Saturday, May 22, 2010

'အ' သုံးလုံး (သို့မဟုတ်) ထမီ

တခါတခါကျ နိုင်ငံခြားမှာ လာနေလို့ ဗမာစာကို နားမလည်နိုင်ကြတာလား။
ဗမာပြည်မှာတည်းက ဗမာစာနားလည်နိုင်စွမ်း နည်းနေကြတာလား ဆိုတာ ကိုယ်လည်း ဉာဏ်မမီလို့ မသိဘူး။

ရေ post က ဓါတ်ပုံမှာ ဓါတ်ပုံယူမသုံးနဲ့ လို့ ပြောထားတာလား။ ဓါတ်ပုံဟာ ဒီ blog က မဟုတ်လို့ ဓါတ်ပုံပိုင်ရှင်နဲ့ ညှိလို့ ပြောထားတာလား ဆိုတာတောင် နားလည်နိုင်စွမ်း မရှိတာ အံ့သြမိတယ်။ ဓါတ်ပုံပိုင်ရှင်နဲ့ ညှိ ဟူသော စာကြောင်း အတိအကျ ပါသည်။
(ဒီ blog က ကိုယ်ပိုင် ပုံတွေ၊ စာတွေကိုတော့ နိုင်ငံရေးအမည်ခံ blog တွေကို လုံးဝ ယူသုံးခွင့် ပြုမှာမဟုတ်ဘူး။ ယူစရာအကြောင်းလဲ မရှိဘူး။)

အဲဒါကို အတောင် ၃ဝ ဝတ် ယောက်ျားကြီး ဆိုသူများ နှုတ်သီးကောင်းလျှာပါးနဲ့ စာ သေချာမဖတ်ဘဲ ကွန်မန့်လာရေးလိုရေး၊ ဘလော့ပေါ်တင်လိုတင် (အမှန်တော့ အဲဒီဘလော့ သိတောင်မသိဘူး။ ရင်းနှီးနေတဲ့ မမ KOM က email ကနေ link လာပေးလို့ ဖတ်လိုက်ရတယ်)။

စိတ်ဝင်စားလျှင် ဖတ်နိုင်သည်။

ယောက်ျားတန်မဲ့ သူကတော့ cbox တွေ comment တွေ ဖွင့်တယ်လို့ ဂုဏ်လုပ် ပြောလိုပြော။

ဒုက္ခ

ဗမာစာကျေအောင် 'အ' သုံးလုံးသင်တန်းပေးပြီး၊ ထမီဝတ်ထားစေချင်မိတယ်။

***
မှတ်ချက်။ ဒီ blog အား ပြည်ပရောက် နိုင်ငံရေးသမား ဆိုသူ၏ နာမည်နှင့် ပြုလုပ်ထားသော site မှာ credit ပေးခြင်းအတွက်၊ ပြန်ဖြုတ်ခိုင်းသော post တခု တင်ဖူးသည်။ ၄င်း post အား blog တွင် မထားလိုသဖြင့် ဖြုတ်ပစ်ပြီး ဖြစ်သည်။

ထို post ကို ဖြုတ်ပစ်ရကောင်းလား ဟု ရေးလာသော comment တစ်ခုလဲ လာသည်။ တင်ပေးလိုက်သည်။
တစ်နာရီကြာလျှင် ပြန်ဖြုတ်မည်ဟု ကြေညာပြီး တစ်နာရီနောက်ပိုင်း ပြန်ဖြုတ်လိုက်သည်။ ထို comment တွင်လည်း ဓါတ်ပုံကိစ္စ ဘာလို့ တွန့်တိုရသလဲ မေးထားပြန်သည်။ ဖြုတ်ပစ်လိုက်သည့် post ကို print screen ဖမ်းထားသည် ဟုလည်း ခြိမ်းခြောက်လိုက်သေးသည်။

ဓါတ်ပုံကို မသုံးခိုင်းတာ မဟုတ်ဘူး။ ဓါတ်ပုံပိုင်ရှင်နှင့် ညှိလို့ ဗမာလို ရေးထားတာ print screen လုပ်ထားတာရှိရင် ပြန်ဖတ်ဟု ပြောလိုက်သည်။

အမှန်တော့ ထို comment တင်ထားလိုက်လျှင် သူ ဦးနှောက်မရှိတာ၊ လက်ထဲမှာ ဘာလက်နက်မှ ကိုင်မထားနိုင်ဘဲနဲ့တောင် print screen ဖမ်းထားလိုက်နိုင်ရုံလေးနဲ့ ကိုင်ပြီး ခြိမ်း၂ခြောက်၂ လုပ်ချင်တာကို သိသာစေနိုင်သည်။ သို့သော် မြင်ကို မမြင်ချင်သဖြင့် ဖျက်လိုက်သည်။ ဖတ်ချင်သေးလျှင် comment ကနေ ဝင်လာသော email တော့ ရှိ၏။ နာမည်ကတော့ ကျော်ထင် ဆိုလား...

ဒါမျိုး စာမကျေတာ တစ်ယောက်ပဲ ရှိမည်ဟုသာ မှတ်၏။ သို့သော် တစ်ယောက်မက။

ယောက်ျားကြီးတွေ ဖြစ်ပြီး အားနေလဲ အကျိုးရှိရာ ရှိကြောင်း လုပ်နေကြပါလား။ ဘာလို့ မသိနားမလည်၊ ဉာဏ်နည်းသည်ဟု ကိုယ်သတ်မှတ်ယူဆသော မိန်းမ တစ်ယောက်နှင့် ယှဉ်ပြီး စကားပြောနေချင်သနည်း။ ဒီလို ယောက်ပြားတွေ မြင်ရတာ ဗိုလ်ချုပ် ပြောမသွားလိုက်ရတဲ့ စကားတစ်ခွန်း ကိုယ်က ပြောချင်တယ်။ ယောက်ပြားတွေဟာ ဘာလို့ မဟုတ်တဲ့နေရာမှာ တလွဲဆံပင်ကောင်းနေကြတာလဲ။

(မှတ်ချက်။ တိုတိုညီလင်းဆက်ကိုကျတော့ တအား ချီးကျူးထားတယ်။ သူပြောချင်တဲ့ထဲမှာ တိုတိုညီလင်းဆက်တော့ မပါဘူးပေါ့လေ။ ထည့်မရေးရင် အထင်လွဲသွားမှာ စိုးလို့ ပေါ့လေ။ ပြောချင်တာက တိုတိုမဟုတ်ပါဘူး။ သူ့ဓါတ်ပုံမဟုတ်ဘဲ တွန့်တိုနေတဲ့ မိန်းမတစ်ယောက်ကိုပါပေါ့လေ)

အဲဒါကြောင့် ကိုယ်ကလည်း ခု post ကို သူသိပ်ကြိုက်တဲ့ တိုတို၊ သူသိပ်ချီးကျူးတဲ့ တိုတို ရေးထားဖူးတဲ့ "တခါလေး တင်မိပါတယ်" ဆိုတဲ့ post က စတိုင်လေး အတိုင်း သူအကြိုက်တွေ့အောင် ရေးလိုက်ရပါတယ်။

ယောက်ျားကြီးတွေ ဖြစ်ပြီး အားနေလဲ ကိုယ်မကျေညက်သည့် အသုံးလုံး ကျေအောင်ကျက်နေပါလား။ ဒါမှမဟုတ် ထမီ ပို့လိုက်ရမလား။ ထိုသို့ အပြောခံရပါက ယောက်ပြားပီပီ မိန်းမလို မိန်းမရ ဆတ်ဆတ်ခါအောင် နာဦးမည်။ ယောက်ျားဖြစ်ပြီး ယောက်ျားပီပီ တည်တည်တံ့တံ့ မနေနိုင်တာ၊ ရေးထားတဲ့စာ အဓိပ္ပါယ်ပေါက်အောင် မဖတ်နိုင်တာ၊ ကိုယ့်ကိစ္စ ကိုယ်မလုပ်တာကျ မြင်မည်မဟုတ်။

***
ဒီ post အားလည်း ကြာကြာမမြင်ချင်လို့ သိပ်မကြာခင် ဖျက်မည်။ အချိန်တော့ သိပ်မသေချာ။ Print Screen ဖမ်းထားလိုသူများ မဖျက်ခင် ဖမ်းထားကြရန် သတိပေးလိုသည်။

အော် ဟိုရက်က ဖြုတ်ပစ်လိုက်သော post ကို Print Screen မဖမ်းလိုက်ရသေးသော ပြည်ပရောက် နိုင်ငံရေးသမားဆိုသူများ၊ နိုင်ငံရေးသမားဟု အတိအလင်း အမည်မခံသော်လည်း၊ နိုင်ငံရေးလိုလို ဘာလိုလို ဟိုလိုလို ဒီလိုလို ဖြစ်နေသူများ လိုချင်ပါက email address ကို comment တွင် ရေးခဲ့ပြီး တောင်းပါ။

***
မဖျက်ခင်မှာ အောက်က label ဘယ်လို တပ်ထားသလဲဆိုတာပါ မြင်အောင် ကြည့်သွားပါရန်။

Update:
Gay လို့ တပ်ထားကို ဖျက်ပစ်လိုက်ပြီ။ Gay တွေရဲ့ စိတ်ဓါတ်အဆင့်အတန်းကို စော်ကားသလို ဖြစ်မှာစိုးလို့။

***

24 comments:

  1. ဘာသာပြန်ပါတစ်ခါတည်းတင်လေဟာ
    ဒါမှ နားလည်မှာ

    ReplyDelete
  2. ခင်ဗျား ကလည်း ခင်ဗျားပါဘဲ ဗျာ

    အ၇မ်း ကျယ်တာ ဘဲ

    ဆင် မ ကြီး ၇ဲ့  ဟို ဟာ ကို အနာ ပါဆို ပြီး

    အော်နေတဲ့  သူ နဲ့ တူ နေပြီနော်

    သတိလည်း ထား ဦး

    ထက်၂ တို့ လို နာမည်ကြီး ချင်တာ သက်သက်

    ဆို၇င်တော့ မပြော တော့ပါဘူး (ဘာမှကို)

    ReplyDelete
  3. မမရီတာ ဖတ်ချင်ရင်တောင်းဆိုလို့
    ဖတ်ချင်လို့ပါ..အီးမေးပို့ပေးပါနော်
    နှစ်ပုဒ်လုံးကို ..။ ဘာလိုလိုမှတော့မဖြစ်ပါဘူး
    ဟဲဟဲ

    ကာကာ

    ReplyDelete
  4. ပို့မယ် ကာကာ
    ခဏလေးစောင့်
    post က တခုတည်းရယ်နော်။
    ကွန်မန့်က တစ်ခု။

    ReplyDelete
  5. ဟမ် အီးမေးလ်က ဘယ်မှာလဲ???

    ReplyDelete
  6. @ wint
    အဲဒါဆို အဲဒီလို ဘလော့ကို လာဖတ်တဲ့ wint က ဆင်မကြီးရဲ့ အနာကို သွားရည်လာကျတာလား။

    ReplyDelete
  7. ညီမ ရေ

    စာလာဖတ်သွားပါတယ်.. အရေးမကြီးတာတွေ လွှင်ပစ်လိုက်


    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  8. တစ်ချို့ကိစ္စတွေကို သိပ် အများကြီး မခံစားစေချင်ဘူး -

    တစ်ခါတစ်လေ ဒီလိုပဲ နားလည်မှု လွဲတာမျိုး - ( သို့တည်းမဟုတ် ) စာဖတ်သူ ဖော်ပြထားတာကို စာလုံးတိုင်း တစ်လုံးချင်း တိတိကျကျ မဖတ်မိပဲ ကျော်ဖတ်သွားမိရာကနေ တစ်ဖက်လူက စိတ်အချဉ်ပေါက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ( စာဖတ်သူတယ်ဆိုတဲ့ သူ တော်တော်များများက ကိုယ် အရမ်းစိတ်ဝင်စားတဲ့ အကြောင်းအရာလောက်ကိုသာ စာလုံးစေ့ဖတ်ကြတာမျိုးမလား - တော်ယုံဆို မြန်မာလူမျိုး မြန်မာစာ ဖတ်တာဆိုတော့ ရှပ်ဖတ်သွားကြတာ များတယ်။ )

    အဓိကက Blogger ဆိုတာ အသိုင်းအဝိုင်း တစ်ခုပဲ - တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်တာတွေ ထိခိုက်တာမျိုးတွေ မြင်ရတာထက် တစ်ယောက်နဲ့ တစ်ယောက် ဖေးမတာ ကူညီတာ - မောင်နှမလို မိသားစုလို စောင့်ရှောက်တာ ဒါမျိုးပဲ မြင်ချင်မိတယ်။

    ZT.

    ReplyDelete
  9. ကိုZT ကိုတော့ ကျေးဇူးတင်ပါရဲ့။

    သို့သော်လည်း ကိုယ့်အနေနဲ့တော့ မောင်နှမလို ကူညီစောင့်ရှောက် ဖေးမတာတွေထိ မမျှော်လင့်ပါဘူး။ ပြီးတော့ သူက ညလဆ သိပ်ကြိုက်တော့ ညလဆပြောဖူးတဲ့ ဥပမာလေးနဲ့ ပြောရဦးမယ်။ တခါက ကိုယ်နဲ့ သိတဲ့ တယောက်က ညလဆကို အတင်းပြောတယ်။ serious မဟုတ်ပါဘူး။ နောက်တာပါ။ ကိုယ်ကလဲ နောက်ချင်တာနဲ့ ညလဆကို ပြန်ပြောတယ်။ အဲဒီမှာ ညလဆက ဘာပြန်ပြောလဲ ဆိုတော့... သူတို့ ချီးကျူးမှာထက်စာရင် အတင်းပြောတာမှ ခံလိုက်ချင်သေးတယ် တဲ့။

    ကိုယ်လဲပဲ... ယောက်ပြားလိုဟာတွေက ကူညီဖေးမစောင့်ရှောက်မှာထက်စာရင်တော့ သူတို့က အတင်းပြောခံရတာမှ တော်သေးတယ် လို့ ထင်မိတယ်။

    အဲဒီ ယောက်ပြားကောင်နဲ့ ကိုZT သိရင်တော့ ပြောလိုက်စမ်းပါ။ ကိုယ်တလွဲရေးသလား သူတလွဲပြောသလား ကိုယ့် mail ထဲက post အဟောင်းနဲ့ တိုက်ကြည့်ပြီး၊ တလွဲပြောတဲ့လူက တသက်လုံး ကျွန်ခံကြေး၊ ကိုယ့်ဘာသာ သတ်သေကြေး၊ ဒါမှမဟုတ် လူလယ်ကောင်မှာ နားရင်းအုပ်တာ ခံကြေး လောင်းရဲသလားလို့။

    ဖတ်ပြီးနားလည်မှုလွဲရင်လည်း တိုက်ရိုက်ပြောလို့ရတယ်။ ယောက်ပြားကျင့် ယောက်ပြားကြံ ကြံစရာ မလိုဘူး။ ညလဆကိုတောင် သတိပေးထားရသေးတယ်။ ယောက်ပြားတစ်ယောက်က လာကြောင်ချင်ကြောင်လိမ့်မယ် ကိုယ့်အန္တရာယ် ကိုယ်ကြည့်ရှောင်လို့။

    ReplyDelete
  10. မမရီတာ
    ရန်တွေဖြစ်ပြန်ပြီနော်

    စိတ်ကိုထိန်းပါ ကိုယ်တော်ရာ
    ကိုယ်ကတော့ အဲ့နေ့က ကျောင်းမတက်ဘူးနော်
    ယုန်ကလေး နှာစေးနေတယ်
    ဒါပဲ
    စကားမစပ်
    ယောက်ပြား ယောက်ပြား
    GAY ဘာညာ အဲ့လို စောက်ဖြစ် မရှိတဲ့အကောင်တွေနဲ့ ယှဉ်ယှဉ် မပြောပါနဲ့
    အခြောက်တွေကမှ ကိုယ်ပြောတဲ့စကား ကိုယ်တာဝန် ယူနိုင်တာ
    အဲ့ကောင်တွေက အခြောက်လောက်တောင် သတ္တိရှိတာ မဟုတ်
    တော်သေးပြီ

    ReplyDelete
  11. I have an impression that you are taking quite seriously against self-proclaimed, Burmese politicians abroad. Is it just those politicians that you disapprove of or you are anti-politcal in general? If the anser is yes, what is it that you don't like them or you are against politics, if I may ask?
    Of course you don't have to answer it if you think it's not worth answering. Just say eff off..
    I used to reply that to the questions that unnecessarily irk me.

    Watote

    ReplyDelete
  12. @ Bro Watoto

    နိုင်ငံရေးသမားလို့ ခေါ်တဲ့သူ အားလုံးအပေါ်မှာ against လုပ်ချင်တဲ့စိတ် မရှိပါဘူး။

    အပြောနဲ့ အလုပ် တခြားစီဖြစ်နေတတ်တဲ့၊ ကိုယ်ရည်ကိုယ်သွေးနိမ့်တယ်လို့ ယူဆမိတဲ့ဟာတွေ အပေါ်မှာတော့ ဖြစ်ပါတယ်။ အဲဒါကလည်း နိုင်ငံရေးသမားလို့ခေါ်တဲ့ဟာတွေပေါ်တင် မကဘဲ ဘယ်သူ့အပေါ်မှာမဆို ဖြစ်တဲ့စိတ်ပါ။ (ဥပမာ ခုလောလောဆယ် ရေးတဲ့ post ၂ ခုမှာပါတဲ့ ယောက်ပြားကောင်လိုဟာမျိုး။ တသက်လုံး ကျွန်ခံကြေး၊ ကိုယ့်ဘာသာ သတ်သေကြေး၊ လူလည်ကောင်မှာ နားရင်းအုပ်ခံကြေးလို့ ပြောတော့ ဘာသံမှကို မကြားတော့ဘူး။)

    ဒါပေမဲ့ နိုင်ငံရေးသမားလို့ခေါ်တဲ့ဟာတွေ ပေါ်မှာတော့ ပိုဖြစ်မိသလိုလို ရှိပါတယ်။ ဒါကလည်း ဆိုခဲ့တဲ့ အရည်အသွေးတွေက အဲဒီဟာတွေမှာ ရှိတာ ပိုသိသာနေတာကြောင့်ပဲ။ တခြားလူတွေမှာက သူတို့လောက် မသိသာဘူး။ ဘာလို့ဆို သူတို့လိုဟာတွေက အွန်လိုင်းမှာ ပို ထောင်ထောင် ထောင်ထောင် လုပ်ကြတာကိုး။

    သင်္ကြန်တုန်းက လျှောက်လည်နေတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ဓါတ်ပုံကို ဘယ်ကဆိုဒ်က ယူသလဲတော့ မသိဘူး။ ယူပြီး အောက်က "... ကိုတော့ မကြောက်ဘူး" ဆိုတဲ့ caption နဲ့ တွဲတင်လိုက်လို့ ဗမာပြည်မှာ နေတဲ့ ကောင်လေးတွေက တခြားဆိုဒ်ကနေ ပြန်ရှင်း ပြန်ဖြုတ်ခိုင်းလုပ်ရတယ်ဆိုတာ အစ်ကိုလဲ ကြားမယ်ထင်တယ်။ post မှာလည်း ထည့်ရေးထားပါတယ်။ အဲဒီလို site မျိုး၊ အဲဒီလို လုပ်ရပ်လုပ်တဲ့ဟာတွေမျိုးကို ဘယ်လို impressive ဖြစ်ရမယ် ဆိုတာ၊ အဲလိုဟာမျိုးတွေက ပတ်ပတ်သတ်သတ်လာလုပ်တာကို ဘယ်လို ကျေကျေနပ်နပ် လက်ခံရမယ် ဆိုတာ မစဉ်းစားနိုင်အောင်ပါပဲ။

    နောက်တခုက သူများဆီက ထောက်ပံ့ကြေးယူနေရတဲ့ဟာတွေကို ဘာမှ မဝေဖန်လိုပါဘူး။ ဒီတချက်တည်းနဲ့တော့ အထင်လည်း မသေးဘူး။ တခုပဲ အထင်လည်း ဘယ်တော့မှ မကြီးနိုင်တော့ဘူးပေါ့။ နောက်တခုက သူများဆီက ထောက်ပံ့ကြေးယူနေရတဲ့ဟာတွေရဲ့ ဦးဆောင်မှုနောက်ကို ကျန်တဲ့လူတွေက လိုက်မယ်လို့ ထင်နေကြတာ သိပ်ရီစရာကောင်းတယ်။

    ရန်သူ တူရုံနဲ့ တသွေးတည်း တသားတည်း တစည်းတည်း တလုံးတည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။

    နောက်တချက် ကြုံခဲ့ရတာ ကြာလှပါပြီ။ ဘလော့တောင် စမရေးသေးဘူး။ ညလဆဘလော့မှာ နိုင်ငံရေးသမား အမည်မခံတဲ့၊ နိုင်ငံရေး တည့်(ဒဲ့) မရေးတဲ့ ဟိုလိုလို ဒီလိုလိုဟာက ရေးသွားတဲ့ မှတ်ချက်။ အဲဒီတုန်းက ညလဆ ဘာအကြောင်းရေးလဲ မသိဘူး။ မီးပျက်တဲ့အကြောင်း၊ ဗမာပြည်က အဆင်မပြေတာ တခုခုအကြောင်း ရေးတယ်ထင်တယ်။

    အဲဒီမှာ နိုင်ငံရေးသမား အမည်မခံတဲ့၊ နိုင်ငံရေး တည့်(ဒဲ့) မရေးတဲ့ ဟိုလိုလို ဒီလိုလိုဟာက ညလဆကို ဘာမှန်းသိပုံမရဘူး။ အဲဒီလိုတော်တဲ့ လူငယ်လေးတွေ ဗမာပြည်မှာ အချိန်တွေကုန်နေရတာကို သူ ရင်နာလှချည်ရဲ့ ဆိုလား ဘာလား လာရေးထားတယ်။

    ReplyDelete
  13. ဟိုက သင်္ဘောမတက်ချင်လို့ ပြန်သွားတာ၊ စင်ကာပူမှာ ကျောင်းတက်ပြီးမှ ပြန်သွားတာ သူ မသိဘူး။ ညလဆ ဘာတွေလုပ်နေလို့ ဘယ်နေရာမှာ ဘာတွေဖြစ်သွားတယ်ဆိုတာ မသိဘူး။ ထားပါ ဒါတွေ။ ကာယကံရှင်တောင် မပြောတာ ကျွန်မပြောနေဖို့မလိုပါဘူး။ တဆိတ်ရှိ ဒါပဲ လျှာယားပြေရုံ ထည့်ထည့်ပြောပြီး ခလုတ်တိုက်နေတာ မှန်နေသည့်တိုင်အောင် သူ့ဘာသာ ဗမာပြည်မှာ နေချင်လို့ကို ရွေးချယ်ပြီး နေတဲ့သူတစ်ယောက်ကို၊ သူများထောက်ပံ့ကြေး ယူပြီး ရောက်လာတဲ့ဟာက အဲဒီလိုပြောတော့ ရီချင်စရာ မကောင်းဘူးလား။ အဲဒီလို မှတ်ချက်သွားရေးတဲ့ဟာကို ကျွန်မ ခင်ခင်မင်မင် ပြောဆိုဆက်ဆံနိုင်တယ်။ သို့သော် ဘယ်သောအခါမှ impressive ဖြစ်မည်မဟုတ်၊ အဲဒီလိုဟာက ဦးဆောင်သွားမှ ဖြစ်မယ်ဆိုရင် ဘယ်နေရာကိုမှ မလိုက် (တကယ်တော့ သူဦးဆောင်လို့လည်း ဘယ်မှ ရောက်မှာ မဟုတ်ဘူး။ refugees ခံပြီး နိုင်ငံကြီးတော့ ရောက်ချင်ရောက်မယ်)

    ပြောရရင် ခွေးချင်းကိုက်တာတောင်မှ အဲဒါကြောင့်ပဲလို့ လက်ညှိုးထိုး ပါးစပ်ယားပြောရုံပြောနေတဲ့ဟာတွေကို စိတ်ကုန်တာပဲ။ ခွေးချင်းကိုက်နေတာ အမြင်မတော်ရင် ရေနဲ့ ပက်လိုက်ပါလား။ ဘာလို့ စကားလုပ်ပြောနေတာလဲ။ လုပ်နေသားပဲ ငါတို့လည်း အပြင်ကနေ ထောက်ပံ့နေသားပဲ လို့ ပြောချင်ပြောမယ်။ ထောက်ပံ့ရုံပံ့တဲ့ နိုင်ငံရေးသမားမဟုတ်တဲ့ ဘယ်တစ်ယောက်က ထောင်ထောင် ထောင်ထောင်လုပ်သလဲ။ သူတို့လို ခလုပ်ဝင်တိုက်ပြီး လျှာယားပြေရုံ စကားလုပ်ပြောနေသလား။ ထောက်ပံ့တာ စကားလုပ်ပြောမနေနဲ့။ ကိုယ့်ဘာသာ တိတ်တိတ်နေ။ သူများထောက်ပံ့တာခံပြီး နေတဲ့ဟာတွေက အာကျယ်လို့ရတယ်။ ကိုယ့်ဘာသာ ရှာစားနေတဲ့လူတွေက ပြောနေလို့ ရတာမဟုတ်ဘူး။ နှစ်တိုင်း ကိုယ့်ပိုက်ဆံနဲ့ကိုယ် ကိုယ့် passport နဲ့ ကိုယ် ခေါင်းမော့ပြီး မြန်မာပြည်ပြန်၊ ကိုယ့်မိဘဆွေမျိုး သွားတွေ့နေရသေးတယ်။ အခြေအနေကို သဘောပေါက်။

    ဒီနေရာမှာပဲ ရပ်လိုက်ရင် ကောင်းမယ် ထင်ပါတယ်။
    အစ်ကိုမေးတာကို စိတ်ထဲမှာ ဘယ်လိုမှ မဖြစ်ပါဘူး။
    ပြန်ချုပ်ရရင် နိုင်ငံရေးသမားလို့ ခေါင်းစဉ်အတူတူ တပ်ဦးတော့ တကယ် လုပ်ပြီး၊ တကယ်ခံ အထဲမှာနေရတဲ့သူတွေနဲ့ အပြင်ရောက်နေတဲ့ဟာတွေအပေါ်မှာ ကျွန်မရဲ့ စိတ်သဘောထားက အတူတူ မဟုတ်ပါဘူး။ အထဲမှာတော့နေပါရဲ့ အာရုံအာနေတဲ့ဟာတွေကတော့ ချွင်းချက်ပေါ့။

    ReplyDelete
  14. ဆရာလုပ်တယ် မထင်ပါနဲ့ ဒေါ်ရီတာ။ ကျနော်ထင်ပါတယ်။ ကျနော်လည်း အရင်တုန်းက အဲ့သလိုပဲလို့ အပြောခံရဖူးတယ်။ ဘာ့ကြောင့် အဲ့သလို ကိုယ့်ကို အဲ့သလို ပြောကြလဲ ဆိုတာလည်း သဘောပေါက်တယ်။ ဒါပေမယ့် ခုမှ အားလားလား ငါ့ထက်တောင် စွာမလား မသိဘူးလို့ မှတ်ယူ မိတယ်။
    ဆရာလုပ်တယ် မထင်ပါနဲ့ ။ ဦးတင်မိုးကြီးက ကျနော့်ကို ဆုံးမဖူးတယ်။ မင်းရန်မဖြစ်နဲ့။ ဒီလိုလူတွေကို သမိုင်းက တံမြက်စည်းနဲ့ လှည်းချ သွားလိမ့်မယ်တယ်။ အဲဒိစကားကို လက်ဆင့်ကမ်းပါရစေ ဒေါ်ရီတာရေ။

    bro watote

    ReplyDelete
  15. ကျေးဇူးပါပဲ အစ်ကို။
    တံမြက်စည်းတောင် တကယ်တော့ စောင့်စရာ မလိုပါဘူး။ သင်္ကြန်ကိစ္စမှာ ကိုယ်လိုလူတွေက အဲဒီလိုဟာတွေကို ဘယ်လို သဘောထားတယ်ဆိုတာ သိသာနေပါပြီ။ အဲဒီတုန်းက ညလဆ ရဲ့ fb မှာ Kalvin ဆိုတဲ့တစ်ယောက် ရေးသွားတဲ့ comment ကို အားအရဆုံးပါပဲ။

    copy တော့ ကူးမတင်တော့ပါဘူး။ ရှုပ်လို့။ သူပြောထားတဲ့ အနှစ်သာရကတော့ ဖြေကြည့်သူများမှာ ကျွန်မပြောထားတဲ့ သဘောတရားနဲ့ အတူတူပဲ လို့ ယူဆမိပါတယ်။

    ... ဆိုတော့ ကျွန်မတို့လိုလူတွေ ဘယ်တော့မှ အဲလိုဟာတွေကို အဖက်လုပ်လို့ ဆရာတင်မှာ မဟုတ်တာ သေချာနေတယ်ဆိုတာကို ပြတာပဲ။

    ReplyDelete
  16. ဒါပေမယ့် လူကြီးသူမ ဆုံးမလို့ ငြိမ်တာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာကို မောလို့ ။
    နောက်နည်းနည်း ပျင်းသွားတာလဲပါမယ် ထင်ပါတယ်။

    ReplyDelete
  17. so many " ညလဆ ညလဆ ညလဆ "

    ReplyDelete
  18. အဲဒီလို လာမှ ရေးပါ့မလားလို့ မျှော်လိုက်ရတာ။

    ReplyDelete
  19. သူ့ကုမ္ပဏီက သင်ပေးလိုက်ရပေမယ့်၊ တတ်သွားပြီး ထွက်သွားတဲ့အခါ ကုမ္ပဏီအတွက် ဆုံးရှုံးတယ်လို့ ထင်ရပေမယ့် အဲဒီလူငယ်ဟာ ဒီအဖွဲ့အစည်းထဲမှာပဲ ဆက်ရှိနေတာဖြစ်လို့၊ ဒါကို အနုတ်လက္ခဏာအဖြစ် သူ မယူဆပါဘူး
    Positive mind and negative mind.
    Difference people difference manner.
    Difference point of view.
    a man or a women who has a positive or negative mind!
    I'd to say how they passed through the social environment.
    That is depend on their background.
    My wife is a very very honest lady.
    She has a good behaviour.
    But she never believed to everybody. She looked down on all people by negative mind.
    Why?
    Not necessary to give answer.
    BINO

    ReplyDelete
  20. မရီတာ ကျွန်တော် ကိုယ်ပေါဘလော့ လင့် ကနေရောက်လာပြီး စိတ်ဝင်စားစွာ ဖတ်ရှုသွားပါတယ်၊ မရီတာရဲ. ခံယူချက်ကို လေးစားပါတယ်၊ စာအရေးအသားကို ကြည့်ရတာ စိတ်တော်တော် တိုတတ်ပုံရတယ်၊ ရောက်ရောက်ချင်း ဝေဖန်တယ်လို. မထင်ပါနဲ. ၊ ကြောက်ကြောက်နဲ. ဝေဖန်မိတာ လူသစ် အနေနဲ. ခွင့်လွှတ်ပါ ခင်ဗျာ၊ မရီတာ နှင့် စာဖတ်သူများအားလုံးကျန်းမာ ရွှင်လန်းကြပါစေ၊

    ReplyDelete