Wednesday, February 3, 2010

မြတ် နဲ့ Hip Hop !

Me : သီချင်းတွေထဲမှာ မိုး တို့၊ နွယ် တို့၊ ထား တို့ကျ ရှိတယ်နော်။
မေ တို့ ခင် တို့ဆို ပိုတောင်ပေါသေးတယ်။


He : အဲဒီတော့

Me : "မြတ်" ကျတော့ သူတို့ သီချင်းလုပ်မဆိုကြဘူး။

He : အဲဒီတော့

Me : အဲဒီတော့ မင်း ကိုယ့်ကို လွမ်းစရာသီချင်း မရှိတော့ဘူးပေါ့။

He : စဉ်းစားကြည့်လေ။ မိုး တို့၊ နွယ် တို့၊ ထား တို့ ဆိုတာတွေကသံရှည်လေးတွေနဲ့ သီချင်းလုပ်ဆိုလို့ ကောင်းတာကို... မြတ် ကျတော့ အနုပညာမှ မဆန်ဘဲ။ ဘယ်လိုလုပ် သံစဉ်ထဲထည့်မလဲ။ ပြတ်တောင်းတောင်းနဲ့။

Me : Okay ဒါဖြင့် ကိုယ် Hip Hop သမားတွေကို သီချင်းလုပ်ဆိုခိုင်းမယ်။

***

5 comments:

  1. :)

    မနေ့က ကိုယ့် comment မတွေ့မိဘူး။

    ReplyDelete
  2. ဘယ်လို ဆိုမှာလဲဗျ။

    ReplyDelete
  3. မိုက်တယ် မမရီတာ....
း))))))))))

    ReplyDelete
  4. ပြန်သွားတယ် စိတ်ထင်
    ရှိမှန်းသိ တဂ်၏
    မြတ်ကို...
    မြတ်ကို

    (Hip Hop မဟုတ်ရပါဘူး မိုးကြိုးပွတ်)

    ReplyDelete
  5. တနေ့မှာ ဘိုင်စကုပ် ကြည့်ဖို့ ဖြစ်လာ...
    မြို့ထဲ လမ်းလျှောက်ကြတုန်းမှာ...
    ကိုယ်က မြတ် လက်ကလေးကို ဆွဲကာ
    ဒီလို လူအုပ် ကြားထဲကို ဖြတ်အလာ...Yo..Yo..Yo..

    Hip Hop လေသံ နှင့် ဆိုရန်...

    ပုံ / စိုင်းစိုင်းချစ်ကြည်

    ReplyDelete