Wednesday, October 6, 2010

ဆူးတွေပါတဲ့ လှည်း


ဆူးတွေပါတဲ့ လှည်း


ဆူးတွေအပြည့်ပါပြီး ခရီးထွက်လာတဲ့
လှည်းကလေး တစ်စီးပါ တဲ့

ဘယ်သူ့လမ်းကိုမှ မတောင်းဘူး
ဘေးဘီမမြင်တဲ့ အရှိန်ကောင်းနဲ့
ကိုယ့်လမ်းကြောင်းပဲ ကိုယ်မောင်းတယ်

ရှေ့တူရှုကို တည့်တည့်ကြည့်
မချိန်ညှိဘဲလည်း ပြေးချင်ပြေးတယ်

ဘယ်သူ့ကိုမှ မချည်နှောင်
သယ်ဆောင်ရာချင်း မတူရင်တော့
လာ မထိနဲ့
ကိုယ့်ပြေးလမ်းပေါ်က မလွတ်တာမှန်သမျှ
မတော်တဆ ရှမိမယ်

မရည်ရွယ်ခဲ့တဲ့အတွက် ဝမ်းနည်းပါတယ်
ကိုယ့်ဒုက္ခ ကိုယ်ရှာလာရင်တော့
သနားတယ် ဆိုတာကလွဲ
ဘာမှလည်း မတတ်နိုင်ဘူး

တခြားကို မချိန်ရွယ်တဲ့
တနိုင်သာသယ်တဲ့ ဆူး
ဒါပေမဲ့
အပိုင်နာအောင်တွယ်မယ့် ဆူး

***
တခုတော့ ရှိပါရဲ့ကွယ်

ဘေးလူကို ထိခိုက်မယ့် ဆူး
ချစ်သူကို ငြိလိုက်မယ့် ဆူး

တူတာတော့ မတူဘူးပေါ့

***
နာမည်တစ်ခု လာပေးတဲ့သူကို ကျေးဇူးပါ။
ပြောတဲ့သူက အပြစ်တင်ပြီး ပြောတာမို့ ဒီလောက် ကဗျာမဆန်ပေမယ့် ချစ်တဲ့မျက်စေ့နဲ့ (ကိုယ့်ကိုယ်ကို ချစ်တဲ့ မျက်စေ့နဲ့) ကြည့်မိတော့ ကဗျာဆန်သွားတာ။


ပြီးတော့ အဲဒီနာမည်ကို သူက ကိုယ့်လာပေးတာပေမယ့်၊ သူပေးတဲ့ နာမည်ကနေ ရေးဖြစ်တာပေမယ့်၊ ကိုယ့်ဘာသာ ပြန်မြင်ယောင်ပြီး ရေးထားတာတော့ မဟုတ်ဘူး။
;)

16 comments:

  1. ဒါဖြင့် ဘယ်သူ့မြင်ယောင်ပြီးရေးထားတာလဲ

    ReplyDelete
  2. အမယ်လေး ကြောက်စရာ ဆူးကဗျာ ပါ့လား ကဗျာလေး ကလှပေမဲ့ ကြောက်

    ReplyDelete
  3. ခုန မန့်တာ ဝင် မဝင် မသိလို့ ပြန်မန့်လိုက်တယ် မရီတာရေ

    ကဗျာလေး ကလှပေမဲ့ ကြောက်စရာ ဆူးလှည်း ပါလား

    ReplyDelete
  4. ဘေးလူကို ထိခိုက်မယ့်ဆူး

    ချစ်သူကို ငြိလိုက်မယ့်ဆူး

    ကိုယ်ကဘေးကလဲ မဟုတ်ဘူး ချစ်သူလဲ မဟုတ်ဘူး။ ဆိုတော့ အေးဆေးပဲ ဒါပေမယ့် သတိတော့ထားတယ်။ တော်ကြာ ဆူးလှည်းလမ်းကြောင်းပေါ် ရောက်သွားမှ ဟုတ်ပေ့ဖြစ်နေမယ်။ ဂယ် ။

    ငြိမ်းချမ်းပါစေ မရီတာ ရေ

    ReplyDelete
  5. ရှင်းပြကာမှ မျက်စိကိုလည်ရော. မနည်းစဉ်းစားရတယ။် ကဗျာလေးကောင်းတယ်။

    ပုံ
    ဒါတွေ မမ လိုက်မမီဘူး

    ReplyDelete
  6. ကဗျာလေးကို ကြိုက်တယ် ရီတာရေ့။ ကျနော့်ကိုလည်း မိုးချိုသင်းက တခါက အဲသည်နာမည် ပေးဖို့ ကြိုးစားဖူးတယ်။

    ReplyDelete
  7. ကဗျာကိုကြိုက်သည်..
    အောက်က မှတ်ချက်တွေ နားမလည်

    ReplyDelete
  8. “ချစ်သူကို ငြိလိုက်မယ့်ဆူး” ကို ကြိုက်တယ်။

    ReplyDelete
  9. မျက်နှာပြောင်ပြောင် ၊အကြောတင်းတင်း၊
    ဖင်ပိတ်ငြင်းရင်း...
    ငါ အမြဲမှန်၊ ငါလူသန်ဟု
    မင်းဘာသာထင်၊ ကိုယ်ရယ်ချင်....

    ReplyDelete
  10. ကိုယ်သာ အမြဲမှန်လို့တော့ တခါမှ မပြောခဲ့ဖူးဘူး ထင်တာပဲ PA ရဲ့။ ဒါပေမဲ့ ဘယ်သူများ ကိုယ်ဆွဲကိုင်ထားတဲ့ အယူအဆကို လွယ်လွယ် ပြောင်းလဲပြီး ကိုင်းကူးနိုင်ပါသလဲ။ ကိုယ်ယူဆတာ သူများအတွက် မှန်ချင်မှန်မယ်၊ မှားချင်မှားမယ် ဒါပေမဲ့ ကိုယ်မှန်တယ်ထင်သရွေ့ ဆုပ်ကိုင်ထားမှာပဲ။ ဒါလူတိုင်း လုပ်ကြမယ့် အလုပ်ပဲ။ လုပ်ပုံလုပ်နည်းသာ ကွာချင်ကွာမယ်။

    PA ရော ကိုယ်မှန်တယ်ထင်လို့ ဆုပ်ကိုင်ထားတဲ့အယူအဆကို မှန်နေတယ် ထင်သရွေ့ လွယ်လွယ်နဲ့ လက်လွှတ်တတ်သလား။

    ReplyDelete
  11. ဒီကဗျာနဲ့ ပတ်သက်ပြီး နောက်ဆုံး ပိုစ့် ကွန်မင့်မှာ ကျနော်ရှင်းပြထားတယ်လေ..
    ကျနော့်သူငယ်ချင်းကို ရည်ရွယ်ပြီးဖွဲ့ခဲ့တဲ့ ကဗျာလေးပါ။။
    ဆူးလို့ တွေ့တာနဲ့ သတိယပြီး ရေးလိုက်မိတာ။
    ကျနော်ကတော့ ကိုယ်မှန်တယ်ထင်ပေမဲ့ သူများက မတူတဲ့ ရှု့ထောင့်က ကြည့်ပြီး ပြောလာခဲ့ရင် တကယ်မှန်တာ သူလား ကိုယ်လား ပြန်သုံးသပ်တယ်။ ဘယ်သူတဦးတယောက်မှ အကြွင်းမဲ့ မှန်မနေနိုင်ဘူးဆိုတာ ယုံကြည်လို့ပဲ။

    ReplyDelete
  12. (နောက်ဆုံး ပိုစ့် ကွန်မင့်မှာ ကျနော်ရှင်းပြထားတယ်လေ..) ဆိုတာ ကိုယ် မသိပါ။

    (ကျနော်ကတော့ ကိုယ်မှန်တယ်ထင်ပေမဲ့ သူများက မတူတဲ့ ရှု့ထောင့်က ကြည့်ပြီး ပြောလာခဲ့ရင် တကယ်မှန်တာ သူလား ကိုယ်လား ပြန်သုံးသပ်တယ်။ ဘယ်သူတဦးတယောက်မှ အကြွင်းမဲ့ မှန်မနေနိုင်ဘူးဆိုတာ ယုံကြည်လို့ပဲ။)

    PA ရဲ့ အတွေးအမြင် အမူအကျင့်ဟာ လေးစားစရာ ကောင်းပါတယ်။ ရွဲ့ပြောတာ မဟုတ်ပါ။ ကိုယ်ကတော့ အဲလို မလုပ်ပါဘူး။

    ဒီတော့ အဲဒီလို သုံးသပ်တတ်တဲ့ PA အနေနဲ့ ကိုယ့်လို ကိုယ်သာလျှင် မှန်တယ်ထင်နေတဲ့သူတစ်ယောက်ကို အချိန်ကုန်ခံ တရားချရင်း လာရိနေတာ မှန်/ မမှန် အကျိုးရှိ/ မရှိ သုံးသပ်နေဖို့ ကောင်းတယ်။ အချိန်ကုန်မှာစိုးလို့ပါ။

    ReplyDelete
  13. နဲနဲ ထပ်ပြောချင်လာလို့။

    ကိုယ်လည်း ကိုယ့်ရှုထောင့်က မှန်နိုင်သလို၊ သူလည်း သူရှုထောင့်က မှန်နိုင်တယ် ဆိုတာ တော့ ကိုယ်လက်ခံတယ်။ ဒါ ပြန်ကြည့်စရာ မလိုအောင်ကို စိတ်ထဲ ရှိထားတဲ့ ကိစ္စပါ။

    ကိုယ်ကလည်း သူများရှုထောင့် အမှားကြီးလို့ ဝင်မထောက်သလို၊ ကိုယ့်ကို ဒါမျိုးလာထောက်ရင်လည်း လွယ်လွယ် လက်ခံမှာတော့ မဟုတ်ဘူး။ အယူအဆဆိုတာ လွယ်လွယ် ဖြစ်လာတဲ့အရာတွေ မဟုတ်ဘူးလေ။

    ကိုယ်ပြောသမျှ၊ ဆုတ်ကိုင်လိုက်သမျှဟာ ကိုယ်မှန်တယ် ထင်ထားတဲ့အကြောင်းအရာတွေချည်းပဲ၊ ကိုယ်မှန်တယ်ဆိုတာ သူများကို မှားတယ်ပြောတာမဟုတ်ဘူး။ ဒါကို နားမလည်ရင်တော့ ကိုယ်လည်း ဘာမှမတတ်နိုင်ဘူး။

    ReplyDelete
  14. Any one who disturb to others (whether intentionally or not) to should not used normal route.
    A farm vehicle full of bushes with thorns must be properly secured and lashed.
    It must be used other way.(special way)
    If not provided a special way, she should be used different time.
    eg. Sun set to Sun rise
    The local authority must draw a rule as special traffic way to avoid interference others.
    Please do not impede others.

    BINO

    ReplyDelete
  15. မိုက်တယ် ရီတာ
    ခိုက်တယ် အဟုတ်...
    ;)

    ReplyDelete
  16. ကဗျာကိုကြိုက်ပါသည်။

    ReplyDelete