Thursday, December 9, 2010

ရေအိုး

((KOM said: သောက်ရေအိုးပေါ်zif ခုထိုင်တာတော့မကောင်းပါဘူး နိုင်ငံခြားသားများက မေးခဲ့ရင်ဘယ်လိုရှင်းပြရမလဲ။။ ထွင်တာကတော့ထွင်ကြပါ. ဒါပေမဲ့ မြန်မာရိုးရာကို ထိပါးသလိုဘဲခံစားရပါတယ်။ အဲဒီထဲကရေက အမွန်တမြတတ်နဲ့ထားပြီးခတ်သောက်ရတဲ့ရေပါ။ ကြည့်လုပ်ကြပါဦး ပုံ ကြီးတော်ကြီး.))

***
နည်းနည်းဝင်ပြီး လျှာရှည်ပါရစေ။ =D

နေ့လည်က စီဘောက်မှာ တယောက်ပြောသွားသလိုပဲ။ ရေလောင်းအိမ်သာထဲမှာ ထည့်တာလည်း ဒီလိုအိုးမျိုးပါပဲ။ အရင်ကဆို နယ်တွေမှာ ထမင်းရည်ငှဲ့ချက်တော့... အဲလိုအိုးဟောင်းထဲမှာ ထမင်းရည်ကို ထည့်၊ ဝက်မွေးတဲ့လူတွေက လာသယ်တတ်တယ်။

နိုင်ငံခြားသားကတော့ ဘာမှ တွေးမယ်မထင်ပါဘူး။ ယေဘုယျ အသုံးအဆောင်ပစ္စည်းတစ်ခုကို အမွန်အမြတ်ဆိုတဲ့ စကားလုံးနဲ့ တွဲပြောမှသာ နားရှုပ်သွားရင်သွားမှာ။

ဒီလိုပါပဲ။ သစ်သားကနေ တံတားခင်းတော့ နင်းလျှောက်၊ ဆင်းတုတော်ထုတော့ ထိုင်ရှိခိုး။
အိုးထဲ သောက်ရေထည့်တော့ ခပ်သောက်၊ ထမင်းရည်ထည့်တော့ ဝက်စာ၊ အိမ်သာရေထည့်တော့ အိမ်သာရေအိုးပါပဲ။ တက်ထိုင်တော့ ထိုင်ခုံဖြစ်ရော။

အဲဒီပုံကို ကြည့်တာ ဘာဖီလင်ရလဲဆို တစ်ခုပဲ။
အောက်က အိုးများ မတော်လို့ ကွဲသွားရင် ဒုက္ခ။ =D

Ref: http://www.facebook.com/photo.php?fbid=472462599554&set=a.472458389554.261028.780329554

***

16 comments:

  1. Labels ကိုဖတ်ပီးတော့ အော်ရယ်မိလိုက်တယ်

    ReplyDelete
  2. i think the label is posted by the photographer. not the subject :)
    and i agree with Rita. what if the pot breaks. hehe

    ReplyDelete
  3. မရီတာဆီကဖတ်မိလို့ သွားကြည့်လိုက်မိတယ်... တစ်မျိုးတော့ခံစားလိုက်ရတယ်.. ကြီးတော်ကြီးလိုလဲ မဟုတ် မရီတာလို လဲ မဟုတ်...

    ကျနော်ဖြစ်စေချင်တာက အိုးနှုတ်ခမ်းပေါ် ထိုင်မယ့်အစား အိုးကိုမှောက်ပြီးထိုင်လိုက်ရင် မကောင်းဘူးလားလို့  (ဒါမှ ကွဲ မကွဲ ပြတ်သားတဲ့ အဖြေရမှာမဟုတ်လား :P)

    မှတ်ချက် ။ ... ။ နဲနဲ လည်း ကြည့် ကောင်းသွားမလားလို့  ပါ...

    ReplyDelete
  4. Labels ဆိုတာ ရီတာ့ ဘလော့က Labels ကိုပြောတာ ခွိ.. မစု က သဘောမပေါက်ဘူး

    ReplyDelete

  5. ဟီး
    တိဘာဘူး
    ပြောဒါးဘဲ
    တူမြားကနဲနဲဝေးဘာဒယ်လို.
    LOL
    မောင်ကိုကို. မရီတာကတော့လုတ်ပြီ

    ReplyDelete
  6. ရှရင်တော့ တွားဘာဘီဂျာ....။

    ReplyDelete
  7. ဒို့ရွာကအပျိုတွေ ရေခပ်ရင်း ဖုန်းကလဲပြော..ရှူကလဲပေါက်.. တခါထဲ ၃ လုပ့်ပြီးအောင်လုပ်နိုင်ကြပါပေ့..

    ReplyDelete
  8. ဒီပို့စ်ကအရေးသားဆိုတာထက်ကို သဘောတရားကိုကြိုက်တယ်ဆိုရမယ်
    မဗစ်စ်နဲ့သွားတူနေပြန်ပြီ
    လေဘယ်လ်တွေအများကြီးပဲလို့ ပြောမလို့ဟာ

    ReplyDelete
  9. အရင်ဖတ်ပြီးမှ ပုံကြည့်မိတာ။ ဘာပြောရမှန်း မသိဘူး။ တွေးတော့တွေးလိုက်တာပဲ။

    တလောက ကြည့်လိုက်ရတဲ့ ဘီဘာဟိန်းဆိုလား ကောင်မလေးဖင်လှုပ်ပြီးကတဲ့ အမ်တီဗီနောက်ခံကို ရွာတစ်ရွာက ဘုန်းကြီးကျောင်းနောက်ခံထားပြီး ရိုက်ထားတာ သွားသတိရတယ်။ ဒီလိုအဆိုအကနဲ့ သီချင်းဗွီဒီယိုနဲ့ ဘုန်းကြီးကျောင်းဆိုင်သလားပေါ့။ တစ်ခြားနေရာမှာ သွားရိုက်လို့ မရဘူးလားပေါ့... အဲလိုပဲ... တွေးလိုက်မိတယ်။

    ReplyDelete
  10. ဟီးဟီး ပို့စ် ဖတ်ပြီး ကောမန့် မလို့ဟာ... ကိုယ့် အတွေးကို ပီးနိုင်က ဦးသွားတယ်။ ဖုန်းပြောရင်း ရှူး ပေါက်နေတယ်လို့ တွေးမြင်မိသွားတာ ၀န်ခံတယ်... ဖိနပ်ကြီးကလဲ ခေတ်မီ ခုံဖိနပ်နဲ့ တူသကိုးးး ထွင်တာ တော့ ထွင်တာပေါ့ ဒါပေမယ့် အင်းးး အိုင်ဒီယာ အိုင်ဒီယာ...

    ReplyDelete
  11. ဟုတ်တယ်
    ဒီပို့စ်မှာ ပြောချင်တာကိုက အဲဒါ။

    ဒီပုံနဲ့ ပတ်သတ်လို့ အဓိပ္ပါယ်ကို ဘယ်လိုဖွင့်ဖွင့်၊ အတွေးကို ဘယ်လို ချဲ့ချဲ့ ခံစားချက်က "ရယ်မြူးစရာ" ဆိုတာလောက်နဲ့တင် ပြီးသွားတယ် ဆိုတာပဲ။

    =D

    ReplyDelete
  12. ဟား..ဟား..ဟား..
    ညီမလေးရယ်... ကြံကြံဖန်ဖန် ရေးလဲရေးတတ်ပါပေ့..။
    ဘယ်ကများအဲဒီပုံကို ရှာတွေ့လဲ?
    ပို့စ်ကိုဖတ်ပြီး အားပါးတရ ရယ်သွားပါတယ်ဗျာ...။

    ReplyDelete
  13. ဒါ မဖတ်ဖူးသေးဘူး..
    ပုံသွားမကြည့်ခင် လေဘယ်တွေ ဖတ်ပြီး အူတက်နေတယ်

    ReplyDelete
  14. btw အဲဒါ နဝရတ်ရဲ့ ညီမလေး။

    ReplyDelete