Saturday, February 6, 2010

သတင်းပြောသူများ နဲ့ တန်ဖိုးထားမှု ပြဿနာ

ခုတလော သတင်းပြောသူ အသစ်တွေ အကြောင်း စဉ်းစားမိတယ်။

"သတင်းပြောတဲ့ အလုပ်ကလွဲပြီး သူတို့ တခြားရွေးစရာ မရှိတော့တာလား"


အရင်ခေတ်ကတည်းက လုပ်လာတဲ့ လူတွေကိုတော့ မပြောလိုပါဘူး။
ဘာဖြစ်လို့ဆိုတော့ အရင်ခေတ်က အခုခေတ် မဟုတ်လို့ပေါ့။
ပြီးတော့ သူသူကိုယ်ကိုယ် အဟောင်းကို စွန့်ဖို့ခက်မှာပဲလို့ တွေးမိလို့။

အခုမှ ဒီအလုပ်ဝင်လုပ်ဖို့ ဆုံးဖြတ်တဲ့လူတွေဟာ...
သူတို့ တန်ဖိုးထားရာတွေနဲ့ သဟဇာတဖြစ်တဲ့အလုပ် ဖြစ်လို့ ဝင်တာလား ??? ဆိုတာ ထုံးစံအတိုင်း ကိုယ်နဲ့ မဆိုင်ဘဲ တွေးမိပြန်တယ်။

***
ကိုယ် ကျောင်းပြီးတဲ့ အချိန်မှာ PSC စာမေးပွဲဆိုတာ ကိုယ်နဲ့ ဘာမှ မဆိုင်သလိုပဲ။
ဟင် ဆိုရင် လှည့်မကြည့်တဲ့ လူမျိုးကိုး။

ကိုယ်က အဒေါ်နဲ့အတူ ဝန်ထမ်းအိမ်ရာမှာ နေတဲ့သူဖြစ်တော့ ကျောင်းအပြီး အလုပ်မရခင်တနေ့ သူတို့ GM လား (ဘာလားတော့ မမှတ်မိတော့ဘူး) အိမ်မှာတွေ့တုန်း ကိုယ် အလုပ်မရသေးတာ သိတော့...

"... ဌာနကြီး (ကိုယ့်အဒေါ်လုပ်တဲ့ ဝန်ကြီးဌာန) တစ်ခုလုံး ရှိတာ အင်ဂျင်နီယာတစ်ယောက်က ဘာလို့ အလုပ်မရရမှာလဲ" ဆိုတယ်။

အနှီပုဂ္ဂိုလ်ကြီး စိတ်လေသွားရအောင် ဘယ်လိုစကားလုံးမျိုး သုံးပြီး ပြောလိုက်နိုင်ခဲ့မလဲ ဆိုတာ မှန်းကြည့်လို့ ရမယ် ထင်ပါတယ်။ ဟက်ဟက် !
ပြန်မပြောတော့ပါဘူး။

အရသာရှိလိုက်တာ ဆိုတာ...
လောကမှာ ကိုယ်က စပြီး သူ့ပေါ် မမှားရပါဘဲ ကိုယ့်ကိုမှ လာထိပါးတဲ့အတွက် ကိုယ့်ဘက်က တင်တင်စီးစီး ပြန်တုံ့ပြန်ရတာလောက် အရသာရှိတာ မတွေ့ဖူးသေးဘူး။

***
ချော်ကုန်လို့ အစက ပြန်တွေးလိုက်ဦးမယ်။

"သတင်းပြောတဲ့ အလုပ်ကလွဲပြီး သူတို့ တခြားရွေးစရာ မရှိတော့တာလား"


"ကိုယ်ဘာလုပ်နေသလဲ ဆိုတာ ပြန်စဉ်းစားတဲ့အခါတိုင်း သူတို့ ဒီလို ပြောနေရတာကို ကျေနပ်နေလို့လား" ဆိုတာ ခုရက်ပိုင်း အခါခါ တွေးနေမိတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ကိုယ်နဲ့လည်း ဘာမှ မဆိုင်ပါဘဲနဲ့။

အပြစ်တင်ချင်တာ မဟုတ်ပါဘူး။
သိချင်ရုံသက်သက်ပါ။

***
စိုင်းစိုင်းခမ်းလိုင် သီချင်းတစ်ပုဒ်ကို ဖြိုးမော် blog မှာ တင်တုန်းကလည်း အဲဒီထဲက ဘီကီနီလို ဒီဇိုင်းမျိုးဝတ်ပြီး ကတဲ့ ကလေးမတွေကြည့်ပြီး အတွေးပေါ်ဖူးတယ်။ သူတို့ အဖေတွေကို မေးကြည့်ချင်လိုက်တာ... သမီးကလေးတွေ အဲလိုဝတ်ပြီး လူကြားထဲကနေတာ ကြည့်ရတဲ့အခါ ဘယ်လို ခံစားရပါသလဲ လို့။ အဲဒါ ကဲ့ရဲ့ချင်တာလည်း မဟုတ်ပါဘူး။ ဝေဖန်ချင်တာလည်း မဟုတ်ပါဘူး။ သိချင်လို့ မေးရုံပါပဲ လို့။


***
စာကြွင်း။

စရေးတော့ ခေါင်းစဉ်ကို "သတင်းပြောသူများ" လို့ပဲ တပ်မလို့။
မဆိုင်တာတွေပါ အစွန်းထွက်ပါသွားလို့ နောက်က ext ထပ်ထည့်လိုက်ရပါတယ်။

***
နောက်ထပ်စာကြွင်း။


"မြန်မာ့ယဉ်ကျေးမှု" အကြောင်း ပြောလိုရင်းလည်း မဟုတ်ပါ။
ကိုယ်က ပေါက္ကံရာမယဉ်ကျေးမှုကိုမှ ကြိုက်နှစ်သက်သူ ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် အညာသူစင်စစ် ဧကန်ဖြစ်သောကြောင့်တည်း။

သို့သော် ကြိုက်တိုင်းလည်း မဝတ်သူ ဖြစ်ရကား၊ ကိုယ့်ကို လာကြည့်ရင်တော့ အာဆီယံဝတ်စားဆင်ယင်မှုဟု အမည်တပ်လျှင် ရကောင်းရနိုင်သော ဒီဇိုင်းနှင့်သာ တွေ့ရမည်ဖြစ်သည်။

***

9 comments:

  1. အညာသူ စစ်စစ်ဆိုရင်တော့ အခုနေ မန်းကိုလာလည်ဗျာ ဟစ်လို့သာ ငိုချင်တယ်ဖြစ်သွားမယ်

    သမီးကလေးတွေ အဲလိုဝတ်ပြီး လူကြားထဲ ကနေတာ ကြည့်ရတဲ့အခါ ဘယ်လို ခံစားရပါသလဲ ဒိကလဲ တကယ်သိချင်ပါတယ်

    ReplyDelete
  2. "... ဌာနကြီး (ကိုယ့်အဒေါ်လုပ်တဲ့ ဝန်ကြီးဌာန) တစ်ခုလုံး ရှိတာ အင်ဂျင်နီယာတစ်ယောက်က ဘာလို့ အလုပ်မရရမှာလဲ" ဆိုတယ်။

    Rita, You are real fighter.

    BINO

    ReplyDelete
  3. "သတင်းပြောတဲ့ အလုပ်ကလွဲပြီး သူတို့ တခြားရွေးစရာ မရှိတော့တာလား"

    Somebody like that job from their blood even they don't like policy.

    BINO

    ReplyDelete
  4. profile ထဲကပုံအရတော့ အညာသူစစ်စစ်လို့ မထင်ရဘူး။ အာဆီယံဝတ်စားဆင်ယင်မှုတဲ့လား။း)

    ReplyDelete
  5. Uncle Bino,

    Thank you for your words: "Somebody like that job from their blood even they don't like policy".

    :)

    ReplyDelete
  6. I have a close friend who really want to be News announcer, and it's a dream for that friend. So, just think of this "everyone has unique taste".

    ReplyDelete
  7. သတင်းပြောတဲ့ အလုပ်ကလွဲပြီး သူတို့ တခြားရွေးစရာ မရှိတော့တာလား"

    "ကိုယ်ဘာလုပ်နေသလဲ ဆိုတာ ပြန်စဉ်းစားတဲ့အခါတိုင်း သူတို့ ဒီလို ပြောနေရတာကို ကျေနပ်နေလို့လား" ဆိုတာ ခုရက်ပိုင်း အခါခါ တွေးနေမိတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ကိုယ်နဲ့လည်း ဘာမှ မဆိုင်ပါဘဲနဲ့။

    တကယ်လို့ သူတို့ကလဲ..ညီမကို ဘာလို့ အခုလက်ရှိအလုပ်လုပ်နေတာလဲလို့ မတွေးမိဘူးထင်မလား...

    လောကမှာ လူတွေက စားဝတ်နေရေးအရ လုပ်တာရှိသလို ၀ါသနာအရလုပ်နေကြတဲ့လူတွေအများကြီးပဲ။ ဒါကိုနားလည်လိုက်ပါ။ အစွန်းရောက် အတွေးတွေ မတွေးပါနဲ့။

    ReplyDelete
  8. သူတို့က အဲလိုမေးရင် ဖြေစရာရှိတယ်လေ အစ်မ။
    "အဲဒီလို စကားလုံးမျိုးတွေ သုံးနေရတာ မဟုတ်လို့ လုပ်နေတာပေါ့" လို့ ဖြေမှာပေါ့။

    ပြီးတော့ ဒါဟာ သိချင်ရုံသက်သက်ပဲ။ သူတို့ ဒါကို တန်ဖိုးထားသလား ဒါပဲ။ ဒါကိုပဲ သိချင်တာ။ ဝေဖန်ဖို့ မဟုတ်ဘူး။ စိုင်းစိုင်းနဲ့တွဲပြီး ဘီကီနီဝတ်ထွက်လာတဲ့ ကလေးမတွေကိုတောင် ဝေဖန်ဖို့စိတ်ကူးမရှိဘူးဆိုတာ ဒီလိုမေးခွန်းမျိုးတွေလာမှာကို ကြိုသိနေလို့ တမင်ကို ထည့်ရေးထားတာ။ ဒီလိုမျိုးဝတ်တာကိုတောင် ဝေဖန်ဖို့မရှိဘူးလို့ သိသာမြင်သာအောင် ရေးထားတာ။ သတင်းပြောနေတဲ့လူတွေကိုဆို ဝေဖန်ဖို့ ဝေးရောပေါ့ လို့ ပြောချင်တာ။

    မြန်မာယဉ်ကျေးမှု ဘာညာဘာညာကိုတောင် ထည့်ရေးထားတာဟာ အဲလို မေးခွန်းမျိုးတွေလာတော့မှာကို ကြိုသိနေလို့ တမင်ကို ထည့်ထားတာ။ လူတိုင်းမှာ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတာကို သိမှတ်ကြောင်း သိသာအောင်လို့။

    ဒီသတင်းပြောကိစ္စကျတော့ အစိုးရအလုပ်ကို စားဝတ်နေရေးအရ လုပ်ရတဲ့လူနဲ့ မတူဘူး။ ဒီအလုပ်လုပ်ဖို့ဆိုတာ တော်ရုံတန်ရုံ အချိတ်အဆက်နဲ့လည်း မရဘူး။

    ... ဆိုတော့ ရွေးစရာမရှိလို့တော့ မဖြစ်နိုင်ဘူးလေ။ အဲဒီအခါမှာ အဲဒီမေးခွန်းပေါ်လာတယ် ဒါပဲ။ စိုင်းစိုင်းနဲ့တွဲထွက်လာတဲ့ ကောင်မလေးတွေနဲ့ သူတို့မိဘတွေကို မေးကြည့်ချင်လိုက်တာ ဆိုတာမျိုးပေါ့။ ဒါပါပဲ။

    လူတိုင်းမှာ ကိုယ်ကြိုက်တာ ကိုယ် ရွေးချယ်ခွင့်ရှိတယ်။ ဘီကီနီနဲ့ မကလို့ ဘာနဲ့ကက ကိုယ်မကြည့်ချင် ရှောင်နေလို့ ရသရွေ့ ပိတ်ပင်သင့်တယ် တားဆီးရမယ် ကဲ့ရဲ့ရမယ် မလုပ်ရဘူးလို့ ပြောလိုစိတ် လုံးဝမရှိဘူး။ ဒါကို ပေါ်လွင်စေချင်လို့ တမင်ကိုတွဲထည့်လိုက်တာ။

    မကောင်းတာကိုလဲ ကြိုက်ချင်တဲ့သူက ကြိုက်ကိုကြိုက်မှာပဲ။ သူ့လွတ်လပ်ခွင့်လေ။ ဒါပေမဲ့ တကယ်ကိုပဲ ဒါကိုကြိုက်နေတာလား လို့ ကြည့်နေတဲ့ ခဏမှာ သိချင်မိတယ်။

    သတင်းပြောတဲ့ကိစ္စကတော့ စားဝတ်နေရေးကြောင့် မဟုတ်နိုင်တာ သိသာနေတာမို့ တကယ်ပဲ တန်ဖိုးထားတာလားဆိုတာ သိချင်မိတယ်။ ဒါပါပဲ။

    ReplyDelete