Friday, January 15, 2010

ကသစ်ပန်း

ကသစ်ပန်း (တေးရေး - မြို့မငြိမ်း)

နတ်စည်ငယ်လေ ပုစွန့်လက်ရိုး အာလမ္ဗရာ
ကျော်ဟွမ်းသံဝါ ဆော်ရွမ်းညံစာစာ
တိမ်ယံအာကာ နီလာပြင်ဆိုင်း သင်တိုင်းခြုံလွှာ
အုံ့မှိုင်းညိုပြာ မိုးထက်ကယ် ဝဠာ ကိုးရပ်နယ်မှာ
တိမ်ခိုးယှက် မိုးစက်ကလေးတွေရွာ

ဝေဆာ သခွပ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ
အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့ စစ်ထွက်တဲ့အခါ

အုံ့ကာလေ တဖွဲဖွဲ ရွာလေ တသည်းသည်း

လွဲခဲ့ကြရရှာ နတ်တို့နတ်ရွာ ဝတိံသာ
အသူရိန်တွေဟာ ဘုံသာဝေယံ နန်းမြင့်
ကသစ်ပန်းပွင့် ရတုဖြာ သဘင်ပွဲ အပြုမှာ

အို သခွပ်ဖြူစွာ အပွင့်ကိုသာ မြင်တော့မှ ဝတိံတွင် မဟုတ်ပါလား ဟရို့ရယ်
သေနင်ဗျူဟာ နတ်အသူရာမင်းငယ်လေး...
စစ်ခင်းလုမယ်လာ ရှေးရှုဝတိံသာ

အုံ့ကာလေ တဖွဲဖွဲ ရွာလေ တသည်းသည်း

အာလိန်ငါးဆင့် နဂါးနှင့် ဂဠုန်ရံ
ဂုမ္ဘာန် ယက္ခ စတုမဟာရာဇာ မခံနိုင်ညားလို့
သိကြားထွက်တဲ့အခါ

တွက်ရင် သိန်းခြောက်သောင်း ရှစ်ထောင့်ယူဇနာ
ဝရဇိန်လွှတ်ခါ မြင်းမိုရ်ကိုပင် သူခွင်းချင် ထွင်းလို့ ဖောက်နိုင်တာ
နတ်မြင်းတစ်ထောင်ကတဲ့ ရထားဝေဇယန္တာ
ရန်ဖန်မာန်တင်းတာက ဆင်တော် သုမိတ္တာ
ရဲ တံခွန်လွှား ၃၃ ပါး သိကြားနယ်ပါ
နေ လ နတ်သား လေးပါး စစ်အင်္ဂါ
ပင်လုံးကျွတ် သခွပ်ပွင့်ချိန်မှာ

နှစ်တိုင်းပင် သခွပ်ပွင့်ချိန်မှာ
သိကြားနဲ့ အသူရာ
သားမက်နဲ့ ယောက္ခမ ဘောက်ကျလို့လည်း အားမရနိုင်ရှာ

ဒါကို အားမကျဖို့ မယားအလှ တောင်းပန်မှာ
ယောက္ခမဆိုတာ တည့်အောင်ပေါင်း ကျောင်းကိုထုတ်
ဥပုသ်ရက်ရှည် စောင့်ခိုင်းမှာ

***
တာဝတိံသာနဲ့ အသူရာပြည်ဟာ ကသစ်ပင်နဲ့ သခွပ်ပင်ကလွဲရင် ကျန်တာ အားလုံး အတူတူလို့ ဆိုပါတယ်။ (ဘယ်စာအုပ်က အဲဒီလို ဆိုတာလဲလို့တော့ တဆိတ်ကျေးဇူးပြု၍ လာမမေးကြစေချင်ပါ။ အဘယ့်ကြောင့်ဆိုသော် ကိုင်စရာ ဘာစာအုပ်မှ မရှိသောကြောင့် ဖြစ်ပါသည်။
ရှိလည်း စာအုပ်ထဲမှာ အဲလို ရေးထားပေမဲ့ တကယ်က ဟုတ်ချင်မှ ဟုတ်မှာပါ။
သူ့ဘာသာ ဘယ်နေရာမှာ ဘာပင်ပဲရှိရှိ ကိုယ်တွေ လူ့ပြည်ကနေ ဘာမှ လုပ်လို့ရတာ မဟုတ်ဘူး။)

ဟိုတပတ်ကပဲ မမ KOM စီဘောက်မှာ သိကြား ဆိုတဲ့ nick နဲ့ လာတဲ့ တစ်ယောက်ကို မေးမိတယ်။ သိကြားတို့ နေရာ တာဝတိံသာနဲ့ အသူရာပြည်ဟာ ကသစ်ပင်လေး တစ်ခုပဲ လွဲတာ၊ ကျန်တာ အကုန် တူတူပဲဆို လို့။ (တကယ်သာဆို တာဝတိံသာ လွမ်းလောက်ပါ့မလား???) ဒီလိုဆိုရင် ဘာဖြစ်လို့များ အလကားနေရင်း စစ်တိုက်နေကြတာလဲ။ အသူရာပြည်မှာ ကသစ်ပင်ကို မျိုးယူပြီး စိုက်ပါစေလား လို့။

***
ဒီသီချင်းကို တင်ချင်နေတာ ကြာပါပြီ။
စာလုံးပေါင်းသတ်ပုံ နဲ့ အဓိပ္ပါယ်ကြောင့် မတင်ဖြစ်သေးတာ။
မနှစ်က July လောက်က မဗေဒါက ခက်ဆစ်အဖွင့်၊ စကားပြေတွေနဲ့ တကွ သူ့ဘလော့မှာ တင်ထားပါတယ်။ အဲဒီ အတွက် ကိုနတ်သျှင်မြေသားက ကူညီတယ် လို့ ဆိုပါတယ်။ နောက် မဗေဒါရဲ့ သူငယ်ချင်း (ဗမာမဟုတ်) က You Tube မှာ ဒီ သီချင်းဆိုပြီး တင်ထားတာကိုလည်း ကြည့်လို့ရပါတယ်။

မြန်မာပြည်မှာ ကြည့်ခဲ့ရတာကတော့ TV မှာပါပဲ။
လှမြင့်ဝင်း
ဆိုတာကို ကြည့်ခဲ့ရတာပါ။
ဒီသီချင်းအကြောင်း မမ KOM ရဲ့ cbox မှာ ပြောဖြစ်ကြတော့၊ ပလုံ က သီချင်းရဲ့ မူလနာမည်က သခွပ်ပန်း လို့ ပြောပါတယ်။ ကိုယ့်စိတ်ထဲမှာလဲ အဲဒီသီချင်းကို သခွပ်ပန်း လို့ပဲ စွဲနေခဲ့ပါတယ်။
လှမြင့်ဝင်း
ဆိုတဲ့အခါမှာ သခွပ်ပန်း လို့ပဲ စာတန်းထိုးသွားတယ် ထင်မိပါတယ်။

ဒါနဲ့ စင်ကာပူရောက်လို့ အဲဒီ သီချင်းတွေ နားထောင်ချင်လာမိတော့ ကိုယ်တိုင်လဲ မရှာတတ်တာနဲ့ မကြာပီ ကို အကူညီတောင်းမိပါတယ်။ သူက သခွပ်ပန်း သီချင်းတော့ မရှိလို့ ကသစ်ပန်း ပဲ ပေးလိုက်မယ် ဆိုပြီး၊ ကိုအံ့ကြီး version ကို ပို့လိုက်ပါတယ်။ ကိုယ်ကလဲ ကိုယ်တောင်းတဲ့ သီချင်းမဟုတ်ဘူး ဆိုပြီး dowload လုပ်ထားပြီး တော်တော်နဲ့ နားမထောင်ကြည့်မိပါဘူး။

နောက်တော့ ကိုယ့် blog reader ကိုခိုင်ခန့်ကျော် က side bar မှာ တင်ထားတဲ့ လိုချင်တဲ့ သီချင်းတွေ ခေါင်းစဉ်ကြည့်ပြီး၊ ကသစ်ပန်း ကို ကိုအံ့ကြီး version ပဲ ထပ်ပို့ပြန်တယ်။ သူနဲ့ကတော့ gtalk မှာ တိုက်ရိုက်ပြောဖြစ်တာမို့ ကိုယ်လိုချင်တာ အဲဒီသီချင်း မဟုတ်ဘူး။ သခွပ်ပန်း ပါ လို့ပြောမိတယ်။ သူက နားထောင်ကြည့်ပါဦး ဆိုတာနဲ့ နားထောင်ကြည့်မိတော့မှ ကိုယ်လိုချင်တာနဲ့ တူတူပဲမှန်း သိတော့တယ်။

ဒီသီချင်းကို ပေါ်လစီကားတစ်ခုမှာ မာမာအေး ဆိုတာလည်း ငယ်ငယ်တည်းက ကြားခဲ့ဖူးပါတယ်။ နောက်ပိုင်းကျ အဲဒီကားလွှင့်တော့ အဲဒီအပိုင်းကြီး ဖြုတ်ခဲ့တာပေါ့လေ။

ငယ်ငယ်တုန်းက ကလေးဘဝ သတိရမိတယ်။ မခေါ်ရင် ငါ့အိုးပုတ် ပြန်ပေး လုပ်တတ်တာမျိုးကို။

***

မြို့မငြိမ်း ကိုတော့ ပါရမီရှင်ပဲလို့ ထင်မိပါတယ်။
သူ့သီချင်းတွေကို သူရေးမှန်း မသိဘဲတောင် နှစ်ခြိုက်နေမိတတ်ပါတယ်။

ထူးအိမ်သင် တခါ ပြောဖူးပါတယ်။ သူ လေးစားနှစ်သက်တဲ့ သီချင်းရေးဆရာတွေ အများကြီး ရှိပါတယ်တဲ့။
ဒါပေမဲ့ သူ အားကျတာတော့ မြို့မငြိမ်း တစ်ယောက်တည်း လို့ ဆိုတယ်။

***
Down Load လုပ်ရန်

ကိုအံ့ကြီး

သုမောင်

You Tube Link

http://www.youtube.com/watch?v=JUhE2-PMGs8 (ကိုအံ့ကြီး)
http://www.youtube.com/watch?v=h7m07Fj82O0 (မာမာအေး)
http://www.youtube.com/watch?v=sIH4_gcc3Yw&feature=related (ရန်အောင်)
http://www.youtube.com/watch?v=sIH4_gcc3Yw&feature=related (Ma Baydar's friend)

MP3

http://www.naytthit.com/music/03-Sagaing%20Mountain/Track_001.MP3 (ဝင်းဦး)

မဗေဒါ
၊ စကားပြေနဲ့ ခက်ဆစ်တွေ ပြန်ပေးတဲ့ ကိုနတ်သျှင်မြေသား၊ သီဆိုသူ မဗေဒါ သူငယ်ချင်းတို့ကိုလည်း ဒီနေရာကနေ ကျေးဇူးတင်လိုက်ပါတယ်။ အဓိပ္ပါယ်နဲ့ တကွ သိချင်သူများ link ကိုနှိပ်ပြီး မဗေဒါ blog မှာ သွားကြည့်နိုင်ပါတယ်။

***
ဒီလို သီချင်းဟောင်း သီချင်းကောင်းတွေကို ကျောင်းတွေမှာ ကဗျာသင်သလို သင်ရင် ကောင်းမှာပဲလို့ တွေးမိပါတယ်။ ထုံးစံအတိုင်းပါပဲ။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းချင်စိတ် ရှိလို့ မဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့ အနုပညာဆို သူများကိုလဲ ခံစားစေချင်လို့ပါ။

***
မြို့မငြိမ်းရေးတဲ့ ရေချိုးဆိပ် သီချင်းနဲ့ ချစ်တာ ပဓာန လည်း ရရင် လိုချင်မိပါတယ်။

***

20 comments:

  1. wow.. u do appreciate Burmese music. I also like most of Myo Ma Nyein song. He is a awesome song writer. I also like Nan Daw Shay Sayar Tin's song. Anyway, Thanks for the link.

    ReplyDelete
  2. People used to make mistake The song named " Ka Thit Pan" and The movie which was starred by Moet Moet Myint Aung and Ye Aung called "Tha Khoot Pan". I think that's why pple confused.

    ReplyDelete
  3. သီချင်းလေး လာယူသွားတယ် ..

    ReplyDelete
  4. ရီတာ ကြိုက်တဲ သီချင်း တွေ အား လုံးနီးပါးကို ကြိုက်ပ။ ရီတာ့ လိုတော့ နားလည်ပြီးကြိုက်တာမဟုတ်။ လူ (pane) ကြိုက်ကြိုက်တာ။ ကြားဖူးနေကျတွေမို့လို့ နေမယ်။ သီချင်းတွေအတွက်ကျေးဇူးပါ။ :)

    ReplyDelete
  5. သီချင်းလေးကောင်းလိုက်တာ
    စာတစ်လုံးချင်းဖတ်ကြည့်တော့ကြိုက်သွားတယ်

    ReplyDelete
  6. ဒီလို သီချင်းဟောင်း သီချင်းကောင်းတွေကို ကျောင်းတွေမှာ ကဗျာသင်သလို သင်ရင် ကောင်းမှာပဲလို့ တွေးမိပါတယ်။

    ဆိုတာလေး ဟက်ဟက်ပက်ပက် ထောက်ခံမိတယ်

    ReplyDelete
  7. ကျွန်တော် စိတ်ဝင်စားတာက အသူရာတွေ အရက်သောက်မူးမေ့နေတုန်း သိကြားမင်းက အသူရာတို့ဘုံကို သိမ်းတာဆိုတော့ နတ်ပြည်မှာ အရက်သောက်လို့ ရတယ်ဆိုတာပဲ ... အရက်သောက်လို့ ငရဲပြည်ရောက်တယ်ဆိုတာ ချွင်းချက်တော့ရှိမယ် ဟီးဟီး ..( သေသေချာချာ မသိပါ )

    ReplyDelete
  8. Thanks for sharing.
    I like Myo Ma Nyein' songs.

    I try to play some tune of Myo Ma Nyein.

    BINO

    ReplyDelete
  9. http://www.zshare.net/download/712360266c95b23d/ ( ချစ်တာပဓာန - ဟေမာနေဝင်း)

    ReplyDelete
  10. ကျေးဇူးတင်လိုက်တာ ကိုအောင်ဖြိုး

    ReplyDelete
  11. (ရေချိုးဆိပ် - ဝင်းဦး )
    http://www.zshare.net/audio/71236922813196e4/

    ReplyDelete
  12. ကောင်းလိုက်တဲ့ သီချင်းတွေ။
    ကြက်သီးတောင် တဖြန်းဖြန်းထမိပါတယ်။ နားထောင်ရင်းနဲ့။

    =)

    ReplyDelete
  13. ဟုတ်ကဲ့ ကျတော့်စက်ထဲမှာလည်း အသင့်ရှိနေလို့ ... ကြိုက်တယ်ဆိုတော့ ဝမ်းသာပါတယ် :)

    ReplyDelete
  14. ကသစ်ပန်းက ဝင်းဦး ဆိုထားတာလည်း ရှိတယ်။ သူဆိုပုံက မာမာအေးနဲ့ ဆင်တယ်။ အဲဒီသီချင်းမှာတော့ မာမာအေး ဆိုတာကို အကြိုက်ဆုံးပဲ။

    http://www.naytthit.com/music/03-Sagaing%20Mountain/Track_001.MP3

    ReplyDelete
  15. အဲဒီခေတ် က သီချင်းရေးစရာ တွေ ရွှေနှင်းဆီ ၊ ခိုင်မာလာ နှင်းဆီတို့ ၊ စံပယ် တို့ ပန်းလှလှလေးတွေ ကို သီချင်းရေးဆရာ တွေ ရေး ကြလို့ ။ မြို့မငြိမ်းက သူတို့ အချင်းချင်း နောက်ပြီး သခွပ်ပန်း ဆို တဲ့ နံမည်နဲ့ ရေးတယ်လို့ မှတ်သားဘူး တယ်။ အဲဒီလိုတမင် မလှအောင် သခွပ်ပန်း လို့ရေးတာကို ပဲ မလှဘူး ဆိုပြီး ကသစ်ပန်း လို့ပြောင်းခေါ်ကြရင်း ကသစ်ပန်းအမည်တွင်ပါသတဲ့။

    ReplyDelete
  16. မဗေဒါရေးတုန်းကတည်းကတိုင် နားထောင်ဖြစ်တယ်
    အုံ့ကာလေ တဖွဲဖွဲ ရွာလေ တသဲသဲ နေရာအကြိုက်ဆုံးပဲ

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  17. ညီမ ရီတာ ကျေးဇူးနော်...
    အဲဒီသီချင်းတွေ အကုန်ကြိုက်တယ်...
    Link တွေ ယူသွားတယ်...

    ဒီနေ့မိုးရွာရင် ကောင်းမယ်နော်...
    မိုးအေးအေးနဲ့ဆို သီချင်းတွေ နားထောင်ရတာ ပိုကောင်းမလား တွေးမိလို့ပါ...း))

    ReplyDelete
  18. အားလုံးပဲ နှစ်သက်ကြတယ် ပြောလို့ ဝမ်းသာမိပါတယ်။
    =)

    ReplyDelete
  19. ကသစ်ပင်လေး တပင်ပဲလွဲတာ.. တာဝတိသာကို လွမ်းလောက်ပါ့မလား ..
    လွမ်းချင်မှလဲလွမ်းမယ်..
    အဓိက က pride ကြောင့် ဖြစ်မယ် ထင်တယ် ..း)

    ReplyDelete
  20. ပျော်မွေ့မှုတကာတို့တွင်စာပေ၇သတွင်နှစ်သက်ပျော်ဝင်ခြင်းသည်ဒီဒွန်နယာကြီးတွင်အကောင်းဆုံးတကား။

    ReplyDelete