ကျွန်တော့်အမေက မနက် ကျွန်တော်ကော်ဖီသောက်တိုင်း ပြောလေ့ရှိတာကတော့ “မင်းဟာလေ ဘိုရူးပဲ၊ ကိုယ့်ကိုယ်ကို အင်္ဂလန်ပြန် ဘိုဆန်တယ်ဆိုပြီး ကော်ဖီကို သကြားမပါ၊ နို့မပါ၊ ဘာ အရသာမှမရှိဘဲ သောက်တတ်တယ်။ သိပ်ကြီးကျယ်မနေနဲ့၊ သကြားလေး၊ နို့လေး နည်းနည်း ထည့်သောက်စမ်းပါကွယ်။”
အဲဒီလို နေ့တိုင်းနီးပါး ကျွန်တော်ကော်ဖီသောက်တိုင်း ပြောလေ့ရှိပါတယ်။ အမေဟာ သေသာသွားတယ်။ ကျွန်တော် ဘလက်ကော်ဖီရဲ့အရသာကိုကြိုက်လို့ သကြား၊ နို့ မထည့်ဘဲသောက်တယ် ဆိုတာကို ယုံကြည်မသွားဘူး။ အနောက်တိုင်းဆန်တယ်လို့ အထင်ခံချင်လို့ ဘလက်ပဲ သောက်တယ်လို့ ထင်သွားရှာပါတယ်။
(ဒေါက်တာ ခင်မောင်ဝင်း - အသည်း/ "နိုင်ငံခြားဆိုတာ ဆောင်းပါးစုမှ")
***
ဟုတ်တော့ဟုတ်တယ်...။နိုင်ငံခြားကပြန်လာပြီး မြန်မာ
ReplyDeleteပြည်မှာ ဘောင်းဘီပဲ ဆက်ဝတ်နေမိရင် ဘူးယိုလို့ ကျိန်းသေ အပြောခံရမယ်..။ကိုယ်ကြိုက်မိတာ အပြစ်လား။
တမင်ကြီး ရေချမ်းချမ်းတခွက်ပေးပါ လုပ်တာမှမဟုတ်တာ။
ကိုယ်ကတော့ဘလက်ခ်မကြိုက်ဘူးရီတာရေ
ReplyDeleteဒီတခါတော့ဒီဘက်တံခါးကနေလာလည်သွားတယ်
ဇွန်က စလုံးရောက်ပြီးမှ ကော်ဖီမသောက်နိုင် ဖြစ်သွားတယ်။ အလုပ်က ဖိစိမှုးတွေများပြီး ကော်ဖီသောက်မိရင် ရင်တွေပိုတုန်လာလို့...နောက်ဆုံးတော့ မိုင်လိုနဲ့ အစားထိုးသောက်လိုက်ရတာ ခုချိန်ထိပါပဲ။ :D
ReplyDeleteဝမှာ စိုးလို့ဆီးချိုဖြစ်မှာစိုးလို့ သကြားမထည့်တာ နို့တော့ထည့်တယ် ခါးလိုက်တာ.
ReplyDeleteဘာဖြစ်လို့တင်တာလဲအဲသည်စာပိုဒ်။
ReplyDeleteတစ်ခွန်းဘဲမေးတာနော် နစ်ပိုဒ်ပြန်မဖြေရ။
ReplyDeleteကြိုက်လို့။
ReplyDeleteဘလက်ကော်ဖီကိုအတွေးရောပြီး
ReplyDeleteလာသောက်သွားပါတယ်ဗျာ..
ခုတလော ဘလက်ခ်ကော်ဖီပဲ သောက်မိတယ်။
ReplyDeleteခေါင်းပိုကြည်အောင်လို့..။
(creamerထည့်သောက်ရင် သွေးကြောအဆီပိတ်ရောဂါဖြစ်တတ်တယ်ဆိုပဲ..။)
နို့ ဆီမထည့်ဘူး သကြားတစ်တုံးထည့်ပီးသောက်ပါတယ် ..
ReplyDelete<3 coffee
ReplyDelete^_^
နိုင်ငံခြားမှာ နေတဲ့သူလို့ မြင်နေကြလို့လား မသိဘူး... ကိုယ်ပြောလိုက်တဲ့ စကားတချို့ကို ပြည်တွင်းက သူငယ်ချင်း တချို့က သိပ်ပြီး လက်မခံကြဘူး။ အပေါ်စီးကနေ မကြည့်ပါနဲ့လို့ ပြန်ပြောကြတယ်။ အပေါ်စီးက နှိမ်တဲ့သဘော ကြည့်တာမျိုး မဟုတ်ပါဘူး။ အပေါ်စီးက မြင်တဲ့သဘောကို ချပြမိတာမျိုးပါ။ ဒါပေမယ့် အမြင်တွေ ကွာနေတိုင်း ရန်သူလို သဘောထားကြတာ ခံရခက်တယ်။
ReplyDeleteမရီတာလဲ တင်ချင်သလိုသာတင်ပါ အတွေးတိမ်တဲ့ ငပိန်ကတော့....
ReplyDeleteကော်ဖီဆို နကြိုက်ပါဝူး..... (တိုက်ရင်လည်းသောက်ပါတယ်)
လက်ဖက်ရည်တော့ ကြိုက်တယ်...