Sunday, October 10, 2010

ဘီအိုဘီအို ဟု ခေါ်ပါသည်

Bo Bo 08/10/2010 at 10:44 Reply ဆရာတုတ်က နွားပလာတာကျွေးသကိုးဗျ ယောင်ယောင်အိုးတွေ အဖက်မလုပ်ပါနဲ့ဗျာ .. ကာလကုန်တယ် သွားပေါ့

zizawa 08/10/2010 at 11:06 Reply ကိုယ့်ညီ ပေးတဲ့ အကြံကိုတော့ ကျေးဇူးတင်ပါတယ်ဗျာ။ အိမ်က မိန်းမကလည်း အလားတူပြောဖူးတယ်။ ခုဘလော့နဲ့ ပတ်သက်လို့ မဟုတ်ပါဘူး။ တခြားဘလော့နဲ့ မဆိုင်တဲ့ အကြောင်းအရာနဲ့ပါ။ ပလာတာမစားတဲ့ နွားတွေအတွက်တော့ ဂျူံမစိုက်နဲ့တဲ့။

Bo Bo 08/10/2010 at 12:11 Reply ကျွတ်မုန်းဝင် ဖြစ်နေပါပီး) အလဲ့….. ရှာဖတ်မနေပေမဲ့ ဒီဘလော့မှာ ရေးထားတာတွေ့ရင်တော့ စိတ်ပါရင် ဝင်ပြောမိမယ့် အကြောင်းအရာပါပဲ ဆိုပါလား။

တောနမက အပီးသတ်မှာ ခင်ဗျားကပ်နှိပ်သွားသေးတယ်။ …
ဒီလိုနည်းနဲ့ တုန့်ပြန်တတ်တဲ့သူ (တကယ်ထင်တာ ကျွန်မထက်တောင် အများကြီး ပိုသေးတယ်ထင်တယ်) နောက်ထပ်ရှိသေးတယ်လို့ သိလိုက်ရလို့ ဖြစ်မယ်တဲ့။ ဟီး အဆော်ခံရတာ အနာဂါမ်တည်နေပီထင်တယ် ကျွတ်မှာတော့မဟုတ်ဘူး သရဲအရူးဆိုတာ။

သည်းခံသင့်မှ သည်းခံမည်လို့ ဘန်နာချိတ်မှဗျို့  နင့်ဖကလွှား ချာတူးတွေ ထုံးမမီစံမရတွေက အင်တာနက်ပေါ် လှိမ့်တက်လာလိုက်တာ။ ဒါပေမဲ့ သူ ခင်ဗျားတော့ ကြောက်ရှာပါတယ်။ ဒီလို တွေ့ရာလျှောက်ပွားနေတဲ့ ဈေးနွားကြီးကို ဆုံးမပေးလို့ သောက်မြင်ကပ်နေတာ ကြာပီဖြစ်သော အွန်လိုင်းသပ္ပူရိသများကိုယ်စား ရှဲရှဲပဲး)


***
ကိုယ်သိတာ မမှားဘူးဆိုရင်တော့ အဲဒါ လူထု မျိုးဆက် ပဲ။
ဘာရယ် မဟုတ်ပါဘူး။

သမိုင်းဖြတ်သန်းမှု မပြတ်တဲ့ အသိုင်းအဝိုင်းက မျိုးဆက်တစ်ယောက်ရဲ့ မျိုးရိုးဂုဏ်ကို upgrade လုပ်ထားတဲ့ စကားလုံးလေးတွေကို ကိုယ့် ဘလော့မှာ အမှတ်တရ မှတ်တမ်းတင်ထားလိုက်ချင်လို့။
=)

အလှူရေစက် လက်နဲ့မကွာတဲ့ လူမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဆွမ်းကြီးဝင်လောင်းတာ အတော်ဝါသနာပါပုံပဲ။

(နောက်ဆုံးမင်းနေပြည်တော်သားစစ်စစ်မို့ ဘိလပ်ရောက်သည့်တိုင် မြန်မာဆန်လွန်းတာကို ဖျောက်မရတာလည်း ဖြစ်နိုင်တယ်)

သာမန်လူဆိုရင်တော့ ကိုယ်နဲ့လည်း တိုက်ရိုက်ဖြစ်တာ မဟုတ်ဘဲ သူ့ဘာသာ ဘာပြောပြော ဒီဘလော့ပေါ် တင်ချင်မှ တင်မိမယ်။
ဆွေကြီးမျိုးကြီးထဲက လာပြောတာဆိုတော့လည်း သမိုင်းမှတ်တမ်း မပြတ်ရလေအောင် မှတ်တမ်းတင်ထားလိုက်ချင်လို့ပါ။

သူတပါးကိစ္စကို ကြည့်ပြီး၊ ဝင်ပြီး နှစ်ထောင်းအားရတွေ ဖြစ်ပြီး
လှိုက်လှိုက်လှဲလှဲ စကားလုံးတွေ ထွက်နေတဲ့ သူ့လိပ်ပြာထဲထိတော့ ကိုယ် ဝင်ကြည့်လို့ မရနိုင်ခဲ့ဘူး။ ဘေးကပဲ ကြည့်ခဲ့မိတယ်။

ပြီးတော့ ထုံးမမီစံမရ ချာတူးလန်သူတစ်ယောက်ကို ရက်ရက်ရောရော မှတ်ချက်ပေးရဲတဲ့ သူ့ရဲ့ ထုံးမီစံရ ဂန္ထဝင်မြောက်တဲ့ စိတ်ဓါတ်အတွက် သူနဲ့ သက်ဆိုင်သူတွေ သက်ရှိတွေရော၊ တမလွန်ကနေရော အပြတ် ဂုဏ်ယူနေမှာပဲလို့ တွေးမိပြန်ပါတယ်။ (အသက်ရှိစဉ်က ဒါမျိုးလုပ်ရပ် မကြုံလိုက်ရတာ ကံကောင်းလှပါရဲ့ဆိုပြီး...)

ဒီနေရာမှာ print screen ဖမ်းထားတဲ့ မူရင်း

***
ကြည့်ရတာတော့ သူ ဒါမျိုးစကားတွေ ပြောထွက်လိုက်တာနဲ့ ကိုယ် ကြောက်ပြီး ငြိမ်ဝပ်သွားမှာပဲလို့ တွေးပြီး ပီတိဖြစ်နေပုံရတယ်။ စကားဆိုတာ ပြောတဲ့သူကိုပဲ ပြဋ္ဌာန်းလို့ရတယ်။ အပြောခံရတဲ့သူကို ပြဋ္ဌာန်းလို့မရဘူး။ ... ဆိုတော့ သူ့ဘာသာသူတောင် မကြောက်မရွံ့ ပြဋ္ဌာန်းရဲ ပြောရဲသေးတာ ကိုယ်က အပြောခံရမှာ ဝင်ကြောက်နေလိမ့်မယ်ထင်ရင်တော့ ထင်တဲ့လူကို တခွန်းပဲ ပြောစရာရှိတယ်။

"လဲသေလိုက်"

ရန်ကို ရန်ချင်း မတုန့်နှင်းနဲ့ ဆိုတာ သဘောပေါက်ပေမယ့် သဘောပေါက်တာက တခြား လိုက်နာနိုင်တာက တခြားမို့ ဒီ post ကို ရေးတင်လိုက်တယ်။ ရေးနေတဲ့ တချိန်လုံးလည်း ပြုံး..... ပြီး ရေးခဲ့တယ်။ (ဖြစ်နေမယ့် ပုံစံကို မြင်ယောင်ပြီး ပြုံးတာ)

ချက်ချင်းလက်ငင်း အချိန်မဆိုင်းဘဲ ရေးထားတာ ဖြစ်ပေမယ့် အတည်ပြုဖို့ အချိန်တခုကို မဖြစ်မနေ စောင့်ရမှာမို့ အတော်ကိုသည်းညည်းခံ စောင့်လိုက်ရသေးလို့ ဒီနေ့မှပဲ တင်ရတယ်။

ထုံးမီစံရတဲ့ ပါးစပ်တစ်ပေါက်က စကားလုံးအကောင်းစားလေးတွေကို မှတ်တမ်းတင်လိုက်နိုင်တဲ့အတွက်တော့ ကျေနပ်စရာပဲ။ ဖြစ်နိုင်ရင် သူ့ ancestor များရှိရာ တမလွန်ထိတောင် ဒီ post ကို စာပို့ပြီး ဖတ်ခိုင်းလိုက်မိချင်သေးတယ်။
=)

***
အဲဒီ blog က အကြောင်းအရာမှာ မူရင်းရေးသူ ဘာပြောလို့ ကိုယ်ဘာပြောချင်တယ်။ ဆိုလိုရင်း ချော်တယ် မချော်တယ် ဆိုတာက ကဏ္ဍတစ်ခုပါပဲ။ အဲဒါကို ကာယကံရှင်နဲ့ ကိုယ်နဲ့ မေးလ်ကနေ ဆက်ဆွေးနွေးထားတယ်။ post က ကွန်မန့်မှာဆို ဆွမ်းကြီးဝင်လောင်းချင်တဲ့ မဟာဗမာတွေက များလွန်းလို့ ဆက်မရေးတာ။ ခုကျမှ ကောက်ကာငင်ခါဆိုသလို မူရင်းစာရေးသူရဲ့ ဆိုလိုရင်းကို အတင်းကြီးကို ဝင်ပြီး နားလည်ပါတယ်ဆိုတဲ့ လူတွေကလည်း များလာလွန်းလို့။

***
ရန်လုပ်တယ် ရမ်းတယ်လည်း မထင်ပါနဲ့။
မကျေမနပ်ဖြစ်တယ်လည်း မထင်ပါနဲ့။

သမိုင်းဖြတ်သန်းမှု မပြတ်တဲ့ အသိုင်းအဝိုင်း
ကဖြစ်လို့
မှတ်တမ်းတင်တာပါ။
တကယ်ကို ကျေနပ်ပါတယ်။

=)

***

22 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete
  3. @phyo

    ကိုယ်တောင် မသိဘူး

    ReplyDelete
  4. ဖဘမှာ သူ့နာမည်တွေ့နေတာ ကြာပြီ။ စိတ်မကောင်းစရာ ကိုယ့်အသိတစ်ယောက်နဲ့ အမျိုးတော်နေတယ်။
    မူရင်းပို့စ်ကို ရှာဖတ်ကြည့်လိုက်ဦးမယ်။

    ReplyDelete
  5. How could you sure say that name(Bo Bo )was Bo Bo Lann Sin? Even if he was Bo Bo Lann Sin, you should have not mentioned his old generations. That was totally inappropriate.

    ReplyDelete
  6. မရီတာရေ ဆူးတွေပါတဲ့ လှည်းပိုစ့်ကို ဖတ်တာနောက်ကျလို့ အမပိုစ့်အသစ်တင်ပြီးမှပဲ မန့်လိုက်ရတယ်။ ဆူးနဲ့ပတ်သက်တဲ့ ကဗျာလေးဖတ်မိပြီး ဘာရယ်မဟုတ်ဘူး။ ၇တန်းတုန်းက ငါသေရင်တောင် ငါးဇင်ရိုင်းလို ဆူးတောင်ကားပြီးသေမယ်ကွဆိုတဲ့ သူငယ်ချင်းတယောက်ကို နောက်ပြောင်ပြီး စပ်ခဲ့ဘူးတဲ့ ခပ်ပေါပေါ ခပ်ညံ့ညံ့ ကဗျာလေးပါ..နောက်ဆုံးက ငါရယ်ချင်ဆိုတဲ့ ဆိုတဲ့ နေရာမှာ အဲ့ဒီတုန်းက အို...ဆူးရှင်။ ဆိုပြီးရေးခဲ့တာ။ ခုတော့ တိုက်ဆိုင်သွားမှာဆိုးလို့ ပြောင်းရေးလိုက်တယ်။

    ReplyDelete
  7. @ nar

    ဟုတ် မဟုတ် ဆိုတာ အရင်ဆုံး သေချာ confirm နေရလို့ ဒီနေ့မှ တင်ရတာပါ။

    လူတစ်ယောက်ကို မကျေနပ်တာနဲ့၊ ဒီလို လုပ်ရပ်မျိုး သူလုပ်တာနဲ့ တခြား မဆိုင်သူ (သူနဲ့ သက်ဆိုင်တဲ့ အသိုင်းအဝိုင်း) ကို ထိခိုက်ဆွဲထည့် ပြောတာမျိုးကို ကိုယ်လည်း မနှစ်သက်ပါဘူး။ nar ဒီလို လာမေးတာကို ကျေးဇူးတင်ပါတယ်။ ဒါကြောင့်မို့ ဒီလိုပြန်ရေးလို့ ရတာဖြစ်လို့ပါ။ လူတစ်ယောက်ရဲ့ အမူအကျင့်ကနေ သူဆင်းသက်လာတဲ့ တဆွေလုံး တမျိုးလုံးကို တန်ဖိုးဖြတ်တဲ့အကျင့် ကိုယ့်မှာ မရှိအောင် သတိကြပ်ကြပ်ထားပါတယ်။ အရင်ပို့စ်မှာတောင် ကွန်မန့်ရေးသူတစ်ယောက် ဒီလို ဆွဲထည့် ထိခိုက်စေလို့ ကိုယ် ပြန်ရေးခဲ့ရသေးတယ်။

    ခုလည်း မဆိုင်သူတွေကို ထိပါးစော်ကားတဲ့ စကားလုံးမျိုး မပါအောင် ကိုယ်သတိထားရေးပါတယ်။

    ဒီ post ကို လက်တုန့်ပြန်တဲ့ post လို့ ပြောမယ်ဆို ပြောနိုင်တယ်။ ဒါပေမဲ့ သူ့ကိုတောင်မှ ထိပါးစော်ကားတဲ့ ရင့်ရင့်သီးသီး စကားလုံး မပါအောင် အထူး သတိထားခဲ့တယ်။

    သွားလေသူတွေကိုရော၊ ရှိနေသေးသူတွေကိုရော ထိခိုက်လိုတဲ့စိတ် မရှိပါဘူး။ ဘာလို့ သူ့ ဆင်းသက်လာရာကို ဖော်ပြသလဲဆိုတာကတော့ ရှင်းပါတယ်။

    ဒီလိုလူမျိုးမို့ကို ကိုယ်က အရေးတယူ ကိုယ့် ဘလော့ပေါ်တင်တာဖြစ်လို့ပါ။ အဲဒီဘလော့မှာ ဘလော့ပိုင်ရှင် အပါအဝင် ကိုယ့်ကို ဆွမ်းကြီးဝင်လောင်းတဲ့ လူတွေ နောက်ထပ် ရှိနေတာပဲ။

    ဘလော့ပိုင်ရှင်ကတော့ ကိုယ်နဲ့ တိုက်ရိုက်ပြောရမယ့်သူ ဖြစ်တာမို့ မေးလ်ကနေပဲ တိုက်ရိုက်ပြောတယ်။ ကျန်တဲ့လူတွေ ကိုယ်နဲ့လည်း မသိ၊ ကိုယ်လည်း သူတို့ တိုက်ရိုက်စကားဆိုစရာမရှိတော့ ဘာမှလည်း စိတ်ထဲ မရှိဘူး။

    သူကတော့ သူမို့လို့ပါ။

    ဒီ comment ရေးဖြစ်လို့ nar ကို ကျေးဇူးတင်ပါတယ်။

    ReplyDelete
  8. ကံဆိုးပြီး အဲလိုယောက်ပြားတွေ လက်ထဲများ ဗမာပြည်ကြီးရောက်သွားလို့ကတော့နော်.......... နောက်လာတဲ့မောင်ပုလဲလိုဖြစ်သွားမယ်။

    ReplyDelete
  9. sorry PA & nar

    ညက PA နဲ့ nar ရဲ့ 2nd comment ကို မတွေ့ဘဲ ကျော်သွားလို့ publish မလုပ်လိုက်ရဘူး။ ခုမနက် comment moderation ဝင်ကြည့်မှ တွေ့မိလို့။ အဲဒါကြောင့် PA ပြောတာကို အဆက်အစပ်မမိလိုက်တာ။

    ReplyDelete
  10. မတွေ့တာ ကြာပေါ့ ဒေါ်ရီတာရေ.. ။ ကျုပ်ကွန်းမန့်ကိုလည်း ခင်ဗျား အပရု မလုပ်ဘူးဆိုတာ သိပေမယ့် ရေးတော့ ရေးလိုက်ဦးမယ်ဗျို့။ ခင်ဗျား မြန်မာပြည် ပြန်ရောက်တုန်းက ကျုပ်မရှိလို့ပေါ့ဗျာ။ နို့မို့.. နဖူးတိုက် ဒူးတိုက်ပြီး လည်ပင်းညှစ်ကြေး ဆွေးနွေးချင်သေးတယ် ခင်ဗျားရဲ့ အိုင်ဒီယိုလော်ဂီတွေကို..။

    ReplyDelete
  11. အရင်ဆုံး profile အမှန်လေးပဲ ပြလိုက်ပါဦး

    ReplyDelete
  12. >>>>အရင်ဆုံး profile အမှန်လေးပဲ ပြလိုက်ပါဦး <<<<

    ဟား..ဟား.... ရီတာ့ကွန်မင့်ကို ဖတ်ပြီး ရယ်လိုက်ရတာ။ အိုင်ဒီအမှန်တောင် မပြရဲဘဲနဲ့ နဖူးတိုက် ဒူးတိုက် လည်ပင်းညှစ်ကြေး ဆွေးနွေးဖို့ ဖိတ်ခေါ်ရဲတဲ့ သတ္တိကိုတော့ လက်ဖျားခါသွားပါတယ်။ (မစင်ကိုင်မိလို့း-)။

    မြေးဖြစ်သူ ဘိုဘိုလန်းစင် ပါးစပ်က ဒါမျိုးတွေ ထွက်တယ်ဆိုတာကို လူငယ်တွေ လိမ္မာရေးခြားရှိဖို့ “အမေ့ရှေးစကား”တွေ စေတနာရှေ့ထား ရေးသားခဲ့တဲ့ အဖွားလုပ်သူ လူထုဒေါ်အမာကြီး ကြားမသွားရတာ ကံကောင်းတယ်လို့ တွေးမိပါတယ်။။ (ပြောသာပြောရတာ၊ လူထုဒေါ်အမာကို အမေ့ရှေးစကားတွေနဲ့ ပတ်သက်လို့တော့ ကျနော်လည်း သိပ်မကြိုက်ဘူး။း-)။ အမေ့ရှေးစကားမှာ ခေတ်လူငယ်တွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး ဝေဖန်ရေးသားထားတာနဲ့ ဆယ့်နှစ်ပွဲဈေးသည်က ဆေးမင်ကြောင်ကိစ္စမှာ ရေးထားတာတွေဟာ စကားရှေ့နောက်မညီ ကွဲလွဲနေတာလေးတွေကိုလည်း သတိပြုမိတယ်။ နောင် အလျဉ်းသင့်တော့မှ ရေးပြဦးမယ်။)

    ReplyDelete
  13. Those were rude and uncivilized words, those ppls are might be good enough IQ but lack of EQ controls.
    I noted some plain words of Sayagyi Shwe U Daung in his A life's chronicles book that a full moon face of U Hla was became a small bum (Monk Lay Pway) when raided by army to their press.
    No one is perfect.

    ReplyDelete
  14. I do not surprise his self-righteous words that often seen online in several places.

    “အေး အေး ကောင်းတယ် မင်းအဲဒီလို များများပြောပေး မသာဖြစ်သွားပြီး တဲ့ မင်းအဖိုး အဖွားတွေလည်းဂုဏ်တက်တာပေါ့...”
    လှိုင်ဘွားမောင် 2010-09-25 10:23

    http://www.kaungkin.com/index.php?option=com_content&view=article&id=383:2010-09-23-21-51-11&catid=41:2009-04-17-01-31-28&Itemid=63

    ReplyDelete
  15. ကိုယ်လည်း ချိုသာ သိမ်မွေ့ ယဉ်ကျေးတဲ့သူ မဟုတ်ပါဘူး။ ကိုယ့်ကို လာရင့်ရင် ကိုယ်လည်း ပြန်ရင့်တတ်ပါတယ်။ သိပ်လည်း စွာတတ်ပါတယ်။ ကိုယ့်ကို မင်း နားလည်ရဲ့လား သဘောမျိုးနဲ့ လာလုပ်ရင် ကိုယ်လည်း ပြန်လုပ်တတ်ပါတယ်။

    လာရိတာမျိုးကတော့ စာရင်းမရှိပါ။ လာ ရိတဲ့လူရဲ့ မြားကို သူ့ဘက် ပြန်လှည့်ပေးလိုက်တာပါပဲ။

    နောက်တမျိုးကတော့ ကိုယ်က publish ကို ပြထားတဲ့ မမKOM ရဲ့ cbox မှာ စကားပြောတတ်တော့ အဲဒီမှာ အမြင်ကပ်ပုဒ်မနဲ့ ဘလိုင်းကြီး လာခွပ်တာမျိုးလည်း ကြုံရတတ်ပါတယ်။ အဲဒါမျိုးကတော့ စာရင်းမရှိပါ။ သူတို့ ပြောလိုက်ရင် ကိုယ်လို ငစွာက ဆတ်ဆတ်ခါပြီး ပြန်တုန့်ပြန်မှာပဲ အထင်နဲ့ လုပ်တာမို့ သူတို့ စိတ်ချမ်းသာအောင်ပဲ ပြန်ပြောပေးလိုက်တတ်တယ်။ သူတို့ မျှော်လင့်တာ လုပ်မပြချင်လို့ပါ။ စိတ်ကောင်းထားတာတော့ မဟုတ်ဘူး။

    ဥပမာ - ခု ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်ကို ထိခိုက်ပြောတာမျိုးပေါ့ (တကယ်တမ်း ကိုယ် ခု ဘာလုပ်နေတယ် ဆိုတာ သေချာသိတာလဲ မဟုတ်ဘဲနဲ့ လေဖမ်းဒါန်းစီးပြောတာ။ သူပြောရင် နာမလားဆိုပြီး)။ ဒါမျိုးကတော့ စိတ်ချမ်းသာအောင်ပဲ ထားပေးလိုက်တယ်။ ဟုတ်တယ် လို့ပဲ သံယောင်လိုက်ပေးလိုက်တယ်။ စိတ်ချမ်းသာရင် ပြီးရောလေ။ ရွဲ့တယ်လို့လည်း ပြောနိုင်တယ်။

    ထပ်ဆင့် ဥပမာ ပေးရရင် ဆူး ကဗျာမှာ phyoaung လာပေးတဲ့ ကွန်မန့်ကို တုန့်ပြန်သလိုမျိုး။

    ***
    nyo လို comment မှာ လာမချပေမဲ့ ဒီ post တင်ပြီး မေးလ်တော်တော်များများ ရခဲ့တယ်။ သူတို့လည်း nyo ပြောသလို မထူးဆန်းဘူး ပြောတာပါ။ တိုက်တိုက်ဆိုင်ဆိုင် ဒီလင့်ခ်ကိုပဲ ပေးတဲ့ နောက်တယောက်တောင် ရှိသေးတယ်။

    အထက်မှာ ဥပမာတွေ ထုတ်ပြတာပါ။
    ကိုယ်တိုင်လည်း ချေငံပြေပြစ်သူ မဟုတ်ပါဘူး၊ ဘယ်လိုတွေ တန်ပြန်တတ်တယ် ဆိုတာကို။

    ဒါပေမဲ့ ကိုယ့်မူက လက်တုန့်ပြန်တဲ့မူ။ ဆိုလိုတာက ကိုယ့်ကို စထိလာမှ ပြန်တတ်တဲ့သူ။

    သူများဘလော့မှာ ဝင်ပြောမယ်ဆိုရင်တောင်မှ မူရင်းစာရဲ့ အကြောင်းအရာနဲ့ပဲ ဝင်ပြောတယ်။

    ဥပမာ ကိုပေါ ဘလော့မှာ ကိုပေါကို ကွန်မန့်လာပေးသူတယောက်ယောက်နဲ့ ကိုယ် ဝင်ပြောမယ် ဆိုပါတော့။ ပို့စ်နဲ့ ဆိုင်တာသာ ငြင်းချင်ငြင်းမယ်။ ကိုပေါ ပြောဆို ငြင်းခုံထားတာတဲ့ အချက်အလက်ကို ကိုးကားချင်ကိုးကားမယ်။ ကိုပေါ နှိပ်ကွပ်လိုက်တာကိုတော့ ကောင်းလိုက်တာလို့ ဘေးကနေ ဆွမ်းကြီးလောင်း ကောင်းချီးမပေးဘူး။ (မှတ်ချက်။ ဥပမာ ဖြစ်သည်)

    ***
    ဇီဇဝါမှာ ဖြစ်ခဲ့တဲ့ ကိစ္စကျတော့ အတော်ကို ရုပ်ပျက်သွားပြီ။ ကိုယ်နဲ့ ဘလော့ပိုင်ရှင်ကြားမှာ လွဲသွားတဲ့ အချက်တွေ ရှိတယ်။ (ကိုယ်တို့ချင်း မေးလ်နဲ့ ရှင်းပြီးသား)

    အဲဒီမှာ ဝင် ဆွမ်းကြီးလောင်းတဲ့ တချို့ သံယောင်လိုက်တာက ကိုယ်က ဖလော်ကို မသိဘဲ၊ မတတ်ဘဲ၊ နားမလည်ဘဲ တတ်ယောင်ကားဝင်လုပ်တယ်ဆိုတာ။

    သေချာဖတ်ကြည့်ရင် အရှင်းကြီး။ ကိုယ့် ပထမဆုံး ကွန်မန့်မှာ တခြားဟာတွေ ကျော်ဖတ်သွားတယ်။ လောလောဆယ် ကိုယ်တင်ထားတဲ့ အကြောင်းအရာ (ယဉ်ကျေးမှု ဆိုတာ ဆိုတဲ့ post) နဲ့ ဆိုင်တာလေးတစ်ခု တွေ့လို့ အဲဒါကို ဆွဲထုတ်ပြောပါတယ် ဆိုတာ...

    အဲဒီမှာ ကျော်ဖတ်ပါတယ် အတိအလင်း ရေးထားရက်နဲ့ နားမလည်ဘဲ ဝင်ပြောတယ်ဆိုတော့ကာ... မဖတ်မိတဲ့ စာကို ဘယ်လို နားလည်မှုလွဲရမလဲ။ လွဲစရာကို မရှိတာ။ ရှင်းနေတာပဲ။

    အဲဒီက ဘလော့ပိုင်ရှင်အနေနဲ့ ကိုယ့် လေသံ အသုံးအနှုန်းပေါ်မှာ အထင်အမြင် တစ်ခု ရှိနေတာ သိလို့ အဲဒါကို သူနဲ့ တိုက်ရိုက်ပဲ ပြောခဲ့ပါတယ်။

    ***
    ဒီနေရာမှာ ဟိုပုဂ္ဂိုလ် ကဏ္ဍ ပါလာပြီ။

    ကိုယ် လွဲတယ်ထင်ရင် သူ့အနေနဲ့ လွဲတဲ့ အချက်အလက်ကိုပဲ ကိုင်ပြီး ပြောရမယ်။

    ခုဟာက ဆွမ်းကြီးဝင်လောင်းချင်တာ သက်သက်။ ဒါ ရင့်သီးတာလို့ ပြောလို့မရဘူး ယူဆမိတယ်။ လူတယောက်က တခြားလူတယောက်ကို ရင့်သီးနေတာကို ကြားဝင် အားရတာ၊ ခံရတဲ့လူကို ခံသွားရပြီဆိုပြီး လက်ညှိုးထိုး အားရတာ။

    တပါးသူ နှိပ်ကွပ်နေတာကို သူလုပ်နေရတဲ့အတိုင်း ဘေးကနေ ဩဘာပေး အကုသိုလ်ယူတာ၊ သူတပါးနှိပ်ကွပ်ခံရတာကို သူလုပ်လို့ ခံရတဲ့အတိုင်း ဝမ်းမြောက်ဝမ်းသာဖြစ်နေတာ။

    သူ့ထိလို့ တန်ပြန်တာ မဟုတ်ဘဲ သူတပါးကို သိက္ခာမှ ကျပါစေတော့လို့ ဘေးကနေ ဟေးတိုက်လို့ မောင်းချင်တာ။ အားပေးအားမြှောက်ပြုချင်တာ။ အဲလိုလုပ်လိုက်ရင် ခံရတဲ့လူက ကြောက်သွားမယ်ထင်ပြီး နှစ်သိမ့်အားရနေတာ။ သူတပါး အကြောက်ကို အရသာခံ ကြည့်ချင်နေတာ။

    အဲဒါ ကိုယ့်တွက်တော့ မှတ်တမ်းတင်စရာ အချက်ပဲ။ ဒီစိတ်ဓါတ်အတိုင်းနဲ့ နောင်တချိန် နိုင်ငံရေးလောကထဲ ဝင်မလာဘူး မပြောနိုင်ဘူး။ ကိုယ်တွေလို အပျော်တမ်း ဘလော့ဂါလုပ်မယ့်သူ မဟုတ်ဘူးနော်။ သမိုင်းမှတ်တမ်းတွေကို သူ့စိတ်ကြိုက် အဂတိနဲ့ ပုံမဖော်ဘူး မပြောနိုင်ဘူး။

    ***
    nyo ပြောချင်တာ နဲနဲပေမယ့် ကိုယ်က ပြောချင်တာတွေ များသွားတယ်။ ကျေးဇူးတင်တယ်။

    ReplyDelete
  16. ဒါပေမဲ့ ဒီမှတ်တမ်းတင်တယ်ဆိုတာ စေတနာကောင်းနဲ့ လုပ်တယ်လို့တော့ မပြောလိုပါ။ ဒါ လက်တုန့်ပြန်တာသက်သက်လို့ ကိုယ်ပြောပြီး ဖြစ်ပါတယ်။

    ReplyDelete
  17. သူ့ထိလို့ တန်ပြန်တာ မဟုတ်ဘဲ သူတပါးကို သိက္ခာမှ ကျပါစေတော့ ((( လိပ်ပြာမှ ငယ်ပါစေတော့ )))) လို့ ဘေးကနေ ဟေးတိုက်လို့ မောင်းချင်တာ။
    ***
    ((())) ထဲက စာသားလေး ဖြည့်ဖတ်ပေးစေချင်ပါတယ်။ ကျန်သွားလို့။

    ReplyDelete
  18. မမKOM ရဲ့ cbox မှာ ပြောဖြစ်ထားတာတွေ။

    ***
    reader: မင်းကို ဘိုဘို အီးမေးလ်ပို့ ပီးမဆဲဘူးလား။ သူက အဲလိုလည်း လုပ်တတ်တယ် တခါတလေ ပါ။ သူများပြောတာကြားဖူးတာ

    RITA: ခုထိတော့ မလာသေးပါဘူး။

    reader: :D :D

    RITA: ဒါနဲ့ ရီဒါ။ အဲဒီမေးခွန်းလေး မှတ်ထားလိုက်တယ်။ နောင် ပြန်တင်ဖြစ်ရင် အထင်အမြင်လေး တခုအနေနဲ့ ပြန်တင်ပေးမလို့။ ((( မင်းကို ဘိုဘို အီးမေးလ်ပို့ ပီးမဆဲဘူးလား။ သူက အဲလိုလည်း လုပ်တတ်တယ် တခါတလေ ပါ။ သူများပြောတာကြားဖူးတာ )))ဆိုတာလေး

    reader: :O မလုပ်ပါနဲ့။ မကောင်းပါဘူးထင်တယ်။ ဒီမှာက ID မဖော်ပဲအလွတ်သဘောပြောနေတာ။ :D

    RITA: ကိုယ့်ဆီကို မေးလ်တွေ စုံနေအောင် ရောက်တယ် အထင်အမြင်တွေ။ စုထားပြီး သင့်မယ် ထင်တာကို ပြန်တင်ပေးမလို့။ ID ဘာလုပ်မှာလဲ။ ပြကြရင်တောင် ချန်ထားပေးရမှာ မဟုတ်လား ကိုယ့်အနေနဲ့။ လုပ်ချင်မှလည်း လုပ်ဖြစ်မှာပါ အခြေအနေအရ။

    reader: အဲလိုလား။

    RITA: လုပ်ဖြစ်ရင်တော့ ဒီတခါ ဘီအို ဘီအို မဟုတ်တော့ဘူး။ နာမည်ရင်းနဲ့ပဲ ချတော့မယ်။

    reader: ဒါဆိုရင် နောက်ထပ်စိတ်ဝင်စားစရာပို့စ်လေးတွေ မင်းဘလော့မှာ စောင့်ဖတ်ရဦးမယ်။:)

    reader: 'ရေးပါ။ဖတ်ရတာပေါ့။ သမားရိုးကျအကြောင်းအရာတွေပျင်းနေပြီ။

    RITA: မလုပ်လို့ မရဘူး ရီဒါ။ ဘာလို့လဲ သိလား။
    တခြားလူ မဟုတ်ဘူး။ နိုင်ငံရေး သမိုင်းကြောင်း မျိုးရိုးတွေ ရှိတဲ့လူ။ ခုလောလောဆယ် သမိုင်းကို လုပ်နေတဲ့လူ။ ပြောမရဘူး နောင်တချိန် နိုင်ငံရေး လုပ်ချင် လုပ်မယ့်လူ။ မလုပ်သည့်တိုင်အောင် ဗမာပြည်သမိုင်းကို ဝင်စွက်မယ့်လူ။ အဲဒါကြောင့် လုပ်သင့်တယ် လို့ ယူဆတယ်။

    သူ့ကို ကိုယ် အာဃာတ မရှိဘူး မပြောပါဘူး။ ဒါပေမဲ့ ကိုယ့် ဘလော့မှာ မှတ်တမ်းတင်ထားတာကတော့ အာဃာတနဲ့ မဆိုင်တဲ့ ကိစ္စ။ လုပ်ဖို့ ကောင်းတယ် ထင်လို့ လုပ်မယ့် ကိစ္စ။

    reader: ကိုယ်တော့ သူနိုင်ငံရေးလုပ်လို့ ရမယ်လို့ ထင်ကိုမထင်တာပါ။ စာရေးလည်း သိပ်တော့မကောင်းလှဘူး။ ဟေးးကိုယ်ပြောနေတာတွေ မင်းပြန်မရေးနဲ့ ဦးနော်။ :D

    RITA: reader: ကိုယ်တော့ သူနိုင်ငံရေးလုပ်လို့ ရမယ်လို့ ထင်ကိုမထင်တာပါ။ )) နိုင်ငံတကာစံနဲ့တော့ မကြည့်နဲ့လေ ရီဒါ။ ဗမာပြည်လို ခေတ်အဆက်ဆက်ပျက်နေတဲ့နေရာမှာတော့ ဒီလိုလူမျိုး နေရာ ရရင်လည်း ရနိုင်တာပဲ။

    reader: ဒါပေမယ့် သူသည် လူထုမြေးဖြစ်နေတာတခု က သူ့အားသာချက်ပေါ့။ ဗမာစံနဲ့ လည်းကိုယ်မထင်ဘူး။

    RITA: reader: ဟေးးကိုယ်ပြောနေတာတွေ မင်းပြန်မရေးနဲ့ ဦးနော် )) ပြန်ရေးမှာပါ ဆိုနေမှပဲ

    reader: လူထုမြေးဆိုပေမယ့် အောင်ဘာလေ လည်း စလုံးမှာရှိတာပဲ။ သူကတော့ အဘိုးအဘွားလောင်းရိပ်မှာမနေဘူး။ ဘို တို့ကတော့ အဘိုးအဘွားအရှိန်အ၀ါကိုအပြည့်အသုံးချတယ်။

    reader: ဒါဆိုရင်တော့ကိုယ်ရပ်မှပဲ။ စကားပြောလို့တော့ကောင်းပါရဲ့။ :D

    reader: ခုခေတ်ကြီးက အလကားပါ။ ကိုယ်တော့ ကိုယ့်ပိုက်ဆံကိုရှာ၊ကိုယ့်အလုပ်ကိုလုပ်နေတဲ့သူတွေကိုပဲအထင်ကြီးတော့တယ်။ ဗမာပြည်အသုံးချပီးလုပ်စားနေတဲ့သူတွေကလည်းအများသား အော်ဂလီဆန်စရာ။ english speaking ကောင်းတာလောက်လေးနဲ့ ဟီးရိုးတယောက်လိုဝိုင်းမပေးနေတဲ့ငကြောင်တွေကိုလည်း ကြည့်ရတာအကုသိုလ် များတယ်။

    RITA: reader: ဘို တို့ကတော့ အဘိုးအဘွားအရှိန်အ၀ါကိုအပြည့်အသုံးချတယ်။ )) အသုံးချနိုင်တယ် မချနိုင်တယ် ဆိုတာကတော့ သူ့ကုသိုလ်နဲ့ သူပါ။ ဒါပေမဲ့ သူ အသုံးချတယ်ဆိုတာထက် အိုးမဲသုတ်တာ ပိုများနေသလိုပဲ။

    RITA: reader: english speaking ကောင်းတာလောက်လေးနဲ့ ဟီးရိုးတယောက်လိုဝိုင်းမပေးနေတဲ့ငကြောင်တွေကိုလည်း ကြည့်ရတာအကုသိုလ် များတယ်။ )) အင်း ရီဒါ့ကြည့်ရတာ ကိုယ့်ထက်တောင် သူ့အကြောင်း ပိုသိသေးတယ်။ ကိုယ့်မှာ ကွန်ဖမ်းလိုက်ရတာ နှစ်ရက်လောက်။ သူမှန်း သိပေမယ့် သေချာမှ ဖြစ်မှာကိုး။

    reader: English speaking က ဟိုကလေးမကိုပြောတာကွ။ ဘိုက အဲလောက်မကောင်းလှပါဘူး။

    RITA: ဒါပေမဲ့ ဒီစီဘောက်က လူတွေကိုတော့ ကျေးဇူးတင်တယ်။ ဒီစီဘောက်မှာ ကိုယ်ခံလိုက်ရပြီ ထင်ပြီး ဘဘလစ လို ဆွမ်းကြီးဝင်လောင်းချင်တဲ့ဟာ တယောက်ပဲ ပါတာ။

    reader: ကိုယ်က စပီကင်း ကောင်းတဲ့သူတွေကို သဘောကျပါတယ်။ ဒါပေမယ့် အဲဒါတခုထဲနဲ့ နိုင်ငံကိုကယ်တင်နိုင်မယ့်ပုံမျိုးဝိုင်းပင့်နေတာမကြိုက်တာ။ ဟိုကလေးမလေး ကိုကြည့်။ ဗမာတွေ အင်္ဂလိပ်လိုအပြောကောင်းတာသဘောကျတာနဲ့ ဟီးရိုးကြီးဖြစ်လို့ ။ တကယ်တော့ သူပြောတဲ့စကားတွေထက် သူ အင်္ဂလိပ်လိုအပြောကောင်းတာသဘောကျတာ ခပ်များများပဲ။ အန်တီချမ်း (Addy Chen) ရေးတဲ့ပို့စ် ကိုယ်သိပ်ကြိုက်တယ်။ ကိုယ့်အမြင်နဲ့ ထပ်တူပဲ။

    RITA: ရီဒါ ရှိသေးလားတော့ မသိဘူး။ ပြောချင်တာ ရှိနေလို့။ ဖတ်သွားပါဦး။ အဲဒီဟာသာ msg ပို့ပြီး ကိုယ့်ဆဲလို့ကတော့ ပွဲကြီးပွဲကောင်းပဲ။ ဒါလောက်တော့ သူတွေးနိုင်လို့ ဖြစ်မယ်။

    reader: :) ရှိတယ် ဒီနေ့ အားနေလို့ ဒီထဲဝင်ဖတ်ကြည့်နေတာ။

    RITA: အဲလို လာလုပ်ရင် သိပ်ကောင်းမှာပဲ လို့ ရီဒါပြောမှ ဖြစ်မိတယ်။ အကောင်းဆုံးသက်သေလေ။

    reader: အဲဒါဆို နောက် interesting postတခုထပ်ရတာပေါ့ ဟုတ်လား ? :D

    RITA:တကယ်တမ်း သူမပါရင် ကျန်တဲ့လူတွေက ရေးလောက်စရာမှ မဟုတ်တာ။ ကဝတနဲ့ ကိုလည်း မေးလ်နဲ့တင်ပြီးသွားမှာ။ သူ ဝင်လာတာပဲ ကျေးဇူးတင်ရဦးမလိုလို ရှိတယ် (တကယ်မတင်ပါ သဘောပြောတာ)

    ReplyDelete
  19. He'd rather to be scolar (FB).
    ဘိုဘို၊ ရီဒါ၊ မန္တလေးယူနီဗာစီတီကောလိပ် (ကွဲပြားနေသော တက္ကသိုလ်အသီးသီးကို မူလတက္ကသိုလ်ကြီးများအလိုက် ပြန်စုစည်းရန်)
    I do appreciate new generation's capacity for homeland, as a motto "we make difference with together".

    ReplyDelete
  20. ဟဲ့ ဟဲ့ သောက်ပလုတ်တုတ်
    ကျုပ်က ဘယ်ကနေ ပါလာရတာလဲ
    မလုပ်ပါနဲ့ မမရီတာ နဲ့ ကိုကိုရီဒါ(လေသံဖြင့် မှန်းကြည့်သည်)နေတတ်သလိုပဲနေပရစေ
    မဆိုင်လို့မဟောင်တဲ့ခွေးလို့ပဲသဘောထားပေးပါ
    ခဏပြန်အိပ်မလို့ ......

    ReplyDelete
  21. reader: အမှန်တော့ ကိုယ်ပြောတဲ့ကိုယ့်ထမင်းကိုရှာစားဆိုတာ က ဥပမာကွာ-စလုံးမှာ နိုင်ငံရေးလုပ်နေတဲ့သူတွေနဲ့ UK . US...bla bla မှာလုပ်နေတဲ့သူတွေယှဉ်ကြည့်။ ဒီမှာလုပ်နေကြတဲ့သူတွေက ကိုယ့်အလုပ်ကိုလုပ်စားနေရင်း နိုင်ငံရေးကိုတတပ်တအားလုပ်နေရတာ။ ဟိုမှာလုပ်နေကြတဲ့သူတွေက (အားလုံးကိုမဆိုလို) သူတို့ကို support လုပ်ပေးနေတဲ့ organizations တွေအများကြီး။ တချို့ကနိုင်ငံရေး၊တိုင်းရေးပြည်ရေးခုတုံးလုပ်ပီး အဲဒါနဲ့ လုပ်စားနေကြတာ။ အဲဒါမျိုကို ကိုယ်အထင်မကြီးဘူး။

    ကိုယ်ပိုင်အရည်အချင်းနဲ့ ဘာကိုမှမမှီခို၊အသုံးမချ( အဓိကတော့ နိုင်ငံရေးအကြောင်းမပြပဲ) ကိုယ့်ထမင်းကိုယ်ရှာစားနေတဲ့သူတွေပဲအထင်ကြီးတယ်။ ဘယ်သူအထင်ကြီးကြီးမကြီးကြီးပဲ။

    RITA: ရီဒါ ဘာပြောချင်တာလဲဆိုတာ ကိုယ်သိပါတယ်။ ရီဒါပြောချင်တဲ့ point ကို ကိုယ်သိတယ်။ သိတယ်ဆိုတာလည်း တော်လို့ မဟုတ်ဘူး။ အဲဒီနေရာမှာ အတွေးချင်း တူနေလို့။

    reader: ဟုတ်တယ်။

    RITA: အဲဒီနေရာလေးတော့ ကွက်ပြီး တင်လိုက်ပါရစေ။ ကွန်မန့်မှာ။

    reader: ရပါတယ် ;)

    reader: ကိုယ်လုပ်မှကိုယ်စားရတဲ့နိုင်ငံ၊ အာပလာတွေနဲ့လျှောက်အာလို့မရတဲ့နိုင်ငံ၊ အင်မတန် စက်ရုပ်ဆန်တဲ့စလုံးလိုနိုင်ငံမှာနေရလို့များ ကိုယ်တို့အတွေးတွေတူနေကြသလား ?

    ReplyDelete