သူ့မှတ်ဉာဏ်ဟာ အဲဒီ မိန့်ခွန်းရှည်ကြီးကို မျက်စေ့ထဲ လုံးစေ့ပတ်စေ့ အသေးစိတ် ဓါတ်ပုံရိုက်ထားသလိုမျိုး မှတ်မိနိုင်တဲ့ မှတ်ဉာဏ် (photographic memory) မျိုး မဟုတ်ပါဘူး လို့ ပြောပါတယ်။
သူဟာ သူ့ကို စိန်ခေါ်တဲ့၊ သူ့ကို စိတ်မဝင်စားဘဲ မနေနိုင်လောက်အောင်ဖြစ်စေတဲ့ စာမျိုးတွေကို မှတ်သားတဲ့ နေရာမှာသာ သူ့မှတ်ဉာဏ်ဟာ ကောင်းလွန်းတာပါ လို့ ပြောဆိုခဲ့ပါတယ်။
"အပြောင်းအလဲ ဒါမှမဟုတ် စိန်ခေါ်မှု တစ်ခုခုကို လိုအပ်လာတဲ့ အခါမျိုးမှာ ကျွန်တော်ဟာ ဘယ်သန်ပေမယ့် ညာလက်ကိုသုံးပြီး စာရေးပါတယ်"
Bill Gates Speaks by Janet C. Lowe
***
Seattle မှာနေတုန်း Bill Gates ငယ်ငယ်က အဖြစ်အပျက်တစ်ခုလို့ ဆိုပါတယ်။
သင်းအုပ်ဆရာက သမ္မာကျမ်းစာပါ မှတ်ရခက်ခဲတဲ့ "တောင်ပေါ်ဟောကြားချက်" ဆိုတဲ့ အခန်းကို အထစ်အငေါ့မရှိ အလွတ်ပြန်ရွတ်နိုင်ရင် Space Needle မှာ ညစာကျွေးမယ် စိမ်ခေါ်တော့၊ လူကြီးတွေတောင် မလုပ်နိုင်ခဲ့တဲ့ အလုပ်ကို သူလုပ်နိုင်ခဲ့တယ် ဆိုတယ်။
ဘယ်သူတွေ ဘာပြောပြော၊ သူဟာ opportunist ပါလို့ ဆိုရင်တောင် ကိုယ်ကတော့ စိတ်ဝင်စားတယ်။
ဒါလဲ ရေးမှတ်ထားခဲ့တာ တစ်ခုပါပဲ။
***
ဒါလဲ ရေးမှတ်ထားခဲ့တာ တစ်ခုပါပဲ။
ReplyDeleteGood habit.
U Thu Kha published a book which he ရေးမှတ်ထားခဲ့တာ
BINO
မရီတာ တော်တော် မှတ်သားထားတာပဲ။ ကောင်းပါ့ဗျာ။
ReplyDeleteကိုယ်တော့ အဲလိုချမှတ်ခဲ့တဲ့အလေ့မရှိခဲ့ဘူး။ Bino ပြောသလို good habit ပဲ ရီတာ။း)
ReplyDelete(Bill Gates နာမည်ကြားရင် ပြန်မဆုံနိုင်တော့တဲ့ တစ်ယောက်သူကို သွားသတိရမိတယ်)