ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ
နုနုငယ်ငယ် စိတ်ကူးယဉ်တတ်တဲ့ အရွယ်ကတည်းက
သူနဲ့ကိုယ် နှလုံးသားက ခင်တွယ်လာကြတယ်
စိတ်တူကိုယ်တူ အတွေးများလည်း အတူတူပဲကွယ်
အမြဲတတွဲတွဲ စားစား သွားသွား ကစားရင်းနဲ့ အတူပျော်မဆုံး
ချစ်ခွန်းသီဖွဲ့ ခွန်းချိုစကားတွေဖလှယ်
ဘဝအဆက်ဆက်က အကျွမ်းတဝင် ခင်မင်လာခဲ့သူလေလား
ဝိုးတဝါးစိတ်ဝယ် ချစ်အားတက်မိပြန်သေးတယ်
ကိုယ့်ငယ်ကျွမ်းရဲ့ အသည်းလွှာပြင်ဝယ်
ချစ်အက္ခရာတင်ဖို့အတွက်တော့ ချစ်သတ္တိ အမှန်မရှိသူကွယ်
သူနဲ့တွေ့လေတိုင်း အရိုင်းစိတ်ကို ရင်မှာမြိုသိပ်
ချစ်စကားရိပ်သော်မှ ဖွဖွညင်သာ မဆိုရဲဘူးကွယ်
ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ အနေကြာလာခဲ့သည် မှန်သော်လည်း
သွေကွာဝေးရမယ့် စကားဆို တခွန်းသော်မှ ပြောမထွက်ရက်သူပါကွယ်
ကိုယ့်စိတ် ကိုယ့်ဘဝင် မတင်မကျ တငွေ့ငွေ့ ကြောင့်ကြပူပင် ဗျာပါသည်းနင်
ချစ်နှောင်ကြိုး မငင်ဝံ့သူမှာ
ရင်မော မော လှ ပါ ပြီ ကွယ်
သိပ်ကြိုက်တဲ့သီချင်း....။
ReplyDeleteနောက်လည်း အဲလို သီချင်းကောင်းလေးတွေ တင်ပေးနော်။ လာနားထောင်ဦးမယ်။ ကျေးကျေးပဲနော်။
ReplyDeleteခင်မင်စွာဖြင့်
မိုးယံ
My favorite song
ReplyDeleteငယ်ငယ်ကတည်းက အရမ်းကြိုက်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်..ခုလည်း ကြိုက်ဆဲပါပဲ ရီတာရေ..း)
ReplyDeleteအဲ့ဟာ ရေလည်ကြိုက်တာ..း)
ReplyDeleteဒီသီချင်းကို စန္ဒယားချစ်ဆွေ ဆိုတာ သိပ်ကြိုက်တယ်။
ReplyDelete