
ညက ညီလင်းဆက် post အဟောင်းတစ်ခု ပြန်ရှာရင်းနဲ့ တနေရာမှာ ဒီပုံကို တွေ့တယ်။
ပုံနဲ့ ရေးထားတဲ့ စာကို ဖတ်မိတော့ သင့်ဘဝ မဂ္ဂဇင်းထဲက ဒေါက်တာတင်မောင်သန်း ရဲ့ ဆုံးဖြတ်ချက်များ ဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ်ကို သတိရမိတယ်။
အဲဒီဝတ္ထုရဲ့ သရုပ်ဖော်ပုံကလည်း ခုပြထားတဲ့ပုံနဲ့ ဆင်တယ်။
ဒါပေမဲ့ မဂ္ဂဇင်းထဲက သရုပ်ဖော်ပုံက ခုပုံလိုမျိုး တဖက်တည်း ဦးတည်သွားနေတာ မဟုတ်ဘဲ မျက်နှာချင်းဆိုင် လာနေကြတဲ့ ငါးတန်းကြီး တစ်တန်းမှာ အကြီးအသေး တလှည့်စီ စီထားတဲ့ ငါးတွေ တကောင်ကို တကောင် မြိုနေကြတဲ့ပုံ။
ဒေါက်တာတင်မောင်သန်း ရဲ့ ဝတ္ထုထဲက စာသားကို သတိရမိတယ်။
"ဆုံးဖြတ်ချက်တွေဟာ ရေစီးကြောင်းထဲက ငါးတွေလိုပဲ" တဲ့။
အဲဒီ ဝတ္ထုတိုက ဖြူးမြို့က 'မိတ်ဆွေများ' စာကြည့်သင်း (မူလအမည် - အမြဲစိမ်းကောင်းကင် - Evergreen Sky) ရဲ့ အကောင်းဆုံး ဝတ္ထုတိုဆု ရခဲ့တယ်။ (အမှတ်မမှားဘူးဆိုရင်တော့ ပထမဆုံးအကြိမ် ဆုပေးပွဲမှာပေါ့)
***
အဲဒီအချိန်က တချို့ အမှတ်တရတွေကို မေ့ကုန်ပြီ။
ခု သတိရသွားတာကို ချရေးပြီး မှတ်ထားလိုက်ပါတယ်။
သူ့ post ဖတ်ပြီး ရေးဖြစ်သွားတာမို့ ညီလင်းဆက်ကို (တာဝန်နဲ့ ဝတ္တရားအရ) ကျေပွန်စွာ ကျေးဇူးတင်ရှိကြောင်းပါ။
:)))
***
လတ်တလောအခြေနေမှာ
ReplyDelete"ဆုံးဖြတ်ချက်တွေဟာ ရေစီးကြောင်းထဲက ငါးတွေလိုပဲ"
ဒီစာသားလေးရင်ထဲကိုထိသွားတယ်...
ဘာလဲ fb မှာ တင်ချင်တာတွေ မတင်ရလို့လား
ReplyDelete:D (just kidding)
Difference Peoples Difference Ideas.
ReplyDeleteBINO
မဟုတ်ဘူး အန်ကယ်။
ReplyDeleteညီလင်းဆက်နဲ့ ဒေါက်တာတင်မောင်သန်း ရေးသွားကြတာ same idea ပဲ။ ပြောချင်တဲ့သဘောတွေက အတိအကျကို ကွက်တိတူတယ်။ :)
ညီလင်းဆက် အဲဒီ ဝတ္ထု ဖတ်ဖူးသလားလို့ မေးဖို့ကို မေ့နေလို့ မမေးမိသေးဘူး။