Sunday, March 7, 2010

ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၅)

နောက်ဆက်တွဲ ဖြည့်စွက်

ဖုန်းပြန်ရပြီး ၁ဝ မိနစ်လောက်နေတော့မှ ဖုန်းဝင်လာတယ်။ လက်မတင်ခင်ကလေးပဲ။

ဒါပေမဲ့ ကိုယ့်ဘာသာ ဇာတ်ကြောင်းစုံ အကုန် ခင်းပြလိုက်တယ်။
ကိုယ်တိုင်ကိုက အပြောအဆိုမခံရရင် မနေတတ်တော့ဘူး။


:zyi:

စိတ်မှာလဲ အင်နားရှားရှိတယ်။ ;)

***
ရန်ကုန်မှာ ၁ဝ ရက်လောက် နေပြီးတော့ 9th Feb မှာ အိမ်ကို ပြန်ခဲ့တယ်။

ကိုယ်ပြန်လာပြီ...



လှည်းကူး လမ်းခွဲနားမှာ...




ခေတ်မီဖွံ့ဖြိုးတိုးတက် (မနောက်ဘူးနော် အတည်)

***

နော်ပြည်ဒေ


ညဘက်ကြီး ကားမောင်းနေတုန်း ဖုန်းကင်မရာနဲ့ ရိုက်လိုက်မိတာ


***

နောက်တနေ့မနက်


အညာမှာတော့ ကောင်းကောင်းအေးနေတုန်းပဲ။
တစ်နှစ်တစ်ခေါက် မှန်မှန်နီးပါး ပြန်ခဲ့ပေမယ့် အမြဲ နွေရာသီပဲ ဖြစ်ခဲ့တော့ ဒီနှစ်တော့ ဆောင်းတွင်းကို တမင်ရွေးခဲ့တယ်။ ဆောင်းတွင်းစစ်စစ်ကိုလည်း မရွေးရဲဘူး။
ဒါကြောင့် ဖေဖော်ဝါရီ ပြန်တာ...
ဒါတောင်မှ အအေးဒဏ်ကို တော်တော် ခံရတယ်။



အညာဆောင်းတွင်းကို မမြင်ဖူးတာ ကြာလှပြီ။ အနှစ် ၂ဝ လောက်...



ဧရာဝတီ တံတား (ရတနာပုံ)




ဇေယျာကမ်း



စစ်ကိုင်းတောင်











ဒီမြင်ကွင်းမျိုးတွေ မမြင်ရတာ ကြာလှပြီ။


***

ကောင်းမှုတော်



ရှင်းရှင်းလင်းလင်း မြင်ရတဲ့ မြင်ကွင်းကနေ ကင်မရာကို ချိန်ခဲ့တာပါပဲ။

ကားမောင်းနေတုန်းဆိုတော့ ရိုက်မိတဲ့အချိန်မှာ ဒီလို ဖြစ်သွားတယ်။


***

မြင်းမူ






ကျော်စွာထက်
ရဲ့ မြို့။
နောက်ပိုင်းတော့ သူ စာ သိပ်မရေးတော့ဘူး။
ဂျူးတို့နဲ့ ခေတ်ပြိုင်၊ မန္တလေး ဆေးတက္ကသိုလ်ဆင်း စာရေးဆရာ။
စာပေနယ်မှာတော့ သူတို့နှစ်ယောက်ကို မြန်မာပြည်ရဲ့ Sartre နဲ့ Beauvoir လို့ သတ်မှတ်ကြတယ် ကြားဖူးတယ်။ :)

ထီးပေါင်းကား စာအုပ်တိုက်က ထုတ်တဲ့ သူ့ ဝတ္ထုတို ပေါင်းချုပ် ၁, ၂, ၃ ကို ဟိုးတုန်းက ဖတ်ခဲ့ဖူးတယ်။ နောက်တော့ ဂျူးက ဆရာဝန် ပီပီပြင်ပြင် မလုပ်ဘဲ၊ စာရေးဆရာပဲ လုပ်ပြီး၊ သူကတော့ စာသိပ်မရေးတော့ဘဲ မန္တလေးမှာ ဆရာဝန်ပဲ ပီပီပြင်ပြင် လုပ်ခဲ့တယ်။

နောက်ပိုင်း သူ့ဝတ္ထုရှည် တစ်ပုဒ် ကလျာမှာ ဖတ်ခဲ့ရသေးတယ်။
အရင်လို မဟုတ်တော့ဘူး။ ကိုယ် မကြိုက်တော့ဘူး။

သူ့ကို သတိရတာနဲ့ သူ့မြို့ကို ကားရပ်တုန်း ရိုက်လာတာ


Update: http://www.yamc.info/forum/thread-434.html

***
ချောင်းဦး








RIT ဆင်း minister တစ်ယောက်ရဲ့ RIT ဆင်း မစ္စစ္စ ငယ်ငယ်က နေခဲ့ဖူးတဲ့ မြို့လို့ ဆိုတယ်။
(native ဟုတ် မဟုတ်တော့ မသိပါ)

***




မုံရွာ အထွက်လို့ ထင်တယ်။ သိပ် မသေချာတော့ဘူး ဦးနှောက်က...။

သေချာတာကတော့ အညာပဲ...


***
ဆင်ဖြူရှင် တံတား






***


လမ်းတနေရာ...

***

မုံရွာထိ GSM ရတယ်။ ကိုယ့်ဆီကိုရောက်တော့ CDMA ပဲ ရတော့တယ်။

ကားပေါ်မှာ အေသင်ချိုဆွေ ဖွင့်လိုက်၊ ဗွီဒီယိုတွေ ပြလိုက်နဲ့ နည်းနည်းတော့ ကသိကအောက် ဖြစ်မိတယ်။ နားထဲ နားကြပ်ထည့်ပြီး သီချင်းနားထောင်ရတာကို entertain ဖြစ်တယ် မထင်တော့ ကိုယ့်ဘာသာလည်း နားထောင်ချင်တဲ့သီချင်း သယ်မလာခဲ့မိ။

တကယ်တော့ အညာကို ခရီးထွက်တဲ့အခါ "ကိုယ်ပြန်လာပြီ" တို့ ဘာတို့ပဲ နားထောင်ချင်မိတယ်။
ဒါမှမဟုတ်လည်း မြန်မာသံတခုခုပေါ့။ စောင်းလှိုင်ဝင်းမောင် ရဲ့ ကျူးဧငြိမ့်ငြိမ့် လိုမျိုး။
လက်ရည်တပြင်တည်း တို့ ဘာတို့ဆိုလည်း ကောင်းမှာပဲ။
ယူလာခဲ့ပြီး နားထောင်ရရင် ကောင်းမှာလို့ တွေးမိတယ်။

***

21 comments:

  1. ကိုယ်လိုချင်တဲ့သီချင်းတွေ ကိုနောက်ဆိုရင်သွင်းသွားပါ။ ပုံတွေမြင်ရတာကျေးဇူး. မြို့သူဆိုတော့ နယ်ကို မြင်ရတာ တစ်အံတစသြ အထူးအဆန်း သဘောကျတယ်။ ပုံများများတင်ပါ. ဒီထက်.

    ReplyDelete
  2. Hello Rita! Same feeling with me. When I imagine about my native land I hear this song "ကိုယ်ပြန်လာပြီ" ...I am also a nyar thu. :) Thanks for your sharing!

    ReplyDelete
  3. ရန်ကုန်သူပေမယ့် အညာဒေသကို ချစ်တယ်။ ခါနွေဦးစာစီစာကုံးရေးရင် အညာနွေဦးကို ကိုယ်တိုင်ကြုံဖူးသလို ခံစားပြီးရေးခဲ့တာ။ :D စာတွေကတစ်ဆင့် ခံစားပြီးချစ်တတ်တာထင်ပါရဲ့။
    မမkom လိုပဲ တောင်းဆိုချင်ပါတယ်။ ပုံတွေရှိသေးရင် ထပ်တင်ပါဦးလို့။

    ReplyDelete
  4. ပျော်စရာကောင်းလိုက်တာဗျာ။ အားကျမိတယ်။ ကျွန်တော်က စစ်ကိုင်းကျော်ပြီးဘယ်မှ မရောက်ဖူးဘူး။ မုံရွာနဲ့ ပခုက်ကူကိုရောက်အောင်သွားလည်ဦးမယ်။ ကျွန်တော်ပြန်တုံးကလည်း ရန်ကုန်လေဆိပ်မဆင်းခင် ဘေးကနိုင်ငံခြားသားကို အတင်းနှုတ်ဆက်ပြီး ကိုယ်ဘယ်လောက်ပျော်နေကြောင်း ကြွှားလိုက်သေးတယ်။ ဘယ်အချိန်ပြန်ရပါ့။

    ReplyDelete
  5. အိမ်အလွမ်းတွေကတော့ ဆုံးမယ်မထင်ပါဘူး ညီမရီတာ...ပုံလေးတွေက အလွမ်းပြေစေတယ်...:)

    ReplyDelete
  6. ကျွန်တော်လည်း ပြန်ချင်လိုက်တာဗျာ။ တင်ပြပုံရယ် ဓါတ်ပုံတွေရယ်က ကောင်းတော့..

    ReplyDelete
  7. မြန်မာပြည်အလည်ပြန်ပြီး ပြန်လာတာ မကြာသေးပေမယ့် ပုံတွေမြင်တော့လည်း ပြန်လွမ်းတာပဲ... ပုံတွေအတွက် ကျေးဇူးပါ မရီတာ

    ReplyDelete
  8. ဓါတ်ပုံလေးတွေ အလွမ်းပြေကြည့်သွားပါတယ်။
    လွန်ခဲ့တဲ့ ၄ နှစ်ကတော့ မန္တလေး၊စစ်ကိုင်းဘက်
    ရောက်ဖြစ်ခဲ့တယ်။

    ReplyDelete
  9. ပြန်လာတဲ့လမ်းတလျှောက်ကပုံတွေကြည့်ရင်း..အိမ်နဲ့တဖြည်းဖြည်းနီးလာပြီဆိုပြီး ကိုယ်တောင် ဘာမဆိုင်ညာမဆိုင် ရင်တွေခုန်လို့..........

    ReplyDelete
  10. Kyaw Swa Htet is Dr Tin Maung Nyunt. His native town is not Chaung Oo. He was born in Mandalay.

    ReplyDelete
  11. ချောင်းဦးကို ကျော်စွာထက် ရဲ့ native လို့ ရေးမထားပါဘူး။ မြင်းမူ ကိုရေးတာပါ။ အဲဒါကိုလဲ native လို့ မရေးပါဘူး။ သေချာတာက မြင်းမူကျောင်းထွက်ဖြစ်တယ်။ မြင်းမူမှာ အတော်ကြာနေဖူးတယ် လို့ ဖတ်ဖူးတယ်။ ဒါကြောင့်မို့ သူ့ရဲ့မြို့လို့တပ်ထားတာပါ။

    မန္တလေးမှာ မွေးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီမှာ ကြီးလာတာ မဟုတ်တော့ သူကြီးပြင်းလာတဲ့နေရာကို သူ့ရဲ့မြို့လို့ ယူဆပါတယ်။ သူ့ကို မြင်းမူနဲ့ တွဲပြီး မှတ်မိနေမိလို့ပါ။

    ကောင်း အနေနဲ့ တိတိကျကျ ပြောနိုင်ရင်တော့ ပြန်ပြင်ပါမယ်။ ကိုယ်လည်း မှားနိုင်တာပဲ မို့လို့ပါ။

    ReplyDelete
  12. I did not ask you to change. Just wanted to let you know the true info. Because we are neighbors. That's why I can tell you. I don't care whether you change it or not.
    Thanks!

    ReplyDelete
  13. ကိုယ်ကလည်း တောင်းဆိုလို့ ပြင်မှာမဟုတ်ဘဲ အမှန်ဖြစ်ချင်လို့ ပြင်မှာပါ။ အဲလို ပြင်ဖို့က မန္တလေးမှာမွေးတာ မမွေးတာနဲ့ မဆိုင်ဘဲ မြင်းမူမှာ ကြီးလာတာ ဟုတ်မဟုတ်နဲ့ ဆိုင်ပါတယ်။

    ကျေးဇူးပြုပြီး အဲဒါလေး နောက်တခေါက်လောက် အတည်ပြုပေးပါ။
    မြင်းမူမှာ ကြီးလာတာ ဟုတ်မဟုတ်ကိုပါ။

    ကိုယ့်မှတ်ဉာဏ်ထဲမှာတော့ မြင်းမူနဲ့ ကျော်စွာထက်ကို တွဲမှတ်မိနေပါတယ်။ ဒါပေမဲ့ ကိုယ့်မှတ်ဉာဏ်လည်း မှားနိုင်ပါတယ်။ သူ့အကြောင်းတွေက နောက်ပိုင်းလည်း စာမျက်နှာပေါ် များများတွေ့ရတော့တာ မဟုတ်လို့ပါ။

    ReplyDelete
  14. မုံရွာ..ကို မရောက် တာ တော်တော်ကြာပြီ..။အရင် ရောက် ဖူး တုန်း က.. ညောင်ကန် ယဉ်ကျေးမှုနယ်မြေ ဆို တဲ့..ငှက်ပျောတောတွေ..၊ရွာတွေ ကိုဖြတ် ပီး သွား ရ တဲ့ ရှေးဟောင်းနယ်မြေအထိ ရောက်ဖူး တာပြန် အမှတ်ရတယ်ဗျာ..။အခု တော့ ဘယ်လို လည်း မသိ ဘူး..။အဲ့တုန်း က တော့ ညောင်ကန်ကြေးခေတ်နယ်မြေလား ဆိုင်းဘုတ်တပ် ထားပီး... အရိုးအိုးတွေ..၊ ရုပ်ကြွင်းတွေကို..တဲတွေ နဲ့ ကာ ထား ပြီး ကာ စ ပဲ ရှိ သေး တယ်..။ ညောင်ကန် နဲ့ပတ်သတ် တာလေးတွေ..၊တွင်းတောင် နဲ့ပတ်သတ်တာလေးတွေများရှိခဲ့ရင်..၊ စိတ်ကူးလေးများရှိရင် တင်ပေး ပါဦး..။

    ReplyDelete
  15. အဲလို တောင်းဆိုလာရင် အင်မတန်မှ အားနာမိပါတယ်။ ကိုယ်က အညာသူစစ်စစ်ပါ။ စစ်စစ်ဆိုတာက မွေးဇာတိလဲ အဲဒီက နှစ်ဘက်မိဘ ဘိုးဘွား ဆွေစဉ်မျိုးဆက် (descending ပြောရမလား) လည်း အဲဒီက။

    ဒါပေမဲ့ အသက် ၁ဝ နှစ်က စလို့ အောက်အရပ်မှာပဲ ကြီးလာရပါတယ်။ တနှစ်တခါ ပြန်ရောက်ပေမဲ့ observation ကလည်း သိပ်ညံ့ပါတယ်။ စိတ်ဝင်စားမှုလည်း အားနည်းတော့ အညာအကြောင်း ကောင်းကောင်းပြောနိုင်တာ ဘာမှ မရှိပါဘူး။

    မုံရွာကို ခဏခဏ လည်ဖူးပါတယ်။ ဘာမှ သေချာပြောနိုင်တာ မရှိဘူး ဖြစ်နေပါတယ်။ မုံရွာ ဆိုတာ ဘလော့ဂါ ရွာသားလေး ရဲ့ မြို့ဆိုတာကလွဲပြီး မသိဖြစ်နေတော့တယ်။ :D (ဒါတောင် မှားနေသေးလား မသိဘူး။)

    စိတ်ဝင်တစားရှိတဲ့အတွက် ကျေးဇူးတင် ဝမ်းသာမိပါတယ်။

    ReplyDelete
  16. @ Kaung
    http://www.yamc.info/forum/thread-434.html

    တွေ့လိမ့်မယ် မမျှော်လင့်မိပေမယ့် google ကြည့်လိုက်မိတာ။ ဒါလေးကို တွေ့လို့ပါ။ ကိုယ်မှတ်မိနေတာနဲ့ တူနေတယ်။ ကိုယ်ကတော့ ဇာတိဟုတ်မဟုတ် မသိပါဘူး။ အဲဒီမြို့ကျောင်းထွက်ဆိုတာပဲ မှတ်မိနေတာပါ။

    ဒါပေမဲ့ ဒီ link ကဟာလည်း မှန်မယ်လို့တော့ တထစ်ချပြောမရပါဘူး။ သူလည်း ကိုယ့်လိုပဲ မှားနိုင်ပါသေးတယ်။

    ReplyDelete
  17. ဆင်ဖြူရှင်တံတားကနေဖြတ်သွားတာဆိုရင် ချောင်းဦး မကျည်းဘုတ်ကနေသွားတာဖြစ်မယ်။ ပခုက္ကူဖက်ကှိုဦးတည်သွားတာပေါ့။ ဒါဆို မုံရွာကို မဖြတ်တော့လောက်ဘူး။ ချောင်းဦးနဲ့မုံရွာကြားမှာ ရွာလေးတွေ ရှိနေသေးတယ်....

    Azure ဆိုလိုတာက ပုံတောင်ပုံညာဖက်များလား..

    တွင်းတောင်ဖက်ကတော့ တွင်းပိုးဆိုတဲ့ ဘလော့ဂါတစ်ယောက်ရှိပါတယ်။ သူ့ဘလော့မှာများ ဖတ်ရနိုင်မလား..

    မုံရွာနားတစ်ဝိုက်နဲ့ပတ်သတ်ပြီး www.chintwin.com မှာလည်း စာတွေ ဖတ်လို့ရပါတယ်ခင်ဗျာ.

    ReplyDelete
  18. မုံရွာကို အသေအချာရောက်ခဲ့ပါတယ် ဆရာရဲ့။ ကိုယ့်ခရီးစဉ်က နှစ်ဆင့်ပါ။ မုံရွာမှာ Transit။ လုံးဝကို မဖြတ်ခဲ့ရတာက ပခုက္ကူ။

    ဓါတ်ပုံတွေနဲ့ ခရီးစဉ်ကို မှန်းလို့မရဘူး။

    ReplyDelete
  19. ချောင်းဦးရယ် ဆင်ဖြူရှင်ရယ် နောက်မုံရွာရောက်သွားတော့ မျက်စိလည်သွားလို့။ ခရီးစဉ်မှန်းလို့ မရဘူးဆိုမှပဲ သဘောပောက်လိုက်တယ်။ ဘာပဲဖြစ်ဖြစ် အခုလို ရေးပေးတာ ကျေးဇူးတင်ပာတယ်။

    ReplyDelete
  20. အခုပို့စ်ကိုတင်ပေး တဲ့ Rita ကိုအရင်ကျေးဇူးတင်ပါတယ်..။ နောက်ရွာသားလေးဝိုင်တီယူ ထင်သလို.. ညောင်ကန် က ပုံတောင်၊ပုံညာ ဖက် တော့ မရောက်ဘူး ဗျ..။ ဘာလို့ လည်း ဆို တော့.. အဲ့ဒီ့တုန်း က မုံရွာ က နေ ထွက်လာ ခဲ့ပြီး.. တကူးတက ကို သွား ခဲ့ လို့ ပါ..။ ရွာ မှ တကယ့် ကို ရွာလေး တွေကြား ထဲက ကို ဖြတ်သွား ခဲ့ ဘူး လို့ပါ..။ကျွန်တော် က လည်း အနီးအနား က ရွာ နီးစပ် တွေ ကို လည်း မမှတ် မိ တာ လည်း ပါ ပါတယ်..။
    တွင်း တောင် နဲ့ပတ်သတ်ပီး လမ်းညွှန် ပေး တာ လည်းကျေးဇူးပါ..။ အပေါ် က comment တွေဖတ်ကြည့် တော့ မှ.. ခရီး စဉ်ကို အခု မှ သတိထား မိ လိုက်သေးတယ်..။

    ReplyDelete
  21. To Azure,
    ညောင်ကန် is a village in the West of Budalin and Budalin township. ပုံတောင်၊ပုံညာ is either side of the Chintwin river. Both ညောင်ကန် and ပုံတောင်၊ပုံညာ are very far from Chintwin river.
    တွင်း တောင် is a village in the South of Budalin (about 5 miles)
    I think Ritaco's မွေးဇာတိ is West of Chintwin, either side of Monywa.( maybe Yinmarbin or Pearl township)

    ReplyDelete