် ရင့်ရော်ခြင်းတွေ ကွာကျ
ကြည်စင် ဝင်းပလာတဲ့ သမယ။

ကပ်ငြိနေတဲ့ အရာရာကို ခွာချ
စိမ်းမြပုရစ်ဖူးတို့ နိုးထ။

အသွင်ပြောင်းတေးဆိုရင်း
တကျော့ပြန် နုပျိုခြင်းနဲ့
သူကိုယ်တိုင် ယိမ်းက။

ကောင်းမြတ်ခြင်းအဖြာဖြာက
ဒီတခါ
အသေအချာ သက်ဆင်းလာမလို
ဟိုးအရင် အကြိမ်များစွာအတိုင်း။

ကူးပြောင်းခြင်း
ရောက်ရှိခြင်း
စောင့်ဆိုင်းခြင်း
ဆုံဆည်းခြင်း

လင်းပ နေ
မွှေးမြ လေ
အဝါရောင်ရိပ်တွေ လူးလွန့် လှုပ်ရှား
ပျော်ပါးခြင်း ပုံရိပ်များ

သယ်ဆောင်လာမယ့်
အပူဒဏ်ကို သေချာမခံရခင်လေး
အမြည်းပေးတဲ့
နှစ်လိုခြင်း ခဏတာ။

***
pic from here

10 comments:

  1. ဒါ“ာ ဧပြီဖူးလ်ပဲ

    ReplyDelete
  2. Happy Birthday to Rita!!!


    Pauk

    ReplyDelete
  3. bd မဟုတ်ပါဘူးဆို ပေါက်

    ReplyDelete
  4. မွေးနေ့မှာ ပျော်ရွှင်ပါစေ..။

    (တစ်နေ့မဟုတ်..တစ်နေ့တော့ မွေးနေ့နဲ့ တိုးမှာပဲလေ...ဟင်းဟင်းး)

    ReplyDelete
  5. ထီထိုးသလိုပါလား ပေါက်

    ReplyDelete
  6. ထူးထူးဆန်းဆန်း ကဗျာတွေ ဘာတွေ ရေးလို့
    ပျော်ရွှင်စရာမွေးနေ့ (ဟုတ်ဟုတ် မဟုတ်ဟုတ်)ဖြစ်ပါစေ
    happy merry un-birthday to u

    ReplyDelete
  7. ဖောင်ဖြည့်ရမယ့်ကိစ္စ ပျင်းရင် တို့ ကူပေးမယ်။

    ReplyDelete
  8.ိသိုင်းကျူး ကျော့ =)

    ReplyDelete
  9. နေခဲ့ဖူးတဲ့နေရာတွေကို ခဏဖြစ်ဖြစ် ရောက်အောင်ပြန်မယ်။ အဲဒီနေရာတွေမှာ နေခဲ့တုန်းက အမှတ်တရနေရာတွေကို ရောက်အောင် ပြန်သွားမယ်။ လျှောက်ခဲ့ဖူးတဲ့လမ်းတွေကို ပြန်လျှောက်ကြည့်မယ်။ ပြန်ကြည့်မြင်ချင်သေးတဲ့ အရာတွေကို ပြန်ကြည့်ရမယ်။

    ကိုယ်လည်း တူတူပဲ။ အဲလိုပြန်သွားကြည့်ချင်တာ။ အလွမ်းတွေတော့ ပါလာဦးမှာပေါ့လေ။

    ဒါနဲ့ ရီတာဘယ်ကိုသွားလည်မလို့လဲဟင်။ ထိုင်ဝမ်လားးးး? ဒီက မဖြေချင်ရင် ဖဘကနေ တိုးတိုးလေး လှမ်းပြောလိုက်နော်။ :D

    အို..ဘယ်လိုဖြစ်ဖြစ် ဒီနှစ်ဘဲဥကွဲသွားပြီ။ :P

    ReplyDelete
  10. တကယ်တော့ နေရာဟောင်းတွေ ပြန်သွားဖို့က သိပ်ခက်လှတယ် မဟုတ်ဘူး ဇွန်။ အဲဒီနေရာတွေကို သွားဖို့ သယ်သွားရဦးမယ့် အရာတွေ၊ အဲဒီနေရာတွေမှာ ပြန်တူးဖော်ရဦးမယ့် အရာတွေ၊ အဲဒီနေရာတွေက အပြန်မှာ သယ်လာရဦးမယ့် အရာတွေ... ကိုယ်တော့ အဲဒါတွေကို မသိစိတ်ထဲက ရှောင်ချင်နေတာများလား မသိဘူး။

    ReplyDelete