Thursday, December 10, 2009

Some Comments for My Post

မျိုးမြင့်မောင် said...
မြန်မာ့ နိုင်ငံရေးမှာ ဝင်မပါဖြစ်တာ အတ္တကြီးတာကြောင့်လို့ မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အတ္တမကြီးသူတွေလည်း မပါဘဲနေတာ ဒုနဲ့ဒေးပဲ။ တကယ့်အကြောင်းရင်းက မာနမရှိတာလို့ ထင်တယ်။ မာနဆိုတာ vanity ကို ဆိုလိုချင်တာ မဟုတ်ဘူး။ Self-esteem ကို ဆိုလိုချင်တာ။ နအဖစော်ကားတာတွေကို ခံနေရတဲ့၊ သိက္ခာအချခံနေရတဲ့ မြန်မာနိုင်ငံသားဘ၀မှာ ခံပြင်းတဲ့စိတ်တို့၊ ရှက်တဲ့စိတ်တို့ မခံစားရပဲ ဖာသိဖာသာ နေတတ်တာ မာန (self-esteem) အရမ်းနည်းလို့ ဖြစ်မယ်။
Rita said...
ပုံမှန် လူတစ်ယောက်မှာ အဲဒီ အကြောင်းတွေနဲ့ ပတ်သတ်လို့ "ခံပြင်းတဲ့စိတ်" မရှိတဲ့သူ ရှိလိမ့်မယ်လို့ ကိုမျိုးမြင့်မောင် ထင်ရင်၊ ထင်ရလောက်တဲ့သူကို ဆန်းစစ်ကြည့်လိုက်ပါ။ ဒါပေမဲ့ ခံပြင်းစိတ်သည် ဒါလုပ်ဖို့ တွန်းအား ဖြစ်ချင်မှ ဖြစ်မယ်။ ခံပြင်းရင် လုပ်မှာပေါ့လို့ တထစ်ချ ပြောလို့ မရဘူး။

ကျွန်မရဲ့ အသိ အစ်မတယောက် 96 မှာ ကြို့ကုန်းကို ရောက်နှင့်ပြီးသူ၊ လုံးဝ ပြစ်တင်ရှုံ့ချ ဆန့်ကျင်၍ ဆတ်ဆတ်ခါအောင် နာ နေသူ၊ သူ့ အယူအဆလေး စိတ်ဝင်စားစရာကောင်းလို့ ပြောပြလိုက်မယ်။ သူဟာ အမြဲတမ်း လှူ နေပါတယ်။ လူမှုရေး၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက်ပါ။

သူ နိုင်ငံရေးကို လုံးဝ မလှူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံကတော့ သူ ဒီလမ်းစဉ် ကို မယုံကြည်လို့ပါ။ ပြီးတော့ လူတွေကို မယုံလို့ပါ။ နောက်ဆုံး အဓိက အကျဆုံးနဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးက "ငါတို့ အတွက် ရှေ့ကနေ သေပေးကြပါနော်" လို့ အဓိပ္ပါယ် ရောက်တဲ့ အလုပ်ကို သူ လုံးဝ မလုပ်ချင်ဘူး ပြောပါတယ်။

ဒါရှင်းပါတယ်။ ဒီနည်းလမ်းကို သူမယုံလို့ ပါပဲ။ လမ်းပေါ်မှာ ဒီတိုင်း သေကြတာကို သူ အားမပေးချင်လို့ ပါပဲ။ ဒီလိုပြောလို့ လှူတဲ့လူတွေကတော့ သူပြောသလို သေပေးကြပါနော် လို့ တောင်းဆိုနေတဲ့ လူတွေ လို့ ကျွန်မ မမြင်ပါဘူး။ ရှုထောင့် အမျိုးမျိုးကို မြင်အောင်သာ ပြောတာပါ။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နေကြတာကို ပြောတာပါ။

ကိုလူထွေး ပေးခဲ့တဲ့ comment နဲ့ ဒီ အစ်မရဲ့ စကားလုံးကို ဆက်စပ်လို့ ကျွန်မ သေချာ comment တစ်ခု ပြန်ရေးဦးမယ်လို့ စဉ်းစားနေတာ။ ယူသော်ရ၏ စကားလုံးတွေ အကြောင်းပေါ့။

ဒါပေမဲ့ ဝိရောဓိတွေ သက်သက် တင်ပြသလို ဖြစ်ပြီး ဘာ အဖြေမှ မရနိုင်မယ့် အတူတူ အလကား ဖောင်းပွနေမလား မသိဘူးလို့ တွေးနေခဲ့တာ။ ကိုမျိုးမြင့်မောင် comment ကို ဖတ်ရတော့ ရေးချင်သွားမိလို့ ခုရေးလိုက်တယ်။

ကျွန်မ နာတတ်ခဲ့တဲ့ post တစ်ခု မနှစ်ဆီက ရေးခဲ့ဖူးတာ၊ ဒါပေမဲ့ အဲဒီ post ကို တမင်ကို အစ ပြန်မဖော်ချင်လို့ မဖော်တော့တာ။ ခုလဲ မဖော်တော့ပါဘူး။ post ကတော့ ဒီတိုင်းပဲ ရှိနေပါတယ်။

ကိုမျိုးမြင့်မောင်ကို ကျေးဇူးတင်ပါတယ်။ လာမယ်ထင်လို့ မျှော်နေတာ။
တကယ်လို့ သူက အဲဒီ "လမ်းစဉ်" ဆိုတာကို မယုံကြည်ဘူးဆိုရင် တခြား ဘယ်နည်းလမ်းတွေနဲ့ သူ့ကို ခံပြင်းစေတဲ့ စော်ကားမှု၊ အရှက်ရစေတဲ့ သိက္ခာချမှုတွေကို ဖြေရှင်းဖို့ ကြိုးစားသလဲဆိုတာ သိချင်တယ်။ နည်းလမ်းလို့ ဆိုတာမှာ ပြဿနာကို လက်ခံပြီး ဖြေရှင်းဖို့ ကြိုးစားတာကို ဆိုလိုချင်တာ။ မျက်နှာလွှဲတာ၊ ဖြေရှင်းဖို့ မကြိုးစားပဲ ဖြေတွေးတွေးတာ (wishful thinking) စတဲ့ နည်းတွေကို မဆိုလိုဘူး။ လမ်းစဉ်တစ်ခုကို မယုံကြည်လို့ အဲဒီနည်းနဲ့ မဖြေရှင်းတာ သဘာဝကျပါတယ်။ ဒါပေမယ့် အဲဒီလမ်းစဉ်က ဖြေရှင်းဖို့ ကြိုးစားနေတဲ့၊ ကိုယ်နဲ့လည်း သက်ဆိုင်တဲ့ ပြဿနာကိုပါ ဥပက္ခာပြုလိုက်တာတော့ သဘာဝမကျဘူး။ အဲဒါအတွက် justification မရှိဘူး။ ဘာမှမလုပ်တာဟာ ကိုယ့်အလုပ်၊ ဘာမှမယုံကြည်တာဟာ ကိုယ့်ယုံကြည်မှု ဆိုသလိုမျိုး wordplay ဆန်ဆန် rationalization ပဲ ဖြစ်မယ်။
Rita said...
အင်း ဟုတ်ပါပြီ။
ဒီကိစ္စဟာ အဖြေမရှိနိုင်မယ့် အတူတူလို့ (မရှိတာဟာ ကျွန်မဦးနှောက်ထဲမှာ မရှိတာလည်း ဖြစ်နိုင်တယ်) ရေးခဲ့ပါတယ်။

အဖြေမရှိလို့ သူ့အနေအထားကိုလည်း ကျွန်မ ပြောခွင့်မရှိလို့ ကျွန်မကပဲ သိချင်တာ မေးပါမယ်။

ဒါဖြင့် ဒီအဖွဲ့အစည်းတွေကို လှူလိုက်တာနဲ့ justification ရှိသွားရောလား။ သူအပါအဝင် သူလို ကျွန်မလို လူတွေဟာ ရှေ့ထွက် အသေခံဖို့ အကြောင်းရှိလာမှာ မဟုတ်ဘူး။ အဲဒီအခါ ပိုက်ဆံပို့ပေးရင် ပြီးရောလား။ ဒါတကယ်ကို solution ကို သိချင်လို့ မေးတာဖြစ်ပါတယ်။

သိပ်လွယ်တဲ့ အလုပ်မို့ (အဲဒီအစ်မတော့ သူ့ယုံကြည်ချက်ဖြစ်နေတာမို့ မသိ။)ကျန်လူတွေ အနေနဲ့ကတော့ ခုချက်ချင်းကို ထ လုပ်လိုက်နိုင်တဲ့ ကိစ္စပါပဲ။

ဒါပဲလား။ ဒါဆိုရင် ကောင်းပါပြီ။
ဒါ့ထက် ပိုတာတွေ ရှိသေးရင်လဲ ပြောပြခဲ့ပါ။
တကယ်တော့ ကျွန်မလဲ အဖြေလိုချင်နေတာပဲ။ Solution ထုတ်ပေးနိုင်တဲ့ လူတော့ မဟုတ်ဘူး။
Rita said...
ကျွန်မ ပြောချင်တာသည် ခံပြင်းစိတ်ရှိတာနဲ့ နိုင်ငံရေးကို တိုက်ရိုက် ထလုပ်တာနဲ့ မဆိုင်ဘူး လို့ ပြောခဲ့တာ။

ခံပြင်းလို့ ဒုက္ခရောက်တဲ့သူတွေကို ကူညီတာပေါ့။ နိုင်ငံရေး အဖွဲ့အစည်းကို ငွေပို့ပေးတာလဲ ဒီသဘော မဟုတ်ဘူးလား။

နောက်တချက်က ဒီသဘောချင်း အတူတူကိုပဲ သူယုံကြည်ရမှ လုပ်မယ် ဆိုတာ သူ့ရွေးချယ်ပိုင်ခွင့်ပဲ။ (ဒီ ကိစ္စတွေ သူလှူဖူးတုန်းက လူလိမ်ခံချင်ခံရမယ်။) ခံပြင်းလို့ နိုင်ငံရေး အဖွဲ့အစည်းကို လှူတာနဲ့ လူမှုရေးကိစ္စပဲ လှူတာနဲ့ ကွာခြားတာ ရှိသလား။

ယုံကြည်မှု ဆိုတာမှာ ပြောင်းလဲလာမှာကို ယုံကြည်နိုင်ဖို့လဲ လိုသေးတယ်။ ပြောင်းလဲ ပေးမယ်လို့ ထင်ရတဲ့ အော်နေတဲ့ လူတွေကို ကိုယ် မယုံကြည်နိုင်တဲ့ အခါ၊ ယုံကြည်ရလောက်တာကို မတွေ့ရတဲ့ အခါ၊ လက်ရှိအခြေအနေကို ခံပြင်းသော်ငြား ဥပေက္ခာပြုမိနိုင်တယ်။

ခုလက်ရှိကို သေအောင် ခံပြင်းပစေဦး နောက်လာမယ့်ဟာကိုလည်း သေချာယုံကြည်ရလောက်တယ် မထင်ရင်တော့... ဒီကိစ္စတွေ လှည့်မကြည့်ချင်ဘူး။ ကိုယ် ကယ်နိုင်တဲ့လူပဲ ကယ်မယ်လို့သာ ဖြစ်တော့မှာပဲ။

ပြီးရင် အစက ပြန်ပတ်မယ်။
အသံကောင်း ဟစ်တာတို့...
မလုပ်ဖူးရင် လာမပြောနဲ့တို့...ကို မကြိုက်ဘူး ဆိုတာကနေ...

ကိုမျိုးမြင့်မောင် ဒီ အထုံး ဖြေလိုက်နိုင်ရင်တော့ ကျွန်မ သိပ်ကျေးဇူးတင်မှာပဲ။ ခုဟာက တလျှောက်လုံး စကားလုံးတွေသာ ပြောလာကြတာ။ ဘာ အဖြေမှ ရှိတာ မဟုတ်ဘူး။ သိပ်လည်း မမျှော်လင့်ပေမယ့် ထွက်လာရင်တော့ ကျေးဇူးတင် ဝမ်းသာမိမှာပါ။
Rita said...
လူမှုရေးကိစ္စပဲ လှူတာက ဖြေရှင်းရာ မကျဘဲ၊ နိုင်ငံရေး အဖွဲ့တွေကို လှူမှ ဖြေရှင်းရာကျပါသလား။
“အဖြေမရှိလို့ သူ့အနေအထားကိုလည်း ကျွန်မ ပြောခွင့်မရှိလို့ ကျွန်မကပဲ သိချင်တာ မေးပါမယ်။”

“ကျွန်မ ပြောချင်တာသည် ခံပြင်းစိတ်ရှိတာနဲ့ နိုင်ငံရေးကို တိုက်ရိုက် ထလုပ်တာနဲ့ မဆိုင်ဘူး လို့ ပြောခဲ့တာ။”

၁။ သူ့ကိုယ်စား မဖြေပေးနိုင်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုအတွက် ဖြေပေးနိုင်သလား။ ဘယ်နည်း ဘယ်လမ်းစဉ် ရှိသလဲလို့ မေးချင်တာ မဟုတ်ဘူး။ နအဖအစော်ကားခံ မြန်မာနိုင်ငံသားဘ၀နဲ့ ပတ်သက်ပြီး ခံပြင်းတဲ့စိတ်ရှိလား၊ ရှက်တဲ့စိတ်ရှိလား ဆိုတာတွေကို သိချင်တယ်။ နောက်ပြီး ခံပြင်းစိတ်ဆိုတာ ခံရလို့ နာတတ်ရုံနဲ့ ရှိတဲ့စိတ်ကို ပြောတာ မဟုတ်ဘူး။ မတရားမှုကို ခေါင်းငုံ့ခံရမှာရှက်တဲ့ မာန (self-esteem) ကြောင့် မတရားမှုကို တွန်းလှန်လိုတဲ့စိတ်ကို အဓိကပြောတာ။

ရှိတယ်ဆိုရင် ဘယ်လိုဖြေရှင်းဖို့ ကြိုးစားသလဲ။
“ဒါဖြင့် ဒီအဖွဲ့အစည်းတွေကို လှူလိုက်တာနဲ့ justification ရှိသွားရောလား။ သူအပါအဝင် သူလို ကျွန်မလို လူတွေဟာ ရှေ့ထွက် အသေခံဖို့ အကြောင်းရှိလာမှာ မဟုတ်ဘူး။ အဲဒီအခါ ပိုက်ဆံပို့ပေးရင် ပြီးရောလား။ ဒါတကယ်ကို solution ကို သိချင်လို့ မေးတာဖြစ်ပါတယ်။”

“သိပ်လွယ်တဲ့ အလုပ်မို့ (အဲဒီအစ်မတော့ သူ့ယုံကြည်ချက်ဖြစ်နေတာမို့ မသိ။)ကျန်လူတွေ အနေနဲ့ကတော့ ခုချက်ချင်းကို ထ လုပ်လိုက်နိုင်တဲ့ ကိစ္စပါပဲ။”

၂။ စပြီး မှတ်ချက်ရေး ကတည်းက နိုင်ငံရေးအဖွဲ့တွေကို ငွေလှူပါ ဆိုတာမျိုး ပြောဖို့ မရည်ရွယ်ခဲ့ဘူး။ အဲဒါနဲ့ ပတ်သက်ပြီး စကားလည်း မစခဲ့ဘူး။ ငွေလှူတာဟာ အဖြေမဟုတ်တာကို လက်ခံတယ်။ ဒါပေမယ့် ဒီမိုကရေစီအရေးအတွက် ငွေထောက်ပံ့မှုဟာ အဖြေရှာဖို့အတွက် လိုအပ်တယ်လို့ ယုံကြည်တယ်။ နိုင်ငံရေးအဖွဲ့တွေကို မယုံလို့ ငွေမလှူဘူးဆိုရင်တောင် နိုင်ငံရေးအတွက် ငွေသုံးတာမျိုး လုပ်နိုင်တာပဲ။

လွယ်မယ်ထင်ရင် ထလုပ်ကြည့်ပါ။ လွယ်သလောက်သာ သုံးမယ်ဆိုရင်တော့ လွယ်မှာပဲ။ လိုသလောက် သုံးမယ်ဆိုရင်လည်း တစ်ယောက်တည်း တတ်နိုင်မှာ မဟုတ်ဘူး။ တတ်နိုင်သလောက်လို့ ဆိုတာထက် တတ်နိုင်သမျှလုပ်ကြည့်ပါ။

တတ်နိုင်သမျှလုပ်တာ justification ပဲ။
“ခံပြင်းလို့ ဒုက္ခရောက်တဲ့သူတွေကို ကူညီတာပေါ့။ နိုင်ငံရေး အဖွဲ့အစည်းကို ငွေပို့ပေးတာလဲ ဒီသဘော မဟုတ်ဘူးလား။”

“နောက်တချက်က ဒီသဘောချင်း အတူတူကိုပဲ သူယုံကြည်ရမှ လုပ်မယ် ဆိုတာ သူ့ရွေးချယ်ပိုင်ခွင့်ပဲ။ (ဒီ ကိစ္စတွေ သူလှူဖူးတုန်းက လူလိမ်ခံချင်ခံရမယ်။) ခံပြင်းလို့ နိုင်ငံရေး အဖွဲ့အစည်းကို လှူတာနဲ့ လူမှုရေးကိစ္စပဲ လှူတာနဲ့ ကွာခြားတာ ရှိသလား။”

“လူမှုရေးကိစ္စပဲ လှူတာက ဖြေရှင်းရာ မကျဘဲ၊ နိုင်ငံရေး အဖွဲ့တွေကို လှူမှ ဖြေရှင်းရာကျပါသလား။”

၃။ လူမှုရေးလုပ်ငန်းတွေအတွက် ငွေလှူတာကို ရှုံ့ချချင်စိတ်မရှိဘူး။ ဒါပေမယ့် နိုင်ငံရေးအလုပ်နဲ့ လူမှုရေးအလုပ်ဆိုတာကို ပြီးစလွယ်ရောချပြစ်တာ သဘာဝမကျဘူး။ ဖြေရှင်းချင်တဲ့ ပြဿနာချင်းမှ မတူတာ ဘယ်ကဘယ်လို သဘောချင်း သွားတူနေရသလဲဆိုတာ စဉ်းစားလို့မရဘူး။ ရှင်းပြစေချင်တယ်။ အထူးသဖြင့် မြန်မာပြည်အရေးမှာ နိုင်ငံရေးပြဿနာနဲ့ လူမှုရေးပြဿနာကို ရောစရာမလိုဘူးလို့ မြင်တယ်။ ကိစ္စ တော်တော်များများမှာ တခုက အကြောင်းရင်းခံဖြစ်နေပြီး နောက်တခုက အကျိုးဆက်တွေ အများကြီးထဲက တခုလို့ မြင်တယ်။

ခံပြင်းတာချင်း အတူတူပဲဆိုရင် အဲဒီခံပြင်းစိတ်ကို စမ်းစစ်ကြည့်ပါ။ ဆင်းရဲဒုက္ခရောက်နေတဲ့အပေါ်မှာ ခံပြင်းတာလား၊ မတရားဖိနှိပ် အုပ်ချုပ်မှုအပေါ်မှာ ခံပြင်းတာလား ဆိုတာ ရှင်းဖို့လိုတယ်။ ပထမခံပြင်းစိတ်က သနားတတ်တဲ့စိတ်မှာ အခြေခံပြီး နောက်တခုက တရားမျှတမှုကို လိုလားတဲ့စိတ်မှာ အခြေခံတယ်။

လူမှုရေးကိစ္စအတွက် ငွေသုံးတာ လူမှုရေးကိစ္စကို ဖြေရှင်းဖို့ပဲ အထောက်အကူပြုမယ်။ နိုင်ငံရေးကိစ္စကို ဖြေရှင်းချင်ရင် နိုင်ငံရေးကိစ္စအတွက် ငွေသုံးပါ။ လူမှုရေးကိစ္စကို ဖြေရှင်းရုံနဲ့ နိုင်ငံရေးပြဿနာပါ ပြေလည်လာမှာ မဟုတ်ဘူး။ အထူးသဖြင့် မြန်မာပြည်မှာ နိုင်ငံရေးပြဿနာကြောင့် လူမှုရေးပြဿနာကို ဖြေရှင်းလို့မရတာတွေ များတယ်။
“ယုံကြည်မှု ဆိုတာမှာ ပြောင်းလဲလာမှာကို ယုံကြည်နိုင်ဖို့လဲ လိုသေးတယ်။ ပြောင်းလဲ ပေးမယ်လို့ ထင်ရတဲ့ အော်နေတဲ့ လူတွေကို ကိုယ် မယုံကြည်နိုင်တဲ့ အခါ၊ ယုံကြည်ရလောက်တာကို မတွေ့ရတဲ့ အခါ၊ လက်ရှိအခြေအနေကို ခံပြင်းသော်ငြား ဥပေက္ခာပြုမိနိုင်တယ်။”

“ခုလက်ရှိကို သေအောင် ခံပြင်းပစေဦး နောက်လာမယ့်ဟာကိုလည်း သေချာယုံကြည်ရလောက်တယ် မထင်ရင်တော့... ဒီကိစ္စတွေ လှည့်မကြည့်ချင်ဘူး။ ကိုယ် ကယ်နိုင်တဲ့လူပဲ ကယ်မယ်လို့သာ ဖြစ်တော့မှာပဲ။”

၎။ ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ယုံကြည်မှုဆိုရာမှာ သူများတွေ ပြောင်းပေးနိုင်မယ်လို့ ယုံကြည်အားကိုးလိုတဲ့စိတ်မျိုးက မျှော်လင့်ချက် သက်သက်ပါ။ ဖြစ်သင့်တယ်ထင်တဲ့ ပြောင်းလဲမှုအတွက် ကိုယ်တိုင် ပါဝင်လုပ်ဆောင်သင့်တယ်လို့ ယုံကြည်တာမျိုးကို အဓိကပြောချင်တာ။ အဲဒီ ယုံကြည်မှုမျိုး ရှိရင် ဥပက္ခာပြုနိုင်မှာ မဟုတ်ဘူး။ မယုံကြည်ရင် တတ်နိုင်သလောက်ပဲ လုပ်ချင်မယ် (လုပ်ချင်မှလည်း လုပ်မယ်) ။ အဲဒါမှ မအောင်မြင်ရင်တော့ ဥပက္ခာပြုမိမှာပေါ့။ ယုံကြည်တယ်ဆိုရင် မအောင်မြင်သေးလည်း တတ်နိုင်သမျှ လုပ်မှာပဲ။ အဲဒီ ယုံကြည်ချက်မျိုး မရှိသေးရင်၊ မရှိတာက လုပ်ရမှာကြောက်လို့လား၊ ပြောင်းလဲမှု မဖြစ်သင့်ဘူး ထင်လို့လား စသည်ဖြင့် ရိုးရိုးသားသား ဆန်းစစ်ကြည့်ပါ။ သူများက မယုံရလို့ ဆိုတာမျိုး ပြီးစလွယ် အပြစ်မတင်သင့်ဘူး။

နောက်ပြီး ကိုယ်ကယ်နိုင်တဲ့လူဆိုတာ ဘယ်လိုသဘောမျိုးနဲ့ ပြောတာလဲ။ ကိုယ့်ကိုယ်ကိုတောင် မတရားဖိနှိပ်မှုအောက်က လွတ်အောင် ကယ်ဖို့မကြိုးစားသေး၊ မလွတ်နိုင်သေးတဲ့ အခြေအနေမှာ ဘယ်သူ့ကို ဘယ်လိုသွားကယ်မှာလဲ။ ငတ်ပြတ်နေသူကို အစာရေစာပေးကမ်းပြီး ကယ်တာမျိုးတော့ ရှိတာပေါ့။ ဒါပေမယ့် ဒီပို့စ်နဲ့ ပတ်သက်ပြီး ပြောနေတာ မြန်မာ့နိုင်ငံရေးအကြောင်း မဟုတ်လား။
အဖြေ ပေးနိုင်မယ် မျှော်လင့်လို့ လက်ခံစကားပြောတာ ဆိုရင်တော့ ဘာအတွက် အဖြေ လိုချင်တာလဲလို့ မေးချင်တယ်။ ကိုယ်တိုင်ပါဝင်ဖို့ ယုံကြည်ပေမယ့် ဘယ်နည်းလမ်းသုံးပြီး လုပ်ရမလဲ ဆိုတာအတွက် အဖြေလိုချင်တာလား။ ပါဝင်ဖို့ မယုံကြည်ဘဲ ဘာဖြေမလဲဆိုတာ သိချင်ရုံ မေးတာလား။

လက်ရှိအခြေအနေမှာ ဖြေနိုင်တာကတော့ ယုံကြည်မှုဟာ အဖြေ ဆိုတာပဲ။
Rita said...
၁။ ခံပြင်းစိတ်ဆိုတာ ခံရလို့ နာတတ်ရုံနဲ့ ရှိတဲ့စိတ်ကို ပြောတာ မဟုတ်ဘူး။

ဟုတ်တယ်။ ခံရလို့သာ နာတဲ့စိတ်။ အဓိပ္ပါယ် မရှိ၊ အကျိုးသင့် အကြောင်းသင့် မရှိ အဲဒါတွေကိုသာ နာတာ။ အဲဒါ သေချာတယ်။

၂။ လွယ်မယ်ထင်ရင် ထလုပ်ကြည့်ပါ။

လွယ်သလောက်ပဲ လုပ်နိုင်မှာပါပဲ။ ဒါလဲ သေချာတယ်။

၃။ နိုင်ငံရေးအလုပ်နဲ့ လူမှုရေးအလုပ်ဆိုတာကို ပြီးစလွယ်ရောချပြစ်တာ သဘာဝမကျဘူး။

ပြီးစလွယ် ရောချပစ်တာ မဟုတ်ဘူး။
အဲဒါကြောင့် ကျွန်မ သေချာရေးခဲ့တာ။ သေချာတာကတော့ အပြင်ရောက်နေတဲ့ လူတော်တော်များများ (တကယ်က အားလုံးလို့ ထင်တယ်။) ရှေ့ထွက် လုပ်ဖို့၊ သေဖို့ စတေးဖို့ ဆန္ဒ မရှိလို့ကို အပြင်ရောက်နေတာပဲ။

အဲဒီ အခါမှာ ငွေလှူလိုက်ရင် ပြီးရောပေါ့။ အပေါ်မှာ ပြောထားတဲ့ အတိုင်းပဲ လွယ်သလောက်ပဲ လုပ်မှာမို့ ဘာမှ မခက်ဘူး။

၎။ မယုံကြည်ရင် တတ်နိုင်သလောက်ပဲ လုပ်ချင်မယ်။

ဟုတ်တယ်။ မယုံကြည်လို့ တတ်နိုင်သမျှပဲ လုပ်ချင်တဲ့ စိတ်ရှိတာ။ ကိုယ်နဲ့ နီးစပ်ရာကို ပေးကမ်းမျှဝေတာလောက် လုပ်ချင်တာ။

၅။ မြန်မာ့နိုင်ငံရေးအကြောင်း မဟုတ်လား။

ဟုတ်တယ်။ နိုင်ငံရေးကြောင်း။ တိတိကျကျ ပြောရရင် အဲဒီအပေါ်မှာ စိတ်ဝင်စားမှုနဲ့ ယုံကြည်မှု နည်းခဲ့တယ် ဆိုတဲ့ အကြောင်း။ ဟင် စရာတွေ တွေ့ခဲ့တယ် ဆိုတဲ့ အကြောင်း။ အဲဒါကြောင့် လှည့်မကြည့်ချင်ခဲ့တာ ဆိုတဲ့ အကြောင်း။ အသံကောင်းဟစ်တာကို မလိုလားတဲ့အကြောင်း။

၆။ ဘာဖြေမလဲဆိုတာ သိချင်ရုံ မေးတာလား။

ဘာဖြေမလဲဆိုတာ သိချင်တဲ့ စိတ်က ပိုများတယ်။ ကိုယ်တိုင်ပါဝင်ဖို့ ယုံကြည်စိတ် ခုထိ လုံလောက်အောင် ရှိသေးတယ် မထင်ဘူး။

နောက်တခုက ပြဿနာပဲ လာလာပြောနေကြလို့ အဖြေ အရေးကြီးတယ် ပြောတာ။ တကယ်ပဲ သိချင်စိတ်က ပိုများတယ်။

ကျေးဇူး (တကယ် အထူး) တင်ပါတယ်။
Rita said...
ဟုတ်ပြီ ဒါဖြင့် ကိုမျိုးမြင့်မောင် ပြောတဲ့ အတိုင်းဆို self - esteem နဲတာပေါ့။

problem ကိုတော့ define လုပ်လိုက်နိုင်ပြီ။
Rita said...
(ယုံကြည်တယ်ဆိုရင် မအောင်မြင်သေးလည်း တတ်နိုင်သမျှ လုပ်မှာပဲ။ အဲဒီ ယုံကြည်ချက်မျိုး မရှိသေးရင်၊ မရှိတာက လုပ်ရမှာကြောက်လို့လား၊ ပြောင်းလဲမှု မဖြစ်သင့်ဘူး ထင်လို့လား စသည်ဖြင့် ရိုးရိုးသားသား ဆန်းစစ်ကြည့်ပါ။ သူများက မယုံရလို့ ဆိုတာမျိုး ပြီးစလွယ် အပြစ်မတင်သင့်ဘူး။)

၁) လုပ်ရမှာ မကြောက်ရင် အပြင်မထွက်ဘဲ အထဲမှာပဲ ထောင်ထဲဝင်ချင်ဝင်၊ လမ်းထွက်လျှောက်ချင်လျှောက်၊ ဒါမှ မဟုတ် သေနေတာကြာပါပြီ။ လုပ်ရမှာ ကြောက်လို့ ခုထိ လွတ်နေတာပါ။

၂) ပြောင်းလဲမှု မဖြစ်သင့်ဘူး မထင်ပါဘူး။ အဲဒါကို post မှာ ရေးခဲ့ပြီးပါပြီ။ ပြောင်းလာခဲ့ရင်လည်း နောက်လာမယ့် လူဟာ... ဆိုပြီး သူများကို ထည့်တွက်နေလို့ပါ။ ဘာဖြစ်လို့ ဆိုတော့ သူများပဲ ထည့်တွက်ရမှာကိုး။ နောက်တက်မယ့်လူက ကိုယ် မဟုတ်လို့။

၃) တော်တော်များများကို ယုံကြည်စရာ ကောင်းတယ် မထင်တာတော့ အမှန်ပဲ။

ကျန်နေခဲ့လို့ ပြန်ဖြေတာပါ။
တကယ်ပဲ ပြည့်ပြည့်စုံစုံ မေးလိုက်တာကို ကျေးဇူးတင်ပါတယ်။ အဲဒီ မေးခွန်းမျိုးကို ကျွန်မ ဖြေလိုက်ရတဲ့ အတွက်ရော၊ post မှာ တင်လိုက်နိုင်တဲ့ အတွက်ရော ကျေနပ်မိပါတယ်။

အဲဒီ မေးခွန်းတွေ မေးနိုင်တာအတွက် ချီးကျူးမိပါတယ်။ ဆက်တွေးနေမိစေမယ့် မေးခွန်းမျိုးတွေပါ။

တကယ်က post တင်စမှာ ဒါတွေ ပြောဖို့ မစဉ်းစားခဲ့ပါဘူး။ ဒါပေမဲ့ ဆက်စပ်ရာကနေ ထွက်လာတဲ့ comment တွေကြောင့် ဒီလောက်ရှည်လျားလာတာပါ။ ဒါ အကြောင်းပြတာ မဟုတ်ဘူး။

ရေးစက မရည်ရွယ်ဘူး ဆိုပေမဲ့ ဒီအကြောင်းအရာဟာ ကျွန်မစိတ်ထဲမှာ ရှိနေပြီးသား အရှိတရား ဖြစ်ပြီး၊ အကြောင်းတိုက်ဆိုင်လာခဲ့ရင် ကိုယ့်ဘလော့မှာ ဖြစ်ဖြစ်၊ သူများဆီမှာ ဖြစ်ဖြစ် ရေးမိနိုင်ပါတယ်။ ဒါကြောင့်လဲ အစ ရလာတာနဲ့ ဆက်ပြောခဲ့တာပါပဲ။ တကယ်တော့ post နဲ့ comment တွေက ချော်နေတာတွေ ရှိပါတယ်။
ဘာပဲဖြစ်ဖြစ် ကိုယ်ပြောချင်တာတွေနဲ့ ချော်သွားတာမျိုးကတော့ မရှိပါဘူး။

ထပ်ကာ ထပ်ကာ ဖြစ်နေပေမယ့် ကျေးဇူးတင်ပါရစေဦး။
ဟုတ်တယ်။ Self-esteem တော်တော် နည်းနေတာ။
Rita said...
ကျွန်မ post တင်လိုက်မယ်။ ဖြစ်မလား။
အဟောင်းကို ဆက်ငြင်းချင်လဲ ငြင်းကြပါဦး ရပါတယ်။ အဟောင်းဖယ်ချင်လို့ အသစ်တင်တာ မဟုတ်ဘူး။ ဒါကို တင်ချင်မိတယ်။
***
ကိုမျိုးမြင့်မောင် တင်ပါ လို့ ပြောမသွားပေမယ့် တင်ချင်လို့ တင်လိုက်ပါတယ်။ အလုံးစုံ မဟုတ်ပေမယ့် ဒီ မေးခွန်းတွေကို ဖြေလိုက်ရတာ အတိုင်းအတာ တစ်ခုထိ ကျေနပ်မိပါတယ်။ Post ရေးစဉ်က မျှော်လင့်မထားပေမယ့် ရလိုက်တဲ့ အခါမှာ အင်မတန် စိတ်ကျေနပ် လိုချင်မိတဲ့ comment မျိုးပါပဲ။
နှိုင်းတာတော့ မဟုတ်ပါဘူး။ ရှင်နာဂသိန် သတိရမိသေးတယ်။
***

33 comments:

  1. အဖြေတော့ အဖြေပဲ။ ဒါပေမဲ့ ရောဂါ အဖြေထွက်သွားတာ ဖြစ်နေတယ်။

    ReplyDelete
  2. Carrying on Rita,
    You write frankly,
    I accept your post and all comment.
    I had systemic studied in political sciences long long years ago.
    I knows details of democracy, came from Greece that people elect their leader.
    But I never discuss you or anybody.
    I like to discuss about literacy and poem.
    You also made some comments for Min Ko Naing's book နောက်ကြည့်မှန် as an art.
    NOTHING POLITICAL ACTIVITIES.
    I clearly understand you.
    Please carry on wright way as you think.

    BINO

    ReplyDelete
  3. ကိုယ်ကတော့ မိလိန္ဒ မဟုတ်ပါဘူး။ နိုင်ငံရေး တိတ္ထိ၊ ဒါမှမဟုတ် နိုင်ငံရေး atheist ဖြစ်ကောင်းဖြစ်လိမ့်မယ်။ (July ရေးတဲ့ post ကို ဖတ်ပြီး ကိုယ့်ဘာသာ အတွေးပေါ်လာလို့။)

    ခုချိန်ထိလည်း လုပ်ချင်းလုပ် လူမှုရေးသာ ပိုလုပ်ချင်မိတယ်။ ဟောရင်းသာ ပျံတော်မူမည် ဖြစ်နေလား မသိ။ ဒါပေမဲ့ ကိုမျိုးမြင့်မောင် ဖြေလိုက်ရ မေးလိုက်ရတာတွေက အလကားတော့ မဖြစ်ပါဘူး ဆိုတာ ပြောနိုင်ပါတယ်။

    ReplyDelete
  4. Yes you can put my blog in your list if you wish to.

    But for me, I need to study your blog (what knida news in it) before I add it into my list.
    If it is an interesting one for me, I will add it. Otherwise, I won't.

    Anyway thank you.

    =)

    ReplyDelete
  5. 11 Dec 09, 03:27
    ဝေလင်း: မန့်မရလို့ စီပုံးကနေပဲပြောသွားတယ်။ အစ်မတို့နှစ်ယောက်ဆွေးနွေးကြတာ စိတ်ဝင်စားစရာအတော်ပဲကောင်းပါတယ်။ ကျေးဇူးပဲ
    11 Dec 09, 00:43

    kom: နှိုင်းတာတော့ မဟုတ်ပါဘူး။ ရှင်နာဂသိန် သတိရမိသေးတယ်။

    ReplyDelete
  6. လူမှုရေးလုပ်တာ နိုင်ငံရေးပါပဲ
    နိုင်ငံသားတိုင်းရဲ့အရေးက နိုင်ငံရေးပေါ့
    ပါတီနိုင်ငံရေးနဲ့ နိုင်ငံရေးကိုခွဲပြောစေချင်တယ်
    ကိုယ်အရင်တခါကပြောသလိုပဲ
    မီးမလာတာ နိုင်ငံရေးပါ
    ဆီဈေးတက်တာ နိုင်ငံရေးပါ
    ကားခဈေးတက်တာ နိုင်ငံရေးပါ
    ဘဲဥဈေးတက်တာ
    ကန်စွန်းရွက်ဈေးတက်တာ
    မိန်းမတွေ အလုပ်တွေမှာ (တချို့) တော်ရဲ့သားရဲ့
    နေရာ အခွင့်အရေး ပြောပိုင်ခွင့်မရတာ
    နိုင်ငံရေးပါ
    အဲ့တော့ ပါတီနိုင်ငံရေးနဲ့
    နိုင်ငံရေး ခွဲပြောစေချင်ပါတယ်

    ReplyDelete
  7. အင်း Addy ပြောလိုက်တာကို ကိုယ် သဘောကျပါတယ်။ အဲဒါဟာ မှန်လဲ မှန်ပါတယ်။

    ဒါပေမဲ့ ကိုမျိုးမြင့်မောင် ပြောချင်တာကတော့ တိုက်ရိုက်နဲ့ သွယ်ဝိုက်တဲ့ နည်းမှာ တိုက်ရိုက်နည်းကို ဆိုလိုချင်တာလို့ ကိုယ် တော့နားလည်တယ်။

    ကိုယ် ဆိုလိုတာကကျတော့ ကိုယ့်အနေနဲ့ ဒါကို လေ့လာမိတဲ့ အခါမှာ လူပုဂ္ဂိုလ်တွေကို ယုံကြည်လို့ မရတဲ့နေရာမှာတင် ရပ်သွားတယ်။ ကိုယ်ပြောခဲ့တဲ့ အစ်မလိုတောင် လမ်းစဉ်ဆိုတဲ့ထိ မရောက်တော့ဘူး။ (သူကတော့ လမ်းစဉ်ရော၊ လူတွေရောလို့ ဆိုတယ်)။

    ဒါဖြင့် လုပ်ချင်းလုပ် ကိုယ့်ဟာကိုယ် ထ လုပ်ဖို့သာ ကျန်တော့တယ်။ ဒါဟာ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်လို့ နိုင်ငံခြား ရောက်နေကြတာ မဟုတ်လား။ နိုင်ငံခြားကနေ လုပ်နိုင်တာ တစ်ခုပဲ ရှိတော့တယ် မဟုတ်လား။ အဲဒါ ငွေ ပို့တာ။ အဲဒီအခါမှာ ကိုယ် မယုံကြည်ရတဲ့ ကိစ္စတွေမှာ အသုံးမချချင်တော့၊ လူမှုရေးကိစ္စတွေဘက် ရောက်သွားကြတယ်။ ဒါပါပဲ။

    ကိုမျိုးမြင့်မောင် က ဒါကို ရောပြောလိုက်တာလို့ မြင်တယ်။ တကယ်က ရောပစ်လိုက်တာ မဟုတ်ဘူး။ အဲဒါကြောင့် ကိုယ် စကတည်းက ရှင်းအောင်လို့ ရေးခဲ့တယ်။ ကိုယ်တို့တွေဟာ ရှေ့ထွက်မယ့်လူတွေ မဟုတ်လို့၊ လုပ်စရာဟာ ဒါပဲ ကျန်တော့တယ် မဟုတ်လား။ အဲဒီအခါမှာ မယုံကြည်ရဘူး ထင်တဲ့ဆီကို မရောက်တော့ဘဲ၊ လူမှုရေး ကိစ္စတွေမှာသာ တိမ်းညွှတ်သွားကြတော့တယ်။ ဒါပါပဲ။

    တိုက်ရိုက် နိုင်ငံရေးလို့ ဆိုရာမှာ... ကိုယ်တိုင် ရှေ့ထွက်တာနဲ့၊ ရှေ့ထွက်တဲ့လူတွေကို ထောက်ပံ့တာနဲ့... ကိုယ်ကတော့ ဒီ ၂ နည်းပဲ မြင်တယ်။ တဖြား ဘာရှိသေးလဲ။ ဘလော့မှာ ရေးတဲ့နည်း လို့တော့ လာမပြောနဲ့။ :)

    အဲဒါကြောင့် အစမှာတည်းက ကိုယ်လိုလူတွေက ရှေ့ထွက်ဖို့ မရှိတဲ့ အခါလို့ အသေအချာ ထည့်ရေးခဲ့တာ... ဒါဟာ အစွန်းထွက်လာမယ့် အကြောင်းလို့ ကိုယ်ထင်မိလို့။ ဒါဖြင့် ထောက်ပံ့တာ တစ်ခုပဲ ရှိတယ်။ ကိုယ် မလုပ်ဘူး။ လူတွေကို မယုံလို့။

    ခုချိန်မှာ စိတ်ထဲ ရှိတာ ၂ ယောက်လောက်ပဲ ရှိသေးတယ်။

    အဲဒီ အခါမှာ ဆက်ပြီး ဟင် နေတုန်းမို့ ကိုယ်ကယ်နိုင်သမျှပဲ (ဒီနေရာမှာ ကယ် တာက မဆီလျှော်ရင်၊ လုပ် ဆိုတာကို ပြောင်းဖတ်နိုင်တယ်)။ (ဂျူလိုင် ရေးသွားတာကို ကိုယ်ကျေးဇူးတင်မိတယ်။)

    အဲဒီတော့ ကိုယ့်မှာ တိုက်ရိုက်အရေးနဲ့ ပတ်သတ်လို့ အဖြေမရှိတော့ဘူး။

    ပေးကားပေး၏။ မရ။

    ReplyDelete
  8. ဒါပေမဲ့ ယှဉ်ကြည့်ရင်တော့ Addy က လူမှုရေးရော၊ ကိုယ့်အရေးရောကို တပါတည်း ကိုယ်တိုင် လုပ်နိုင်တဲ့သူ ဖြစ်လို့ ကိုယ့်ထက် အများကြီး သာပါတယ်။ ကိုယ်တိုင်လုပ်တာက ကိုယ့်လို ငွေနဲ့တင် ပြီးသွားတာထက် ပိုတယ်လို့ ကိုယ် အမြဲထင်ခဲ့တယ်။ ဘယ်အရေးကိစ္စအတွက် မဆိုပေါ့။

    တိုက်ရိုက် နိုင်ငံရေးကို ငွေပို့နေတာထက်၊ ညီလင်းဆက်တို့လို နာဂစ်မှာ ကိုယ်တိုင် လူမှုရေး လုပ်နိုင်ခဲ့တာက ပိုတယ် လို့ ကိုယ် မြင်တယ်။ ဒါ ဘယ်သူ့မှ ထိခိုက်စေလိုတာ မဟုတ်ဘူး။ ကိုယ်နားလည်ခံစားမိသလို ပြောတာ။

    ဒါပေမဲ့ တတ်နိုင်သလောက်ပါပဲ။ အဲဒီ အတိုင်းအတာကလဲ ကိုယ်ကပဲ သတ်မှတ်ထားတာပါ။

    ReplyDelete
  9. အင်းဒေါ်ရီတာပြောလိုက်တော့ ကိုယ့်ကိုကိုယ်တောင်မြောက်ချင်ချင်ဖြစ်သွားတယ်
    အမှန်ကတော့ ကိုယ်ကရှင်းတယ် လုပ်ပေးမယ်ပြောပြီး ဒီလောကထဲဝင်လာတာမဟုတ်ဘူး
    ဘာလို့လဲဆိုတော့ ကိုယ်သာပေါ့စတစ်မဖြင်လာရင် ဒီကိစ္စတွေကိုယ်လှည့်တောင်ကြည့်မှာ မဟုတ်ဘူးလေနော့ ကိုယ့်ကိုကိုယ်သေချာတယ် ကိုယ်ဖြင်ချင်တာ ဒီလိုဘဝမဟုတ်ဘူး ဘယ်လိုဘဝလဲမေးရင်လဲ မသေချာဘူး ကိုယ်ကငယ်ငယ်ကတည်းက ကြီးလာရင်ဘာဖြစ်မယ် တွေးပြီး ရည်မှန်းချက်နဲ့ကြီးလာခဲ့တဲ့ကောင်မဟုတ်ဘူးလေ ဖြစ်လာတဲ့အခါ တွေ့လာတဲ့အခြေအနေတွေအပေါ်မှာ သာအကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့ရတာ
    ခုနဟာကိုပြန်ဆက်မယ်
    အင်း ပေါ့စတစ်ဖြစ်လာတော့ ကိုယ်နဲ့ဆိုင်လာတယ်
    ဆိုင်လာတော့ လုပ်နိုင်တာတွေလုပ်ဖြစ်တယ်
    အဲ့လိုပါ
    နိုင်ငံရေးကကိုယ်နဲ့မဆိုင်ဘူးလားဆိုတော့
    ၁) ပါတီနိုင်ငံရေးကို ကိုယ်စိတ်မဝင်စားဘူး အင်း ဒါပေမယ့်
    ၂) မီးမလာကိုတော့ ကိုယ်စိတ်ဝင်စားတယ် အဲဒါပေမယ့် မီးမလာတဲ့ကိစ္စ တခုခုလုပ်ပါဆို ကိုယ်ဘာလုပ်ရမလဲမသိဘူး ဘာလို့လဲဆိုတော့ ဧရာဝတီ ကိုပိတ်ပြီး တရုတ်တွေလက်ထဲရောင်းစားတာ ကိုယ်မဟုတ်ဘူး မီးလာအောင်လမ်းပေါ်ထွက်အော်ပါလားလို့ပြောရင် ကိုယ်မလုပ်ဘူး အဲ့လိုလုပ်လို့မီးလာမယ်လို့လဲမထင်ဘူး အခြေအနေအချိန်အခါ နဲ့ပေးနေတဲ့ အခွင့်အလမ်းတွေကို သေသေချာချာ အသုံးချမှ တခုခုပြောင်းလဲမှာ လို့ကိုယ်ယုံတယ် ပြီးတော့ ဒါတွေက တညထဲနဲ့ပြောင်းလို့ရမယ့်ဟာတွေမဟုတ်ဘူး လမ်းစဉ်တွေ ဘာတွေ ကိုယ်မသိပါဘူး ကိုယ်မှမလုပ်ဘူးတာ လေ့လဲမလေ့လာဘူးဘူး ဒါပေမယ့် အော်နေယုံနဲ့တော့ မပြောင်းလဲလာနိုင်ဘူးလို့ကိုယ်ယုံတယ် အဲ့တော့ မီးမလာတာကိုနေနိုင်အောင်ကြိုးစားတယ် သူများတွေလိုလဲ နအဖမကောင်းလို့မီးမလာတာပါလို့ ရပ်ကွက်ထဲမှာ လက်ဖက်ရည်ဆိုင်မှာတောင်ကြုံရင် စကားလုပ်မပြောဘူး
    အင်းကိုယ်နဲ့ဆိုင်တဲ့ (တိုက်ရိုက်) ပေါ့စတစ်တွေဆေးရရှိရေး ကို ကိုယ်အခါအခွင့်ကြုံတဲ့အခါ ဝန်ကြီးအစည်းအဝေး ဒိုနာ အစည်းအဝေးတွေမှာ ကိုယ်ပေါ့စတစ်တွေကိုယ်စားပြောတယ်
    အဲ့တာက ကိုယ်သည် ကိုယ်စားပြုခွင့်ကို ပေါ့စတစ်တွေ တနိုင်ငံလုံး ကိုယ်တို့တည်ထောင်လာခဲ့တဲ့ ကွန်ယက်က ကိုယ့်ကို ပေါ့စတစ်များကိုယ်စား ကိုယ်စားပြုရအောင်ရွေးထားလို့ အဲ့တော့ ကိုယ်က နိုင်ငံအဆင့် အစည်းအဝေးဆိုရင် ပြောတယ် အဲ့လိုပြောလို့ ကိုယ်ထောင်မကျနိုင်ဘူး ဘာလို့လဲဆိုတော့ ကိုယ်ဘောင်ထဲကနေပဲပြောတာလေ

    ReplyDelete
  10. ကိုရာဇာဆိုတာ မြေနီကုန်းမှာ တခါ ဆိုလို (solo) အော်သွားတယ် ဆေးရအောင်
    အဲ့လို ကိုယ်မလုပ်ဘူး အဲ့လိုလုပ်လို့ ပြောင်းလဲမယ် လို့ကိုယ်မယုံကြည်ဘူး (ကိုယ်ယုံကြည်တာ ကိုကိုယ်လုပ်နေတယ်) နေရာတခုကိုရောက်အောင်သွားချင်တဲ့အခါ နည်းလမ်းတွေအများကြီးရှိနိုင်တယ် လမ်းလျောက်တာဖြစ်ဖြစ် ကားနဲ့ဖြစ်ဖြစ် ရထားနဲ့ဖြစ်ဖြစ်ပေါ့ ကိုယ်ယုံကြည်တဲ့နည်းလမ်းနဲ့သွားနေကြတာပါ ရောက်ဖို့အရေးကြီးတယ် slow and steady but safety first ပဲ အလှမ်းကျယ်လို့အလယ်မလပ်စေချင်ဘူး နောက်တခုက အဆင်သင့်ဖြစ်မှု အဲ့တာ ကိုယ်တို့မြန်မာလူမျိုးတွေမှာ မရှိသေးဘူးလို့ထင်တယ် ခုနေ ဒီမိုကရေစီပေးတော့ရော ဘွားခနဲ လွတ်လပ်လာကြမယ်ထင်လို့လား သေသေချာချာရောသိပြီလား ကိုယ်တို့ဂျင်နရေးရှင်းမှာကို မသိကြတာကအများသား သိအောင်လဲဘယ်သူကမှ လာမသင်ပေးကြဘူး ဒါတောင် အနာဂတ်နိုင်ငံခေါင်းဆောင်လောင်းလေးတွေနော်)
    တခါ မဖြူဖြူသင်းတို့ ပေါ့စတစ်စ်တွေကို ဆေးပေးတယ် သူတို့အဖွဲ့ထဲဝင်ရတယ် အဲ့လိုလုပ်တာကိုယ်မကြိုက်ဘူး မသိနားမလည်တဲ့လူတွေကို အသုံးချတာပဲ ဒါတွေကို ကိုယ် “ဟင်” ခဲ့တယ် ကိုယ်အဲ့လို လိုက်မလုပ်ဖို့ပေါ့စတစ်တွေကိုပြောတယ် နိုင်ငံရေးကို တကယ်ယုံကြည်လို့၊ ကိုယ်ဘာလုပ်နေတာလဲဆိုတာကို ကိုယ်တကယ်သေသေချာချာ သိလို့ဆိုရင် အဖွဲဝင်လိုက် ဆုတောင်းပွဲသွားလိုက် မသိဘဲနဲ့ ဆေးလိုချင်လို့ဆိုရင် မလုပ်နဲ့ ကိုယ်အဲ့လိုပဲ ပြောခဲ့တယ်
    ဘာလို့လဲဆိုတော့ မဖြူဖြူသင်း ရွှေဝါရောင်အရေးအခင်းပြီးတော့ ရှောင်နေရတဲ့အခါ အဲ့ဒီ သူတို့တိုက်ခဲ့တဲ့ လူနာ ၄၀ ကျော်ပြဿနာတက်တယ်လေ ကိုယ်တို့ပဲ ကွန်ယက်အနေနဲ့ ဖြေရှင်းပေးခဲ့ရတယ် ဘာလို့လဲဆိုတော့ ကိုယ့်လို ဘဝတူတွေကို မသေစေချင်ဘူး နေနိုင်သေးတဲ့ အခါ နေစေ့ချင်သေးတယ် အဲ့တာကြောင့်ကိုယ်လုပ်ခဲ့တယ် အဲ့တာ နိုင်ငံရေးလုပ်တဲ့ သူတို့ကို အားပေးအားမြှောက်လုပ်ခဲ့တာ မဟုတ်ဘူး
    ကိုယ်လုပ်နိုင်တာ ကို ကိုယ်ယုံကြည့်တဲ့ ဘောင်ထဲကပဲ လုပ်တာ
    ခုလဲကြုံလို့ပြောတာပါ ကိုယ်တကယ်အဲ့တာတွေပြောဖို့မရည်ရွယ်ဘူး လုပ်ခဲ့တာ ပြောဖို့မဟုတ် လုပ်နိုင်တာသာလုပ်သွားတာ

    ReplyDelete
  11. နာဂစ်တုံးကလဲ ကိုယ်တို့ လုပ်ခဲ့တယ် ဒယ်တာဧရိယာ က victim တွေအတွက်မဟုတ်ဘူး ဘာလို့လဲ (ကိုယ်အလှုငွေတော့ထည့်ခဲ့ပါတယ်) ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင်လို့ ရန်ကုန် အနီးတဝိုက်ထိခိုက်တဲ့ပေါ့စတစ်တွေအတွက် ကိုယ်တို့ ကွန်ယက်နဲ့ ငွေရှာ အိမ်ဆောက် ပေးခဲ့တယ် လှိုင်သာယာ မှာဆိုရင် အိမ် အလုံး ၇၀၀ ကျော်ဆောက်ခဲ့ပေးကြတယ် ပေါ့စတစ်တွေတင်မကဘူး ရပ်ကွက်ထဲကလူတွေပါပါတယ် ပြောပါအုံး လူတွေအနှိမ်ခ့ရတဲ့ ခွဲခြားဆက်ဆံခံရတဲ့ လူမှုကျင့်ဝတ်ဖောက်ပြန်လို့ပေါ့စတစ်တွေဖြစ်နေကြပါတယ်ဆိုတဲ့လူတွေက သူတို့ရပ်ကွက်ထဲကလူတွေအတွက် ပြန်လုပ်ပေးခဲ့တာနော် (အဲ့တုံးက အော်နေတဲ့လူတွေဘယ်ရောက်နေပါလိမ့် ….????)
    ဒီလိုပဲ ကိုယ်နဲ့ဆိုင်တာပဲလုပ်တာပါ
    ပထမပိုစ့်မှာကတည်းက ကိုယ်မြင်တာနော် ဒေါ်ရီတာ လဲ ကိုယ်နဲ့မဆိုင်ဘူးထင်လို့ ဝင်ဆင်းမလျောက်ဘူး ကိုယ့်ကျူရှင်ရှေ့ရောက်လာတော့ ကြည့်တယ် ဝင်မအော်ဘူး အားမပေးဘူး အဲ့တာ ကိုယ်နဲ့မဆိုင်ဘူးလို့ထင်လို့လို့ ကိုယ်ထင်တယ် မဆိုင်ဘူးထင်အောင် ကိုယ်တို့ကြီးပြင်းခဲ့တဲ့ ခေတ် အခြေအနေက အဲ့လောက်ပဲပေးခဲ့တာဖြစ်မယ် ဟင်သွားတာက သပ်သပ်တပိုင်း အဲ့တာ က အဲ့လူတယောက်ကြောင့် ဟင်သွားတာ နောက်ပိုင်းမှာလဲ နောက်လူတချို့ကြောင့် ထပ်ဟင်စရာတွေရှိလာတာ ကြုံလာတာ
    ဒါပေမယ့် အဲ့တာကိုတော့ ကျုပ်က ရှင် generalized လုပ်လိုက်တာလို့ထင်တယ် ကွန်မန့်တွေမှာ တချို့တွေပြောခဲ့သလိုပဲ တကယ် ကို နောက် ဂျင်နာရေးရှင်းအတွက် ဆိုတဲ့ စိတ်တွေနဲ့ လုပ်ပေးခဲ့တဲ့ လုပ်ပေးခဲ့မယ့် လူတွေရှိနိုင်တယ် ကိုယ်တို့မကြုံလိုက်ရတာ အဲ့တော့ ဟင်တာက individualized ဖြစ်တယ် (ဒါပေမယ့် ခုန က ကိုယ်တို့အတွက်တကယ်ကို စေတနာ ကောင်းနဲ့ ယုံကြည်ပြီး လုပ်ပေးခဲ့တဲ့ အကိုအမတွေနဲ့ ဆုံရင်လဲ ကိုယ်တို့ ဒီကိစ္စစိတ်ပါလာမယ် မပါလာဘူး ကိုယ်မပြောနိုင်ဘူး) အစကတည်းက အဲ့တာကိုစိတ်ဝင်စားမှု ကိုယ်ခံအားမကောင်းခဲ့ဘူး မကောင်းစေခဲ့တဲ့ခေတ်ထဲမှာ ကြီးပြင်းလာခဲ့ရတယ် လို့ပြောထားပြီးသား ကဲဒီလောက်ပဲ ရှည်သွားပြီ

    ReplyDelete
  12. I have found Addy's comments are rational. Yes, most of us tend to individualize things around us. We can't differentiate activities for social well-being from politics since the latter governs our daily lives, our educational and health care systems, our citizenship and human rights and so on. In fact, most of the problems stem from what ideology we are sticking to, regardless of whether we are willing to or forced to. Our different approaches come from our stands basically centered first on self-interest, then on families, then on the teams we belong to, then on which faction of people we are in, and more broadly, on our nationals and so on. The approach might be different according to how much one's interest as individually or collectively as a whole in the faction one belongs to is affected. Whatever and however it is, we shouldn't let our individual perception override truth and justice.

    ReplyDelete
  13. This comment has been removed by the author.

    ReplyDelete
  14. Rita ရေ လာဖတ်သွားပါယတ်။ ဒီပို့စ်က အရင်ပို့စ်ရဲ့ နောက်ဆက်တွဲပေါ့နော့်။ အရင်ပို့စ်က မှတ်ချက် ၁၃၀ တောင်ဖြစ်သွားတယ်နော့်။ မသိလိုက်ဘူး။

    အစ်မနေနဲ့ နိုင်ငံရေးပဲလုပ်လုပ် လူမှုရေးပဲ လုပ်လုပ် အမိမြန်မာပြည်အတွက် အုပ်တချပ်သဲတပွင့်အနေနဲ့ ပါဝင်နေကြတယ်လို့ မှတ်ယူပြီး လုပ်နေသူအားလုံးကို လေးစားပါတယ်။ ဂုဏ်ပြုပါတယ်။ နိုင်ငံရေးနဲ့ လူမှုရေးပြဿနာကို အစ်မမြင်တာကတော့ ဘုရားစာအုပ်တအုပ်မှာ ယားနာကို ဥပမာပေးထားတာကို သတိရလို့ ယူသုံးလိုက်ဦးမယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အဓိကပြဿနာက နိုင်ငံရေးပြဿနာပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေး ပြဿနာကို မဖြေရှင်းနိုင်သရွှေ့တခြားပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်။ ဒီလိုပြောလို့ ဖြစ်နေတဲ့ တခြားပြဿနာတွေကို မဖြေရှင်းရဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဆင်းရဲခြင်း၊ ငတ်မွတ်ခြင်း၊ ကျန်းမာရေး ချို့တဲ့ခြင်း၊ မွေးခါစကလေးသေနှုံးများခြင်း အလုပ်လက်မဲ့ ဖြစ်ခြင်း အားလုံးက နိုင်ငံရေးစနစ်တခု မကောင်းလို့ ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်ပါတယ်။ ဒါကြောင့် ဘာသာရေးစာအုပ်ထဲက ဥပမာနဲ့ ပေးရရင် ယားနာဖြစ်နေတဲ့သူတယောက်ဟာ ယားလို့ ကုတ်လိုက်ရင် နည်းနည်းသက်တောက်သက်သာ ရှိသွားလို့ တခဏ အဆင်ပြေသွားမယ်။ ဒါပေမဲ့ ရောဂါမပျောက်မခြင်း ခဏခဏ ယားနေမှာ ဖြစ်လို့ ခဏခဏ ကုတ်နေရတဲ့ သံသရာက ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ ဒါကြောင့် နိုင်ငံရေး ပြဿနာက ယားနာဆိုတဲ့ ရောဂါကြီး တခုလုံးဖြစ်ပြီး တခြားလူမှုရေး၊ ကျန်းမာရေ၊ စီးပွားရေး၊ ပညာရေး ချို့တဲ့တဲ့ ပြဿနာက ယားတဲ့ပြဿနာတွေဖြစ်တယ်။ ဒါကြောင့် ယားနာရောဂါကြီးတခုလုံး ဖြစ်တဲ့ နိုင်ငံရေးပြဿနာကိုကို ဖြေရှင်းနိုင်ရင် အဲဒီရောဂါကြောင့်ဖြစ်တဲ့ ယားခြင်းဆိုတာလည်း ရှိလာတော့မှာမဟုတ်ဘူး။ ဒါကြောင့်မို့ အဓိကပြဿနာက နိုင်ငံရေးပြဿနာဖြစ်လို့ နိုင်ငံရေးမှာ လုံလောက်တဲ့ လူဦးရေနဲ့ အထောက်အပံ့ ရှိဖို့ သိပ်ကို လိုအပ်ပါတယ်။ ဒါကလည်း တိုင်းပြည်တခုလုံးရဲ့ အရေးဆိုတော့ တဦးကောင်း တယောက်ကောင်းနဲ့ လုပ်လို့မရတော့ သိပ်ကို ခက်ခဲနက်နဲပါတယ်။

    ReplyDelete
  15. "မဖြူဖြူသင်းတို့ ပေါ့စတစ်စ်တွေကို ဆေးပေးတယ် သူတို့အဖွဲ့ထဲဝင်ရ"
    ဆုတောင်းပွဲတွေမှာ လူများသားပဲလို့ အံ့ဩနေတာ အဲလိုမျိုး စည်းရုံးထားတာကိုး။ ခုမှပဲ သိတော့တယ်။

    SM

    ReplyDelete
  16. "မဖြူဖြူသင်းတို့ ပေါ့စတစ်စ်တွေကို ဆေးပေးတယ် သူတို့အဖွဲ့ထဲဝင်ရ"
    ဆုတောင်းပွဲတွေမှာ လူများသားပဲလို့ အံ့ဩနေတာ အဲလိုမျိုး စည်းရုံးထားတာကိုး။ ခုမှပဲ သိတော့တယ်။

    SM

    ReplyDelete
  17. ကိုနန္ဒ
    ကျေးဇူးပါ။ ကိုနန္ဒ COMMENT တွေကို သတိထားမိပါတယ်။ အများကြီး မတွေ့ဖူးပေမဲ့ အလေးအနက်ရှိတာတွေချည်းပါပဲ။ ADDY ကို တခု အလေးအနက် ပြောချင်တာက မနောက်ပါနဲ့။ ပြောစရာ ရှိတာကို တည်တည်တံ့တံ့ပဲ ပြောပါ။ နောက်လိုက်တဲ့ အခါ အပေါ်မှာ အတည်အတံ့ ပြောလာသမျှတွေက အလကား ဖြစ်ကုန်မယ်။ ကိုနန္ဒ ရေးသမျှတွေ E လိုပဲ ဖြစ်နေတာ ကိုယ် သတိထားမိတယ်။ မြန်မာစာ လက်ကွက် အခက်အခဲ ရှိလို့လဲ ဖြစ်နိုင်တာပဲ။ ဘယ်လို ရေးရေး အနှစ်သာရက ဘာ ဆိုတာ သိနိုင်တာပါပဲ။ ဒါကြောင့် မနောက်ပါနဲ့။ ကိုယ် ENGLISH အားနဲလဲ အလေးအနက် ပြောလာတဲ့ စာကို ကြိုးစားဖတ်ချင်စိတ် ရှိတယ်။ ကိုယ့်ဘာသာ မရရင် အကူအညီတောင်းပြီး ဖတ်မယ်။

    ကိုယ်က စသလို နောက်သလို ပြောရင် ကိုယ်ပြောလာသမျှ ကိုယ် ကိုယ်စားပြုလာသမျှ အလကားဖြစ်ကုန်မယ်။

    ပြီးခဲ့တဲ့ COMMENT တွေမှာ ဒါမျိုးတွေ အများကြီးပါတယ်။ ငါနဲ့ မတူ ငါ့ရန်သူ သဘောထားတာ မဆန်းဘူး။ ဒါပေမဲ့ သူတို့ အရေးအသား သူတို့ စိတ်ဓါတ်က (သဘောတရား ဘယ်လောက်မှန်နေပါစေ) သူတို့ကိုယ်စားပြုပြောနေတဲ့ အရာကို တန်ဖိုးကျသွားစေတယ်။

    အဲဒါကြောင့် ကိုယ်က ဆဲသွားရင်တောင် POST နဲ့ တိုက်ရိုက်သက်ဆိုင်ရင် ကျေနပ်ပါတယ် ပြောခဲ့တာ။ အောက်ကလိအာ နေတာတွေကို ကိုယ် ဖျက်ပစ်ခဲ့တာ။

    ReplyDelete
  18. ဒါပေမဲ့ ခုချိန်ထိ အရင် POST အတွက် ဖျက်ပစ်ခဲ့တဲ့ COMMENT (၃) ပဲ ရှိသေးတယ်။

    အားလုံးကိုလဲ ဘာတွေ ရေးထားတာဆိုတာကို ကြေညာပြီးမှ ဖျက်ခဲ့တာ။ အားလုံး ANONYMOUS နဲ့ပဲ။ ပထမ (၂) ခုက ဘာမှန်းမသိတဲ့ LINK တွေ။ CBOX မှာ ကြေညာပြီး ဖျက်ခဲ့တယ်။

    နောက်တခုက လမ်းကြောင်းလွှဲပြီး မခံချင်အောင် ပြောထားတဲ့ အောက်ကလိအာ COMMENT,
    သိပ်စိတ်ကြီးတာပဲ။ စိတ်လျှော့ပြီး အိပ်လိုက်ပါတော့။ ဆိုတာ... ANONYMOUS နဲ့ပဲ ဆိုပေမဲ့ အဲဒါ ဘယ်သူဖြစ်မလဲ ကိုယ်တွေးနိုင်တယ်။

    ReplyDelete
  19. တခြားဟာတော့မသိဘူးဗျာ နိုင်ငံရေးကြောင့် လူမှုရေးပြဿနာတက်တာတွေက များတယ်လို့ ပြောတာ ..အဲ့ဒါသိပ်သေချာတဲ့ အချက်ပါ
    နိုင်ငံကို စီမံခန့်ခွဲနေ အုပ်ချုပ်နေတဲ့စံနစ်က မကောင်းရင် ကျန်တာဘာလုပ်လုပ် အိတ်ပေါက်နဲ့ဖားကောက်သလိုနေမှာလို့ ကျွန်တော်ထင်ပါတယ်
    အက်ဒီပြောတဲ့ ပါတီနိုင်ငံရေးကို စိတ်ဝင်စားဖို့နေနေသာသာ ကျွန်တော်တို့မှာ ဘယ်ပါတီကိုဝင်ဖို့ အခွင့်အရေးရလို့တုန်း ကျောင်းတက်ရင် ပါတီနိုင်ငံရေးကင်းရှင်းပါတယ် ဘယ်နိုင်ငံရေးပါတီမှ မ၀င်ပါဘူးလို့ အရင်လက်မှတ်ထိုးရတယ်လေ ... လက်မှတ်မထိုးရင် ဘာလုပ်မယ်ထင်လဲ ကျောင်းတက်ခွင့်မရဘူးပေါ့ဗျာ ...
    ပို့စ်ကိုဖတ်ပီး တွေးမိတာတွေရေးသွားတာ ကျွန်တော်လည်း နိုင်ငံရေးလုပ်သူတစ်ယောက်တော့ မဟုတ်ပါဘူး ...

    ReplyDelete
  20. မငယ်နိုင်..ဒါဆို..ယားနာဟာနိုင်ငံရေးကြောင့်ဖြစ်တာဆို..နိုင်ငံရေးကိုပဲအော်နေယုံနဲ့ ယားနာမှမပျောက်တာ
    ဘာပဲဖြစ်ဖြစ် ကိုယ်မသေခင် ပျောက်သင့်တဲ့ယားနာ ကိုနိုင်သလောက်တော့ ကုတ်ပေးကုပေးမှာပါ.မပူပါနဲ့။

    နိုင်ငံရေး..ပဲ အော်နေလို့တော့ ယားနာပိုပွားလာမှာပါ။

    ReplyDelete
  21. ယားနာက နိုင်ငံရေးကြောင့်လို့ ကျွန်မ မပြောထားဘူး။ ယားနာရောဂါကြီး တခုလုံး (ပွေး၊ ၀ဲ၊ နှင်းခူ တခုခု) ကို နိုင်ငံရေး၊ ယားလို့ ကုတ်ရတာကို နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းတာနဲ့ ဥပမာပေးတာ ဖြစ်တယ်။ ဟုတ်တာပေါ့ အော်နေရုံနဲ့တော့ ဘယ်ပျောက်မလဲ ကုမှရမှာပေါ့။ အများနဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ ရောဂါကို ကုဖို့ကြိုးစားသူဦးရေက အင်မတန်နည်းပြီး ကြိုးစားနေသူထဲမှာလည်း မှန်ကန်တဲ့ ဆေးကိုမရှာနိုင်တဲ့သူက များနေတော့ ရောဂါမပျောက်နိုင်ပဲ နာတာရှည်ဖြစ်နေတာပေါ့။ အခုပြောတဲ့ Anonymous က ကုဖို့ကြိုးစားနေသူ ကြိုးစားဖူးသူ ဖြစ်ရင် ကျွန်မလေးစားပါတယ်။ ဘာမှ မလုပ်ပဲနဲ့ သူများလုပ်တာကို ဘေးကနေပြောနေရင်တော့ ဘာမဆို ကိုယ်တိုင်လုပ်ကြည့်မှ အခက်အခဲဆိုတာကို သိနိုင်၊ မြင်နိုင်တယ်၊ သိလာမြင်လာတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ဆိုတာကလည်း ကိုယ်ဖြစ်ချင်တာကို တဇွတ်လုပ်လို့မရဘူး အများနဲ့ ဖြစ်တဲ့ကိစ္စ တဦးကောင်းတယောက်ကောင်းနဲ့ မဖြစ်နိုင်ဘူး ဆိုတာ ကျွန်မ ပြောထားပြီးဖြစ်တယ်။

    ReplyDelete
  22. မငယ် ပြောတာကို ကျွန်မ သဘောပေါက်ပါတယ်။

    (အများနဲ့ ပတ်သက်ပြီး ဖြစ်နေတဲ့ ရောဂါကို ကုဖို့ကြိုးစားသူဦးရေက အင်မတန်နည်းပြီး ကြိုးစားနေသူထဲမှာလည်း မှန်ကန်တဲ့ ဆေးကိုမရှာနိုင်တဲ့သူက များနေတော့ ရောဂါမပျောက်နိုင်ပဲ နာတာရှည်ဖြစ်နေတာပေါ့။)

    ဆိုတာကိုလည်း သဘောပေါက်ပါတယ်။ ကြိုက်မိတယ်။

    ဒါ ကိုမျိုးမြင့်မောင် ပြောသွားတဲ့ အချက်အတိုင်းပါပဲ။ ကျွန်မ လက်ခံပါတယ်။

    ဒါပေမဲ့ ဆေးမရှာနိုင်သေးတဲ့ အခါ၊ မကုတ်ရင်လဲ သေတော့မယ် ဆိုတဲ့ အခါ...
    ပြီးတော့ ဆေးကို ရှာနေသူတွေရဲ့ လမ်းစဉ်ကို မယုံကြည်နိုင်တော့တဲ့ အခါ... ရှာတွေ့ရင်လည်း အရင်လို မပျောက်တဲ့ ဆေးများ ဖြစ်နေမလား ဆိုတဲ့ သံသယက ကြီးစိုးလာတဲ့ အခါ...

    ကိုမျိုးမြင့်မောင်က အဖြေကိုပြောသွားပါတယ်။
    "ယုံကြည်မှု"

    အဲဒါ သေချာတဲ့ အဖြေဆိုတာ သိပါတယ်။

    ကိုယ့်အထောက်အပံ့သည် မျက်စေ့ရှေ့မှာတင် လူတယောက်ရဲ့ လူမှုဒုက္ခကို ငြိမ်းစေတာ မြင်ရတာကိုမှ သေချာသေးတယ်လို့ ထင်တဲ့လူတွေ ရှိမှာပဲ အစ်မ။

    "ပလုံ" သံတောင် မကြားလိုက်ရဘဲ၊ နောက်ပိုင်း ဘာဖြစ်လို့ ဖြစ်မှန်း မသိတာနိုင်တွေကို မယုံကြည်နိုင်ဘူး ဆိုတာတွေလည်း ရှိမှာပဲ။

    အဓိကကတော့ ယုံကြည်မှု ပါ။ ဟုတ်ပါတယ်။

    ဒါပေမဲ့ ကိုယ့်မျက်စေ့ရှေ့ ကိုယ့်နားရှေ့မှာ သက်သာရာရသွားတာကို သေချာမြင်လိုက်ရတာမှ သေချာသေးတယ်လို့ တွေးတဲ့သူလည်း ရှိမှာပဲ။

    အနည်းဆုံးတော့ ကျွန်မ ပေါ့လေ။
    သေချာရင်တောင် သေချာတာကို စောင့်ဖို့ အယုံအကြည်နည်းတဲ့၊ မစောင့်နိုင်တဲ့ လူတွေထဲမှာ ကျွန်မလိုပဲ ပါနေတဲ့ Anonymous ပါပဲ။ သူဘယ်သူလဲ ဆိုတာ mail နဲ့ ပြောပြထားလို့၊ ခုနက ဆွေးနွေးလိုက်ရလို့ ကျွန်မ သိထားပါတယ်။ အရင်တည်းက သိခဲ့ပြီးသူပါ။ သူ လုပ်ခဲ့တာတွေ အများကြီးရှိတာကိုလည်း ကျွန်မ သိထားပါတယ်။ ယုံကြည်စိတ် မထားနိုင်တာကလည်း ကျွန်မနဲ့ တူနေတာ သိထားပါတယ်။ သူ့ရှေ့မှာ မကုတ်ရင် သေတော့မယ် ဆိုတာတွေကို ကျွန်မထက်တောင် အဆများစွာ ပို လုပ်ပေးနိုင်ခဲ့သူပါ။ မမြင်ရသေးတဲ့ ရလဒ်ထက် မြင်ရမှာသေချာတဲ့ ရလဒ်ကိုပဲ ဦးစားပေးတယ် ဆိုရင်လဲ သူ့ ရွေးချယ်ခွင့်ပါပဲ။ ကျွန်မလဲ သူ့လိုပဲ ရွေးချယ်မိမှာပဲ။

    မငယ် စိတ်ဝင်စားတာကို ကျေးဇူးတင်ပါတယ်။
    မငယ် comment တွေ reasonable ဖြစ်တာကိုလဲ ကျေးဇူးပါ။ နောက်တခုက မငယ်ကိုယ်တိုင်လုပ်လာခဲ့သူ ဖြစ်ပါရက်နဲ့ ကျွန်မ ပြောခဲ့သမျှကို ပြေလည်ချေငံတဲ့နည်းနဲ့ ပြောနေတာကိုလည်း အသိအမှတ်ပြုပါတယ်။

    ယုံကြည်တာ မယုံကြည်တာ၊ မျှော်လင့်တာ မမျှော်လင့်တာကတော့ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေလို့ ယူဆပါတယ်။

    ReplyDelete
  23. sorry i had deleted my funny comment
    sorry ko nanda and thanks rita
    u do have a point
    cheers
    :D

    ReplyDelete
  24. "မငယ် စိတ်ဝင်စားတာကို ကျေးဇူးတင်ပါတယ်။
    မငယ် comment တွေ reasonable ဖြစ်တာကိုလဲ ကျေးဇူးပါ။ နောက်တခုက မငယ်ကိုယ်တိုင်လုပ်လာခဲ့သူ ဖြစ်ပါရက်နဲ့ ကျွန်မ ပြောခဲ့သမျှကို ပြေလည်ချေငံတဲ့နည်းနဲ့ ပြောနေတာကိုလည်း အသိအမှတ်ပြုပါတယ်။"

    Yita ရေ ပို့စ် အဟောင်းမှာ ပြောချင်တာ ရှိရင် လာပြောပါဦး နားထောင်ချင်ပါသေးတယ် ဆိုလို့ အပေါ်က Yita တုံ့ပြန်ချက်ကို နည်းနည်း လျှာရှည်လိုက်ဦးမယ်နော့်။ ကိုယ်လုပ်တာ ကိုယ့်အတွက် မှန်နိုင်ပေမဲ့ တခြားသူတွေအတွက် မှားနိုင်တယ်မဟုတ်လား ဒါကြောင့် ကိုယ့်နဲ့ မတူတဲ့ အခြားလူတွေရဲ့ ခံစားမှုနဲ့ ရပ်တည်ချက်ကို နားလည်အောင် လေ့လာဖို့ တကယ်ပဲ လိုအပ်ပါတယ်။ ကိုယ်နဲ့မတူရင် ဘာကြောင့်မတူ ဘယ်နေရာမှာ ကွဲလွဲနေတယ်၊ ဘာကြောင့် ဒီလိုကွဲလွဲတယ်ဆိုတာ လေ့လာပြီး သိမှ အဖြေရှာလို့ ရနိုင်ပါတယ်။ သိအောင်မကြိုးစားပဲ ကိုယ်နဲ့ မတူတာနဲ့ ရန်သူလို့ သဘောထားတတ်တဲ့ မြန်မာလူမျိုးအများစုရဲ့ စိတ်ဓါတ်တွေကြောင့် မြန်မာပြည်ကက တိုးတက်လာမည့်အစား နောက်ပြန်ဆုတ်နေတယ်။ ဒီလိုဆက်သွားရင် နောက်မျိုးဆက်တွေအတွက် ငယ်ငယ်က သင်ရတဲ့ ချမ်းသာကြွယ်ဝလျက် ဦးနှောက်မရှိလို့ နေက်ဆုံး ခွက်ကိုင်ပြီး တောင်းစားရတဲ့ ပညာမရှိသော သူဌေးသားလို ဖြစ်သွားမှာကို တကယ်ပဲ စိုးရိမ်မိတယ်။

    ReplyDelete
  25. မောင်မောင်December 13, 2009 at 10:48 AM

    မငယ်နိုင်..
    နိုင်ငံရေးလုပ်နေသူတွေကို မလုပ်နေတဲ့သူတွေက ရန်သူလို့ ဘယ်တုန်းကမှ မသုံးနှုန်းခဲ့တာမငယ်နိုင်သိမှာပါ။
    အင်း ..ဒါပေမဲ့ ..နိုင်ငံရေးလုပ်နေသူတွေကသာ ပြည်သူတွေထဲက တစုံတယောက်က အမြင်မတူလို့ ယုံကြည်မှုမရှိဘူးလို့ ပြောလိုက်တာနဲ့ ရန်သူလို့ သတ်မှတ်သွားတာ..အခုတောင်ကြည့်ပါလား
    ”သိအောင်မကြိုးစားပဲ ကိုယ်နဲ့ မတူတာနဲ့ ရန်သူလို့ သဘောထားတတ်တဲ့ မြန်မာလူမျိုးအများစုရဲ့ စိတ်ဓါတ်တွေကြောင့် မြန်မာပြည်က တိုးတက်လာမည့်အစား နောက်ပြန်ဆုတ်နေတယ်။”

    အခုပို့စ်မှာ ရီတာတင်ပြသွားတာဟာ.. သူက နိုင်ငံရေးကို သူမယုံကြည်ဘူးလို့ပြောသွားတာပါ။ သူ..ရန်သူလို့ မသတ်မှတ်ခဲ့ပါဘူး။ အဲဒီလိုပဲ ကျနော်လဲ ဘယ်တုန်းကမှ ရန်သူလို့ မသတ်မှတ်ခဲ့ပါဘူး။ မယုံကြည်တာနဲ့ပဲ ရန်သူလို့ သတ်မှတ်တယ် ဆိုတဲ့ စကားဟာ နိုင်ငံရေးကို လုပ်နေသူတွေဆီကပဲ ကြားရတာပါ။

    ReplyDelete
  26. မောင်မောင်December 13, 2009 at 10:50 AM

    ရီတာက မယုံလို့ ..သေချာချင်တဲ့ အဖြေတခုများထွက်လေမလားဆိုပီး မေးခဲ့တာ ..

    ဟင်တယ်လို့ပြောတာက ရန်သူတွေလို့ ပြောတယ်လို့ ကျနော်ကတော့ လုံးဝမထင်ပါဘူး။

    ReplyDelete
  27. No problem at all Addy! I didn't mind at all. Doesnt' this name ring a bell about someone- you met at an hotpot shop in YGN? E လိုရိုက်ဖြစ်သွားတာတော့ Destop မသုံးဖြစ်တဲ့အခါမှာ ကီးတွေက နဲနဲလက်ဝင်လို့ အဆင်ပြေသလိုရိုက်လိုက်တာပါ။ မြန်မာလိုကောင်းကောင်းရိုက်တတ်ပါတယ်။ ရီတာ အခုလို မိမိယုံကြည်ချက် အမြင်တွေကို ပွင့်ပွင့်လင်းလင်းချပြတာကောင်းတယ်။ အများစုသောလူတွေဟာ ရီတာတို့နဲ့နီးစပ်တဲ့အတွေးအမြင်မျိုးရှိကြတယ်။နိုင်ငံရေးကို စိတ်မဝင်စားတာ အပြစ်မဟုတ်ပါ။ ဘာသာရပ်တခုကို မိမိစိတ်မဝင်စားလို့ နားမလည်သလိုမျိုးပါပဲ။
    ဒါပေမယ့် မြန်မာနိုင်ငံမှာက တမူထူးခြားတယ်။ နိုင်ငံရေးဆိုတာဟာ စိတ်မဝင်စားသင့်။ ဝေးဝေးရှောင်နေသင့်တဲ့အရာလို့ လူတွေ စိတ်ထဲစွဲဝင်လက်ခံနေကြတယ်။ ဘာကြောင့် ဒီလိုဖြစ်ရသလဲ? အဖြေက ရှင်းပါတယ် အဲဒီအကြောင်းအရာပှေါစိတ်ဝင်စားမိရင် ပါဝင်လုပ်ဆောင်မိရင် မိမိအကျိုးပျက်စီးမယ်။ မိမိဘဝထိခိုက်မယ်လို့ လက်တွေ့ကျကျ လူတွေ ခံစားကြောက်လန့်နေအောင် အကြောက်တရားနဲ့မောင်းနှင်နေတဲ့ စံနစ်အောက်မှာ ကျင်လည်ကျင့်သားရနေကြလို့ပါပဲ။
    အမေရိကန်နိုင်ငံမှာ Health care reform bill ကို တိုင်းပြည်တွင်းမှီတင်းနေထိုင်နေကြတဲ့ immigrant တွေအားလုံးပါ အကျိုးခံစားခွင့်ရရှိအောင် စိတ်ထားစေတနာကောင်းနဲ့ အိုဘားမားက ဦးစီးပြီး ကွန်ဂရက်မှာ ပြဌာန်းဖို့ကြိုးစားနေကြတယ်။ ဒါပေမယ့် အဲလို စိတ်ထားစေတနာကောင်းပှေါလွင်နေတဲ့ Bill တခုကိုတောင် ပြည်တွင်းဖြစ် အမေရိကန်စစ်စစ်တွေ လက်မခံနိုင်ပါဘူး ဒါဟာ သူတို့အကျိုးကိုထိခိုက်မယ် သူတို့အခွန်ဘဏဿဍာတွေကိုထိခိုက်မယ်လို့ သူတို့ယုံကြည်လို့ပါပဲ။ အမေရိကန်မှာ အစိုးရရဲ့လုပ်ရပ်ကို ဆန့်ကျင်တာဟာ မသင့်တှောတဲ့အရာလို့ မယူဆတဲ့အတွက် Anti health care bill လုပ်တာဟာ နိုင်ငံရေးလုပ်နေတယ်ရယ်လို့ မခံစားကြရပါဘူး။ ဒါဟာ သူတို့အကျိုးကိုကာကွယ်ဖို့ သူတို့နိုင်ငံရေရှည်အကျိုးကိုကာကွယ်ဖို့ပဲ သူတို့လုပ်တာလို့ ခံယူကြပါတယ်။ အဲလိုပဲ ဂျပန်နိုင်ငံမှာ ယခုနှစ်ရွေးကောက်ပွဲမှာ အစဉ်အလာအားဖြင့် အတိုက်အခံပါတီလို့ခှေါခံခဲ့ရတဲ့ Democratic Party of Japan (DPJ) ပါတီကို ပြည်သူအများရွေးချယ်ခဲ့ကြပါတယ်။ နှစ်ပေါင်းများစွာ ဆက်တိုက် အာဏာရယူထားနိင်ခဲ့တဲ့ Liberal Democratic Party (LDP) ပါတီအောက်မှာ ကျင့်သားရပြီးပြုပြင်ပြောင်းလဲရခက်နေတဲ့ အရာတွေကို ပြည်သူအများ စိတ်ပျက်လက်ပျက်ဖြစ်လာကြတဲ့အတွက် အတိုက်ခံပါတီအပှေါ မျှောလင့်ချက်ထားပြီး ဝိုင်းဝန်းမဲပေးခဲ့ကြတာဖြစ်ပါတယ်။ အတိုက်အခံပါတီဟာ သူတို့ချမှတ်ထားတဲ့ party manifest (ရွေးကောက်ပွဲမှာ ပြည်သူအများကိုချပြခဲ့တဲ့ ပါတီကလုပ်ဆောင်မယ့် လုပ်ငန်းစဉ်များ) များကိုအလျင်မြန်ဖှောဆောင်နိုင်ရေး ဦးစားပေးလုပ်ဆောင်နေပါတယ်။ အဲဒီအထဲမှာ အိုကီနာဝါကျွန်းက အမေရိကန်စစ်အခြေစိုက်စခန်းများကိစဿစလဲပါ ပါတယ်။တကယ်ဆိုရင် ရန်စွယ်ငေါငေါလုပ်နေတဲ့ မြောက်ကိုရီးယား ရန်ကကာကွယ်ဖို့ အမေရိကန်စစ်စခန်းတွေက အလွန်အရေးပါလှပါတယ်။ ဒါပေမယ့် စစ်အခြေစိုက်စခန်းအနားမှာနေထိုင်ကြရသူပြည်သူအများဟာ အဲဒီစစ်စခန်းများက ဘေးထွက်ဆိုးကျိုးတွေကို တိုက်ရိုက်ခံစားရသူတွေဖြစ်တာကြောင့် သူတို့ဟာအစိုးရကို အဲဒီစခန်းတွေရွှေးပြောင်းပေးဖို့ ဖိအားပေးနေကြပါတယ်။ အဲဒီအတွက် ဆနဿဒပြတောင်းဆိုတာတွေ လုပ်ကြပါတယ်။ သူတို့တတ်နိုင်သမျှနည်းလမ်းပေါင်းစုံနဲ့ဆန့်ကျင်ကြပါတယ်။ ဒါဟာ နိုင်ငံရေးပါပဲ။ အဲဒီလူတွေထဲမှာလဲ စစ်စခန်းတွေရှိတာ သူတို့ဘေးရန်ကင်းဖို့ပဲ လို့ယူဆပြီး မဆန့်ကျင်ကြသူတွေရှိတာပါပဲ။ ဒါပေမယ့် သူတို့ကိုယ်တိုင်ဟာလဲ စစ်စခန်းများရဲ့ဘေးထွက်ဆိုးကျိုးများခံစားရတဲ့ သားကောင်တွေဖြစ်နေတာပဲဆိုတာလဲ သူတို့သိတယ်။ အပြင်းအထန်မဆန့်ကျင်သှောလည်း စစ်စခန်းတွေလုံးလုံးမရှိတာ ပိုကောင်းတယ်ဆိုတာတော့ အကုန်လုံးကလက်ခံထားကြတယ်ဆိုတာ သံသယဖြစ်စရာမရှိဘူး။
    ပြောချင်တာက တစုံတခုကြောင့် ဆိုးကျိုးကိုတိုက်ရိုက်ခံစားရသူချင်းတူတူမှာတောင် လက်တွေ့ကျကျ ဆန့်ကျင်လိုသူအများစုနဲ့ မဆန့်ကျင်ပဲ ပိုနေမြဲကျားနေမြဲနေလိုသူတွေရှိနိုင်ပါတယ်။ အဲဒီလိုအုပ်စုအတွင်းမှာ ကိုယ်တိုင်ကိုယ်ကျ ဆန့်ကျင်ကြသူများထဲက အချို့ဟာ သူတို့လုပ်ရပ်အတွက်သူတို့ဂုဏ်ယူဝင့်ကြွားချင်း မဝင့်ကြွားချင်း များဟာ ပြသနာမဟုတ်တော့ပါ။ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက်မလုပ်ဆောင်နိုင်သူ များဟာလဲ ပြသနာရင်းမြစ်ကို သိရှိနားလည်ဖို့ကသာ အရေးကြီးပါတယ်။ အခုပြောပြခဲ့တဲ့ ဥပမာများမှာ common interest အတွက်အားလုံးက လုပ်ကြတာပါပဲ။ ဒီလို common interest တခုဟာ ထင်သာမြင်သာဖြစ်လာချိန် လူတိုင်းနားလည်လက်ခံလာကြတဲ့အချိန်မှာ လုပ်သူ/ မလုပ်သူခွဲခြားကြည့်စရာမလိုတော့တဲ့အချိန်ကိုရောက်လာပါလိမ့်မယ်။ ပြောတာလဲ များသွားပြီး နောင်ကြုံရင်လဲ ဆွေးနွေးကြသေးတာပေါ့

    ReplyDelete
  28. ကျွန်မ ပြောလိုက်တာကို အဲဒီလို သဘော သက်ရောက်သွားနိုင်တယ်ဆိုတာ မောင်မောင် ပြောမှ သတိထားမိပြီး ပြန်ရှင်းပြခွင့် ရလို့ မောင်မောင်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မ ဆိုလိုတာ မောင်မောင် ထင်သလို ရီတာ ပြောထားတဲ့ အချက်တွေကို ပြောတာလည်း မဟုတ်ဘူး၊ နိုင်ငံရေးနဲ့ ပတ်သက်တာ တခုတည်းကို ဆိုလိုချင်တာလည်း မဟုတ်ပါဘူး။ အကျိုးအကြောင်း အဆက်အစပ်မရှိပဲ ပြောလိုက်လို့ နားလည်မှု လွဲသွားတယ် ထင်တယ်။ ကျွန်မ လေ့လာမိသလောက် ကျွန်မတို့ လူမျိုးတွေဟာ ဆန့်ကျင်ဘက် သဘောထားတွေအပေါ် ခံနိုင်ရည် သိပ်နည်းပါတယ်၊ မိမိနဲ့ မတူတဲ့သူကို ဝေးဝေးရှောင်ချင်တယ် အဆက်အဆံ မလုပ်ချင်ကြဘူး အထူးသဖြင့် Negotiation Skill သိပ်နည်းတယ်။ မင်းကဘာကောင်မို့လဲ ဆိုတဲ့ မရှိပဲနဲ့ ထောင်လွှားတဲ့ မာန သိပ်များတယ်။ အဲဒါ နိုင်ငံရေးမှာမှ မဟုတ်ဘူး နယ်ပယ်အသီးသီးက Communication လုပ်ရာမှာ တွေ့ရတယ်။ ဒီလို စိတ်ဓါတ်က နိုင်ငံရေးနဲ့ ပတ်သက်တဲ့လူတွေမှာ ရှိရင် ဆတ်ဆတ်ထိမခံပဲ ရန်သူလို တုန့်ပြန်တာရှိမယ် နိုင်ငံရေးနယ်ပယ် မဟုတ်တဲ့ နေရာမှာဆိုရင်လည်း ဘာမှ ပြဿနာမဟုတ်တာနဲ့ အချင်းချင်း မခေါ်နိုင် မပြောနိုင်လောက်အောင် ရွံမုန်းပြီး မာန ပြိုင်နေတတ်ကြတယ်။ မြန်မာ တယောက်ထက် ပိုရှိတဲ့ အလုပ်ရုံတွေမှာ တယောက်နဲ့တယောက် ကျောချင်တာ ပညာပြချင်တာ အမြဲတမ်းကြားရပါတယ်။ အဲဒါမျိုးတွေ နိုင်ငံခြားသားတွေမှာ သိပ်မတွေ့ရပဲ မြန်မာလူမျိုးတွေမှာပဲ အများဆုံးတွေ့ရပါတယ်။ ဒါကို ကျွန်မတို့က အာဏာရှင် စနစ်အောက်မှာ ကြီးပြင်းခဲ့ရတဲ့သူတွေ အားလုံး ကျယ်ပြန့်တဲ့ လူ့ပတ်ဝန်းကျင်ဆိုတာကို့ စတင်မိတ်ဆက်တဲ့ ကျောင်းတွေမှာကတည်းက Critical thinking skill, Discussion Skill, Collaborative skill တွေကို သူများနိုင်ငံက ကျောင်းတွေမှာလို အလေ့အကျင့် မရှိခဲ့လို့ ဖြစ်တယ်လို့ထင်တယ် ဆိုတော့ နောက်ဆုံး ဒီဘူတာမှာပဲ လာလာ အဆုံးသတ်နေတော့ မပါရင်မပြီး ဖြစ်နေတယ်။ အခုရှင်းပြခဲ့တာ အားလုံးကို ကိုယ်နဲ့မတူရင် ရန်သူလို့ သဘောထားတယ်ဆိုပြီး အားလုံးကို ခြုံပြောလိုက်လို့ နားလည်မှု လွဲသွားတယ် ထင်တယ်။

    ReplyDelete
  29. ကျေးဇူး ကိုနန္ဒ
    ရန်ကုန်မှာတွေ့ဖူးတာလား မမှတ်မိဘူးဖြစ်နေတယ် အကို
    ကျတော်က လူတွေနဲ့ နာမည်တွဲမမှတ်မိတဲ့ ရောဂါရှိတယ်
    လူကိုတွေ့ရင်တော့ မှတ်မိမှာသေချာတယ် (ချောရင် ပိုမှတ်မိတတ်တယ်) ဟင့် ပေးပါအုံး
    chenaddy@gmail.com ကိုဆက်ပြီးပြောရင်လဲရပါတယ်

    ReplyDelete
  30. စိတ်ဝင်စားစရာကောင်းလွန်းလို့ ပြန်လာဖတ်တယ် အမရေ ... ကိုနန္ဒပြောသလိုပဲ .. အကြောက်တရားနဲ့မောင်းနှင်တယ်ဆိုတာမှန်ပါတယ် ..
    တခြားတော့မဟုတ်ဘူး .. လူကြီးမိဘတွေက ဘာပြောလဲဆို နိုင်ငံရေးထဲမပါနဲ့နော်သား၊ အလုပ်ဝင်တော့ အလုပ်ရှင်သူဌေးက ရုတ်ရုတ် ရုတ်ရုတ်ထဲ မပါနဲ့ကွတဲ့ .. ဒါနိုင်ငံရေးအပေါ် တချို့သောသူ( အဲ့ဒီတချို့သောသူတွေက တော်တော်ကိုများပါတယ်) တွေ မြင်တဲ့သဘောထားပါ

    ReplyDelete
  31. မောင်မောင်December 15, 2009 at 6:34 AM

    “မင်းကဘာကောင်မို့လဲ ဆိုတဲ့ မရှိပဲနဲ့ ထောင်လွှားတဲ့ မာန သိပ်များတယ်။ “နားမလည်ပဲဝင်မပြောနဲ့။ ငါတို့မှတိုင်းပြည်ချစ်တာတို့..ဘာတို့ပေါ့။ အဲဒါ နိုင်ငံရေးမှာ အများဆုံးတွေ့ရတာာလို့ ကျနော်ထင်ပါတယ်။

    ကျနော်ကပဲ ကံကောင်းတာလားတော့မသိဘူး အလုပ်ထဲမှာ မငယ်နိုင်ပြောသလို လူမျိုးတွေ သိပ်မတွေ့ခဲ့ရဘူး။

    ဘာပဲဖြစ်ဖြစ်ပါလေ။ ကျနော်တော့ ဒီဆွေးနွေးငြင်းခုန်ခြင်းကို ဆက်မလုပ်တော့ပါဘူး။

    ReplyDelete
  32. ပြီးသွားပြီ ထင်နေတာ မပြီးသေးဘူးပဲကိုး။ မောင်မောင် အဲဒါ နိုင်ငံရေးသမားတွေနဲ့ မဆိုင်ဘူး လူတဦးချင်းတယောက်ချင်းစီရဲ့ Personality နဲ့ပဲဆိုင်တယ်။ လူမျိုးမျိုး စိတ်အထွေထွေ ရှိတတ်ပါတယ်။ လူတဦးတယောက်ရဲ့ အကျင့်စရိုက် အပြုအမူတွေကို နိုင်ငံရေးသမားတွေနဲ့ ရောထွေးပြီး ၀ါးလုံးရှည်နဲ့ ရမ်းလို့မရပါဘူး။ ဒီလို Personality တွေနဲ့ ရောထွေးပြီး တဘက်စောင်းနင်း မြင်နေသရွေ့တော့ ဒီအမြင်မကြည်လင်မှုက ဘယ်တော့မှလည်း ပြီးမှာမဟုတ်ဘူး တိုင်းပြည်လည်း တိုးတက်ဖို့ ရှိမှာမဟုတ်ဘူး။ တိုင်းပြည်မတိုးတက်လည်း ကိုယ်နဲ့ဘာဆိုင်လဲ ကိုယ့်အရေးမဟုတ်ဘူးလို့ သဘောထားနိုင်သူတွေ အတွရှိကြသလို အများအတွက် ဥပက္ခာမပြုနိုင်ပဲ တကယ်ကို ကိုယ်ကျိုးစွန့်တဲ့သူတွေဆိုတာလည်း ခေတ်တိုင်းမှာ ရှိပါတယ်။ နောက်ထပ်လည်း ရှိနေဦးမယ်။ မြန်မာပြည်မှာ နိုင်ငံရေးဆိုတာကို အာဏာရှင်တစုက လက်ဝါးကြီး အုပ်ထားပြီး တိုင်းသူပြည်သားတွေနဲ့ မဆိုင်ဘူးလို့ ၀ါဒဖြန့်ထားတာကို ခံနေရတယ်။ နိုင်ငံရေး လုပ်သူတွေကို ဖမ်းဆီးထောင်ချတယ်။ ဒါကြောင့် နိုင်ငံရေးလို့ ပြောလိုက်တာနဲ့ ငါနဲ့မဆိုင်ဘူး အစိုးရနဲ့သာဆိုင်တယ်လို့ တကယ်ထင်လို့ဖြစ်စေ၊ အန္တကို ကြောက်လို့ဖြစ်စေ တချို့က နိုင်ငံရေးလို့ ပြောလိုက်တာနဲ့ တီကောင်ကို ဆားနဲ့ထိသလို တွန့်သွားပြီး ဝေးဝေးရှောင်ကြပါတယ်။ ဒီလို ရှောင်တဲ့သူ ရှိသလို လုပ်နေသူတွေလည်း ရှိပါတယ်။ တကယ်တော့ နိုင်ငံရေးသမားဆိုတာ တိုင်းပြည်ရဲ့ တစိတ်တဒေသကိုပဲ လုပ်နေတာ မဟုတ်ပဲ တခုလုံးအရေးကို လုပ်နေတဲ့သူတွေ ဖြစ်တယ်။ ဒီထဲမှာ အုပ်ရောရော ကျောက်ရောရာ တွေလည်း ပါနိုင်ပါတယ်။ စိတ်ဓါတ်ရေးရာအရ သဘောထား မပြည့်ဝသူတွေလည်း ရှိနိုင်တယ်။ ဒါက နိုင်ငံရေးသမားမှ မဟုတ်ဘူး ဆိုတာ အပေါ်ကမှတ်ချက်မှာ ဆွေးနွေးထားပြီးပါပြီ။ ဒါကို အကုန်လုံး သိမ်းကြုံးပြီး ပြောလို့ မရဘူးဆိုတာ နားလည်သင့်ပါတယ်။

    ReplyDelete
  33. ခက်တာက ကျနော်တို့ကလည်း ၇ီတာလို က့ဆိုးတယ်ထင်တယ်ဗျ။
    မငယ်နိုင်ပြောတဲ့ အုတ်ေ၇ာေ၇ာ ကျောက်ေ၇ာေ၇ာလူတွေနဲ့ကြီးဆုံခဲ့တာကိုးဗျ။

    ReplyDelete