Saturday, February 27, 2010

ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၁)


ပြန်ဖို့ပြင်တုန်းက...
luggage တခုလုံး သူများအတွက်ချည်းပဲ။ ကိုယ့်အဝတ်အစားက ပြီးခါနီးမှ အပေါ်က နည်းနည်း ထည့်သွားရတယ်။ ပြီးတော့ အိတ်တလုံးလည်းပါသေးတယ်။ နှစ်ခုပေါင်း 28 ကီလို။ hand carry ဘာမှမပါ (laptop ကလွဲလို့)။



မပြန်ခင်ညက အင်းလေးမှာ သူငယ်ချင်းနှစ်ယောက်နဲ့။ shirt နဲ့က ဉာဏ်ထွန်း ပေါ့။
သူ့မျက်နှာ လူမြင်မှာ အင်မတန်ကြောက်တာ။ ဒါနဲ့ ခေါင်းဖြတ်ပြီး တင်ပေးလိုက်တယ်။ အေးရော...။
အဲဒီနေ့က ပသျှူးထမင်းကြော်စားပြီး ဗိုက်အောင့်နေသေးတယ်။ (ဒါနဲ့များ မြန်မာပြည်ပြန်ရင် လမ်းဘေးစာ စားဖို့ကြံသေးတာ။)

အဲဒီမတိုင်ခင် တပတ်ကလည်း အရင်အိမ်က ညီမလေးတွေနဲ့ စားကြတော့ ပသျှူးထမင်းကြော်ပဲ စားတယ်။ ဗိုက်အောင့်တာပဲ။ စပ်လို့။

အဲဒါကို အမှတ်မရှိ မပြန်ခင်တရက်မှာ ထပ်စားတယ်။ တော်သေးတယ်။ ညပဲ ဖြစ်လို့။ မနက်ကျ ပျောက်သွားရော။

စားရင်းတန်းလန်း ပသျှူးကြောင်း ငြင်းကြသေးတယ်။ ရည်းစားနဲ့ စကားပြောမတည့် ဖြစ်တာကို ပြောပြတော့ နှစ်ယောက်စလုံး တော်တော်ဝမ်းသာနေကြတယ်။ ဟိုက ဘယ်လိုမျိုးပြောလဲဆိုတာ သိတော့ ပိုဝမ်းသာကြသေးတယ်။ ဝဋ်လည်တာ ဆိုပြီး...။

အခွင့်ကြုံတာနဲ့ ကိုယ့်ရည်းစားက ကိုယ့်ပြောလိုက်တဲ့စကားကို ပြန်သုံးပြီး နှက်ချင်နေကြသေးတယ်။ သူတို့ပြောတာ ရီရတာနဲ့ စိတ်ဆိုးနေတာတောင် နည်းနည်းပျောက်သွားတယ်။ (အကြောင်းရှာ)



Changi မှာ။ (31st Jan 2010)



လိုက်ပို့တဲ့ သူငယ်ချင်းက စားချင်တာနဲ့ ဝင်စားကြတာ။ Indian Snack တွေ။ ကိုယ်ကတော့ ချိုတာတွေ မကြိုက်ပါဘူး။ Juice ချဉ်ချဉ်တခွက်ပဲ သောက်တယ်။




သူ့ဘာသာ စားတာ။ ကိုယ်မပါဘူး။ ရန်ကုန်မှာ လက်တဆုတ်စာပဲ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကိုပြတော့ "ဂျလေဘီက ဂျလေဘီစားတယ်" ဆိုပြီး ဟားနေကြသေးတယ်။

အဲဒီဆိုင်မှာ လေကန်နေမိလို့ အချိန်ကပ်နေမှ အထဲကို အပြေးအလွှားဝင်ရတယ်။
hand carry တွေ scan ဖြတ်တဲ့နေရာရောက်တော့ ကိုယ်နောက်ဆုံးမှတ်တာ... ကိုယ့်နောက်မှ တစ်ယောက်ဝင်လာသေးတယ်။ (တေးသော်...)

Silk Air လေယာဉ် delay ဖြစ်တယ်။ 1:50 PM ထွက်ရမယ့်ဟာ 3:30 PM မှ ထွက်တယ်။ ဒါနဲ့ သူများတွေလည်း ဖုန်းဆက်နေကြတာနဲ့ ကိုယ်လည်း အိမ်ကိုဆက်တယ်။ လိုက်ပို့တဲ့ သူငယ်ချင်း မစု ကို လှမ်းဆက်တယ်။

"ဟဲ့ ငါ ခုထိ မထွက်ရသေးဘူး" ဆိုတော့ သူက လေယာဉ်ပေါ်ကို မတက်ရသေးဘူးထင်ပြီး၊ "နင်တစ်ယောက်တည်း ကျန်ခဲ့တာ ဖြစ်နေဦးမယ်" တဲ့။ (လူများ ခုမှ လေယာဉ်ပျံစီးဖူးတာကျနေတာပဲ။)

သူက လေယာဉ်ဘာဖြစ်တယ်ပြောလဲ မေးတော့... "လေယာဉ်မောင်းမယ့်လူ ခုမှ လိုက်ရှာတုန်း ရှိသေးတယ်တဲ့" လို့ပြန်ပြောပြီး ဟားနေမိသေးတယ်။

နောက်တစ်ယောက်ကိုလည်း လှမ်းဆက်သေးတယ်။ ရှည်နေပြီမို့ မရေးတော့ဘူး။

***
အစက ချက်ချင်းရေးဖို့ အစီအစဉ်မရှိဘူး။ TZA ဖတ်လိုက်မိတာ ရေးချင်သွားတာနဲ့။
ခေါင်းစဉ်ကလည်း အညာထိ ပြန်ဖြစ်တာ ဆိုတော့ အညာကို ရည်ညွှန်းပြီး ပေးဖြစ်သွားတာ။ စင်ကာပူက စထွက်တဲ့အကြောင်းကို စရေးမိတော့ ဘာမှ မဆိုင်ဘူးလိုပဲ။ ဒါပေမဲ့လည်း ပြန်မပြင်တော့ဘူး။

"နေပွင့်တဲ့ အရပ်ဒေသ" ကို သွားတယ် ဆိုတော့ ကိုယ်ခုနေနေတဲ့ နေရာကပဲ "နေမမြင် ရေပြင်ခဲ" တဲ့ နေရာလိုလို ဘာလိုလို...

ခေါင်းစဉ်က "မင်းချစ်သူ" ရဲ့ သီချင်းစာသားပါ။ မြန်မာတပြည်လုံးကို ရည်ညွှန်းထားတဲ့ စကားလုံးပါပဲ။

***

9 comments:

  1. ပျော်ခဲ့ရဲ့လား ညီမ ရီတာ...ညီမက ပိန် ပိန် လေးဆိုတော့ ရွာအပြန် စားအားရှိတာပေါ့ကွယ်...စောင့်ဖတ်နေမယ်နော်၊ စားလာခဲ့တာတွေ ပြောပြအုံး...:)

    ReplyDelete
  2. ရီတာပြန်လာပြီနော်။

    သီရိကိုကို ဆိုခဲ့တဲ့ သီချင်းလေးမှတ်မိသေးတယ်။

    ရွှေအဆင်း နေပွင့်တဲ့အရပ်ဒေသ
    ကြွယ်ဝတဲ့ သီးနှံမြေ
    ယဉ်ကျေးမှုဓလေ့တွေ
    ကိုယ်စီကိုယ်စီ လှပချစ်စရာကောင်း

    တစ်ပုဒ်လုံးရပေမယ့် ဒီလောက်နဲ့ပဲ ရပ်လိုက်မယ်နော်။ :D

    စာအုပ်ရော ရှာဖြစ်လား ရီတာ။

    ခင်မင်လေးစားလျက်

    ReplyDelete
  3. ရည်းစားအကြောင်းပြောတာများနေတယ် ရီတာ။

    ပိုလှလာသလိုပါဘဲလား.

    နောက်ဆုံး sentence ဖတ်ပြီး ခံစားသွားရတယ။် ဘာမှန်းတော့မသိ

    ReplyDelete
  4. မြန်မာနိုင်ငံက ပုံလေးတွေရှိရင်လည်း တင်ပါဦး

    ReplyDelete
  5. ဟေ့ ညီမ၊ ပြန်လာပြီလား။

    ReplyDelete
  6. ဖတ်သွားတယ်၊ မြန်မာပြည်ကပုံတွေကို မျှော်နေတယ်ဗျို့

    ReplyDelete
  7. ချန်ဂီကပုံမှာ လူက အကောင်ပိုသေးသွားသလိုပဲနော်..။

    ReplyDelete
  8. ညီမ ပိန်ပိန်လေး...း))

    ReplyDelete
  9. All are love their home town and home land.

    BINO

    ReplyDelete