Friday, June 18, 2010

i-Air

ဒီတစ်ပါတ် Voice ဂျာနယ် Vol.6/No.31 Page 17 မှာ ဖော်ပြထားတဲ့ ကာတွန်း။

facebook မှာ အစ်ကို တစ်ယောက် တင်ထားတာ တွေ့လို့ fb မှာလဲ ပြန် share ပြီး၊ blog ပေါ်ထိ ပြန်တင်လိုက်တာ။

အဲဒီ မူရင်း page မှာ အပြန်အလှန်ရေးထားကြတဲ့ comment တွေလဲ သိပ်ကောင်းတယ်။ လင့်ခ်တော့ ချိတ်ပေးလိုက်တယ်။ ဒါပေမဲ့ ကြည့်လို့ရ မရတော့မသိဘူး။ setting ကို အကုန် ကြည့်လို့ရအောင် လုပ်ထားတာလား မေးတော့ သူလည်း မသိဘူး ပြောတယ်။ ကြည့်လို့ မရရင်တော့ comment တွေပါ ခွင့်တောင်းပြီး ပြန်တင်ပေးပါမယ်။

***
Post title အတွက်ကတော့ မမ KOM cbox က (ညောင်ရမ်း)ဂွတို သို့ credit ပါ။
iPhone ထက် မြင့်တာ iAir တဲ့။ အကောင်အထည်မရှိဘဲ လေထဲမှာပဲ သုံးရတယ်။
Iron Man သုံးတဲ့ system တွေလိုပဲ ဆိုတယ်။ ကိုယ်တော့ နားမလည်ပါဘူး။

comment တွေ သိပ်ကောင်းလို့ မူရင်း page ကို သွားဖတ်ဖြစ်အောင် ဖတ်စေချင်ပါတယ်။

***

14 comments:

  1. အစ်ကိုဆိုတာ.........ဟိုတစ်ယောက်မဟုတ်တာသေချာတယ်နော်။

    ReplyDelete
  2. အဲဒီတစ်ယောက်က အစ်ကိုမှ မဟုတ်တာ။
    သိချင် နှိပ်ကြည့် မမ။

    ReplyDelete
  3. သွားဖတ်ပြီးသွားပြီ.
    သိတ်တော့ဇတ်ရည်မလည်လှဘူး.

    အိုင်အဲချက်ဟစ်စထရီဖတ်ပြီးပြီ.
    အဲဒီကားထဲက အမေလိုမင်းသမီးကို ရုပ်ဆိုးလှချည်လားအောက်မေ့နေတာ.သဘောကျတဲ့သူကလဲရှိသေးတယ်နော်။

    ထမင်းချက်နေတာမပြီးသေးဘူးလားမသိ.။..

    ReplyDelete
  4. အစ်ကိုမဟုတ်ရင်ဘာပါလိမ့်

    ပုံ.
    Steve သူငယ်ချင်း.

    ReplyDelete
  5. ဘလော့လင့် အပေါ်ဆုံးကနေ အောက်မဆင်းတော့ဘူးလားဟင်
    ဘာပြုလို့လဲ။

    ပုံ
    steve သူငယ်ချင်းအစစ်

    ReplyDelete
  6. မမတော့ spam တွေ များနေပြီ။

    ReplyDelete
  7. http://degolar.blogspot.com/2010/06/myanmar-trip-27.html

    မှတ်ချက် ။ ကော်မန့်သည် ပို့စ်နှင့်ဆိုင်စရာမလိုကြောင်း ကျွနုပ်ကောင်းကောင်း သဘောပေါက်လေပြီ

    ပုံ
    အမီနာမျိုး

    ReplyDelete
  8. မမ သဘောပေါက်ရင်လည်း ပြီးတာပါပဲ။

    (ဟမ် မမပေါက်တာလား မျိုးပေါက်တာလား)

    ReplyDelete
  9. ဟိုက်ရှာလပတ်ရည်။
    နောက်ထပ် ဂွတိုတယောက် ရှိသေးတာလား။ ရီတာပြောတဲ့ မမကွန် စီဘောက်က (ညောင်ရမ်း)ဂွတိုသည် ကျနော်ကိုပေါ မဟုတ်ပါကြောင်း (လိုရမယ်ရ) ဖြေရှင်းချက် ထုတ်လိုက်ပါသည်။ တော်ကြာ ရီတာ့ဆီက ဂွတိုနာမည်နဲ့ ပိုက်ဆံချေးသွားလျှင် ကျနော်ချေးသွားသည် ထင်မည် စိုးသောကြောင့်။

    ပုံ....ကိုပေါ @ မူလလက်ဟောင်း.... တောင်တန်းကအပျို ယောင်ရမ်းထငိုရသော (ကာတွန်းမာင်ဝဏ္ဏရဲ့) ညောင်ရမ်းဂွတို။

    ReplyDelete
  10. ကွန်မန့်များဖတ်ရင်းခေါင်းကုတ်ပြန်သွားသည်:
    ....

    ReplyDelete
  11. အစ်မခင်ဦးမေ စာရေးရင် ဆန်းတတ်စီးတီး အပေါ်ဆုံးမှာ
    တတ်ရေးတက်သလားဟင်... ပို့စ်ဖြစ်ဖြစ် ကွန်မန့်ဖြစ်ဖြစ်
    ရေးလိုက်ရင် အမြင့်တွေချည်းပဲ...လိုက်လို့ကိုမမှီဘူး
    အစ်မရီတာ ဘာသာပြန်ပေးလို့ ရမလားခင်ဗျ...
ုko khsl လိုပဲ ခေါင်းကုတ်သွားပါကြောင်း....

    ReplyDelete
  12. ခုမှ တွေ့လို့ ....

    ကွန်ကွန် မက်ထရစ်ထဲက ကီနူးရဲ့ ရဲစားကိုပြောတာ .....အိုင်ရွန်း မန်းထဲက မဟုတ်ဘူး

    သို့ အစ်ကိုကြီးကိုပေါ
    ကျွန်တော်လည်း နာမည်တူရင် မကြိုက်ဘူး ခင်ဗျ အထူးသဖြင့် ကိုယ်ပေးပြီးမှလိုက်ပေးရင် ပိုဆိုးတယ်ခင်ဗျ......အစ်ကို ဂွတို ကို ဘယ်တုန်းက သုံးသလဲ မသိပေမယ့် ကျွန်တော့် ဂွတိုကတော့ ၂၀၀၄ မှာ အီးမေးလ် ချိန်းတော့ ဂွတို လို့ ချိန်းခဲ့တဲ့ အတွက် ၆ နှစ်သက်တမ်း ရှိပါပြီ။ ကျွန်တော့် ဂွတိုကို ညောင်ရမ်း ဂွတို ဆိုပြီး သူငယ်ချင်းတွေက စနောက်ပြီးပြောပေမယ့် တစ်ကယ်တော့ ကျွန်တော်ဟာ ဆိုရင်ဖြင့် ဓရာဝတီတိုင်း လပွတ္တာမြို့နယ် ခရမ်းစပ်ကုန်း ကျေးရွာလေးကနေပြီးတော့ရင်ဖြင့် ဟားဟား ထားပါ ဆိုကြမယ်ပျော်ကြမယ်နဲပတောင် မှားသွားပြီ......ကျွန်တော်ကလည်း ဂွတိုပါ.....မူလလက်ဟောင်း ဂွတို ဆိုတော့ နည်းနည်း နင်သွားပါကြောင်းလည်း ပြောကြားလိုပါသည်ခင်ဗျ......ပိုက်ဆံကတော့ သူငယ်ချင်းတောင် သူငယ်ချင်းတိုင်း ဆီက မချီးကြောင်းလေးလည်း ပြောလိုပါသည်ခင်ဗျ.....ပိုက်ဆံချီးထားပြီး ပြန်မဆပ်နိုင်သေးလို့ နင်နေတဲ့ အချိန် အစ်ကို့ ကွန်မန့် မြင်တော့ ပိုနင်သွားလို့ပါခင်ဗျာ.......ကျွန်တော့် မလဲ ဒီ ဂွတို ဆိုတာကို မယားငယ်တွေက မယားကြီးပါ တက်ပြောနေလို့ ကျွန်မသာလျှင် မယားကြီးပါလို့လည်း မပြောချင် တစ်ကယ်တန်းကျတော့ ကိုယ်သာ မယားကြီးဖြစ်ကြောင်း ကိုယ့်ဖာသာကိုယ်သိ ဖြစ်နေလို့ စိတ်အတော် လေနေပါကြောင်း.....မူလလက်ဟောင်းပေမယ့် သိပ်ပြဿနာမရှိတဲ့ ဂွတို

    ReplyDelete
  13. အမလေး သူက တစ်မျိုး သူ့ အပရူဗယ်တောင် စောင့်လိုက်ရသေး

    ReplyDelete
  14. ခုမှ တွေ့လို့ ....