၁၃) * လူတွေကို သူတို့ကို သူတို့ အရေးပါ အရာရောက်တဲ့သူတွေလို့ ထင်လာအောင် လုပ်ပေးပါ။
၁၄) အလုပ်ခွင်ထဲက ကိုယ့်ရဲ့ စွမ်းဆောင်အောင်မြင်မှုတွေကို မှတ်တမ်းရေးထားပါ။
လခတိုး၊ ရာထူးတိုးစရာ အခွင့်အလမ်းပေါ်လာရင် အဲဒီ မှတ်တမ်းလေးကို အသုံးချပါ။
၁၅) * အိပ်ရာမဝင်ခင် စိတ်ပျော်ရွှင် ချမ်းသာစရာ တစ်ခုခု ဖတ်တဲ့ အလေ့အကျင့် လုပ်ထားပါ။
၁၆) အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ မကြိုးစားပါနဲ့။
တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်လာအောင်ကြိုးစားပါ။
(ဒါနဲ့ ဆင်တူယိုးမှားတစ်ခု ဖတ်ခဲ့ဖူးတယ်။ "စိတ်ချမ်းသာမှုကို အရင်မရှာပါနဲ့။ အောင်မြင်အောင် အရင်လုပ်ပါ" ဆိုတာ.. အဲဒါကို ခေါင်းထဲ ပိုရောက်ခဲ့တယ်။ အပေါ်စာကြောင်းကတော့ ခုပြန်တွေ့မှ ပြန်သတိထားမိတော့တယ်။)
၁၇) လုပ်ငန်းရဲ့ အကွေ့အကောက်တွေ၊ ညစ်ပုံညစ်နည်းတွေအကြောင်း လေ့လာပြီး အချိန်မဖြုန်းပါနဲ့။ လုပ်ငန်းအကြောင်းကိုပဲ လေ့လာပြီး အချိန်ဖြုန်းပါ။
၁၈) လုပ်ငန်းနယ်ပယ်ထဲ ထိပ်ဆုံးရောက်နေသူတွေမှာ ပြဿနာအားလုံးအတွက် အဖြေရှိတယ်လို့ တွက်မထားပါနဲ့။ မရှိတတ်ပါဘူး။
၁၉) ကော်မတီဖွဲ့ပြီး ဆုံးဖြတ်ချက်ချတဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်ရင် အဲဒီ ဆုံးဖြတ်ချက်ချရတဲ့ ကော်မတီထဲ ကိုယ်ပါအောင် လုပ်ပါ။
၂ဝ) ကိုယ့်စိတ်နေစိတ်ထားကို ပြင်ရင် လုပ်ပုံကိုင်ပုံတွေလည်း ပြောင်းလာလိမ့်မယ်။
(အဲဒါ သိပ်မှန်တယ်။ အပီအပြင်ကို ဆော်တော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာနဲ့ တပြိုင်နက်... ရေးလက်စ အချစ်ဝတ္ထုတောင် ဆက်ရေးလို့ မရတော့ဘူး။ fighter post တွေချည်း ဆက်တိုက် ထွက်လာတော့တာပဲ။ Win - Win Thinking မှာတောင် ဖြည့်စွက်ချက် ထပ်ထည့်လိုက်ရသေးတယ်။
တောင်အာဖရိက နိုင်ငံရေးကိစ္စနဲ့ ဆက်စပ်ရေးထားတဲ့ အကြောင်းအရာတစ်ခုမှာ မိဘက ကောင်းမွန်စွာဆုံးမထားခြင်းရှိသော စကားလုံးတွေနဲ့ မဟုတ်ဘဲ ဝင်ပြောပြီး Win Win ချင်တဲ့သူတွေက ရှိသေးတယ်။ ဒုက္ခ ဒုက္ခ!)
၂၁) * အဆင်သင့် ပြင်ထားပါ။ တွေ့တွေ့ချင်း အထင်ကြီးအောင်လုပ်ဖို့ အခွင့်အရေး နောက်တစ်ကြိမ် ထပ်ရမှာ မဟုတ်ဘူး။
၂၂) တစ်နေ့ တစ်နေ့ကို အရေးအကြီးဆုံး လုပ်စရာတစ်ခုနဲ့ စလုပ်ပါ။ သိပ်အရေးမကြီးတဲ့ အလုပ်တွေကို နောက်ပြီးမှ လုပ်ပါ။
(ရုံးအလုပ်နဲ့ cbox တပြိုင်တည်း တွဲလုပ်နေမိတယ်။ ၂ လ လောက်ရှိပြီ။ ဒါပေမဲ့ သိပ်အရေးမကြီးပါဘူး။ အချိန်မတိုင်ခင် ပြီးအောင် လုပ်နိုင်တာတွေချည်းပဲ ;) တခါလားပဲ extension တောင်းရဖူးတယ်။
၂၃) လိုအပ်မယ်လို့ ထင်တာထက် ကိုယ့်ကိုယ်ကိုယ် ဖြည့်ဆည်းထား၊ ဆည်းပူးထားပါ။
၂၄) ထူးချွန်အောင် ကြိုးစားပါ။ ခြောက်ပစ်ကင်းသဲလဲစင် ဖြစ်အောင် မကြိုးစားပါနဲ့။
***
ငယ်ငယ်က အတော်ကြွတက်ခဲ့တာပဲ။
***
ငံလိုက်တာ မမရီတာ
ReplyDeleteဆားချက်တာတွေများပြီ
ငယ်ငယ်က အတော်ကြွတက်ခဲ့တာပဲ။
ReplyDeleteအခုရော မရီတာ အဲဒီအတိုင်းဘဲလား
ခင်တဲ့
ရွှေစင်ဦး
ညီမ ရီတာရေ... ၁၃ ,၁၄ ,၁၆ ,၁၈ ,၂၄ လက်ခံ ကျင့်သုံးတယ်...လူတွေဟာ ဘာကြောင့် ၆ ပစ်ကင်း သဲစင် ချင်ကြတာလဲ ....နားမလည်ဘူး..နာမည်ကောင်းတခု အတွက်လား...သနားတယ်....လုပ်ချင်တာလုပ် မှားရင်ပြင်...ချိုချက် ရှိတဲ့ နွားသိုးကို ပို ကြိုက်တယ်...သိတ်ရိုးသားလွန်းတဲ့ သိုးဖြစ်ရမှာ ပျင်းလို့....
ReplyDeletekhinoomay
ReplyDeleteto ..
show details Jan 28 (1 day ago)
Images are not displayed.
Display images below
အခုလဲကြွနေတုံးပါဘဲ။