Sunday, May 2, 2010

ပင်လယ်ပျော် စင်ရော် - Jonathan Livingston Seagull - Myanmar Books Catalogue




အဲဒီ စာအုပ်ကတော့ ကိုယ့်နားလည်နိုင်စွမ်းရဲ့ အပြင်နားလောက်မှာ ရှိပါတယ်။
၉ တန်း နှစ်တဝက်မှာ ကျောင်းပြောင်းခါနီး ဖြူးက သူငယ်ချင်းက လက်ဆောင်ပေးလိုက်လို့ ဖတ်ခဲ့ရတဲ့ စာအုပ်လည်းဖြစ်ပါတယ်။ (Update: တချိန်လုံး ပြောင်းခါနီးမှာ ပေးလိုက်တယ်လို့ ထင်နေခဲ့တာ။ တကယ်တမ်း date ကို ပြန်ကြည့်မိတော့ နှစ်စမှာ ပေးခဲ့တာပါ။ ကျောင်းပြောင်းတာက အောက်တိုဘာ ပထမအစမ်းပြီးမှ ပြောင်းခဲ့တာ)

ကိုယ့် စာအုပ်က "ထင်လင်း" ရဲ့ ဘာသာပြန်ပါ။


မှတ်မိနေတဲ့ စာကြောင်းလေးက... "Why it is too hard for you to live in the same way like others, Jon?" (သူများတွေလို နေဖို့ ဘာကြောင့်များ မင်းအတွက် ခက်ခဲနေရတာလဲ Jon ရယ်) ဆိုတာလေးပါပဲ။
Jonathan Seagull ကို သူ့မေမေက မေးတဲ့ စကားပါ။

Jon က ဘာပြန်ဖြေလဲဆိုတော့...
"လေထဲမှာ ဘာလုပ်လို့ရတယ် ဘာလုပ်လို့ မရဘူးဆိုတာ ကျွန်တော် သိချင်လို့ပါ အမေ" (I wanna know what I can do and what I can't in the air. Just wanna know.) တဲ့။

စာအုပ်လဲ အနားမှာ မရှိလို့ ကိုယ့် စကားလုံးတွေနဲ့ပဲ ပြန်ရေးနေရတာမို့ အနည်းငယ် ချွတ်ချော်နိုင်ပါတယ်။
ဒီစာအုပ် အကြောင်းတော့ သိပ် များများ မရေးနိုင်ပါ။ စာအုပ်နဲ့ လူနဲ့ မတန်မရာ အရွယ်မှာ ဖတ်ဖြစ်ခဲ့သလိုဖြစ်တော့ ခုထိကို စာရေးဆရာ ပေးချင်တဲ့ message ကို နားမလည်နိုင်သေးဘူး။

ဒီ အကြောင်းကို 25th January 2009 မှာ Myanmar Books Catalogue ရဲ့ ဒီနေရာ မှာ ရေးခဲ့တယ်။

(စာကြွင်းအဲဒီနေရာမှာ ကိုမောင်လွင်ရေးတဲ့ "သင်းသပ်" ဆိုတာ သစ်ပင်တွေနဲ့ ဆိုင်မှန်း သိတယ်။ ဒါပေမဲ့ လူတွေအတွက်တော့ အဲဒါကို သုံးမှာမဟုတ်ဘူး ထင်လို့ ကိုယ့်ဘာသာ တရုတ်ကားကို ကျော်တွေးလိုက်တာ။ တွေးချင်လို့သာ တွေးတာ အဲဒီ စကားလုံးလည်း မဟုတ်မှန်းလဲ သိပါတယ်။ ပေါက်ပေါက်ရှာရှာ တွေးတာ အကျင့်ပါနေလို့။

ဒါပေမဲ့ ဟားချင်တဲ့ လူကတော့ ဟားပစ်တာပဲ။ :( )

***
တကယ်တော့ ဒီဝတ္ထုမှာ နားမလည်နိုင်တာက စာရေးဆရာ ပေးချင်တဲ့ message ကို မဟုတ်လောက်ဘူး။ message ပေးတဲ့ ပုံစံကိုသာလျှင် နားမလည်နိုင်တာ ဖြစ်လိမ့်မယ်။

(တခါတလေ ကြည်အေး ရဲ့ message တွေကို နားမလည်နိုင် ဖြစ်ရတယ် လို့ ခံစားရတယ်။
ဒါလည်း တကယ်တမ်း သူ ဘာပြောချင်တယ် ဆိုတာကို နားမလည်နိုင်ဖြစ်ရတာ မဟုတ်ဘဲ သူဘာကြောင့်များ ဒါကို ဒီလို တွေးရတာလဲ (ဘာဖြစ်လို့ ဒီလို message မျိုး ပေးရတာလဲ) ဆိုတာကိုသာ နားမလည်နိုင် ဖြစ်ရတာ။ - ဤကား စကားချပ်)


ဒီဝတ္ထုနဲ့ ပတ်သတ်လို့ကတော့ ကိုယ်က သွယ်ဝိုက်တာတွေကို မခံစားချင်၊ မခံစားတတ်တာကြောင့် ဖြစ်နိုင်တယ်။
ကိုယ့်အမြင်မှာတော့ သွယ်ဝိုက်တာနဲ့ ဖွဲ့နွဲ့တာဟာ မတူပြန်ဘူး။ ဒါကြောင့် ပုံဆောင်ပြတဲ့ ဝတ္ထုတွေ (Allegory) ဆို ကိုယ် ဘယ်တော့မှ မငြိခဲ့တာ ဖြစ်နိုင်တယ်။

***
ဒါကို blog မှာ ပြန်တင်မယ်လုပ်တော့ review လို့ မဆိုသာတဲ့ အထက်က စာပိုဒ်နဲ့တင် မတင်ချင်တာကြောင့် စာအုပ်ထဲက နှစ်သက်မိတဲ့ စာပိုဒ်တချို့ကို ပြန်ရိုက်တင်ဖို့ စိတ်ကူးမိပါတယ်။

"ဤ ပင်လယ်ပျော်စင်ရော် ပုံဝတ္ထုသည် သဘောသဘာဝတို့ကို စင်ရော်၌ တင်စားသည်။ ဤ ပုံဝတ္ထုကို ဖတ်သောသူသည် မိမိ၏ လောကတွင် အလားတူ အခြင်းအရာများကို ဆင်ခြင်၍ သဘာဝ ယုတ္တိကို ရှာကြည့်နိုင်သည်။ ဤဝတ္ထုပါ စွန့်စားခန်းများကို လူ့လောက စွန့်စားခန်းများနှင့် ထင်ဟပ်၍ ကြည့်လိုသူများသည် နယ်သစ်ရှာ အာဇာနည်များ၊ တောင်ဝင်ရိုးစွန်း မြောက်ဝင်ရိုးစွန်း၊ တောနက်ကြီးများ၊ သဲကန္တာရများနှင့် ကမ္ဘာပေါ်တွင် အမြင့်ဆုံး တောင်ထိပ် တောင်ထွတ်များ၌ ခြေချရန် စွန့်စားခဲ့သူများကို တွေ့မြင်နိုင်သည်။


ဤသူများသည် မည်သည့် အကျိုးစီးပွားကို လို၍ ဤသို့ အသက်ဆံဖျား စွန့်စားကြရသနည်းဟူသော အမေးကို ဖြေရာတွင် လူတို့၏ အစွမ်းသတ္တိနှင့် ဇွဲလုံ့လ၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ ပူးပေါင်းလုပ်ဆောင်တတ်မှု၊ ရိုင်းပင်းကူညီတတ်မှု တို့ဖြင့် လုပ်ဆောင်လျှင် မည်သို့မျှ မဖြစ်နိုင်ဟူ၍ ထင်ရသော ကိစ္စရပ်များကိုလည်း လုပ်ဆောင်အောင်မြင်နိုင်သည် ဆိုသည်ကို သက်သေပြရန်ဟူ၍ ပြောခဲ့ကြသည်။

ထိုသို့ စွန့်စားခဲ့ကြသူများ၏ အဆိုအရ ဤမျှ အခက်အခဲ၊ အကြပ်အတည်းများ၌ အဆိုးဝါးဆုံးသော အပူဒဏ်၊ အအေးဒဏ်နှင့် အန္တရာယ်အမျိုးမျိုးကို ကျော်လွန်အောင် အားထုတ်ပြီးသည်၏ နောက်ပိုင်းတွင် သူတို့၏ စိတ်နေသဘောထားများလည်း ပြောင်းလဲခဲ့ကြပြီး အခြားလောကီနယ်မှ လူသာမန်တို့ကဲ့သို့ မဟုတ်တော့ကြောင်း သိရသည်။ (သာမန်လူတို့၏ သန္တာန်၌ ကိန်းဝပ်သော အဘိဇ္ဈာ၊ ဣဿာမစ္ဆရိယ၊ ဗျာပါဒတို့ ကင်းစင်ကာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မစိုရ်တရားတို့ကို ထားရှိတတ်လာသည် ဟု ဆိုလိုခြင်းဖြစ်သည်။)"

(ဘာသာပြန်သူ ထင်လင်း ၏ အမှာ)

***
"ကိုယ့်ကို အခုပဲ သတ်ဖို့ ကြိုးစားခဲ့တဲ့ ငှက်တွေရဲ့ ဗရုတ်ဗရက်အုပ်စုကို ခင်ဗျားဘယ်လိုလုပ်ပြီး ချစ်နိုင်တယ်ဆိုတာ ကျုပ်နားမလည်ဘူး။"

"အို ဖလက်ခ်ျရယ်၊ မင်း ဒါကို မချစ်နဲ့ပေါ့ကွယ်။ အမုန်းတရားနဲ့ မကောင်းမှုကိုတော့ ချစ်ဖို့ မလိုဘူးပေါ့ကွယ်။ မင်း လေ့ကျင့်ပြီး တကယ့်စင်ရော်ဆိုတာကို မြင်တတ်အောင် ကြည့်ရလိမ့်မယ်။ သူတို့ ကိုယ်စီမှာ ရှိတဲ့ ကောင်းတာကလေးတွေကို ရှာကြည့်ပြီး၊ သူတို့ကိုယ် သူတို့မှာလည်း အဲဒါကလေးတွေ မြင်အောင် ကြည့်တတ်ဖို့ ကူညီပေးပါ။ ငါပြောတဲ့ 'မေတ္တာတရား' ဆိုတာ အဲဒါပဲ။ နည်းသိရင်တော့ ပျော်စရာ ကောင်းပါတယ်။"

(စာ - ၁၆၉)

***
"သြော် ဖလက်ခ်ျရယ်။ မင်းမျက်လုံးများက ပြောတာကို မယုံပါနဲ့။ သူတို့ ပြတာ အားလုံးဟာ အဟန့်အတား အကန့်အသတ်တွေချည်းပဲကွယ့်။ မင်းရဲ့ ဉာဏ်နဲ့ယှဉ်တဲ့ အမြင်နဲ့ ကြည့်ပြီး မင်းသိထားပြီးသားဟာကို ရှာပါ။ မင်း ပျံသန်းနည်းကို တွေ့ပါလိမ့်မယ်"

"Poor Fletch. Don't believe what your eyes are telling you. All they show is limitation. Look with your understanding, find out what you already known, and you'll see the way to fly."
(စာ - ၁၇၄, ၁၇၅)
***
သိပ်ကောင်းတဲ့ စာသားတွေလို့ ခံစားမိပါတယ်။

(ဆရာထင်လင်း အမှာစာက တချို့ အချက်အလက်တွေမှာ ကိုပေါ ပြောချင်တဲ့ သဘောတရားတွေ ပါတယ်လို့တောင် ထင်မိ :))

ကိုယ်ကတော့ လူ့သဘာဝကို လူတွေရဲ့ နေ့စဉ်ဘဝကနေ တိုက်ရိုက်ဖွဲ့ဆိုတင်ပြတာကိုပဲ ကြိုက်တတ်တဲ့သူ ဖြစ်တာကြောင့် Allegory ပုံစံ ဝတ္ထုတွေကို မစွဲလမ်းလှပါဘူး။ မကြိုက်လှပါဘူး။

သူငယ်ချင်းဆီက စာအုပ် လက်ဆောင်ရတဲ့ နေ့စွဲက 10th June 1995 ပါ။
ဖြူးကနေ ပြောင်းရတော့မယ် ဆိုတော့ ကိုယ့်ကို ဒီစာအုပ် လက်ဆောင်ပေးဖို့ သူ့အစ်ကိုကြီးကို ရန်ကုန်က ဝယ်ခဲ့ဖို့ တကူးတက မှာခဲ့တယ် ဆိုတယ်။

သူနဲ့ ကိုယ်နဲ့က ငယ်ငယ်တည်းက (၄/ ၅ တန်းမှာတည်းက) အုပ်စုထဲက စာတော်တဲ့ တခြားသူငယ်ချင်းတွေလို ဆရာဝန်လုပ်မယ်။ အင်ဂျင်နီယာလုပ်မယ်လို့ ဘယ်သောအခါကမှ မပြောခဲ့ကြသူတွေ ဖြစ်တယ်။ (တကယ်က ဘာလုပ်ရကောင်းမှန်းမှ မသိတာ ဖြစ်နိုင်တယ် :D )

သူက ကိုယ့်ထက် အများကြီး ဉာဏ်ကောင်းပြီး၊ IQ ပိုမြင့်ပါတယ်။ ကိုယ့်ထက် ၁ နှစ်လောက်လည်း ကြီးတယ်။ အထူးသဖြင့် အင်္ဂလိပ်စာ သိပ်တော်ပါတယ်။ ခုတော့ ဖြူးမှာပဲ guide လုပ်ပြီး ကျူရှင်ပြရင်း ထောနေတယ် ကြားတယ်။ ကိုယ်တို့ batch တွေထဲမှာ ၁ဝ တန်းအောင်တော့ အချင်းချင်းတောင် မယုံချင်စရာကောင်းလောက်အောင် result တွေက ဇောက်ထိုးမိုးမျှော် ထွက်လာတာတွေ ရှိတယ်။ ဒါတွေတော့ နောက် ကြုံမှပဲ ရေးတော့မယ်။

ဒီစာအုပ်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ချစ်သော သူငယ်ချင်းအား ကျေးဇူးတင်ပါတယ်။

***

20 comments:

  1. ဖတ်သွားတယ်.ရေးချင်တာရေး

    ReplyDelete
  2. မြန်ထှာ
    ခေါင်းစဉ်ပဲ ဖတ်တာလား မမ။

    ReplyDelete
  3.်မဖတ်ဖူးတဲ့ စာတစ်အုပ်ပဲ ရီတာ။

    သူငယ်ချင်းတွေအကြောင်း ရေးပါဦး။

    အနောက်က တစ်နိုင်ငံငံပေါ့ ရီတာ။ သူတို့ဆီက ကျောင်းသားတွေ ဒီမှာလောက် stress မများဘူး။ သူငယ်ချင်းတစ်ယောက်က ပိုလီပြီးတော့ ဒီဂရီရဖို့ ဒီမှာဆက်တက်တယ်။ အလုပ်တစ်ဖက်နဲ့ အချိန်ပိုင်းတက်ရတာဆိုတော့ ၄-၅ နှစ်လောက် ကြာသွားတယ်။ ဘွဲ့ရသွားတဲ့အခါကျတော့ နောက်ထပ် ကျောင်းဆိုတဲ့အသံကို မကြားပါရစေနဲ့လို့ကို ပြောခဲ့တာ။ ခု u.s ရောက်သွားပြီး ကျောင်းဆက်တက်နေတာ ဘာသံမှကို ထွက်မလာတော့ဘူး။ ပျော်ရွှင်စွာနဲ့ study လုပ်နေလေရဲ့။

    ကိုယ်လည်း ပြောသာပြောရတာ ဘွဲ့ထပ်လိုချင်ပြီး စာကျတော့ သိပ်လုပ်ချင်တော့တာ မဟုတ်ဘူး။ :D

    ReplyDelete
  4. သူငယ်ချင်းတွေအကြောင်းတော့ ရေးမယ် ဇွန်။

    ဒါပေမဲ့ အတိတ်ကအကြောင်းတွေ ပြန်ရေးဖို့က တခါတခါ သိပ်ခက်တယ်။ ဟိုတခါပြောဖူးသလို အတိတ်က အရိပ်တွေ ဆိုတာမျိုး။

    အလှမ်းကွာနေတာတွေကို ပြန်စဉ်းစားရတာ၊ ပြန်နှူးရတာ ကြည်နူးစရာဆိုလည်းဟုတ်၊ လွမ်းမောစရာဆိုလည်းဟုတ်...

    ReplyDelete
  5. ဦးဘသန်းရေးတဲ့ ယောနသံပဲဖတ်ဘူးတယ်။
    မှတ်မှတ်ရရအကိုဝမ်းကွဲကဒါဖတ်စမ်းကွာဆိုပြီး
    ပေးလိုက်တာ။ငယ်သေးတော့ ဖတ်လို့ကောင်း
    တာပဲသိတယ်။စာအုပ်မှန်သမျှဝါးစားသလိုဖတ်
    တဲ့အရွယ်ကပေါ့။

    ReplyDelete
  6. အနောက် ကကျောင်း Stress မများဘူးဆိုတာ သင်ရတဲ့ ဘာသာနဲ့ တက်ရတဲ့ ကျောင်းက ကွာသွားမယ် ထင်ပါတယ်..

    Top Uni- MIT, Stanford, Harvard etc တို့ကို ပြောတာပါ။ မရီတာက အဲလို ကျောင်းမျိုးတော့ တက်ပို့စိတ်ကူး မရှိလောက်ပါဘူး =P

    World Wide MIT rank 1 ရှိပြီး Lee Kwan Yu NTU က Rank 30+ မှာရှိပါတယ်..

    ReplyDelete
  7. ကျေးဇူး SM

    စာလုပ်ရမယ် ဆိုရင်တော့ ဘယ်ကျောင်းမှ မတက်ချင်တော့ဘူး။ ကျောင်းတက်ဖို့ စဉ်းစားမိတာ ဘွဲ့လိုချင်တာရယ်၊ ဟေးလားဝါးလား ပြန်နေချင်တာရယ်ပဲ ရှိတယ်။

    ReplyDelete
  8. "Why it is too hard for you to live in the same way like others, Jon?" (သူများတွေလို နေဖို့ ဘာကြောင့်များ မင်းအတွက် ခက်ခဲနေရတာလဲ Jon ရယ်)

    အမလည်း ဦးဘသန်းရေးတဲ့ ယောနသံပဲဖတ်ဘူးတယ် ဒါပေမဲ့ နဲနဲ ငယ်သေးတော့ ပေးခြင်တဲ့ massage တွေ သိပ်မရလိုက်ဘူး

    ထပ်မဖတ်ဖြစ်တော့ဘူး...

    အင်းကျေးဇူးပါ
    ငယ်ဘဝတွေ အကြောင်းလည်း ရေးပါအုန်း ဖတ်ချင်ပါတယ်

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  9. ဖတ်ပြီးသွားပြီ
    ဘာလို့ အဲ့လိုရေးရတာလဲဆိုတော့ ပထမ တခေါက်က ရမ်းသရူးပဲ ဖတ်တာ
    အခု သေချာ ပြန်လာဖတ်တာ
    နားမလည်ပါဘူး
    အဲ့စာအုပ်ကို ဖတ်တုံးကလဲ နားမလည်ခဲ့ဘူး
    ထင်လင်းကိုတော့ ကြိုက်တယ်

    ပေါ်လီယာနာ က စလို့ပေါ့
    တကျွန်းစံ
    နောက် ပလိပ်
    စင်ရော်ပဲ မကြိုက်တာ
    နားမလည်လို့
    ပေါ်လီယာနာကတော့ အကြိုက်ဆုံးပဲ
    ဖတ်တာ အခေါက်ခေါက်အခါခါ
    ဝယ်တာ အုပ် ၅၀ ကျော်ပြီ
    လက်ဆောင်ပေးတာ

    ReplyDelete
  10. ပေါ်လီယာနာ အကြောင်းပြောရမယ်ဆိုရင် ကြိုက်တယ် မကြိုက်ဘူး တန်းကနဲ ပြောလိုက်လို့ကို မရဘူးဖြစ်မိတယ်။

    အရေးအသားတွေကို ကြိုက်တယ်။ ဖတ်မိတိုင်း အရေးအသားတွေကို နှစ်သက်ပြီးတော့ နေတယ်။ သူပေးချင်တဲ့ msg ကိုတော့ မကြိုက်ဘူး။
    ကိုယ်ကတော့ ဘယ်သောအခါမှလည်း ပေါ်လီယာနာ ဖြစ်မှာမဟုတ်ဘူး။

    အဲဒီသဘောတရားတွေကို "ယောနိသော မနသီကာရ" လို့ ပြောကြတာ ကြားဖူးပေမယ့် ကိုယ်ကျ အဲလိုလည်း မထင်ဘူး။ သူပေးချင်တာတွေ ရင်ထဲမရောက်ဘဲ ဝတ္ထုရဲ့ အနှစ်သာရနဲ့ ယှဉ်ရင် အပေါ်ယံကျတဲ့ အရေးအသားလေးကိုပဲ ကြိုက်ခဲ့မိတယ်။

    ReplyDelete
  11. အရေးအသားကို ကြိုက်တာ ဆိုရင် မမရီတာ erich segal ရဲ့ love story မောင်မိုးသူ ဘာသာပြန် အချစ်ပုံပြင် ကိုရှာဖတ်ကြည့်ပါ
    ကြိုက်ပါလိမ့်မယ်
    နောက် အဲရစ် ရဲ့ သည်ကလပ်စ် ကိုလဲ ဆရာမြသန်းသင့်က လွမ်းမော်ခဲ့ရတဲ့ တက္ကသိုလ်နွေညများဆိုပြီး ပြန်ထားပါတယ်
    အချစ်ပုံပြင် က အော်ရီဂျင်နယ် လဲအရမ်းကောင်းတယ် ဘာသာ ပြန်တာလဲကောင်းတယ် ပြီးတော့ အော်ရီဂျင်နယ်က အီးလိုပေမယ့် တိုတိုလေး ရှာဖတ်ကြည့် နောက်ပိုင်း အရမ်းနာမည်ကြီးလာလို့ အိုလီဗာ စတိုရီ ဆိုပြီး ဒုတိယပိုင်း ဆက်ထွက်လာတယ် ကိုကတော့ သိပ်မကြိုက်
    တခါက မမရီတာ ကိုတောင် အီးဘွတ် ပို့ပေးဖူးသေးသလားလို့
    လိုချင်ရင် ပြန်ရှာပေးမယ်
    အမှန်က ပိုစ့်အသစ်တွေ့လို့ လာတယ် ကိုယ်တိုင်ရေးမဟုတ်တော့ မမန့်ဖြစ်တော့ဘူး ကွန်မန့်ကို ကြည့်ရင် တွေ့လို့ ပြန်ပြောတာ

    ဟိုရွှေပိုစ့် ကိုကွန်မန့်ထပ်ဝင်တယ်နော် ပြန်ပြောချင်သေးတယ် အဲ့ဒီ ကိုတင်နိုင်ကို မဖြူဖြူသင်း တို့ လုပ်လို့ ကိုတို့ ဘယ်လောက် ဒုက္ခရောက်ရတဲ့အကြောင်း ရှည်နေမှာစိုးလို့ မာတုဂါမ ကို သွားဟယ် အင့်ဆိုပြီး ခပ်ကြမ်းကြမ်း ပဲ လွှတ်ချလိုက်တော့တယ် တော်သေးပြီ

    ဟင်းချက်ထားတယ် လာစားပါ

    ReplyDelete
  12. The Class လိုချင်တယ်ကွယ်။
    Love Story ကတော့ ပို့ဖူးတယ် ထင်တယ်။
    မမှတ်မိတော့ဘူး။ပြန်ရှာဦးမယ်။
    ebook ဆို မျက်စေ့အောင့်လို့။
    print ထုတ်ဖတ်မယ်လို့ ကြံပေမယ့် အထ မမြောက်ဖြစ်နေတယ်။ ebook မဟုတ်တဲ့ အပြင်က စာအုပ်အစစ်တွေတောင် မဖတ်ဖြစ်တာတွေ ပုံနေတယ်။

    The Class ကို ebook ရရင်တော့ လိုချင်တယ်။

    ReplyDelete
  13. the class
    ကအခုကိုလက်ဝယ်ရှိနေပါတယ်
    ဘုတ်အုပ်နဲ့ပါ ဘတ်လို့သိပါကောင်းတယ်
    ဘတ်ချင်ရင် ပို့ပေးမယ်
    ဘတ်ပြီးရင် ပြန်ပို့ပေးမယ် လို့ကတိခံပါ
    အပြင်းစားမိန်းမရဲ့ ကတိမို့ ယုံလို့ရမယ် မျှော်လင့်ပါတယ်
    အဲ့လိုပြောရတာ ပြန်ဝယ်ဖို့မလွယ်တော့လို့ပါ
    ပြန်မပေးရင်လဲ ကိုယ့်တန်ဖိုးကို စာအုပ်တအုပ်နဲ့ဖြတ်တယ်လို့သတ်မှတ်ပါမယ်
    ဒီလောက်ပြောရတာ စိတ်မရှိပါနဲ့
    အဲ့လိုပဲ ကိုယ့်ဆီက စာအုပ်ငှားဖတ်မယ့်လူတွေစာ စာအုပ် မဖတ်ရခင်ကတည်းက နှစ်ပြားမတန်အောင်သတိပေးခံရတတ်ပါတယ်
    အဲ့တာကလဲ အရင်က ခဲမှန်ဖူးလို့ပါ

    ReplyDelete
  14. ပို့ပေးပြီး ငှားတာဆိုရင် အချိန်တစ်ခုအတွင်းမှာ မဖြစ်မနေ ပြီးအောင် ဖတ်ရမယ့် တာဝန်ကြီးရှိတယ်။ ပြီးရင် ပြန်ပို့ရမယ့် တာဝန်ကြီးလဲ ရှိတယ်။ ဘာတာဝန်မှ မယူချင်လို့ ဒေါက်ဖိနပ်တောင် ခု မစီးတော့ပါဘူးဆို။

    ReplyDelete
  15. ရီတာ ဖတ်ချင်တဲ့ the class က original ကို ပြောတာလား။ ဘာသာပြန်ဆိုရင်တော့ ကိုယ့်ဆီမှာရှိတယ်။ original ကိုယ်မဖတ်ဖူးသေးဘူး။ ဖတ်ချင်သား။ အမေဇုန်က မှာရင် ရမယ်ထင်တယ်။

    ReplyDelete
  16. အင်း ဇွန် around $ 25 လောက်တဲ့။
    စဉ်းစားနေတာ မှာပြီးရင် ဖတ်ဖြစ်ပါ့မလားဆိုတာကို... ဒီတိုင်းပုံထားတာတွေ များလှပြီ။

    စာဖတ်ဖို့ ကိုယ့်ဘာသာ အတော် ချော့နေရတယ်။ ဘာဖြစ်သွားတာလဲ မသိဘူး။

    ReplyDelete
  17. ကိုယ်လည်းအတူတူပဲ။

    အေးအေးဆေးဆေး ဖတ်လို့ရအောင်ဆိုပြီး ငှားမဖတ်ဖြစ်ဘဲ ၀ယ်မယ်စိတ်ကူးနေတာ။

    Garrison Keillor ရဲ့ Lake Wobegon Days (ပရေရီမြို့ငယ်ငယ် လွမ်းဘွယ်နေ့များ) တော့ အမေဇုန်ကနေ လှမ်းမှာမလို့ စိတ်ကူးထားတယ်။

    ReplyDelete
  18. I had read ဦးဘသန်းရေးတဲ့ ယောနသံ.

    BINO

    ReplyDelete
  19. i will send u the class e-book through ur e-mail, i luckily found through google
    i also want love story in return if u have e-copy
    i looked for love story e-book but still can't find it

    ReplyDelete
  20. အိုကေ Aung

    ကိုယ် Love Story ပြန်ရှာလိုက်ဦးမယ်။ ရှာမရလဲ Addy Chen ကို ထပ်ပို့ခိုင်းလိုက်ပါ့မယ်။

    The Class ကိုလည်း လိုချင်ပါတယ်။
    ammk6480@gmail.com ကို ပို့ပေးပါ။

    Thanks in advance!

    ReplyDelete