Tuesday, April 6, 2010

I came for ...



ကိုယ် လာခဲ့တယ်

ဟိုး ... ခပ်ဝေးဝေး
သိပ်မလင်းတဲ့ ကြယ်ကလေးဆီက

ကိုယ် လာခဲ့တယ်

ပူပြင်းတဲ့ နွေရာသီ တစ်ခုမှာ
နီးစပ်ထိတွေ့သမျှကို
ကြည်လင်အေးမြစေဖို့

ကိုယ် လာခဲ့တယ်
အမှောင်တွေသာ ခင်းကျင်းတဲ့ ညယံထဲ
အလင်းတွေ သက်ဆင်းလာသလိုမျိုးနဲ့

ကိုယ် လာခဲ့တယ်
ဘာကိုယူလို့ ဘာကိုပြန်ပေးရမှန်း မသိတဲ့ လောကထဲ
ဘာမှလဲ နားမလည်ဘဲနဲ့


ကိုယ် လာခဲ့တယ်
ပူပူကျဲကျဲ အရိပ်နည်းပါးတဲ့ ကွင်းပြင်ထဲမှာ

သူရိန်နေမင်းရဲ့ ရှုသဘင် ခံယူရင်း

ကိုယ် လာခဲ့တယ်
လရိပ်ပင်လယ်ထဲက
နဂါးငွေ့တန်း လှိုင်းလုံးတွေကြား

ကြယ်စင်ငါးကလေးများနဲ့ ဆော့ကစားဖို့

ကိုယ် လာခဲ့တယ်
ဂုဏ်ယူစရာ နည်းနည်းပါးပါးထဲမှာ
မတန်တဆ ဝင့်ကြွား ပြသဖို့

ကိုယ် လာခဲ့တယ်
ဒီကမ္ဘာကြီးတစ်ခုလုံးကို လက်ဖဝါးထဲထည့်
သေချာစေ့စေ့ ကြည့်ချင်ခဲ့လို့။


***
ကိုယ် လာခဲ့တယ်
လျှပ်ပြက်သလို
သူ တစ်ချက် အပြုံးမှာ
တခဲနက် အရှုံးပေးချင်လို့။

(6th April 2009)
မနှစ်က ရေးပြီး တင်ခဲ့တဲ့ ကဗျာ။

***
Update: (6th Apr 2010, 10:45 PM)


အိမ်က အစ်မနဲ့ ညီမလေးများ လုပ်ပေးလို့။ ကိုယ့်ဘာသာဆို လုပ်ဖြစ်မှာ မဟုတ်ဘူး။ သူတို့ကို ကျွေးဖို့တောင် order မှာမယ်ဆို ခုထိ မမှာရသေးဘူး။ weekends မှ မှာရမယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

***

13 comments:

  1. ထင်သားပဲ
    အဲ့ဒီ စစချင်းတကြောင်း ကိုလာခဲ့တယ် ကတည်းက အဟောင်းကြီးပါလို့
    ဆားတွေရမယ် ဆားတွေ ဆားတွေ

    ReplyDelete
  2. ကိုယ်တို့သူငယ်ချင်းအချင်းချင်းတွေကြား ပြောလေ့ရှိခဲ့တဲ့စကားက ''ထိပ်စီးပြောင်းသွားပြီ''... ;)
    ပျော်ရွှင်သော၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မွေးနေ့ဖြစ်ပါစေ။

    ခင်တဲ့
    ဇွန်

    ReplyDelete
  3. မမအရီးတား
    ထိပ်စီးပြောင်းသွားပီလား...
း)
    အနော်တောင် တိလိုက်ဘူးဂျး)

    ReplyDelete
  4. happy birthday !!!!!!
    ပျက်ကွက်သွားတယ်သူငယ်ချင်းရေ
    ဆောရီးနော်

    ReplyDelete
  5. ကဗျာလေးကလှမှလှ ဖတ်နေရင်း
    ကျွန်တော် ကြယ်ကလေးဖြစ်သွား ..
    နောက်ဆုံးတစ်ကြောင်းမှာ အော် ..
    အချစ်ဆိုတာကို သတိရ
    ဘ၀မှာ ဒါလည်းပါသေးကိုး
    (ကိုယ်လာခဲ့တယ်
    ဂုဏ်ယူစရာ နည်းနည်းပါးပါးထဲမှာ
    မတန်တဆ ၀င့်ကြွား ပြသဖို့ )

    ReplyDelete
  6. အမြဲစိမ်း ကောင်းကင်ဆီ အလည်လာတော့
    ကောင်းကင်ပိုင်ရှင်ရဲ့ လာတဲ့အရပ်လေးကို သိလိုက်ရတယ်.... :) နောက်... တစ်ခု ပြောရဦးမယ်..

    HAPPY BIRTHDAY! :)

    ReplyDelete
  7. မင်္ဂလာအပေါင်းခညောင်းသောမွေးနေ့ရက်မြတ်လေးဖြစ်ပါစေကြောင်း
    ကိတ်မုန့်ကလေးမိုက်လိုက်တာ~~~
    ;)

    ReplyDelete
  8. မွေးနေ့မှန်း အသိနောက်ျသွားသလိုလိုတော့ ရှိသား
    မနှစ်ကလိုပဲ ဒီနှစ်မှာပဲ လုပ်ချင်တာတွေ လုပ်နိုင်ပါစေ မမရီတာ။

    ReplyDelete