သစ္စာတိုင်ပတ်ပျိုး
ချစ်သမျှကို မြင်းမိုရ်ရွှေတောင်လုံးသာပလေ
လေးဆူဒီပါ သီတာရေမြေ ဆုံးစေတော့လေး
အို ဘယ်မမုန်းပါတော့နိုင် ကပ်လုံးဆုံးတိုင်တိုင်
ရုံးညှာပိုင် အုန်းလှိုင်သဉ္ဇာကြွေ့မှာလှလေ
ကြိုးမည့်နောင်ခါ ကမ္ဘာမြေငယ် မြေ့စေတော့လေ
မှန်သရွေ့ကိုလ ဖန်စေ့ငယ်ရေရေ
ကိုးဂုဏ်ရှင့် ဂူတော်မွေ တူမသွေပါစေ မယ်နှင့်သား
လှစ်ကျူးမြွက်ကြား ဝှက်မထား မြတ်ရှင်ပင် တန်ခိုးအား
မခြားသိစေကြောင်း ပန်ထွာတည့် ခဝပ်ညောင်း။
တူပြိုင် ဂူလှိုဏ် စကားသစ္စာတိုင်
သံသာလေ ကမ်းတိုင် တူပြိုင်လေ ကူးမယ်
ဆုထူးငယ် ပန်ရွယ်သွန်း
ချစ်လို့ငယ်မကုန် ဝသုန်ဤမြေ သိကြားစေသက်သေညွှန်း
ပျံ့မွှန်းမွှေးလှိုင် ကျူလေတည့်မှ
သုံးလူထွတ်မှန်ကူ မတူလေ ပြိုင်နှုန်းကင်း
ခြောက်ဖြာစုံ ရောင်မျိုးငယ်လင်း။
သဖြန်။
ချစ်ခြင်းငယ်ပြိုင် မြစ်မင်းပိုင် အဏ္ဏဝါက ပြန်မသာကဲ
ယွန်းစေဝသုန် ငွေဝန်းသော်တာယုန်သို့
ကမ္ဘာကုန်ကျယ်သရွေ့ငယ်ကို ဘယ်မေ့လိမ့်မလဲ။
(မမြကလေး)
(ဦးပြုံးချို - မဟာဂီတ ပေါင်းချုပ်ကြီး၊ သတ္တမအကြိမ်)
***
အညာကို ပြန်တုန်းက ကူးရေးလာခဲ့တာ။ ဖေဖေ့စာအုပ်တွေထဲက။
***
You made me flashback in my childhood.
ReplyDeleteI had played some of Myanmar Classic by Myanmar traditional xylophone.
Oh!Time pushed me away out from art field over 30 years.
I had forgot all.
Coming soon (after retired), I'll try to play by grand piano.
I can send all Myanmar Classic song if you want.
BINO
ိကိုယ်ပတ္တလားတီးရင်းအိပ်ငိုက်တာ အဲဒီသီချင်းတွေပေါ့....ဟီဟိ....။
ReplyDeleteစာသားတွေရဲ့ အနက်ကိုမေးရင် အို...အနက်ဆိုတာ အမှောင်ပေါ့ လို့ ဖြေရမလို...၊ နားမလည်ဘူး ညီမရယ် စာသားတွေက နက်နဲစီးပိုင်နေတာ...ဒါပေမဲ့ ကြိုက်မိတဲ့ သီချင်းတပုဒ်ပါပဲ..:)
ReplyDeleteဂန္ဓ၀င်သီချင်းများလင့် ၇တဲ့အတွက် အထူးကျေးဇူးတင်ပါတယ်
ReplyDeleteပန်းမြိုင်လယ် ။ နဲ့ ယမုံနာ ။ သီချင်းကို လိုချင်နေတာ
၇လိုက်တဲ့အတွက် အထူးကျေးဇူးတင်ပါတယ် ။ အခုခောတ်လူငယ်
လေးတယောက် ရှေးဟောင်းသီချင်းကြီးတွေနဲ့ ဂန္ဓ၀င် သီချင်း
များကို စိတ်ဝင်စားတာတွေ့ လို့ ၀မ်းသာပါတယ် ။ ချီးကျုးပါ
တယ်
တက္ကသိုလ်မောင်သုံည