Thursday, July 29, 2010

ဒေါက်တာ သန်းထွန်း (၇)

ဘာဆရာလဲ

"နင်က ကျောင်းဆရာလဲ မဟုတ်၊ စာရေးဆရာလဲ မဟုတ်ဆိုတော့ နွားဝှေးသင်းတဲ့ ဆရာလား" လို့ မသေဘဲ ကျန်သေးတဲ့ ငယ်သူငယ်ချင်းတစ်ယောက်က မေးတယ်။

"အေး အဲဒီဆရာဖြစ်တာကမှ တော်လိမ့်ဦးမယ်။ သူက ငါ့ထက် ဝင်ငွေ ကောင်းမယ်။ ကားသမား (taxi driver) က တစ်လ ဝင်ငွေတစ်သောင်း၊ ကျော်ရင်သာ ကျော်မယ်ဆိုတဲ့ ခေတ်မှာ ငါ့ကို Part Time History Professor နာမည်တပ်ပြီး တစ်လ ငွေ ၆၀၀ ကျပ် တိတိ ပေးတယ်။ ဘာပြုလို့ သင်ရိုးတစ်ခုမက ပွားပွားလာတဲ့ အတန်းတွေ ယူနေရသလဲ" လို့ မေးတဲ့လူ ရှိတယ်။ ငါက စဉ်းစားပြီး အဖြေနှစ်ခု ပေးပါတယ်။

(၁) "ဒီလို လာပြီး ကူပါဦး လို့ ပြောတဲ့ ပုဂ္ဂိုလ်ကြီးတွေက တခါက ငါ့တပည့်တွေ၊ ခု သူတို့က ငါ့ကို ဆရာမွေးတာ"

(၂) "သုတေသန တွေ့ရှိချက်ကို ကျောင်းစာသင်ခန်းမှာ လူငယ်တွေကို လက်ဆင့်ကမ်းရတယ်။ စာတမ်းရေးပြီး ဖတ်တယ်။ ဆွေးနွေးတယ်။ နောက် ပေါင်းပြီး စာအုပ်ထုတ်တယ်။ အဲဒီလို လုပ်ငန်းစဉ်မှာ ကျောင်းသားနဲ့ တွေ့ဆုံတာက လုပ်ငန်းအစပေါ့"

ဒုတိယ အဖြေကတော့ ပုံမှန်အဖြေပါ။ ပထမအဖြေကတော့ အရင် အနှစ် ၂၀ ကျော်က တက္ကသိုလ်မှာ ဆရာကန်တော့ပွဲ စလုပ်တော့ အုန်းနို့ခေါက်ဆွဲတစ်ပွဲ၊ မျက်နှာသုတ်ပုဝါတစ်ပိုင်းနဲ့ ကျောင်းသားက ဆရာကို မွေးတယ်။ အဲဒီလောက်က စပြီး ငါတို့လည်း ဒိသာပါမောက္ခက မူလတန်းဆရာ ဖြစ်သွားပြီလို့ သတိသံဝေဂ ရမိပါတယ်။

ကျောင်းသားကို ပြောရဟောရတာ အားရှိစရာတစ်ချက် ရှိပါတယ်။ ငါပြောနေတုန်း ထမပြန်ဘဲ အိပ်နားထောင်တယ်။ စာပေဟောပြောပွဲမှာ ငါလည်း စပြောရော ရပ်ရွာလူကြီးတွေ ထပြန်ကြတယ်။ စာသင်ခန်းတစ်ခုမှာတော့ ကျောင်းသားတစ်ယောက်က "တို့ဆရာ ကြိုးတန်းလန်းနဲ့ မိုက် (Microphone) ကိုင်ပြီး စင်မြင့်ပေါ်က ဟိုလျှောက်ဒီလျှောက်နဲ့ (ဘာအမှတ်ရလို့ မသိ) ငေးကြည့်နေမိတာနဲ့ ဘာတွေ ပြောသွားမှန်း မသိလိုက်ဘူး" တဲ့။

ဒီလိုနဲ့ပဲ ကျောင်းဆရာ အခေါ်ခံပြီး အနှစ် ၅၀ ကုန်ခဲ့တယ်။ ကျောင်းဆရာအလုပ်ကို ပီပီသသ ကြိုးစားပြီး တပည့်နားလည်အောင် အလေးအနက် မလုပ်ပါဘူး။ တာဝန်မကျေလို့ အလုပ်ဖြုတ်ပစ်ရင်လည်း ခံသင့်တယ် ထင်ပါတယ်။ သမိုင်းဆရာတွေထဲက ကျူတာက ပါမောက္ခထိ အလုပ်ပြုတ်သွားတဲ့ လူတွေ ရှေ့က ရှိခဲ့ပါတယ်။ အလုပ်ပြုတ်သွားလို့၊ အလုပ်က စောစောထွက်သွားလို့ သူဌေးဖြစ်ကုန်ကြတယ်။ အောင်ဝင်းကလွဲလို့ နောက်ကျတဲ့လူတွေ သူဌေး မဖြစ်ပါ။

သုတေသနသင်း၊ မြန်မာနိုင်ငံ သုတေသနသင်းဂျာနယ်
Journal of the Burma Research Society (JBRS)


အနောက်တိုင်းက လူတွေက အရှေ့တိုင်းကို စီးပွားရေးအရ လက်ဝါးကြီးအုပ်ချင်တယ်။ ဒီနေရာတွေအကြောင်းကို သိနိုင်သမျှ နှိုက်နှိုက်ချွတ်ချွတ် လေ့လာထားချင်တယ်။ ဒါမှ ဘယ်နေရာမှာ ဘယ်လို အမြတ်ထုတ်မလဲဆိုတာ စဉ်းစားဆောင်ရွက်ဖို့ ရမယ်။ ခရီးထွက်ပြီး၊ ကွင်းဆင်းပြီး စုံစမ်းတဲ့အခါ စီးပွားရေးမျက်စိ၊ စစ်ရေးအမြင်ဆိုတာ ထိပ်တန်းထားတဲ့ လူတွေ ရှိသလို အသိပညာသစ်ပွားအောင် လေ့လာတယ်ဆိုတဲ့ လူလည်း ရှိပါသေးတယ်။ သူတို့က အတွေ့အကြုံကို ဟောပြောတယ်။ ရေးသားပုံနှိပ်တယ်။ ဒီလိုနဲ့ အာရှသင်းတော် (Royal Asiatic Society) ပေါ်တယ်။


နောက်တော့ ဂျာနယ်ထုတ်တယ်။ နောက် အာရှသင်းတော်ရဲ့ ဘင်္ဂလားသင်းခွဲ၊ မာလာယုသင်းခွဲ၊ သီဟိုဠ်သင်းခွဲဆိုသလို သင်းခွဲတွေ ပေါ်လာတယ်။ စာပေ၊ ဓလေ့၊ ဓမ္မသတ်၊ ယဉ်ကျေးမှု၊ ရာဇဝင်ဆိုတာတွေကို အရင်းအမြစ်က စပြီး ဖော်ထုတ်လေ့လာတယ်။ ယိုးဒယားက အာရှသင်းတော်နဲ့ အလားတူ ယိုးဒယားသင်း အမည်ခံပြီး သုတေသနသင်းတစ်သင်း ပေါ်တော့ မြန်မာကလည်း မြန်မာ သုတေသနသင်းကို 1910 က စတင်ဖွဲ့စည်းပြီး အသင်းဂျာနယ်ကို တစ်နှစ် နှစ်ကြိမ်၊ နောက် တစ်နှစ် သုံးကြိမ်၊ နောက် တစ်နှစ် နှစ်ကြိမ်ထုတ်ပြီး အသင်းရဲ့ ငါးဆယ်ပြည့်ပွဲနဲ့ ခြောက်ဆယ်ပြည့်ပွဲတွေကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်။ အထိမ်းအမှတ် စာစောင်တွေလည်း ထုတ်တယ်။ ခုနှစ်ဆယ်ပြည့်ပွဲ လုပ်နေဆဲမှာ အသင်းပျက်သွားရော။

အဲဒီအသင်းဂျာနယ်မှာ ငါက 1958 ကနေ 1961 ထိ အယ်ဒီတာ သုံးနှစ် လုပ်ဖူးတယ်။ အဲဒီတုန်းက အသင်းနှစ်ပတ်လည် အစည်းအဝေးမှာ အမှုဆောင်သစ်ရွေးတဲ့အခါ အရင်က အပြိုင်အဆိုင် အရွေးခံရတယ်လို့ မရှိ။ ညှိနှိုင်းပြီး အမှုဆောင်တွေ ခန့်လိုက်ကြမြဲမှာ ငါ့မိတ်ဆွေ တင်လှသော်က ငါ့ကို အယ်ဒီတာလုပ်ဖို့ အဆိုတင်တယ်။ ထောက်ခံတဲ့လူက ထောက်ခံနဲ့ အယ်ဒီတာဟောင်းကလည်း ဒီလိုဆိုရင် သူ့နေရာယူပါနဲ့ ငါ အယ်ဒီတာ ဖြစ်သွားတယ်။

သဘောက သုတေသနကို အားပါးတရ လုပ်မယ်။ ဝတ်ကျေတမ်းကျေ မလုပ်ဘူးဆိုတဲ့ ခံယူချက်နဲ့ ဇွတ်ဝင်တာပဲ။ အရင်က သမိုင်းဆောင်းပါး ကောင်းကောင်းတွေကို ပုံနှိပ်ရင် ငွေ သိပ်ကုန်မှာ ဖြစ်တယ်။ ပြီးတော့ လိုချင်တဲ့ ခဲစာလုံးရဖို့ ခက်တယ်လို့ အကြောင်းပြပြီး ဘေးချထားတဲ့ စာတမ်းတွေအားလုံး ယူပြီး ဂျာနယ်တစ်စောင် ထုတ်လိုက်တယ်။ ထွက်တဲ့ စာစောင်က Journal of the Burma Research Society (JBRS) မြန်မာနိုင်ငံ သုတေသနသင်းဂျာနယ်၊ အတွဲ ၄၂၊ အပိုင်း ၁၊ ဇွန် 1959 ဖြစ်ပါတယ်။

ဒီစာစောင် အတွဲ ၄၂၊ အပိုင်း ၂၊ ဒီဇင်ဘာ 1959 အဆုံးမှာ "သုတေသနစာစောင်" ကို စာတမ်းပို့ရင် ဒီပုံစံရေးပေးပါ ဆိုပြီး Style Sheet ရေးဟန်အညွှန်း ထည့်လိုက်သေးတယ်။ ဒါကိုလည်း ရန်ကုန်တက္ကသိုလ် ဌာနပေါင်းစုံက လူတွေက ရွံကြ မုန်းကြ လူပါးဝတယ် ထင်ကြတယ်။ အသင်းက ဂျာနယ်တစ်စောင်ကို ထုတ်ဖို့ငွေ 1500 ကျပ် ပေးတယ်။ ငါ ထုတ်တဲ့ ဂျာနယ်က ငွေ 6500 ကျပ်ကုန်တယ်။ ငွေ 5000 ကျပ် အလှူခံပြီး ကြွေးဆပ်တယ်။ အဲဒီဂျာနယ်ကို အလှူငွေနဲ့ ထုတ်တာဖြစ်လို့ ဈေးပိုမတောင်းဘဲ တစ်စောင် ခြောက်ကျပ်နဲ့ပဲ ရောင်းတယ်။ ရောင်းကောင်းလို့ အဲဒီဂျာနယ် တစ်စောင်တည်းကို နောက်ထပ် နှစ်ခါ၊ သုံးခါ ပုံနှိပ်ရတယ်။ ဒါပေမဲ့ ငါ့မှာ ရန်သူများလာတယ်။

အသင်းကို မတင်ပြဘဲ သူလုပ်ချင်ရာ စွတ်လုပ်တယ် ဆိုတာက ပြစ်မှုကြီးတစ်ခုလို ဖြစ်လာတယ်။ ဂျာနယ်နောက်ထပ်ထွက်ဖို့ စာမူတွေ တောင်းတဲ့အခါ ပထဝီဝင်၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘူမိဗေဒ၊ ဒဿနိက ဆိုသလို ဘယ်ဌာနကမှ မပေးကြဘူး။ ငါ့ကို ရွံလို့ မပေးတာ မထင်နဲ့။ ဒီလူတွေ ဟန်ကျပန်ကျ သုတေသနစာတမ်း မရေးနိုင်လို့ မပေးတာလို့ပဲ ယူဆတယ်။ ဒီလိုပဲ ပြောတယ်။ နောက်တော့ ကိုယ့်လူစုကိုပဲ မင်းက ဒါရေး၊ ငါက ဒါရေးမယ်ဆိုပြီး သမိုင်းဆောင်းပါးတွေနဲ့ပဲ ဂျာနယ်တွေ ဆက်ထွက်လာတယ်။ တစ်ခါမက နှစ်ခါ သုံးခါ ဒီလိုဖြစ်လာတော့ အရင်က ဘာသာစုံဂျာနယ်ဟာ အခု သမိုင်းဂျာနယ် ဖြစ်နေပြီလို့ အတင်းပြောတယ်။ အဲဒီတော့ ငါ့ဘာသာ အယ်ဒီတာအဖြစ်က နုတ်ထွက်လိုက်တယ်။ တကယ်ဖြစ်တဲ့အတိုင်း ပြောတာ။ ပတ်သတ်တဲ့လူတချို့ မသေသေးပါ။ မေးကြည့်နိုင်ပါတယ်။ တဖက်ကပြောတော့ အသင်းထုံးစံ အယ်ဒီတာက ဘာလုပ်ပြီးပြီ၊ ဘာဆက်လုပ်မယ်၊ ရငွေကို ဘယ်လို သုံးမယ်၊ လိုငွေ ဘယ်လို ရှာမယ်ဆိုတာ တင်ပြရမယ်။ ငါက အဲဒီစည်းကမ်းကို မလိုက်နာဘူး။

"ကဲ ခွေးသေသလို သေရစ်ပေါ့ကွယ်"
ငါ သူတို့ကို စွန့်ပစ်ခဲ့တယ်။ အယ်ဒီတာအလုပ် ပြုတ်ခဲ့တယ်။ နောက် အယ်ဒီတာ တစ်နေရာလည်း ပြုတ်ဖူးတယ်။

***
(ဒေါက်တာသန်းထွန်း - ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်မှ ကောက်နုတ်ပါသည်)

***
Journal of the Burma Research Society (JBRS) အကြောင်း။

***

Wednesday, July 28, 2010

ဒေါက်တာ သန်းထွန်း (၆)

သူနိုင်တာ ငါညံ့လို့

ကျောင်းဆရာသက် အနှစ် ၅၀ ကျော်တော့ သင်လို့ မတတ်ဘဲ တပည့်အရင်းအချာတွေ ထောင်သောင်းရှိလာတာကို တွေ့တယ်။ ငါလဲ ဖျင်းတဲ့လူတွေနဲ့ အနေကြာတော့ ဖျင်းလာပြီလို့ သံသယဝင်တယ်။ ဒါပေမဲ့ သင်ရင်တတ်တယ်ဆိုတဲ့ အစွဲက ရှိပါသေးတယ်။ ပြီးတော့ ပညာမာန် (Professional Pride) ရှိတယ်။ အဲဒါမရှိရင် အခုလောက် အလုပ် လုပ်မယ် မဟုတ်ပါ။

အတိုက်အခံရှိမှ တိုးတက်တယ် ဆိုတာလဲ ယုံတယ်။ အခက်အခဲကို ကျော်လွန်နိုင်အောင် လုပ်ရတာ ပျော်တယ်။ ရန်သူကို မျှော်တယ်။ ဒါပေမဲ့ ကိုယ်ကစပြီး မတိုက်ခိုက်ပါ။ သူက လာတိုက်ရင် ကျကျနန ပြင်ဆင် ခုခံတယ်။ နိုင်ချင်လို့ အရှုံးခံတယ် ကို သိပ်ကြိုက်တယ်။ ဘယ်တော့ ဆုတ်ပေးရမယ်ဆိုတာ သိမှ စစ်သူကြီးကောင်း ပီသတယ်။ ဒီတော့ ဆုတ်စစ်မှာ သိပ်ပြီး ဖရိုဖရဲ မရှိနိုင်ပါ။

ရန်သူကို လေ့လာတယ်။ ရန်သူဆီက သင်ခန်းစာရတယ်။ ရန်သူဟာ မိတ်ဆွေ (Friendly Enemy) ဖြစ်ပါတယ်။ ဒီတစ်ကွေ့မှာ ကိုယ်ရှုံးပေမယ့် နောက်တစ်ကွေ့မှာ နိုင်နိုင်တယ်။ ဒီလိုနဲ့ အခက်အခဲတွေ အများကြီးကို ငါ ကျော်ဖြတ်ပြီး တက်ခဲ့တာ ဖြစ်တယ်။ ဒီတစ်ကွေ့မှာ ရန်သူနိုင်တာ ငါ ညံ့လို့ ဖြစ်တယ်။ ငါ ထပ်ကြိုးစားလို့ တော်လာရင် သူဘယ်မှာ နိုင်တော့မှာလဲ၊ ဒါ သင်ခန်းစာပဲလို့ မှတ်ယူတယ်။

***
အရှက်မရှိလို့ ကိုယ့်အမှားကိုယ်ဖော်

အကြိုသမိုင်း (Prehistory) ဆရာ ဂေါ်ဒွင်ချိုင်း (Gordon Childe) က လူကို လူပဲ လုပ်တာ (Man makes himself) စာအုပ်အချီးမှာ...

"ကနေ့အထိ ရှာဖွေတွေ့ရှိသမျှ အထောက်အထားကို ချင့်ချိန်ရင် ဒီလိုယူသော် ရကောင်း၏ လို့ စကားဦးထည့်ပြောသင့်ပါတယ်။ ခဏခဏ ပြောရမှာ ဖြစ်တယ်။ လိုတိုင်းပြောနေရင်လည်း ထောင့်လှတယ်။ ဒီတော့ စာဖတ်သူကပဲ ဒီစကားကို ထည့်ဖတ်ပေးပါလို့ တောင်းပန်ချင်ပါတယ်"

အဲဒီစာအုပ်ကို 1936 က ပထမ တည်းဖြတ်ပုံနှိပ်တယ်။ 1937/ 1939 မှာ နှစ်ကြိမ် ပြန်ပြီး ပုံနှိပ်ရတယ်။ သုံးနှစ်ကြာတော့ သုတေသနနဲ့ နောက်ထပ် တူးဖော်တွေ့ရှိချက်တွေ များလို့ အရင်အယူအဆကို ပြင်ဆင် ဖြည့်စွက်ရပြန်တယ်။ ဒု-ကြိမ် တည်းဖြတ်ချက် (2nd Edition) က 1941 မှာ ထွက်တယ်။ တ-ကြိမ် တည်းဖြတ်ချက် (3rd Edition) 1956 မှာ ထွက်တဲ့အခါ အချီးစကားမှာ...

"လယ်သမားနဲ့ အိုးထိန်းသည် ခေတ်ပြိုင်မဟုတ်၊ စိုက်ပျိုးရေးတတ်ရင် အိုးခတ်တတ်ပြီ မထင်နဲ့။ ကာဒီစတန် (Kurdistan) က ဂျာမို (Jarmo) နဲ့ ပါလက်စတိုင်း (Palestine) က ဂျာရီချို (Jericho) မှာ အိမ်ကြီးအိမ်ကောင်းတွေဆောက်၊ ကောက်ပဲလည်းစိုက်၊ သိုးဆိတ်လည်း မွေးနေတဲ့အခါမှာ အိုးမလုပ်တတ်သေးဘူး။ တခြားနေရာ သူတို့ထက် ပိုပြီး စောတဲ့ မြေလွှာမှာတော့ အိုးတွေ့နေပြန်တယ်"

အဲဒါ ပြင်ဆင်ချက် (၁) ဖြစ်တယ်။

ည စခန်းချရင် အစားအသောက် ကျိုချက်ဖုတ်ကင် လုပ်တဲ့အခါ သတ္တုကျိုတဲ့ပညာကို ရတယ်။ ဒီ အယူအဆကို ခုခေတ် လူတတ် (Experts) က ပယ်လိုက်ပြီ။ သတ္တုအရည်ပျော်မှာက အုတ်ဖိုမီးကြီးလို ပြင်းဖို့လိုတယ်။ အရင်နှစ် ၅၅၀၀ ကျော်ကမှ အနောက်အာရှမှာ မီးအားကောင်းတဲ့ဖို ပေါ်တယ်။

အဲဒါ ပြင်ဆင်ချက် (၂)။

စတုတ္ထအကြိမ် တည်းဖြတ်ချက် 1965 မှာ ထွက်တော့ ချိုင်း (Childe) အသက် ၆၅ နှစ်က 1957 မှာ ဇာတိ သြစတေးလျမှာ ဆုံးပြီ။ တပည့် ဂလင်ဒဲနီယယ် (Glyn Daniel) က ဆရာ့ စာအုပ်ကို တည်းဖြတ်ပုံနှိပ်တယ်။ သူက ဒီစာအုပ်ကို အရင် ပုံနှိပ်စဉ်က...

"3000 BC (အရင် အနှစ် ၅၀၀၀) က ရက်စွဲမှန်သမျှ အမှန်းအဆ (guesses) တွေပဲ ဖြစ်တယ်။ ဒါကြောင့် ရက်စွဲကို ထည့်ပြောခဲ့တယ်"

အဲဒါ အခု မဟုတ်တော့ပါ။ 1945 က Willard F. Libby က (C14) ရက် သတ်မှတ်နည်းကို ဖော်ထုတ်တဲ့အတွက် ရက်စွဲ ဖော်ထုတ်ရတာ တိကျလာပြီ။ တကမ္ဘာလုံးလည်း ဒီနည်းကို ယူသုံးနေပြီ။ ဒါကြောင့် အရင်နှစ် ၅၀၀၀ အထက်က ဘယ်ရက် ဖြစ်နိုင်တယ်လို့ ဝါးတားတား ပြောရတာမျိုးက မရှိတော့ပါလို့ ပြောပါတယ်။

အဲဒါအပြင် ချိုင်း (Childe) (ဆရာကိုလည်း နာမည်ရှေ့က မစ္စတာတွေ၊ ဒေါက်တာတွေ၊ ပါမောက္ခတွေ မတပ်) သာ မသေလို့ ရှိနေသေးရင် သူ့စာအုပ်ထဲမှာ လူဇာတ်ကို အကြီးအကျယ် ပြောင်းပေးတဲ့ စိုက်ပျိုးရေးနဲ့ မြို့တည်ရေး (Neolithic Revolution and Urban Revolution) ဟာ အနောက်အာရှ (Western Asia) မှာ အခြေခံခဲ့တယ်လို့ မှန်းဆတာဟာ မဟုတ်ပါဘူး။ ပြီးတော့ ကမ္ဘာအနှံ့မှာ ဘယ်သူ့ကိုမှ ဆရာမတင်ဘဲ သူ့နေရာနဲ့ သူ့အလိုက် ကောက်ပဲစိုက်ကြ၊ တိရစ္ဆာန်မွေးမြူကြတယ်။ မြို့တည်တာမှာလည်း အနောက်အာရှနဲ့ မပတ်သတ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ အမေရိက အလယ်ပိုင်းမှာ သူတို့အလျောက် သီးခြားမြို့ကြီးတွေ ထွန်းကားတာ ဖြစ်တယ် ဆိုတာကိုလည်း ချိုင်း (Childe) ကိုယ်တိုင် ပြန်ရေးမှာပါလို့ ပြောပါတယ်။
...

"ငါရေးတာကိုတော့ မပြင်လိုက်ကြပါနဲ့၊ ကိုယ့်ဘာသာပဲ ဟောပြောပွဲ၊ စာတမ်းဖတ်ပွဲတွေမှာ ပြင်စရာ ဖြည့်စရာကို ပြင်ပါမယ်၊ အရှက်မရှိတဲ့အကောင်၊ သူ့အမှား သူမို့ လူပုံအလယ်မှာ ပြောနေတာ" လို့ သမိုင်းပညာရှင်ကြီး တစ်ဦးက ကဲ့ရဲ့ ဆဲဆိုဖူးပါတယ်။ အဲဒီပညာရှင်ကြီး နားမလည်တာက ဒါမျိုးဟာ သုတေသနထုံးနည်းအမှန် ဖြစ်တယ်ဆိုတဲ့ အချက်ပါပဲ။ ငါ့တပည့်ထဲက ငါရေးတာ ပြင်နိုင်တဲ့အကောင်ပေါ်ရင်ပေါ့လေ၊ သူ ပြင်ဖို့ ဖြည့်ဖို့ အများကြီး တွေ့မှာပါ။ ဒီလို မဖြည့် မပြင်နိုင်သမျှ ဒီဘာသာရပ် မတိုးတက်ဘူးလို့ ပြောရမယ်။ ဦးဖေမောင်တင်က တပည့်ဟာ ဆရာထက်တော်ရမယ်လို့ ပြောလေ့ရှိတယ်။

ဒေါက်တာလှဖေ ပြောဖူးတာတော့ "ငါ စာတမ်းတစ်စောင်ရေးပြီး ခြောက်လ၊ တစ်နှစ် ပစ်ထားလိုက်တယ်။ ပြီးတော့မှ ဘယ်စာစောင်ပို့ပြီး ပုံနှိပ်မယ်လို့ သတိရတဲ့အခါ ပြန်ရှာပြီး ပြန်ဖတ်ကြည့်တယ်၊ အံမာ ငါ တယ်တော်ပါလားလို့ စိတ်မှာဖြစ်ရင် ဒီခြောက်လ တစ်နှစ်မှာ ငါ့ရဲ့ အသိပညာ မတိုးဘူးမှတ်။ ကံကောင်းလို့ဟေ့ ဒီအချက်တွေ ပြင်ဦးမှ၊ ဒီနေရာ ဒီလိုရေးလို့ ဘယ်ကောင်းမလဲဆိုသလို အပြစ်တွေ တွေ့နေရင် ဒီခြောက်လ တစ်နှစ်မှာ ငါ အသိပညာတိုးလာပါကလားလို့ သိ"။ အဲဒီလို သူပြောတာလည်း သိပ်မှန်တယ်။ အဲဒါမျိုးကို ပညာရှင်ကြီး အခေါ်ခံရတဲ့ အဲ့ဒီလူက နားမလည်ဘူး။

တခါက မီးရထားလမ်း ကသာလမ်းခွဲက အင်းတော်မှာ ဆင်းပြီး လှည်းနဲ့ သွားရတဲ့ မန်လည်ဆရာတော်ရဲ့ မန်လည်ကျောင်းကို ပေ၊ ပုရပိုက် ဖတ်ဖို့ ကူးဖို့ ရောက်သွားတယ်။ 1968 လောက်က ဖြစ်မယ်။ အမွေဆက်ခံတဲ့ ဘုန်းတော်ကြီးက ဆရာတော် ကြည့်တဲ့ ကျမ်းတွေကို သပ်သပ်ရပ်ရပ် သိမ်းထားတယ်။ ဆရာတော် ရေးတဲ့ စာတွေလည်း ဒီလိုပဲ သိမ်းထားတယ်။ နေ့စဉ်သတင်းစာတောင် ရက်စွဲအလိုက် စီထားတယ်။ ဆရာတော်ရဲ့ အသုံးအဆောင်တွေလည်း ဒီလိုပဲ ကောင်းကောင်းထားတယ်။ မန်လည် ပိဋကတိုက်၊ မန်လည်ပြတိုက်လို့ ခေါ်လောက်ပါပေတယ်။ တို့လိုချင်တဲ့ ပေစာ၊ ပုရပိုက်စာတွေလည်း ဖတ်ခွင့်၊ ကူးယူခွင့် ပေးပါတယ်။ မငှားပါ။ ဆက်ခံတဲ့ ဘုန်းကြီးကို "ကိုယ်တော် ဘာကျမ်းတွေ ပြုစုပါသလဲ" လို့ မေးတော့...

"အိပ်သလေ၊ စားသလေ၊ အရင်လူ ရေးတဲ့ ကျမ်းတွေတောင် ဖတ်လို့ မကုန်သေးဘူး"

လို့ ပြောပါတယ်။

အခု ငါ့ ၇၆ နှစ် မွေးနေ့ (6th April 1999) မှာ ငါရေးတဲ့ စာအုပ် စာစောင်တွေ ခုံရှည်နှစ်ခုနဲ့ ခင်းပြတယ်။ ငါကြွားချင်လို့ ပြတာ မဟုတ်။ ဒီဘာသာရပ်မှာ "ငါ ဘယ်လောက် လုပ်ပြီးပြီ၊ မင်းတို့က ဘယ်က ဆက်လုပ်မယ်၊ ဘယ်ဟာဖြည့်မယ်၊ ဘယ်ဟာပြင်မယ် ဆိုတာ လုပ်ဖို့ အလုပ်တာဝန်လွှဲတာပဲ" လို့ ပြောတယ်။ အနားကပ်ပြီး ခါးထောက်ကြည့်ဖော်ရတဲ့ လူအရေအတွက်က လက်ချိုးရေလို့ရတယ်။ တစ်ကျိပ် မပြည့်ပါ။ မြန်မာ့သမိုင်း သုတေသနနယ်မှာ 1955 က 1995 ထိ အနှစ်လေးဆယ်မှာ မျိုးဆက်သစ် ၅ ယောက်ရရင် ကံကောင်းတယ် ပြောနိုင်တယ်။

***
(ဒေါက်တာသန်းထွန်း - ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်မှ ကောက်နုတ်ပါသည်)

***

Tuesday, July 27, 2010

ဒေါက်တာ သန်းထွန်း (၅)

အသက် ၁၂၀ နေရတောင် ရေးဖို့မှန်းထားတာ ကုန်မယ် မထင်ပါ။ သူသူငါငါ ရေးကြပါ ခိုင်းပြန်ရင်လည်း ဘယ်လို စရမလဲ တစ်ခေါက်၊ ဘယ်ပုံရေးရမလဲ တစ်ခေါက်၊ ရေးပြီး စစ်ပေးပါဦး၊ အင်္ဂလိပ်လိုပြန်ပေးပါဦးနဲ့ အခါခါ အခေါက်ခေါက် ဖြစ်မယ်။ ကိုယ့်ဘာသာ ရေးလိုက်တာကမှ ပိုမြန်မယ်။ ဆလံတင်တယ် မျိုးဆက်သစ်ရယ် လို့ ငိုချင်းတစ်ပုဒ် ရေးချင်တယ်။

***
လန်ဒန်တက္ကသိုလ်မှာ နှစ်အကြာကြီး မြန်မာစာပါမောက္ခလုပ်ခဲ့တဲ့ ဒေါက်တာလှဖေက "သူ ရာထူး အဆင့်ဆင့် တက်သွားတာဟာ ဆရာသမားတွေက ထောက်ခံလို့၊ အမှီရှိလို့ ကြီးပွားတာ" လို့ ပြောတယ်။ ငါကတော့ ကြိုးစားလွန်းလို့ ဖြစ်ထွန်းတာလို့ စွဲစွဲမြဲမြဲ မှတ်ထားတယ်။ မှိုလို ထိပ်တုံးကြီးနဲ့ မြေက ထွက်တာ မဟုတ်။ မျှစ်လို ထိပ်ချွန်နဲ့ ထွက်လာတယ်ပေါ့။

***
* ပုဂံပိုင်နက် *

သုတေသန နှစ်ပတ်လည် ကွန်ဖရင့် 1969 အတွက် အနုပညာလူမှုသိပ္ပံစာတမ်း စစ်ဆေးလက်ခံတဲ့အဖွဲ့ ဥက္ကဋ္ဌက ဦးသိန်းဟန်၊ ငါက အဖွဲ့ဝင်။ မန္တလေးတက္ကသိုလ် သမိုင်းဌာန နည်းပြဆရာ ဧကိုက "ပုဂံလက်နက်နိုင်ငံတော်ကြီး" ဆိုတဲ့ နာမည်နဲ့ ပုဂံကျောက်စာသက်သက်ကို အသုံးပြုပြီး စာတမ်းတစ်ခုတင်တယ်။ ကျောက်စာမှာ မြန်မာတွေရဲ့လက်နက်နိုင်ငံဟာ မြောက်ဘက်မှာ ငဆောင်ချမ်းလို့ ပြောတဲ့အခါ အဲဒီ ငဆောင်ချမ်းဟာ ဘယ်အနားမှာလဲဆိုတဲ့ ပြဿနာကို ရှင်းရပါတယ်။ တရုတ်ဘက်ကလာရင် ရွှေလီမြစ်ကို ကူးပြီး တွေ့ရတဲ့ ကမ်းသီတာနေရာမှာလား၊ ဗန်းမော်ပဲလား၊ ဗန်းမော်က ဧရာဝတီအနောက်ဘက်ကမ်းကို ကူးတဲ့နေရာလား။ အဲဒါ အပြတ်မရှင်းနိုင်တောင် ဗန်းမော်နဲ့ ထမ်းပိုးထမ်း အရှေ့/အနောက် တစ်နေရာပဲပေါ့။ အရှေ့ဘက်မှာ သံလွင်မြစ်၊ ဒီလိုဆိုရင် သံလွင်မြစ် အနောက်ဘက်ကမ်း(Trans-ThanLwin) နဲ့ မဆိုင်ဘူး။ သံလွင်မြစ်အနောက်ဘက်(Cis-ThanLwin) ဟာ ပုဂံပိုင်နက်ဖြစ်တယ်။ တောင်ဘက်မှာ အနုရုဒ္ဓလက်ထက် တလ (ဒလ)၊ မင်လုလင်လက်ထက် ဗိတ် (မြိတ်)၊ ဣမ်တော်ရှင်လက်ထက် သလင်ကြေ (Cape Salang) လို့ ဆိုနိုင်တယ်။ အနောက် မစ္ဆဂီရိ (ချင်းတောင်တန်း)။


"အဲဒီလိုဆိုရင် မြန်မာနိုင်ငံဟာ သိပ်ငယ်နေမှာပေါ့" ဆိုပြီး ဦးသိန်းဟန်က ကန့်ကွက်ပါတယ်။ သူက အဲဒီတုန်းက မြန်မာသမိုင်းအဖွဲ့ရဲ့ ဥက္ကဋ္ဌ၊ သူက ဇွတ်ပယ်တယ်။ အမျိုးသားရေးစိတ်ဓါတ်နဲ့ သူက အနိုင်ယူခဲ့တယ်။

နောင်တစ်နှစ် ကွန်ဖရင့်မှာ "နှစ်ဆယ်ရာစုနှစ် မြန်မာစကားပြေ" အကြောင်း စာတမ်းဖတ်တယ်။ နှစ်ဆယ်ရာစုနှစ် မြန်မာစကားပြေအကြောင်းပြောတာ ငါးမိနစ်မပြည့်ဘူး။ "အလေးအနက်မပြော၊ တိမ်တယ်" လို့ ငါ ဝေဖန်တယ်။ ကွန်ဖရင့် နောက်ဆုံးနေ့၊ နောက်ဆုံးနာရီမှာ သူက တစ်ဖွဲ့လုံးရဲ့ ဥက္ကဋ္ဌအဖြစ် နိဂုံးစကားပြောရာမှာ "ငါတို့တတွေဟာ နုသေးတယ်။ ရှေ့နောက် အဆင်အခြင်မရှိ၊ ပြောချင်တာ ပြောတယ်။ နောက်တော့ ယဉ်ကျေးလိမ္မာလာမှာပါ" လို့ သူမျှော်လင့်ပါတယ် တဲ့။

စာမေးပွဲ

ဘာသာရပ်သင်ရိုးကို ပြည့်စုံအောင် မသင်ရဘဲ စာစစ်တော့လို့ ခိုင်းတဲ့အခါ မေးခွန်းနောက်က "သင်သိသမျှ ရေးပါ" လို့ ထည့်လိုက်တယ်။ အောင်ချက်သိပ်ကောင်းတော့လည်း ငါက ဂုဏ်မယူပါ။ "နင်တို့တော်လို့ အောင်တယ်မထင်နဲ့၊ ငါ အအောင်ပေးတာ" လို့ ပြောရပါတယ်။ ဒေါက်တာ မောင်ဖြူး (ဂွမ်လျောင်) ကို သတိရတယ်။ "စာမေးပွဲကို တို့ လူတစ်ရာသွင်းတာ တစ်ရာ့တစ်ယောက် အောင်သကွ၊ တစ်ယောက်သေသွားတာ မသိလိုက်လို့" လို့ ပြောပါတယ်။


ခပ်ရှင်းရှင်းပြောတော့ စာမေးပွဲစနစ်ဟာ ကျောင်းသားအရည်အချင်းကို တကယ်မသိနိုင်ဘူး။ နောက် စာမေးပွဲမှာ မေးတတ်တဲ့ ပုစ္ဆာကိုပဲ ပိုင်ပိုင်ဖြေတတ်အောင် သင်ပေးတဲ့ ကျူရှင် ထွန်းကားလာတော့ ပိုပြီး ပျက်စီးသွားတယ်။ နောက်တမျိုးပြောတော့ ဘာသာရပ်ကို ကောင်းကောင်းမသိ မတတ်ဘဲ အမှတ်များများနဲ့ စာမေးပွဲအောင်နိုင်တဲ့ လမ်းစတွေ ထွင်ပေးတဲ့လူတွေနောက်ကို လိုက်ကုန်ကြလို့ ပညာရေးစနစ်ဟာ ပျက်သွားတယ်။ တဖက်က အရည်အသွေးကို နေ့စဉ် လစဉ်ကြည့်ပြီး အမှတ်ပေးတဲ့စနစ် (Credit System) ကို လုပ်ပြန်တယ်။ မလုပ်တတ်တော့ စာသင်တန်းဆရာ၊ ဆရာမက ကိုယ့်တပည့်တွေကို ကျောင်းခန်းအပြင် တစ်နေရာခေါ်ပြီး ကျောင်းသင်ခန်းစာပဲ သင်ပေးတယ်။ ကိုယ့်တပည့် ကိုယ်ပဲ အမှတ်အများကြီးပေးတဲ့ "ကျူရှင်သစ်" ပေါ်လာတယ်။

ရှင်းရှင်းပြောတော့ "ယိုင်တာကနေ ပြိုတယ်" လို့ ပြောရမယ်။ လူနည်းရင် စည်းကမ်းရှိအောင် ထိန်းဖို့ လွယ်တယ်ဆိုတဲ့စကား ရှိတယ်။ တက္ကသိုလ်မှာ လူနည်းရင် မကောင်းဘူးလားဆိုတာလဲ အဖြေတစ်ခုပါပဲ။

စာရေးဆရာ

စာကို မပြတ်ရေးနေတယ်၊ သုတေသနလုပ်လို့ အသစ်တွေ့ရှိတဲ့ အချက်ကို မပြောခဲ့ မရေးခဲ့ရင် ကိုယ်ရှာဖွေ တွေ့ရှိထားတဲ့ အသိသစ်ကို ကိုယ်သေတဲ့အခါ ဘယ်သူမှ ဆက်မသုံးနိုင်ဘဲဖြစ်မယ်။ အသိသစ်ရှာတဲ့အခါ နောင်လူနောင်သားတွေအတွက်ကို စေတနာထားပြီး လုပ်တာ မဟုတ်ပါ။ သူများ မသိသေးတာ ငါသိတယ် ဆိုတဲ့ ကျေနပ်ချက်က ရှေ့ဆောင်တယ်။ တကိုယ်ကောင်း စိတ်ထားတယ်လို့ ဆိုရပါမယ်။

ကျောင်းဆရာအနေနဲ့ စာသင်တန်းမှာ အသစ်တွေ့ရှိချက်ကို ထည့်ပြောတယ်။ စာနဲ့ရေးပြီး ကိုယ်တွေ့ရှိထားတဲ့ အကြောင်းအရာသစ်တွေကို စာတမ်းဖတ်ပွဲမှာ ဖတ်တယ်။ စာတမ်းကို သုတေသနစာစောင်တစ်ခုခုမှာ ထည့်တယ်။ နောက် စာတမ်းတွေများတော့ စုပြီး၊ စာအုပ်ကြီးတစ်အုပ် ရပါတယ်။ အဲဒါတွေဟာ သုတေသနလုပ်တဲ့လူတွေရဲ့ လုပ်ရိုးအစဉ်ဖြစ်တယ်။

မြန်မာနိုင်ငံမှာ သုတေသနစာစောင် မထွက်တော့တဲ့အခါ အပျော်ဖတ်မဂ္ဂဇင်း (popular Journals & Magazine) တွေမှာ ထည့်ရတော့တယ်။ အပျော်ဖတ်စာအုပ်တွေမှာပဲ ဦးသိန်းဟန်တို့ တိုစိတိုစိရေးနေတုန်းက "ကျွန်တော် အတိုအထွာ မရေးဘူး" လို့ ပြောဖူးတယ်။ အဲဒါကို စိတ်ဆိုးသွားဟန်တူတယ်။ စာရေးဆရာ လင်းယုန်မောင်မောင် နဲ့ မုံရွာက အံ့မောင်အိမ်မှာ စာပေဆွေးနွေးပွဲကလေး လုပ်တဲ့အခါ မုံရွေးမှာ ဆွေးနွေးပွဲကလေး လုပ်တဲ့အခါ သူက "ငါ စာရေးတာ လက်သွက်ပါတယ်။ မြသန်းတင့်ကိုတော့ မမီဘူး" လို့ပြောပါတယ်။

အဲဒါဟုတ်ပါတယ်။ မြသန်းတင့် ရေးတဲ့စာမျိုး ငါ မရေးပါ။ ရေးပြီးတဲ့ စာအရေအတွက်ပေါ်မှာ ဂုဏ်မယူပါ။ ကိုယ် အထူးပြုလေ့လာတဲ့ ဘာသာရပ်မှာ တကမ္ဘာလုံးက အရင် ဘယ်သူမှ မပြောသေးတာ၊ မသိသေးတာကို ရှာပြဖို့ ကြိုးစားပါတယ်။ ရှာရတဲ့အခါ ကျန်ရစ်အောင် စာနဲ့ ရေးခဲ့ပါတယ်။ "ငါ စာရေးဆရာ မဟုတ်" လို့ သြဝါဒရေးပါဦး ခိုင်းတဲ့ လူတွေရဲ့ စာအုပ်ငယ်တွေမှာ စာလုံး ကြီးကြီးနဲ့ ရေးထည့်ပေးတယ်။ သူတို့ကလည်း ငါ့ကို စာရေးဆရာမှတ်လို့ ကြည်ညိုတာ၊ ခုတော့ ဘယ်လိုဟာကြီးလဲ မသိဘူး လို့ ကဲ့ရဲ့ကြမှာပါ။

ရသစာပေနဲ့ သုတေသန ယှဉ်ပြိုင်ခိုင်းနှိုင်းစရာ မလိုပါ။ ကျူရှင်ဆရာနဲ့ ကျောင်းဆရာ ဝင်ငွေအပြတ်အသတ်ကွာတာကိုလည်း ခိုင်းနှိုင်းစရာမလိုပါ။ ရက်တိုတိုနဲ့ နိဗ္ဗာန်ရောက်ရပါလို၏ ဆုတောင်းမယ့်အစား နောင်ဘဝကျရင် ဆရာဖြစ်ရပါလို၏လို့ ဆုတောင်းရမလို ဖြစ်နေပါတယ်။ အချုပ်ကတော့ ငါ စာရေးဆရာမဟုတ်။ ကျောင်းဆရာလား မေးရင်လည်း အဲဒါက ကာဗာစတိုရီ (Cover Story) ပါ။ ဗန်းပြကောင်းတယ်။ ကျောင်းဆရာက ဗန်းပြ၊ တကယ်လုပ်တာ သုတေသန၊ ပန်းချီဆရာ အောင်ခင် (၁၃ ဖေဖော်ဝါရီ 1923- ၁၄ မေ 1996) ပြောသလို ပန်းချီကားကို ရောင်းဖို့ မဆွဲ၊ ကိုယ့်အကြိုက်ပဲ ဆွဲတယ်။ ကိုယ်ကြိုက်တာနဲ့ ဝယ်သူကြိုက်တာ တိုက်ဆိုင်တဲ့အခါ ရောင်းရတယ်။ ကိုယ်လုပ်ချင်လို့ လုပ်တာပဲ။ အမိန့်တော် ပေါင်းချုပ် အတွက် တိုယိုတာက ငွေ ယန်းလေးသောင်း နှစ်ကြိမ်ပေးတယ်။ ငါ သုံးဖို့ မဟုတ်ဘူး။ စာအုပ်ရိုက်ဖို့။ ပြီးတော့ အလကားဖြန့်ဝေဖို့၊ စာအုပ်အတွက် ဂျပန်မှာ ၅ နှစ်၊ အမေရိကမှာ ၃ နှစ် နေနိုင်အောင် ဝိုင်းဝန်းကူညီတာက သုတေသနလုပ်ခလို့ အကြမ်းဖျင်းပြောနိုင်တယ်။ နည်းနည်းပိုတာနဲ့ အိမ်ဆောက်နေနိုင်တယ်။


***
(ဒေါက်တာသန်းထွန်း - ငါပြောချင်သမျှ ငါ့ အကြောင်း မှ ကောက်နုတ်ပါသည်)

***

Friday, July 23, 2010

ဆင့်ပွား အတွေးများ

ဆင့်ပွား အတွေးများ

ဒေါက်တာသန်းထွန်း ပြောတာတွေ ရိုက်တင်ရင်း၊ ရောက်လာတဲ့ comment နည်းနည်းကို ဖတ်ရင်းနဲ့ စဉ်းစားမိတာတွေပါ။

ငါပြောချင်သမျှ ငါ့အကြောင်း

ဒေါက်တာသန်းထွန်းအကြောင်းကို ဟိုမှာဖတ်မိ ဒီမှာဖတ်မိနဲ့ တော်တော်ကို သိနေပြီး သူ့စာတွေတော့ တော်တော်နဲ့ မဖတ်မိခဲ့ဘူး။ ပြောရရင်တော့ ရီစရာပဲ။ ဒေါက်တာသန်းထွန်း စာအုပ်ကို စဖတ်ဖူးတာ ဒီတခေါက် February အိမ်ပြန်တော့မှ။ အဲဒါ ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်ပါ။

အဲဒီစာအုပ်ကို 2008 လောက်တည်းက စက်ထဲကို ebook ချထားပေမယ့် ဘာဖြစ်လို့မှန်းမသိ မဖတ်ဖြစ်ဘူး။

အိမ်မှာ စာအုပ်တွေ့လို့ ကောက်ကိုင်ပြီး တောက်လျှောက် ဖတ်ဖြစ်လိုက်တယ်။ ဖတ်နေရင်းနဲ့လည်း တဟားဟား အော်ရယ်မိတဲ့ အပိုင်းတွေ ရှိတယ်။ ဟာသမြောက်တာတွေ ပါလို့ မဟုတ်ပါဘူး။ သဘောကျလွန်းလို့ပါ။ တချို့အကြောင်းအရာတွေ ဖတ်ရတာ ကိုယ့်အကြောင်းကိုယ် ပြန်ဖတ်နေရသလိုပဲ ပြောရင် မနှိုင်းကောင်း နှိုင်းကောင်းများ ဖြစ်နေမလားမသိ။ တခါတခါ သူ့အတွေး ကိုယ့်အတွေး၊ သူ့စံ ကိုယ့်စံ တွေ တိုက်တိုက်ဆိုင်ဆိုင် တူနေတာ တွေ့ရင် အံ့သြမိပါတယ်။ လုံးဝမှ မတူတာရှိတယ်ဆိုရင် အဲဒါ သူ့အရည်အချင်းနဲ့ ကိုယ့်အရည်အချင်း ဖြစ်လိမ့်မယ်။

လိုရင်းကို ပြောရရင် အင်မတန်ကို သဘောကျ နှစ်ခြိုက်မိပါတယ်။

***
ကိုမောင်လေးရဲ့ မှတ်ချက်

ကိုမောင်လေးကို ကျေးဇူးတင်ပါတယ်။
ခုတလော စာရေးချင်စိတ်ကို ပျောက်နေလို့ စာအုပ်ထဲက စာတွေ အလကားနေအလကား ရိုက်တင်နေတာ။ ကိုမောင်လေး မှတ်ချက်ရေးသွားတာ ဖတ်ပြီး ပြောချင်တာတွေပေါ်လာတယ်။

သူက သူလိုလူ စာအုပ်အပေါ် ခံစားရတာနဲ့ ငါပြောချင်သမျှ... စာအုပ်အပေါ် ခံစားရတာကို ယှဉ်ပြောသွားပါတယ်။ အဲဒီမှာ တစ်ယောက်နဲ့ တစ်ယောက် စံတွေ ပေတံတွေ မတူကြဘူးလို့ တွေးမိပါတယ်။ တခုခုကို ကြိုက်တာချင်း တူရင်တောင်မှ ကြိုက်ရတဲ့ အကြောင်းရင်း အချက်အလက်က ကွာနေပြန်ရော။ မကြိုက်တာချင်း တူရင်လည်း ဒီလိုပါပဲ။ မကြိုက်ရတဲ့ အကြောင်းရင်း အချက်အလက်က ကွာနေနိုင်ပြန်တယ်။

ပဲပြုတ် နံပြား

ဥပမာ - ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ပဲပြုတ်နံပြားနဲ့ ပတ်သတ်တာ တင်ခဲ့ပါတယ်။
အမှန်ကို ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ စရိုက်သဘာဝက ကိုယ်ကြိုက်တဲ့ ပုံစံထဲမှာ အကျုံးဝင်တယ်။ ဒါ ယေဘုယျပြောတာ။ လူတစ်ယောက်အနေနဲ့ ပြောလိုက်တာ။ အဲဒီလို ကြိုက်တယ်လို့ ပြောလိုက်တဲ့ထဲမှာ နိုင်ငံခေါင်းဆောင်ဆိုတာတွေ လွတ်လပ်ရေးကြိုးပမ်းမှုဆိုတာတွေ စွန့်လွှတ်စွန့်စားဆိုတာတွေ နည်းဗျူဟာတွေ မဟာဗျူဟာတွေကို ချန်ထားခဲ့မယ်။ ဘာလို့ဆို အဲဒါတွေက ခေါင်းစဉ်သပ်သပ် ပြောရမယ့် ကိစ္စ။

ယောက်ျားမှန်ရင် ပြောရဲ ဆိုရဲ လုပ်ရဲ ကိုင်ရဲ ခံရဲ မလိုအပ်ဘဲအားမနာတတ် ပွင့်လင်း ပြတ်သား တိုက်ရိုက် ဒဲ့ဒိုးကျ အဲလို ဖြစ်နေမှ ကြိုက်တယ်။ ဆိုတော့ ကိုယ် ဗိုလ်ချုပ်အောင်ဆန်းကို ကြိုက်တယ်။

ကြုံလို့ ဖြတ်ပြောရဦးမယ်။ တခါတလေ ကိုယ်ကြိုက်နေတဲ့လူအကြောင်း အကောင်းတွေ ပြောမိရင် သူငယ်ချင်းတွေကြားမှာ ပြောလေ့ရှိတယ်။ ဒါကတော့ နင်ကြိုက်တဲ့သူကိုး ကောင်းတယ်ပဲ နင်ထင်မှာပေါ့ တဲ့။ ကိုယ်က ပြန်ပြောရတယ်။ မဟုတ်ဘူး။ ကြိုက်နေလို့ ကောင်းတယ်ထင်တာ မဟုတ်ဘူး။ သူ့ကို ကောင်းတယ်ထင်လို့ ကြိုက်တာ လို့။ တကယ်လည်း အဲဒီအတိုင်းပဲ။ လူတစ်ယောက်ကို ကိုယ်က ကောင်းတယ်လို့ ယူဆမိမှသာ ကြိုက်တာ။

ပြောချင်တာက ကိုယ် ဗိုလ်ချုပ်အောင်ဆန်း ကြိုက်တယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်နေလို့ ကြိုက်တာ မဟုတ်ဘူး။ ကိုယ်ကြိုက်တဲ့အချက်တွေ သူ့မှာ ရှိနေလို့ ကြိုက်တာ။ Hero ပို့စ်မှာ ရေးထည့်သွားတဲ့ စကားနှစ်ခွန်းကိုလည်း ကိုယ်ကြိုက်တယ်။ ဖြစ်ပြန်ပြီ။ အစကတော့ နံပြား မကြိုက်ဘူး ပြောပြီးတော့လို့ မတွေးပါနဲ့။ နံပြားကိစ္စ ကိုယ် သိပ်မစွဲ။ ခေါင်းထဲသိပ်မရှိ လို့ပဲ ရေးခဲ့တာ။ မကြိုက် လို့ မရေးခဲ့ဘူး။ ထားပါတော့ အဲဒီ စကားနှစ်ခွန်းကို ကိုယ်ကြိုက်တာချင်း အတူတူမှာ ကွာတာတွေအများကြီးရှိတယ်။

၁) နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းတာနဲ့ ပတ်သတ်တဲ့ကိစ္စကို ဖတ်ပြီး သူ ဘယ်လိုလူဆိုတာကို နက်နက်ရှိုင်းရှိုင်း နားလည်ရတယ်။ ဒီစကားပြောလို့ ဒီစကားကြောင့်မို့လို့ သူ့ကို ကြိုက်တယ်။

၂) သူ ဘယ်လိုလူဆိုတာကို နားလည်ပြီးသားမို့ သူပြောတဲ့ ပဲပြုတ် နံပြားကို ကိုယ် ကြိုက်မိတယ်။

ထပ်ပြောရရင် (၁) စကားကိုပြောလို့ သူ့ကို နှစ်ခြိုက်မိတယ်။ ကိုယ်နှစ်ခြိုက်မိတဲ့သူက ပြောလို့မို့ (၂) စကားကို ကြိုက်မိရတယ်။ ဒါကြောင့်မို့ ဒီစကားနှစ်ရပ်အပေါ် ကိုယ့်စိတ်ထဲ လေးနက်ပုံချင်းက ကွာတယ်။ တစ်ခုက လူကို ပြဋ္ဌာန်းလိုက်တဲ့ စကားဖြစ်ပြီးတော့ နောက်တစ်ခုကိုတော့ လူကသာ ပြဋ္ဌာန်းလိုက်နိုင်တဲ့ စကားပဲ။

ဘာအလုပ်မှ မလုပ်တဲ့ မိန်းမလုပ်စာထိုင်စားနေတဲ့ လူတစ်ယောက်က သူ့ဇနီးကို မနက်ကျ ငပိရည်နဲ့ သခွားသီးလေး တို့ချင်လိုက်တာ လို့ ပြောတာကြားရင် အော် သူ့မှာ အလုပ်မရှိရှာလို့ အလိုက်တသိနဲ့ ငပိရည်ပဲ ပူဆာရှာတယ်လေ လို့ ဘယ်သူက ကြည်ညိုမှာလဲ။ ဒီလူ့နှယ် လက်ကြောမတင်းဘူး၊ ဘာအလုပ်မှ မလုပ်တာတောင် ငပိရည် ကိုယ့်ဘာသာ ထ မဖျော်နိုင်ဘူးပဲ ထင်မှာပေါ့။

နောက်တစ်ခုက ကိုယ်ကြိုက်တာ ကိုယ်စားတာမှာ နှိမ်ချတာ ရိုးသားတာ ရောင့်ရဲတာ ရိုးရာကို ချစ်တာနဲ့လည်း ဘာမှ မဆိုင်ဘူး။ ဗိုလ်ချုပ်အောင်ဆန်း ရိုးသားမှန်း ရောင့်ရဲမှန်း ပကာသန မရှိမှန်း သိထားပြီးသားမို့လို့သာ သူပြောတဲ့စကား ပဲပြုတ်နံပြားမှာ ဒီအရိပ်ထင်နေတာကို ကြားသိရသူက ခံစားလို့ရတာ။ ဒါကြောင့် ပဲပြုတ် နံပြားစကားက လူကို မပြဋ္ဌာန်းဘူး။ လူကသာ ဒီစကားကို ပြဋ္ဌာန်းသွားတယ်လို့ ပြောတာ။ ဒါ ကိုယ့်အနေအထားနဲ့ ကိုယ့်ရှုထောင့် ကိုယ့်အမြင်ကို ပြောတာပါ။ တခြားလူတွေ ဘယ်သို့ ဘယ်ပုံ ကိုယ်မသိဘူး။ ကိုယ်နဲ့ မတူလည်း ဘာမှ မဖြစ်ဘူး။ တူရမယ်လို့လည်း မဆိုလိုဘူး။ ဘာလုပ်မှာလဲ။ အားလုံး အတူတူချည်းပဲဆို ပျင်းစရာကြီး။

ဆိုလိုရင်းက လူကို ပြဋ္ဌာန်းနိုင်တယ်လို့ ကိုယ်ယူဆတဲ့ အဖြစ်အပျက်နဲ့ လူကသာ ပြဋ္ဌာန်းတယ်လို့ ကိုယ်ယူဆတဲ့ အဖြစ်အပျက်ပေါ် ကိုယ့်တန်ဖိုးထားမှုက မတူနိုင်ဘူး ဆိုတာပါ။

(စာကြွင်း။ နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေ ငပိရည်လွမ်းတာ နိုင်ငံကို ချစ်လွန်လွန်းလို့ လို့ ကိုယ်ဘယ်တော့မှ မထင်။ မြန်မာပြည်မှာ နေတုန်းကလည်း ကိုးရီးယားကားတွေကြည့်ရင်း ပဲခေါက်ဆွဲတွေ့ရင် သွားစားပစ်လိုက်ချင်တာပဲ မဟုတ်လား)

***
သူလိုလူ နဲ့ ငါပြောချင်သမျှ...

တကယ်တော့ သူလိုလူနဲ့ ငါပြောချင်သမျှ... ကို ရေးဖို့ဟာ ပဲပြုတ်နံပြားနဲ့တင် ရှည်သွားတယ်။

သူလိုလူ စာအုပ်ကို ဘာကြောင့် မကြိုက်သလဲဆိုတာ ကိုပေါ ဘလော့က comment page မှာ စာဖတ်သူတစ်ယောက်ကို အသေအချာ ပြောပြဖူးပါတယ်။ တကယ်က တယောက်မကပါဘူး။ ဒါပေမဲ့ အသေအချာ အကျယ်တဝင့် ပြန်ပြောပြလိုက်မိတာက တစ်ယောက်တည်းမို့လို့။ ကိုမောင်လေးက ဒီစာအုပ်မှာ စာရေးသူက ခင်ပွန်းသည်ကို ပိုပိုသာသာရေးထားတယ်လို့ ခံစားရပုံပေါ်တယ်။

အဲဒီစာအုပ်ကို ကိုယ်ဖတ်တဲ့အချိန်မှာ စာရေးသူအကြောင်း စာရေးသူနဲ့ အထဲကဇာတ်ကောင် ပတ်သတ်မှုအကြောင်း ခေါင်းထဲ သိပ်မရောက်ခဲ့ဘူး။ တစ်ခုပဲ။ အဲဒီ သူလိုလူ ဇာတ်ကောင်စရိုက်က ကိုယ်နှစ်ခြိုက် ခံစားလို့ရတဲ့ စရိုက်မျိုး လုံးဝ မဟုတ်ဘူးဆိုတာ တစ်ခုပါပဲ။ အဲဒီစာအုပ်ကို ဇာတ်လမ်းတပုဒ်အနေနဲ့ပဲ ဖတ်ပြီး ခံစားလို့ မရခဲ့တာ။


အထက်မှာပြောခဲ့သလို ကိုယ်က ယောက်ျားမှန်ရင် အဲဒီလိုမှ ဆိုတဲ့ သတ်မှတ်ချက်မျိုးရှိတော့ သူလိုလူက ဇာတ်ကောင်စရိုက်ကို ခံစားလို့မရတာ သိပ်တော့ မထူးဆန်းဘူးလို့ ထင်တယ်။ ကိုယ်တိုင်က စာရေးနေမိတော့ ဇာတ်လမ်းတပုဒ်ကို ဖတ်ပြီဆိုရင် ဇာတ်ကောင်စရိုက်ကိုပဲ အရင်ကြည့်မိတယ်။ အဲဒီအခါ ဇာတ်ကောင်ရဲ့ အရည်အသွေးနဲ့ သူ့စရိုက်ဟာ တခုခုချော်နေတယ်လို့ ခံစားရတယ်။ တနည်းအားဖြင့် ဒီဇာတ်ကောင်ကို ရင်ဘတ်ထဲထည့်ပြီး ခံစားလို့ မရခဲ့ဘူး။

ကြုံလို့ ခုရေးရင်းနဲ့ ခေါင်းထဲ ဖျတ်ခနဲ ပေါ်လာတာ ပြောရရင် ကိုယ့်ကိုယ်ကို ဘယ်သူ့မှ ကိုယ့်အာဘော်တွေ သွတ်သွင်းပေးချင်စိတ်မရှိ လို့ ရေးခဲ့ဖူးတယ်။ ဒါပေမဲ့ ခုပဲ စဉ်းစားမိတာ။ ကိုယ့်မောင်တွေထဲမှာ ဒီလို မိန်းကလေးတွေရှေ့မို့ အိမ်သာ မဝင်တာလို၊ အလွန်အကျွံ အားနာတတ်တာမျိုးလို ပါလာရင် ကိုယ်တော့ အသည်းတယားယားနဲ့ ပြုပြင်ဖို့ ကြိုးစားမိနိုင်တယ် ဆိုတာပဲ။

ကိုမောင်လေး ထင်သလို ပိုပိုသာသာဆိုတာကတော့ ကိုယ့်အမြင်တော့ မဖြစ်လောက်ဘူးလို့ ထင်တယ်။ ဘာလို့ဆို ဒီစာရေးတဲ့အချိန်က သူတို့နဲ့ ပတ်သတ် ဆက်စပ်ခဲ့ဖူးသူတွေလည်း အများအပြား ရှိနေဦးမယ့်အချိန် ဖြစ်တာကိုး။ ကိုယ့်ခင်ပွန်းမို့၊ ကိုယ်ချစ်ခင်လေးစားသူမို့၊ စာရေးလည်းကောင်းသူမို့ ဂျာနယ်ကျော် မမလေးအနေနဲ့ တင်ပြီးရေးမိတာမျိုး တချို့နေရာမှာ ရှိရင်လည်း ရှိနိုင်တာပါပဲ။ ဒါကတော့ လူတိုင်းမှာ ရှိနိုင်တဲ့ အဂတိပါ။ ဒါပေမဲ့ ပိုပိုသာသာတော့ မဖြစ်နိုင်ဘူး ယူဆမိပါတယ်။ ဂျာနယ်ကျော် မမလေးကို သူ့စာတွေထက် လူကို ပိုစိတ်ဝင်စားမိတယ်။ စာရေးသူကို ယုံတာရော၊ ရေးခဲ့တဲ့ ခေတ်အနေအထားကြောင့်ရော မဟုတ်ဘဲတော့ အပိုပါမယ် မထင်ဘူး။

နောက် ငါပြောချင်သမျှ...
အဲဒီ စာအုပ်ဖတ်တဲ့အချိန်မှာ ပါတဲ့ အကြောင်းအရာတွေ၊ သူ့အယူအဆ၊ သူ့အမြင်တွေကို သဘောကျလိုက်တာ နှစ်ခြိုက်လိုက်တာနဲ့ပဲ အစအဆုံး ဖတ်ဖြစ်တယ်။ ဇွန်က ငါ နာမ်စားတွေအကြောင်းကို ရေးသွားပါတယ်။ ငါ နာမ်စားတွေကို ကိုယ် ဘယ်လိုမှ မနေတာတော့ အမှန်ပဲ။ စာတပုဒ် ဖတ်တဲ့အခါ နာမ်စားက ကိုယ့်စိတ်ထဲ ဘယ်တော့မှ အဓိက ကျတဲ့နေရာမှာ မရှိပါဘူး။

ဒီမှာလည်း ဒီလိုပဲ ဒီစာအုပ် ပုံနှိပ်မှတ်တမ်းအရ ပထမအကြိမ် 2001 မေလ ဆိုတော့ ဆရာကြီးအသက် ၇၈ နှစ်လောက်မှာ။ စာရေးပြီးချိန် 1999 စက်တင်ဘာ ဆိုတော့ သူနဲ့ ပတ်သတ်ဆက်စပ်ခဲ့သူတွေ ရှိနေနိုင်တုန်းပဲ။ သူကိုယ်တိုင်လည်း ဘယ်သူဘယ်ဝါဆိုတာတွေ အတိအလင်း ထည့်ရေးခဲ့တာပဲ။ ဒီတော့ ဒီစာအုပ်မှာလည်း ပိုပိုသာသာတော့ မဖြစ်နိုင်ဘူး ထင်မိတယ်။ ကိုယ့်အထင်အမြင် မှန်တယ်လို့တော့ မဆိုနိုင်ပါဘူး။

***
စကားလုံးတွေ


နောက်တခုက စကားလုံးတွေ...
ဒီ post ကို ရိုက်နေရင်းနဲ့ပဲ ဒေါက်တာသန်းထွန်း (၄) မှာ comment တွေ ဝင်လာပါတယ်။ ခုပြောချင်တဲ့ အကြောင်းအရာနဲ့ အကျုံးဝင်နေပြန်တယ်။

သိပ်မကြာခင်ကပဲ မမKOM စီဘောက်က သူငယ်ချင်းတစ်ယောက်နဲ့ ပြောဖြစ်တယ်။ ဟိုတလောက ဘလော့ဂါတယောက်က သူ့ဘလော့မှာ... "ကိစ္စတစ်ခုမှာတော့ မြန်မာပြည်မှာ သူ့ထက်သာသူ ရှိမယ်မထင်" ဆိုတဲ့ လူချစ်လူခင်များစေတဲ့ ဂါထာရွတ်သွားတာနဲ့ ပတ်သတ်လို့ ပြောတာပါ။ စီဘောက်က သူငယ်ချင်းက ပြောတယ်။ သူပြောတာလည်း မှန်မှာပါ၊ သူပြောတဲ့အတိုင်းလည်း သူတော်မှာပါ၊ ဒါပေမဲ့ အဲလိုထုတ်ပြောတာတော့ ချဉ်တယ်တဲ့။ ပြီးတော့ သူ လေကျယ်နိုင်စွမ်းရှိလို့ ကျယ်တာပဲလေ လို့ ပြောပါတယ်။

စီဘောက်က သူငယ်ချင်းပြောတာ မလွန်ပါဘူး။ ပြောတဲ့လူရဲ့ အကြောင်းကို သူက မသိဘူး။ ပြီးတော့ ဘာကြောင့်ပြောရတာလဲဆိုတဲ့ အကြောင်းရင်းနဲ့ ရာဇဝင်ကို သူ မသိဘူး။ ဒီတော့ သူက ပြောတဲ့လူကို ကိုယ့်ဂုဏ်ကိုယ်ဖော်နေတဲ့သူ၊ ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်နေတဲ့သူ လို့ အဲလိုပဲ မြင်မှာပဲ။ ကိုယ်လည်း အကြောင်းမသိတဲ့လူတစ်ယောက်က ခုလိုပြောတာ ကြားလိုက်ရရင် အဲလိုပဲ ထင်မှာပါပဲ။

ဒါပေမဲ့ အကြောင်းသိနေပြီးသားလူက ပြောတော့ အဲဒီစကား ကိုယ့်အတွက် ဘာမှမဟုတ်တော့ဘူး။ စီဘောက်က သူငယ်ချင်းကို ပြန်ပြောမိပါတယ်။ အဲဒါ သူ လေကျယ်ပြီး ပြောနေတာမဟုတ်ဘူး၊ သူလုပ်ချင်တာတစ်ခုကို သူ တောက်လျှောက်ကြိုးစားလာပြီးမှ လုပ်ဖို့ အခွင့်အရေးမရလိုက်နိုင်လို့ မချင့်မရဲဖြစ်နေတာပါ လို့။ ဒါက ကိုယ် ခံစားမိသလို ပြောတာပါ။

ပြောချင်တာက ကြားလိုက် ဖတ်လိုက် သိလိုက်တဲ့ စကားလုံးတွေရဲ့နောက်မှာ ဆောင်နေသေးတဲ့ တခြားသောအဓိပ္ပါယ်တွေ ရှိနေနိုင်တယ် ဆိုတာပါပဲ။ စကားလုံးတချို့မှာ တိုက်ရိုက်အနက်တင် ရှိတာမဟုတ်ပါဘူး။ ဒီ့ထက် မကတာတွေ ရှိနေနိုင်သေးတယ်။

***
အကြောင်းအရာတွေ ကျန်နေပါသေးတယ်။ ယဉ်ကျေးတာတို့ ရိုင်းစိုင်းတာတို့ မကြားဝံ့ မနာသာတို့နဲ့ ပတ်သတ်တဲ့ ထားကြတဲ့ စံတွေ အကြောင်း နောက်မှ ဆက်ရေးပါဦးမယ်။ ခုတော့ ပြောချင်တာတွေများ လိုရင်းက ဘာမှန်းမသိဘဲ သိပ်ရှည်သွားပြီ။

ဒေါက်တာသန်းထွန်းမှာ ကွန်မန့်လာရေးကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။
တကယ်တော့ ဒေါက်တာသန်းထွန်း စာအုပ်ကို အိမ်ကနေ ဒီသယ်လာ ဖတ်ရင်းနဲ့ ကွင်းတွေခတ်ထားပြီး ပို့စ်မှာ ကိုယ့် အထင်အမြင် မှတ်ချက်တွေနဲ့ရေးဖို့လို့ ရည်ရွယ်တာ။ တကယ်တမ်း တင်ဖြစ်တော့ မှတ်ချက် ရေးမထည့်ချင်လောက်အောင် စာရေးချင်စိတ် ပျောက်နေတာနဲ့ ဒီတိုင်းပဲ တင်လိုက်မိတယ်။

***

ဒေါက်တာ သန်းထွန်း (၄)

ဘူဇွာစိတ် Bourgeoisie Mentality

ကုန်သည် ပွဲစားစိတ်။ ငါ့အတွက် ဘယ်လောက် မြတ်မလဲကို အမြဲ တွက်တဲ့စိတ်။ ကိုယ့်တွက်ခြေနဲ့ကိုယ်၊ သူများစကား နားမဝင်။ သြဇာလာမပေးနဲ့၊ ငါလုပ်ချင်မှ လုပ်မယ်။ အဲဒါမျိုးတွေကို ဘူဇွာစိတ်လို့ ခေါ်တယ် ထင်ပါတယ်။ ကွန်မြူနစ်အချင်းချင်း ဒီကောင် ဘူဇွာစိတ်မကုန်ဘူးဆိုပြီး ရှုံ့ချတယ်။ မာနကြီးတယ်လို့လည်း ကဲ့ရဲ့တယ်။ တကယ်ကတော့ သူများပေးတဲ့ အကြံဉာဏ်ကို ချက်ချင်း ထောက်ခံလိုက်နာလေ့ မရှိပါ။ စည်းကမ်းကြီးတာလည်း မဟုတ်ပါ။ No Compromise ဆိုပြီး တယူသန်လည်း မလုပ်ပါ။ အချုပ်ကတော့ ပွင့်လင်းတယ်။ အားနာစိတ် မရှိဘူး။ တဖက်သားကို ကူညီတဲ့အခါ အပေးအယူသဘောထား မပါဘူး။ မတရား အခွင့်အရေး မယူချင်ဘူး။ အပေးအကမ်း အစွန့်အကြဲနည်းတယ်။ အရပ်က ရိုသေအောင် ဘုရားအော်ရှိခိုးတာမျိုး မလုပ်ဘူး။ အများတကာလုပ်တိုင်း လိုက်မလုပ်ဘူး။ အဲဒါမျိုးကိုပဲ အမြင်ကပ်တဲ့လူ ရှိမယ်။ ဂရုမစိုက်ပါ။

စာပေဝါသနာ

တစ်နေ့ နှစ်ဆယ့်လေးနာရီမှာ ဆယ့်လေးနာရီလောက် စာရေး စာဖတ်နေချင်တယ်။
ကျောက်စာကို စာတစ်လုံးမှန်အောင် ဖတ်နိုင်ဖို့ အချိန်အကြာကြီး အပင်ပန်း အဆင်းရဲခံပြီး ဖတ်ရတဲ့ အလုပ်မျိုးကိုလည်း ဇွဲနဲ့ လုပ်ပါတယ်။ ဘာမဆို လုပ်ကြည့်ချင်တယ်ဆိုတဲ့ စိတ် မရှိ။ ဘာမဆို သင်ရင် တတ်ပါတယ်ဆိုတဲ့ ယုံကြည်ချက်တော့ ရှိတယ်။

"ပြေပြေလည်လည် သပ်သပ်ရပ်ရပ် ရေးတတ်ရဲ့သားနဲ့ဗျာ၊ ခုလို ရေးရေးနေတာ မကောင်းဘူး" လို့ အေးမောင် (သမဝါယမ) က ပြောပါတယ်။ ငါရေးတဲ့ ခေတ်ဟောင်း မြန်မာရာဇဝင် ကို မွန်ဘိုကေ က "ခင်ဗျားစာအုပ် ပြည်သူလူထုလက်ထဲ မရောက်" လို့ ပြောတဲ့အခါ "အဲဒါက လူထုလက်စွဲ မဟုတ်" လို့ ငါဖြေခဲ့ပါတယ်။

သမိုင်းသုတေသန လုပ်တဲ့အခါ သူများ မသိတာကို သိလာတယ်။ သူများ မှားတာကို မြင်လာတယ်။ သူများရေးတဲ့ ပြောတဲ့အထဲမှာ လိုတာကို ဖြည့်နိုင်လာတယ်။ အဲဒီအခါ သိတာ မြင်တာ ဖြည့်တာကို စာနဲ့ ရေးရတာပေါ့။ ကျောင်းဆရာဖြစ်နေလို့ စာသင်ခန်းမှာ ပြောခွင့်ရတယ်။ စာတမ်းဖတ်ပွဲမှာ သွားဖတ်တယ်။ ပညာရှင် ဂျာနယ် (Learned Journal) တစ်ခုခုမှာ ထည့်တယ်။ စာအုပ်တစ်အုပ် ဖြစ်အောင် ရေးပြီး အရှုံးခံထုတ်ပေးမယ့် ပုံနှိပ်ဖြန့်ဝေသူ (Publisher) ကို ရှာရတယ်။ အများပြည်သူအတွက် စေတနာ မေတ္တာနဲ့ ရေးတဲ့ စာတွေ မဟုတ်ပါ။ "ဒီစာအုပ် ဖတ်ကောင်းရမယ်လို့ အာမ မခံ" လို့ စာအုပ်ဖုံးမှာ ရေးပေးခဲ့ဖူးပါတယ်။

ငယ်ငယ်က နိုင်ငံရေး ဝါသနာပါတယ်။ ကြီးတော့ သုတေသနပဲ ဝါသနာနဲ့ ဇွဲနဲ့ လုပ်ပါတယ်။ သူငယ်ချင်း အာသာကျောင်းက စေတနာနဲ့ "ဒါတွေ ဆက်လုပ်မနေပါနဲ့" လို့ အားပေးပါတယ်။

***
ခင်မျိုးချစ် - အနော်ရထာ

စိတ်ကူးများရင် သမိုင်းမဟုတ်၊ သမိုင်းဟုတ်ရင် စိတ်ကူးမပါ။
မှန်နန်း (မှန်နန်းရာဇဝင်) ထဲမှာပဲ ရုပ်ရှင်ရိုက်ဖို့ ဇာတ်ညွှန်းက ရေးပြီးသား ပါနေတယ်။ ဒါမျိုး ငါတို့မသုံး။

***
ထိုးစစ်၊ ခံစစ်

သူများကို ကိုယ်က စပြီး မတိုက်ခိုက်၊ သူက တိုက်လာရင် ခံစစ်ကို အကျအန ပြင်ဆင် ခုခံတယ်။ တိုက်ပွဲတိုင်း အနိုင်မရနိုင်ဆိုတာလဲ နားလည်ထားတယ်။ လုပ်ရဲရင် ခံရဲရတယ်လို့ အမြဲ သတိရှိတယ်။ စကြဝတေးမင်း၊ မန္ဓာတ်မင်းလဲ သေတာပဲ လို့ အောင်ပွဲရလို့ အောက်ခြေလွတ်နေတဲ့လူတွေကို ပြောမိပါတယ်။

စကားပြော

ငါ့ကို ပြန်ပြီး အပြစ်ကျမယ့် စကားမျိုး၊ ငါ့ကို ပြန်ပြီး ထိခိုက်မယ့် စကားမျိုး မပြောမိအောင် သတိထားတယ်။ စကားဝိုင်းမှာ ငါ မပိုင်နိုင်တဲ့ကိစ္စကို ဝင်မပြော။ ပြောရင်လည်း ရှင်းရှင်းပြတ်ပြတ် ပြောတယ်။

(စကားချပ် - ဝေ့လည်ချောင်ပတ် ကွေ့ကောက်ပတ်ချာရိုက် အတင်းချချင်သော ဘယ်နှစ်တောင်ဝတ်မှန်းမသိသည့် မဟာ့မဟာ ပုရိသယောက်ပြားများ သတိချပ်ကြပါကုန်)။

မသိလို့ မေးတာပါ။ အမှားပြင်ပေးပါ ဆိုတာမျိုးလည်း စကားထဲ မပါအောင် သတိထားတယ်။ ဆိုလိုတာက "မသိလို့ မေးတာဖြစ်တယ်၊ ဖြေချင်မှဖြေ၊ မှားပြောမိရင်တော့ ကိုယ့်အမှားကြောင့် ကျရောက်မယ့် ဒဏ်ကို ခံဖို့ပဲရှိတယ်" ဆိုတဲ့ သဘောထား ဖြစ်တယ်။

ကောင်းကောင်းပြော၊ ကောင်းတဲ့ စကားပဲပြော၊ မှန်တဲ့ စကားပဲပြော၊ လိုက်နာနိုင်တဲ့ စကားပဲပြော ဆိုတာမျိုးကို သိပ်သတိထားပြီး လိုက်နာပြောဆိုတာတော့ မဟုတ်ပါ။ မှန်တဲ့စကား၊ အကျိုးရှိမယ့်စကား၊ သူများလည်း နားထောင်ချင်မယ့်စကားမျိုးမှ ရွေးပြီး သတိထား ပြောတာမျိုးလည်း မဟုတ်ပါ။ ဒါပေမဲ့ အခြေခံ ရိုးသားတဲ့စိတ်နဲ့ ပြောပါတယ်။ ကြိုက် မကြိုက် ဂရုမစိုက်ပါ။

အပျင်းပြေဖတ်တဲ့ စာအုပ်

၁) သမိုင်းနောက်ခံ ဝတ္ထုနဲ့ Pornography အပါအဝင် နာမည်ကြီးတဲ့ စာအုပ်မျိုးစုံ
၂) ဒုတိယကမ္ဘာစစ်နောက်ခံ စစ်ပွဲ၊ စစ်သုံ့ပန်း၊ သူလျှို၊ စစ်ဗိုလ်ကြီး၊ နိုင်ငံရေးခေါင်းဆောင်ကြီး အတ္ထုပ္ပတ္တိ
၃) သမိုင်းမှာ ကျော်ကြားတဲ့ လူတွေရဲ့ အတ္ထုပ္ပတ္တိ
၎) ကလေးပုံပြင် (မြန်မာတိုင်းရင်းပုံပြင်တွေကို အင်္ဂလိပ်ဘာသာပြန်ဖို့)
၅) ကောင်းတဲ့ မြန်မာစာအုပ်ကို အင်္ဂလိပ်ဘာသာပြန်ဖို့
၆) ဗေဒင်စာအုပ်၊ လက္ခဏာစာအုပ်၊ သင်္ကြန်စာ

ဒီစာအုပ်တွေကို လွယ်အိတ်ထဲမှာ ထည့်ယူသွားပြီး လှည်း၊ ကား၊ မီးရထား၊ သင်္ဘောစီးရင်း၊ မင်္ဂလာဆောင်သွားရင်း၊ ဝန်ကြီး၊ ညွှန်ချုပ်၊ ပါချုပ်တွေ ခေါ်တဲ့ အစည်းအဝေးတက်ရင်း ဖတ်ပါတယ်။ အပြင်းအထန် ငြင်းခုန်ရမယ့် ပြဿနာကို အစဖော်ပေးပြီး လက်ဖက်ရည်ဆိုင် ရွှေ့ထိုင်ပြီး အစည်းအဝေး ပြီးလောက်တဲ့အချိန်ထိ လက်ဖက်ရည် အခွက်ခွက် မှာသောက်ပြီး ဖတ်ပါတယ်။

လက်ဖက်ရည် စကားဝိုင်း

ကိုယ့်ထက် အသက်ကြီးတဲ့လူ၊ ရာထူးကြီးတဲ့လူ၊ ဂုဏ်ကြီးတဲ့လူ၊ ကိုယ့်ကို ရာထူးက ချပစ်နိုင်တဲ့လူ၊ အဲဒီ ကြီးကျယ်သူတွေရဲ့ ညံ့ဖျင်းပုံကို လူထူရင် ပြောတတ်ပါတယ်။ သတင်းစာထဲမှာလည်း ဆောင်းပါးရေးထည့်ပါတယ်။ မန္တလေးကို ပါမောက္ခအဖြစ်နဲ့ ရောက်သွားတော့ လူထုဦးလှက "မင်း ဒီတသက် ပါမောက္ခဖြစ်မယ်လို့ မထင်တာကွယ်" လို့ ဆီးပြီး ပြောပါတယ်။ ပါမောက္ခချုပ်တစ်ဦးက "ကျုပ်အကြောင်း မကောင်းမပြောရလို့ တားမရမှန်း သိပါတယ်။ ဒါပေမဲ့ လက်ဖက်ရည်ဆိုင်မှာတော့ မပြောနဲ့ဗျာ" လို့ လူကြုံမှာဖူးပါတယ်။

မနက်မိုးလင်း ကျောင်းတက်တယ်ဆိုပေမယ့် တက္ကသိုလ်မြေဝန်းကျင် လက်ဖက်ရည်ဆိုင်၊ ရေနီမြောင်းဘေး အကြော်ဆိုင်နဲ့ အမရပူရ တောင်လေးလုံးကျောင်းက ညနေမှ အိမ်ပြန်ပါတယ်။ အလုပ်ဖြုတ်ပစ်မယ်လို့ အခါခါ စဉ်းစားတယ်လို့ သိရပါတယ်။ သမိုင်းကော်မရှင်က နှစ်ခါ ဖြုတ်ပစ်ဖူးပါတယ်။ ကိုယ့်ဘာသာ မထွက်မိတာကတော့ ကျောင်းဆရာအဖြစ်နဲ့ သမိုင်းသုတေသန ခရီးထွက်ရတာ သိပ်အဆင်ပြေတယ်။ ကျတက်မှာ အလံနီနဲ့ မျက်နှာချင်းဆိုင် တွေ့တာတောင် "ဟိုကောင်တွေ အလကားခေါ်လာတယ်ဗျာ၊ ကျုပ်တို့လည်း ကူညီမှာပါ" လို့ ပြောသွားတယ်။

ဆရာကန်တော့ပွဲ

စာမေးပွဲကြီးအပြီး ကျောင်းရက်ရှည် ပိတ်တော့မယ် ဆိုရင် ဆရာကန်တော့ပွဲ လုပ်ကြတယ်။ ငါကတော့ စာမေးပွဲ အချောင်အောင်ဖို့ လာဘ်ပေးတာလို့ တွက်တယ်။ မဖြစ်စလောက်နဲ့ နာမည်ပျက်တယ်။ ငါက ဆုမပေးပါ။ "မင်းတို့ပေးတာက နည်းတယ်။ ငါက ပြန်ပြီး နိဗ္ဗာန်ဆု မပေးနိုင်ဘူး၊ မင်းတို့နဲ့ မတန်ဘူး" လို့ ပြောမိတယ်။ ဒါပေမဲ့ အချက် ၃ ချက်ကိုတော့ ပြောပါတယ်။

၁) မင်းတို့ ကိုယ်တိုင် ကြိုးစားပြီး အောင်ပွဲရမှ အောင်ရကျိုးနပ်တယ်။
၂) မင်းတို့ အခု စာမေးပွဲ အောင်ရင်လည်း မင်းတို့ တော်လို့မဟုတ်ဘူး။ ငါ အအောင်ပေးလို့ အောင်တာ။
၃) နောင် ငါ့ကို လမ်းမှာတွေ့ရင် နှုတ်မဆက်နဲ့။ ငါက မင်းတို့ကို မှတ်မိမှာ မဟုတ်ဘူး။ မင်းတို့က ဆရာ့တပည့်ပါလို့ ပြောလာရင်တော့ ခိုင်းလိမ့်မယ်။ ကျောင်းဆရာဆိုတာ အားမနာတတ်ဘူး။

သူတို့က စာအုပ်ဗီရို၊ ခုံတန်းလျား၊ ကုလားထိုင် ယူလာတဲ့အခါ ဥပမာ - "1979 သမိုင်း စတုတ္ထနှစ် ကျောင်းသားများ ကောင်းမှု" လို့ စာတန်းပါတယ်။ "ဒါ ဇရပ်မဟုတ်ဘူး။ ပြန်ယူသွား" လို့ ပြောရတယ်။ ရှေးပုံစံ ကုလားထိုင်ကြီး လာပေးတော့လည်း "ဒါမျိုးက ပြတိုက်မှာထား၊ ဒီ မယူခဲ့နဲ့၊ ထိုင်လို့မကောင်းဘူး" ပြောရတယ်။

တစ်နှစ်တစ်ခါ တက္ကသိုလ်ဓမ္မာရုံမှာ အသက် ၇၅ နှစ်နဲ့ အထက် ဆရာအိုတွေကို အခုလက်ရှိ ပါမောက္ခချုပ်၊ ပါမောက္ခကအစ ဆရာ ဆရာမတွေက ကန်တော့တယ်။ အကန်တော့ခံတွေကို စင်မြင့်မှာတင်ထားတာ စင် အပြည့်ရှိတယ်။ သူတို့ကို မေးပါ။ အရင်က တက္ကသိုလ်မှာ ဆရာကန်တော့ပွဲ ရှိဖူးသလား၊ မရှိပါလို့ပဲ ဖြေလိမ့်မယ်။ ဒီလူကြီးတွေ စေတနာနဲ့ သင်ကြားပို့ချသွားလို့ တက္ကသိုလ် ဒီလောက် ကြီးပွားလာတာရော ဟုတ်သလားလို့ မေးပါ။ ဟုတ်တယ်လို့ပဲ ကြွားမယ်။ သြဝါဒပေးတဲ့ ဆရာတွေက အကောင်းချည်း ပြောဆဲ။ ငါ့လက်ဝဲက လူကိုလည်း ငါ စေ့စေ့စပ်စပ်ကြည့်တယ်။ လက်ယာက လူကိုလည်း အားမနာတမ်း ကြည့်တယ်။ စေတနာ အချောင်းလည်း မမြင်ဘူး။ အပြားလည်း မမြင်ဘူး။ လခစားပဲ။ တက္ကသိုလ်မှာနေပြီး သုတေသန မလုပ်ဘူး။ ဒီလိုပဲ အချောင်နေရင်း နှစ်နှစ်ပြည့်တော့ ရာထူးတက်၊ လေးနှစ်ရပြန်တော့ တစ်ခါတက်၊ တစ်ခါ နှစ်နှစ်မှာ ဆက်တက်၊ ကျော်တက်။ နောင်မှာ တက္ကသိုလ်ဝင်ဝင်ချင်း Luce, Hall, Peacock, Beaseley, မောင်မောင်ခ၊ သာလှ၊ လှကျော်၊ လှမြင့်တို့လို ပါမောက္ခတန်းဖြစ်တဲ့ခေတ် ပြန်ရောက်သွားမယ်။ အခြေအနေမှန်ကို တင်ပြတယ်။ အဖြေမရှာပါ။ ငါ ပါဝင်လှုပ်ရှားခဲ့တဲ့ ဘဝမှာ ငါ ကိုယ်တိုင် မရှင်းတတ်တဲ့ ပြဿနာ။ ငါတတ်သလောက် ရှင်းပေးပေမယ့် မရှင်းတဲ့ ပြဿနာ။ ဥပမာ - ငါ့နည်းဟာ ရေမှော်များတဲ့ ရေအိုင်မှာ လက်တစ်ခုပ်စာ မှော်မပါအောင် ယူပြီး၊ မှော်ဟာ ရေမျက်နှာပြင်မှာ ပြည့်မြဲ ပြည့်နေတာပဲ တွေ့တယ်လို့ ပြောရမယ့် ဖြေရှင်းနည်းဖြစ်တယ်။ ငါ ရှုံးခဲ့တယ်။

***
(ဒေါက်တာ သန်းထွန်း - ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်မှ ကောက်နုတ်ပါသည်)

***

Thursday, July 22, 2010

ဒေါက်တာ သန်းထွန်း (၃)

အမျိုးသားစိတ်

ဦးဖိုးကျား (၁၀ ဧပြီ ၁၉၂၄ ကွယ်လွန်) ရေးတဲ့ မြန်မာ့ဂုဏ်ရည် ကို ဖတ်ပြီး ကြီးပြင်းခဲ့တာပါ။ သူရေးတာတွေ အကုန်မမှန်ဘူးဆိုတာ ခုမှ သိပါတယ်။ အခြေခံ မမှန်တော့ အခု အနေအထိုင်ပုံစံလည်း မမှန်ဘူး ထင်ကြပါတယ်။ တို့ဘိုးဘွားတွေ ဘောင်းဘီပဲ ဝတ်တယ်။ ဘောင်းဘီ ဝတ်ခဲ့တာ အနှစ် ၄၀၀၀ ဆိုရင် လုံချည်ဝတ်တာ အနှစ် ၆၀၀ လောက်ပဲ ရှိသေးတယ်။ ဘောင်းဘီဝတ်တာ ရိုးရာ၊ လုံချည်ဝတ်တာ ကုလား (Tamil) စရိုက်၊ ရှပ်ဝတ်တာ ဥရောပစရိုက် ဒါလောက်တော့ သိထားသင့်တယ်။

ကျောင်းဆရာဘဝ

ဖဆပလ အစိုးရက ငါ့ကို ဘာအလုပ်မှ မပေး၊ လျှောက်လွှာတင်တိုင်း အပယ်ခံရလို့ ငါ ကျောင်းဆရာဖြစ်နေတာ။ "မင်းတို့ကို ငါက စေတနာ မေတ္တာရှိလို့ ဆရာလုပ်နေတာ မဟုတ်ဘူး" လို့ ကျောင်းသားတွေကို ငါ ပြောထားပါတယ်။ "ကျောင်းဆရာအလုပ်ဆိုတာ မင်းတို့ကို ဘယ်လောက်သင်သင် မတတ်ဘူး။ ငါ့မှာလည်း သုတေသန အလုပ်ပျက်တယ်။ နှစ်ဦး အကျိုးမရှိတဲ့ လုပ်ငန်းကို ငါ အနှစ် ၅၀ လုပ်ခဲ့ရတယ်" လို့ ပြောမိတယ်။


ဒီတပည့်တွေ ညံ့ပုံပြောရရင် "ဖဆပလတွေ ဖျင်းသလားမမေးနဲ့။ လွတ်လပ်ရေး ကျောက်တိုင်တောင် ဖြောင့်အောင် မစိုက်နိုင်ဘူး" ပြောတာ အဟုတ်မှတ်လို့ သွားကြည့်ကြတယ်။ ငါ့ကို အလုပ်ဝတ္တရားမကျေဘူး ဆိုပြီး အလုပ်က ဖြုတ်ပစ်ဖို့ ကောင်းပါတယ်။ ဘာလုပ်စားမလဲဆိုရင် ဗေဒင်ဟောမယ်၊ ဘိုးတော်လုပ်မယ်၊ ရှေ့နေလိုက်မယ်၊ ဒီ ၃ ခုထဲက ဘာလုပ်လုပ် ချမ်းသာနိုင်တယ်။

ထောင်တန်တဲ့ စကား

ဆယ်တန်း စာမေးပွဲ အဖြေလွှာကို စစ်ခွင့်ရလို့ စစ်ရင် စာတစ်အုပ် စစ်ဆေးခ ငွေတစ်ကျပ်ရတယ်။ တစ်နှစ်မှာ သမိုင်းမေးခွန်းပေါက်တယ်။ ဆိုင်ရာ ပါမောက္ခကို မသင်္ကာပါ။ ငါ့ကို အုပ်တစ်ထောင် ဝေစုပေးပြီး "ဒီမှာ မေးခွန်းစာရွက်" လို့ ပါမောက္ခက ပေးတော့ "မေးခွန်းက စာမမစစ်မီကပဲ ရပြီး ဖြစ်ပါတယ်" လို့ ပြောလိုက်တယ်။ "ဒါဖြင့်လည်း မယူနဲ့တော့" လို့ ပြောပြီး ငွေတစ်ထောင်ဖိုး အဖြေစာအုပ်တွေကို မပေးတော့ပါ။

အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း

မန္တလေးရောက်တော့ ရွှေကိုင်းသား ဦးသောဘိတ (၅ ဇန်နဝါရီ ၁၉၁၂ - ၂၉ ဇွန် ၁၉၈၇)၊ လူထုဦးလှ (၁၉ ဇန်နဝါရီ ၁၉၁၀ - ၇ သြဂုတ် ၁၉၈၂)၊ ဒေါ်အမာ (၂၉ နိုဝင်ဘာ ၁၉၁၅ မွေး)၊ သိန်းနိုင်၊ စွမ်းရည်၊ သာနိုး ဆိုတဲ့ မိတ်ဆွေတွေက ငါနဲ့ ပါမောက္ခချုပ် ကျော်ရင်ကို သူတို့ သင်းပင်းဖြစ်တယ်လို့ ရွေးကောက်လိုက်ကြတယ်။ မန္တလေးသား လူအများကတော့ နှစ်ပေါင်း ၃၀ ကျော်လောက်ကပဲ ရောက်နေတဲ့ ဦးလှကိုတောင် မန္တလေးသား မခေါ်ပါ။ မအမာယောက်ျားလို့ပဲ သာမည လက်ခံထားတယ်။ တက္ကသိုလ်မောင်စောလွင်ကတော့ ငါ့ကို စိတ်မပျက်အောင် "သုံးခါလယ် အသယ်ဖြစ်" လို့ အားပေးပါတယ်။ ငါကတော့ မန္တလေးက ကောင်လေးတွေ ငါ့လိုပဲ ကတ်တီးကတ်ဖဲ့ မထီတရီပြောလာပြီလို့ ကျေနပ်ပါတယ်။ ...

ဒီလိုနဲ့ သုတေသနစာတမ်းအရေး ပိုသွက်လာတယ်။ မပြတ်ခရီးသွားလို့ ရေးစရာတွေလည်း တွေ့တွေ့လာတယ်။ သူငယ်ချင်း အာသာကျောင်း က "မင်း သုတေသနစာတမ်းရေးဖို့ ဘယ်က စားရိတ်ရသလဲ။ ဒီအပေါ်က ဝင်ငွေရှိသလား၊ ရာထူးတိုးသလား" ဆိုတာမျိုး စစ်ဆေးပါတယ်။ ငွေကုန်တယ်၊ ရာထူးတိုးဖို့ နေနေသာသာ ပြုတ်မှာတောင် စိုးရတယ်လို့ သူသိသွားတော့ နွားကျလိုက်တာလို့ ဖွင့်မပြောပေမယ့် ပြောသလိုပါပဲ။ သူက သမိုင်းသုတေသနဌာနမှာ ညွှန်ကြားရေးမှူးချုပ်။ နောက်တစ်ယောက်က မြန်မာနိုင်ငံသုတေသနအသင်းမှာ ဥက္ကဋ္ဌ ဦးတင်အုံး။ သူတို့ပြောတာလည်း မှန်ပေသားပဲ။ ငါကတော့ သုတေသန မလုပ်တဲ့လူတွေ သုတေသန အဖွဲ့အစည်းမှာ ခေါင်းဆောင်ဖြစ်ရင် အဲဒီအဖွဲ့အစည်း နစ်နာတာပေါ့လို့ပဲ သိတယ်။ ငါနဲ့မဆိုင်ပါဘူး။ အထက်မြန်မာနိုင်ငံ စာရေးဆရာသင်း၊ သုတေသနသင်းဆိုတာတွေ ပျက်သွားပေမယ့် ငါက စာရေးမပျက်။

လူထုဦးလှ

ဦးလှကို ငါတွေ့တွေ့ချင်း သူဟာ ငါ့အစ်ကိုလို့ ငါ့စိတ်ထဲမှာ ဖြစ်တယ်။ ဦးလှဟာ ဒါကို အသိအမှတ်ပြုပုံရတယ်။ အပိုစကား၊ လောကွတ်တွေ မပါပါ။ ငါလိုချင်တာကို သူ့ဆီက တိုက်ရိုက်တစ်ခါမျှ မတောင်းခံဖူးပါ။ ပေးရင်ယူတယ်၊ ကျွေးရင်စားတယ် ဆိုတဲ့ အဆင့်က ငါနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါလိုသမျှကို သူသိပြီးသား။ သူ လုပ်ပေးနိုင်သမျှ လုပ်ပေးပြီးသား။ အဲဒါကြောင့် ငါတောင်းခံဖို့မလိုဘူး။ ကျေးဇူးတင်စကား ပြောဖို့ မလိုဘူး။ ပြောလည်း မပြောမိဘူး။ အဲဒါတွေကို ထင်ရှားအောင် ဖော်ပြနိုင်တဲ့ သာဓကတွေ အများကြီး ရှိပါတယ်။


***
(ဒေါက်တာ သန်းထွန်း - ငါပြောချင်သမျှ ငါ့အကြောင်း စာအုပ်မှ ကောက်နုတ်ပါသည်)

***

Wednesday, July 21, 2010

ဒေါက်တာ သန်းထွန်း (၂)

ကျွန်တော်က ကျောင်းဆရာပါ။ ဒါပေမဲ့ ကျွန်တော့လုပ်ငန်းက စာရေးတာပါ။ နောက်ဆုံးတော့ လူ အတော်များများကလည်း ကျွန်တော့ကို စာရေးဆရာလို့ ထင်နေကြတယ်ပေါ့။ ထင်ကြတဲ့ အတူတူ ကျွန်တော် ဘယ်လို စာရေးဆရာဖြစ်သလဲဆိုရင် ဘယ်သူရေးတာတော့ မှားတယ်၊ ဘယ်သူရေးတာ လိုနေတယ်၊ မပြည့်စုံဘူး ဆိုပြီး ကလောင်နဲ့ ရန်သူမွေးတဲ့ စာရေးဆရာ ဖြစ်ပါတယ်။ အဲဒီဘက်က အောင်မြင်တယ်လို့ ထင်ပါတယ်။ တကယ်က စာဖတ်လို့ကောင်းအောင် ရေးနိုင်တဲ့ စာရေးဆရာ မဟုတ်ပါဘူး။ စာရေးဆရာစစ်စစ်က ဖတ်ကောင်းအောင် ရေးနိုင်တယ်။

ကျွန်တော်တို့ ရေးတဲ့စာဟာ ဖတ်မကောင်းတာ သေချာတယ်။ အဲဒါကြောင့် ကျွန်တော့စာအုပ်တစ်အုပ်ရဲ့ မျက်နှာဖုံးမှာ "ဒီစာအုပ် ဖတ်ကောင်းမယ်လို့ အာမ မခံ" လို့ ရေးခဲ့တယ်။ ဒါလောက်ပြောရင် ကျွန်တော် စာရေးဆရာကောင်း မဟုတ်ဘူး ဆိုတာ ထင်ရှားသွားပြီ။ ကျွန်တော်တို့ ရေးထားတဲ့ စာတွေက တမင် ကြိုးစားပြီး ကိုးရိုးကားယား ရေးတယ်လို့တောင် ထင်စရာရှိတယ်။ ဖတ်မကောင်းပါဘူး။

***
ကျမ်းကို ပုံနှိပ်ပြီးတဲ့နောက် အနှစ် 20 လောက် ကြာတဲ့အခါ ပြန်ပြီး စစ်ဆေးရတယ်။ ဖြည့်ရ တည်းဖြတ်ရတယ်။ ကျွန်တော် သုတေသန လုပ်သက် နှစ် 40 ရှိပြီဆိုတော့ အနှစ် 20 လောက်ရှိရင် ရေးပြီးသားတွေမှာ ပြင်စရာတွေ တွေ့ပါတယ်။ ဟိုတုန်းက ရှေးဟောင်းသုတေသနက မတူးရသေးလို့၊ ဒါမှမဟုတ် ဒီမှတ်တမ်းတွေ လူမတွေ့သေး၊ မဖတ်သေး၊ မကိုင်တွယ်ရသေးလို့၊ ဒီအကြောင်းအရာတွေကို မသိခဲ့လို့ အမြင်မှား၊ အထင်မှားတွေ ရှိတယ်။ အဲဒါတွေကို ပြန်ပြင်ရမှာကလည်း ကိုယ့်တာဝန်ပဲ။ ဒီတော့ ကျွန်တော်တို့ ရေးထားတာတွေကို ဘယ်တော့မှ လက်စသပ်လို့ ရပြီလို့ မပြောဝံ့သလောက်ပါပဲ။

ကိုယ်တိုင် ပြင်မသွားနိုင်တော့တဲ့အခါ တပည့်တွေ တာဝန်ဖြစ်သွားပြန်တယ်။ အသက်ကလေး တော်တော်ရလာတဲ့အခါ တပည့်တွေကို မှာရတယ်။ ငါမှားတာတွေ မင်းတို့ ပြင်လိုက် ဖြည့်လိုက်ကြပါ။ မှာတဲ့အတိုင်း ဘယ်နှယောက် လုပ်မယ်တော့ မသိ။ ဒါပေမဲ့ မှာခဲ့ရတာပဲ။ ဘာဖြစ်လို့ဆိုတော့ အခု ကိုယ့်အထက် ကိုယ့်ဆရာကြီးတွေ ကျွန်တော်တို့ကို ပြောပြသွားတာတွေမှာ ခုရလာတဲ့ အထောက်အထားတွေနဲ့ မဟပ်မိတာတွေ ရှိတယ်။

ရှေးဟောင်း သုတေသနကလည်း မတူးဖော်ရသေး၊ တချို့မှတ်တမ်းတွေလည်း မတွေ့သေးဘူးဆိုရင် သူတို့ရေးတဲ့ထဲ တချို့အကြောင်းအရာတွေ ဘယ်ပါနိုင်မလဲ။ ဒါတွေကို ကျွန်တော်က ဖြည့်တယ်။ ကျွန်တော်ပြောတာထဲ မပါတာကို ကျွန်တော့်တပည့်က နောင်အခါ ဖြည့်ရမှာပဲ။

ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဒီလိုပြောတာ တချို့က မလွန်ဘူးလား မေးတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ ဆရာရဲ့ အမှားကို ပြင်တယ်ဆိုတော့ လူသာမန်အနေနဲ့ မကြိုက်ဘူးပေါ့။ နဲနဲ အကဲပိုပြောတယ်လို့ ထင်နိုင်တယ်။ တချို့ကလည်း ဒီလူ သူ့ကိုယ်သူ သိပ်တော်တယ် ထင်နေတာလို့ ပြောသံလည်း ကြားဖူးတယ်။ ဆရာသမား လူကြီးမိဘ စော်ကားရင် မြေမြိုလိမ့်မယ်လို့လည်း ခြိမ်းခြောက်ပါတယ်။

ဒါပေမဲ့ ကျွန်တော် ခုန ပြောသလိုပဲ။ ကိုယ်တိုင်ရေးတာလည်း အနှစ် ၂၀ လောက် ကြာတဲ့အခါ ပြင်ရတာ ဖြည့်ရတာ ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ ရေးတဲ့စာကတော့ ဘယ်တော့မှ ရပ်နားလို့ မရဘူး။ ဆက်သွားနေမှာပဲ။

တခြားနိုင်ငံ၊ တခြား ဘာသာရပ်တွေကို သုတေသနလုပ်သူတွေလည်း ကျွန်တော်တို့လိုပါပဲ။ သူတို့ကိုယ်တိုင် ရေးခဲ့တဲ့ စာအုပ်တချို့က ပုံနှိပ်ပြီး စာအုပ်ဆိုင်က စင်ပေါ်ရောက်ရင်ပဲ ဒီစာအုပ်ဟာ ခေတ်နောက်ကျသွားပြီ။ ပုံနှိပ်နေရတဲ့ အချိန်ကာလမှာ ပေါ်လာတဲ့ နောက်ဆုံးအသိတွေ မပါနိုင်တော့ဘူးလို့ ဆိုလိုတယ်။ စာတမ်းတစ်ခု မြန်မြန်ရေးပြီး ဆက်ရ ဖြည့်ရ ပြင်ရပြန်တယ်။ ကျွန်တော်တို့ မြန်မာ့သမိုင်း သုတေသနမှာတော့ အသိသစ်က အခု ပြောသလောက် မြန်မြန် မပေါ်ပေါက်နိုင်လို့ နောက် အနှစ် ၂၀ ကြာရင် ပြန်ပြင်ရမယ်လို့ ပြောရတာပါ။ ပြီးတော့ ငါပြင်ချိန်မရလည်း ငါ့တပည့်တွေ တာဝန်ပေါ့လို့ ပြောရတာပါ။

***
ပညာဆိုတာက အမွေပေးလို့မရဘူး။ သင်ကြားပေးလို့တော့ ရတယ်။ ဒါပေမဲ့ လက်ခံသင်ယူတဲ့ လူရဲ့အရည်အချင်းက သိပ်အရေးကြီးတယ်။ ဆရာက အစတော်တယ် ဆိုပေမဲ့ တပည့်မတော်ရင် အဆုံးသတ်ညံ့မယ်။ ဆရာတွေက ဒီကောင်သိပ်တော်တယ် ငါ့တပည့်ကွလို့ ပြောတတ်ကြတယ်။ ကျွန်တော်ကတော့ ဒီကောင်တော်လို့ ငါ့ဆီမှာ လာ တပည့်ခံတာလို့ ပြောလေ့ရှိပါတယ်။

(ဒေါက်တာ သန်းထွန်း)

***
(သမိုင်းနှင့် စကားပြောခြင်း စာအုပ်မှ ကောက်နုတ်ပါသည်)


***

Tuesday, July 20, 2010

ဒေါက်တာ သန်းထွန်း


မေး။ ဆရာကြီး ဘဝမှာ လက်ကိုင်ထားတဲ့ ဘဝနေနည်းအယူအဆကို ပြောပေးပါ။

ဖြေ။ အတိုက်အခံရှိရင် ပျော်တယ်။ ကိုယ့်ထက် တန်ခိုးအရှိန်အဝါ သြဇာအာဏာရှိသူတွေနဲ့ ရင်ဆိုင်ဖြေရှင်းရတာ ပိုကြိုက်တယ်။ ဒါပေမဲ့ ကိုယ်က စတင်ပြီး အတိုက်အခံ ဆန့်ကျင်မှု မပြုပါ။ ရှုံးနိမ့်ရင်လည်း နစ်နာတယ်၊ ဝမ်းနည်းစရာလို့ မထင်ပါ။ ကျော်အောင် က "နှုတ်ကြောင့်သေမယ့် လူ" လို့ ပြောခဲ့တယ်။ လက်အောက်ငယ်သားကို မတိုက်ခိုက်ပါ။ မတူတဲ့ အယူအဆကြောင့် အပြစ်ပေး အရေးယူတာမျိုး မရှိပါ။ ကိစ္စရပ်တိုင်းကို ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဆုံးဖြတ်တယ်။ သြဇာအာဏာ အရှိန်အဝါ သက်ရောက်မှုကို မခံယူပါ။ တစ်စုံတစ်ယောက်က အကူအညီတောင်းခံလာတဲ့အထိ စောင့်ဆိုင်းမနေဘဲ မိမိကူညီဖို့ လိုအပ်တယ်ဆိုတာ သိရုံနဲ့ ချက်ချင်း ကူညီဆောင်ရွက်ပေးတတ်ပါတယ်။ လုပ်ငန်းခွင်မှာရော နေအိမ်မှာပါ ကိုယ်နဲ့ အတူနေသူများ ကိုယ့်ကြောင့် စိတ်ဆင်းရဲမှု မဖြစ်ရအောင် သတိပြုနေထိုင်ပါတယ်။

မေး။ ကျွန်တော်တို့ လူငယ်တွေအတွက် ဆရာကြီး လုပ်စေချင်တဲ့အလုပ်၊ အပြောချင်ဆုံးစကားရှိရင် ပြောပြစေချင်ပါတယ်။

ဖြေ။ မြန်မာဓမ္မသတ်မှာ အမျိုးသား ၁၆ နှစ်၊ အမျိုးသမီး ၁၅ နှစ်ပြည့်ရင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိနေပြီး၊ အိမ်ထောင်ပြုနိုင်တဲ့အရွယ်ရောက်ပြီလို့ ဆိုတယ်။ ဒါကြောင့် လူငယ်တွေကို လူတတ်ကြီးလုပ်ပြီး ဘာကို လုပ်စေချင်တယ်။ ဘာကို မလုပ်စေချင်ဘူး ပြောဖို့လိုမယ် မထင်ပါ။

ကျွန်တော် လူငယ်ဘဝမှာ H G Wells ရေးတဲ့ Work, Wealth and Happiness of Mankind, Science of Life နဲ့ နိုင်ငံရေးသမိုင်း၊ ခေတ်သမိုင်း၊ ခေတ်စီးပွားရေးသမိုင်း၊ ဆိုရှယ်လစ်အတွေးအခေါ်စတဲ့ သမိုင်းဆိုင်ရာ စာအုပ်တွေဖတ်ပြီး ဘဝလမ်းညွှန်အဖြစ် ခံယူခဲ့ပါတယ်။

လူငယ်ဟာ ပညာရှာအရွယ် ဖြစ်ပါတယ်။ အဲဒီမှာ တက္ကသိုလ်တစ်ခုတည်းသာလျှင် ပညာစခန်းမဟုတ်ပါဘူး။ အခြားပညာစခန်းတွေ ရှိပါတယ်။ လူငယ်တွေအတွက် တက္ကသိုလ်အလွတ် လေ့လာသင်ကြားစရာတွေ အများကြီး ရှိပါတယ်။ စစ်အတွင်း တက္ကသိုလ်ပိတ်ထားတော့ ကျွန်တော့ကို အဖေက ဘုန်းကြီးကျောင်းပို့ပြီး သဒ္ဒါ၊ သင်္ဂြိုဟ်၊ ဗေဒင် တခုခု သင်ခိုင်းလို့ ဗေဒင်သင်ခဲ့ဖူးတယ်။ သင်ခဲ့တော့ လိုအပ်ရင် သက်မွေးပညာအဖြစ် အသုံးချနိုင်တာပေါ့။

နိုင်ငံခြားမှာ အထက်တန်းအောင်တဲ့လူတိုင်း တက္ကသိုလ်ကို သွားကြတာ မဟုတ်ပါ။ အင်မတန် စာတော်သူတွေသာ တက္ကသိုလ်ဆက်တက်ကြတယ်။ လူနည်းစုပါ။ တကယ်တော် တကယ်တတ် တကယ်လုပ်ချင်သူတွေသာ တက်ကြတာပါ။ အများစုက လုပ်ငန်းခွင်ဝင်၊ အဆင့်ဆင့် လုပ်ငန်းခွင် သင်တန်းတက်၊ ကျွမ်းကျင်မှုအလိုက် ရာထူးတက်၊ အဆင့်မြင့် အရာရှိကြီးတွေ ဖြစ်သွားကြတာပါပဲ။

ကိုယ် ဖြစ်ချင်တာကို တကယ်သိပြီး၊ ဖြစ်နိုင်မယ့် နည်းလမ်းကို ရွေးချယ် လုပ်သွားရန်သာ ဖြစ်ပါတယ်။

***
(သမိုင်းနှင့် စကားပြောခြင်း စာအုပ်မှ ကောက်နုတ်ပါသည်)
ဖတ်နေရင်းနဲ့ အရမ်းကို ကြိုက်လာလို့ ဖတ်လို့ မပြီးခင် ရိုက်တင်လိုက်သည်။

Monday, July 19, 2010

Hero

လွတ်လပ်ရေးမရခင်က လွတ်လပ်ရေးရပြီးရင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းကြဖို့အကြောင်းကိုပြောတော့ သူက ပြောသည် တဲ့။

"တိုက်တုန်းက အတူတူတိုက်လာခဲ့ကြပြီး လွတ်လပ်ရေးရမှ ကျွန်တော်တို့က ဒီလို လုပ်ရင် ကျွန်တော်တို့ ခွေးဖြစ်သွားမှာပေါ့။ ဒီကိစ္စ ဆရာတို့ဘာသာ (သခင်မြတို့ကို ပြောတာလို့ ထင်သည်) လုပ်ရင်လုပ်၊ ကျွန်တော်မပါဘူး"

***
မှတ်ချက်။ ကိုယ်ကတော့ ဒီအချက်ကို နံပြားထက် စွဲပါသည်။

ဘာလို့ဆို အထက်က စကားက သူ ဘယ်လိုလူ ဆိုတဲ့ အရာများစွာကို အဲဒီတစ်ခွန်းနဲ့ ပြလိုက်နိုင်သည် ဟု ယူဆမိ၍ ဖြစ်သည်။ ဘာဖြစ်လို့များ သူများတကာ နံပြား၊ နံပြား ဖြစ်နေတဲ့ အချိန်မှာ ကိုယ်က အဲဒီနံပြားကို စွဲလို့ မရတာလဲလို့တော့ စဉ်းစားမိဖူးသည်။ အလကားနေရင်း ကန့်လန့်တွေးချင်နေများလား ဘာလားနှင့်။

တကယ်တော့ မဟုတ်။
ကိုယ့်ဇနီးကို ဘာလေးတော့ဖြင့် စားချင်သည် လို့ ပူဆာပုံမျိုးကတော့ လူတိုင်းလိုလို ရိုးသားနိုင်သည် ဟု ခံစားမိသောကြောင့်ဖြစ်နိုင်သည်။ ဟိုလူကြီးလည်း ပူဆာနိုင်သည်။ ဒီလူကြီးလည်း ပူဆာနိုင်သည်။ ထို့ထက်ပို၍ ကိုယ်ရေးကိုယ်တာ ဆန်လွန်းသည်။

***
တကယ်တော့ နိုင်ငံမှာ ဗုဒ္ဓဘာသာဝင် အများစုမို့ နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာလို့ ပြဋ္ဌာန်းရပါသည် ဟု ဆိုလိုက်လျှင်လည်း ကျန်သည့် ဘာသာဝင်အနည်းစုတို့က ကြီးကြီးကျယ်ကျယ် ကန့်ကွက်စရာ အကြောင်းရှိလာလိမ့်မည် မထင်ပါ။ သို့သော် မလုပ်ဘူး ဟု ပြတ်ပြတ်သားသား ဆိုခဲ့သည်။

ထိုစကားတွင် အရာအားလုံး ပါသည်။

အဲဒါကို ကိုယ် သိပ်ကြိုက်သည်။ အလွန်ကြိုက်သည်။ သေလုမျောပါး ကြိုက်သည်။
(ထပ်ဆင့်မှတ်ချက်။ မကြိုက်တာတွေလည်း ရှိချင်ရှိဦးမည်)

နံပြားကိစ္စတော့ ခေါင်းထဲ သိပ်မရှိ။

***
တက္ကသိုလ်နေဝင်း - အောင်ဆန်းဦးတို့ အဖေ စာအုပ်မှ အချက်တစ်ခုကို ပြန်ရေးသည်။

***
ဖြည့်စွက်။ (12:58 PM)
ဒီစာဖတ်ပြီး စကတည်းက နံပြားကြိုက်သူများ မကြိုက်ဘဲ ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ပါ။
:D

***
ပြင်ဆင်ချက်

ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် အဆိုတင်သွင်းခဲ့တာ ဆရာကြီး သခင်မြ မဟုတ်ပါဘူး၊ ဆရာကြီး ဒီးဒုတ်ဦးဘချိုပါ။

သခင်မြလို ၀ါရင့် နိုင်ငံရေးခေါင်းဆောင်တစ်ယောက်က အဲလို စကားမျိုး လုံးဝ မပြောပါဘူး၊ သခင်မြဟာ အသက်ရှင်နေထိုင်ခဲ့တဲ့ သူ့သက်တမ်းတလျှောက် အမှားအကင်းဆုံး နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

ပြောလက်စနဲ့ ဆက်ပြောပါရစေ၊ ဆရာကြီးဒီးဒုတ် ဦးဘချို ဘာကြောင့် ဒီအဆိုကို တင်သွင်းခဲ့သလဲ ဆိုတာနဲ့ ပက်သက်ပြီး ဆရာကြီးကြေးမုံဦးသောင်းရဲ့ မှတ်တမ်းတွေထဲမှာ ရှာမတွေ့ပါဘူး။ ဆရာကြီး ဒီးဒုတ်ဦးဘချိုရဲ့ ဒီအဆိုနဲ့ ပက်သက်ပြီး လက်လှမ်းမှီရာ အဲဒီခေတ်က အနေအထားတွေကို ဖတ်ကြည့်တော့ ... ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ကြောင့် ရန်ကုန်နဲ့ မြို့ကြီးတော်တော်များများက မြန်မာနဲ့ တိုင်းရင်းသားတွေ ကျေးရွာတွေမှာ ရွေ့ပြောင်း နေထိုင်ခဲ့ပါတယ်။ စစ်မပြီးခင် ဗုံးကြဲမှု ရပ်တန့်ခဲ့ပါတယ်၊ အဲလိုလည်း ရပ်တန့်သွားရော ပိုင်ရှင်မဲ့နေတဲ့ အခန်းတွေ လူနေအိမ်တွေကို မြန်မာနိုင်ငံသား မဟုတ်တဲ့ တရုတ် ကုလားတွေ တက်နေကြပါတယ်၊ ပြဿနာဟာ ဖြေရှင်းဖို့ ခက်တော့ စစ်အပြီးပြန်ဝင်လာတဲ့ အဂ်လိပ်အစိုးရ ကိုယ်လက်ရှိရောက်နေတဲ့နေရာ ကိုယ်ပိုင်တယ်လို့ အမိန့်ထုတ်ခဲ့ပါတယ်။ တချို့ဆိုရင် နေရာစရာမဲ့ပြီး လမ်းဘေးရောက်ခဲ့ကြပါတယ်။ ဒါလို အဖြစ် တွေကို သနားတတ်တဲ့ ဆရာကြီး ဒီးဒုတ်ဦးဘချိုက ကရုဏာဒေါဒေါ အဆို တင်သွင်းခဲ့တာပါ၊ ဗုဒ္ဓဘာသာ မဟုတ်တဲ့ တခြား ဘာသာဝင်တွေအပေါ် မုန်းလို့ လုံးဝ မဟုတ်ပါဘူး၊ ဆရာကြီး ဒီးဒုတ်ဦးဘချို သက်ရှိထင်ရှား နေထိုင်ခဲ့တဲ့ ခေတ်တွေမှာ သူဟာ လူချစ်လူခင် အပေါများဆုံး ပုဂ္ဂိုလ်တစ်ဦးပါ။

(ကိုအောင် ပျူနိုင်ငံ)

Thursday, July 15, 2010

ဂန္ထဝင် ငါးဟင်း

RITA: မမ :happy:

kom: ရီတာ တရားများထိုင်နေသလားလို့။ စနေတနဂ်နွေ တွေ ပျောက်နေလို့

RITA: သမီးကို ပြောတာလား

kom: ဟုတ်တယ်။ သမီးကိ ပြောတာ. အဖြူရောင်ဝတ်ထားတဲ့ သမီးနဲ့ လိုက်သွားတဲ့ ခွေဖြူဆီကနေကြားတာ

RITA: မကြာခင် အချိန်အတွင်းမှာ ငါးဟင်းကို ကြွားပါတော့မယ် DND

kom: ကြွားပါ ကြွားပါ။ ဘိုက်ဆာနေတာနဲ့ အတော်ဘဲ။ တို့တော့ဝက်သားလုံးကြော် မနေ့က ကြောထားတာကိုဆက်စားမှာ မစားရသေး။

RITA: တခါတည်း စားချင်စိတ် ပျောက်သွားစေရမယ်

kom: ထင်ပါတယ် သူများချက်တာလား ကိုယ်ချက်တာလားလှို

RITA: ခဏစောင့် ချစ်ချစ်ဆီ အရင် လှမ်းပို့လိုက်ဦးမယ် email နဲ့

myo: DND ကဘာလဲ :thinking:

kom:ိဒေ အန် နိုက်ဖြစ်မယ်။

RITA: DND = ဒန်တန့်ဒန် :td:

kom:ီဒီ တီ ဒီဖြစ်ရမှာ စာလုံးပေါင်းမှားနေတယ။့့်ပု့ ကိုဘ သူငယ်ချင်း.

RITA: ခဏလေး မေးလ်ပို့ပါရစေ

kom: ပု့်ပါ ပို့ပါ. စိတ်ကုန်သွားအောင်

RITA: kom: ပု့်ပါ ပို့ပါ. စိတ်ကုန်သွားအောင် ) :smile:

RITA: ပုံ (၁) )) နဲနဲတော့ သီးခံကြပါ။ ဖုန်းကင်မလာ မကောင်းလို့ပါ။

kom: ကလစ်ရင်ကောငးမလား မကောင်းလား

RITA: ပုံ (၂)

kom: စားပြီးမှ ဖွင်ရင် ကောင်းမာလား မစားခင်ဖွင်ရင်ကောင်းမလား။

RITA: ပုံ (၃)

RITA: ပုံ (၄) )) ဒါလေးက နဲနဲ ကပ်သွားလို့ ရေထည့်လိုက်တာ ခုနောက်ဆုံးပုံ

kom: ပထမဆုံးပုံကတော့စိတ်ပျက်ွယ်ဘဲ

RITA: ခုထိ မြည်းမကြည့်ရသေးဘူး။ ဘယ်လိုနေမှန်း မသိဘူး။

RITA: အိမ်ကလူတွေလဲ ငါးဟင်းတခါမှ မချက်ဘူး။ ချက်တော့ချက်တယ် ပင်နီဆူလာက ဗမာငါး။ ဒါနဲ့ ကိုယ်ဘာသာ ရမ်းတုတ်ထားတာ။

kom:ူးဒုတ်ယပုံကလဲ အိုးကသေးသေး ငါးက ကြီးကြီး အမြင်လချင်လို့ ငရုတ်သိးတွေ အတင်းဘဲ ငါးပေါ်တင်ထားတယ်။ စူးနွယ်လေးနဲ့များကွာပါ့။

RITA: ငရုတ်သီး မပါဘူး မမ။ ခရမ်းချဉ်သီး။ အစပ်မစား။

kom: သုံးက ငါးက ဖြူဖြူကြီးအတင်းဘဲ ငရုတ်သီးတွေါတင်ပြီးဖုံးထားတယ် သူ့ငါးကြီးက ရုပ်ဆိုးတာကိုး

RITA: သမီး ကြိုးစားပမ်းစား mini chopper နဲ့ မွှေပြီး ချက်ထားတာတောင် စိတ်ပျက်စရာ ကောင်းသေးသလား။

RITA: ဒါဆို ပို့မိတာ မှားပြီထင်တယ်ဖွင့် မကြည့်နဲ့ လို့ ပြောလိုက်ရမလား ဟင်။

Vista: ကိုယ်ထင်တာတော့ ငရုတ်သီးထဲကို ငါးအစိမ်းထည့်ထားတယ်မှတ်လို့  :fo:

RITA: ငရုတ်သီး မဟုတ်ပါဘူးဆို အတင်း ငရုတ်သီးနေကြပြန်ပြီ

kom: အမလေး လေး နောက်ဆုံးပုံက အဆိုးဆုံးဘဲေ၇ထည့်လိုက်တော့မှဖြူဖြူကြီးထွက်လာတယ် စားချင်စိတ်ကုန်အောင် ငါလိုကောင်တောင် မစားချင်ဘူး။ ကြောက်ပါပြီးအိမ်လည်မခေါ် ဟင်းချက်မကျွေးပါနဲ ယူမဲ့ယောကျားတော့ သနားမိသေးတယ။် သွပ်သွပ်

RITA: :fo:ငါးက စတည်းက သူ့ဘာသူ ဖြူနေတာ ဘယ်တတ်နိုင်မလဲ။ :smile: သေတော့မယ် ရီရလို့။ မချက်ခင် ကြော်လိုက်ဖို့လဲ သတိမရဘူး။ အကြာကြီးချက်တဲ့ထိ ဖြူနေတုန်း။

kom: အာရာ ဆီနဲ့လှမ့်လိုက်ရင်နီသွားမယ်ထင်တာဘဲ ကျက်မှ ကျက်ရဲ့လားမသိ. ။

RITA: အာရာဆီ ဆိုတာ ဘာလဲ။ သံလွင်ဆီတော့ ရှိတယ်။ ခရုဆီလဲ ဝယ်ထားတယ် ဖောက်တောင် မဖောက်ရသေးဘူး။ ဒီတသက် ဖောက်မှ ဖောက်ဖြစ်ပါ့မလား။

kom: မချက်ခင်ကြော်စရာမလိုပါဘူး အိုးထဲမှကျက်ရ် မနီသွားဘူးလား။ အာရာ......................... ဆိုတာ စိတ်ပျက်လက်ပျက်နဲ့ပြောတဲ့ အာမေနိုက် ထုံ ရီတာ။

RITA: အော် အော် သဘောက်ပေါက်ပြီ။

Vista: ငါးအစိမ်းကို ဆားဆနွင်းမနယ်ထားဘူးလား။

RITA: ဆနွင်းမနယ်ပါဘူး နံကုန်မှာပေါ့။ ဆနွင်းကို ဆီသတ်တဲ့ထဲပဲ ထည့်တယ်။

kom: တို့က ခေါက်ဆြဲကြောစ်ားမလို့ ခရုဆီ ဝယ်မလို့ ခရုဆိ ဆိုတာ တစ်သက်လုံးမယဝ်ဘူးလို့ ဘာမှ န်းမသိလို့မြိုးကို မေးတော့မလို့တော်ဘဲ ဘယ်မှာ ဘယိလို ဘယ်နာမည်နဲ့ဝယ်ရမလဲ။

RITA: :fo:မမနဲ့ ကိုယ်နဲ့ တူတူပဲ။ ဟိုနေ့က ntuc ကနေ ဉာဏ်ထွန်းကို ဖုန်းဆက်လှမ်းမေးရတယ်။ ခရုဆီက ဘယ်နှမျိုးတောင် ရှိတာလဲလို့ ဒီမှာ ခရုဆီလိုလိုဟာတွေ ငါ အများကြီး တွေ့နေတယ်လို့။ ဆရာက ကိုယ့် အထင်ကြီးပြီး brand တွေ အမျိုးမျိုးလို့ ပြောတယ် ထင်နေသေးတယ်။ (ဘယ်သူ့မှ ပြန်မပြောနဲ့လို့ ပိတ်ထားတာ။ ခုလို လူစုံတုန်း ကိုယ့်ဘာသာ ပြောချင်လို့)

kom: အရင်ဘလော့တုံးက ဟင်းချက်သေးတယ် မှတ်မီသေးလာ ပုစွန်ကြာ် လေ. ရီတာ မှတ်မိလား. တို့ထင်တာဘဲ ပုဏွန်ကြောမဟုတ်လား.

RITA: တကယ်တော့ oyster လို့တော့ သိပါတယ်။ အနီးမှာ abalone တွေ့တော့ အဲဒါကလဲ ခပ်ဆင်ဆင်ဆိုတော့ ရောသွားတာ

kom: Oyster sauce ကျေးဇူး ဗစ် တစ်ကယ် ဝယ်မလို့ ဘယ်လိုပြောရမှန်းမသိတာနြ့ပြန်လာတာ။

mon: ခရုပုံပါပါတယ်လေမမ

RITA: တော်သေးတယ် မမ snail sauce လို့ မပြောခဲ့တာ။

Vista: snail sauce :fo:

kom: snail ဆိုတာဘာမှန်းမှ မသိတာ စိတ်ချ မပြောပါဘူး။

mon: မမ အရွက်ကြော်ရင် ခရုဆီနဲ့ ငံပြာရည်လေးနဲနဲထဲ့ကြော်လေ စားလို့အရမ်းကောင်းတယ်

RITA: အမယ် ဆရာကြီး မလုပ်ပါနဲ့ သိတယ် :fo:

kom: ခေါက်ဆွဲကြော်စားမယ် ခရုဆီယဝ်ပြီးရင်. မြိုး. အရင်ကြော်ပြီးဖဘ မှာပြပါ. လိုက်ကြော်ကြည့်မယ။်

mon: ခေါက်ဆွဲကြော်ထဲတော့ ထဲ့တာမကြားဖူုးဘူးမမ

kom: ဟမ်. မထည့်ဘူးလာဒ

mon: အရွက်ကြော်မှာပဲထဲ့တာလေမမမ။ ချက်တတ်တဲ့လူမေးကြည့်ပါအုံး

kom: မမ တွေများနေပြီ မွန်.

RITA: ငါးဟင်းကို ဖွင့်မကြည့်နဲ့။ ကြည့်ရင်လဲ စားပြီးမှ ကြည့်လို့ နောက်က စာထပ်ပို့လိုက်တယ်။ ရေချိုးလိုက်ဦးမယ်။ :bath:

kom: ဘယ်မှီတော့မလဲ ရီတာရယ်။

RITA: kom: ဟုတ်တယ်။ သမီးကိ ပြောတာ. အဖြူရောင်ဝတ်ထားတဲ့ သမီးနဲ့ လိုက်သွားတဲ့ ခွေဖြူဆီကနေကြားတာ )) ဟမ် ဒါကို ခုနက မမြင်ဘူး။ သတင်းက မြန်လှချည်လား။ နောက်ကနေ လိုက်ချောင်းနေသလိုပဲ။ အဖြူရောင်ဝတ်တာပါ သိသွားပြန်ပြီ။

kom: သိတယ်လေ သိတယ် မြိုးလဲသတယ် စင်စက်လဲသိတယ် ပေါက်လဲသိတယ်။ ကိုဘလဲသိတယ်။

myo: သိတယ်လေ လူတိုင်းသိတဲ့ကိစ္စ

RITA: တမင် ဘယ်သူမှ မသိအောင် ဖုံးထားတာ။ တော်ကြာ ပွဲတွေ ဆက်နေမှာ စိုးလို့

s: အမလေး.. အမေရေ.. ဘြာီ့းလဲ http://1.bp.blogspot.com/_lEJ07R3uIL0/TD3ES0uKjlI/AAAAAAAAB7A/jmkl7eaaZlo/s1600/140720101656.jpg

ဘာကြီးလဲ။ ပုံကိုကြောနေတာ :respect:

RITA: :td:<< မမစင် (လက်တွဲသင်ပြမယ် မရှိဘူး)

kom: နောက်ဆုံးပုံကလေးကိုဖွင့်လိုက်ပါဦးစင်စင် ..စိတ်ပျက်လက်ပျက်ပြောသည်။

RITA: သူ့ဘာသာ ငါးက အသားဖြူနေတာ ဘယ်တတ်နိုင်မလဲ။ ကျက်ရင် ပြီးတာပဲ မဟုတ်ဘူးလား။

s: အောင်မလေ.. သင်တာတောင် လက်တွဲသင်ရမတဲ့ တော်ေ၇း.. :smile:

kom: ဘယ်နယ်လုပ်ကြမတုံ.း.သူက ခူးပြီါ်ခပ်ပြီးသားလိုချင်တာတဲ့ ။

RITA: ဟုတ်တယ် ဟိုတယောက်က ဟိုဟာလုပ်လိုက် ဒီတယောက်က ဒီဟာလုပ်လိုက်ပဲ လုပ်ချင်တာ။

s: 2 ပုံကြည့်ပြီးပြီ မမရေ :smile: :fo:

myo: နောက်ဆုံးပုံကို အသက်အောင့်နှိပ်လိုက်

kom: စိုင်းထီးဆိုင်ကိုကြည့်ချင်ရင် မျက်စိမှေးကြည့်ရသလို သှူုငါးက လည်းမျှက်စိမှီတ်ပြီးစားမှသာလျှင် စားနိုင်မဲ့အခြေအနေမှာရှီတယ။် ဒါတောင်မြည်းမက်ြည့ရသေးဘူးဆိုဘဲ . အရမ်းစိတ်ညစ်နေသူ

s: မမ..အဲ့ထက်ပိုရီလို့ ရတဲ့ အရုပ် မရှိတော့ဘူးလား.. နောက်ဆုံးပုံ ခုပဲ ကြည့်ပြီးပြီ

RITA: I remembered one of my friend's first Pork Curry. One side is white, another side is reddish brown. :) You don't need to ask other's opinion, you yourself can taste that curry. How is the taste ? )) သူငယ်ချင်းတွေကိုပါ Bcc နဲ့ ပို့လိုက်လို့။ ဉာဏ်ထွန်းဆီက ပြန်စာ။ အားပေးကြတယ် :fo:

s: မလုလုတို့ နောင်သူတို့ တောင် ဒီလို ချက်တတ်တာ မဟုတ်ဘူး.. နှစ်ရောင်ခြယ်ငါး

RITA: ငါ ခုထိ မမြည်းကြည့်ရသေးဘူး။ မမြည်းရဲသေးလို့။ )) သူ့ကို ကိုယ်က ပြန်တဲ့စာ။ hee hee

s: သူတို့ ချက်ရင် အနီတစ်ရောင်ထဲရယ် .. ခုက အဖြူရော အနီရော :smile:

RITA: အာာာာ တရောင်တည်းပါ အဖြူတခုတည်း ကျန်တာက ခရမ်းချဉ်သီး အုပ်ထားတာ။

kom: စားသောက်ဆိုင်ထဲသို့လူတစ်ယောက်ဝင်လာသည်။ ကြက်ဥတစ်လုံးကို တခြမ်းက ကျက် တစ်ချမ်းက တူး. တစ်ဘက်ကကျက်တစ်ကျက်ကြော်ပေးပါဗျာ. ဟမ်. ဘာဖြစိလို့လဲ .................အိမ်က မိန်းမကို သတိရလို့ပါ ခရီးထွက်လာတာနဲနဲကြာလာပြီဆိုတော့...........

RITA: :) be confident. This is your first anyway. So don't expect much, and you'll be ok. )) စာ ပြန်လာပြန်တယ် ဉာဏ်ထွန်းဆီကပဲ။ ဒါမှ တို့သူငယ်ချင်း :happy:

s: သူ့ငါးကြီး ဖြူနေတာ ဖုံးချင်လို့ကြက်သွန်ဆီသတ်တွေနဲ့ ဖုံးထားတာကို ရီချင်တာ :fo:

RITA: ဘယ်ကလာ ဖုန်းရမှာတုန်း။ ငါးဖြူတာ ပုံမှန်လို့ ထင်နေတာ အပေါ်မှာ တင်ထားတာက အဲဒီက အရသာလေးတွေ ဝင်လာအောင်လို့

kom: you'll be ok. တဲ့ သူတို့ကေ မှာလို့ပြောတာမဟုတ်ဘူး နင့်ငါး နင်ဘဲစား ငါတို့မစားဘူးဆိုတဲ့သဘော.

s: ဒါ အချစ်ဥင်္ီးလေးလား... ဖြစ်တတ်ပါတယ်လေ... ကျိတ်မှိတ်မြိဲုချကြည့်လိုက်ပါ။

kom: တို့တော့ မမြိုနိုင်ပါဘူး. ဘာဘဲဖြစ်ဖြစ် ရီတာဘဲ စား. အိုကေမှာပါ. (ပုံ ထပ်အားပေးနေသူ) remember rita ::::::::::::::::>> you'll be ok you'll be okyou'll be ok not we

myo: စားကောင်းမယ့်ပုံပါ ငါးကို ဆနွင်းမနယ်ဘူးလား ရီတာ။ ဆား ဆနွင်းအရင်နယ်ထားလိုက်ရင် အရောင်တမျိုးဖြစ်သွားမယ်ထင်တယ်။ (မျိုးတစ်ယောက်ပဲ အားပေးဖော်ရတယ်)

RITA: ဆနွင်းက အစိမ်းနယ်ရင် နံမှာပေါ့လို့

myo: မနံအောင် နယ်ရတာလေ :td:

RITA: myo: မနံအောင် နယ်ရတာလေ :td: )) ဆနွင်းနံ့ကြီးက နံမယ် မဟုတ်ဘူးလားလို့

s: စပါးလုံးတစ်ထောက်အလှကို မကြည့်ပါနဲ့.. အရသာ က လျှာလည်ရင်လည်နေမှာပါ.. (လျှာက ဘယ်လိုခံစားရမှန်းမသိလို့ ညက်စိလည်သွားတာ) ရီတာ့ပုံတွေ ဝင်းဒိုးတစ်ခုစီနဲက အကုန်ဖွင့်ထားတယ်...

myo: ဒါဆို ညှီလည်းညှီမယ်ထင်တယ်

kom: ဖြစ်နိုင်တယ် မကြားဘူးဘူးငါးကို ဘာနဲ့မှ မနယ်ဘဲ ချက်ရမယ်ဆိုတာ ဘယ်သူမှ လက်တွဲ မခေါ်ထားကြဘူးနဲ့တူတယ်။

RITA: နယ်တယ်လေ ဆား ငံပြာရည် ချိုမှုန့်

myo: ဆနွင်း သာနံကြေးဆို ဘယ်သူက ဆနွင်းထည့်ချက်နေတော့မလဲ ရီတာထုံရဲ့ :td:

RITA: ထည့်တယ်လေ ဆနွင်းကို ဆီသတ်ရင်

s: Rita ... u will b OK.. :P

mon: ကြည့်စမ်းပါအုံးရီတာ့ကို ပြောနေလိုက်ကြတာ ကိုယ်လဲ မစားနိုင်ပါဘူး ငါးဟင်းဖြူဖြူကြီး

s: ပုံဖွင့်ကြည့်ပြီးတော့ ချစ်ချစ်က အိမ်တွင့်မှုနဲ့ အချက်အပြုတ်သင်တန်းသွားတက်မယ်တဲ့

kom: ဂျင်းလေးပါ ထည့်လိုက်ရင်မကောင်းဘူးလားမျိုး ဆနွင်းဆိုတာ အသားမှာနယ့်ရတာ ငါတောင်သိသေးတယ်။

RITA: သားငါး အစိမ်းကို တခါမှ မနယ်ဘူး။ ချင်း၊ ကြက်သွန်ဖြူနီက အနှစ်လုပ်တဲ့ထဲ ပါပြီးသား။

myo: ပုစွန်တို့ ငါးတို့ ညှီနံ့ပြင်းတာတွေကို ဆား ဆနွင်းအရင်နယ်ထားတာ

RITA: တခါမှ အသားကို ဆနွင်းမနယ်။ ဆီပူလာရင် ဆနွင်းမှုန့်ဗူး ဖွင့်ထည့်လိုက်တယ် ဒါပဲ။

kom: ဘုးလိုက်မှောက်ကျသွားမှခက်မယ်။ (ပုံ မဆလာဘူးမှောက်အိုးထဲမှောက်ကျဖူးသူ) ရီတာ အရင် ကပုဖွန်ကြော်ထားတာချပြလိုက်စမ်းပါ. ဒီလောက်မဆိုးပါဘူ အခုဘာလို့လက်၇ည်ေတွေ ကျသွားတာလဲ

RITA: ပုစွန်ရယ် ငါးရယ် သမီးက မကြိုက်။ ခြေလေးချောင်းပဲ ကြိုက်တာ။ အဲဒါကြောင့် နှစ်ချီကြာမှ စင်ကာပူမှာ ငါးဟင်းစားဖို့ ကြံတာ။

s: မဆလာ အိုးထဲ မှောက်ကျ :smile:

kom: ဟာ မဆလာတွေအိုးထဲ့ ကနေ ပြန်ဆယ်ရတာ မလွယ်ဘူး။ များကြီး

RITA: ဒါကြောင့် ကိုမဆလာလို့အမည်တွင်သွားတာလား:fo:

Boyz: ရီတာကိုများ ဝိုင်းပြောလိုက်ကြတာ... ဘာမှ မကျန်တော့ဘူး။ စကားမစပ် ငါးက ဘာလို့ ဖြူနေရတာတုန်း...

myo: ဒါပေမယ့် ဒီက ရောင်းတဲ့ငါးတွေတော့ ဖြူဖြူကြီးတွေပါ။ ဆိုင်က ငါးဟင်းတွေကိုပြောတာ

kom: တို့လဲသိချင်နေတာဘဲ မဖြူအောင်ဘယ်လိုချက်ရမလဲလို့။

RITA: မသိဘူး ငါးကို မကျွမ်းကျင်။ ဒီမှာလည်း ငါးတခါမှ မစား။ ဖြူတာ ပုံမှန်လို့ပဲ ထင်နေတယ်။

Boyz: ခက်တာမှတ်လို့ ... တူးအောင် ကြော်လိုက်ရင် မည်းသွားမှာပဲ

myo: ဒီကပဲငံပြာရည်အနောက်တွေလောင်းထည့်လိုက်ပါလား မမ တော်တော်မည်းတယ် ဒီကရောင်းတာတွေ

RITA: အိမ်က ညီမလေး တစ်ယောက်ရဲ့ အမေကဆို သူ့သမီးတွေ ဘာမှ မလုပ်ခိုင်းဘူးတဲ့။ လုပ်တတ်ရင် ယောက်ျားတွေကို လုပ်ကျွေးနေရမယ်။ မလုပ်တတ်ရင် အိမ်ဖော်ခေါ်လို့ ပြောတယ်တဲ့။ ဒါပေမဲ့ သူ ဒီမှာ ချက်တော့ အဟုတ်ပဲ။ ကိုယ်ကျတော့ လှည့်ကို မကြည့်တာ အိမ်မှာတုန်းက။ ကိုယ်နဲ့ မဆိုင်သလိုပဲ။

kom: တို့ကလည်းသောက်ရေတောင်သူများက ခပ်ပေးတာ။

RITA: အိမ်မှာ ကော်ဖီတောင် ဖျော်မသောက်။ ဒါပေမဲ့ ရီးစားကိုတော့ ချက်ကျွေးမှာပါ။

kom: ရီတာချက်ပေမဲ့ ဟိုက ထွက်ပြေးမှာပါ။ n2 လဲ အဲသလိုဘဲပြောနေတာဘဲသွပ် သွပ်။

RITA: ထွက်ပြေးရင်တော့ ချက်မကျွေးတော့ဘူးပေါ့ :mt:

s: မောင်ကြီးပြန်လာလာချင်း ပြလိုက်ပြီ....

kom: ဘာပြောလဲ စိတ်ပုတ်ချက် ဝင်းဒိးုးတွေ သေချာဖွင့်ထားတာ ဒါကြောင့်ကိုး

s: ဟီးဟီး ....ဟင်းအနှစ်ထဲမှာ ငါးအစိမ်းရောထားတာလားတဲ့... ( သူတကယ်မသိလို့မေးတာ ) :fo:

RITA: :fo:

s: စွယ်တော်ရိပ်ပွဲတုံးက ပြဖူးတဲ့ ကလေးမ ချက်တာလို့ ဖွလိုက်တယ်.....သြော်.... တဲ့ :smile:

kom: စွယ်တော်ရိပ်ပ။ ၊?

s: သင်္ကြန်ပဒေသာကပွဲတုံးက တွေ့ဖူးလိုက်တယ် ... ဖဘ မှာ သမီး လက်မှတ်ပုံတွေတောင် တင်သေးတယ်လေ

myo: နာလည်းတွေ့လိုက်တယ် အဲ့နေ့က စင်စင့်ကိုတော့ မတွေ့မိဘူး။ အောက်ကအဖြူပေါ်မှာ အပေါ်က အဝါထပ်ဝတ်ထားတယ်။

RITA: ဟုတ်တယ် မျိုး။ အဲဒါ အိမ်ကလူတွေ ဝယ်ပေးတဲ့ အင်္ကျီ။

s: ဟုတ်တယ်... နောက်ဆုံးတင်တဲ့ပုံထဲကအင်းကျီနဲ့ တော်တော်တူတယ်။ အဆင်နဲ့ အရောင်ကြိုက်လို့ တစ်ဒါဇင် ယယ်ထားတာနေမှာပါလေ :fo:

RITA: ဟုတ်ပါဘူး အဲဒီ တထည်ပါပဲ။ ဘောင်းဘီပဲ ပြောင်းသွားတာ။

myo: ဟုတ်တယ် ခုပဲသွားကြည့်လိုက်တယ် ဟိုနေ့က ဂျင်းဘောင်းဘီရှည်

RITA: ရေချိုးတော့မယ်။ :bath:

Saturday, July 3, 2010

သေကြောင်းကြံသူများ

ဒီရက်ပိုင်း မအားတဲ့ကြားက ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့လူတွေအကြောင်း တွေးနေမိတယ်။
လေးလေးပင်ပင် ထိုင်းထိုင်းမှိုင်းမှိုင်းတွေ မဖြစ်ချင်ရင်တော့ ဆက်မဖတ်ပါနဲ့။ ခေါင်းစဉ်ကို တိုက်ရိုက် မသုံးဘဲ၊ သွယ်ဝိုက်တဲ့ စကားလုံး ရှာဦးမလို့ပါပဲ။ ဒါပေမဲ့ ဒီလို အကြောင်းအရာမျိုးကို မဖတ်ဘဲနေချင်သူတွေ ရှောင်နိုင်အောင် post မှာ ဘာပါမလဲ ဆိုတာကို သိသာစေတဲ့ ခေါင်းစဉ်မျိုးပဲ ရွေးလိုက်ပါတယ်။

Winter Sonata
က ဒုတိယမင်းသား လောလောလတ်လတ် ဒီနည်းလမ်းကို သုံးသွားတဲ့ သတင်းကြောင့် စတွေးမိတာပါ။ အဲဒီကားနဲ့ အဲဒီမင်းသားကို သေချာသိထားခဲ့တော့ ပိုလို့ ခေါင်းထဲရောက်လာတယ်။ သူ့ပရိသတ်တော့လည်း မဟုတ်ပါဘူး။ ထားပါတော့။

ဒီကိစ္စနဲ့ ပတ်သတ်လို့ မှတ်မှတ်ထင်ထင် အတွေးထဲရောက်လာတာ ('92) ၆ တန်းလောက်ကပါ။ မြားနတ်မောင်မဂ္ဂဇင်းမှာပါတဲ့ လွန်းထားထား ရဲ့ ဝတ္ထုတို တစ်ပုဒ်က။ (အဲဒီတုန်းက သူ့ဝတ္ထုတွေ သိပ်လည်း မပြင်းထန်သေးဘူး) မဂ္ဂဇင်း အထူးထုတ်ထဲမှာ ပါခဲ့တာဖြစ်လို့၊ ဆိုခဲ့တဲ့ ဝတ္ထုတိုမှာ ဝတ္ထုနဲ့ ပတ်သတ်တဲ့ စာရေးသူရဲ့ အမြင်ကို ရေးထားတာပါ ပါတယ်။

သူက ဒီလို လူမျိုးတွေ နဲ့ အဲဒီလူတွေ ဒီလမ်းကြောင်းကို ဘာကြောင့် ရွေးချယ်ကြတာလဲ၊ ဒီလိုလုပ်ခါနီးအချိန်မှာ သူတို့စိတ်အခြေအနေ ဘယ်လိုရှိသလဲ ဆိုတာကိုလည်း စိတ်ဝင်စားတဲ့အပြင် သူနဲ့ နီးစပ်တဲ့ အသိမိတ်ဆွေအစ်မတစ်ယောက် ဒီလို ဖြစ်သွားတော့ အတော်စိတ်မကောင်းဖြစ်ပြီး အဲဒီဝတ္ထုတိုကို ရေးဖြစ်တယ်လို့ ဆိုတယ်။ အဲဒီအဖြစ်မျိုးကို သူ့မိတ်ဆွေအပေါ်မှာ မဖြစ်စေချင်လို့ ဇာတ်သိမ်းကိုတော့ တမျိုး လှည့်ထားပါတယ် ဆိုတယ်။ (သူ့ဝတ္ထုထဲက ဇာတ်ကောင်က အဲဒီအဖြစ် မရောက်ခင်မှာ လှည့်ထွက်လာနိုင်ခဲ့တဲ့ပုံ ရေးထားပါတယ်)

ဝတ္ထုတိုမှာ ပြောသွားတာလား၊ သူ့အမှာစာမှာ ပြောသွားတာလား မမှတ်မိပေမယ့် စိတ်ထဲမှာ ကျန်နေခဲ့တဲ့ အကြောင်းတစ်ခုတော့ရှိတယ်။ အဲဒါ "သူတို့တွေဟာ ကျန်ရစ်သူတွေကို (အထူးသဖြင့်ကတော့ သူတို့ကို ဒီလို အဖြစ်မျိုး ရွေးချယ်ဖို့ အကြောင်းဖန်လာစေသူကို ဖြစ်မှာပေါ့) သူတို့အဖြစ်အတွက် နောင်တရပြီး ကျန်ခဲ့စေချင်တဲ့ ဆန္ဒမျိုးရှိကြတယ်" ဆိုတာပါ။

***
နောက်တခေါက်ကတော့ ၁၀ တန်းအောင်ပြီးမှာ ဖတ်ရတဲ့ ကြည်အေး ရဲ့ "နွမ်းလျအိမ်ပြန်" မှာ။ ကိုယ့်ကိုယ်ကိုယ် ရေထဲဆင်း သေဖို့လို့ မြရာကုန်းချောင်းနား သွားသွားကြည့်နေပြီးမှ မအောင်မြင်ဘဲ ပြန်ပြန်လှည့်လာခဲ့တဲ့ တင်မေ။ အဲဒီထဲက အတွေးအရေးကလေး တစ်ခုတော့ စွဲနေတုန်းပဲ။ လူဟာ မသေခင်ခဏမှာတော့ ဘဝကို တွယ်တာတဲ့ ဇောနဲ့ ကြောက်လန့်ရုန်းကန်မိမှာပဲ... အဲဒီတခဏကို မာနနဲ့ ယှဉ်တွေးပြီး ရှက်နေမိလို့ ချောင်းထဲဆင်းဖို့ တွန့်ဆုတ်ခဲ့ရတယ် ဆိုတာ...

"တင်မေ ရေထဲ ကျသွားလျှင် ခုလိုပင် အသံမြည်၊ ရေပန်းစင်၊ ဂယက်ထ၊ မြုပ်ချီပေါ်ချီဖြစ်ကာ... နောက်ဆုံး နစ်ပြီး၍ သုံးလေးရက်ကြာသော်... ခုန ဇလပ်သီးလိုပင် ရေပေါ် ပေါလောပေါလော မျောလိုရာကို မျောရပေမည်။ တစ်ခုပဲ ကွာမည်။ မိမိက သက်ရှိသတ္တဝါဖြစ်၍ သေခြင်းနှင့် ရှင်ခြင်းကြားထဲက အလွန်တရာ သေးငယ်လှသည့် အချိန်ကလေးမှာ နောင်တတရား ဖြစ်ပေါ်ပြီး ကြောက်ရွံ့ရုန်းကန်မှု ရှိချင်ရှိလာမည်။ သည်တစ်ချိန်ကလေးကို မုန်းကာ သတ်သေဖို့ရာကို တင်မေ မာနကြီးခဲ့ခြင်း ဖြစ်လေသည်"

လူတစ်ယောက်ရဲ့ အဇ္ဈတ္တကို ပြဆိုတဲ့ အဲဒီ အတွေး နဲ့ အရေးဟာ ဘယ်လောက်များ အနုစိတ်လိုက်ပါလိမ့်။

***
နောက်တခေါက်ကတော့ တကယ့် အဖြစ်အပျက်ပါပဲ။

သူ့ကိုစသိတော့ ကိုယ်ကျောင်းမပြီးခင် တစ်နှစ်/ နှစ်နှစ်လောက်က ထင်ပါတယ်။ အတိအကျ မမှတ်မိတော့ဘူး။ ကိုယ့်အဒေါ်နဲ့ ဝန်ကြီးဌာနတူ။ သူက နယ်မှာ တာဝန်ကျရာကနေ၊ အခန်းချင်းကပ်ရပ်က ကိုယ်တို့ရဲ့ အသိတစ်ယောက်နဲ့ အတူတူ နိုင်ငံခြား သင်တန်းတစ်ခုသွားကြဖို့ ဖြစ်လာတော့ အိမ်မှာဝင်ထွက်ရင်း သိကြတာ။

သူ့အမျိုးသားနဲ့ သူနဲ့လည်း တကျောင်းတည်းထွက်၊ အမျိုးသားက တခြားဘက်က ရာထူးကြီးကြီးနဲ့။ ကလေး ၃ ယောက်လည်း ရှိတယ်။ သူ့အမျိုးသားက ကိုယ်တို့ နယ်ဘက်မှာ ငယ်ငယ်က နေခဲ့ဖူးတယ်ဆိုတယ်။ ကိုယ့် အဒေါ်ထက် ဂျူနီယာကျပေမယ့် အဒေါ်ကိုလည်း သိတယ် ဆိုတယ်။ ဒီလိုပဲ သူတို့ မသွားခင် ပြင်ကြ ဆင်ကြတာတွေနဲ့ အိမ်ကိုလည်း ဝင်ထွက် ဆွေမျိုးစပ် နေကြတာဆိုတော့ မှတ်မှတ်ထင်ထင်ပဲ။

နောက် ကိုယ် နောက်ဆုံးနှစ်မှာလား၊ ကျောင်းပြီးကာစလား မသိ။ သူ suicide လုပ်တဲ့ သတင်းကို ကြားရတယ်။ ဒီလိုကိစ္စနဲ့ ပတ်သတ်လို့ ပထမဆုံး နီးနီးစပ်စပ် ပတ်သတ် မြင်တွေ့ခဲ့ရတဲ့ထဲကဆိုတော့ ကြားကာစမှာ ရှော့ခ်တောင်ရချင်တယ်။ အကြောင်းရင်းကို သိတော့ ပိုဆိုးရောပဲ။ စက်ရုံမှာ သူတာဝန်ယူရတဲ့ အပိုင်းက စက်အသစ်တစ်ခု ပျက်စီးတာနဲ့ ဆိုင်တယ် ဆိုတယ်။

ကာယကံရှင်က လူကြီးတစ်ယောက်ဖြစ်တော့ ကျန်တဲ့ သတင်းတွေကို လူကြီးတွေဆီကပဲ တဆင့် သိခဲ့ရတယ်။ သိရသမျှမှာတော့ ပြဿနာကို ဒီလိုနည်းနဲ့ ဖြေရှင်းရလောက်တယ်လို့ ခုထိ မထင်မိဘူး။ ပြီးတော့ ကမ်မီကယ်နဲ့ ပြီးထားတဲ့သူ တစ်ယောက်၊ သုံးသွားတဲ့ ပစ္စည်းက ဆာလဖျူရစ်အက်ဆစ်။ ကလေးတွေ စာမေးပွဲ နီးချိန်မှာ။

ဘဝမှာ အတော် တုန်လှုပ်ခဲ့ရတဲ့ သတင်းပဲ။
ဗမာပြည်ရဲ့ အကောင်းဆုံးကျောင်းက ထွက်တဲ့သူတစ်ယောက်။ ဘာမဟုတ်တာလေးနဲ့။
စိတ်ရှိတိုင်းသာ ပြောရရင်တော့ တနွယ်ငင်တစင်ပါ ဖြစ်ကုန်တော့မှာပဲ။ (ကိုပေါ ပို့စ်တစ်ခုက comment တစ်ခုမှာ အဲဒီအကြောင်း စာဖတ်သူတစ်ယောက်က ပို့စ်နဲ့ ဆက်စပ်လို့ လာရေးသွားတာ ဖတ်ခဲ့ရဖူးတယ်)

အဲဒီလိုတွေ ကြားတိုင်းမှာ စိတ်မသက်မသာနဲ့ ကိုယ် အမြဲ စဉ်းစားမိတာ တစ်ခုရှိတယ်။
သူတို့ ဘာကြောင့် သက်တောင့် သက်သာနည်းကို မသုံးကြတာလဲ ဆိုတာ...
အဲဒီအခါ လွန်းထားထားရဲ့ ပြောသွားခဲ့တဲ့ msg က ဝင်လာတယ်။
"သူတို့က ကျန်ရစ်သူတွေကို သူတို့အဖြစ်နဲ့ ပတ်သတ်လို့ နောင်တရစေချင်တာ..."
တဲ့။
သက်သက်သာသာ ဖြစ်သွားပါတယ်လေ လို့တောင် ဖြေမတွေးစေချင်လောက်အောင် နောင်တရစေချင်ခဲ့တာများလား။

မဗေဒါ Park Yong Ha အကြောင်းရေးတော့ သူ့ဘလော့မှာ အထက်က လွန်းထားထားရဲ့ အဆိုကို မှတ်ချက်သွားရေးခဲ့သေးတယ်။ မဗေဒါ ပြန်ပြောတဲ့ အချက်မှာ "သူတို့အနေနဲ့ ကျန်ရစ်ခဲ့သူတွေရဲ့ စိတ်ကို ဆုံးဖြတ်လို့ မရနိုင်ဘူး" ဆိုတာရယ်၊ "သူတို့ သေချင်လောက်အောင် စိတ်ဓါတ်ကျနေချိန်မှာ ခံစားချက်မှန်သမျှကို ဖွင့်ဟပြောပြလို့ရနိုင်မယ့်သူ တစ်ယောက်ယောက် အနားမှာသာ ရှိနေခဲ့ရင် ဒီအဖြစ်မျိုး ဖြစ်ချင်မှ ဖြစ်လိမ့်မယ်" ဆိုတာရယ်ကို သဘောတူမိတယ်။

သွားနှင့်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တဲ့သူတွေရဲ့ "ကျန်ရစ်သူတွေကို သူတို့အဖြစ်နဲ့ ပတ်သတ်လို့ နောင်တရစေချင်တာ..." ဆိုတဲ့ စိတ်အနေအထားကိုလည်း ဖြစ်နိုင်တယ်လို့ ယူဆမိတယ်။ ဒါပေမဲ့ ဘယ်လောက် အဓိပ္ပါယ်မဲ့တဲ့ အတွေးပါလိမ့်။

***
မနှစ်ဆီက ကြည့်ဖြစ်တဲ့ Taxi Driver ကားကိုလည်း သတိရတယ်။
အဲဒီထဲက Robert Deniro ရဲ့ အပြုံးကို တော်တော်နဲ့ မျက်လုံးထဲက မထွက်ဘူး။ ပတ်ဝန်းကျင်နဲ့ တသီးတခြားဖြစ်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယူဆမှတ်ထင်နေတဲ့ လူတစ်ယောက်ရဲ့ ပြိုကွဲနေတဲ့ အပြုံးမျိုးကို သူ ဘယ်လိုများ ပြုံးတတ်ပါလိမ့်လို့ တွေးရင်း သူတို့ သရုပ်ဆောင်တဲ့ အတတ်ပညာကိုလည်း တုန်လှုပ်ချီးမွမ်းမိပါတယ်။ အဲဒီကားက ကိုယ်ကြိုက်လေ့ရှိတဲ့ ရုပ်ရှင်အမျိုးအစားလည်း မဟုတ်ပါဘူး။ ကြည့်ပြီး မကြိုက်ပေမယ့် မမေ့နိုင်ဘဲ သတိရနေတတ်တဲ့ အမျိုးအစားပါပဲ။

ကိုယ့်ဘာသာ လုပ်ကြံတယ် ဆိုတာ သေချင်လို့ ဆိုတာထက်
* သူတို့ ရှင်သန်ခဲ့တယ် ဆိုတဲ့အကြောင်း ပတ်ဝန်းကျင်ကို prove လုပ်ချင်တာ၊
* အသက်ရှင်စဉ်တုန်းက သူတို့ကို မေ့ထားတယ်လို့ သူတို့ထင်မြင်တဲ့ ပတ်ဝန်းကျင် (ဒါမှမဟုတ်) သူတို့ကို နာကျင်စေခဲ့တဲ့ ပတ်ဝန်းကျင်ကို သူတို့ ရှင်သန်ခဲ့တဲ့အကြောင်း ဂရုပြုမိစေချင်တာ၊
* တနည်းအားဖြင့် ရှင်စဉ်က ဂရုမစိုက်ခဲ့မိလေခြင်း၊ မှားလေခြင်းလို့ နောင်တပူပန်လို့ ကျန်နေခဲ့စေချင်တယ် ဆိုတာဟာ ကျန်ရစ်သူတွေအတွက် ဘယ်လောက် အဓိပ္ပါယ်မဲ့တဲ့ အတွေးဖြစ်ဖြစ် သူတို့ကတော့ အဲဒီလို တွေးသွားခဲ့မှာပဲလို့ လက်ခံမိတယ်။


***
အဖန်ငါးရာ ငါးကမ္ဘာ ဆိုတဲ့ ကိစ္စကိုတော့ ကိုယ့်အနေနဲ့ ယုံတယ်လည်း မဟုတ်၊ မယုံဘူးလည်း မဟုတ်တော့ ပြောစရာ မရှိလှပါဘူး။

ဒါပေမဲ့ လူရယ်လို့ ဖြစ်လာပြီဆိုရင် ဘယ်အရာမဆို ကောင်းဆိုး၊ နိမ့်မြင့်၊ တက်ကျ ဆန့်ကျင်ဘက်တွေကို ရောမွှေလို့ ရင်ဆိုင်ရတာပဲ ယူဆမိတော့... ငြင်းပယ်သူ ရှိရင် လက်ခံသူ ရှိမယ်။ မေ့လျော့သူရှိရင် သတိရအောက်မေ့သူ ရှိမယ်။ မုန်းသူ ရှိရင် ချစ်သူ ရှိမှာပဲ။

ဆိုတော့... သွားနှင့်သူတွေအနေနဲ့ ခံစားစေချင်သူတွေကို သူတို့ ခံစားစေချင်တဲ့အတိုင်း လုပ်သွားနိုင်တယ်ပဲ ထားပါတော့... တဖက်မှာ သူတို့ မခံစားစေချင်တဲ့သူတွေမှာလည်း သူတို့ မခံစားစေချင်တဲ့ပုံစံနဲ့ ခံစားနေရလိမ့်ဦးမယ် ဆိုတာကို မမေ့သင့်ဘူး။ ဥပမာ - ရန်သူတွေကို နာကျင်စေနိုင်ခဲ့တယ် ဆိုရင် မိတ်ဆွေတွေမှာလည်း ပူဆွေးနေရဦးမယ်။ ကိုယ်ချစ်ခင်ရသူတွေကို နောင်တရစေချင်တာဆိုရင်လည်း မုန်းတီးရသူတွေက ဝမ်းသာကြလိမ့်ဦးမယ်။

လဲဖို့ရာ မတန်ပါဘူး။

***
ဆက်မရေးချင်တော့ဘူး။

"(ယုံကြည်ရတဲ့ သူငယ်ချင်းက စိတ်ကျရောဂါကို ထိထိရောက်ရောက် ပျောက်စေနိုင်တယ် ထင်တာပဲ)

ဟုတ်တယ်။
အဲဒါကို ကိုယ်လည်း ယုံကြည်တယ်။
သူတို့ အဲလို ဖြစ်ခါနီးမှာ နွေးထွေးမှု တခုခု ယုံကြည်မှီခိုရာ တခုခုကို ရလိုက်ရင် သူတို့ အဲဒီလမ်းကြောင်းကနေ လွဲသွားမယ် လို့ ယူဆမိတယ်။"

(အဲဒါ မဗေဒါဆီမှာ ရေးဖြစ်ခဲ့တဲ့ comment ပါ)

***