Friday, January 8, 2010

ဗလာ


Pic from Google

အထောက်အထားတွေ ဖျောက်ဖျက်
ပညတ်မပါတဲ့ တမန်တော်

အသိအမှတ်ပြုစရာက ကျန်ရစ်

ချန်ပစ်တယ်ဆိုရင်လဲ


မသေချာခြင်းနဲ့ ဖုံးကွယ်
ကြည်လင်ပြတ်သားခြင်းလဲမရှိ

ဝိုးတဝါး အသိနဲ့
ပဟေဠိပဲ ညှိရမလိုလို


သေချာပိုင်ခွင့်တွေ အဓမ္မ ကွပ်မျက်
သက်သေကို ထိတ်တုံးခတ်ခဲ့

ကဲ
အဲဒါ ဘာအတွက်လဲ


မျှော်လင့်ချက် အကျဉ်းချ

နောင်တချိန် ငြင်းပြမလို့ပေါ့။


(1997)

***
Sign ထိုးဖို့ မေ့ကျန်ခဲ့တဲ့ စာတစ်စောင်ကို ဖတ်ပြီး ရေးထားတဲ့ ကဗျာ။
ရေးခဲ့သမျှထဲမှာတော့ အဲဒါ အရသာ အရှိဆုံးပဲ။
အဲဒီတုန်းကတော့ ရန်တွေ့တာကလဲ ကဗျာ ဖြစ်တယ်... ဆရာ။

ဘာမှန်း မသိတဲ့ စကားလုံးတွေပေမယ့် အတွေးနောက်ကို အရေးက ထပ်ချပ်မကွာ လိုက်နိုင်ခဲ့သေးတယ်။ ခုတော့လည်း မရတော့ပါဘူး။ ကဗျာ တခါတခါ ရေးဖို့ သိပ်ခက်သွားပြီ။

Feb '09 မှာ တခါ တင်ဖူးတယ်။

***

9 comments:

  1. မဆိုးရှာပါဘူးလေ
    တို့လောက်တော့ ဘယ်ဟုတ်မလဲ အဟဲဟဲ

    ReplyDelete
  2. ကဗျာလေးကို လာဖတ်သွားတယ်၊ ကောင်းပါတယ်။

    ReplyDelete
  3. Once upon a time of-----?

    BINO

    ReplyDelete
  4. Good တယ်, ရီတာ...ညီမရေ...:D

    ReplyDelete
  5. ရန်တွေ့တာကလဲ ကဗျာ ဖြစ်တယ် ဆိုတာကို ကြိုက်သွားပြီ...
    ဒါထက်... လက်က ဘယ်သူ့လက်လဲဟင်...း))

    ReplyDelete
  6. google က လက်ပါ မမရယ်။ credit ထည့်ဖို့ မေ့သွားလို့။

    ReplyDelete
  7. ရန်တွေ့တာလည်း ကဗျာဖြစ်တယ်
    မိုက်တယ်ကွာ
    တို့များရန်ဖြစ်တုန်းက ချရေးမထားလိုက်မိဘူး
း)

    ReplyDelete
  8. လက်ဗလာက တစ်ခုခုထည့်မယ်ဆို များများဆန့်တယ်။
    (အူကြောင်ကြောင် ၀င်မန့်သွားတယ်)
    mm

    ReplyDelete
  9. နောက်ဆုံးနှစ်ကြောင်း သိပ်မိုက်တယ်။ ကဗျာမစပ်နိုင်တော့တာ တော်တော်ကြာပြီ။း(

    ReplyDelete