သင်္ကြန်အပြီးမှာ ရလိုက်တဲ့ အကုသိုလ်တွေ တလှေကြီးနဲ့ ယာဉ်ပျံတစ်စီးလောက် ဆောက်ချင်တယ်။ (ကျော်သူမောင်းတဲ့ ကားပုံစံမျိုး)
လူအားလုံး ခေါင်းရှင်းဖို့ နှစ်ဘက်စလုံးကို မောင်းသွင်းပြီး ပိတ်ချင်တယ်။
အားလုံးကို ခါချဖို့ ပါပဂြိုဟ်တစ်လုံးလည်း ရှာချင်တယ်။
ပြီးသွားရင် (ခွေးချင်းကိုက်တာ ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပေမယ့်) ဆတ်ဆတ်ခါ မချိနေမယ့်ဟာတွေကို နက္ခတ်တာရာကြည့် မှန်ပြောင်းနဲ့ အိမ်အပြန် ညတွေမှာ ဇိမ်ခံ ချောင်းကြည့်ရင်း ဟားချင်တယ်။
***
hello Rita,
ReplyDeleteWhy did you write these words?
will need to write a new post to answer.
ReplyDeleteအင်း သနားစရာ လူတွေ ကတော့ ပြီးသွားပြီ ဘလော့ဂ် ပေါ်မှာတော့ မပြီးနိုင်တော့
ReplyDeleteအဟဲ ညီမပြောတာ ဒီအကြောင်းလား မသိ
ခင်တဲ့
ရွှေစင်
1/2 true အစ်မ။
ReplyDeleteတကယ်က အတည်ပြုလိုက်နိုင်ကတည်းက ခုချိန်ထိ စိတ်ထဲမှာ မကြည်လင်နိုင်သေးတာ။ တငွေ့ငွေ့နဲ့ပဲ။
မပြီးနိုင်တဲ့လူတွေတင် မကဘူး။
ဇွန်က ရီတာ့ကို ခင်တော့ ပြောချင်ပါတယ်။
ReplyDeleteအကုသိုလ်ကြောင့် အကုသိုလ်မဖြစ်စေချင်ဘူး။ ဖြစ်ပြီးသွားရင်လည်း ဆက်အဖြစ်မခံနဲ့တော့လေ..နော်။ နို့မို့ဆို အကုသိုလ်စိတ်တွေ လျော့မသွားဘဲ ပြန်တွေးမိတိုင်း တိုးတိုးနေမှာလေ။
ရီတာ့ကို ခင်မင်လေးစားတဲ့
ဇွန်
ရှစ်...ကိုး....တစ်ဆယ် !!!
ReplyDelete:D
ကျေးဇူးပဲ ဇွန်။
ReplyDeleteဒီတစ်ခါ အတော်ကို ထိန်းနိုင်ခဲ့တာလို့ ပြောရမှာ။ စတဲ့ရက်ကတည်းက ခုချိန်ထိ။
ဖြစ်ပြီ သေချာတယ် လို့ သိလိုက်ရတဲ့ အချိန်မှာ ဆက်စပ်ရာပတ်သတ်ရာတွေကို လိုက်ပူလိုက်ရတဲ့ အပူကို ပူလိုက်ရတဲ့ သူတွေပဲ သိမှာ။
အဲဒီနောက်ပိုင်း ဂဂျိုးဂဂျောင်တွေ ရေးကြပြောကြတာမြင်ရတော့ ဘယ်ဘက်ဆိုတာ မရှိတော့ဘူး။ အားလုံးကို မမြင်ချင်တော့ဘူး ဖြစ်သွားတယ်။
ဒီနေ့ကတော့ တော်တော်ကို လက်ယားလာလို့။
ဇွန့်ကို ကျေးဇူးတင်ပါတယ်။
း)
ReplyDeleteCalm down please!
ReplyDeleteBINO
စိတ်ကောင်းကောင်းထားပါညီမတော်။
ReplyDeleteစိတ်ကောင်းကောင်းထားမိလို့ ဒီလို စိတ်ကူးရတာ မမ။
ReplyDeleteစိတ်ကောင်းသာမရှိရင် ဗုံးခွဲမိရင်မိ၊ ဒါမှမဟုတ် ကွဲတဲ့ဗုံးဟာ ဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုတဲ့ စကားကို ပြောမိမှာ။ ဒါမှမဟုတ် သေသွားတဲ့လူတွေ ဒီလို အေးရာအေးကြောင်းရှာနေလည်းပဲ သေတတ်တာ ခုတော့ သိပြီမို့လား၊ အသက်နဲ့ ရင်းလို့ သင်ခန်းစာရကြပြီမို့လား ဆိုတဲ့ လူဦးနှောက်က ထွက်လာတာနဲ့ မတူတဲ့ စကားမျိုးကို ပြောမိမှာ။
စိတ်ကောင်းထားနိုင်လို့ သူတို့ကို ယာဉ်ပျံကြီးနဲ့ ဘေးမသီ ရန်မခ ဝေးရာ ပို့ပေးချင်ရုံလေးတင်။ ကိုယ်တိုင်ကတော့ သူတို့ကို လက်ဖျားနဲ့တောင် တို့ဖို့ စိတ်ကူးမရှိပါဘူး။ ပျော်စရာကြီးလေ။ အဲဒီ ဂြိုဟ်ပေါ်မှာ အပြန်အလှန် ကိုက်နေကြရုံပဲ။
Rita
ReplyDeleteအခုတလော ကိုက်တဲ့အကြောင်းတွေ ပြောနေတယ်နော်။ စိတ်ထိမ်းပါအေ။ အွန်လိုင်းပေါ်မှာ ကို့အကြောင်း ကိုယ်ဖော်ပြတာ မိုက်ရာကြပါတယ်