Sunday, January 31, 2010

မင်း နဲ့ ကိုယ်


မင်းက ကိုယ့်ရဲ့ ကော်ဖီ တစ်ခွက်ပါ
လေးလံ ထိုင်းမှိုင်းမှုတွေကို
ချေဖျက်ပေးသယောင်နဲ့
Caffeine ဓါတ် များများ
ရင်ခုန်မှုတွေသာပေးထားခဲ့တာ...

*
မင်းက ကိုယ့်ရဲ့ အိပ်မက်ချိုပါ
ပျော်ရွှင် ယစ်မူးစေခဲ့သလောက်
မနက်ခင်းကိုလဲ ရောက်ရော
ကိုယ်ကြောက်တဲ့ အလွမ်းတွေနဲ့ပဲချန်ထားရစ်ခဲ့တာ...

*
မင်းက ကိုယ့် နံနက်ခင်းရဲ့ အလင်းရောင်ပါ
မပိုင်ဆိုင်ရရင်တောင်...
အငွေ့အသက်နဲ့တင် ရှင်သန်ခွင့်ရချင်ရဲ့ ...

*
ကိုယ်က အနန္တ စကြဝဠာပါ
ရင်ခွင်ထဲမှာရှိတဲ့ အလင်းပွင့်တွေက
မင်းအတွက် ချစ်ခြင်းတွေကို
ကိုယ်စားပြုရင်း ဖန်ဆင်းခဲ့တာပေါ့...

*
ကိုယ်က မဟာသမုဒ္ဒရာပါ
မင်းအတွက် အချစ်တွေက
ရင်ထဲမှာ အရှိန် ပြင်းပြင်းနဲ့
သိမ်မွေ့ လှပစွာ စီးဆင်းခဲ့တာပေါ့...

*
ပြီးတော့...
ကိုယ်ဟာ မင်းပါ...

***
(about Feb 1999)

6 comments:

  1. မင်းက ကိုယ့်ရဲ့ ကော်ဖီ တစ်ခွက်ပါ
    လေးလံ ထိုင်းမှိုင်းမှုတွေကို
    ချေဖျက်ပေးသယောင်နဲ့
    Caffeine ဓါတ် များများ
    ရင်ခုန်မှုတွေသာပေးထားခဲ့တာ...

    အဲဒီ အပိုဒ်လေး ကြိုက်တယ်...ရီတာရေ...ကော်ဖီ နဲ့ အချစ် ကို ထင်ဟပ်ထားပုံလေး....:))

    ReplyDelete
  2. “ဟုတ်ရဲ့လား။

    ReplyDelete
  3. ငါနဲ့ ငါကြား ဗျာများနေဆဲ ~~ ငါ

    ReplyDelete
  4. ရင်ခုန်စေတာ တစ်ခါပဲ ကြုံဖူးတယ် Super Coffee သောက်တုန်းကလေ။

    ReplyDelete
  5. ကိုယ်က မဟာသမုဒ္ဒရာပါ
    မင်းအတွက် အချစ်တွေက
    ရင်ထဲမှာ အရှိန် ပြင်းပြင်းနဲ့
    သိမ်မွေ့ လှပစွာ စီးဆင်းခဲ့တာပေါ့...

    မရီတာ ရေ အကြိုက်ဆုံးဘဲ ကျေးဇူးနော်

    ရွှေစင်ဦး

    ReplyDelete
  6. ကဲ ဘယ်တူမှမမန့်သေးတော့ မန့်ရသာပ

    မင်းက ကိုယ့်ရဲ့ ဘလောခ်ရီတာ (reader) ပါ
    လာလာဖတ်ပြီး ပျော်သယောင်နဲ့
    နောက်ဆုံးတော့ ဘာမှ “ရ” မသွားပါဘူး
    ကိုယ်ကလဲ ဘာမှမပေးနိုင်သေးဘူးလေနော်

    ReplyDelete