Saturday, December 5, 2009
ဖြေကြည့်သူများ
'96 December တုန်းကပေါ့။
လှိုင်မြို့နယ်ထဲ ရန်ကုန်-အင်းစိန် လမ်းမကြီး တစ်နေရာမှာ စာသင်နေတုန်း ကြို့ကုန်းဘက်က လူတန်းကြီး ဖြတ်တက်လာကြတယ်။ ကိုယ်တို့တွေလည်း စာသင်ရာက ထွက်ကြည့်ကြတယ်။ ရှေ့ကနေ ဖြတ်သွားတဲ့ လူတန်းကြီးထဲက တစ်ယောက်က ဝရံတာမှာ ထွက်ရပ်ပြီး ငုံ့ကြည့်နေကြတဲ့ ကိုယ်တို့ ကျောင်းသားတွေရှိရာကို အော်ပြောသွားတယ်။
"မင်းတို့အတွက် လုပ်နေတာ၊ မင်းတို့အတွက် လုပ်နေတာ" တဲ့။
ဗုဒ္ဓေါ !
ကိုယ် ဆက်မကြည့်ဖြစ်တော့ဘူး။ ကြို့ကုန်းက လူတန်းကြီးဆိုပေမယ့် ကြို့ကုန်းက ကျောင်းသား ဟုတ်ချင်မှလည်း ဟုတ်လိမ့်မယ်။ ကျောင်းသားတွေထဲပါလာပေမယ့် ကျောင်းသားမဟုတ်တာလဲ ဖြစ်နိုင်တယ်။ ဟုတ်ရင်လည်း ဟုတ်လိမ့်မယ်။
လူအုပ်စုနဲ့မို့ တက်ကြွနေတဲ့စိတ်နဲ့ ဒီလို အော်လိုက်တာ ဖြစ်လိမ့်မယ်။
ဒါတွေက နောက်မှ စဉ်းစားမိတာပါ။
ဘာပဲဖြစ်ဖြစ် အဲလို ပြောတာကို ကိုယ် မကြိုက်ဘူး။ လုံးဝ မကြိုက်ဘူး။
(ဒါပေမဲ့ အတူတူ ထွက်ကြည့်ကြတဲ့ထဲမှာ အဲဒီစကားကို တရရ ပြန်ပြောလို့ သဘောကျကြတဲ့သူတွေ ရှိတယ်)
ကိုယ်ကတော့ အဲဒီတခွန်းနဲ့တင် 'ဟင်' ဖြစ်သွားတော့တာပဲ။
'ဟင်' ပြီးရင်လည်း လှည့်မကြည့်ချင်တော့ဘူး။
အဲဒါ သူ့ဘာသာ လုပ်ချင်လို့ လုပ်တာ မဟုတ်ဘူးလား။
ဘာဖြစ်လို့ ကိုယ်တို့ကို မော့ကြည့်ပြီး အဲဒီလို ပြောရတာလဲ။
ဟုတ်ပါတယ်။ ရှေ့မျိုးဆက်ရဲ့ ကောင်းမွေ ဆိုးမွေကို နောက်မျိုးဆက်က လက်ခံရတာပဲ။
တချို့လူကြီးတွေက "မင်းတို့ခေတ်ကတော့ကွာ..." မစဉ်းမစား ပြောတတ်ကြတာတွေ ရှိတယ်။
"မင်းတို့ ခေတ်ကတော့ကွာ... "
ပြီးတော့ ဘာဖြစ်သလဲ။ မင်းတို့ခေတ်က မကောင်းလိုက်တာ လို့ ပြောချင်တာလား။ ညံ့လိုက်တာလို့ ပြောချင်တာလား။ ဟုတ်ကဲ့ ဘာပဲ ဖြစ်ဖြစ် အဲဒီမင်းတို့ခေတ်ကို ပေးခဲ့တာ မင်းတို့ခေတ်ရဲ့ ရှေ့ခေတ်က လူကြီးတွေပဲ။ မင်းတို့ခေတ် မကောင်းရင် ရှေ့က လူကြီးတွေ ညံ့လို့ ဖြစ်မှာပေါ့။ (ဘယ်သူမဆို လာငြင်းလို့ ရပါတယ်။)
မင်းတို့ခေတ်ရဲ့ နောက်တခေတ် ညံ့နေမှသာလျှင် မင်းတို့ ညံ့လို့ ဖြစ်တယ်။ ဒါလဲ ရှောင်လွဲလို့ မရဘူး။
အတိုပြန်ချုပ်ရရင် အော်ပြောသွားတဲ့သူရဲ့ စကား အမှားလို့ မဆိုလိုပါဘူး။
ဒါပေမဲ့ သူ့ဘာသာ လုပ်ချင်လို့ လုပ်နေတာ မဟုတ်ဘူးလား။
ဘာဖြစ်လို့ အဲဒီစကားကို ပြောသွားရတာလဲ။
***
နောက်ပိုင်းတော့ အဲဒီ အရေးကိစ္စတွေကို စိတ်မဝင်စားတော့ဘူး။
first impression ကြောင့်ပဲ ဖြစ်လိမ့်မယ်။ 'ဟင်' ဆိုတာနဲ့ သွားတော့တာပဲ။
နောက်ထပ် နောက်ထပ် ဒီလမ်းကြောင်းပေါ်က တွေ့လာရတာတွေကလည်း စိတ်ကုန်စရာတွေနဲ့ပဲ တွေ့တယ်။ ဟိုတခါ July ရေးဖူးတဲ့ post တခုကို ဖတ်ရင်း၊ ငါ့ကျ ဒီလိုလူမျိုးနဲ့ ဘာလို့ မတွေ့ရသလဲ လို့ တွေးမိတယ်။
(သိပ်မကောင်းတဲ့ လူတွေနဲ့ပဲ တွေ့ရတာ ကံမကောင်းလို့ ဖြစ်မှာပေါ့။ အဲဒီတော့ အဲဒီ အရေးကိစ္စတွေဟာ စိတ်ကုန်စရာတွေလို့ မြင်ကုန်တယ်။ နောက်ပြီးတော့ ကိုယ့် အရေးကိစ္စ ကွက်ကွက်ကလေးကိုပဲ စိတ်ဝင်စားတတ်တဲ့ အတ္တကြောင့် ဖြစ်လိမ့်မယ်။)
ဒီလိုပဲ ကိုယ့် အရေးကိစ္စနဲ့ပဲ နေလာခဲ့တာ တချို့နာမည်ကြီးတွေရဲ့ နာမည်ဆို ကျောင်းပြီးလို့ လူ့လောကထဲ ဝင်တော့မှ ကြားဖူးတာတွေ ရှိတယ်။ S'pore ရောက်မှ ကြားဖူးတာတွေ ရှိတယ်။ ဘယ်လောက်တောင် အဲဒီဘက်မှာ စိတ်ဝင်စားမှု အားနည်းခဲ့သလဲ ဆိုရင်...
အမှန်တိုင်း ဝန်ခံရရင် ပြောင်းလဲမှာကိုတောင် သိပ် စိတ်မဝင်စားဘူး။
အတိအကျပြောရရင် တကယ် ပြောင်းသွားမှာလို့ လက်မခံချင်တာ ဖြစ်နိုင်တယ်။
မယုံကြည်နိုင်တာ ဖြစ်နိုင်တယ်။ လူသာ ပြောင်းချင် ပြောင်းမှာ မူကတော့ ပြောင်းမယ် မထင်ဘူးလို့ တွေးနေမိတာကြောင့် ဖြစ်မယ်။ အဲဒါ ကိုယ်ကြုံခဲ့ရတာတွေရဲ့ လွှမ်းမိုးမှုကြောင့်ပါပဲ။
တချို့ကိစ္စတွေ သိပ်ပြောလွန်းရင် အရာ မရောက်တော့ဘူး။
အရေးပါတဲ့ ကိစ္စကို လုပ်နေတယ်လို့ ကိုယ့်ဘာသာ ယူဆရင် အဲဒီ အချက်ကို သတိထားသင့်တယ် ထင်တယ်။
ခင်နှင်းယု လား၊ ဂျာနယ်ကျော် မမလေး လား ရေးတဲ့ ဝတ္ထုတစ်ပုဒ်ထဲမှာ (ခင်နှင်းယု လို့ ထင်ပါတယ်) "နိုင်ငံရေးသမားဆိုတာ ဘုရားအလောင်းလောက် နီးနီး အနေအထိုင် မှန်ပါမှ" ဆိုတာကို သိပ်ဝါလွန်း၊ အာလွန်းတဲ့ လူတွေနဲ့ ကြုံတိုင်း သတိရမိတယ်။
***
နောက်ကြည့်မှန် ကို စကြားဖူးတော့ အစ်မ မကေ ရဲ့ ဘလော့မှာပါ။
အမှန်အတိုင်းပဲ ပြောရရင် ကိုယ်တိုင်ကိုယ်ကျ ဖတ်ကြည့်ချင်မိလောက်အောင် စိတ်မဝင်စားပါဘူး။
post ကိုလည်း အကြမ်းပဲ ဖတ်မိပါတယ်။ စာအုပ်ကို ဦးနှောက်ထဲကနေတော့ စောကြောချင်မိတယ်။
ရင်ထဲကနေတော့ ခံစားလို့ ရမယ် မထင်ခဲ့ဘူး။
နောက် မမသက်ဝေ ရေးပြန်တယ်။
ဒီတပတ်ထဲမှာတော့ ရွာသား email နဲ့ ပို့ပေးလို့ pdf file ရောက်လာပါတယ်။
ရောက်လာမှတော့ ကိုယ် နည်းနည်းတော့ မြည်းစမ်းချင်မိတယ်။
မဖတ်ခင်မှာ ဝါဒဖြန့်တာလေးတော့ ပါမှာပဲလို့ တွက်ခဲ့မိတာ ဝန်ခံရမယ်။
အစပိုင်း ၁၅ မျက်နှာလောက်ကို ရုံးမှာပဲ run thro' ဖတ်မိပါတယ်။
စာက နွဲ့လည်း နွဲ့မနေ၊ ကြမ်းလည်း ကြမ်းမနေဘဲ ဆက်ဖတ်ချင်မိသွားပါတယ်။
တကယ်ကို စာရေးတတ်တဲ့ သူတစ်ယောက်ရဲ့ အခင်းအကျင်း နဲ့ အရေးအသားပါပဲ။
အားလုံး ကောင်းပါတယ်။
ဇာတ်သိမ်းကိုလည်း အဓိက ဇာတ်ကောင်တွေနဲ့ မသိမ်းထားဘဲ အရေးပါတဲ့ အရန်ဇာတ်ကောင် တစ်ယောက်ရဲ့ အတွေးနဲ့ သိမ်းပေးလိုက်တာကို သဘောကျမိတယ်။ တကယ် အဆုံးမသတ်သေးတဲ့ ဇာတ်လမ်းအတွက် တကယ် ပြည့်စုံတဲ့ ဇာတ်သိမ်းပါပဲ။
မဖတ်ခင်က အနုပညာကို သိပ် မမျှော်လင့်ခဲ့ပေမယ့် အဲဒီထဲမှာ တွေ့ခဲ့ရတယ်။
ပြီးတော့ သူရေးထားတဲ့ ဇာတ်ကောင်နေရာကိုလည်း သဘောကျမိပါတယ်။
အခု သူရဲ့ အတွေးတွေ၊ ခံစားမှုတွေ မဟုတ်ဘဲ၊ အရင် သူရဲ့ အတွေးနဲ့ ခံစားမှုတွေလို့ မြင်မိပါတယ်။
ဘာဝါဒမှ ဖြန့်မထားတာ၊ သူတို့ လုပ်ခဲ့တဲ့၊ ကြုံခဲ့တဲ့ အရေးကိစ္စတွေကို အကျယ်မချဲ့ဘဲ ခပ်ပါးပါးနဲ့ ပြည့်စုံအောင် ပုံဖော်သွားတာ၊ တကယ်ပဲ အသာအယာ၊ ဒါပေမဲ့ ပိုင်ပိုင်နိုင်နိုင် တို့ထိလိုက်တဲ့ စုတ်ချက်ပဲ လို့ ခံစားရပါတယ်။
မပြောဘဲထားတဲ့ တချို့ စကားတွေကို စိတ်ထဲကနေ ကြားလိုက်ရတဲ့အခါ ပြီးပြည့်စုံသွားတတ်တယ်။
(တချို့ စကားတွေကျ ပြောလိုက်တော့မှ အနှစ်သာရမဲ့သွားတာတွေ ရှိတယ်။)
အနှစ်သာရမဲ့သွားအောင် ပြောထားတဲ့ စကားလုံးမျိုး အဲဒီ စာအုပ်ထဲမှာတော့ မပါခဲ့ဘူး။
နောက်ကြည့်မှန် ကတော့ အနုပညာ တစ်ရပ်လို့ ခံစားရပါတယ်။
တကယ်ပဲ ဘာကိုမှ ပြန်စောင်းမကြည့်တော့ဘဲ စွန့်လွှတ်နိုင်တယ် ဆိုတဲ့ လူတွေရဲ့ နေရာမှာ ဝင်ခံစားလို့တော့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အတ္တကို ကျော်လွန်ပြီး ကြည့်မှ ရမှာမို့လို့ပါ။
ကိုယ်ကတော့ ကျော်လွန်ပြီး မကြည့်နိုင်သေးဘူး။
ကိုယ်လိုလူတွေ အများကြီး ရှိမှာ သေချာတယ်။
အဲဒီ အခါမှာ ကယ်တင်ရှင်ကြီး ပုံစံနဲ့ လာရပ်ပြမလား၊
ကိုယ်လုပ်စရာ ရှိတာကို ကိုယ့်ဘာသာ ရွေးချယ်ပြီး လုပ်ခဲ့တဲ့ ပုံစံနဲ့ လာရပ်ပြမလား။
ကိုယ့်အတ္တကို မကျော်လွန်နိုင်သေးတဲ့ လူတွေကို ဘယ်လို ပုံစံနဲ့ တင်ပြမလဲ ဆိုတာ အလေးထား စဉ်းစားစရာပဲ လို့ အဲဒီစာအုပ်က တွေးမိစေပါတယ်။
***
ဒုက္ခဆိုတာ ဘာလဲလို့ သိချင်လို့ အထုတ်ဖြေပြီး ဖွင့်ကြည့်ကြတဲ့သူတွေ ရှိမယ်။
သိကို မသိချင်လို့ မကြည့်ကြတဲ့သူတွေ ရှိမယ်။ နှစ်မျိုးလုံး ဘယ်သူမှ မမှားဘူး။
စာရေးသူကတော့ သူ ဖွင့်ကြည့်ခဲ့တဲ့ အထုတ်ဟာ သူ့ဘာသာ ဖွင့်ချင်လို့ ဖွင့်ခဲ့တာ ဖြစ်ပြီး၊ မဖွင့်ဘဲနေတဲ့ တခြားလူတွေကြောင့် မလွှဲမရှောင်သာ ဖွင့်ခဲ့ရတာ မဟုတ်ဘူး ဆိုတာကို သေချာနားလည်တဲ့ သူ လို့ ထင်မိပါတယ်။
ဒါကြောင့် သူ့ အရေးအသားနဲ့ တင်ပြပုံကို နှစ်သက်မိပါတယ်။
Update: သူ့သဘောထားကိုလည်း (နည်းဗျူဟာပဲ ဖြစ်ရင်ဖြစ်နေပါစေ) လေးစားမိပါတယ်။
ပို့ပေးတဲ့ ရွာသား ကိုလည်း ကျေးဇူးတင်ပါတယ်။
***
ကိုယ်ရေးတဲ့ post ကိုယ့်ဘာသာ ပြန်ဖတ်ကြည့်တာ အရေးအသားကတော့ ချဉ်စုတ်စုတ်ပဲ။
လွန်တာရှိလည်း ဝန္တာမမိတော့ပါဘူး။ လွန်တာရှိရင် လွန်တာရှိလို့ပဲ လို့ မှတ်လိုက်ကြပါ။
***
215 comments:
  1. ပြီးတော့ ဘာဖြစ်သလဲ။ မင်းတို့ခေတ်က မကောင်းလိုက်တာ လို့ ပြောချင်တာလား။ ညံ့လိုက်တာလို့ ပြောချင်တာလား။ ဟုတ်ကဲ့ ဘာပဲ ဖြစ်ဖြစ် အဲဒီမင်းတို့ခေတ်ကို ပေးခဲ့တာ မင်းတို့ခေတ်ရဲ့ ရှေ့ခေတ်က လူကြီးတွေပဲ။ မင်းတို့ခေတ် မကောင်းရင် ရှေ့က လူကြီးတွေ ညံ့လို့ ဖြစ်မှာပေါ့။
    Rita, You are Really right.
    When I had served in Oceanographic department as a normal lower rank,
    the authority observed without proper equipments.
    Yearly Prediction was made base on long long years observation data from English observer.
    Accurate prediction is depend on how many years observation results.
    There are many absent observation in our time.
    I said my officer that the new generation (like my grandson time ) will point out and blame us about our lack of observation.
    Also they can not made accurate prediction anything due to insufficient data.
    As you know, we've already used base on British data.
    The new generation will use our survey data.
    Their time, the British survey data is so far.
    How you think?
    The observation in present time is more than bad in our time...no more improve.
    BINO
    ReplyDelete
  2. run thro'
    You mean flick through?
    ReplyDelete
  3. နောက်ကြည့်မှန်
    တချို့ စကားတွေကျ ပြောလိုက်တော့မှ အနှစ်သာရမဲ့သွားတာတွေ ရှိတယ်။
    ဒုက္ခဆိုတာ ဘာလဲလို့ သိချင်လို့ အထုတ်ဖြည်ပြီး ဖွင့်ကြည့်ကြတဲ့သူတွေ ရှိမယ်။
    သိကို မသိချင်လို့ မကြည့်ကြတဲ့သူတွေ ရှိမယ်။ နှစ်မျိုးလုံး ဘယ်သူမှ မမှားဘူး။
    Thanks for sharing
    I had never read.
    I'll read if time permit.
    BINO
    ReplyDelete
  4. အင်း ဒီပိုစ့်လေးတော့ ကြိုက်မိတယ်
    ကောင်းတယ်
    Cheer!
    ReplyDelete
  5. ညီမရေ
    မင်းတို့အတွက် လုပ်နေတာ ဆိုတဲ့ စကားတခွန်းတည်းနဲ့ ဟင် ဆိုပြီး နောက်လှည့်မကြည့်တော့ဘူး ဆိုရင်တော့ အမ တော်တော် ၀မ်းနည်းမိတယ်။
    သူ့စကားတခွန်းဟာ အဲဒီ ချီတက်လာတဲ့ လူတအုပ်ကြီးကို ကိုယ်စားမပြုပါဘူး ညီမရယ်။ အဲဒီ ပြောတဲ့ လူတယောက်ရဲ့ စိတ်ဓာတ်နဲ့သာ သက်ဆိုင်ပါတယ်။ ဒါကြောင့် အာဇာနည်ဆိုတာ လူထုချစ်တဲ့ ခေါင်းဆောင် ဆိုတာ လူတိုင်းမဖြစ်နိုင်တဲ့ ပေါပေါပဲပဲ မဟုတ်တာပေါ့။
    မြန်မာပြည် အရေးကိစ္စမှာ ကိုယ်ကျိုးစွန့် အနစ်နာခံနေတဲ့ သူတွေ ဒုနဲ့ဒေးပါ။ တချို့ ထောင်ထဲမှာ၊ တချို့ တော ထဲမှာ၊ တချို့ အနှိပ်စက်ခံ အခန်းကျဉ်းလေးတွေထဲမှာပါ။ အခု နောက်ကြည့်မှန် ရေးတဲ့ အကိုလို လူမျိုးတွေပေါ့။ မင်းတို့အတွက် လုပ်နေတာလို့ ပြောနေတဲ့ အပြောများများ လူတွေလဲ မရှိမဟုတ်၊ ပေါပေါများများကြီးကို နေရာ အနှံ့အပြား၊ နယ်ပယ် အသီးသီးမှာ ရှိကြပါတယ်။ ညီမလဲ စာဖတ်နာ သူ တယောက်ပဲ။ ဒါမျိုးတွေကို ခွဲခြား မြင်တတ်မယ် လို့ အမ ယုံကြည်ပါတယ်။
    အမက တကယ်ပဲ ငြင်းခုန်တာ ၀ါသနာမပါဘူး။ ဒါပေမဲ့ လူမသိ သူမသိ ဘ၀တွေ အသက်တွေကို စတေးခဲ့ကြတဲ့ ၊ စတေးနေဆဲ လူကြီး လူငယ်တွေကို ကြည်ညိုစိတ်နဲ့ အခု ကွန်မန့်ကို ရေးလိုက်ပါတယ် ညီမရယ်။
    ချစ်သော
    အမ
    ReplyDelete
  6. ညီမ ရီတာရေ.. မင်းကိုနိုင်သာ ဖတ်မိရင် တော့..၀မ်းသာ မယ် ထင်ပါတယ်။ ဘာလို့ဆိုတော့..မတရားမူ အတွက်.. ဘယ်သူမှ မတိုက် တွန်းတွန်း..ဘယ်သူက ပဲ..သွေးဆောင်ဆောင်.. သမိုင်းတာဝန် တခုကို..လုပ်သင့်လို့ လုပ်ခဲ့တဲ့..သူ ( ကိုမင်းကိုနိုင်) တို့လို လူ တယောက်ကို.. သူရေးတဲ့ အရိုးသားဆုံး ရသ စာတပုဒ် ကြောင့်..နားလည် ပေးလိုက် မိတယ် ဆိုလို့ပါ။
    နောက်တခု ကတော့.. မြန်မာ့ သမိုင်း ကို ကျက်ခဲ့ ဖတ်ခဲ့ တဲ့ သူတိုင်း သိတဲ့..စကားလေး တခွန်းပါပဲ.. ( ပဲခူး ကလပ်မှာ ညဖက် ခွေးတွေ အိပ်နေတာ မြင်လို့..ပဲခူးကလပ်မှာ ခွေးတွေ နေတယ် လို့.. ပြောလို့ ရသလား ) ဆိုတဲ့.. သဘောမျိုး..ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ သမိုင်း ၀င် စကားလေးပါ။
    လူတိုင်း ကတော့.. သူ့ ကြီးပြင်းရာ..သူ မွေ့လျော်ရာ..သူဖတ်ရှူ နားလည်ရာ..အယူအဆ..ရပ်တည်ချက် တွေ.. အသီးသီး နဲ့ ဆိုတာ.. နားလည် မိပါတယ်။
    စကားမစပ်..အခန်းဆက်လေး လည်း မဆက်တော့ပါလား..း)
    ReplyDelete
  7. မမချို / မကေ >>> ဟုတ်ပါတယ် မမချို။ အဲဒါ လူတအုပ်ကြီးက ပြောတဲ့စကား မဟုတ်ပါဘူး။ ပြောတဲ့လူ အနေနဲ့တောင် အဲဒီ အချိန်ကာလလေးရဲ့ လှုံ့ဆော်မှုကြောင့် ပြောထွက်သွားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က ဟင် ခဲ့တယ်။ နောက်ပိုင်း စိတ်မဝင်စားဖြစ်တော့ဘူးဆိုတာကလဲ အဲဒီ အဖြစ်အပျက်ကြောင့်တင်လို့တော့ မဟုတ်ပါဘူး။ ပြောခဲ့သလို ကိုယ့်အရေးကိစ္စနဲ့တင် အတ္တများနေမိလို့ပါပဲ။
    နောက်တစ်ခုက လတ်တလောလူတွေရဲ့ နည်းပရိယာယ်က အင်မတန် ထိရောက်တယ်။ သူတို့ နည်းဗျူဟာတွေက အတိုင်းအတာ တစ်ခုအထိကို ဖြစ်မြောက်တယ် ဆိုရမယ်။ ကျွန်မတို့တွေ (အတော်များများ) မှာ ကိုယ့်အရေး ကိုယ့်ကိစ္စကလွဲလို့ စိတ်မဝင်စားတော့လောက်အောင်ထိ ဖြစ်မြောက်တယ်။ ကျွန်မ ဒီ post ကို ဒီပုံစံနဲ့ ဘာလို့ ရေးလဲဆိုတော့ သိစေချင်လို့ပါ။
    ဒါကို ကယ်တင်ဖို့ ဆိုရင် ဒါကို မြင်ဖို့လိုတယ် ဆိုတဲ့ စကားလေး အတိုင်းပါပဲ။ ဖြစ်ပျက်နေတာတွေကို မြင်ဖို့လိုပါတယ်။ ကျွန်မတို့ batch က(အတော်များများ) ဒီလို ဖြစ်ပျက်ခဲ့လိမ့်မယ်။ ဒီလို သဘောထားတွေ ရှိနေနိုင်တယ်။
    လောကုတ္တရာကိစ္စ လုပ်ကြတဲ့ လူတွေထဲမှာတောင် ကဂျိုးကဂျောင် တွေ ရှိကြမှတော့ ဒီလို အရေးကိစ္စမှာလည်း လေသာများတဲ့လူတွေ မလွဲမရှောင်သာ ရှိမှာပါပဲ လို့ နားလည်မိပါတယ်။ အဲဒီလို ရှိမှလည်း ပြည့်စုံမှာပါပဲလို့ နားလည်မိပါတယ်။
    မကေနဲ့ မသက်ဝေ ရေးတဲ့ post ကို စာအုပ်ဖတ်ပြီးမှပဲ သေချာ ပြန်ဖတ်ခဲ့သေးတယ်။
    ReplyDelete
  8. ကိုယ့်အယူအဆနဲ့ကိုယ်ပေါ့နော်။ ရီတာအမြင်ကို ဒီလိုရေးပြတာ ကောင်းတယ်။ 1988တုန်းက အတော် ငယ်သေးတော့ ဘာမှမသိပေမယ့် 1996မှာ သူငယ်ချင်းတွေ ဘယ်လိုခံရသလဲဆိုတာ မြင်လိုက်ရမှ.. စိတ်ဝင်စားလာခဲ့တာ။
    ကိုယ်တိုင်တော့ ဘယ်တော့မှ မလုပ်ခဲ့ပါဘူး။ ကယ်တင်ရှင်ကြီးလိုလိုပုံဖမ်းပြီး ဆရာကြီးလုပ်တာတွေကိုတော့
    အမြင်ကပ်တာအမှန်ပဲ။ ဘယ်သူမှ မသိလဲ ကိုယ်ယုံကြည်ရာကို ကိုယ်လုပ်နေတဲ့ သူတွေကိုတော့ တကယ်လေးစားမိတယ်။
    ညီလင်းဆက်ကတော့ .ဒီအစိုးရ အသိုင်းအ၀ိုင်းထဲကဆိုတော့ ......။
    မယ်ပ
    ReplyDelete
  9. မမချို / မကေ >>> နှစ်ကာလတွေကို ပြန်တွက်ကြည့်ရင် မမတို့ နှစ်နဲ့ ကျွန်မတို့ နှစ် ပြောပလောက်အောင် မကွာပါဘူး။ ဒါပေမဲ့ gap က အတော်ကွာနေတယ်။ ဖြတ်သန်းလာရတာတွေ ထိတွေ့လာရတာတွေကျတော့ အတော်ကြီးကို ကွာတယ်။ ကျွန်မတို့က ဘာမှ မရဖူးဘူး။ မရဖူးတော့ ဆုံးရှုံးတာကို မသိဘူး။ သိလည်း (သိပ်)မနာဘူး။
    ကိုယ့်အတွက် ကိုယ့်ဘာသာ လုပ်မှ ရတယ်။ ဥပမာ - စာကို နားလည်ချင်လား။ ကိုယ့်ဘာသာဖတ်၊ မဖတ်ချင်ရင် ကျူရှင်သွား။ အဲဒီတော့ ကိုယ့်ဘာသာပဲ စိတ်ဝင်စားတယ်။ တယောက်ကို တယောက်လဲ မသိကြဘူး။ အုပ်စုလိုက်တွေ ရှိချင်ရှိမယ်။ unity မရှိဘူး။
    ပတ်ဝန်းကျင်မှာလဲ သူ့ကိစ္စ သူလုပ်တဲ့သူပဲ ရှိမယ်။ ကိုယ့်ဘာသာလဲ ကိုယ့်ကိစ္စ ကိုယ်လုပ်ရတယ်။ မမတို့ ထိတွေ့ရင်းနှီးခဲ့ဖူးတာတွေကို ကြားဖူးရင်ပဲ တော်လှပြီ။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ideal မရှိဘူး။ gap က အဲဒါကြောင့် ကွာတာ။
    အဲဒီ gap က ညှိဖို့လိုသလား။ မလိုဘူးလား။ ကျွန်မတော့ သိပ်မသိဘူး။ ညှိဖို့လိုတယ်လို့ သိပြီး ညှိချင်တဲ့သူ ရှိရင် ညှိနိုင်ဖို့ ကွာနေတာတွေကို သိစေချင်မိတယ်။
    (တာဝန်အရ ရေးတာတော့ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ရေးချင်လို့ ရေးတာပါ။)
    =)
    ReplyDelete
  10. မင်းတို့အတွက် လုပ်နေတာ ဆိုတဲ့ စကားတခွန်းတည်းနဲ့ ဟင် ဆိုပြီး နောက်လှည့်မကြည့်တော့ဘူး တဲ့လား ??/??////
    မရင့်ကျက်သေး၊ ဘာမှ မသိသေးတဲ့အချိန်ဖြစ်မယ်ထင်တယ်။ ရင့်ကျက်တဲ့အခုအထိ အဲဒီလူကို စာနာ နားလည်းပြီး ပြန်ပြောင်းတွေးကြည့်မိရင် ပိုလူဆန်မယ်။
    တစ်ခုခုကို ဝေဖန်မယ်ဆိုရင်လည်း သေသေချာချာလေး လေ့လာပြီးဝေဖန်စေချင်ပါတယ်။ ပြုပြင်ပြောင်းလဲမှု ၊ ပြောင်းလဲလာရင်းလည်း ဒီအတိုင်းပဲ ဖြစ်မှာပါဆိုတဲ့ စကားဟာ ဦးနှောက်မဲ့ရာ ကျလွန်းပါတယ်။ အဲ့ဒီစကားမျိုးပြောတဲ့လူတွေဟာ အချောင်သမားတွေများတယ်။ ကိုယ်မလုပ်နိုင်ဘူးဆိုလည်း တိတ်တဆိတ်စောင့်ကြည့် သတ္တိမရှိလို့ ကျယ်ကျယ် အားမပေးရဲဘူးဆိုရင်လည်း တိုးတိုးတိတ်တိတ်လေးအားပေးပေါ့။ ထောင်ထဲမှာနေတဲ့လူတွေ ၊ ဘ၀တွေပျက်ပြီး သေဆုံးနေတဲ့လူတွေ ဟာ တကယ် သနားစရာကောင်းပါတယ်။
    လူကိုမကြည့်ပါနဲ့။
    ReplyDelete
  11. (ပြောင်းလဲလာရင်းလည်း ဒီအတိုင်းပဲ ဖြစ်မှာပါဆိုတဲ့ စကားဟာ ဦးနှောက်မဲ့ရာ ကျလွန်းပါတယ်။)
    ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
    ဒါပေမဲ့ ဦးနှောက်မဲ့လို့ ပြောတာလား။ မမဲ့ဘဲ ပြောနေတာလားဆိုတာကို သက်သေပြစရာတော့ ဘာမှ မရှိဘူး မဟုတ်လား။ ခုထိ ပြောင်းမှ မပြောင်းသေးတာကိုး။
    သေချာတာတစ်ခု ပြောမယ်နော်။
    အဲဒါဟာ ဦးနှောက်မဲ့တယ် ဆိုတာ မှန်နေရင်တောင် ဒါကို လက်ခံလိုက်ပါ။ ဒီအတိုင်းဖြစ်နေတာတွေကို လက်မခံဘဲ လိုချင်တဲ့ ပုံစံကို ပြောင်းလို့ ရမှာ မဟုတ်ဘူး။
    မယုံကြည်တဲ့လူတွေကို ဘာဖြစ်လို့ မယုံကြည်ရတာလဲ။ ဦးနှောက်ကို မရှိဘူး။ ဦးနှောက်ရှိကြပါလားလို့ ပြောရုံနဲ့တင် ရမလား။ ဦးနှောက်ကို သုံးလို့ စဉ်းစားစေချင်ပါတယ်။
    ဦးနှောက် မရှိဘူးလို့ ထင်ရင် အဲဒီအဖြစ်ကို အရင်ဆုံး လက်ခံလိုက်ဖို့ လိုတယ်။ ဘာကြောင့် ဒီလိုတွေးမိရသလဲ အကြောင်းရင်းတွေကို ရှာမိဖို့ လိုတယ်။ ရှိလာအောင် လုပ်ပေးဖို့လိုတယ်။
    That is not instruction, just proposal!
    =)
    ReplyDelete
  12. ဘာပြောရမှန်းတောင်မသိတော့ဘူး။ ရှေ့က အစ်ကို အစ်မတွေကလည်း အများကြီးပြောသွားကြပြီ။ အစ်မရီတာ ပြောသလိုပဲ။ ခေတ်ချင်းကွာသွားကြတော့ ဆုံးရှုံးခဲ့တာကို မသိခဲ့ကြဖူး။ သိခဲ့ရင်လည်း တဆင့်ပြောလေ။ ကိုယ်တိုင်ကြုံတွေ့တာလောက်တော့ နာမှမဟုတ်ဘူး။ တကယ်နိုင်ငံကိုချစ်စိတ်နဲ့ နိုင်ငံရေးလုပ်နေတဲ့လူတွေ ရှိပါတယ်။ အဲလိုပဲ ဘာခံယူချက်မှမရှိပဲ ရောယောင်သမားတွေလည်း မနည်းပါဘူး။ ဒါဆိုမင်းကရော ဘာများလုပ်လို့လဲ၊ မင်းမလုပ်နိုင်တာကို သူများတွေလုပ်တာကို ၀င်မပြောနဲ့လို့ ပြောလည်း ခံရမှာပါပဲ။ ရွှေဝါရောင် အရေးခင်းတုန်းက ပစ်ကြခတ်ကြတော့ တန်းစီပြီးလာနေတဲ့ လူတွေ ကြက်ပျောက်ငှက်ပျောက်ပဲ။ ဖတ်ခဲ့ကြားခဲ့ရတဲ့။ ကိုလိုနီခေတ် ကျောင်းသားသပိတ်၊ ၈၈ ကျောင်းသားသပိတ် အရေးတော်ပုံနဲ့ကွာလွန်းပါတယ်။
    ကျွန်တော်ပြောချင်တာက လူတွေရဲ့စိတ်ဓါတ်ပါ။ အရမ်းလိုပါသေးတယ်။ ကျွန်တော်တို့လို အတ္တ ခပ်ကြီးကြီးသမားတွေ များနေသေးသလို၊ လုပ်ပေမယ့် ခံယူချက်မရှိတဲ့ လူတွေကလည်း များပါသေးတယ်။ မရီတာရေးတာလည်း မလွန်တာတွေပါပါသေးတယ်။ ရေးသင့်ရေးထိုက်လူတွေကလည်း ရှိနေတာကိုး။ မရီတာပြောသလိုပဲ
    အပြောင်းအလဲဆိုတာကလည်း ပြောင်းလဲကြည့်မှသိရမှာလေ။ ကျွန်တော်တို့ နိုင်ငံ အပြောင်းအလဲတွေအများကြီး ကြုံခဲ့ရပြီ ခုထိကောင်းမလာသေးဘူး။ ကောင်းသောပြောင်းလဲခြင်းပါလို့ ဘယ်သူဘယ်လောက် အာမခံနိုင်မလဲ။ ဒါကတော့ အချိန်ကိုပဲ စောင့်ကြည့်ရမှာပါ။ မရီတာရေ...ပြောချင်တာတွေ များသွားတယ်။ ဆိုင်မဆိုင်တော့ မသိဘူး။
    ReplyDelete
  13. မရီတာ - ဖြစ်နိုင်ရင် အဲဒီ pdf file လေး - kaykhaing82@yahoo.com.sg ကိုပို့ပေးပါနော်၊ ခင်မင်စွာဖြင့်
    ReplyDelete
  14. "အဲဒါဟာ ဦးနှောက်မဲ့တယ် ဆိုတာ မှန်နေရင်တောင် ဒါကို လက်ခံလိုက်ပါ။"
    အမှန်ပါပဲ၊ ကိစ္စတခုကို ဖြေရှင်းမယ်ဆိုရင် လက်ရှိအခြေအနေ အဖြစ်အပျက်အမှန်ကိုလက်ခံဖို့လိုပါတယ်။ ခရေဖြူတို့အပါအဝင် လူငယ်အများစုရဲ့ သဘောထားဟာ မရီတာ ထက်မသာပါဘူး၊ ငယ်စဉ်ကတည်းက "နိုင်ငံရေးတော့ လုပ်မယ်မကြံနဲ့နော် ၄ဘက်၎တန်အခန်းကျဉ်းထဲမှာ ချေးယိုရခက် သေးပေါက်ရခက၊် နင့်တို့ကိုမွေးထားတာ အကျိုးမရှိ ထောင်ထဲသွားနေဖို့မဟုတ်ဘူး" ဆိုတဲ့ အဆူလေးတွေနဲ့ ကြောက်လန့်ကြီးပြင်းခဲ့ရတာပါ
    ReplyDelete
  15. ညီမ..
    မှန်လိုက်တာ.. အမလဲ ဒီအတိုင်းပဲ..
    အမ..အဲ့စာအုပ်ကိုမအားလို့ မဖတ်ဖြစ်သေးဘူး။ အားရင်သေချာဖတ်ရမယ်။
    အမအမြင်ကလဲ ညီမအမြင်နဲ့တထပ်တည်းပဲ။
    ဒီပို့စ်လေးအရမ်းကောင်းတယ်။
    လက်ရှိအမတို့ကိုယ်တိုင်ခံစားနေရတဲ့ အမြင်ကို..သူတို့တွေပြောင်းပေးဖို့ တော်တော်ခက်လိမ့်မယ်ထင်တယ်.. အမလဲ..ညီမလို ဟင်ခဲ့တာ..
    ပိုပီးဟင်ခဲ့တာ.. မှတ်မှတ်ရရ... ဒီရောက်တော့မှ ရွှေဝါရောင်အရေးအခင်းအပီးမှာ..အမဘာကိုမှလှည့်မကြည့်ချင်တော့ဘူး။
    လူဆိုတာ အတ္တတွေပဲ..ကိုယ်နားမလည်တဲ့နေရာကို ၀င်မပက်သက်တာလဲ ပါတာပေါ့။
    ကိုယ်လဲဘာမှမလုပ်နိုင်ဘူးလေ။ ဒါပေမဲ့ လေတွေနဲ့စစ်ပွဲဖြစ်နေတာကိုလဲ မလိုလားလို့ .. နိုင်ငံရေးဆိုဒ်ဆို မဖတ်ဖြစ်တော့ဘူး။ အဲဒါ ညီမပြောတဲ့ ဟင်ပေါ့..အမလဲဟင်ဆိုလှည့်မကြည့်တော့ဘူးလေ..။
    ReplyDelete
  16. ရီတာရေ....
    ဒီပို့စ်ကို ဖတ်ရတာ အံ့သြမိတယ်။ များသောအားဖြင့် လူတွေဟာ ကောင်းမွန်တဲ့သူများ၊ ကြီးမြတ်သူများ၊ စံထားလောက်သူများ (Great minds) တွေကို အားကျအတုယူကြ၊ Inspiration ရကြတာများတယ်။ အဲဒီကမှတဆင့် ကိုယ့်ရဲ့အတွေးအမြင်တွေ တစတစ ပြောင်းလဲလာတတ်ကြတယ်။
    အခုတော့ ဘယ်သူဘယ်ဝါမှန်း မသိလိုက်တဲ့ လူအုပ်ထဲက စကားတခွန်းက ရီတာ့ရဲ့ မြန်မာ့နိုင်ငံရေးအပေါ် အတွေးအမြင်ကို အခုအချိန်ထိ လုံးလုံးလျားလျား လွှမ်းမိုးထားနိုင်တယ်ဆိုတဲ့ အကြောင်းကို သိရတော့ တော်တော်လေး အံ့အားသင့်မိပါတယ်။
    ReplyDelete
  17. ကိုပေါ >>> ဘယ်သူမှန်း မသိတဲ့သူရဲ့ စကားထက် ကျွန်မရဲ့ အခံကိုက အဲဒီဘက်မှာ အားနည်းခဲ့တာ ဖြစ်နိုင်ပါတယ်။ အဲဒီစကားက စပြီး စေ့ဆော်တဲ့ အကြောင်းတစ်ခုလောက်ပဲ ဖြစ်မယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် ထောင်ထဲကိုတောင် စတိုင်လ် တစ်ခုအနေနဲ့ ဝင်ခဲ့တဲ့သူမျိုးကိုသာ ကျွန်မ မြင်ခဲ့သိခဲ့ဖူးတာ။ အဲဒီနယ်ပယ်က စံထားလောက်သူကို ကျွန်မ မသိခဲ့ဘူး။
    သူတို့ သူတို့တွေရဲ့ နာမည်ကိုတောင် ကြားဖူးတာ ဘာမှ မကြာသေးဘူး။
    ထောင်ထဲကို စတိုင်လ်လုပ် ဝင်တယ်လို့ ကျွန်မပြောရင် ဘယ်သူလက်ခံမလဲ။ ပြောမယုံ ကြုံဖူးမှသိ။
    အဲဒီအခါကျတော့ ကိုပေါ ပြောတဲ့သူမျိုးတွေနဲ့ ကြုံခဲ့ရင်တောင် ကျွန်မက သံသယနဲ့ပဲ ကြည့်တော့မှာ။ 1st impression က စေ့ဆော်ပေးတဲ့ အကြောင်းတစ်ချက်။ နောက်တစ်ခုက ဆက်တိုက် ကြုံလာရသေးတဲ့ လူတချို့။ အဓိကက ကျွန်မရဲ့ စိတ်ဓါတ်အခံ ဖြစ်မှာပါပဲ။
    ReplyDelete
  18. Ritaco,
    Very sorry for my comment which out of way from your good post.
    My comment is not match up with your item.
    I have read the related post on Ma thet wai, kay and Ywa Tha (YTU).
    I have to read Min Ko Naing's နောက်ကြည့်မှန်.
    BINO
    ReplyDelete
  19. ပြောင်းလဲပို့တော့ ဒီတသက် မမျော်လင့်တော့ပါဘူး။ ဒေါ်စု တကယ်လို့ ဆုံးပါးသွားရင် ပိုတောင် မမျော်တော့ဘူး။ နောက်ခေါင်းဆောင်တွေတော့ ပေါ်ချင် ပေါ်လာမှာပေါ့။ ((နောက်က လိုက်မဲသူတော့ ရှိမယ်မထင်။))
    SM
    ReplyDelete
  20. ညီမ ရီတာရေ
    ညီမ ထောင့်က ရှင်းပြတာကို နားလည်မိတယ်။
    generation gap က တကယ်တော့ မကွာလှပါဘူး။ ခေတ်ကိုက နိုင်ငံရေးကလွဲရင် လုပ်ချင်တာ အကုန်လုပ်နိုင်တဲ့ ဆွဲဆောင်မှုတွေ များလွန်းလို့ပါ။ ညှိဖို့ လိုတယ်လို့ သိရင် ကိုယ်က စာများများ ဖတ်မယ်၊ စာစုံဖတ်မယ် ဆိုတဲ့ တံတားနဲ့ ကိုယ့်ဖာသာကိုယ်ပဲ လုပ်ယူရမယ်လို့ ထင်ပါတယ်။
    အရေးတော်ပုံမှာ စိတ်ပျက်စရာ၊ စိတ်ညစ်စရာ လူတွေ၊ အဖြစ်အပျက်တွေနဲ့ ကြုံခဲ့ရဖူးမှာပါပဲ။ အခုလို fair play မဟုတ်တဲ့ တဖက်သတ်ပွဲ ဆိုရင် ပိုပြီး ကြုံရမယ်။ အမလဲ ဒါမျိုးတွေ တွေ့ရင် စိတ်နွမ်းသွားတတ်တယ်။ ဒါပေမဲ့ ဒါတွေဟာ ငါ ယုံကြည်တဲ“့ ဒို့ အရေး” ကို ကိုယ်စားမပြုဘူး လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားသမျှ ဘယ် အနှောင့်အယှက်မှ ခေါင်းထဲ မ၀င်တော့ပါဘူး။ အမ အဲဒီလို နည်းနဲ့ပဲ သစ္စာထားခဲ့ပါတယ်။
    ချမ်းမြေ့ပါစေ။
    ချစ်သော
    အမ
    ReplyDelete
  21. ဟိုတလောက ပြောရဲသူကြီးပြောသွားတဲ့ "ပြည်သူ/သားများကိုမိဘ သဖွယ်အုပ်ချုပ်တယ်" ဆိုတဲ့ စကားနဲ့ "မင်းတို့အတွက်လုပ်နေတာ" ဆိုတဲ့ စကားမှာ မိဘသဖွယ်အုပ်ချုပ်တယ် ဆိုတဲ့ သူကြီးကို ပို "ဟင်" ပါတယ်။ နိုင်ငံရေးဆိုတာက လည်း တသီးတသန့်ရှိနေတဲ့ အရာတစ်ခု တော့ မဟုတ်ပါဘူး။ နေ့စဉ် လုပ်နေရတဲ့ စားရေးသောက်ရေး လူမှုရေး စီးပွါးရေး ဒါတွေပေါင်းပြီး နိုင်ငံ့အရေး ဆိုတာတည်ရှိလာတာပါပဲလေ။တချို့စီးပွါးရေး လုပ်ငန်းရှင်ကြီးတွေ ဒေါ်လာဈေးကစားတာ၊ ရွှေဈေးကစား တာ ဒါတွေဟာ နိုင်ငံရေးကိုတိုက်ရိုက် ရိုက်ခတ် သွားတာမဟုတ်လား။လူတိုင်းနိုင်ငံရေးလုပ်နေကြတယ်လို့တောင် ဆိုနိုင်ပါတယ်။ ကိုယ်ရည်သွေးတဲ့ လူတွေလဲ တစ်ပုံကြီး ရှိမှာပါပဲ။နိုင်ငံရေးဟာ ကိုယ်တွေ့ခံစားချက်ကသော်၎င်း၊သမိုင်းကြောင်းကောင်းကောင်းဖတ်ဖူးတဲ့သူသော်၎င်း မကျေနပ်ချက်၊ခံစားချက်ကနေ စိတ်ဝင်စားလာတတ်တယ်လို့ထင်ပါတယ်။ကျွန်တော်ကောင်မလေး ၂ ယောက်တွေ့ဘူးတယ် ၁၀တန်းပဲရှိသေးတယ်။သူတို့အဖေကဗိုလ်မှုးကြီး။သူတို့ဗိုလ်သန်းရွှေကို မသိဘူး၊ဒေါ်စုကို မသိဘူး။မသိတာမှ တကယ်ကိုမသိတာပါ...။ဒါပေမယ်...ဘုန်းကြီးတွေအရိုက်ခံရတော့ ငိုလိုက်ကြတာဗျာ...။ဒါပါပဲ....
    ReplyDelete
  22. ခင်ဗျား ဘလော့ဂ်မှာ စာဖတ်တယ်ဆိုတဲ့ အကြောင်းတွေ သိပ်မရေးနဲ့။ ခင်ဗျား ဒီပိုစ့်တစ်ခုထဲ ဖတ်ရုံနဲ့ ခင်ဗျားအဆင့်ဘယ်လောက်ရှိလဲဆိုတာသိသာတယ်။ ကိုယ်မသိတဲ့အရာကို ၀င်မပါနဲ့။ ပြုပြင်ပြောင်းလဲမှုတိုင်းမှာ ဘယ်အရာကမှ အေးအေးဆေးဆေးမရခဲ့ဘူး။
    ReplyDelete
  23. ဟုတ်ကဲ့
    သိစေချင်လို့ ရေးတာ သိသွားတယ် ဆိုရင် ပြီးတာပါပဲ။
    ကိုယ်မသိတဲ့ အရာကို​ ဝင်မပါခဲ့ဘူး ဆိုတဲ့ အကြောင်းပြောတာပဲ။ ဝင်မပါနဲ့ ဆိုတဲ့ စကားကို ဘာဖြစ်လို့ ထပ်ပြောရတာလဲ။
    ဝင်မပါနဲ့ ဆိုတဲ့စကားကို ပြောစရာမလိုအောင်ကို ဝင်မပါကြ၊ မသိကြလို့ ဒီနေ့ ဒီလို ဖြစ်နေတယ်လို့ မှတ်လိုက်ပါ။
    ကိုယ့်အဆင့်ကို သိစေချင်လို့ကို တမင်ရေးလိုက်တာ။
    တော်ကြာ မြန်မာတွေ အားလုံး အရေးတော်ပုံကြီးမှာ အာရုံဝင်စားလို့ မကြာမီပဲ အရာအားလုံးပြောင်းလဲကုန်တော့မယ်လို့ အိပ်မက်မက်နေကြ မစိုးလို့။
    ReplyDelete
  24. ဝင်မပါနဲ့ ဝင်မပြောနဲ့ နင်က ဘာနားလည်လို့လဲ ဆိုတဲ့ စကားကို ပြောခဲ့ကြတဲ့သူမျိုးတွေသာ တွေ့ခဲ့ရလွန်းလို့ အဲဒီလို လူမျိုးတွေကို ဘယ်သူမှ အထင်မကြီးဘဲ မယုံကြည်ဘဲ နောက်က လိုက်မယ့်မရှိဘဲ၊ မကြာခင်ပဲ ခါးပြတ်သွားနိုင်တာ စောင့်ကြည့်နေလိုက်။
    ReplyDelete
  25. ဆ - ဆရာလေး (အမြဲတန်း ရေအောက်)December 6, 2009 at 3:01 PM
    "ကိုယ့်အဆင့်ကို သိစေချင်လို့ကို တမင်ရေးလိုက်တာ။ တော်ကြာ မြန်မာတွေ အားလုံး အရေးတော်ပုံကြီးမှာ အာရုံဝင်စားလို့ မကြာမီပဲ အရာအားလုံးပြောင်းလဲကုန်တော့မယ်လို့ အိပ်မက်မက်နေကြ မစိုးလို့။" - ကြိုက်တယ်၊ ဆရာကြီးတို့လို ဝေဖန်ရေးလိုလို လေကန်ရေးလိုလို အချိန်ပိုတိုင်း သူများမကောင်းကြောင်းပဲ ရှာရေးနေသူ၊ မိန်းမလင်ငယ်နောက်လိုက်သွားလို့ (သို့) ရီးစားက စောက်သုံးမကျဘူးဆိုပီး ခါထုတ်လိုက်လို့ တလောကလုံးက မိန်းမတွေကို စိတ်နာနေပီး ဘလောက်ဂါမိန်းမတွေ (မိန်းမလို့ ထင်ရသော တီတီချမ်းပါ မကျန်) စိတ်ထွက်ပေါက်ရှာ ကလော်ဆဲနေသူ၊ ဆဲချင်လို့ဆဲတာတောင် ကောင်းကောင်းမဆဲ နိုင်ငံသာယာရေး ဘလောက်လောက သန့်ရှင်းရေးအတွက်ပဲ ဆဲရသလိုလို ပြောသူ၊ ကိုယ့်ယူဆချက်ကို ဒီလောက်ရှင်းရှင်းရေးထားတဲ့ ပို့စတခု မှာတောင် ဒီလိုမရေးပါနဲ့ ဟိုလိုရေးပါ လာပြောသူ၊ အမယ်မင်း ရဦးမယ်ဟဲ့ ဒီမိုကရေစီ၊ ဒေါ်စုတို့ ကိုမင်းကိုနိုင်တို့ ရင်းရတာ မတန်လိုက်တာ
    ReplyDelete
  26. Reta ရေ အခုမှ လာဖတ်ဖြစ်တယ်။ အိမ်မှာ ကျေးဇူးရှင်နှစ်ယောက်ကလည်း ကျောင်းပိတ်ရင် ကွန်ပြူတာ အမြဲလုရလို့ မလွယ်ဘူး။ အစ်မလည်း ဒီစာအုပ်ကို စင်္ကာပူက ညီမလေးတယောက် ပို့လာပေးလို့ ပြီးခဲ့တဲ့ ပတ်ကမှ ဖတ်ဖြစ်တယ်။ အစ်မလည်း ရဲရဲတောက်စာသားတွေများ ပါမလားလို့ ထင်နေခဲ့သေးတယ်။ ဒါပေမဲ့ သူရေးထားတာ တကယ်ကို အနုပညာလက်ရာမြောက်သလို စဖတ်တဲ့အချိန်ကန စာအုပ်ပြီးမှပဲ လက်ကချနိုင်တော့တယ်။
    Rita ရေ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူ အတော်များများမှာလည်း ဒီမိုကရေစီ သဘောသဘာဝကို နားလည်ဖို့ အများကြီးလိုအပ်နေသေးတာ အမှန်ပဲ။
    ReplyDelete
  27. from Luu Htwe
    sender-time Sent at 2:28 PM to ammk6480@gmail.com
    date Sun, Dec 6, 2009 at 2:28 PM
    ကော်မင့်ပေးလို့မရဘူး ကြည့်လုပ်လိုက်အုံး..း)
    ဒီလိုရှိတယ် ရီတာရေ…
    ရီတာက ငယ်ငယ်ကလေးတည်းက အနုပညာအပေါ်မှာ စိတ်ဝင်စားပြီး စာတွေကို တစိုက်မတ်မတ် ဖတ်မှတ်လေ့လာခဲ့တော့ အဲဒီ အနုပညာကို တန်ဖိုးထား လေးစားတတ်သူ တယောက် ဖြစ်နေတယ်လေ…
    အဲဒီတော့ လူတယောက်ရဲ့ စာတပုဒ်ကို ဖတ်လိုက်ရတဲ့အခါမှာ အဲဒီစာမှာ အနုပညာ တွေ ဘယ်လောက် အတိုင်းအတာအထိ စီးဝင်နေမလဲဆိုတာကို မြင်နိုင် သိနိုင် ခံစားနိုင်တာပေါ့…
    ငှက်တကောင်က မြို့တမြို့ကို အပေါ်စီးကနေ မြင်သလိုမျိုး… ဘယ်နေရာမှာတော့ ဘာရှိတယ်.. ဘယ်နေရာမှာ ဘာဖြစ်နေတယ်… ဘယ်နေရာကတော့ဖြင့် လှတယ်.. ဘယ်နေရက လစ်ဟာနေတယ်.. ဘယ်ဟာကကောင်းတယ်.. ဘယ်ဟာက ဆိုးတယ်ဆိုတာကို စဉ်းစားနိုင်တယ်… ဆုံးဖြတ်နိုင်တယ်… ဝေဖန်ပိုင်းခြားနိုင်တယ်.. အဲဒီအတွက်လည်း လုံလောက်တဲ့ အသိဥာဏ် အတွေ့အကြုံ ဗဟုသုတရှိတယ်…
    အခုလို အနုပညာကို တန်ဖိုးထား လေးစားတတ်သူအချင်းချင်း သူငယ်ချင်းဖြစ်ခွင့်ရတာကို အင်မတန်မှ ကြည်နူးမိ၊ ဝမ်းမြောက်မိ၊ ဂုဏ်ယူမိတယ်ဆိုတာ ဝန်ခံပါတယ် ရီတာရေ…
    ဒါကတပိုင်း…
    ReplyDelete
  28. နောက်တခြားတဖက်ကိုတော့ ရီတာက စိတ်ဝင်စားမှုနည်းခဲ့တယ်လို့ ဆိုထားလေတော့ အဲဒီဘက်ကိုလည်း ထဲထဲဝင်ဝင် လေ့လာမိခဲ့မယ် မဟုတ်ဘူးလေ…
    အဲလိုအခါမျိုးကျတော့ ခုဏမြင်တဲ့ အမြင်နဲ့ မတူနိုင်တော့ဘူး
    အပေါ်စီးကနေ မြင်ခွင့်မရတဲ့အခါ.. ကိုယ့်ပတ်ဝန်းကျင်ကိုပဲ ကြည့်ပြီး ဆုံးဖြတ် အမှတ်ပေးရတဲ့အခါ… လစ်ဟာမှုတွေ.. မပြည့်စုံမှုတွေ… လိုအပ်ချက်တွေ အများကြီး ရှိနေနိုင်တယ်လေ…
    အခုပဲကြည့်…
    စာတပုဒ် စာတအုပ်ကို ဖတ်လိုက်ရရုံနဲ့တင် ရီတာ့ခေါင်းထဲမှာစွဲထင် ယုံကြည်ထားမိတာတွေဟာ အကုန်မမှန်ပါလားဆိုတာကို အတည်ပြုလိုက်ရတာပဲ မဟုတ်လား…
    အဲဒီအခါမျိုးမှာ ဝေဖန်ရတဲ့အခါမှာတော့ ဝေဖန်သူဘက်က အားနည်းနေတတ်တယ်… အထူးသဖြင့် ဝေဖန်ခံလိုက်ရသူဘက်က နစ်နာတယ်ကွ…
    အခုရီတာရေးတဲ့ စာကိုသာ တမလွန်က အမတော် နောင်တော်တွေ၊ ညီမတော် ညီတော်တွေ ဖတ်မိကြမယ်ဆိုရင်…
    သူတို့ရဲ့ မိသားစုတွေ အဖေတွေအမေတွေ မောင်နှမသားချင်းတွေကို ဘဝပျက်ထဲမှာ စွန့်ပစ်ခဲ့ကြရတာ… သူတို့ရဲ့ သွေးတွေ မြို့ရွာအနှံ့မှာ စွန်းထင်းပေကျံ ခဲ့ကြရတာ… သူတို့ရဲ့ အသက်တွေကို ပစ်စလက်ခတ် စွန့်လွှတ်ခဲ့ကြရတာဟာ…
    “ငါတို့ဖာသာ ငါတို့ သေချင်လို့သာ သေကြရတာပါလား” လို့ တွေးပြီး တနုံ့နုံ့ခံစား ယူကြုံမရ ဖြစ်သွားကြမှာကို စိုးရိမ်မိတာပါပဲ ရီတာရေ…
    ခင်တဲ့
    ကိုလူထွေး
    ReplyDelete
  29. ခုပဲ ဖတ်ပီးသွားပြီ၊ ငိုလိုက်ရတာ၊ ဘာကို ငိုချင်မှန်းကို မသိပဲ မျက်ရည်တွေအလိုလို ကျလာတာ၊ ၈၈ တုန်းက ခရေဖြူက ၂တန်း၊ အိမ်ရှိလူကုန်ထွက်ကြတာ။ အမတွေအကိုဝမ်းကွဲုတွေက တက္ကသိုလ်ကျောင်းသားတွေ ဆိုတော့ တယောက်တလက် ဝိုင်းကူကြတာ အရမ်းကို အားရှိစရာ၊ ခုများတော့ အဲဒီလူတွေပဲ သွားပြန်မေး "ထားလိုက်စမ်းပါ စားဖို့တောင်အနိုင်နိုင် တဲ့"
    ReplyDelete
  30. ကိုလူထွေး / ကိုပေါ
    တကယ်တမ်း ကျွန်မက ဝေဖန်ရတာ ငြင်းခုန်ရတာကို အတော် စိတ်အားထက်သန်တယ်။ အဲဒါ လုပ်ဖို့များဆို ဘယ်တော့မှ မပျင်းဘူး။ ကိုပေါ ပိုသိပါလိမ့်မယ်။
    ဒါပေမဲ့ ဒီ post မှာတော့ ကျွန်မက ဝေဖန်မိတယ်လို့ ကိုယ့်ကိုယ်ကိုယ် မထင်ဘူး။ ကျွန်မ အမြင်ရယ်၊ ကျွန်မဘက်က အနေအထားရယ်ကိုသာ ပြောလိုက်မိတယ်။ ဒါပေမဲ့ မြင်တာကိုပြောတာ ဝေဖန်တာပဲလို့ ပြောမယ်ဆိုလည်း ပြောလို့ရပါတယ်။ ကျွန်မကတော့ စရေးတည်းက ဝေဖန်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တော့ မပါခဲ့ဘူး။ ထားပါ။ ဝေဖန်ရမယ်ဆိုလဲ ဝန်မလေးပါဘူး။
    ကိုလူထွေးရေးတဲ့ နောက်ဆုံးနားက စာကြောင်းကို ဖတ်မိတော့ ပြန်ရေးချင်လာတယ်။ စိတ်မကောင်းတော့ မဖြစ်မိဘူး။ ဘာလို့ဆိုတော့ ကျွန်မ ဒီလို မရည်ရွယ်ခဲ့လို့ပါ။ ကိုလူထွေးရေးတဲ့ စာကြောင်းဟာ တကယ်တော့ "ယူသော်ရ၏" ပုံစံမျိုးဝင်နေပါတယ်။
    ကျွန်မအနေနဲ့တော့ အသံကောင်းဟစ်တာကို အထင်မကြီးဘူး။ အဓိက ပြောချင်တာ ဒါပါပဲ။ ကျွန်မအနေနဲ့ အသံကောင်းဟစ်တယ်လို့ ယူဆရင် ဟင် တော့မှာပဲ။ ကိုလူထွေး ပြောတဲ့လူတွေ အနေနဲ့ အသံကောင်း မဟစ်ခဲ့ကြဘူး။ တကယ်ကို အနစ်နာခံသွားကြတယ် ဆိုရင် ကျွန်မပြောတဲ့ထဲမှာ အကျုံးမဝင်တော့ပါဘူး။
    အဓိက ကျွန်မကို ဒီစာရေးဖို့ လှုံ့ဆော်တဲ့ အကြောင်းတွေ ၁ ခုမက ရှိမယ်။ လတ်တလောကတော့ နောက်ကြည့်မှန်၊ ဆက်စပ်နေတာကတော့ ဘယ် blog မှာ ဖတ်ခဲ့မိမှန်း မသိတဲ့ စာသား...
    "If you choose to do something, then you shouldn't say it's a sacrifice, because nobody forced you to do it"
    ဆိုတာပါပဲ။ ဘယ်သူပြောတာလဲ ကျွန်မပြောဖို့ လိုသေးလား။ အဲဒီသဘောတရားကို God Father post မှာတောင် ဆွဲထည့်ခဲ့သေးတယ်။ ရေးချင်လွန်းလို့ပါ။ တကယ်တော့ ကျွန်မအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းတောင် အတော်ဝေးပါတယ်။ ကျွန်မရဲ့ စိတ်ဝင်စားမှုနဲ့ အနေအထားကို ဒီလောက်ဆို သိလောက်ပြီ။ အဲဒီစာကြောင်းကို သူပြောခဲ့တယ် ဆိုတဲ့ အတွက်တော့ ကျေနပ်မိတာ အမှန်ပဲ။
    ReplyDelete
  31. ဒါပေမဲ့ မဝေးသေးတဲ့ လတ်တလောအချိန်မှာ မဆုမွန်ရဲ့ blog မှာလို့ ထင်တယ်။ ကျွန်မတို့ generation, အင်ဂျင်နီယာ blogger တစ်ယောက် ရေးထားတဲ့ DASSK အပေါ် မြန်မာပြည်မှာနေတုန်းက သတင်းစာတွေက တဆင့် သူမြင်ခဲ့ရတဲ့ အမြင်ကို comment မှာရေးထားတာ ဖတ်ခဲ့ရတော့ ဒီလို ကိစ္စမျိုးဟာ ကိုယ် တယောက်တည်း မဟုတ်ပါလားလို့ ပိုသေချာခဲ့တယ်။ ကျွန်မသိသလောက်တော့ ကျွန်မတို့ gene တော်တော်များများ ဒီလို သဘောထားနေနိုင်တယ်။ ကျွန်မ အမြင်ဟာ ကျွန်မတို့ batch တွေကို ကိုယ်စားပြုတယ်လို့တော့ ကျွန်မ တပ်အပ် မပြောနိုင်ပါဘူး။ ဒါပေမဲ့ အတော်များများ အဲလို ဖြစ်မယ်လို့ ခန့်မှန်းမိတယ်။ (ကျွန်မ ခန့်မှန်းမိတာ မမှန်နိုင်ဘူး ဆိုရင်တော့ ဝမ်းသာစရာပဲ။)
    တချို့ကိစ္စတွေ ကိုပေါ ဘလော့ကို ဖတ်မိမှ သိလာရတာတွေ အများကြီးရှိတယ်။ စင်ကာပူ နိုင်ငံရေးပဲ ဖြစ်ဖြစ်၊ ဗမာ့အရေးပဲ ဖြစ်ဖြစ်... ဒါပေမဲ့ ကိုပေါ ဘလော့ကို ဖတ်ဖြစ်တာတောင် စဖတ်ကာစက နိုင်ငံရေးနဲ့ ဘာမှ မဆိုင်ဘူး ထင်လို့ ဝင်ဖတ်တာ။
    တကယ်လို့ တယောက်ယောက်ကများ ကိုပေါ နိုင်ငံရေးကြောင်းရေးတာတွေ သိပ်ကောင်းတယ် ဖတ်ပါလား လို့ ညွှန်းရင် လာဖြစ်မှာ မဟုတ်ဘူး။
    လာပြီး ဖတ်ပြီးတဲ့ နောက်မှာတော့ post အားလုံးကို ဖတ်ခဲ့ပါတယ်။ တော်တော်များများကို သေချာ ဖတ်ခဲ့ပါတယ်။ တခြားနိုင်ငံရေးအကြောင်းရေးတဲ့ ဆိုဒ်တွေတော့ ဝင်မကြည့်မိတာ များတယ်။ ဝင်လဲကြည့်မိရော အကြောင်းသိလူတစ်ယောက်ကို သူရဲကောင်းကြီးဟေ့ လို့ တင်ထားတာနဲ့ တိုးပါရောလား။
    ReplyDelete
  32. ခုပဲ ကိုပေါရဲ့ post အဟောင်းတစ်ခု (အသင့်ပြင်ထားရမယ့် အချိန်) http://kopaw07.blogspot.com/2009/08/blog-post_27.html ကို သတိရလို့ ပြန်ဖတ်မိတယ်။
    ကိုပေါ ယုံကြည်တာနဲ့ ကျွန်မ မြင်တာနဲ့ လုံးဝ ဆန့်ကျင်ပါတယ်။ ဘယ်သူမှန် ဘယ်သူမှားတာကို မသိပါဘူး။ တယောက်မှန်ရင် တယောက်မှားမှာပေါ့။ ကိုပေါအနေနဲ့တော့ ကျွန်မထက် ပိုပြီး ဝေးဝေး မြင်နိုင်ပါလိမ့်မယ်။
    ဒါပေမဲ့ ကျွန်မ ဆန္ဒကို ပြောပါမယ်။ ကျွန်မ မြင်တာ မှားပြီး၊ ကိုပေါ ယုံကြည်တာ မှန်စေချင်ပါတယ်။
    ReplyDelete
  33. ရှည်ရှည်ဝေးဝေး ပြန်လည် ရေးပြတဲ့အတွက် ကျေးဇူးတင်ပါတယ် ရီတာ။ တကယ်တော့ ရီတာလည်း ရွှေဥဒေါင်းကြီးလို ဆူးပေါက်သွားတာ ဖြစ်နိုင်ပါတယ်။း-)
    ဘာပဲဖြစ်ဖြစ် ရီတာ့ပို့စ်ကနေတဆင့် အတွေးပွားပြီး ကျနော် ပို့စ်အသစ်တပုဒ် တင်ထားပါတယ်။
    ReplyDelete
  34. http://chenaddy.blogspot.com/2009/12/comment-for-rita.html
    ReplyDelete
  35. ဒီပို့ စ်ကို ဖတ်ပြီး တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ ဒီလိုပုံစံနဲ့ တော့ ကျမတို့  တိုင်းပြည်လဲ ဘယ်တော့များမှ အကောင်းဖက်ကို ပြောင်းလဲလာနိုင်ပါ့မလဲ မသိဘူးနော်။
    အဓိက ကတော့ ဗဟုသုတ၊ အသိပညာ၊ သတင်းအချက်အလက်တွေ ပြည်သူတွေမရနိုင်အောင် မှိုင်းတိုက်ထားလို့ ပါပဲ။ နိုင်ငံရေး ဆိုတာ ဘာလဲ။ ဒီမိုကရေစီ ဆိုတာ ဘာလဲ။ မသိကြတဲ့သူ များပါတယ်။ သိအောင်လဲ ဘယ်သူမှ မသင်ပေး၊ ဘယ်မှာမှလဲ ရှာဖတ်လို့ မှ မရတာကိုး။
    မင်းကိုနိုင် တော်တယ်။ ကောင်းတယ်။ ကျမ တကယ် ချီးကျူးပါတယ်။ သူ့ ကို ဒီလို လုပ်တတ်အောင်၊ နေတတ် ထိုင်တတ်၊ စာတွေ ရေးတတ်အောင် ဘယ်သူ သင်ပေးခဲ့တာလဲ။ သူ ဘယ်မှာ သင်လာခဲ့တာလဲ။ သင်စရာ အချိန်ကော ရှိခဲ့ရဲ့ လား။ ကျမ စဉ်းစားလို့ မရပါ။ ဆယ်စုနှစ် နှစ်ခုအတွင်းမှာ အထဲမှာ သူနေခဲ့ရတဲ့ အချိန်တွေ ပိုများပါတယ်။ အခုထက်ထိ စိတ်ဓါတ် မယိမ်းယိုင်သေးတဲ့ အတွက် ကျမကတော့ သူ့ ကို ဘုရားလောင်းလောက် နီးနီး ကောင်းသေးတယ်လို့  ထင်မြင်မိပါတယ်။
    ဒီမှာ စာလာဖတ်သူ အားလုံးလဲ ငါတို့ နဲ့  မဆိုင်သလို ဘေးထွက်မနေကြပါနဲ့ ။ ဟင် မနေကြပါနဲ့ ။ လမ်းပေါ်မှာ ထွက်အော်ခိုင်းနေတာ မဟုတ်ပါဘူး။ ကိုယ့်နိုင်သလောက်လေး တိုင်းပြည်အတွက် အကျိုးရှိရာလေးတွေ လုပ်ပေးကြပါ။ ငါဘာများ လုပ်ပေးပြီးပြီလဲ စဉ်းစားကြည့်ကြပါ။ တယောက်ခြင်းစီက ပြုပြင်ပြောင်းလဲသွားရင် အကျိုးပြုလုပ်ငန်းလေးတွေ လုပ်သွားကြရင် စုပေါင်းရလဒ်တခု ထိထိရောက်ရောက် ဖြစ်လာနိုင်ပါတယ်။
    အလကား အငြင်းပွားနေမယ့် အစား ကောင်းရာ မွန်ရာလေးတွေ လုပ်ကြရအောင်လား ...
    ReplyDelete
  36. နိုင်ငံရေးစိတ်မဝင်စားလို့ အကုန်လုံး ပြန်ပမှာ ကျောင်းလာတက်၊ အလုပ်လာလုတ်ကြတာ မဟုတ်ဘူးလား? ပြောင်းလဲသွားပို့ တကယ်လုတ်ချင်တယ်ဆိုရင် ရွာပြန်ပြီး ထိထိရောက်ရောက်လုတ်ကျပေါ့။ ပြည်ပကနေ အသံကောင်းဟစ်နေရုံနဲ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။
    SM
    ReplyDelete
  37. သြော်..ဒုက္ခထုပ် ကိုမနေနိုင်မထိုင်နိုင်ဖွင့်ကြည့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေပါရော့လားကွယ်..
    မထင်ရပါလား ရီတာရယ်
    ReplyDelete
  38. ခများ စစ်သားမယားပဲဖြစ်ရမယ်.ဟုတ်???
    ReplyDelete
  39. ရီတာကဲ့သို့သော သူများကဲ့သို့ စာဖတ်သူ. စာရေးသူများ အများအပြားရှိပါသည်။ သူမကဲ့သို့ မထုတ်ဖော် ရဲ အချင်းမများချင်၍ ဖြစ်ပါသည်.
    အခုတောင် စစ်သားမယားဖြစ်ရမယ်ဟု ပြောသည်ကို ကြည့်ပါလေ..
    ထို့ကြောင့် နိုင်ငံရေး မရေး မဖတ် လက်ရှောင်သည့်သူများ အများအပြားရှိပါသည်။
    ကျနော်တို့စာဖတ်သူအများစု သည်လည်း နိုင်ငံရေးဆိုပီး လေတိုက်ပွဲဆင်နေသည်များကို ကြုံရဖန်များသည်ကတကြောင်း ကိုယ့်အမြင် သူ့အမြင်မတူယုံနှင့် ရွဲ့ကာတဖုံ စောင်းကာတမူနှင့် ရိုင်းစိုင်းရင့်သီးသော စကားလုံးများကို သုံးစွဲသည်ကို တွေ့ရှိရသောကြောင့်တကြောင်း အဆိုပါနိုင်ငံရေးဆိုဒ်များတွင်ဝင်ရောက်ပြောဆိုရေးသားခြင်းမရှိသူအများဒုနဲ့ဒေးဖြစ်ပါကြောင်း။
    ReplyDelete
  40. နောက်တစ်ခုက လတ်တလောလူတွေရဲ့ နည်းပရိယာယ်က အင်မတန် ထိရောက်တယ်။ သူတို့ နည်းဗျူဟာတွေက အတိုင်းအတာ တစ်ခုအထိကို ဖြစ်မြောက်တယ် ဆိုရမယ်။ ကျွန်မတို့တွေ (အတော်များများ) မှာ ကိုယ့်အရေး ကိုယ့်ကိစ္စကလွဲလို့ စိတ်မဝင်စားတော့လောက်အောင်ထိ ဖြစ်မြောက်တယ်။ ကျွန်မ ဒီ post ကို ဒီပုံစံနဲ့ ဘာလို့ ရေးလဲဆိုတော့ သိစေချင်လို့ပါ။
    ကိုယ့်အဆင့်ကို သိစေချင်လို့ကို တမင်ရေးလိုက်တာ။
    တော်ကြာ မြန်မာတွေ အားလုံး အရေးတော်ပုံကြီးမှာ အာရုံဝင်စားလို့ မကြာမီပဲ အရာအားလုံးပြောင်းလဲကုန်တော့မယ်လို့ အိပ်မက်မက်နေကြ မစိုးလို့။
    စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြတဲ့လေ။
    ဟိုလူ့ အပြစ်ပြော၊ ဒီလူ့ အပြစ်ပြောနဲ့ မောလှပါတယ်။
    ပြောမှသိ၊ ထိမှနာတာမျိုး မဟုတ်ပဲ လူသားဆန်စွာ
    ကိုယ်မခံရပေမဲ့ ခံနေရတဲ့ ပြည်တွင်းက သန်းပေါင်းများစွာကို စာနာပြီး အော်ဟစ်ပေးနေသူတွေကို ကျေးဇူးတင်ရမှာပါပဲ။ သူတို့လုပ်ပုံ ကိုင်ပုံ စနစ်မကျလို့ အပြောင်းအလဲအကြီးအမားမရှိခဲ့သေးရင်တောင် အနဲဆုံးတော့ စောင့်ကြည့်အော်ဟစ်နေမှန်းသိပြီး
    တစတစ မသိမသာပြောင်းလဲ အလျော့ပေးနေရတာတွေ ရှိလာနေပါတယ်လေ။
    ReplyDelete
  41. ဖြိုးအောင်December 7, 2009 at 7:26 AM
    မရီတာ.. ပွင့်လင်းမှုကို လေးစားပါတယ်ဗျာ..
    ဒါပေမဲ့ စိတ်မကောင်းဘူး..နောက်ပြီး ရီတာကဲ့သို့သော စာဖတ်သူ စာရေးသူအများအပြားရှိပါသည် ဆိုတဲ့ Anonymous ပြောတာကိုလဲ နားလည်လက်ခံပါတယ်။ ကျွန်တော့် အမြင်ပြောရရင်တော့ နိုင်ငံရေးဆိုတာ နိုင်ငံသားတိုင်းရဲ့ အရေးလို့ထင်မိပါတယ်။ ကျွန်တော့်အသက် ၂၂နှစ်ပါ။ မြန်မာပြည်မှာတုန်းက နားမလည်ခဲ့တဲ့ နိုင်ငံရေးကို နိုင်ငံခြားရောက်မှ ဘလော့ဂ်ပေါင်းစုံဖတ်ပြီး ရေးတေးတေး နားလည်လာတယ်။ ပြီးတော့ ကျနော်တခုခုတော့ နိုင်ငံအတွက် လုပ်ပေးချင်လာတယ်။ ဘာမှလုပ်မပေးနိုင်သေးတဲ့ အတွက် လိပ်ပြာမလုံသလို တခါတခါခံစားရတယ်။
    လုပ်နေတဲ့သူတွေ တွေ့ရင် သူတို့အလုပ်ထက် အပြောကြီးတယ်ထင်မိရင်တောင် အပြစ်မတင်ရက်ပါဘူးဗျာ..ကိုယ်လဲ ထိုက်သင့်တဲ့ အရွယ်၊ ထိုက်သင့်တဲ့ ပညာ ရှိနေပြီမို့ ကိုယ့်ဦးနှောက်နဲ့ စဉ်းစားဆင်ခြင်ပြီး ခုနေ အကျိုးမပြုနိုင်သေးတောင် တချိန် ကိုယ့်တိုင်းပြည်အကျိုးပြုလုပ်ငန်း တခုခု လုပ်နိုင်ဖို့ အားတင်းမိပါတယ်။
    ReplyDelete
  42. "ဘာမှပြောင်းလဲမလာမယ့်အတူတူ ညဘက်ကျမှ ကိုယ် ဝှစ်ကနဲပျောက်သွားပြီး မပြန်လမ်းကိုမမြန်းချင်ဘူ"
    "ကိုယ်သူများတွေအတွက် အလုပ်လုပ်လို့ ကိုယ့်အတွက် ကိုယ့်လုံခြုံမှုအတွက် ဘာမှအာမခံချက်မရှိဘူး"
    "အထဲမှာ တုံးက ချီးတောင်အသံကျယ်ကျယ်မပေါက်ခဲ့ကြဘူးလေနော့"
    အန်တီချမ်:၏ အထက်ပါ စာသားများကို အလွန်ထောက်ခံပါတယ်
    ReplyDelete
  43. အမရေ...
    ကောမန့်တွေကော အားလုံးကိုကော အမစာကော ဖတ်သွားပါတယ်။ လူတိုင်းဟာ ကိုယ်မှန်မယ်ထင်ရင် ရေးပိုင်ခွင့်ရှိပါတယ်။ ဒါဟာ လူလွတ်လပ်ခွင့်ပါ.. ဒါပေမဲ့ အမ သတိထားစေချင်တာက တိုင်းပြည်အတွက် အမထင်သလိုမဟုတ်ပဲ အသက်တကယ်ပေးခဲ့ရတာတဲ့လူတွေလဲ အပုံတပင်ကြီးပါပဲ။ ဒါလေးတော့ မမေ့စေချင်ပါဘူး။ ကျနော်အသက်ဟာ အမတို့ထက်စာရင် တော်တော်ငယ်နိုင်ပါတယ်။ ကျနော် ၈၈ တွေ မကြုံခဲ့ရဘူး လူတွေရဲ့ဒုက္ခကို ကိုယ်တိုင် တွေ့ကြုံမရင်ဆိုင်ခဲ့ရဘူး ဒါပေမဲ့ တိုင်းပြည်အတွက် တကယ့်ကို လုပ်ဆောင်သွားတဲ့လူတွေကို လေးစားတယ်။ ဥပမာ DASSK,MKN တို့လိုမျိုးပေါ့
    လေးစားလျက်
    တောင်ပေါ်သား
    ReplyDelete
  44. အင်း..ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် ဖြစ်တော့မယ်..
    တချို့နိုင်ငံတွေမှာ ဆန္ဒပြသူတွေကြားမှာ အစိုး၇ဘက်က သူလျှိုလွှတ်ထားတတ်တယ်။ လူထုစိတ်ပျက်၇ွံရှာအောင်
    အပြုအမူ အပြောအဆိုတွေ လုပ်ပြလေ့ရှိတယ်။
    ဘလော့ဂ်တွေထဲမှာလဲ ဒီမိုကရေစီအရေးကြိုးစား နေသူတွေကို အချင်းချင်းမညီညွတ်အောင် လူတွေစိတ်ပျက်အောင် ရင့်သီးကြမ်းတမ်းတဲ့ စကားလုံးတွေ တမင်ဟန်ဆောင်သုံးနေသူတွေ ရှိပါတယ်။
    မီဒီယာကို မီဒီယာနဲ့တိုက်မယ်လြို့ ပြောထားပြီးသားပါ။
    ဘယ်လောကမှာ မဆို အဆိုးနဲ့အကောင်း အဖြူနဲ့အမဲ
    ရှိကြစမြဲပါ။ အရှိကို အရှိအတိုင်း ရေးသားရဲတဲ့ စာရေးသူကို အမှန်ကိုအမှန်အတိုင်း မြင်တတ်ပါစေလို့
    ဆုတောင်းပါတယ်။ စာရေးသူတယောက်ထဲနဲ့ တိုင်းပြည်ကို ထူထောင်ဖို့ မဖြစ်နိုင်ပေမဲ့ ပညာတတ်၊ ရဲရင့်ထက်မြက်သူတယောက်မို့ တိုင်းပြည်ရဲ့ အမာခံအင်အားတခု ဖြစ်လာနိုင်မယ်ယုံကြည်ပါတယ်။
    ReplyDelete
  45. မရီတာရေ...
    မကေ ရဲ့ ME GENERATION ကိုဖတ်ပြီးမှ ခင်ဗျားဆီ ရောက်လာတယ် ။ မကေ ဘာကို ဆိုလိုချင်တာလဲ သိချင်လို့ပါ ။ ခင်ဗျားရဲ့ ဒီပိုစ့်ကို ဖတ်လိုက်မိတော့မှဘဲ ခင်ဗျားရဲ့တွေးခေါ်တတ်ပုံလေးတွေကို အတော်လေး စိတ်ပျက်မိတယ် ။
    (ခင်ဗျား နဲ့ ကျွန်တော်ဟာ Same Generation တွေ ဖြစ်လိမ့်မယ်..။)
    ReplyDelete
  46. ဟုတ်တယ် အဲဒီလို ဘာက တွေးခေါ်စေခဲ့တာလဲ ဆိုတာ သိရင် ပိုပြီး စိတ်ပျက်မိလိမ့်မယ်။ စိတ်ပျက်စရာတွေ ရှိတယ် ဆိုတာ သိစေချင်လို့ ရေးတာ သိသွားတယ် ဆိုရင် ရည်ရွယ်ချက် အထမြောက်ပါတယ်။
    လင်းဒီပ က ကိုယ်နဲ့ same generation ဖြစ်လောက်တဲ့သူ ဖြစ်ပြီး ကိုယ်နဲ့ မတူတဲ့ အတွေးအခေါ်ရှိတယ် ဆိုရင် တကယ်ပဲ ဝမ်းမြောက် မိပါတယ်။
    ဒါ ခုမှ ပြောတဲ့လူ ပေါ်လာလို့ ပြန်ပြောတဲ့စကား မဟုတ်ပါဘူး။ ကိုယ်လို လူမျိုးတွေ ကိုယ်တို့ gene မှာ မရှိဘူးဆိုရင် ဝမ်းသာစရာ ဖြစ်ပါတယ်လို့ အပေါ်က ကွန်မန့်တွေထဲမှာ ကိုယ် ပြောခဲ့ပြီး ဖြစ်ပါတယ်။
    ဒါပေမဲ့ ကိုယ်လို လူမျိုးတွေ နောက်ထပ် ရှိသေးတာကိုလည်း မမေ့ပါနဲ့။ အဲလို လူမျိုးတွေက နောက်ထပ် "ဟင်" တွေမလာအောင် ကြိုးစားနိုင်ကြပါစေ။
    အဲဒီအခါမှာ အဲဒီ "ဟင်" တွေက အင်အားတစ်ရပ် မဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ အဲဒါတွေဟာ potential တွေ ဖြစ်တယ်။
    ReplyDelete
  47. from Min Suu Mon
    sender-time Sent at 6:35 PM to ammk6480@gmail.com
    date Mon, Dec 7, 2009 at 6:35 PM
    subject post comment from Ma Su Mon
    မရီတာ..
    ညီမရေးထားတဲ့ ဒီပို့စ်လေးကိုရော စာဖတ်သူတွေရဲ့ ကော်မန့်တွေ ကိုရော ဖတ်ပြီးတော့ အကြာကြီး စဉ်းစားပြီးမှ. စိတ်မကောင်းတော်တော်ဖြစ်မိလို့ ဒီကော်မန့်လေးကို ရေးဖြစ်တယ်. ၉၆ဒီဇင်ဘာမှာ မရီတာက အဲ့လူအုပ်တွေထဲက စကားလေးတစ်ခွန်းနဲ့ ဟင် သွားခဲ့တဲ့အချိန်နဲ့ တပြိုင်တည်းမှာပဲ အဲ့ဒီ့ ၉၆ ဒီဇင်ဘာက ကျွန်မ အတွက် ယုံကြည်ချက် ခံယူချက် ရပ်တည်ချက် တွေအကုန်လုံး ပြောင်းလဲအောင် လုပ်ပေး နိုင်ခဲ့ တယ်။ ကျွန်မ ပထမနှစ် တက်ခါစ လဲဖြစ်တယ် ကျွန်မတို့မိသားစုထဲမှာ ပထမဆုံး တက္ကသိုလ် တက်ခွင့် ရတဲ့ သမီးလဲဖြစ်တယ် ကျွန်မ ရည်ရွယ်ချက် က တက္ကသိုလ်မှာ ကျူတာ ဆရာမ ဖြစ်ချင်ခဲ့တာ. ..ဒါပေမယ့် အဲ့၉၆ကစပြီး ကျွန်မရဲ့ မျက်စိရှေ့မှောက်မှာတင် ဆန္ဒပြ နေတဲ့ ကျွန်မတို့ သူငယ်ချင်းတွေ စစ်ဖိနပ်အောက်မှာ သံတုတ်တွေရဲ့ ရိုက်ချက်အောက်မှာ အတုံးအရုံး အလဲလဲ အပြိုပြို နဲ့ သွေးမြေ ကျခဲ့ရတာတွေကို မြင်လိုက် ကတည်း က ကျွန်မ တို့ဘာလုပ်ရမယ်ဆိုတာ ပိုသိလာတယ်။ နောက်လာမယ့် မျိုးဆက်သစ် တွေက ကျွန်မတို့ ကို နောင်တစ်ချိန်မှာ လူကြီးတွေ မကောင်းခဲ့လို့ ငါတို့ ဒီလိုဖြစ် နေရတာပါလို့ အပြစ်မဆိုနိုင်အောင် ငါတို့ ခေတ်မှာ ပြောင်း ပေးနိုင်ရမယ်လို့ ကြိုးစားခဲ့တယ်။
    ReplyDelete
  48. from Ma Su Mon
    ရွှေဝါရောင်တော်လှန်ရေးမှာ လမ်းပေါ်ထွက်လာပြီး မိုးထဲရေထဲမှာ သံယာတွေကို လက်ချိတ်ပြီး ကာပေးတဲ့ ကလေးတွေဟာ အလွန်ဆုံးရှိမှ ၁၅ ၁၆ ကလေးတွေ ...သူတို့တွေက လွတ်လပ်မူကို ငတ်မွတ် လွန်းလို့ လူလိုနေချင်လို့ နေရမလားလို့ လမ်းပေါ် ထွက် တောင်းဆိုခဲ့တာ ကျွန်မတို့ အရှေ့က လူတွေ တာဝန်မကျေပေးနိုင်သေးပေမယ့် သူတို့က တာဝန်သိသိနဲ့ သူတို့အတွက် ဘာမှ မရနိုင်မှန်း သေနိုင်မယ်မှန်းသိလို့ သမိုင်းပေး တာဝန်ကို သူတို့ကိုယ်ပိုင် အသိစိတ်နဲ့ လက်ဆင့်ကမ်းတာလို့ ကျွန်မယုံကြည်တယ်။
    နောက်ပီး ထောင်ထဲကို ၀င်ရတဲ့ နိုင်ငံရေး သမား တိုင်းဟာ ဘယ်သူမှ စတိုင်လ် ထုတ်ပြီး ၀င်ချိန်။ စတိုင်လ်ထုတ်ပီး ၀င်ခွင့်ရခဲ့ကြတာတော့ ကျွန်မ တစ်သက် မကြားမိသေးဘူးရှင်။ စစ်ကြောရေး စခန်းမှာ သေလုမျောပါး အရိုက် အနှက် ခံရပြီးမှ မျက်နှာကို အ၀တ်စီးပြီး ညနက်သန်းခေါင်ရောက်မှာ ထောင်ထဲ ကို အလဲအလဲ အကွဲကွဲ ရုပ်ပျက်ဆင်းပျက် သေလု မျောပါး ပို့လိုက်ကြတာချည်းပါပဲ။ နောက်ဆုံး ထောင် ချရင် တောင် ထောင်ထဲမှာ လူမသိ သူမသိ စစ်ခုံရုံး တင်ပီး ချပစ်တာချည်းပဲ..ဒါက ကျွန်မ ကိုယ်တိုင် အသက် ၁၉နှစ်မှာ အရိုက်အနှက်ခံပြီး ထောင်ကျခဲ့လို့ ကိုယ်တိုင်သိခဲ့တဲ့ အဖြစ်အပျက်ပဲ..
    ReplyDelete
  49. ကျွန်မယုံကြည်တာကတော့ နိုင်ငံကို ပြောင်းလဲအောင် ထောင်အကျခံ ဖမ်းဆီးနှိပ်စက်ခံပြီး လုပ်ပေးနေတဲ့ နိုင်ငံရေးသမားတွေဟာ..အဲ့ဒီ့ ကိုမင်းကိုနိုင်ရေးထားတဲ့ နောက်ကြည့်မှန်ဝတ္တုထဲက လို မသိလို့ ဖွင့်ကြည့်မိတာထက် ဒုက္ခဆိုတာကို သိနေရင်းနဲ့ကို အဲ့ဒီ့ဂုန်နီအိတ်ထဲမှာ ထည့်ထားတဲ့ ဒေါသထွက်နေတဲ့ ခွေးရှိနေမှန်း သိသိနဲ့ ကိုယ်တိုင် အကိုက်ခံပြီး တခြားသူတွေ အကိုက်မခံရအောင် လယ်ကွင်း လည်ခေါင်မှာ ကိုယ့်အသက်ကယ်နိုင်မယ့် အပင်တစ်ပင်မှာ မရှိပေမယ့် တက်ပြေးစရာမရှိမှန်း သိသိနဲ့ အဲ့ခွေးကို သတ်ဖို့ ကြိုးစားတဲ့သူတွေလို့ မြင်ပါတယ်။
    မရီတာ တင်ထားတဲ့ ၀င်းဝင်းထဲကလို သတ္တိနှင့် တဖက်သားအပေါ် စဉ်းစား ချင့်ချိန်နိုင်စွမ်းတို့ ဟန်ချက်ညီညီနဲ့ မတရားတဲ့ ဘက်တွေကို တရားတဲ့ဘက်ကနေ ကျော်လွန်ပြီး ကြည့်နိုင်ပါစေလို့ ..ဆုတောင်းတယ်..
    မဆုမွန်
    ReplyDelete
  50. အင်မတန်မှ ကျေးဇူးတင်မိပါတယ် မဆုမွန်။
    ဒီစကားကို ရင်ထဲကနေ ပြောပါတယ်။
    မဆုမွန် စကားတွေကလည်း ရင်ထဲက လာမှန်း ခံစားလို့ ရပါတယ်။
    ဘာမှ ထပ်ပြောဖို့ မလိုအောင်ပါပဲ။ ကျေနပ်မှုနဲ့ပါ။
    တခုလေးပဲ မဆုမွန် မသိခဲ့ဖူးတာလေး ပြောချင်ပါတယ်။
    အရိုက်အနှက်ခံလို့ အထဲဝင်ရတယ် ဆိုတာ BG မရှိတဲ့သူ အစစ်အမှန်တွေ ဖြစ်မှာပေါ့ မဆုမွန်။
    ပိုက်ဆံရှိရင် စတိုင်လ်လုပ်ပြီး ဝင်လို့ ရနိုင်တာပေါ့။ ဒီခေတ်မှာ မရနိုင်ဘူးဆိုတာ ရှိလို့လား။
    ဒါကြောင့် ကျွန်မ ကြိုပြောပြီးသားပါ။ ကျွန်မ ဒီလိုပြောရင် ဘယ်သူ လက်ခံမလဲလို့။ ပြောမယုံ ကြုံဖူးမှသိ။ စတည်းကမှ ကိုယ့်ဘာသာပဲ စိတ်ဝင်စားတတ်တဲ့ အခြေခံမှာ ဒါမျိုးတွေ ကြုံလာရတော့ ဟင် ပြီးရင်း ဟင်မိတာ ကျွန်မ လွန်တာပဲ ဖြစ်မှာပါ။
    comment အတွက် ကျေးဇူးတင်လိုက်တာ မဆုမွန်။
    ReplyDelete
  51. အဲ မဆုမွန် ပြန်ဖတ်နေရင်းနဲ့ "စတိုင်လ် လုပ်ဝင်တယ်" ဆိုတာကို နားလည်မှု တမျိုး ဖြစ်နေလားလို့။
    ထောင်အတွင်းထဲ ဝင်တဲ့အခိုက်အတန့်လေးမှာ မော်ဒယ်ရှိုးလျှောက်သလို၊ ဓါတ်ပုံအလှ ရိုက်ခံသလို ကျော့ကျော့မော့မော့လေး ဝင်သွားတာကို ပြောချင်တာ မဟုတ်ဘူးနော်။
    ကျွန်မ ဆိုလိုတာ ဝင်သွားတဲ့ အခိုက်အတန့်လေးကို ဆိုလိုတာ မဟုတ်ဘူး။
    အဲဒီ အဖြစ်ကို စတိုင်လ် တစ်ခုအနေနဲ့ ခုတုံးလုပ် နာမည်ကြီးလိုခြင်းကို ပြောတာ။ အထဲမှာ ဆင်းရဲတယ် ဆိုတာ အပြင်မှာ အခိုင်အမာရှိတဲ့လူတွေ အတွက် မဟုတ်ဘူးလေ။
    ReplyDelete
  52. တိုင်းပြည်ကြီးက တကယ်လမ်းချော်သွားနေရင် ကျနော်တို့တွေ အားလုံးဝိုင်းဝန်း တည့်မတ်နိုင်တယ်။ ဒါပေမယ့် အဲ့ဒီတိုင်းပြည်မှ ရှိတဲ့လူတွေရဲ့ အတွေးအခေါ်တွေ ချော်သွားရင်တော့ အဲ့ဒီတိုင်းပြည်ကြီးက သွားပြီ။
    ReplyDelete
  53. တိုင်းပြည်ဆိုတာ သက်မဲ့ပဲ။ လူတွေနေတဲ့နေရာကို ပညတ်ထားတာလေ။ သူ့ဘာသာ ဘယ်လိုလုပ်ချော်မှာလဲ။ လူကလုပ်မှသာ ချော်တော့မှာပေါ့။
    ခုပဲကြည့်။ အတွေးအခေါ်က ချော်တောငေါ့နေပြီ။
    ReplyDelete
  54. မှားသွားတယ်။ နားမှမလည်တာ။ ပြောနေလို့လဲ အပိုပဲ ဖြစ်မှာပဲ။ ကြောက်ကန်ကန်နေတယ်ဆိုတာ ကွန်မန့်တွေကို ဖတ်ကြည့်ရင်သိသာတယ်။
    ReplyDelete
  55. ကြောက်မှတော့ ဘယ်သူဆိုတာ သိသာအောင် ဓါတ်ပုံနဲ့တကွ တင်ထားပါ့မလား။ profile ကို ကြည့်မရအောင် လုပ်ထားမှာပေါ့။
    ကိုယ့်စကားကို ဘယ်ရောက်လို့ ရောက်တယ် ဆိုတာ သိဖို့ကောင်းတယ်။ ဝေါဟာရတွေ နားလည်အောင် လုပ်ပြီးမှ လာရေးပါ။
    comment အတွက် အမြဲတမ်း welcome
    အယူအဆမတူတာကို ပြန်မငြင်းနိုင်ရုံနဲ့ လမ်းကြောင်းလွှဲပြီး မခံချင်အောင် ပြောတဲ့နည်းတွေက ရိုးနေပြီ။ လမ်းလွှဲပြောတိုင်း ကိုယ်က လမ်းလွှဲပြီး လိုက်မယ် မထင်နဲ့။
    နားမလည်ဘူး ထင်လို့ မပြောချင်လဲ သဘောပါပဲ။
    မပူနဲ့။ ပြောချင်နေတဲ့ လူတွေ အများကြီး ကျန်သေးတယ်။ ကိုယ်တင်တဲ့ ခေါင်းစဉ်အောက်ကတော့ ဖြစ်ပါစေ။ ဘာလာပြောပြော ပြောလို့ရတယ်။
    ReplyDelete
  56. ယောက်ျားနာမည် နာမ်စားသုံးပြီး မိန်းမလို မိန်းမရ မဆိုင်တာတွေတော့ လာမပြောနဲ့။ ဝေါဟာရတွေလဲ ဝါးတားတားနဲ့ ရောမချနဲ့။ စကားလုံးကျွမ်းကျင်မှ လက်ရည်ညီမှ ပြောလို့ ဆိုလို့ ကောင်းတယ်။
    ReplyDelete
  57. နောက်ပိုင်း post နဲ့ ဘာမှ မဆိုင်တဲ့ comment လာရင် ဖျက်ပစ်ပါမယ်။ ပထမဆုံး တစ်ခု ဖျက်ပစ်လိုက်ပါပြီ။
    ReplyDelete
  58. မရီတာ၏ သဘောထားအမြင်ကိုပွင့်လင်းစွာဖော်ပြထားမှုကို လေးစားပါသည်။ မှန်ပါသည် လူဆိုတာအမြင်မတူနိုင်ပါဘူး။ တခြားသူကသူရဲကောင်းထင်ပေမယ့် ကိုယ့်အတွက်တော့ သာမန်လူဘဲ ဖြစ်ခြင်ဖြစ်နေတတ်တာဘဲလေ သူများတွေအတွက်အမှန်ဖြစ်နေပေမယ့် ကိုယ့်အတွက်ကြတော့ အမှားဖြစ်ခြင်လဲဖြစ်နေတာဘဲ ကိုယ်ကြုံတွေ့တာ ကိုယ့်ပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး ကြုံခဲ့ရတာတွေကြောင့် အစွဲလည်းဖြစ်ခြင်ဖြစ်နေတတ်တာ လူ့သဘာဝပါဘဲ လူသားဆန်တာပါ လူသားဆန်တာအပြစ်မဟုတ်ပါဘူး
    ReplyDelete
  59. လူဆိုတာ မည်သည့်အကြောင်းကိစ်စရပ်မဆို ပါဝင်ခြင်စိတ်ရှိခြင်လည်းပါဝင်ခွင့်ရှိပါတယ် မပါဝင်ခြင်လည်းနေလို့ရပါတယ် အခြေအနေအကြောင်းကြောင်းကြောင့် ကိုယ်တိုင်ဘဲမသိလိုက်ရဘဲ ပါဝင်တာလည်းရှိသလို အတင်းအကျပ်တိုက်တွန်းလို့ ပါဝင်ရလည်းရှိပါတယ် အတင်းအကျပ်တိုက်တွန်းလို့ တစ်ခါတည်းလှည့်မကြည့်ခြင်လောက်အောင် ဖြစ်တတ်တဲ့သဘာဝလည်းရှိပါတယ် နိုင်ငံ့အရေးလုပ်ဆောင်ရာမှာလည်း နာမည်ကြီးတွေလည်းသိစရာမလိုပါဘူး တချို့ကဒါတွေသိမှ လူရာဝင်တယ်လို့ထင်တဲ့ လူတွေလည်းရှိပါတယ် လူတိုင်းကိုယ့်အတ္တကိုမစွန့်နိုင်တာ သဘာဝပါ တချို့ကြတော့လည်း သူရဲကောင်းကိုးကွယ်မှုဆန်ဆန် ကိုယ်လေးစားတဲ့သူကို ပေါ့ပျက်ပျက်ပြောကြရင် မကြိုက်ခြင်ကြဘူး သူလေးစားတာနဲ့ ကိုယ်တန်ဖိုးထားတာလဲ တူခြင်မှတူတာကိုး တချို့ကတော့ စံနှုန်းတွေ ပေတံတွေ တကိုင်ကိုင်နဲ့ တိုင်းနေသူတွေလည်းရှိမယ် မတူရင်ပြောင်းလဲအောင် အတင်းတိုက်တွန်းတာမျိုးလည်းရှိသလို ချော့ပြောတာလဲရှိပါတယ် ပေတံဇောင်းတွေပွန်းတာဘဲအဖတ်တင်မယ် ကိုယ့်ဝေဖန်ပိုင်းခြားစိတ်ရှိရင်ရှိသလို ပြောင်းလဲဖို့မလိုဘူးလို့ ယတိပြတ် ဆုံးဖြတ်ထားသူတွေလဲရှိပါတယ် လိုအပ်မှပြောင်းလဲမယ်ဆိုတဲ့လူလည်းရှိပါတယ်
    ReplyDelete
  60. မရီတာရဲ့ မှန်ကန်တဲ့တွေးခေါ်မှုကိုလည်းတွေ့ရတယ် (မြန်မာတွေ အားလုံး အရေးတော်ပုံကြီးမှာ အာရုံဝင်စားလို့ မကြာမီပဲ အရာအားလုံးပြောင်းလဲကုန်တော့မယ်လို့ အိပ်မက်မက်နေကြ မစိုးလို့။) ပြောလိုက်တာ တချို့အတွက်နားခါးပေမယ့် ခါးသီးတဲ့ အမှန်တရားတစ်ခုဆိုတာသိလိုက်ရတယ်။ လူပုဂ္ဂိုလ်တွေအပေါ် မှီခိုလွန်း သူရဲကောင်းဆန်ဆန် အားကိုးလွန်းတဲ့ ဓလေ့ကိုမီးမောင်းထိုးပြထားတာတွေ့ရတယ် နောက်တော့မှ ကိုယ်သူရဲကောင်းထင်ထားတဲ့သူက ကိုယ်ထင်သလိုမဖြစ်လာတဲ့အခါ မရီတာလို ဟင်ခနဲ ဖြစ်လိမ့်မယ်။ ခုကတည်းသူရဲကောင်းဆန်ဆန် ပြောဆိုမှုတွေကိုဆင်ခြင်ပြီး အားကိုးလွန်းတာတွေ လျော့ချပြီး နိုင်ရာအခန်းက ၀ိုင်းဝန်းပြီးတက်ညီလက်ညီလုပ်သင့်ပြီဆိုတာလူတွေ သိသင့်ကြပါပြီ.. ခေါင်းဆောင်ကိုမှီခိုလွန်းတာလဲ လျော့သင့်ကြပါပြီ ခေါင်းဆောင်တယောက်တည်းမှီခိုလွန်းလို့ နိုင်ငံအခုထိမကောင်းတာပါ နိုင်ငံရေးသမားတိုင်း ဘုရားအလောင်းမဟုတ်သလို စစ်အစိုးရကလူတိုင်းလဲ လူဆိုးမဟုတ်ပါဘူး အများမိုးခါးရေ သောက်လို့ ကိုယ်မသောက်တိုင်းတော့ မှားနေတာတော့မဟုတ်ပါဘူး။
    ReplyDelete
  61. ကျွန်တော်တို့နိုင်ငံမှာ မရီတာပြောသလို ကိုယ့်ဒုက်ခထုတ်ကိုယ်ဖွင့်ပြီး တိုင်းပြည်ချစ်တဲ့သူတွေရှိနေတာ ဂုဏ်ယူစရာပါဘဲ။ ဒီပိုစ့်ရယ် comment တွေရယ်ကိုဖတ်ရတာအမြင်တွေ အများကြီးရပါတယ် မရီတာရဲ့လူသားဆန်မှု ကိုထင်းကနဲတွေ့လိုက်ရတယ်။
    နောက်ဆုံးကတော့ ဒီစာအုပ်က copyright ရှိပါတယ် ကိုယ့်သဘောနဲ့ကိုယ် pdf လုပ်ပြီး share လုပ်ကြ ဖတ်ကြတာတော့ မကောင်းဘူးထင်တယ် ကိုယ့်ဒုက်ခကို ကိုယ်ဖွင့်ချထားတဲ့ လူတယောက်ရဲ့ အနုပညာ ချွေးနဲစာပါ ကိုယ့်ဝင်ငွေကိုယ်ရှိတဲ့ ပြည်ပရောက်နေသူတိုင်း စာအုပ်ကို စိတ်ဝင်စားရင် မှာကြားလို့ ရနိုင်ပါတယ် ပြည်တွင်းကဆိုရင်တော့ခြွင်းချက်ပါ ပြည်တွင်းမှာဖတ်ရင်လည်း တရားမ၀င်ပုံနှိပ်အက်နဲ့ ဖမ်းခံရနိုင်ပါတယ် ဒီစာအုပ်ကိုအလကားလွယ်လင့်တကူရလိုက်လို့ မရီတာစဖတ်စမယ် ပေါ့ပျက်ပျက် ဖြစ်မိတာ စိတ်ဝင်တစားမရှိတာဖြစ်နိုင်သလို ကိုယ်ခင်တဲ့ ပတ်ဝန်းကျင် ညွှန်းလို့ ဖတ်ဖြစ်တာလဲ ဖြစ်နိုင်ပါတယ်။ မရီတာရဲ့ ကောင်းမွန်တဲ့ဝေဖန်ပိုင်းခြားစိတ်ကို သဘောပေါက်မိပါတယ် ဒါပေမယ့် မရီတာကို ကြည့်ရတာ ပတ်ဝန်းကျင်လွမ်းမိုးမှုကို လွယ်လင့်တကူ လက်ခံလေ့ရှိတယ်ထင်ရတယ် ကောင်းတဲ့ ပတ်ဝန်းကျင်မှာသာ ပျော်နိုင် ကြုံတွေ့နိုင်ပါစေ……..
    ReplyDelete
  62. ကျွန်တော် ကော်မန့်တ်တွေ ဖတ်ရသလောက်တော့ နဲနဲလေး လမ်းလွဲနေတယ်လို့ ခံစားရပါတယ်။ အနှစ်ချုပ်ပြောရမယ်ဆိုရင်...နိုင်ငံရေးသမားတွေ အထင်မကြီးတာလဲ မမှန်သလို နိုင်ငံရေး မလုပ်သူတွေကို အထင်မကြီးတာ အဓိက မဟုတ်ပါ။ တရားမှုနဲ့ မတရား မှုကို မြင်တတ်ပြီ ဆိုရင် ပဲ တော်တော် ကို လူပီသ နေပါပြီ။ ကျန်တာတွေ ကျွန်တော်တို့ လူ့သဘာဝ တွေလို့ ယူဆလို့ ရပါတယ်။ တရားခြင်း မတရားခြင်းဆိုတဲ့ အဖြစ်တွေ ဒီနေ့ ကျွန်တော်တို့ သုံးသပ်လို့ရနေပါပြီ။လူတိုင်း မတရားမှု ကိုမြင်ပြီး တရားသောဘက်မှ တိုက်ပွဲကို အားပေးနိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
    ReplyDelete
  63. နိုင်ငံရေးဆိုတာကို စိတ်ကုန်လို့ဝင်မပါတာနဲ့ တိုင်းပြည်ကိုမချစ်ဖူးလို့တော့ မပြောသင့်ဘူးထင်ပါတယ်။ နိုင်ငံခြားရောက်သူအတော်များများ မျက်ဝါးထင်ထင်တွေ့ခဲ့ရတဲ့ စစ်အစိုးရရဲ့ ညင်းပန်းနှိပ်စက်မှုတွေကြောင့် တိုက်ဖျက်အမှုန့်ကြိတ်ချင်ကြသူကြီးပါပဲ။ ဒီတော့ နိုင်ငံရေးလုပ်နေသူတွေကို အားကိုးမိတယ်..။ ဒါပေမဲ့ ကိုယ်ယုံကြည်နေတဲ့ သူတွေရဲ့ လေကြောင်းစစ်ဆင်ရေးတွေကြောင့် ဟင် ဖြစ်သွားကြတယ်ဆိုတာလဲ ထည့်တွက်ပေးကြပါ။ အတော်များများသော သူတွေဟာ ဟင်ကုန်ကြတာ.. ဘာဖြစ်လို့ ဟင်သွားတာလဲ..တချက်လေး ပြန်ကြည့်ပေးကြပါ။
    ဝေးဝေးသွားကြည့်စရာမလိုဘူး ဟိုတလောက ဒေါ်အောင်ဆန်းစုကြညိ ဖြစ်တဲ့ကိစ်စ မှာ အွန်လိုင်းပေါ်မှာပဲ တိုက်ပွဲတွေဆင်နေကြတာ။ အတွင်းကပြည်သူတွေကိုပဲ အပြစ်ပြောကြတာ..
    အဲဒါကို သေချာဆန်းစစ်ကြည့်ပါ။
    အဲ့အချိန်တုန်းကတောင် ကျနော်တို့သူငယ်ချင်းတွေပြောဖြစ်ကြသေးတယ်။ မင်ဒဲလားလို ထောင်ထဲလိုက်ဝင်ကြပါလားလို့..။ ပြည်ပရောက် နိုင်ငံရေးလုပ်နေသူတွေအားလုံး ဒေါ်စုနဲ့အတူ ထောင်ထဲလိုက်ဝင်ကြမယ်ဆိုရင်..ထောင်မဆန့်ဘူး.ဒါဆို သူ့လိုဖြစ်လာနိုင်သားပဲ။ ဒါမျိုးက အော်တာထက်ပိုထိရောက်သလားလို့။
    ReplyDelete
  64. မောင်မောင်December 8, 2009 at 6:06 AM
    နိုင်ငံရေးဆိုတာကို စိတ်ကုန်လို့ဝင်မပါတာနဲ့ တိုင်းပြည်ကိုမချစ်ဖူးလို့တော့ မပြောသင့်ဘူးထင်ပါတယ်။ နိုင်ငံခြားရောက်သူအတော်များများ မျက်ဝါးထင်ထင်တွေ့ခဲ့ရတဲ့ စစ်အစိုးရရဲ့ ညင်းပန်းနှိပ်စက်မှုတွေကြောင့် တိုက်ဖျက်အမှုန့်ကြိတ်ချင်ကြသူကြီးပါပဲ။ ဒီတော့ နိုင်ငံရေးလုပ်နေသူတွေကို အားကိုးမိတယ်..။ ဒါပေမဲ့ ကိုယ်ယုံကြည်နေတဲ့ သူတွေရဲ့ လေကြောင်းစစ်ဆင်ရေးတွေကြောင့် ဟင် ဖြစ်သွားကြတယ်ဆိုတာလဲ ထည့်တွက်ပေးကြပါ။ အတော်များများသော သူတွေဟာ ဟင်ကုန်ကြတာ.. ဘာဖြစ်လို့ ဟင်သွားတာလဲ..တချက်လေး ပြန်ကြည့်ပေးကြပါ။
    ReplyDelete
  65. ဘာပဲဖြစ်ဖြစ်လေ ခုလိုပွင့်ပွင့်လင်းလင်းဖွင့်ပြောတာကောင်းတယ်။
    အကျိုးအကြောင်းသိရတော့ နောင်ကိုဆင်ခြင်နိုင်ကြမယ်။
    နိုင်ငံတခုလုံးပြောင်းလဲဖို့ဆိုတာ တဦးကောင်းတယောက်ကောင်းနဲ့မှ မရနိုင်ပဲ။ အများပေါင်းစုပြီး ကျရာနေရာက တတပ်တအား ပါဝင်နိုင်မှသာဖြစ်မှာ။ ဒါပေမဲ့ အဲ့ဒီအများထဲမှာ အားလုံးသော လူတွေဟာ ဘုရားလောင်းလို အပြစ်ကင်းစင်နေမှာတော့ မဟုတ်တာ သေချာတယ်။
    စစ်တုရင် ကစားရင်တောင် ဘုရင်နဲံ ဘုရင်မက အဓိက ဆိုပေမဲ့ နယ်ရုပ်ကလေးတွေ ရထားတွေ မြင်းတွေကို လျော့တွက်လို့မရဘူး။ သူ့နေရာနဲ့သူတန်ဖိုးထားပြီး ကစားရတယ်လေ။
    တော်လှန်ရေးမှာလဲ ပါဝင်သူ အားလုံး သူ့နေရာနဲ့သူ အသုံးဝင်ဖို့က အဓိကပါပဲ။ ပညာ ဗဟုသုတ နဲလို့ အပြောအဆိုအပြုအမူ မတင့်တယ်ပေမဲ့ တချို့က လိုအပ်ရင် အသက်တောင်ပေးဝံ့တဲ့ သူမျိုးပါ။
    တချို့ကျတော့လဲ ပညာဥာဏ်အကြီးလွန်ပြီး နဲနဲလုပ် များများပြော ပုံစံလေးနဲ့ သွားတတ်တာပဲ။ အဲ့လို လေပေါတွေလဲ သူ့အတွက်နေရာ ရှိပါတယ်.. သူ့နေရာနဲ့ သူအံဝင်ဂွင်ကျ သုံးတတ်ဖို့ပါပဲ။
    ReplyDelete
  66. ကျွန်တော်လည်း မကေ ဆီကနေရောက်လာတာပါပဲ။ မနေ့ကတော့ မရီတာ ပို့စ်ကိုဖတ်ပြီး "ဟင်" ဆိုပြီး ဖြစ်သွားတယ်။ ဘာမှရေးချင်စိတ်လည်း မရှိတော့ပါဘူး။
    ဒီနေ့တော့ ပြန်စဉ်းစားမိတယ်။ ၉၆ တုန်းက ကျွန်တော်ဘာလုပ်နေလဲလို့၊ ကျောင်းပြီးခါစ ကိုယ့်အရေးပဲ ကိုယ်တွေး၊ ကိုယ့်အတွက်ပဲ ကိုယ်လုပ်နေချိန်ပါပဲ။ အဲဒီအချိန်မှာ "မင်းတို့အတွက် လုပ်နေတာ" လို့ အပြောခံရရင် တွန့်တော့ သွားမှာပဲ။
    သူ့ကိုတော့ အပြစ်မြင်မိမှာ မဟုတ်ပါ။ သူဟာ ကျောင်းသားလည်း ဖြစ်ချင်မှ ဖြစ်မယ်၊ ကြို့ကုန်းကနေ လျှောက်လာတာလည်း ဖြစ်ချင်မှ ဖြစ်မယ်။ သေချာတာတခုကတော့ သူ့ အတွက် သူ လုပ်နေတာ မဟုတ်ဘူး။ ထုတ်ပြောလိုက်တော့ တမျိုးကြီး ဖြစ်သွားတာပေါ့။ ဒါပေမယ့် ကျွန်တော့်ထက်တော့ ၁၀ ဆ တာဝန်ကျေသူပါ။
    ReplyDelete
  67. ဘုန်းမင်းဇွန် ကဗျာကို ဖတ်ပြီး၊ သတင်းကို ဖတ်ပြီးမှတော့ မင်းတို့ခေတ်ကညံ့လိုက်တာလို့လဲ မပြောဝံ့ပါဘူး ခင်ဗျား။
    သူတို့လို လုပ်မှ မဟုတ်ပါဘူး။ ကိုယ့်တတ်လမ်း ကိုယ်ရှာ၊ ကိုယ်မိသားစု အရေးပဲ လုပ်နေသူတွေကိုလည်း အပြစ်မတင်ချင်ပါ။ ဘယ်ခေတ်က ဖြစ်ဖြစ်၊ဘယ်အရွယ် ဖြစ်ဖြစ်၊ အခွင့်အရေးရရင် ပြီးရော ဘယ်သူနဲ့ ဘယ်လိုပေါင်းစားရ စားရ ဆိုတဲ့သူတွေကိုတော့ ညံ့လိုက်တာလို့ ပြောချင်ပါတယ်။
    စလုံးရောက်နေတဲ့ Me လေးတွေ စုလိုက်တော့ We လေး တခု ဖြစ်သွားရော။ အဲဒီ We အနေနဲ့ လူမှုရေး တချို့လုပ်ဖြစ်ပါတယ်။ အဲဒီမှာ ကျွန်တော့်ထက် ၁၀ နှစ်မက ငယ်ပြီး ၁၀ ဆလောက် နိုင်ငံရေး၊ လူမှုရေး အသိရှိတဲ့ သူတွေ တွေ့ဖူးထားလို့။ မရီတာတို့ ခေတ်ကို အပြစ်မမြင်မိပါ။
    တခုတော့ရှိတယ် ကိုယ်ညံ့တာကို ကိုယ့်ရှေ့က လူတွေ ညံ့လို့တော့ မပြောပါနဲ့။ ကိုယ့်ညံ့တာဟာ ကိုယ်ညံ့တာပါပဲ။
    ReplyDelete
  68. စာကျန်ခဲ့လို့ပါ -
    "ဘုန်းမင်းဇွန် ကဗျာကို ဖတ်ပြီး၊ ကိုကျော်ကိုကို သတင်းကို ဖတ်ပြီး" လို့ပြင်ဖတ်ပေးပါ။
    ReplyDelete
  69. ထပ်မန့်ပါရစေဗျာ ကောမန့်တွေကို ဖတ်ပြီး ဆက်ရေးချင်နေမိတယ်..
    မရီတာကို တခုမေးချင်ပါတယ်။ မရီတာ ကိုယ့်တိုင်းပြည်(မြန်မာပြည်)ကို မပြန်တော့ဘူးလို့ ဆုံးဖြတ်ထားပါသလား.. ဒါဆိုရင် မရီတာရဲ့ အရေးအသား(ခံယူချက်)ကို လေးစားပါတယ်။
    ပြန်မယ်ဆိုရင်တော့ ခုလိုတိုင်းပြည်ရဲ့ အခြေအနေကို မရီတာ သဘောကြနှစ်သက်လိမ့်မယ်လို့ ကျနော်ကတော့ မထင်ဘူး။ ဒါကြောင့်ပဲ မရီတာ အပြင်ထွက်ဖြစ်တာနေမှာပါ။ တရားမျှတတဲ့ အခြေအနေတခုရောက်ရင် မရီတာ ပြန်ဖြစ်ကောင်း ပြန်ဖြစ်ပါမယ်။ ဒါဆိုရင် ခုလို မျှတဖို့အတွက် လုပ်ပေးနေကြတဲ့ တကယ့်ရင်ထဲက စိတ်နဲ့ အလုပ်လုပ်နေကြတဲ့လူတွေကို မထိခိုက်စေချင်ပါဘူး။ မရီတာရဲ့ စိတ်ကိုနားလည်ပေးနိုင်ပါတယ်။ လူဆိုတာ ကိုယ့်ခံယူချက်အတိုင်း ကိုယ်သွားနေကြတာပါ။ ဒါကို ဘယ်သူကတော့ မှားတယ်လို့ ဝေဖန်နေစရာမလိုပါဘူး။ လူတိုင်းမှာ ဆိုးတာရှိသလို ကောင်းတာတွေလဲ အများကြီးရှိပါတယ်။ တယူသန်ကြီး တဖက်သတ်ကြီး ပြောရင်တော့ သိပ်ကြည့်ရတာ အဆင်မပြေသလိုပါပဲ။
    တောင်ပေါ်သား
    ReplyDelete
  70. တဖက်သတ် မပြောပါဘူးရှင်။
    အဲဒါကြောင့် COMMENT တွေ ဖွင့်ထားတာပေါ့။
    ANONYMOUS တောင် ဖွင့်ထားတာပေါ့။
    ကိုတောင်ပေါ်သား ရဲ့ တဖက်သတ်က ဘာကို ဆိုလိုတာပါလဲ။ ပြောချင်တာကို ပြောလိုက်တယ်။ အဆွေးနွေးတင်မက အဆဲပါခံတယ်။ ပြီးတော့ ဘာထပ်လုပ်ရဦးမလဲ။ တဖက်သတ် မဖြစ်အောင်။
    ကျွန်မ နိုင်ငံရေးလို့ ခေါ်တဲ့ အရေးကို သေရောကြေရော လုပ်ခဲ့ဖူးတဲ့ တချို့လူတွေလို နားမလည်လည်း သောက်ဂရုမစိုက်ဘူး။ ဘာမှမသိဘဲ ဝင်မပြောနဲ့ ဆိုတဲ့ အချိုးလဲ မချိုးခဲ့မိပါ။
    P.S ကိုမျိုးဝင်းဇော် နဲ့ ကိုတင်မင်းထက် COMMENT ကို ကျေးဇူးတင်စွာ ပြန်ဖို့ရာမှာ အလုပ်ထဲ ဖြစ်နေလို့ အဆင်မသင့်လို့ မပြန်နိုင်သေးပါ။
    ReplyDelete
  71. ညီမရေ… ဘာရယ်လို့ တော့ မဟုတ်ပါဘူး… ညီမပို့ စ်နဲ့ လဲ တိုက်ရိုက် သက်ဆိုင်ချင်မှ သက်ဆိုင်လိမ့်မယ်…
    အမကတော့ ရိုးရိုးလေးပဲ စဉ်းစားမိတယ် ညီမရယ်…
    ခု ညီမနဲ့ အမ တယောက်နဲ့ တယောက် မမြင်ဖူးကြပါပဲ ညီအမအရင်းတွေလို ခင်မိသလိုပေါ့…
    ဘာကြောင့်များ အဲလောက် မြန်မြန်ဆန်ဆန်ကြီး လွယ်လွယ်ကူကူကြီး ခင်မိသွားသလဲဆိုတဲ့ အဓိက အကြောင်းရင်းက တနိုင်ငံထဲက မို့ ဆိုတဲ့ အဖြေတခုက တိတိကျကျကြီးထွက်လာတယ်…
    ဒီလို သဘောပါပဲ… အစွဲအလန်းကြီးတယ်လို့ ပဲ အပြစ်တင်ကြစေတော့ ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်ဘာသာစကားနဲ့  ဆို ပိုလို့ သံယောဇဉ်ကကြီးလွန်းတယ်… တယောက်ဒုက္ခရောက်ရင် တယောက်က ဘယ်လိုမှ မနေနိုင်ဘူး… သံယောဇဉ်နဲ့ မေတ္တာတရားတွေ ဘယ်တော့မှ ပျောက်ဆုံး မသွားဖို့ က အရေးကြီးဆုံးပဲမိုလား…. ဘာအကြောင်းကြောင့်ပဲ အဝေးကို ရောက်နေပေမယ့် တခုခုဆို နှလုံးသားတွေက မနေနိုင်ကြဘူးနော်… နာဂစ်ဥပမာဟာ အရမ်းကို ထင်ရှားတဲ့ ဥပမာပါ… ကိုယ့်ဆွေမျိုး၊ ကိုယ့်အသိတွေ မပါပေမယ့်လဲ တနိုင်ငံထဲက ဆိုတဲ့ သံယောဇဉ်နဲ့  တကမ္ဘာလုံးမှာရှိတဲ့ မြန်မာတွေ ၀ိုင်းဝန်းကူညီကြ စာနာသနား ထောက်ထားငဲ့ညှာကြတာတွေ့  ရတော့ အမကြည်နူးမိတယ်… သံယောဇဉ်နဲ့ မေတ္တာတရားမှာ အသက်အပိုင်းအခြားတွေ မရှိတော့ဘူးနော်… ကိုယ်ချင်းစာတရားပါ ထပ်လောင်းဖြည့်လိုက်တဲ့ အခါ ပိုလို့ ထိရောက်သွားသလိုပါပဲ… ကိုယ့်ရှေ့ မှာ တစုံတယောက် ဒုက္ခရောက်နေရင် ဘယ်လိုမှ လက်ပိုက်ကြည့်မနေနိုင်သလို… ဒီလိုပါပဲ ကိုယ့်အမေအရွယ် ကိုယ့်အကိုအရွယ် တယောက်တယောက်များ ဒုက္ခတွေ လည်စည်းခံနေရတာတွေ့ ရင် ဘယ်လိုများ လက်ပိုက်ကြည့်နေနိုင်မလဲနော်… သံယောဇဉ်နဲ့ မေတ္တာတရားတွေ မခေါင်းပါးသရွေ့  ကိုယ်ချင်းစာတရားတွေ မပျောက်ဆုံးသရွေ့  အလင်းရောင်ဆိုတာ ရှိနေမှာပါ ညီမရယ်…
    ReplyDelete
  72. ချာတိတ်December 8, 2009 at 5:26 PM
    အမ..အမ....
    ဦးညီညီအောင်ဆိုတဲ့ သူက ထောင်ထဲမှာ စတိုင်ထုတ် အစာငတ်ခံပြီး ပြောနေပြန်ပြီ..
်ပြည်သူတွေအားလုံးအတွက်၊ တတိုင်းပြည်လုံးအတွက်ကို သူလုပ်တာပါလို့ ..
    ဘီလိုလုပ်မီလဲဟင်.. ထပ်ပြီး ဟင် လိုက်ရမလားအမ..
    ReplyDelete
  73. ချာတိတ်
    တခုတော့ ၀င်ပြောပါရစေ
    ဘာမှမပြော ဘူးလို့ ဆုံးဖြတ်ထားတာပါ
    ကျမ ၈၇ မှာမွေးပါတယ်
    ၈၈၈၈ လေးလုံး အရေးခင်ဖြစ်တော့
    ၁၁ လအရွယ်ပါ ဘာမှမသိခဲ့ပါဘူး
    ၉၆ ဖြစ်တော့ ၉ နှစ်မပြည့်သေးပါဘူး
    ကျမ အဖေ အမှန်တရားဖက် ကိုမြတ်နိုး
    ခဲ့လို့ ပါ ထောင်ထဲမှာညှင်းပန်းနှိပ်စက်ခံ
    ခဲ့ရတာ ဒိနေ့ ထိလူ အသက်ရှင်လျှက်
    ဘ၀သေဆုံးခဲ့ရပါတယ် ကျမ အဖေဟာ
    စတိုင်လ်ထုတ်ပြီး ထောင်ထဲ ၀င်ခဲ့တာ မဟုတ်ပါဘူး
    အမေရိကားမှာ အခြေ အနေ မိုးနဲ့မြေလို ကွားခြား
    ပြီး နေနေရတဲ့ အခြေ အနေက နေ ဘာလို့ 
    မြန်မာပြည်က စုတ်ပြတ်သတ်နေတဲ့
    စစ်ခွေးတွေ အကိုက်သွား ခံမှာလဲ???????????
    ရှင်တို့  ကဒါမျိုး လုပ်နိုင်ဖို့  ဝေးသေး
    စကားလေး စာလေးနဲပတောင် အားမပေးနိုင်ဘူး
    တိုင်းပြည်မှာ ဘယ်သူတွေ ဘယ်လောက်
    ဒုက္ခ ရောက်ရောက် ငါတို့ မိသားစုကတော့ အဆင်ပြေတာပဲ ဆိုတဲ့ အသိစိတ်နဲ့ စစ်ခွေးတွေ ဘာလုပ်လုပ် အငြိမ်ခံနေတဲ့ လူတွေ အားလုံးကို
    ကျမတော့ တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာဖောက်တာလို့ ပဲ မြင်ပါတယ် ရှင်ဆိုရင်ကြည့်
    ထောင်ထဲကနေ အရိုက်ခံ ပြီး လုပ်နေတဲ့လူတွေကို
    နားမလည်တဲ့ အပြင် အကောင်းလေးတောင် မမြင်ပေးနိုင်ဘူး နှလုံးသား ရှိတယ်ဆိုရင် စာနာတတ်တယ်ဆိုရင် နိုင်ငံခြားမှာ ပညာသင်ပြီး
    တကိုယ်ကောင်း ဆန်မနေပါနဲ့ အနာဂတ်မဲ့နေတဲ့
    အမှိုက်ပုံး နားမှာ ၀ဲနေတဲ့ ကလေးတွေ ကိုမြင်ကြည့်ပါ
    မြန်မာပြည် ထောင်ထဲဟာ နိုင်ငံ့ အရေးလုပ်နေတဲ့ သူတွေ အတွက် နိဗာန် မဟုတ်ပါဘူး စတိုင်လ် လုပ်
    ဒီနေ့  ကျမ အတွက် ကျရောက်လာတဲ့ ဒုက္ခ
    တွေ ဟာ မနက်ဖြန် သင်တို့ အားလုံးပေါ် အနှေးနွှဲ အမြန်ကျရောက်မှာပါ မပူပါနဲ့
    ReplyDelete
  74. Anonymous >>> ချာတိတ် ပြောတဲ့စကားက ကိုယ့်ကို ရိတာဖြစ်ပါတယ်။ အဲဒီ စကားကို အတည် မယူပါနဲ့။ ကိုယ်ပြောတဲ့စကားကို နင်းပြီး ရိ ထားတာပါ။
    ReplyDelete
  75. ငါတို့တော့ နိုင်ငံရေး အ လုပ်လည်း မလုပ်ဘူး...
    လုပ်တဲ့သူတွေကိုလည်း ကိုယ်မလုပ်ဘဲနဲ့ အပြစ် မတင်ဘူး ကိုယ့်ကိုကိုယ် ရှက်လွန်းလို့ ပါ...
    လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိ ကြပေမယ့်
    လွတ်လပ်စွာ အပြစ် တင်ပိုင် ခွင့် တော့ မရှိဘူးနော်...
    တစ်ယောက်နဲ့ တစ်ယောက် အပြစ် တွေ တင်နေကြရင်တော့ ဘာ မှ ဖြစ်လာမှာတော့ မဟုတ်တာ သေချာတယ်...
    ReplyDelete
  76. I am continuous reading on all comments related item even
    some of comments are out of items.
    BINO
    ReplyDelete
  77. ချာတိတ်December 9, 2009 at 4:21 AM
    Anonymous ကို ကျနော်တောင်းပန်ပါတယ်ခင်ဗျာ..
    မရီတာပြောသလိုပဲ ကျနော်သူ့ကို ရိလိုက်တာပါ။
    ဦးညီညီအောင်ကို သရော်စရာအကြောင်းမရှိပါဘူး။
    အင်မတန်လေးစားပါတယ်။ သူ့ရဲ့သတ္တိနဲ့ စိတ်ဓါတ်ကို အားကျချီးကျူးလို့ မဆုံးပါဘူး၊ ကျနော်တို့မိဘတွေလဲ ပါခဲ့တာပါပဲဗျာ။
    ဒါပေမဲ့ ဦးညီညီအောင် လိုတော့ အနစ်နာမခံခဲ့ကြ၇ပါဘူး။ ကျနော်ထပ်ပြီး တောင်းပန်ပါတယ်။ တကယ့်ကို အနစ်နာခံလုပ်မှန်း အားလုံးသိပါတယ်။
    ReplyDelete
  78. တောင်ပေါ်သား ဆိုလိုတဲ့ တဖက်သတ်နဲ့ မရီတာ ရေးထားတဲ့ ကမန့်ထဲက တဖက်သတ် က လွဲနေပါတယ် စာတွေဒီလောက်ဖတ်ပြီး အခုလို တဖက်သား ဆိုလိုချက်ကို နားမလည်တဲ့ မရီတာလို လူမျိုးကိုတော့ မရီတာပြောသလိုဘဲ ဟင် ))))
    လိုက်ပါတယ်.. ကိုယ် မလုပ်ဘဲနဲ့ သူများပြောတဲ့စကား
    တစ်ခုတည်းနဲ့ ရမ်းသမ်းပြီး မဝေဖန် ပါနဲ့ ....................
    ReplyDelete
  79. ဟုတ်ပါပြီ သိရင်လည်း ပြောပြသွားခဲ့ပါဦး။
    စာဖတ်တာနဲ့ပဲ အလုံးစုံ သိလိမ့်မယ်လို့ ဘာဖြစ်လို့ ထင်ရတာပါလဲ။ စာဖတ်ပြီး လွဲနေတဲ့လူတွေ တပုံကြီး ရှိတယ်။ ကိုယ်လဲ အဲဒီထဲ ပါချင်ပါမှာပေါ့။
    ပြီးတော့ ကိုယ် စာဖတ်တယ် လို့ရော ဘယ်လို သေချာနေတာလဲ။ ဒီ ဘလော့မှာ ကိုယ် ရေးတဲ့ စာအကြောင်း ဘယ်လောက်မှ မရှိဘူး။ ဒါလေးပဲ ဖတ်ထားတာရော မဖြစ်နိုင်ဘူးလား။
    ကိုယ် စာဖတ်တယ်လို့ ဘလော့လေး ဖတ်ပြီး သူများ မှတ်ချက်လေး ကြည့်ပြီး ပြောလိုက်တာ မဟုတ်လား။
    တကယ်ဖတ်လဲ သူများ ဆိုလိုရင်း အကုန် အလုံးစုံ သိနေရလောက်အောင် ကိုယ်က အကြားအမြင် ရနေတာ မဟုတ်ဘူး။
    တောင်ပေါ်သား ဆိုလိုရင်းကို သိတယ် ဆိုရင် ခု ပြောပြပါ။ တကယ်ပဲ ကျေးဇူးတင်မှာပါ။
    ပြီးရင်တော့ တောင်ပေါ်သားနဲ့ confirm လုပ်ဖို့တော့ လိုမယ်နော်။ တော်ကြာ သူပြောချင်တာ တခြား၊ ဘာသာပြန်ပေးသူက တခြားဖြစ်နေရင် Lost in Translation တွေ ဖြစ်ကုန်မစိုးလို့။
    ReplyDelete
  80. Anonymous (December 8, 2009 8:54 PM)
    ဟုတ်။ ဒါဆို နင်တို့ ဘာမှလဲ ဝင်မလုပ်ဘဲနဲ့ ဘာမှ လာ မပြောနဲ့ ဆိုတဲ့ လူတွေနဲ့ ပေါင်းလို့ ရပါပြီ။
    ပြီးရင် ဘာမှ မထူးခြားတဲ့ စနစ်တခု ထူထောင်လို့ ရပါပြီ။
    (အပြစ်တင် not equal to ဝေဖန်ပိုင်းခြား)
    ReplyDelete
  81. ကိုမျိုးဝင်းဇော် comment နဲ့ပတ်သတ်လို့ အထွေအထူး ပြောဖို့မရှိပါ။ အမြင်တူနေတယ် လို့ ယူဆရပါတယ်။ မတူခဲ့ရင်တောင် ကျွန်မ ဘာကို ဆိုလိုတယ်ဆိုတာကို သေချာပေါက် နားလည်တယ် ထင်မိတယ်။ ကျေးဇူးတင်မိပါတယ်။
    post ကို မဟုတ်ဘဲ ကျွန်မကိုပေးသွားတဲ့ comment နဲ့ ပတ်သတ်လို့တော့ နည်းနည်း ပြောစရာရှိပါတယ်။
    ကျွန်မ ဘဝမှာ ပတ်ဝန်းကျင် လွှမ်းမိုးမှုကို အလွယ်တကူ ခံရတဲ့ အပိုင်းတွေ ရှိပါတယ်။ ဒီလိုပဲ လုံးဝကို မခံရဘဲ ဘေးပတ်ဝန်းကျင်တခုလုံး တယောက်မကျန် လုပ်နေပါစေဦး။ တချက်တောင် လှည့်မကြည့်ခဲ့တာမျိုးတွေလည်း ရှိတာပဲ။ နှစ်ပိုင်းလုံး လူတိုင်း ကြုံနေကျ ဖြစ်နေကျ ပုံစံ ဖြစ်မှာပါပဲ။
    ဒါပေမဲ့ ကျွန်မ တယောက်တည်းအနေနဲ့ ပြောရရင် ပတ်ဝန်းကျင် လွှမ်းမိုးမှုကို ဘယ်လို အနေအထားမှာ ခံရတတ်သလဲ ဆိုတော့ ကိုယ့်ဘက်က စကတည်းက တိမ်းညွှတ်မှု ရှိနေတဲ့ ကိစ္စရပ်မျိုးမှာ ပတ်ဝန်းကျင် အခြေအနေကလည်း ပေးလာခဲ့တယ် ဆိုရင် အလွယ်တကူပဲ အခြေအနေနောက်ကို ကောက်ကောက်ပါအောင် လိုက်ဖြစ်သွားနိုင်တယ်။
    ဒါပေမဲ့ 96 ကိစ္စကတော့ ပတ်ဝန်းကျင်က ဘာဖြစ်နေနေ လုံးဝကို လွှမ်းမိုးမခံလိုက်ရတာကို ပြနေတာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မ အတွင်းစိတ်က အဲဒီဘက်ကို ညွှတ်မနေခဲ့လို့ ဖြစ်နိုင်တယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်က သက်တူရွယ်တူ 15/16 နှစ် မြီးကောင်ပေါက်တွေ အတွက် bravo အော်ပြီး ကြွေဆင်းသွားရလောက်တဲ့ စကားကို 'ဟင်' ခဲ့တာဖြစ်လိမ့်မယ်။
    ဒီနေရာမှာ တစ်ခုပြောစရာ ရှိတယ်။
    bravo အော်ခဲ့တဲ့ လူတွေ ဘာဆက်လုပ်ကြသလဲ ဆိုတာ...
    ဘာမှ မလုပ်ပါဘူး။ ဟုတ်ကဲ့ ဘာမှကို ဆက်မဘာပါဘူး။ ပွဲပြီးတာနဲ့ မီးသေ ခဲ့ကြတာပါပဲ။ အကြောင်းသိတဲ့ သူငယ်ချင်းတွေချည်းပါပဲ။ တခေတ်တည်း တပြိုင်တည်း ဖြတ်လာကြတာချည်းပါပဲ။ သူတို့ ဒီစကားလုံးလေး ကြွေခဲ့ဖူးတာကို သတိရရင်ပဲ ကံကောင်း။
    ဆိုတော့ 'bravo' = 'ဟင်' ပဲ။
    ရလဒ်က တူတူပဲလို့ ပြောချင်တာ။ ကိုယ် 'ဟင်' ခဲ့တာ bravo လို့ အဓိပ္ပါယ်ထွက်တယ် ပြောတာ မဟုတ်ဘူး။
    နောက်ထပ် နောက်ထပ် ဒီလောကနဲ့ ပတ်သတ်လို့ စိတ်ပျက်စရာတွေပဲ တွေ့လာခဲ့ရတာကတော့ ဘယ်လိုမှ ကိုယ်တိုင်လဲ မတတ်နိုင်ခဲ့တဲ့ ကိစ္စပဲ။ အဲဒါနဲ့ ပတ်သတ်လို့လည်း ဘာမှ မခံစားရပါဘူး။ 'ဟင်' စရာနဲ့ တွေ့လိုက်တော့လည်း 'ဟင်' လိုက်တာပေါ့။ မ'ဟင်'လောက်စရာတွေ လိုက်ရှာပြီး လေ့လာနေဖို့လည်း မအားခဲ့ပါဘူး။ ကိုယ့်ကိစ္စ ကိုယ်လုပ်နေရတာ။ ကိုယ့်ကိစ္စ ကိုယ်မလုပ်တော့ ဘယ်သူက လာလုပ်ပေးမှာတုန်း။ ကျောင်းလေးအသာတက် ဘွဲ့လေးတစ်ခု ရရင်ပဲ ပြီးတဲ့ခေတ်လား။ ယှဉ်ကြပြီတဲ့ ဆိုရင် ထုတ်ပြစရာတွေ ဘွဲ့လက်မှတ်အပြင် အများကြီး ရှိအောင် လူတိုင်းက လုပ်နေကြတဲ့ခေတ်။ ဒီပတ်ဝန်းကျင်မှာ ဒီလွှမ်းမိုးမှုကို မခံဘူးဆိုရင်တော့ စိတ်ပုတီးနဲ့ ရိပ်ကြီးခိုဖို့ပဲ။
    ဒါပါပဲ။ ဆက်ပြောရင် ပြောစရာတွေ အများကြီး ထွက်လာလိမ့်မယ်။ ကျွန်မမှာ ဝေါဟာရတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ စာရိုက်ရမှာတော့ ပျင်းတယ်။
    နောက်တခု စာအုပ်ရဲ့ မူပိုင်ခွင့်။
    ကျွန်မ တချက်တော့ သတိရမိတယ်။ ဒါပေမဲ့ ငွေရေးကြေးရေး အဓိကနဲ့ လုပ်နေတယ် မထင်မိဘူး။ ဒါ စော်ကားပြီး ပြောတာ မဟုတ်ပါနော်။ ငွေရေးကြေးရေးလုပ်တယ်ဆိုတာလဲ စော်ကားစရာလို့ မမြင်ပါဘူး။ ကျွန်မ ဆိုလိုတာက သူတို့အနေနဲ့ ပြန့်နှံ့စေချင်တာ အဓိက များလားတွေးခဲ့မိတာကို ပြောတာပါ။
    ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အလကား ဝေတာ မဟုတ်တဲ့ ပစ္စည်းတခုရဲ့ မူပိုင်ခွင့်ကို လေးစားရမှာပါပဲ။ သတိပေးတာ ကျေးဇူးပါ။
    ခုချိန်ထိ ကျွန်မ ၃ ယောက်ကို fwd လုပ်ပြီးသွားပြီ။
    ဆက်တော့ မလုပ်ဖြစ်သေးဘူး။ ဘယ်သူမှလဲ ဆက်မတောင်းကြလို့။ မပို့တော့ဘူးလို့ ဆုံးဖြတ်မိပါတယ်။
    ကျေးဇူးတင်တာ ထပ်ပြောပါဦးမယ်။
    ReplyDelete
  82. Like ko bino, I am also still reading all the comments, coz un-like the previous post this post made Rita very famous now. May be one is her sincerity, her dare-ness, courage to express her feeling and point of views, and courage to accept all the comments and debats (of course this might exclude personal attacks)
    For the book itself,
    OMG
    I had forwarded my whole network, which assumingly not less then some hundreds, and I believe people love to forward emails, especially such this one. But amazingly what response I got is, “နောက်ကျနေပြီ” but thanks, anyway. So how do you see it? Same as this post, people have differed vision on how they see politic. As well as patented law etc etc. but most of them in Myanmar will love to read it, I am sure. But the comment about we should be aware of the ownership, copy rights and patent does show a good intention.
    Cheers
    T Chen
    P.S
    Rita,
    I am writing a post you request a long time ago.
    Not finish yet, will let you know.
    ReplyDelete
  83. မြန်မာ့ နိုင်ငံရေးမှာ ၀င်မပါဖြစ်တာ အတ္တကြီးတာကြောင့်လို့ မမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အတ္တမကြီးသူတွေလည်း မပါဘဲနေတာ ဒုနဲ့ဒေးပဲ။ တကယ့်အကြောင်းရင်းက မာနမရှိတာလို့ ထင်တယ်။ မာနဆိုတာ vanity ကို ဆိုလိုချင်တာ မဟုတ်ဘူး။ Self-esteem ကို ဆိုလိုချင်တာ။ နအဖစော်ကားတာတွေကို ခံနေရတဲ့၊ သိက္ခာအချခံနေရတဲ့ မြန်မာနိုင်ငံသားဘ၀မှာ ခံပြင်းတဲ့စိတ်တို့၊ ရှက်တဲ့စိတ်တို့ မခံစားရပဲ ဖာသိဖာသာ နေတတ်တာ မာန (self-esteem) အရမ်းနည်းလို့ ဖြစ်မယ်။
    ReplyDelete
  84. ကိုတင်မင်းထက်
    အစ်ကို့ comment နဲ့ ပတ်သတ်လို့ နဲနဲပိုဆွေးနွေးချင်မိပါတယ်။
    ကျွန်မ အသက် ၁၆ နှစ်လောက်မှာ လမ်းပေါ်က ဘယ်သူမှန်းမသိတဲ့လူကို ဟင် ခဲ့တယ်။ တကယ်တော့ လုံလောက်တဲ့ အချက်အလက် ဘာမှ သိပ်မရှိလှပါဘူး။
    ဒီလူကိုပဲ အမှီပြုပြီး အစ်ကိုက ထပ်ပြောတယ်။
    သူ့အတွက်သူ လုပ်တာ မဟုတ်ဘူး တို့၊ အစ်ကို့ထက် ၁ဝ ဆ တာဝန်ပိုကျေတယ်တို့။ ဘာကို ကြည့်ပြီး ပြောတာလဲ အစ်ကို။
    တကယ်တော့ ကျွန်မ ဟင် ခဲ့တာသည် တရားသဖြင့်လို့ ပြောလို့ မရဘူး။ အခိုက်အတန့် ဖြစ်တယ်။ သူ့သမိုင်းကြောင်း မသိဘူး။ ဘယ်သူဘယ်ဝါ မသိဘူး။ သူ့ရည်ရွယ်ချက် မသိဘူး။ လမ်းပဲ လျှောက်လိုက်နေတာလား။ အဆုံးထိအောင် သွားမှာလား မသိဘူး။
    ဘာမှန်းသေချာမသိဘဲ ဟင် ခဲ့တာ သိပ် အဓိပ္ပါယ် မရှိသလို၊ ဒီပွဲမှာ သူ အင်အားပြ လမ်းလိုက်လျှောက်တာနဲ့ သူက အစ်ကို့ထက် ၁ဝ ဆ တာဝန်ပိုကျေတယ် ပြောတာလဲ ဘယ်လိုမှ လက်ခံနိုင်လောက်စရာ မှတ်ချက်မဟုတ်ဘူး။ သူများ ပျက်စီးရာ ပျက်စီးကြောင်းလုပ်ခဲ့တဲ့ အကြောင်းသိ လူတစ်ယောက်ယောက်နဲ့တောင် သူ့ကို ယှဉ်ပြီး ပြောလို့ မရဘူး။ ဘာလို့ဆိုတော့ သူ့ရှေ့ကြောင်း နောက်ကြောင်း ဘာမှ သိတာမှ မဟုတ်တာ။ သူတပါး ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်နေပါတယ် ဆိုတဲ့လူမျိုးနဲ့တောင် သူက ညီမျှခြင်းချလို့ ရချင် ရနေမှာ။ ပြောရလား။
    ကျွန်မတို့ သိနိုင်တဲ့ အတိုင်းအတာထဲမှာ သူဟာ အဲဒီ အခိုက်အတန့်မှာ ဒီပွဲမှာ လမ်းလျှောက်လာသူ မျှသာပဲ။ ကြို့ကုန်းက စလို့ သမိုင်းမှာ ရပ်ချင်ရပ်သွားမယ်။ နောက်ပိုင်း ပြည်တွင်းက နာမည်ကြီး အဖွဲ့အစည်းကြီးမှာ နေရာရချင် ရနေမယ်။ ဘာသေချာသလဲ။
    88 မှာ ကျွန်မ အသက် ၈ နှစ်၊ နယ်မှာ ကလေးတွေ အတွက် ဘုရားပွဲသာသာပဲ လို့ ပြောရင် မယုံမရှိနဲ့။ ကျွန်မ သူငယ်ချင်းတွေ လမ်းလိုက်လျှောက်ကြတယ် အပျော်။ ဒါလေး တစ်ခုတည်းနဲ့တော့ သူတို့ ကျွန်မထက်သော်လည်းကောင်း၊ အစ်ကို့ထက်သော်လည်းကောင်း ၁ဝ ဆ တာဝန် မကျေပါ။ သူငယ်ချင်း ဆိုတာ အကြောင်းသိပဲ။
    ***
    နောက်တခုက ကျွန်မပြောခဲ့တဲ့ ခေတ် ကိစ္စ။
    ကျွန်မက တဆင့်တဆင့် လက်ဆင့်ကမ်းတဲ့ ခေတ် ဆိုတာကို သူပြောသွားတဲ့ "မင်းတို့ အတွက် လုပ်နေတာ" ဆိုတာနဲ့ ယှဉ်ပြောချင်လို့ သေချာ ထည့်ရေးခဲ့တာ။ ဟုတ်ပါတယ် သူပြောတာ မမှားပါဘူးလို့ အလေးအနက် ပြောချင်လို့ ထည့်ပြောခဲ့တာပါ။ post ကို ပြန်ဖတ်ကြည့်ရင် သိသာတယ် ထင်ပါတယ်။ ရှေ့ကလူကြီးတွေကို အပြစ်တင်ဖို့ ရည်ရွယ်ချက်နဲ့ ရေးတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကြုံလည်း ကြုံခဲ့ရဖူးတဲ့ ကိစ္စတစ်ခု၊ သိသာမြင်သာအောင်ပြောချင်တဲ့ စိတ်လည်း ရှိလို့ ဥပမာတစ်ခု ထည့်လိုက်တာပါ။
    အစ်ကို နားလည်မှု လွဲတယ် ထင်လို့ ကျွန်မ တခြား ဥပမာ ထပ်ပေးပါမယ်။
    ကျောင်းကြီးကို တက်တဲ့ ကိစ္စနဲ့ပဲ ပေးပါမယ်။ Generation 2 = G2 လို့ ထားပါတော့။ သူတို့မှာ တက်စရာ ကျောင်းရှိတယ်။ သူတို့ ရှေ့က G1 က သူတို့ကို ပေးခဲ့တဲ့ ခေတ်ထဲမှာ သူတို့ တက်စရာ ကျောင်းရှိတယ်။
    G2 ကနေ G3 ကျတော့ G3 များခမျာ ဘာမှ တက်စရာ မရှိတော့ဘူးတဲ့။ So, G2 < G1.
    G2 တွေ ဆီက ရလာတဲ့ ဘာမှ တက်စရာ မရှိတဲ့ ခေတ်ကို ကျွန်မတို့ G3 များကနေ ယနေ့ G4 များကို မရှိတာပဲ လက်ဆင့်ကမ်းလိုက်တယ်။ So, G3 = G2.
    G1 က ဘာ
    G2 က ဘာ
    G3 က ဘာ
    G4 က ဘာ မပြောတော့ပါဘူး။ ကိုယ့်ဘာသာ လိုသလိုသာ ဖြည့်ကြည့်ကြပါတော့။
    အဲလေ.. G3 နဲ့ G4 က ဘာတွေလို့ ပြောလိုက်မိပြီ။ ဒီတော့ မသိကိန်း ၂ လုံး သိရပြီပေါ့။ ကျန်တဲ့ ၂ လုံး ညှိလိုက်ရင် အဖြေထွက်ပါပြီ။ :))))
    ကျွန်မ ဆိုလိုရင်းက ခေတ်ဆိုတာ လက်ဆင့်ကမ်းလို့ ယူခဲ့ရတာမို့ "မင်းတို့အတွက် လုပ်နေတာ" လို့ ပြောတဲ့လူရဲ့ စကားဟာ မမှားပါဘူး။ မှန်ပါတယ်။ သူတို့တွေလုပ်ရပ်ဟာ ကျွန်မတို့အပေါ် အကျိုးသက်ရောက်မှု ရှိကို ရှိမှာပါပဲလို့ ပြောလိုရင်း သက်သက်ပါ။ မင်းတို့ ခေတ်ဟာ မင်းတို့လက်ထဲရောက်တဲ့ အချိန်မှာ မင်းတို့ ရှေ့ခေတ်က လူတွေရဲ့ work done သာလျှင် ရှိပါတယ်။ မင်းတို့ခေတ်ရဲ့ work done တွေနဲ့ ခေတ်ကို ကျတော့ မင်းတို့ရဲ့ နောက်တခေတ်ကိုသာ လွှဲပေးလိုက်ရပါတယ်။
    ဆိုလိုချင်တာက အဲဒီလိုပါ။
    ReplyDelete
  85. ကျွန်မ ကိုယ်တိုင် ညံ့တာကို မဆိုထားနဲ့။
    ကျွန်မအတွက် တာဝန်ရှိတဲ့ မိသားစုက ကျွန်မအပေါ်မှာ ကျွန်မ လိုအပ်နေတာ တခုခု မဖြည့်ဆည်းနိုင်ခဲ့ရင်တောင် ကျွန်မက အပြစ်မဆိုပါ။ ဒီနေရာမှာ ကိုယ်ရေးကိုယ်တာမို့ အသံကောင်း ဟစ်လိုက်ပါရစေဦး။ မိဘနဲ့ သားသမီး (မိသားစု) ဟာ ကံတူအကျိုးပေးတွေ မို့သာ တွေ့ကြတာ။ သူတို့ ဒီလောက်ပဲ ဖြည့်ဆည်းနိုင်တယ်ဆိုရင် ကိုယ်က ဒီလောက်ပဲ ခံစားခွင့် ပါလာလို့ပါ လို့ပဲ တွေးခဲ့ပါတယ်။ သူငယ်ချင်းတချို့ကိုလည်း အကြောင်းတိုက်ဆိုင်ရင် ဒီလိုပဲ ပြောပြခဲ့ဖူးပါတယ်။ ဒီစကားက ကျွန်မကိုလည်း သူငယ်ချင်းတယောက်က ပြောခဲ့တာ ဖြစ်ပါတယ်။
    ဒီလောက်ဆို အပြစ်တင်ခြင်း မတင်ခြင်း ကိစ္စ ပြီးပါပြီ။
    ကိုယ်ညံ့တာကို ကိုယ့်ရှေ့ကလူတွေ ညံ့လို့လို့ ပြောဖို့ စိတ်ဆန္ဒလုံးဝ မရှိပါ။ ဘာဖြစ်လို့ ဆိုတော့ ကိုယ့်ဘာသာ ညံ့တယ်လို့ (မှန်နေရင်တောင်) အတွေးထဲမှာ ခုထိ မတွေးမိသေးလို့ ဖြစ်ပါတယ်။ ကိုယ်တယောက်ချင်း မဟုတ်ဘဲ ခေတ်ချင်းယှဉ်ပြောရရင်လည်း ကျွန်မ ချပြတဲ့ equation လို = ညီမျှခြင်းဖြစ်နေလေတော့ ကျွန်မတို့ မညံ့ပါလို့ အဖြေထွက်နေပါတယ်။ ဒီတော့ အပြစ်တင်စရာ မရှိပါ။ :)))))
    ပြောရာပြောကြောင်း ပြောတာပါ ကိုတင်မင်းထက်။
    နေ့စဉ်ရက်ဆက် လေးပင်တာတွေပဲ ပြောနေရလို့ ပေါ့ပေါ့ပါးပါး equation ထုတ်ပြီး ပြောကြည့်လိုက်တာ။ ကျွန်မ တခါမှ အဲလို ယှဉ်ပြီး မစဉ်းစားဖူးပါဘူး။ ခေါင်းထဲလဲ မရှိပါဘူး။ တက်စရာ ကျောင်းမရှိတာလဲ အသိစိတ်ထဲမှာတော့ သိပ် လွမ်းနေချိန် မရပါဘူး။ ခေတ်ကိုက ကျောင်းဆိုတာကို မမေ့ရုံ တက်ပြီး၊ တောင်ပြေးမြောက်ပြေး ပြေးခဲ့ရတဲ့ခေတ် ဆိုတော့...
    ကျွန်မ ပြောချင်တာတွေ ရှင်းလင်းအောင် ဥပမာဆောင်ပြီး ပြောကြည့်တာပါပဲ။ တကယ်က အရင်က တွေးမိတဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ ပြောမယ်လို့ တွေးလိုက်မိတော့လည်း ထွက်လာတာပေါ့လေ။ ဟင်းးး အင်ဂျင်နီယာတဲ့... နှယ်နှယ်ရရ မှတ်လို့။ မတွေးကာမှ တော်ကာကျတယ်။ တွေးလိုက်တာနဲ့ ထွက်တော့တာပဲ။ :)))
    စိတ်ဆိုးစရာ ပါသွားရင်တော့ ခွင့်လွှတ်ပါ။ ကိုယ့် ရှေ့ခေတ်က စီနီယာမို့ တောင်းပန်တာပါ။
    စာလာဖတ်တာ၊ ဂရုတစိုက် comment ရေးပေးတာတွေ အတွက် တကယ်ပဲ ကျေးဇူးတင်မိပါတယ်။
    အစ်ကို့ ဘလော့ကိုလည်း လာလာ ဖတ်ဖြစ်ပါတယ်။ အမြဲ လာမယ် တေးထားပေမယ့် အမြဲတော့ မရောက်မိသေးဘူး။ ရောက်တိုင်းကတော့ ဖတ်စရာ ရှိတာ မှန်သမျှ အကုန်နီးပါး ဖတ်ခဲ့တာမို့ ဘလော့ကိုတော့ တရင်းတနှီး ရှိပါတယ်။ အစ်ကို့ကိုလည်း စိတ်ထဲမှာ ရင်းနှီးမိပါတယ်။
    အစ်ကိုပြောသွားတဲ့ ဘုန်းမိုးဇွန်နဲ့ ကျော်ကိုကို ဆောင်းပါး/ကဗျာတွေ link လွယ်ရင် ပေးပါ။
    ReplyDelete
  86. ပုံမှန် လူတစ်ယောက်မှာ အဲဒီ အကြောင်းတွေနဲ့ ပတ်သတ်လို့ "ခံပြင်းတဲ့စိတ်" မရှိတဲ့သူ ရှိလိမ့်မယ်လို့ ကိုမျိုးမြင့်မောင် ထင်ရင်၊ ထင်ရလောက်တဲ့သူကို ဆန်းစစ်ကြည့်လိုက်ပါ။ ဒါပေမဲ့ ခံပြင်းစိတ်သည် ဒါလုပ်ဖို့ တွန်းအား ဖြစ်ချင်မှ ဖြစ်မယ်။ ခံပြင်းရင် လုပ်မှာပေါ့လို့ တထစ်ချ ပြောလို့ မရဘူး။
    ကျွန်မရဲ့ အသိ အစ်မတယောက် 96 မှာ ကြို့ကုန်းကို ရောက်နှင့်ပြီးသူ၊ လုံးဝ ပြစ်တင်ရှုံ့ချ ဆန့်ကျင်၍ ဆတ်ဆတ်ခါအောင် နာ နေသူ၊ သူ့ အယူအဆလေး စိတ်ဝင်စားစရာကောင်းလို့ ပြောပြလိုက်မယ်။ သူဟာ အမြဲတမ်း လှူ နေပါတယ်။ လူမှုရေး၊ ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက်ပါ။
    သူ နိုင်ငံရေးကို လုံးဝ မလှူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခြေခံကတော့ သူ ဒီလမ်းစဉ် ကို မယုံကြည်လို့ပါ။ ပြီးတော့ လူတွေကို မယုံလို့ပါ။ နောက်ဆုံး အဓိက အကျဆုံးနဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးက "ငါတို့ အတွက် ရှေ့ကနေ သေပေးကြပါနော်" လို့ အဓိပ္ပါယ် ရောက်တဲ့ အလုပ်ကို သူ လုံးဝ မလုပ်ချင်ဘူး ပြောပါတယ်။
    ဒါရှင်းပါတယ်။ ဒီနည်းလမ်းကို သူမယုံလို့ ပါပဲ။ လမ်းပေါ်မှာ ဒီတိုင်း သေကြတာကို သူ အားမပေးချင်လို့ ပါပဲ။ ဒီလိုပြောလို့ လှူတဲ့လူတွေကတော့ သူပြောသလို သေပေးကြပါနော် လို့ တောင်းဆိုနေတဲ့ လူတွေ လို့ ကျွန်မ မမြင်ပါဘူး။ ရှုထောင့် အမျိုးမျိုးကို မြင်အောင်သာ ပြောတာပါ။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နေကြတာကို ပြောတာပါ။
    ကိုလူထွေး ပေးခဲ့တဲ့ comment နဲ့ ဒီ အစ်မရဲ့ စကားလုံးကို ဆက်စပ်လို့ ကျွန်မ သေချာ comment တစ်ခု ပြန်ရေးဦးမယ်လို့ စဉ်းစားနေတာ။ ယူသော်ရ၏ စကားလုံးတွေ အကြောင်းပေါ့။
    ဒါပေမဲ့ ဝိရောဓိတွေ သက်သက် တင်ပြသလို ဖြစ်ပြီး ဘာ အဖြေမှ မရနိုင်မယ့် အတူတူ အလကား ဖောင်းပွနေမလား မသိဘူးလို့ တွေးနေခဲ့တာ။ ကိုမျိုးမြင့်မောင် comment ကို ဖတ်ရတော့ ရေးချင်သွားမိလို့ ခုရေးလိုက်တယ်။
    ကျွန်မ နာတတ်ခဲ့တဲ့ post တစ်ခု မနှစ်ဆီက ရေးခဲ့ဖူးတာ၊ ဒါပေမဲ့ အဲဒီ post ကို တမင်ကို အစ ပြန်မဖော်ချင်လို့ မဖော်တော့တာ။ ခုလဲ မဖော်တော့ပါဘူး။ post ကတော့ ဒီတိုင်းပဲ ရှိနေပါတယ်။
    ကိုမျိုးမြင့်မောင်ကို ကျေးဇူးတင်ပါတယ်။ လာမယ်ထင်လို့ မျှော်နေတာ။
    ReplyDelete
  87. အမြင်တော်တော်များများ မတူပေမယ့် ဂရုတစိုက် ဖြေကြားပေးလို့ ကျေးဇူးပါ ခင်ဗျား။
    ကျွန်တော့်ထက် သူက ၁၀ ဆ တာဝန်ကျေတယ် ဆိုတာက၊ ကျွန်တော် ၈၈ မှာ ပထမနှစ်ပါ။ ရင်းရင်းနှီးနှီး သူငယ်ချင်းတွေ ထောင်ကျ၊ တောခို၊ ကျဆုံး တာတွေ ကြုံခဲ့ ကြားခဲ့ ပါတယ်။ ကျွန်တော်ကတော့ ဝေလေလေလောက် မဟုတ်ပေမယ့်။ သာမန်ကျောင်းသား တယောက်ထက် မပိုခဲ့ပါဘူး။ ၉၆ မှာတော့ သတင်းတွေ ကြားနေရပေမယ့် ဘာမှ မပါဝင်ခဲ့ပါ။ သူက လမ်းလျှောက်တာပဲ (ဓာတ်တိုင် ၂ တိုင်လောက် ဖြစ်ချင်ဖြစ်မယ်) နိုင်ငံကို မပြောင်းနိုင်လဲ နိုင်ဘူးဆိုပေမယ့်။ သူ့အတွက် အရိုက်အနှက်၊ ထောင်၊ နောက်ဆုံး အသက်လည်း ဖြစ်သွားနိုင်ပါတယ်။ တကယ်လည်း လှည်းတန်းက ရေထွက်တိုက်တဲ့တောင် ၇ နှစ် ကျသွားတာမျိုး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လုပ်သင့်တာ တခုကို လုပ်ခဲ့တဲ့ သူ့ကို တာဝန်ကျေတယ် ပြောခဲ့တာပါ။
    မျိုးဆက် လက်ဆင့်ကမ်းကိုတော့ ကျွန်တော်တို့ ခေတ်မှာတောင် ဆရာတွေ ရှားလာပြီ၊ နောက်ပိုင်း ပိုရှားလာတာ သိပါတယ်။ ဒါပေမဲ့ အရင်မျိုးဆက် နောက်မျိုးဆက် ဘယ်သူ့ကိုမှ အပြစ်မတင်ခဲ့ပါ။ ပညာရေးစနစ်ကသာ၊ ဒီပညာစနစ်ကို တမင်လုပ်ခဲ့သူတွေကသာ တရားခံလို့ပဲ သတ်မှတ်ထားပါတယ်။
    အခုလည်း မရီတာ တို့နဲ့ မတိမ်းမယိမ်း နောက်ပိုင်းခေတ် အင်ဂျင်နီယာတွေနဲ့ အတူအလုပ်လုပ်နေပါတယ်။ အများစုက မညံ့ကြပါ။
    ဒီပညာရေး စနစ်ထဲကမှ ထူးချွန်တဲ့သူတွေ ထွက်လာပါသေးတယ်။ နောက် ၂၀ဝ၇ မှာ ဗကသ ခေါင်းဆောင် ကိုကျော်ကိုကို တို့ပေါ်လာတော့ သိပ်အားတက်မိပါတယ်။
    http://free4burma.blogspot.com/2007/10/blog-post_3706.html
    http://www.scribd.com/doc/21948690/
    ဘုန်းမင်းဇွန် ကဗျာက ဒီမှာပါ။ ကိုနေဘုန်းလတ် ရဲ့ ကလောင်ခွဲလို့လည်း ပြောကြပါတယ်။ သေချာမသိပါ။
    http://www.moehlaingnya.net/2007/10/blog-post_13.html
    ReplyDelete
  88. တကယ်လို့ သူက အဲဒီ "လမ်းစဉ်" ဆိုတာကို မယုံကြည်ဘူးဆိုရင် တခြား ဘယ်နည်းလမ်းတွေနဲ့ သူ့ကို ခံပြင်းစေတဲ့ စော်ကားမှု၊ အရှက်ရစေတဲ့ သိက္ခာချမှုတွေကို ဖြေရှင်းဖို့ ကြိုးစားသလဲဆိုတာ သိချင်တယ်။ နည်းလမ်းလို့ ဆိုတာမှာ ပြဿနာကို လက်ခံပြီး ဖြေရှင်းဖို့ ကြိုးစားတာကို ဆိုလိုချင်တာ။ မျက်နှာလွှဲတာ၊ ဖြေရှင်းဖို့ မကြိုးစားပဲ ဖြေတွေးတွေးတာ (wishful thinking) စတဲ့ နည်းတွေကို မဆိုလိုဘူး။ လမ်းစဉ်တစ်ခုကို မယုံကြည်လို့ အဲဒီနည်းနဲ့ မဖြေရှင်းတာ သဘာဝကျပါတယ်။ ဒါပေမယ့် အဲဒီလမ်းစဉ်က ဖြေရှင်းဖို့ ကြိုးစားနေတဲ့၊ ကိုယ်နဲ့လည်း သက်ဆိုင်တဲ့ ပြဿနာကိုပါ ဥပက္ခာပြုလိုက်တာတော့ သဘာဝမကျဘူး။ အဲဒါအတွက် justification မရှိဘူး။ ဘာမှမလုပ်တာဟာ ကိုယ့်အလုပ်၊ ဘာမှမယုံကြည်တာဟာ ကိုယ့်ယုံကြည်မှု ဆိုသလိုမျိုး wordplay ဆန်ဆန် rationalization ပဲ ဖြစ်မယ်။
    ReplyDelete
  89. အင်း ဟုတ်ပါပြီ။
    ဒီကိစ္စဟာ အဖြေမရှိနိုင်မယ့် အတူတူလို့ (မရှိတာဟာ ကျွန်မဦးနှောက်ထဲမှာ မရှိတာလည်း ဖြစ်နိုင်တယ်) ရေးခဲ့ပါတယ်။
    အဖြေမရှိလို့ သူ့အနေအထားကိုလည်း ကျွန်မ ပြောခွင့်မရှိလို့ ကျွန်မကပဲ သိချင်တာ မေးပါမယ်။
    ဒါဖြင့် ဒီအဖွဲ့အစည်းတွေကို လှူလိုက်တာနဲ့ justification ရှိသွားရောလား။ သူအပါအဝင် သူလို ကျွန်မလို လူတွေဟာ ရှေ့ထွက် အသေခံဖို့ အကြောင်းရှိလာမှာ မဟုတ်ဘူး။ အဲဒီအခါ ပိုက်ဆံပို့ပေးရင် ပြီးရောလား။ ဒါတကယ်ကို solution ကို သိချင်လို့ မေးတာဖြစ်ပါတယ်။
    သိပ်လွယ်တဲ့ အလုပ်မို့ (အဲဒီအစ်မတော့ သူ့ယုံကြည်ချက်ဖြစ်နေတာမို့ မသိ။)ကျန်လူတွေ အနေနဲ့ကတော့ ခုချက်ချင်းကို ထ လုပ်လိုက်နိုင်တဲ့ ကိစ္စပါပဲ။
    ဒါပဲလား။ ဒါဆိုရင် ကောင်းပါပြီ။
    ဒါ့ထက် ပိုတာတွေ ရှိသေးရင်လဲ ပြောပြခဲ့ပါ။
    တကယ်တော့ ကျွန်မလဲ အဖြေလိုချင်နေတာပဲ။ Solution ထုတ်ပေးနိုင်တဲ့ လူတော့ မဟုတ်ဘူး။
    ReplyDelete
  90. ကျွန်မ ပြောချင်တာသည် ခံပြင်းစိတ်ရှိတာနဲ့ နိုင်ငံရေးကို တိုက်ရိုက် ထလုပ်တာနဲ့ မဆိုင်ဘူး လို့ ပြောခဲ့တာ။
    ခံပြင်းလို့ ဒုက္ခရောက်တဲ့သူတွေကို ကူညီတာပေါ့။ နိုင်ငံရေး အဖွဲ့အစည်းကို ငွေပို့ပေးတာလဲ ဒီသဘော မဟုတ်ဘူးလား။
    နောက်တချက်က ဒီသဘောချင်း အတူတူကိုပဲ သူယုံကြည်ရမှ လုပ်မယ် ဆိုတာ သူ့ရွေးချယ်ပိုင်ခွင့်ပဲ။ (ဒီ ကိစ္စတွေ သူလှူဖူးတုန်းက လူလိမ်ခံချင်ခံရမယ်။) ခံပြင်းလို့ နိုင်ငံရေး အဖွဲ့အစည်းကို လှူတာနဲ့ လူမှုရေးကိစ္စပဲ လှူတာနဲ့ ကွာခြားတာ ရှိသလား။
    ယုံကြည်မှု ဆိုတာမှာ ပြောင်းလဲလာမှာကို ယုံကြည်နိုင်ဖို့လဲ လိုသေးတယ်။ ပြောင်းလဲ ပေးမယ်လို့ ထင်ရတဲ့ အော်နေတဲ့ လူတွေကို ကိုယ် မယုံကြည်နိုင်တဲ့ အခါ၊ ယုံကြည်ရလောက်တာကို မတွေ့ရတဲ့ အခါ၊ လက်ရှိအခြေအနေကို ခံပြင်းသော်ငြား ဥပေက္ခာပြုမိနိုင်တယ်။
    ခုလက်ရှိကို သေအောင် ခံပြင်းပစေဦး နောက်လာမယ့်ဟာကိုလည်း သေချာယုံကြည်ရလောက်တယ် မထင်ရင်တော့... ဒီကိစ္စတွေ လှည့်မကြည့်ချင်ဘူး။ ကိုယ် ကယ်နိုင်တဲ့လူပဲ ကယ်မယ်လို့သာ ဖြစ်တော့မှာပဲ။
    ပြီးရင် အစက ပြန်ပတ်မယ်။
    အသံကောင်း ဟစ်တာတို့...
    မလုပ်ဖူးရင် လာမပြောနဲ့တို့...ကို မကြိုက်ဘူး ဆိုတာကနေ...
    ကိုမျိုးမြင့်မောင် ဒီ အထုံး ဖြေလိုက်နိုင်ရင်တော့ ကျွန်မ သိပ်ကျေးဇူးတင်မှာပဲ။ ခုဟာက တလျှောက်လုံး စကားလုံးတွေသာ ပြောလာကြတာ။ ဘာ အဖြေမှ ရှိတာ မဟုတ်ဘူး။ သိပ်လည်း မမျှော်လင့်ပေမယ့် ထွက်လာရင်တော့ ကျေးဇူးတင် ဝမ်းသာမိမှာပါ။
    ReplyDelete
  91. လူမှုရေးကိစ္စပဲ လှူတာက ဖြေရှင်းရာ မကျဘဲ၊ နိုင်ငံရေး အဖွဲ့တွေကို လှူမှ ဖြေရှင်းရာကျပါသလား။
    ReplyDelete
  92. မောင်မောင်December 10, 2009 at 3:19 AM
    ဖတ်လို့အရမ်းကောင်းတယ်..ရီတာ။
    ဆက်ချီတက်ပါ။ ပြန်မေးထားတဲ့မေးခွန်းတွေကို ကြိုက်တယ်။
    ReplyDelete
  93. တချို့  သောလူတွေ ကစတိုင်လ် ထုတ်ပြီး
    နာမည်ကြီးချင်လို့  ထောင်ထဲဝင်တယ်
    တချို့ သောလူတွေ ကနာမည်ကြီးချင်လို့ 
    ဘလောဂ့် စာမျက်နှာမှာ ကိုယ့်လူမျိုး
    အချင်းချင်းကို စော်ကားတယ်
    ReplyDelete
  94. စော်ကားတယ်လို့ အဓိပ္ပါယ် သက်ရောက်စေတဲ့ စကားလုံး ရှိရင် ဆွဲထုတ်ပြပါ။ နောက် နာမည်ကြီးချင်တာ ဆိုတဲ့ ကိစ္စ။
    နာမည်ဆက်ကြီးချင်တာများ ရေးလက်စ အခန်းဆက်ကို ဆက်ရေးလည်း ဖြစ်တယ်။ ခုလိုမျိုး post ရေးပြီး အဆဲခံစရာ စစ်သားမယားလား အမေးခံစရာ မလိုဘူး။
    "သိပ်ကောင်းတာပဲ။ သိပ်ခံစားရတာပဲ။ သိပ်ရေးတတ်တာပဲ ဆက်ရေးပါဦး" တို့ထက် သာယာစရာ ကောင်းလို့လား အဲဒီ စော်ကားမော်ကား ပြောတဲ့ စကားလုံးတွေက။
    နာမည်ကရော ဘာပိုကြီးလာသလဲ။ COMMENT မှာ မရေးချင်လို့ EMAIL ပို့ပြီး ထောက်ခံကြတဲ့၊ ကိုယ်နဲ့တူတဲ့ သူတို့ သဘောထားကို ပြောပြကြတဲ့ လူတွေ ရှိတယ်။ COMMENT မှာပဲ ထောက်ခံတဲ့လူ၊ ဆဲတဲ့လူ၊ မထိတထိ ရိတဲ့လူတွေ ရှိတယ်။ ဘာက နာမည်ကြီးတာလဲ။ ဒီ POST တင်လို့ HIT တောင် ပိုတက်တာ မဟုတ်ဘူး။ ခါတိုင်း POST အသစ်တခု တင်သလိုပဲ။ တချို့တွေ အရှိုက်ထိကုန်လို့သာ COMMENT တွေ များလာတာပဲ ရှိတယ်။
    HIT ဆိုလို့ HIT တကယ် တက်သည့်တိုင်အောင် 1 HIT ကို ငွေ 700 ကျော်နဲ့ လဲလို့ ရတာလဲ မဟုတ်ဘူး။ စိတ်ကို မဝင်စားဘူး။ 1 HIT ကို အဆဲတစ်ခု ဖြစ်မနေရင်ပဲ တော်လှပြီ။
    ဒါပေမဲ့ မကျေနပ်လို့ ဆဲသွားတာကိုပဲ POST နဲ့ တိုက်ရိုက်သက်ဆိုင်လို့ ကျေနပ်မိသေးတယ်။ ဆက်စပ်တွေးတောနိုင်တဲ့ ဦးနှောက်မရှိဘဲ မဆိုင်တာတွေကို မခံချင်အောင် လျှောက်ပြီး လှီးလွှဲပြောနေတာတွေကိုတော့ စာရင်းကို မရှိဘူး။ COMMENT မှာ အရေအတွက်တွေ များနေလို့ မဆိုင်တာတွေ လာရေးရင် ဖျက်ပစ်မယ်လို့ ကြေညာပြီးသားနော်။
    သိပ်စိတ်ကြီးတာပဲ။ အသက် ဝအောင် ရှူပါဦး။ စိတ်လျှော့ပြီး အိပ်လိုက်ပါတော့ ဆိုတဲ့ ရူးသလိုလို နှမ်းသလိုလို COMMENT တစ်ခု ဖျက်ပစ်လိုက်ပြီးပြီ။ အကျိုးသင့် အကြောင်းသင့် မရှိရင် အကုန် ဖျက်မယ်။
    ReplyDelete
  95. ဖွံ့ဖြိုးပြီးသားတိုင်းပြည်တွေမှာဆို ခေါင်းစဉ်တခု၊ အကြောင်းအရာတခုကို ရှု့ထောင့်ပေါင်းစုံက ကြည့်ပြီး ဆွေးနွေးငြင်းခုံကြတာကို တီဗွီကနေ တိုက်ရိုက်လွှင့်ပြလေ့ရှိတယ်။ ကြည့်လို့သိပ်ကောင်းတယ်။
    ခုလဲ ကိုယ့်အတွေးကိုယ့်အမြင်ကို ယဉ်ယဉ်ကျေးကျေးနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးနေကြတာ ဖတ်လို့ကောင်းတယ်။
    အကြောင်းအရာတခုကို ကိုယ့်ဖက်က မှန်တယ်ထင်နေပေမဲ့ အခြားတဘက်ကမှန်တယ်မထင်တဲ့အခါ သူပြောတာကိုလဲ အကျိုးသင့် အကြောင်းသင့် နားထောင်ပေးသင့်တာပေါ့...
    ဘုရားမှာတောင် ဆန့်ကျင်ဘက် မာန်နတ်ရှိသေးတာပဲ။
    မာန်နတ်မှာလဲ သူ့နောက်လိုက်အဖော်တွေတလှေးကြီးနဲ့ပါ။
    တကမည္ဘာလုံး ကျီးလန့်စာစား ဖြစ်စေတဲ့ ဘင်လာဒင်ကို
    သွားအင်တာဗျူး လုပ်ကြည့်၊ သူဘာကြောင့် ဒီလုပ်ရပ်တွေ လုပ်ရသလဲဆိုတာ အကျိုးအကြောင်းခိုင်လုံစွာ ရှင်းပြနိုင်ပါတယ်။ သူ့ဘက်မှာ သူမှန်တယ်ထင်တဲ့ အကြောင်းပြချက်ကောင်းကောင်းရှိလို့ သူဒီလိုလုပ်တာပါ။ သူလုပ်ရပ် သူ့အမြင်ကောင်းမကောင်းဆိုတာကို သူဘယ်လိုဆင်ခြေပေးပေး သူလိုလူတွေကလွဲရင် အားလုံးခံစားနားလည်နိုင်ပါတယ်။
    သူကအမေရိကားမှာ ခေတ်ပညာသင်ခဲ့သူပါ။
    ဟုတ်မဟုတ်တော့မသိ။ အင်တာနက်ထဲမှာတောင် မြန်မာပြည် နာဂစ်အတွက် စိတ်မကောင်းလို့ ကူညီဖို့
    သူပြောတဲ့ အကြောင်းဖတ်လိုက်ရပါသေးတယ်။
    ဆိုတော့ကာ သူဟာ လူမှု့ရေးစိတ်ဓါတ်လဲ ရှိသေးပုံပါပဲ။
    ReplyDelete
  96. ခုဖတ်ရသလောက်ဆို အမနဲ့ အမလိုလူတွေက နိုင်ငံရေးလုပ်နေသူတွေကို ပြောင်းလဲနိုင်သူတွေ၊ အဖြစ်ရှိသူတွေလို့မမြင်။ မမြင်ရတဲ့အကြောင်းတွေလဲ ရှိတယ်ဆိုပါစို့။
    ဒါဆို ခုလုပ်နေတဲ့သူတွေ နဲနဲလုပ်များများပြော၊ နဲနဲလုပ် နဲနဲပြော၊ များများလုပ်များများပြော၊ များများလုပ်နဲနဲပြော၊ ဘ၀ပေးလုပ်ဘာမှမပြော၊
    ဒီလို ပုံစံမျိုးစုံနဲ့ လုပ်နေတဲ့သူတွေ အားလုံးအဓိပါယ်မဲ့ အကျိုးမရှိတဲ့ အလုပ်ဆိုပြီး ရပ်လိုက်သင့်တယ်လို့ ထင်ပါသလား။ အဖိနှိပ်ခံဘ၀ကနေ
    အပ်တချောင်းတောင် မကိုင်ပဲနဲ့ နိုင်ငံချစ်စိတ်၊ အမှန်တရားကို မြတ်နိုးတဲ့စိတ်နဲ့ ဘ၀ကိုစွန့်ပြီး တော်လှန်နေတဲ့သူတွေမပြောနဲ့၊ သေနတ်တွေ အမြှောက်တွေ လက်ပစ်ဗုံးတွေ ကိုင်ပြီး အမြင့်ဆုံးအာဏာကို ယူထားတဲ့ စစ်အစိုးရတောင် တိုင်းပြည်ကို နှစ်၂၀အတွင်း ဘယ်လောက်ကောင်းအောင် ပြောင်းလဲနိုင်လို့လဲ။ပြောပြပါဦးခင်ဗျား
    ကျနော်ဆိုလိုတာက အမ ၀င်လုပ်တာမလုပ်တာ၊ အားပေးတာ မပေးတာကို ပြောတာမဟုတ်ပါဘူး။
    မပြောင်းလဲနိုင်ပဲနဲ့များ ဆိုတဲ့ အမြင်နဲ့ ဟင်တယ်ဆိုလို့ပါ။ မလုပ်ပဲနဲ့ မပြောနဲ့ဆိုတဲ့ သဘောလဲ မဟုတ်ပါဘူး။ ပြောနိုင်ပါတယ် ကိုယ့်အမြင်နဲ့ကိုယ်ပဲဟာ။ ဒါပေမဲ့ ဘာ့ကြောင့် အခြားတဘက်ကို မဟင်မိတာလဲ သိချင်လို့သက်သက်ပါပဲ။
    ReplyDelete
  97. သူတို့ စစ်အစိုးရဘက်က လူတွေ အနဲဆုံး စစ်ဗိုလ်အဆင့်ဆိုရင်တောင် အိမ်၃၊၄လုံး ကားအနဲဆုံး၂စီးလောက်နဲ့ မိုးမမြင်လေမမြင် ဖြစ်နေချိန်မှာ နယ်စွန်နယ်ဖျားမပြောနဲ့ ရန်ကုန်မြို့လယ်ခေါင်မှာ လမ်းဘေးဈေးရောင်းရင်း လူပွဲစား လုပ်နေရတဲ့ ကလေးတွေ၊ အမှိုက်ကောက်နေတဲ့ ကလေးတွေ၊ လမ်းတကာမှာ မြေကြီးပေါ်ပုံ့ပုံ့ထိုင်ပြီး တောင်းရမ်းစားသောက်နေတဲ့
    သက်ကြီးရွယ်အိုတွေ မသေသင့်ဘဲ ကျမ်းမာရေးစားရိတ်
    မတတ်နိုင်လို့ ကျမ်းမာရေးအသိမရှိလို့ ခွေးသေ၀က်သေ
    သေနေတဲ့ လူနာတွေ။ အဲ့ဒီလူတွေအတွက် တာဝန်ရှိလျှက်နဲ့ တာဝန်မယူတဲ့သူတွေ အဲ့ဒီသူတွေကိုရော မပြောင်းလဲနိုင်သူတွေအဖြစ် မမြင်မိဘူးလား။ မ ဟင်မိဘူးလားဗျာ။
    သူတို့ စိတ်တိုင်းကျ နေပြည်တော်ကြီး တည်ဆောက်လိုက်တဲ့ သန်းပေါင်းများစွာသော ငွေတွေ၊ သူတို့ စစ်အရာရှိအသိုင်းအ၀န်းက သောက်သောက်လဲ ထင်တိုင်းကြဲ သုံးနေတဲ့ ငွေတွေဟာ ကျနော်တို့ အားလုံး ပြည်သူတွေ ပိုင်တဲ့ ဘ္ပာငွေပဲ မဟုတ်ဘူးလားဗျာ။ ဒီပြည်သူတွေထဲမှာ အရည်အချင်းရှိတဲ့သာမန် သူတွေအနားမကပ်နိုင်တဲ့ ရာထူးလုပ်ပိုင်ခွင့် မှန်သမျှ သူတို့နဲ့ နီးစပ်အဆင်ပြေသူတွေကိုပေးပြီး အကန်တော့ခံစာ မြိုးမြိုးမြက်မြက်ယူပြီး စည်းစိမ်ယစ်နေကြတာကိုရော မဟင်မိဘူးလား။
    သူတို့ လုပ်ချင်ရာလုပ်သမျှ ဘယ်သူမှ ဘာတခုမှ လေသံတောင် မသလပ်ရဲအောင် လုပ်ထားပြီး၊ နဲနဲလေး လေသံကြားတာနဲ့ မတန်တဆ စိတ်ကြိုက် အပြစ်ပေးနေတာကိုရော မရီတာ စိတ်မကုန်မိဘူးလား။
    ဟိုးနယ်စပ်မှာ ခွေးပြေးဝက်ပြေး ပြေးနေရှာတဲ့ တိုင်းရင်းသားတွေ အငတ်ဘေးခံနေရတဲ့ ချင်းပြည်နယ်သားတွေ၊ မိသားစုတွေဆုံး အိုးအိမ်တွေမဲ့နဲ့ မမြင်ရက်မရှု့ရက်စရာ နာဂစ်မုန်တိုင်းမိခံရတဲ့ ဒုက္ခသည်တွေကို လှူမဲ့ အလှူတွေတောင် သူတို့နေရာပျောက်လေမလားဆိုပြီး ငြင်းခဲ့တာတွေ၊တရစ်ပြီး တရစ် အချိန်ဆွဲခဲ့တာတွေ။
    ဒါတွေကို မရီတာ နဲနဲမှ မဟင်လိုက်ချင်ဘူးလား။
    ReplyDelete
  98. ဒါတွေကမှ ကျနော်တို့ ပြည်သူတွေရဲ့ ငွေတွေ လုပ်ပိုင်ခွင့်တွေ လူ့အခွင့်အရေးတွေကို အလွဲသုံးစားမတရားလုပ်နေလို့ ဟင် ချင်စရာလို့ ကျနော်ထင်မိတယ်။
    ကျနော့်မျက်စိထဲမှာ ကျနော်တို့ပြည်သူတွေဟာ သူတို့ အာဏာစက်ထဲမှာ ကြံကို အရည်ညှစ်ခံရသလိုပဲမြင်မိနေတယ်။
    ကျနော်တို့က ကြံဖတ်တွေလိုပဲ။ ရှိရှိသမျှ အရည်ကို
    တစက်မှမကျန်အောင် ရှေ့ပြန်နောက်ပြန် အကြိတ်ခံနေရတာ။
    အမ မယုံချင်တဲ့သူတွေ ဟင်တဲ့သူတွေက ကျနော်တို့ အကျိုးကိုဆောင်ရွက်ဖို့ ရာထူးယူထားတဲ့ လခယူထားတဲ့ သူတွေမဟုတ်ကြပါဘူးအမရယ်။
    သူတို့မှာ ဒို့တိုင်းပြည် ဒို့လူမျိုးဆိုတဲ့ စိတ်လေးနဲ့ တတ်နိုင်သလောက် စွန့်စားနေကြသူတွေပါ။
    နောက်ဆုံး သူတို့ နိုင်ငံခြားထွက်ပြီး အော်နေတယ်ဆိုသူတွေ တောင်မှ ကျနော်တို့ ဘ္ပာငွေကို အလွဲသုံးစားလုပ်နေတာမှ မဟုတ်ပဲ။
    ကျနော်တို့ အခွင့်အရေးကို သူတို့ အလွဲသုံးစားလုပ်နေတာမှ မဟုတ်ပဲ။ သူတို့ နိုင်ငံခြားကနေ အတွေ့အကြုံတွေ၊ အသိပညာတွေ ပြန်မျှဝေနိုင်တာပဲ။ ငွေကြေးအရလဲ တတ်နိုင်သလောက်
    ပြန်ထောက်ပံ့နိုင်တာပဲဗျာ။
    ReplyDelete
  99. ကျနော့် အမြင်က အပြင်ထွက်ပြီးအော်နေလို့
    အထဲကလူတချို့က မကျေနပ်တာ၊ မင်းတို့ကိုယ်တိုင် ပြန်လာလုပ်ပါလားလို့ ပြောတာသဘာဝကျပါတယ်။
    ဒါပေမဲ့ အပြင်ကလူက အထဲကိုပြန်ဝင်ပြီး လျှို့ဝှက်ကိစ္စလုပ်တဲ့ အခါရော ဘယ်သူ့ကို ကျေငြာပြီး ၀င်သွားပါ့မလဲ...
    ဘယ်ဘလော့ဂ်ကနေ ကျနော်ဒီနေ့ ဒီရက် မြန်မာပြည်ပြန်ပြီး စည်းရုံးရေး ဆင်းပါမယ်။
    ကောက်ခံရတဲ့ အလှူငွေတွေကို တော်လှန်ရေးအတွက်၊ လူမှူ့ရေးအတွက် လိုအပ်သလိုသုံးဖို့ ဘယ်သူ့ကိုသွားဆက်သွယ်ပေးအပ်ပါ့မယ်လို့ ပြောပါ့မလဲခင်ဗျာ။ ဒါကျနော့်ဘာသာတွေးကြည့်တာပါ။
    လုပ်တဲ့သူရှိလို့သာ ရွှေဝါရောင်တော်လှန်ရေးဆိုတာပေါ်လာတာနေမှာပေါ့။
    ကောင်းပါပြီ...ဒါတွေက အလကား အရည်မရ အဖတ်မရတွေပါဆိုရင် ခုပြောနေ ဆိုနေ လုပ်နေကိုင်နေတာတွေ အကုန်ရပ်ကျဟေ့..
    ဒီမင်းဒီချင်းနဲ့ပဲ သွားမယ်ဆိုရင်ကော နောက်ထပ်အနှစ်၂၀ ဘာတွေပြောင်းလဲလာမယ်အမထင်လဲခင်ဗျာ။
    အမပြောသလိုပဲ တတ်နိုင်သလောက် လူမှု့ရေးလေးတနိုင်တပိုင် လုပ်ကြတာပေါ့ဗျာ။
    ကျနော်တကယ်သိချင်လို့ စဉ်းစားမိသလောက်မေးမိတာပါ။
    ဟုတ်ပါပြီ စီးပွါးရေးတွေပိတ်ဆို့လို့ တိုင်းပြည်က မတိုးတက်ဘူးထားပါ။ ပိတ်ဆို့တာတွေ ဖွင့်လိုက်ရင်ရော
    ဘယ်သူတွေ ထောင်ပြီးတိုးတက်သွားမှာလဲ၊ စီမံခန့်ခွဲမှု့ ညံ့ဖျင်းနေသရွေ့ စီးတဲ့ရေ သွယ်တဲ့ မြောင်းဖြစ်နေမှာပဲ မဟုတ်ဘူးလား။
    ပြည်တွင်းစစ်မငြိမ်းသမျှ ကာလပတ်လုံး ဒီတိုင်းပြည်ကရောတည်ငြိမ် အေးချမ်းနိုင်ပါ့မလား။
    ဒါဆို ဒီမင်းပဲဒီလူတွေပဲ ဆက်သွားနေလို့ ပြည်သူတွေအမှန်တကယ် တိုးတက်မှာမဟုတ်ဘူးလို့ ယုံကြည်ပြန်တော့ရော..
    နောက် စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ အုပ်ချုပ်နိုင်မဲ့ အစိုးရအဖွဲ့ အစည်းမျိုးကိုရော ခုတွေ့ထား လျာထားနိုင်ပြီလား။
    တွေ့ထားရင်ရော ဒီလက်ရှိအစိုးရကို ဖြုတ်ချဖို့ ခုသွားနေတဲ့ ပုံစံနဲ့ လုံလောက်ရဲ့လား။
    ReplyDelete
  100. အဲဒါပဲ ဖတ်ရတာ အမော အဆို့ဆုံး ကွန်မန့်ဟာ အထက်က ကွန်မန့်ပဲ။
    တဖက်ကို ဝေဖန်တာနဲ့ တဖက်ကိုတော့ ဝေဖန်စရာ မရှိလို့ လွှတ်ထားတယ် လို့ တွေးလိုက်တော့တာပဲ။
    လောလောဆယ် ဖြစ်သွားတဲ့ ဆရာဝန်ကိစ္စလိုပဲ။ မီဒီယာ မှားတယ် ထောက်တော့ ဆရာဝန်ကျ ဘာလို့ မထောက်သလဲ လာတယ်။ ဆရာဝန်မှားရင် ဘာလုပ်သင့်တယ် ဆိုတာ ထည့်ပြောစရာကို မလိုလို့ ထည့်မပြောသွားတာ။ သေချာပေါက် မှားနေတဲ့ မီဒီယာပဲ ထောက်ရုံနဲ့ ဆရာဝန် ဘာလုပ်လုပ် မှန်တယ်လို့ အဓိပ္ပါယ် မပေါက်ဘူး။
    ဘာမှ ထည့်မပြောဘူးဆိုရင် ဘာမှ မမှားဘူးထင်လို့ လို့ ဘာဖြစ်လို့ တွေးရတာလဲ။ လယ်ပြင်မှာ ဆင်သွားသလို ဖြစ်နေလို့ ထည့်မရေးတာပေါ့။ ငါ့နှယ်...
    ReplyDelete
  101. ဒါနဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ထုတ်သွားတာကိုတော့ ကျေးဇူးတင်မိပါတယ်။
    ဒါပေမဲ့ အဲဒီ COMMENT ဟာ POST ရေးသူကို အန္တရာယ်ရှိစေနိုင်လိမ့်မယ်လို့ နဲနဲမှ မတွေးမိဘူးလား။ COMMENT ရေးသူကတော့ ANONYMOUS နဲ့မို့ ကိစ္စ မရှိဘူးပေါ့လေ။
    ReplyDelete
  102. မလုံလောက်သေးဘူးဆိုရင် ဒီ့ထက်ပိုပြီး မ၀ိုင်းဝန်းသင့်ဘူးလား။
    ငွေနဲ့တတ်နိုင်တတ်နိုင်၊ လူအား ဥာဏ်အားနဲ့ တတ်နိုင်တတ်နိုင်ပေါ့ဗျာ။
    ဘာမှမတတ်နိုင်ဘူးပဲထား၊ တတ်နိုင်သလောက်လုပ်နေတဲ့ သူတွေကို နားလည်စာနာပေးလို့ မရနိုင်ဘူးလား။
    တကယ့်ကို သိချင်ယုံပါပဲခင်ဗျာ။
    ကျနော်တော်တော်ရှည်ဝေးစွာ ရေးလိုက်မိလို့ ခွဲတင်လိုက်ပါတယ်။
    ReplyDelete
  103. ဟုတ်ပါတယ်။
    ကျွန်မရေးနေတာကလည်း ဒါတွေ တိုက်ရိုက်မပါပေမယ့် ဒီလမ်းကြောင်းကနေ ခွဲထွက်သွားတာ။ ဒီလမ်းကြောင်းကို ဆန့်ကျင်ထားတာ ဘာများ ပါခဲ့လို့လဲ။
    နိုင်သလောက် လုပ်တဲ့လူတွေ ရှိတာ ကျွန်မလဲ သိနေတာပဲ။ ဘာမှ မလုပ်ဘဲနေတဲ့ လူတွေရှိတော့ရော ဘာတတ်နိုင်လို့လဲ။ သူတို့ မလုပ်ချင်လို့ မလုပ်တာပဲဟာ။ မပျင်းရင်တော့ ဆွယ်ကြည့်ပေါ့။ ပါလာတော့လဲ အမြတ်။ မပါတော့လည်း အရင်းပဲ။
    ReplyDelete
  104. ဆောရီးပါ မရီတာရေ..
    ဘယ်သူ့ကိုမှ အန္တရယ် မဖြစ်စေချင်ပါဘူး။ မရီတာလို သူမျိုးမို့ တမင်ရှင်းပြချင်လို့ပါ။ ကျနော်ညလုံးပေါက်ရေးရတာပါ။
    မနက်အလုပ်သွားရမှာမို့ နားပါတော့မယ်။
    ReplyDelete
  105. ခင်ဗျားက အပေါ်က ဟန်လင်းထွန်း ပြောသွားသလိုဘဲ ကြောက်ကံကံပြီး ပိတ် ပြောနေတဲ့သူဆိုတော့ ကျုပ်က တောင်ပေါ်သား ပြောသွားတဲ့ တဖက်သတ် နဲ့ ပတ်သက်တဲ့ သဘော ကိုတော့ ရှင်းပြနေလည်း အပိုဘဲ ဖြစ်နေ မှာမို့ ထပ်ပြီးရှင်း မနေတော့ ပါဘူး .. ကိုယ့်ဖာကိုယ်ဘဲ နားလည်အောင် စဉ်းစားပါ...
    ခင်ဗျားစာဖတ်နာတဲ့သူတယောက် ဟုတ် မဟုတ် ဆိုတာ ကျုပ် က ဘလော်ဂါတွေ လိုက်ပြီး သုတေသန လုပ်နေတဲ့သူမဟုတ်ဘူး ... ခင်ဗျား ကို စိတ်ဝင်စားနေတဲ့သူလည်း မဟုတ်ဖူး ..ခင်ဗျားဖာခင်ဗျား သိရင်ပြီးရော .. ကိုယ့်ကိုကိုယ်ဘဲ သိအောင်လုပ် ... ကျုပ်က ခင်ဗျားအကြောင်း သိရအောင် ဘလော့တွေလိုက်ဖတ်နေတာ မဟုတ်ဖူး
    ခင်ဗျားလို နိုင်ငံရေးသုတေသီ လည်း မဟုတ်.. ဒီမိုကရေစီ ရေးလေ့လာ ဆန်းစစ်သူလည်း မဟုတ်ဘဲ
    ရမ်းတ်ုတ်ပြီး ပွဲဆူ ရအောင် အငြင်း သန် နေတဲ့သူ ကို
    ထပ်ပြီး ဘာမှ မပြောချင်တော့ဘူး ...
    ဒီ ယူအက်စ် မှာ ရှိနေတဲ့ မိုးသီးဇွန်တို့ ဒေါက်တာ စိန်ဝင်းတို့ လို မျိုးတွေ နိုင်ငံရေးလုပ်ပြီး လှုမှုရေး နဲ့
    ငွေကြေး ဆိုင်ရာမှာ နာမည်ပျက် ရှိတဲ့သူမျိုးတွေ ကျုပ်က အများကြီး တွေ့နေ မြင်နေရ တယ် .. ကျုပ်
    သူတို့ကို အထင်လည်း မကြီးဘူး အထင်လည်း မသေးဘူး ... ဒါမျိုးတွေ အများကြီး တွေ့နေခဲ့ပေမယ့် ခင်ဗျားလိုတော့ ဟင် ))) မလုပ်ခဲ့ဘူး .. ဟင်)))) စရာလည်း မလိုအပ်ဖူးထင်လို့ ... ဒါပေမယ့် ကျုပ်မွေးခဲ့တဲ့ နိုင်ငံကို ကျုပ်ချစ်လို့ ကိုယ့် ဗမာနိုင်ငံသား တွေ နဲ့ သက်ဆိုင်တဲ့ကိစ္စ တွေမှာ တော့ ကျုပ်တတ်နိုင်တဲ့ ဘက်ကနေ တတ်နိုင်သလောက်လေး ဘယ်သူမှ မတိုက်တွန်းဘဲ လုပ်သင့်တယ်ထင်လို့ စိတ် ရှိလို့ လုပ်တယ်... လုပ်ချင်တာ မလုပ်ချင်တာ လုပ်တာ မလုပ်တာ ကိုယ့်သမိုင်း...
    ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုလူလဲ ....
    ဒေါ်အောင်ဆန်းစုကြည် အကို ဘယ်လိုလူလဲ....
    ကိုမင်းကိုနိုင် ဘယ်လိုလူလဲ...
    နေဘုန်းလတ် ဘယ်လိုလူလဲ....
    ညီလင်းဆက် ဘယ်လိုလူလဲ.....
    ကျော်သူ ဘယ်လိုလူလဲ.....
    ကျော်ဟိန်း ဘယ်လိုလူလဲ.... ဆိုတာ
    အသိဥာဏ် ရှိတဲ့သူတိုင်း နားလည်ကြပါတယ်
    အခုလည်း ခင်ဗျား ဘယ်လို လူမျိုးလဲ ဆိုတာ
    တစိတ်တဒေသ တော့ ခင်ဗျားကိုယ် ခင်ဗျား လည်း
    မှတ်ကျောက်တင်ပြီး ပြီမို့ ... ထပ်ပြီး ရေးကြီးခွင်ကျယ်
    ပြောမနေ တော့ ဘူးဗျာ......
    ReplyDelete
  106. ဟုတ်ကဲ့ ကောင်းပါပြီရှင်။
    ဒါနဲ့ ကြောက်ကန်ကန်တယ် ဆိုလို့ ဘယ်သူ့ကို ကြောက်ရမှာလဲ။ လက်ထဲ ဘာမှ မရှိဘဲ ပါးစပ်က လေနဲ့တောင် ထိလို့ ရတာ မဟုတ်ဘဲ... ကီးဘုတ်ပဲ နှိပ်လို့ ရတဲ့လူတွေကိုလား။
    ဘာကို ကြောက်ရမှာလဲ။ ဘာလာလုပ်နိုင်လို့ ကြောက်ရမှာလဲ။ မစဉ်းစားနိုင်တော့လို့ ကြောက်သင့်ရင် ကြောက်ရအောင် ပြောပြသွားပါဦး။
    တချို့ အချက်အလက်တွေ ပြန်ဖြုတ်သင့်ရင် ဖြုတ်ရအောင်လို့ပါ။
    ReplyDelete
  107. ခင်ဗျားရေးတဲ့ ပိုစ့်က ဘာရယ်မဟုတ်ဘူးဆိုပြီး စဉ်းစား ဆင်ခြင်မဲ့ရေးခဲ့တာပဲ။ ခင်ဗျားမသိတဲ့ အကြောင်းအရာတွေကို တခြား (ခင်ဗျားနဲ့ အမြင်မတူသူ ၊ ဖြတ်သန်းခဲ့သူတွေက ပြောပြနေပေမယ့် ခင်ဗျားက ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို မထူးဇတ်ခင်းနေတာ။ ခင်ဗျားလည်း ဗမာ့နိုင်ငံရေးမှာ ဘာမှ မဟုတ်သလို ၀င်ရောက်ဆွေးနွေးတဲ့သူတွေကလည်း အထင်ကရတွေ မဟုတ်ကြပေမယ့် သူတို့ရင်ထဲမှာ တိုင်းပြည်ကို ချစ်တဲ့စိတ် အကောင်းဘက်ကို မျှော်လင့်တဲ့ စိတ်လေးတော့ရှိကြတယ်။ ခင်ဗျား ဖြစ်နေပုံက ပြည်တွင်းမှာ ဗိုလ်ကျောင်းတက်ပြီး ဗမာစိတ်ပျောက်နေပြီး ဗမာတွေအလကား ပါဆိုတဲ့ စကားမျိုး ဖမ်းနေတာ။
    ReplyDelete
  108. မသိတဲ့ အကြောင်းတွေ ရှိသေးတာကို စာအုပ်ဖတ်မိပြီး နဲနဲ သိလာခဲ့ပါတယ် ဆိုတဲ့ အကြောင်း ရေးထားတာပါရှင်။ ပြီးတော့ ခုလက်ရှိကို ကိုယ် မြင်တာကို ပြောမိတယ်။ သေချာချင်မှ သေချာမယ်။ ကိုယ်လိုလူတွေ မရှိဘူး ဆိုတာ သေချာရင် ပြီးတာပါပဲ။ ဘာကို ငြင်းရမလဲ။ ဘာကို မထူးဇာတ် ခင်းရမလဲ။
    ဒီလိုဖြစ်နေနိုင်တယ် ပြောထားတာ... မဖြစ်နိုင်ဘူး ဆိုတော့လဲ ပြီးတာပဲပေါ့။
    ကိုမျိုးမြင့်မောင်နဲ့ ပြောထားဆိုထားတာကတော့ သူက ကိုယ့်ရပ်တည်ချက်၊ ကိုယ်လို လူတွေရဲ့ ရပ်တည်ချက်နဲ့ ပတ်သတ်လို့ ပြောထားတာမို့ပဲ။ ကိုယ်ကလဲ ပြန်မေးခွန်းထုတ်တာပဲ။ ကိုမျိုးမြင့်မောင် ကိုယ့်ထက် 4, 5 နှစ် ငယ်နိုင်ပေမဲ့ သူ့ဆီက ကိုယ်လိုချင်တဲ့ solution တခုခု ရနိုင်တာကို သိလို့ ကိုယ် လေးလေးနက်နက် မေးခဲ့တယ်။ အဲဒီလို အဖြေရှာမယ့် လူမျိုးနဲ့ ပဲ စကားပြောချင်တယ်။ ပြဿနာပဲ တွေ့တဲ့လူတွေနဲ့ စကား မပြောချင်ဘူး။ ပြောချင်လဲ တယောက်တည်းပဲ လာပြောနေပေတော့။
    ပြဿနာ ရှာတဲ့လူတွေနဲ့ ဘာလို့ မပြောချင်လဲ ဆိုတော့ ကိုယ်ကိုယ်တိုင်က ပြဿနာပဲ တွေ့ထားလို့။ အဲဒါကြောင့် အဖြေရှာနိုင်မယ့် လူကိုပဲ သေချာ စကားပြောတာ။
    အကောင်းမြင်တာလဲ အထင်မကြီးဘူး။ အဆိုးမြင်တာလဲ အထင်မကြီးဘူး။ အမှန်တိုင်းပဲ မြင်ချင်တယ်။ ပြဿနာတွေ ကိုယ့်ဘာသာ ရှာနိုင်တယ်။ အဖြေရှိရင်သာ လာပြောတော့။
    ReplyDelete
  109. I read it from "padauk -yeik" and I think this paragraph really suit to you.
    "ကျွန်တော့် သဘောကတော့ ဒီတော်လှန်ရေးဆိုတာကို ကျဆုံးသွားတယ် ပြောပြော၊ တန့်နေတယ် ပြောပြော၊ မအောင်မြင်သေးတာတော့ အမှန်ပဲဆိုတာ လက်ခံပါတယ်။ နည်းအမျိုးမျိုး ကြိုးစားခဲ့ကြတယ်၊ ဒါပေမယ့် မရသေးဘူး၊ မအောင်မြင်ရသေးခြင်း အကြောင်းရင်းတွေ အများကြီးရှိမှာပဲ၊ ထောက်ပြပါ၊ ဝေဖန်ပါ၊ အကြံပေးပါ။ သူ့ကြောင့်၊ ကိုယ့်ကြောင့်၊ “ကြောင့်” တွေ တပုံတပင် ထွက်လာ ပါလိမ့်မယ်။ (လက်ရှိ လုပ်နေတဲ့ တော်လှန်ရေး သမားများကလည်း အပြုသဘော ထောက်ပြ ဝေဖန် အကြံပေးတာတွေကို ခံနိုင်တဲ့ အရည်အချင်း ရှိသင့်တယ်လို့ မြင်ပါတယ်။) ဒါပေမယ့် ဒီ “ကြောင့်” တွေဟာ “ငါ ၀င်မလုပ်ရခြင်း” ရဲ့ အကြောင်းရင်းတော့ ဟုတ် ကို မဟုတ်ဘူး။ ငါ ၀င်မလုပ်ရခြင်းရဲ့ တကယ့် “ကြောင့်”က “ငါ ကြောက်သောကြောင့်၊ ငါ မလုပ်ရဲသောကြောင့်၊ ငါ မစွန့်ရဲသောကြောင့်” ပဲ ဖြစ်တယ်ဆိုတာ မိမိ ကိုယ်ကို ရိုးရိုးသားသား ဝေဖန်ကြည့်ရင် တွေ့ပါလိမ့်မယ်။
    စဉ်းစားကြည့်ပါ၊ လက်ရှိ လုပ်နေတဲ့ သူတွေ လုပ်ပုံ ကိုင်ပုံ မဟုတ်ဘူးပဲထား၊ (ဟုတ်တာတွေ ရှိသလို မဟုတ်တာတွေလည်း ရှိနိုင်တယ်ဆိုတာ ကျွန်တော် လက်ခံတယ်) ဒါတွေကို မှန်တဲ့ လုပ်ပုံကိုင်ပုံ သိပါတယ်ဆိုတဲ့ သူက ဝေဖန်ပြောပြပြီး ကိုယ်တိုင် ၀င်လုပ်ဖို့ လိုတယ် မဟုတ်ဘူးလား၊ သိရင် သိတဲ့သူက လုပ်ပြရမှာပေါ့။ ကိုယ်သိတဲ့၊ နားလည်တဲ့ အချက်ကို မသိသေး၊ နားမလည်သေးသူတွေကို နားဝင်အောင် ရှင်းပြရမှာ ကိုယ့်တာဝန်ပဲပေါ့။ ဒါကို ရှင်းမပြရင်၊ ဒါမှမဟုတ် တခါနှစ်ခါလောက် ကြိုးစားပြီး မရရင်၊ ငါပြောသားပဲ သူတို့မှ လက်မခံတာ တော်ပါပြီ၊ ငါ ဘာမှ မလုပ်တော့ပါဘူး ဆိုပြီး နေလိုက်ရော။ အခြေအနေ အချိန်အခါအရ နားသင့်လို့ နားတယ်ဆိုရင် လက်ခံပါတယ်၊ ဒါပေမယ့် “ဒီလူတွေ လုပ်ပုံမဟုတ်လို့ ငါ ၀င် မလုပ်တာ” ဆိုတဲ့ ဆင်ခြေကြီးကတော့ ကိုယ့် အကြောက်တရားကို မ၀န်ခံရဲဘဲ မရိုးသားရာ ကျပါတယ်။
    မသိစိတ်က စွန့်ရမှာ ကြောက်နေတယ်၊ မလုပ်ရဲဘူး၊ အဲဒီတော့ ကိုယ် မလုပ်ရဲတာကို သူတပါးအပြစ်ကြောင့်လို့ လက်ညှိုးထိုးဖို့ ဆင်ခြေရှာတဲ့အခါ “နိုင်ငံရေးသမားတွေ လုပ်ပုံ ကိုင်ပုံ မဟုတ်လို့” ဆိုတဲ့ ဆင်ခြေကို ရှာတွေ့သွားတယ်။ အဲဒီလိုမျိုး မဖြစ်သင့်ပါ၊ အဲဒါ လေ့လာမှုခရီးရဲ့ အန္တရာယ် တွင်းကြီးပဲ။ “လုပ်ပုံ ကိုင်ပုံ မဟုတ်ရင်၊” “လုပ်ပုံ ကိုင်ပုံ အမှန်ကို သိတယ်” ဆိုတဲ့ လူက လုပ်ပြရမှာပဲ မဟုတ်ဘူးလား။
    ကျွန်တော်နဲ့ အမြင် သိပ်မတူသူ နိုင်ငံရေး သမား တချို့ အကြောင်းကို ဖတ်ဖူး ကြားဖူးပါတယ်၊ သူတို့က လက်ရှိ ပင်မ နိုင်ငံရေးအင်အားစုတွေ လုပ်နေ ကိုင်နေပုံတချို့ကို သဘောမကျပါ၊ အဲဒီတော့ သူတို့ မှန်တယ်ထင်တာကို လုပ်ပြတယ်၊ သူများတကာကို လက်ညှိုးထိုး အပြစ်ဖို့ပြီး ဆင်ခြေကန်မနေဘူး၊ ကျွန်တော် သူတို့ အမြင်တချို့ကို လက်မခံနိုင်ပေမယ့် သူတို့ ဒီလို လုပ်ပြတာကို သဘောကျတယ်၊ လေးစားတယ်။
    တခုတော့ ရှိပါတယ်၊ ရိုးသားဖို့တော့ အများကြီး လိုပါတယ်။ ပြဿနာတစ်ခုကို ဖြေရှင်းဖို့ နည်းလမ်း (က) နဲ့ (ခ) နှစ်မျိုးရှိတယ် ဆိုပါစို့၊ (က) က အဖြစ်သင့်ဆုံး၊ အထိရောက်ဆုံး လုပ်နည်းဖြစ်ပြီး လုပ်သူအတွက် အန္တရာယ်ကတော့ များတယ်၊ (ခ) ကတော့ (က)နဲ့စာရင် ထိရောက်မှုအား အင်မတန်နည်းပေမယ့် လုပ်သူအတွက် အန္တရာယ်ကတော့ မရှိသလောက်ပဲ၊ အဲဒီ အခါမှာ (ခ) ကို ရွေးပြီး လုပ်တာက အပြစ်မဟုတ်၊ (ခ) ကို ရွေးရခြင်းသည် “ငါ (က) ကို မလုပ်ရဲလို့” ဆိုတဲ့ ကိစ္စကို ရိုးရိုးသားသား ၀န်ခံသင့်တယ်၊ ကိုယ် လုပ်ရဲတဲ့ အလုပ်ပဲ လုပ်တာက အပြစ်မဟုတ်၊ ကိုယ်က (ခ) ပဲ လုပ်ရဲလို့ (ခ)ပဲ လုပ်တာကို (က) က လုပ်ပုံမဟုတ်လို့ ဆိုတဲ့ ဆင်ခြေမျိုး မရိုးမသား ပေးမိရင်သာ အပြစ်ဖြစ်တယ်။ အဲဒီတော့ ဒီ တတိယတွင်းပေါက်နဲ့ ပတ်သက်ပြီး နောက်ဆုံး ပြောချင်တာကတော့ “ရိုးသားပါ၊ ကိုယ်ကိုကိုယ့် မညှာတမ်း ဝေဖန်ပါ။”
    ReplyDelete
  110. ရီတာ့ဖက်မှထောက်ခံသူDecember 10, 2009 at 5:26 PM
    10 Dec 09, 17:03
    MS: လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သူပဲ တကယ်သတ္တိရှိတယ် ဆိုရင်ထိပ်တိုက်တွေ့ပြီး ရှင်းပေါ့ ဒါမှ မဟုတ် လက်နက်နဲ့သတ်လိုက်ပေါ့ အခုတော့ ဖိနပ်နဲ့ပေါက်တယ်ဆိုတော့ :P
    10 Dec 09, 17:02
    MS: ကွန်မန့်မှာရေးတာ မရလို့ စီဘောက်မှာေ၇းသွားတယ်အစ်မ
    10 Dec 09, 17:01
    MS: လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်သည်လို့ အမြဲပြောတတ်တဲ့သူတို့ ပါစပ်တွေက ကိုယ့်ထင်မြင်ချက်ကို တင်ပြရင်တောင်မှ စစ်သားမယားလို့ စွပ်စွဲတတ်ကြသလို စစ်ကျွန်လို့ စွပ်စွဲတပ်တာမို့ ဖော်မြူလာတွေ အလွတ်၇နေပြီ
    10 Dec 09, 16:59
    MS: :?
    10 Dec 09, 16:59
    MS:ါ်၊
    10 Dec 09, 16:59
    MS: နအဖကို အကြောင်းဟုတ်တာေ၇ာမဟုတ်တာရောသတင်းဖြန့် ဒေါ်စုပုံတင် သန်းရွှေကို ဆဲမှ နိုင်ငံကို ချစ်တယ်လို့ သတ်မှတ်တဲ့ ဘလောခ်ခေတ်ကိုများရောက်နေသလားလို့ မေးမိတယ်
    10 Dec 09, 16:58
    MS: :P
    10 Dec 09, 16:58
    MS: ဘလောခ်ဂါတွေ ပြောတဲ့နိုင်ငံရေးဆိုပြီး နောက်လာမည့် မျိုးဆက်သစ်တွေအတွက် သမိုင်းတွင်ကျန်စေမည့် ဖြစ်ရပ်မျိုးပေါ့
    10 Dec 09, 16:57
    MS: လက်နက်ကိုင်တိုက်ပွဲဝင်သူခေါင်းဆောင်တစ်ယောက်တောင် လက်နက်မကိုင်တော့ပဲ ဖိနပ်ကိုင်တာတွေ့လိုက်လို့ အပျင်ပြေလိုက်သေးတယ်
    10 Dec 09, 16:56
    MS: ပု၇ွက်ဆိတ်အုံကို တုပ်နဲ့ထိုး တာထပ်ဆိုးနေသလားလို့ :)
    10 Dec 09, 16:56
    MS: နအဖလက်ကိုင်တုပ်လို့ ပြောဖို့ လူတစ်ယောက် တိုးသွားလို့ သူတို့ အတော်ကျေနပ်နေတယ်ဆိုရင် လဲ ဒီပို့စ်ရဲ့ သက်ရောက်မှုက မဆိုးဘူး
    10 Dec 09, 16:55
    MS: အစ်မရေးတဲ့ပို့စ်ကြောင့် သတင်းမရှိလို့ ပျင်းနေတဲ့နိုင်ငံရေးသမားတစ်ချို့ သို့နိုင်ငံေ၇းကို စိတ်ဝင်စားသူတစ်ချို့ အတွက် အလုပ်ရသွားသလို ကွန်မန့်ရေးဖို့ အလုပ်ရသွားကြတယ်
    10 Dec 09, 16:54
    MS: အစ်မက ရင့်မှည့်နေတဲ့အနာကို လောက်စလုံးနဲ့ ပစ်လိုက်တာကိုး
    --------------------------------
    စီဘောက်မှာပျက်သွားမှာစိုးလို့ ရီတာကိုယ်စား ပြန်လည်တင်ပါသည်။
    ReplyDelete
  111. ရီတာရေ
    ဟင်ချင် စရာတွေ တွေ့ခဲ့လို့၊ ကိုယ်တိုင်ကလည်း စိတ်ဝင်စားမှု့ နည်းလို့၊ ပြောင်းလဲ လာမယ်ဆိုတာလည်း မယုံကြည်လို့ ဒုက္ခထုတ်ကိုလည်း မသိချင်လို့ ဖြေမကြည့်ခဲ့တဲ့ သူတွေလည်း မမှားဘူးလို့ ရီတာ ဆိုလိုချင်တယ်လို့ ထင်ပါတယ်။
    တခါ ဒုက္ခထုတ်ကို ဖြေကြည့်သူတွေဟာလည်း သူတို့ သဘောနဲ့ သူတို့ ဖြေကြည့်ကြတာဖြစ်တယ်။ အထဲမှာ ဘာရှိတယ်ဆိုတာ သိလို့ပဲ ဖြစ်ဖြစ်၊ဖွင့်ပြီး ဘာထွက်လာမယ်ဆိုတာ သေချာ မသိလို့ပဲ ဖြစ်ဖြစ်၊ ထွက်လာမဲ့ ခွေးဆိုး တခြားလူတွေကို လိုက်ကိုက်နေတော့မှာပဲ ဆိုပြီး ဖြစ်ဖြစ် ဖြေကြည့်သူတွေ ဖြစ်တယ်။
    ခွေးကိုက်ခံရတဲ့ခါ မင်းတို့ ကြောင့်လို့ ပြောလာရင်၊ ခွေးကို သတ်ပြီး ငါ မင်းတို့ရဲ့သူရဲကောင်းလို့ ပြောလာရင် အဲ့ဒီလူတွေကို ရီတာ ဟင်ချင်တယ်လို့ ဆိုလိုချင်ပုံရတယ်။ ကောင်းပြီး ကောင်းရက် လုပ်ခဲ့ပြီးမှ ဂုဏ်ဖော်သလို ပြောတော့ သူ့လုပ်ရပ်ကို ပေါ့တော့တော့ ဖြစ်စေတာပေါ့။ ဒါပေမဲ့ သူ့တကယ် လုပ်ခဲ့တဲ့ အလုပ်က ဟင်စရာ အလုပ် မဟုတ်ခဲ့လို့ မအယ်ကတော့ ဟင်မှာ မဟုတ်ပါဘူး။ ဒိလူ့နယ် အမြှောက်မခံဘူးလို့သာ ပြုံးမိမှာပါ။
    အထုတ်ကို မဖြေကြည့်ခဲ့တဲ့သူတွေကိုလည်း ဘယ်သူကမှ အပြစ်တင်မယ် မထင်ဘူး။ မအယ်လည်း အထဲက ခွေးဆိုးထွက်ကိုက်မှာကို ကြောက်လို့ အထုတ်ဖြေမကြည့်ပါဘူး။ အထုတ်ဖြေရင်း ခွေးဆိုးနဲ့ နှပန်းလုံးနေတဲ့ သူတွေ ရှေ့မှာတော့ ကိုယ်လိပ်ပြာ ကိုယ်မလုံဘူး။ သူ့တို့ မျက်နာကိုကြည့်ရတာ အားနာနေတယ်။ အကြိမ်ကြိမ် ရှက်မိတယ်။
    တကယ်တော့ ဒုက္ခထုတ်ကို ဖြေခြင်း မဖြေခြင်းဟာ အများနဲ့ ဆိုင်တဲ့ ကိစ္စတွေမှာ တာဝန်သိတတ်ခြင်း နဲ့ တာဝန်ယူတတ်ခြင်း ပေါ်ပဲ မူတည်တယ် ထင်ပါတယ် ညီမရေ။
    ဟင်ချင်စရာ လူတွေဆိုတာက လူရှိတတ်တဲ့ နေရာတိုင်းမှာ ရှိတတ်တယ် ထင်ပါတယ်။ တယောက်နဲ့ တယောက် ဟင် ကြရတဲ့ ဟင်ချင်ရတဲ့ အကြောင်းအရင်းတွေတော့ မတူတတ်ဘူးပေါ့လေ။
    မအယ်ကတော့ ခု အခြေအနေတွေကနေ ဒိထက် ပိုပြီး သင့်တင့်မျှတတဲ့ ဒိထက်ပိုပြီး မှန်ကန်တဲ့ ဒိထက် ပိုပြီး အာမခံချက်ရှိတဲ့ ဒိထက်ပိုပြီး လုံခြုံစိတ်ချရတဲ့ လူ့မူစနစ်သစ်တခုကို လိုလားတယ်။ ။ ဖြစ်လာမယ်လည်း ယုံကြည်တယ်။ ဒါဟာ လောက နိယာမ တရားပဲ ညီမရယ်။ ဘယ်အရာမှ မမြဲဘူး လေ။
    ဒါ့ကြောင့် အထုတ်ဖြေရင်း ခွေးဆိုးရှင်းချင်တဲ့သူတွေ ခွေးဆိုးနဲ့ ပက်ပင်းတိုးတဲ့သူတွေ ခွေးဆိုးရန်က တခါ ပြေးနေရသူတွေ လေးစားတယ်။
    ကိုယ့်ကို ဘယ်သူမှ လာ အပြစ်ပြောကြမယ် မထင်ဘူး။ ကိုယ့်ရှေ့ သူရဲကောင်းလို လည်း လာရပ်ပြကြမယ် မထင်ဘူး။ အပြစ်ပြောလာရင်လည်း ကိုယ့်ဖက်က တာဝန်ယူလို စိတ် မရှိခဲ့တဲ့ အတွက် မအယ်ကတော့ ခံရမှာပဲ လို့ လက်ခံထားတယ် ညီမရေ။ သူရဲကောင်းလို ရပ်ပြရင်လည်း အပြည့်အ၀ ကြည်ညိုချင်နေတာ ပဲ့ကောင်း ပဲ့သွားမယ် ဒါပေမဲ့ မအယ် လက်ခံနိုင်တယ်။
    ရွာထဲ ရပ်ထဲ တာကျိုး ဆည်ပေါက် တံတားထိုးတဲ့ခါ မသိသလို ရှောင်ဖယ်ဖယ် နေခဲ့တဲ့သူဟာ ဆည်ရေ သုံးတဲ့ခါတိုင်း တံတားပေါ် ဖြတ်လျှောက်တိုင်း လိပ်ပြာမလုံ ဖြစ်သလိုပေါ့။
    မအယ်လည်း အဲ့လိုပဲ ။ ကြောက်စရာ ခွေးဆိုးနဲ့ ပက်ပင်းတိုးမှာ စိုးလို့ အထုတ်မဖြေကြည့်ဘူး။ နောင် ခွေးဆိုးကင်းတဲ့ လမ်းကို လျှောက်တဲ့ခါ ကိုယ့်ကိုကိုယ် လိပ်ပြာ မလုံလို့ ကိုယ့်ရဲ့ တာဝန် မယူတတ်မှုကို ကိုယ် ဟင်မိတော့မှာ သေချာတယ် ညီမရေ။
    အီးမေးကနေ ပို့လိုက်တယ်။ ကျေးဇူးပြုပြီး အချိန်ရတဲ့ခါ ကော့မန့် ထဲ ထည့်ပေးပါ ညီမရေ။ကော့မန့် က ရှည်သွားတယ်။
    ချမ်းမြေ့ပါစေ
    မအယ်
    ReplyDelete
  112. ကျေးဇူး မအယ် =)
    မမတို့ဆီက မလာလို့ စိတ်မကောင်းဖြစ်နေချိန်မှာ..
    စိတ်ထဲ တစ်ခု ပြည့်စုံသွားပြီ။ တကယ်ပြောတာ
    =)
    ReplyDelete
  113. “အဖြေမရှိလို့ သူ့အနေအထားကိုလည်း ကျွန်မ ပြောခွင့်မရှိလို့ ကျွန်မကပဲ သိချင်တာ မေးပါမယ်။”
    “ကျွန်မ ပြောချင်တာသည် ခံပြင်းစိတ်ရှိတာနဲ့ နိုင်ငံရေးကို တိုက်ရိုက် ထလုပ်တာနဲ့ မဆိုင်ဘူး လို့ ပြောခဲ့တာ။”
    ၁။ သူ့ကိုယ်စား မဖြေပေးနိုင်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုအတွက် ဖြေပေးနိုင်သလား။ ဘယ်နည်း ဘယ်လမ်းစဉ် ရှိသလဲလို့ မေးချင်တာ မဟုတ်ဘူး။ နအဖအစော်ကားခံ မြန်မာနိုင်ငံသားဘ၀နဲ့ ပတ်သက်ပြီး ခံပြင်းတဲ့စိတ်ရှိလား၊ ရှက်တဲ့စိတ်ရှိလား ဆိုတာတွေကို သိချင်တယ်။ နောက်ပြီး ခံပြင်းစိတ်ဆိုတာ ခံရလို့ နာတတ်ရုံနဲ့ ရှိတဲ့စိတ်ကို ပြောတာ မဟုတ်ဘူး။ မတရားမှုကို ခေါင်းငုံ့ခံရမှာရှက်တဲ့ မာန (self-esteem) ကြောင့် မတရားမှုကို တွန်းလှန်လိုတဲ့စိတ်ကို အဓိကပြောတာ။
    ရှိတယ်ဆိုရင် ဘယ်လိုဖြေရှင်းဖို့ ကြိုးစားသလဲ။
    ReplyDelete
  114. “ဒါဖြင့် ဒီအဖွဲ့အစည်းတွေကို လှူလိုက်တာနဲ့ justification ရှိသွားရောလား။ သူအပါအဝင် သူလို ကျွန်မလို လူတွေဟာ ရှေ့ထွက် အသေခံဖို့ အကြောင်းရှိလာမှာ မဟုတ်ဘူး။ အဲဒီအခါ ပိုက်ဆံပို့ပေးရင် ပြီးရောလား။ ဒါတကယ်ကို solution ကို သိချင်လို့ မေးတာဖြစ်ပါတယ်။”
    “သိပ်လွယ်တဲ့ အလုပ်မို့ (အဲဒီအစ်မတော့ သူ့ယုံကြည်ချက်ဖြစ်နေတာမို့ မသိ။)ကျန်လူတွေ အနေနဲ့ကတော့ ခုချက်ချင်းကို ထ လုပ်လိုက်နိုင်တဲ့ ကိစ္စပါပဲ။”
    ၂။ စပြီး မှတ်ချက်ရေး ကတည်းက နိုင်ငံရေးအဖွဲ့တွေကို ငွေလှူပါ ဆိုတာမျိုး ပြောဖို့ မရည်ရွယ်ခဲ့ဘူး။ အဲဒါနဲ့ ပတ်သက်ပြီး စကားလည်း မစခဲ့ဘူး။ ငွေလှူတာဟာ အဖြေမဟုတ်တာကို လက်ခံတယ်။ ဒါပေမယ့် ဒီမိုကရေစီအရေးအတွက် ငွေထောက်ပံ့မှုဟာ အဖြေရှာဖို့အတွက် လိုအပ်တယ်လို့ ယုံကြည်တယ်။ နိုင်ငံရေးအဖွဲ့တွေကို မယုံလို့ ငွေမလှူဘူးဆိုရင်တောင် နိုင်ငံရေးအတွက် ငွေသုံးတာမျိုး လုပ်နိုင်တာပဲ။
    လွယ်မယ်ထင်ရင် ထလုပ်ကြည့်ပါ။ လွယ်သလောက်သာ သုံးမယ်ဆိုရင်တော့ လွယ်မှာပဲ။ လိုသလောက် သုံးမယ်ဆိုရင်လည်း တစ်ယောက်တည်း တတ်နိုင်မှာ မဟုတ်ဘူး။ တတ်နိုင်သလောက်လို့ ဆိုတာထက် တတ်နိုင်သမျှလုပ်ကြည့်ပါ။
    တတ်နိုင်သမျှလုပ်တာ justification ပဲ။
    ReplyDelete
  115. “ခံပြင်းလို့ ဒုက္ခရောက်တဲ့သူတွေကို ကူညီတာပေါ့။ နိုင်ငံရေး အဖွဲ့အစည်းကို ငွေပို့ပေးတာလဲ ဒီသဘော မဟုတ်ဘူးလား။”
    “နောက်တချက်က ဒီသဘောချင်း အတူတူကိုပဲ သူယုံကြည်ရမှ လုပ်မယ် ဆိုတာ သူ့ရွေးချယ်ပိုင်ခွင့်ပဲ။ (ဒီ ကိစ္စတွေ သူလှူဖူးတုန်းက လူလိမ်ခံချင်ခံရမယ်။) ခံပြင်းလို့ နိုင်ငံရေး အဖွဲ့အစည်းကို လှူတာနဲ့ လူမှုရေးကိစ္စပဲ လှူတာနဲ့ ကွာခြားတာ ရှိသလား။”
    “လူမှုရေးကိစ္စပဲ လှူတာက ဖြေရှင်းရာ မကျဘဲ၊ နိုင်ငံရေး အဖွဲ့တွေကို လှူမှ ဖြေရှင်းရာကျပါသလား။”
    ၃။ လူမှုရေးလုပ်ငန်းတွေအတွက် ငွေလှူတာကို ရှုံ့ချချင်စိတ်မရှိဘူး။ ဒါပေမယ့် နိုင်ငံရေးအလုပ်နဲ့ လူမှုရေးအလုပ်ဆိုတာကို ပြီးစလွယ်ရောချပြစ်တာ သဘာဝမကျဘူး။ ဖြေရှင်းချင်တဲ့ ပြဿနာချင်းမှ မတူတာ ဘယ်ကဘယ်လို သဘောချင်း သွားတူနေရသလဲဆိုတာ စဉ်းစားလို့မရဘူး။ ရှင်းပြစေချင်တယ်။ အထူးသဖြင့် မြန်မာပြည်အရေးမှာ နိုင်ငံရေးပြဿနာနဲ့ လူမှုရေးပြဿနာကို ရောစရာမလိုဘူးလို့ မြင်တယ်။ ကိစ္စ တော်တော်များများမှာ တခုက အကြောင်းရင်းခံဖြစ်နေပြီး နောက်တခုက အကျိုးဆက်တွေ အများကြီးထဲက တခုလို့ မြင်တယ်။
    ခံပြင်းတာချင်း အတူတူပဲဆိုရင် အဲဒီခံပြင်းစိတ်ကို စမ်းစစ်ကြည့်ပါ။ ဆင်းရဲဒုက္ခရောက်နေတဲ့အပေါ်မှာ ခံပြင်းတာလား၊ မတရားဖိနှိပ် အုပ်ချုပ်မှုအပေါ်မှာ ခံပြင်းတာလား ဆိုတာ ရှင်းဖို့လိုတယ်။ ပထမခံပြင်းစိတ်က သနားတတ်တဲ့စိတ်မှာ အခြေခံပြီး နောက်တခုက တရားမျှတမှုကို လိုလားတဲ့စိတ်မှာ အခြေခံတယ်။
    လူမှုရေးကိစ္စအတွက် ငွေသုံးတာ လူမှုရေးကိစ္စကို ဖြေရှင်းဖို့ပဲ အထောက်အကူပြုမယ်။ နိုင်ငံရေးကိစ္စကို ဖြေရှင်းချင်ရင် နိုင်ငံရေးကိစ္စအတွက် ငွေသုံးပါ။ လူမှုရေးကိစ္စကို ဖြေရှင်းရုံနဲ့ နိုင်ငံရေးပြဿနာပါ ပြေလည်လာမှာ မဟုတ်ဘူး။ အထူးသဖြင့် မြန်မာပြည်မှာ နိုင်ငံရေးပြဿနာကြောင့် လူမှုရေးပြဿနာကို ဖြေရှင်းလို့မရတာတွေ များတယ်။
    ReplyDelete
  116. “ယုံကြည်မှု ဆိုတာမှာ ပြောင်းလဲလာမှာကို ယုံကြည်နိုင်ဖို့လဲ လိုသေးတယ်။ ပြောင်းလဲ ပေးမယ်လို့ ထင်ရတဲ့ အော်နေတဲ့ လူတွေကို ကိုယ် မယုံကြည်နိုင်တဲ့ အခါ၊ ယုံကြည်ရလောက်တာကို မတွေ့ရတဲ့ အခါ၊ လက်ရှိအခြေအနေကို ခံပြင်းသော်ငြား ဥပေက္ခာပြုမိနိုင်တယ်။”
    “ခုလက်ရှိကို သေအောင် ခံပြင်းပစေဦး နောက်လာမယ့်ဟာကိုလည်း သေချာယုံကြည်ရလောက်တယ် မထင်ရင်တော့... ဒီကိစ္စတွေ လှည့်မကြည့်ချင်ဘူး။ ကိုယ် ကယ်နိုင်တဲ့လူပဲ ကယ်မယ်လို့သာ ဖြစ်တော့မှာပဲ။”
    ၄။ ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ယုံကြည်မှုဆိုရာမှာ သူများတွေ ပြောင်းပေးနိုင်မယ်လို့ ယုံကြည်အားကိုးလိုတဲ့စိတ်မျိုးက မျှော်လင့်ချက် သက်သက်ပါ။ ဖြစ်သင့်တယ်ထင်တဲ့ ပြောင်းလဲမှုအတွက် ကိုယ်တိုင် ပါဝင်လုပ်ဆောင်သင့်တယ်လို့ ယုံကြည်တာမျိုးကို အဓိကပြောချင်တာ။ အဲဒီ ယုံကြည်မှုမျိုး ရှိရင် ဥပက္ခာပြုနိုင်မှာ မဟုတ်ဘူး။ မယုံကြည်ရင် တတ်နိုင်သလောက်ပဲ လုပ်ချင်မယ် (လုပ်ချင်မှလည်း လုပ်မယ်) ။ အဲဒါမှ မအောင်မြင်ရင်တော့ ဥပက္ခာပြုမိမှာပေါ့။ ယုံကြည်တယ်ဆိုရင် မအောင်မြင်သေးလည်း တတ်နိုင်သမျှ လုပ်မှာပဲ။ အဲဒီ ယုံကြည်ချက်မျိုး မရှိသေးရင်၊ မရှိတာက လုပ်ရမှာကြောက်လို့လား၊ ပြောင်းလဲမှု မဖြစ်သင့်ဘူး ထင်လို့လား စသည်ဖြင့် ရိုးရိုးသားသား ဆန်းစစ်ကြည့်ပါ။ သူများက မယုံရလို့ ဆိုတာမျိုး ပြီးစလွယ် အပြစ်မတင်သင့်ဘူး။
    နောက်ပြီး ကိုယ်ကယ်နိုင်တဲ့လူဆိုတာ ဘယ်လိုသဘောမျိုးနဲ့ ပြောတာလဲ။ ကိုယ့်ကိုယ်ကိုတောင် မတရားဖိနှိပ်မှုအောက်က လွတ်အောင် ကယ်ဖို့မကြိုးစားသေး၊ မလွတ်နိုင်သေးတဲ့ အခြေအနေမှာ ဘယ်သူ့ကို ဘယ်လိုသွားကယ်မှာလဲ။ ငတ်ပြတ်နေသူကို အစာရေစာပေးကမ်းပြီး ကယ်တာမျိုးတော့ ရှိတာပေါ့။ ဒါပေမယ့် ဒီပို့စ်နဲ့ ပတ်သက်ပြီး ပြောနေတာ မြန်မာ့နိုင်ငံရေးအကြောင်း မဟုတ်လား။
    ReplyDelete
  117. အဖြေ ပေးနိုင်မယ် မျှော်လင့်လို့ လက်ခံစကားပြောတာ ဆိုရင်တော့ ဘာအတွက် အဖြေ လိုချင်တာလဲလို့ မေးချင်တယ်။ ကိုယ်တိုင်ပါဝင်ဖို့ ယုံကြည်ပေမယ့် ဘယ်နည်းလမ်းသုံးပြီး လုပ်ရမလဲ ဆိုတာအတွက် အဖြေလိုချင်တာလား။ ပါဝင်ဖို့ မယုံကြည်ဘဲ ဘာဖြေမလဲဆိုတာ သိချင်ရုံ မေးတာလား။
    လက်ရှိအခြေအနေမှာ ဖြေနိုင်တာကတော့ ယုံကြည်မှုဟာ အဖြေ ဆိုတာပဲ။
    ReplyDelete
  118. ၁။ ခံပြင်းစိတ်ဆိုတာ ခံရလို့ နာတတ်ရုံနဲ့ ရှိတဲ့စိတ်ကို ပြောတာ မဟုတ်ဘူး။
    ဟုတ်တယ်။ ခံရလို့သာ နာတဲ့စိတ်။ အဓိပ္ပါယ် မရှိ၊ အကျိုးသင့် အကြောင်းသင့် မရှိ အဲဒါတွေကိုသာ နာတာ။ အဲဒါ သေချာတယ်။
    ၂။ လွယ်မယ်ထင်ရင် ထလုပ်ကြည့်ပါ။
    လွယ်သလောက်ပဲ လုပ်နိုင်မှာပါပဲ။ ဒါလဲ သေချာတယ်။
    ၃။ နိုင်ငံရေးအလုပ်နဲ့ လူမှုရေးအလုပ်ဆိုတာကို ပြီးစလွယ်ရောချပြစ်တာ သဘာဝမကျဘူး။
    ပြီးစလွယ် ရောချပစ်တာ မဟုတ်ဘူး။
    အဲဒါကြောင့် ကျွန်မ သေချာရေးခဲ့တာ။ သေချာတာကတော့ အပြင်ရောက်နေတဲ့ လူတော်တော်များများ (တကယ်က အားလုံးလို့ ထင်တယ်။) ရှေ့ထွက် လုပ်ဖို့၊ သေဖို့ စတေးဖို့ ဆန္ဒ မရှိလို့ကို အပြင်ရောက်နေတာပဲ။
    အဲဒီ အခါမှာ ငွေလှူလိုက်ရင် ပြီးရောပေါ့။ အပေါ်မှာ ပြောထားတဲ့ အတိုင်းပဲ လွယ်သလောက်ပဲ လုပ်မှာမို့ ဘာမှ မခက်ဘူး။
    ၄။ မယုံကြည်ရင် တတ်နိုင်သလောက်ပဲ လုပ်ချင်မယ်။
    ဟုတ်တယ်။ မယုံကြည်လို့ တတ်နိုင်သမျှပဲ လုပ်ချင်တဲ့ စိတ်ရှိတာ။ ကိုယ်နဲ့ နီးစပ်ရာကို ပေးကမ်းမျှဝေတာလောက် လုပ်ချင်တာ။
    ၅။ မြန်မာ့နိုင်ငံရေးအကြောင်း မဟုတ်လား။
    ဟုတ်တယ်။ နိုင်ငံရေးကြောင်း။ တိတိကျကျ ပြောရရင် အဲဒီအပေါ်မှာ စိတ်ဝင်စားမှုနဲ့ ယုံကြည်မှု နည်းခဲ့တယ် ဆိုတဲ့ အကြောင်း။ ဟင် စရာတွေ တွေ့ခဲ့တယ် ဆိုတဲ့ အကြောင်း။ အဲဒါကြောင့် လှည့်မကြည့်ချင်ခဲ့တာ ဆိုတဲ့ အကြောင်း။ အသံကောင်းဟစ်တာကို မလိုလားတဲ့အကြောင်း။
    ၆။ ဘာဖြေမလဲဆိုတာ သိချင်ရုံ မေးတာလား။
    ဘာဖြေမလဲဆိုတာ သိချင်တဲ့ စိတ်က ပိုများတယ်။ ကိုယ်တိုင်ပါဝင်ဖို့ ယုံကြည်စိတ် ခုထိ လုံလောက်အောင် ရှိသေးတယ် မထင်ဘူး။
    နောက်တခုက ပြဿနာပဲ လာလာပြောနေကြလို့ အဖြေ အရေးကြီးတယ် ပြောတာ။ တကယ်ပဲ သိချင်စိတ်က ပိုများတယ်။
    ကျေးဇူး (တကယ် အထူး) တင်ပါတယ်။
    ReplyDelete
  119. ဟုတ်ပြီ ဒါဖြင့် ကိုမျိုးမြင့်မောင် ပြောတဲ့ အတိုင်းဆို self - esteem နဲတာပေါ့။
    problem ကိုတော့ define လုပ်လိုက်နိုင်ပြီ။
    ReplyDelete
  120. (ယုံကြည်တယ်ဆိုရင် မအောင်မြင်သေးလည်း တတ်နိုင်သမျှ လုပ်မှာပဲ။ အဲဒီ ယုံကြည်ချက်မျိုး မရှိသေးရင်၊ မရှိတာက လုပ်ရမှာကြောက်လို့လား၊ ပြောင်းလဲမှု မဖြစ်သင့်ဘူး ထင်လို့လား စသည်ဖြင့် ရိုးရိုးသားသား ဆန်းစစ်ကြည့်ပါ။ သူများက မယုံရလို့ ဆိုတာမျိုး ပြီးစလွယ် အပြစ်မတင်သင့်ဘူး။)
    ၁) လုပ်ရမှာ မကြောက်ရင် အပြင်မထွက်ဘဲ အထဲမှာပဲ ထောင်ထဲဝင်ချင်ဝင်၊ လမ်းထွက်လျှောက်ချင်လျှောက်၊ ဒါမှ မဟုတ် သေနေတာကြာပါပြီ။ လုပ်ရမှာ ကြောက်လို့ ခုထိ လွတ်နေတာပါ။
    ၂) ပြောင်းလဲမှု မဖြစ်သင့်ဘူး မထင်ပါဘူး။ အဲဒါကို post မှာ ရေးခဲ့ပြီးပါပြီ။ ပြောင်းလာခဲ့ရင်လည်း နောက်လာမယ့် လူဟာ... ဆိုပြီး သူများကို ထည့်တွက်နေလို့ပါ။ ဘာဖြစ်လို့ ဆိုတော့ သူများပဲ ထည့်တွက်ရမှာကိုး။ နောက်တက်မယ့်လူက ကိုယ် မဟုတ်လို့။
    ၃) တော်တော်များများကို ယုံကြည်စရာ ကောင်းတယ် မထင်တာတော့ အမှန်ပဲ။
    ကျန်နေခဲ့လို့ ပြန်ဖြေတာပါ။
    တကယ်ပဲ ပြည့်ပြည့်စုံစုံ မေးလိုက်တာကို ကျေးဇူးတင်ပါတယ်။ အဲဒီ မေးခွန်းမျိုးကို ကျွန်မ ဖြေလိုက်ရတဲ့ အတွက်ရော၊ post မှာ တင်လိုက်နိုင်တဲ့ အတွက်ရော ကျေနပ်မိပါတယ်။
    အဲဒီ မေးခွန်းတွေ မေးနိုင်တာအတွက် ချီးကျူးမိပါတယ်။ ဆက်တွေးနေမိစေမယ့် မေးခွန်းမျိုးတွေပါ။
    တကယ်က post တင်စမှာ ဒါတွေ ပြောဖို့ မစဉ်းစားခဲ့ပါဘူး။ ဒါပေမဲ့ ဆက်စပ်ရာကနေ ထွက်လာတဲ့ comment တွေကြောင့် ဒီလောက်ရှည်လျားလာတာပါ။ ဒါ အကြောင်းပြတာ မဟုတ်ဘူး။
    ရေးစက မရည်ရွယ်ဘူး ဆိုပေမဲ့ ဒီအကြောင်းအရာဟာ ကျွန်မစိတ်ထဲမှာ ရှိနေပြီးသား အရှိတရား ဖြစ်ပြီး၊ အကြောင်းတိုက်ဆိုင်လာခဲ့ရင် ကိုယ့်ဘလော့မှာ ဖြစ်ဖြစ်၊ သူများဆီမှာ ဖြစ်ဖြစ် ရေးမိနိုင်ပါတယ်။ ဒါကြောင့်လဲ အစ ရလာတာနဲ့ ဆက်ပြောခဲ့တာပါပဲ။ တကယ်တော့ post နဲ့ comment တွေက ချော်နေတာတွေ ရှိပါတယ်။
    ဘာပဲဖြစ်ဖြစ် ကိုယ်ပြောချင်တာတွေနဲ့ ချော်သွားတာမျိုးကတော့ မရှိပါဘူး။
    ထပ်ကာ ထပ်ကာ ဖြစ်နေပေမယ့် ကျေးဇူးတင်ပါရစေဦး။
    ReplyDelete
  121. ဟုတ်တယ်။ Self-esteem တော်တော် နည်းနေတာ။
    ReplyDelete
  122. ကျွန်မ post တင်လိုက်မယ်။ ဖြစ်မလား။
    အဟောင်းကို ဆက်ငြင်းချင်လဲ ငြင်းကြပါဦး ရပါတယ်။ အဟောင်းဖယ်ချင်လို့ အသစ်တင်တာ မဟုတ်ဘူး။ ဒါကို တင်ချင်မိတယ်။
    ReplyDelete
  123. I'm continuous reading related comments.
    The more they talk the more you angry.
    BINO
    ReplyDelete
  124. သူငယ်ချင်းတစ်ယောက် လက်တို့ပေးရာကနေ ရောက်လာပြီး လာဖတ်တာပါ။
    အတွေးအမြင်အသစ်လေးတွေကို သိရလို့ ဝမ်းမြောက်မိပါတယ်။ ဒီလို မြင်တဲ့သူတွေလည်း ရှိသေးတယ်ဆိုတာ... လက်ခံရမယ်လေ။ အစ်မလို အမြင်တူသူ တော်တော်များများလည်း တွေ့ဖူးပါတယ်။
    ပို့စ်အရေးအသားနဲ့ ကော်မန့်ဖြေရှင်းချက် သုံးပုံတစ်ပုံလောက်ထိ ဖတ်သွားပါတယ်။ ကော်မန့်တွေချော်တာတော့ ဖြေရှင်းနေရတဲ့ အစ်မကိုယ်တိုင်မပြောနဲ့ ကျွန်တော် ခဏဝင်ဖတ်တာကို သိသိသာသာ မြင်ရပါတယ်။
    ဘာပဲဖြစ်ဖြစ် Open Mind ပါအစ်မရေ။
    ပျော်ရွှင်အဆင်ပြေပါစေ။
    ReplyDelete
  125. လူတိုင်းဟာ နိုင်ငံရေးလုပ်ဖို့ မွေးလာတာမဟုတ်ဘူး နိုင်ငံရေးအသိလဲလူတိုင်းမှာမရှိနိုင်ဘူး အစိုးရမကောင်းတာတခုထဲနဲ့ စီးပွါးရေးပိတ်ဆို့ထားတဲ့ဒဏ်ကို လူတွေဘယ်လောက်ခံရပြီ လဲ ဗီယက်နမ် တို့ တရုတ်တို့ စင်ကာပူတို့
    ကို ကြည့်ရင်ဘာလုပ်ရမယ်ဆိုတာ သိသာပါတယ် သူတို့ဆီမှာလဲဘာဒီမိုကရေစီမှ မရှိဘူး ဒီမိုကရေစီမှမရရင်ဘာမှမယူဘူးဆိုပြီး ငတ်နေတာကြာလှပီပဲ အများစုပါဝင်လာအောင်မစည်းရုံးနိုင်တာက ဒီလမ်းစဉ်ကို အများစုက အောင်မြင်မယ်လို့မယုံလို့ပဲ ခင်ဗျားတို့လုပ်တာလိုက်မလုပ်တာနဲ့ပဲ ဆဲနေရင်တော့ ဆဲပေါ့ဗျာ
    ReplyDelete
  126. ဗီယက်နမ်၊ တရုတ်နဲ့ စင်ကာပူမှာ ဘာဒီမိုကရေစီမှ မရှိပဲနဲ့ တိုးတက်နေတာ သူတို့အစိုးရက ပညာ၊ ဗဟုသုတ၊ ဥာဏ်အမြော်အမြင် တွေနဲ့ စီမံအုပ်ချုပ်နေလို့ပါ။
    ဗေဒင်ဆရာအားကိုးပြီး လုပ်ချင်ရာလုပ်နေတဲ့ ဘုရားကားအောက် မျောက်ကားအထက် စီမံခန့်ခွဲမှုမျိုးနဲ့ကတော့ ၀င်လာသမျှ အခွင့်အရေးတွေ ပြည်သူက အရိုးအရင်းလောက်ပဲ ကိုက်ရမှာပါ။
    ငတ်နေတာထက်စာရင် အရိုးကိုက်ရ မနဲဘူးဆိုတဲ့ လူတွေ များနေသေးလို့ နိုင်ငံရေးအသိမရှိလဲ ရှိအောင်တောင်ကြိုးစားရမှန်း နားမလည်သူတွေများနေလို့ ဒီအစိုးရမကောင်းဘဲနဲ့ နှစ်ပေါင်း၂၀ ကြာအောင်တည်နေတာပါ။
    ReplyDelete
  127. အဲလိုဆိုတော့လဲ ငတ်ကြပေါ့ဗျာ အငတ်မခံနိုင်တဲ့လူတွေကတော့ နိုင်ငံခြားမှာကျွန်ခံကြပေါ့
    ReplyDelete
  128. စစ်အာဏာရှင်တွေက ခင်ဗျားတို့ကိုဘယ်တော့မှ မဆွေးနွေးဘူး စိတ်ကူးမယဉ်နဲ့
    ReplyDelete
  129. Rita,
    I do like this post.
    Cheers!
    ReplyDelete
  130. သေချာတာကတော့ အဖြေရှမရပါဘူး။
    အန်တီချမ်းပြောသလို..အော်နေယုံနဲ့ ဘာမှမရဘူး။
    ဒီတော့ ဘာမှဖြစ်မလာမဲ့အတူ..ကိုယ်ယုံကြည်ရာကိုငွေအားလူအားနဲ့ အားတက်သရော ကိုယ်နိုင်သလောက်ကူညီကယ်တင်မယ်။
    အပြစ်ထောက်နေတာ ကိုလည်း လှည့်ကြည့်ဖို့ အချိန်မပေးနိုင်ဘူး။
    ဒီပို့စ်ကအောင်မြင်ပါတယ်..ရီတာ။ တော်တယ်။ သတ္တိရှိတယ်။ တင်ပြရဲုတယ်။ကိုယ်ကတော့မတင်ပြရဲဘူး။ ဘာလို့လဲဆိုတော့ အွန်လိုင်းမှာ နိုင်ငံရေးကို တစဖု့တရာ အမြင်မတူလိုက်တာနဲ့ ကြောက်စရာကောင်းတဲ့ ရိုင်းပျမှုကို ကိုယ်သိပ်ကြောက်တယ်။
    နိုင်ငံရေးနဲ့ပက်သက်ပီး ဘာမျှဖြစ်မလာတဲ့ ရလဒ်ကို ကြည့်ပီး ဘာမှ မဟုတ်ဘူးလို့ ကိုယ်ထင်တယ်။ ဒါ..ကိုယ်ယုံကြည်မှုအားနည်းတယ်လို့ပြောလဲ ရတယ်။စိတ်မဆိုးဘူး။
    ကိုယ်မယုံကြည်အောင် ဘယ်သူတွေလုပ်ခဲ့တာလဲ...ဆိုတာ သူတို့ဖက်က စဉ်းစားတတ်ရင်ကိုပဲ ကျေနပ်လှပီ။
    ကိုယ်တို့က လက်တွေ့ကိုပဲ သဘောကျတယ်။ အော်နေယုံနဲ့ဘာဖြစ်လဲ..ရလဒ်က ထောင်ဒဏ်နဲ့သေဒဏ် ။ ကိုယ်ယုံကြည်တာကတော့ ကိုယ့်ဖက်က အထိနာရင်သူဖက်ကလဲ အထိနာရမယ်။ဒါက ကိုယ့်အမြင်ပါလေ။
    ညီမသတ္တိကို လေးစားပါတယ်။ ကိုယ်ကတော့ အွန်လိုင်းပေါ်က ရိုင်းပျမှုကိုကြောက်တယ်။
    အမ
    ReplyDelete
  131. အဲလိုအော်တဲ့လူတွေ ထောင်ကျခံတဲ့လူတွေကြောင့် မြန်မာ့အရေး ကမ္ဘာက နည်းနည်းသိလာတာပေါ့ ရှင်တို့လို ဘေးထိုင်ဘုပြောတွေနဲ့ဆိုရင် ရှင်တို့ ဆွေစဉ်မျိုးဆက် စစ်ကျွန်ဖြစ်ရင်ဖြစ် မဖြစ်ရင် တပါးနိုင်ငံက ကျွန်တွေချည်း ဖြစ်နေမယ်။
    ကိုယ်မသိ လေ့လာပေါ့။ ကိုယ့်နိုင်ငံအရေး ကိုယ့်အရေးလို့ မမှတ်တဲ့လူတွေ တကယ်တိုင်းပြည်မချစ်လို့ပေါ့။
    ReplyDelete
  132. ဒီပိုစ့်ကို အောင်မြင်တယ်လို့ပြောတာ ဘာနဲ့ တိုင်းခဲ့တာလဲ။ ကွန်မန့်တွေနဲ့လား။ ဒါဆိုရင်တော့ အမ အတွေးအခေါ်က စိတ်မကောင်းစရာပဲ။ ဒီပိုစ့်က ကိုယ်အထုတ်ကိုယ်ဖြည်ချတဲ့ပိုစ့်။ ကိုယ်တိုင်လည်း ဘာမှ မလုပ်နိုင်ပဲနဲ့။ နင်တို့လုပ်နေလဲ အလကားပါဆိုတဲ့ပိုစ့်။ တိုင်းပြည်ကိုကောင်းအောင်လုပ်နေတဲ့သူတွေကို အလကားပါဆိုတဲ့ ခပ်ညံ့ညံ့အတွေးနဲ့ရေးထားတဲ့ ပိုစ့်ပါ။ ကျနော်က ကိုယ်ကိုတိုင် နိုင်ငံရေးမလုပ်ပေမယ့် တိုင်းပြည်ကောင်းကျိုးအတွက် အကောင်းဆုံးမျှော်လင့်တယ်။ မစော်ကားဘူး။
    ReplyDelete
  133. ကောင်းလိုက်တာဟေ့ ဒီတခါ ရီတာတို့ မခင်ဦးမေထက် သာသွားပြီ။ လူတွေတော်တော်စည်တာပဲ။ ဝင်မနွှဲလိုက်ရတာနာလိုက်တာ။ အလုပ်များနေလို့။
    ReplyDelete
  134. ဟားဟား နိုင်ငံရေးမလုပ်တာနဲ့ တိုင်းပြည်မချစ်ဘူးတဲ့လား
    ဟားဟား
    လောစပီကာတပ်ပီးအော်ရယ်လိုက်မယ်..ဟားဟား
    ReplyDelete
  135. comment နဲ့ တိုင်းတာတော့ မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့ ဆိုတော့ ကိုယ်တိုင် ပြန်ရေးရတာက တဝက်မက ပါနိုင်လို့။
    အောင်မြင်တယ် ဆိုတာ အဲဒီ အစ်မက "ကိုယ်မယုံကြည်အောင် ဘယ်သူတွေလုပ်ခဲ့တာလဲ...ဆိုတာ သူတို့ဖက်က စဉ်းစားတတ်ရင်ကိုပဲ ကျေနပ်လှပီ။" ဆိုတာကို ပြောချင်တာဖြစ်မယ်။
    ကိုယ်ကတော့ အောင်မြင်တာ မမြင်တာ တယ် ဂရု မစိုက်ဘူး။
    ကိုယ်နဲ့ မတူ ကိုယ့်ရန်သူလို့ သဘောထားတဲ့ လူတွေ၊ အကျိုးသင့် အကြောင်းသင့် ပြောမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးမရှိဘဲ ရူးသလိုလို နှမ်းသလိုလို ရန်စရ ပြီးရော သဘောထားတဲ့လူတွေ ရှိတယ်ဆိုတာ ထွက်လာလို့ အောင်မြင်တာ ဆိုရင်ရော...
    ကိုယ်က ကိုယ့် အမြင်ကိုပဲ ကိုယ်စားပြုပြီး ပြောနေတာနော်။ မှားသွားလဲ ကိုယ့်ကိစ္စပဲ။ သူများ ထောက်ခံတာ ကန့်ကွက်တာ၊ အကောင်းမြင်တာ၊ အဆိုးမြင်တာ ကိုယ်တယောက်တည်းနဲ့ ဆိုင်တဲ့ ကိစ္စ။
    တစုတဖွဲ့ကို ကိုယ်စားပြုပြောတဲ့လူတွေ သတိထားဖို့တော့ကောင်းတယ်။ ကိုယ်ပြောလိုက်တဲ့စကားက ဘာကို တန်ဖိုးကျသွားစေသလဲဆိုတာ။
    ReplyDelete
  136. (တိုင်းပြည်ကောင်းကျိုးအတွက် အကောင်းဆုံးမျှော်လင့်တယ်။ မစော်ကားဘူး။)
    မျှော်လင့်ခြင်း မမျှော်လင့်ခြင်း ဆိုတာ... လူ့လွတ်လပ်ခွင့်ပဲ။ မျှော်လင့်တဲ့ သူက မျှော်လင့်ချိန်မှာ.. မမျှော်လင့်တဲ့သူက မမျှော်လင့်ဘူး။ ဒါနဲ့ပဲ မမျှော်လင့်တဲ့သူက မျှော်လင့်တဲ့ သူတွေကို စော်ကားရာ ရောက်ရောလား။ ဒီ post မှာ ပြောင်းလာတဲ့ ကိုယ့်အမြင်ကို ကိုယ်ပြောထားတယ်။ ဆက်ရှိနေသေးတဲ့ ကိုယ့်အမြင်ကို ကိုယ်ပြောထားတယ်။ ဒါပဲ။
    နိုင်ငံရေး မလုပ်တာချင်း တူတူကို ဘာဖြစ်လို့ တမူးပိုရှူနေချင်တာလဲ စဉ်းစားမရဘူး။ လုပ်လုပ် မလုပ်လုပ် မျှော်ကို မျှော်လင့်ရမယ် ဒီလိုလား။
    နိုင်ငံရေး မလုပ်တာချင်း တူတူ လုပ်နိုင်သလောက် လုပ်တယ် ဆိုတာတော့ လာမပြောနဲ့နော်။ လုပ်နိုင်သလောက်လုပ်တယ်ဆိုတဲ့ ကိစ္စက ပြောရင် လူသိတယ်။ မပြောရင် လူမသိဘူး။ ဒါပဲ ကွာတာ။
    ဒီတခါ post နဲ့ တိုက်ရိုက် သက်ဆိုင်လို့ တကယ်ပဲ ကျေးဇူးတင်ပါတယ်။
    post နဲ့သာ တကယ်သက်ဆိုင်ပါစေ။ comment တက်မှာ စိုးလို့ comment မှာ မရေးချင်ရင် email ကနေ ပို့လဲ ရပါတယ်။
    ဒီလိုပဲ email ကနေပို့ပြီး ပြောတဲ့သူတွေ ရှိပါတယ်။ သူတို့ကတော့ comment တက်မှာစိုးလို့တော့ မဟုတ်ဘူး။ ကိုယ်နဲ့ တူတဲ့ သဘောထားကို comment မှာ မရေးချင်လို့ လာပြောကြတာ။
    ဘာပဲဖြစ်ဖြစ်ပါ။
    post နဲ့ သက်ဆိုင်တာကိုပဲ ရေးလို့ ကိုဟန်လင်းထွန်းကို ဒီတခါ ကျေးဇူးတင်ပါတယ်။
    ဆက်ပြောချင်ပါသေးတယ်။
    ယုံကြည်တာ မယုံကြည်တာကတော့ ကိုယ့်လွတ်လပ်ခွင့်ပါ။ အတင်း ယုံကြည်မျှော်လင့်ခိုင်းဖို့ မဖြစ်နိုင်ဘူး။ နိုင်ငံရေး မလုပ်တဲ့လူ မပြောနဲ့ လုပ်လာတဲ့ လူတွေတောင်မှ သူတို့ မယုံကြည်နိုင်တော့ရင် ရပ်နားခွင့်ရှိတယ်။ ဒါတွေကို ကိုယ်ဘယ်တော့မှ ရပ်ရကောင်းလား အပြစ်မပြောဘူး။ ဒါကြောင့် မငယ်နိုင်ကို ကိုယ်အမြဲတမ်း အမြင်ကြည်ကြည်လင်လင် လေးလေးစားစား ဆက်ဆံခဲ့တယ်။
    တခုတော့ရှိတယ်။ လုပ်ရာကနေ ရပ်သွားတဲ့လူတွေကို ဘာကြောင့်ရပ်ရတာလဲ ဆိုတာတော့ ကိုယ် သိချင်ရင် မေးခွန်းထုတ်မယ်။ အဲဒီအခါမှာ အတင်းအကြပ် ဖြေကိုဖြေရမယ် လို့ ပြောရင် ကိုယ့်အမှား။ ဖြေတာ မဖြေတာ သူ့ကိစ္စ။ မဖြေချင်လို့ မဖြေတာကို ကိုယ်က အောက်ကလိအာ ပြောရင် ကိုယ်ရိုင်းတာ။
    ဒီလိုပဲ သူ့ဘက်ကနေ ကိုယ့်ကို မေးခွင့် မရှိဘူး။ နင်က ဘာသိလို့ မေးရတာလဲ။ နင် ဘာလုပ်ဖူးလို့ မေးရတာလဲ ဆိုရင် သူ့အမှား။ မဖြေချင် မဖြေဘဲ နေခွင့်ရှိတယ်။
    ဒါပဲ။ လူတိုင်းမှာ ယုံကြည်ပိုင်ခွင့် ရှိတယ်။ မယုံကြည်ပိုင်ခွင့်ရှိတယ်။ ယုံကြည်တယ် ဆိုတာ ယုံကြည်စရာ တွေ့မှ ယုံကြည်ချင်မှာပဲ။
    ဒီတခါ post နဲ့ သက်ဆိုင်တာကို ရေးလို့ သေချာ ပြန်ပါတယ်။ ဒါပေမဲ့ ဒါကို လက်မခံချင်ရင် ဖတ်ဖို့ ဆန္ဒမရှိခဲ့ရင် ဖတ်ဖို့ ဆန္ဒရှိတဲ့သူတွေ ဖတ်ဖို့ ရေးတယ် လို့ မှတ်လိုက်ပါ။
    ReplyDelete
  137. “ဟင်” တလုံး နဲ့ မချဉ်ပြုံး သူသို့ ..
    လေညှာက နေသာသပ ဆိုသူမျိုး
    ကိုယ့်အကျိုးကို မထိခိုက် သရွေ့ ၊
    မသိမိုက်ပါပေ့မို့  ကြည့်လိုက်ပါဟေ့လို့ 
    ပြောပြပါရစေဗျို့  ။
    လက်သည်းဆိတ်မှ လက်ထိပ်နာ တတ်သူမို့ 
    ကိုယ်နဲ့  မဆိုင် ခပ်ငိုင်ငိုင်ရယ် လို့ ၊
    မထင် မမြင်သလို အင်တင်တင် နဲ့  “ ဟင် ” ကြတယ်၊
    သူဘဝင်မကျရင် ခင်နှမပင် ထင်ရာစိုင်း ၊
    ရောက်ပေါ့ စစ်ကိုင်း ။
    ဖြစ်တိုင်းရယ်ကုန်စင် ၊ ပုံပြင်တွေ မဟုတ်ရပါကြောင်း ၊
    ရွှေထီးဆောင်းတဲ့ အတိတ်တွေချည်း
    ပြန်ပြီးတွေးတာ မဟုတ်ကြပေမဲ့
    ရင်နာစရာ ဘဝတကာ တွေရဲ့ 
    မသာယာ အိပ်မက်ဆိုး ၊
    ဒို့ လူမျိုးတိုင်း မက်ခဲ့ကြတယ် ၊
    စိတ်ပျက် ခြောက်ပြုန်း ။
    ဖက်ရှင်ထွင်ကာ ထောင်ဝင်တာ ဘယ်လိုပါတဲ့တုံး၊
    ပြေးမကြည့်  နိုင်တာမို့  မေးကြည့်ကာသာ နေလိုက်ချင်ရဲ့ ၊
    ရှင်းလို့ သာ ပြပါ နှမကညာရေ ၊
    ဘဝ တစ်ရာတွေ ကြွေကာကျစေတဲ့
    နွေသာမက အပူမီးကြွလို့  ငိုငြီးခဲ့ကြရတာ တွေ ၊
    ခဏတာမျှ စာနာလှည့်ပါအုံး ။
    ခေတ်တွေဘယ်လိုပြောင်းပေမဲ့ ၊ စနစ်တွေ မပြောင်းနိုင်ဘူးမို့ ၊
    မထူး မကောင်း တဲ့ ဒို့  အတွေး တွေလို့ ၊
    ဘေးထိုင် ဘုပြော ခုမမောစေချင် တာမို့ ၊
    “ဟင် ” တလုံး နဲ့ မချဉ်ပြုံး ကို ၊ ရင်မှာတင် သိုဝှက်စေချင်ရဲ့ ၊
    အရှေ့ ဖက်ကို မျှော်ကာတွေး ၊ နောက်ကြည့် ဖို့ လည်း ဝန်မလေးပါနဲ့ ၊
    လက်ဆောင်မွန် တတန် ပေးလိုက်ပါရစေ ၊
    မင်းအတွက် နောက်ကြည့်မှန် ပါလေ ။
    ReplyDelete
  138. အဲဒီ နောက်ကြည့်မှန် ဖတ်ပြီး ရေးပါတယ် ဆိုနေမှ
    ReplyDelete
  139. RE: "မင်းတို့အတွက် လုပ်နေတာ၊ မင်းတို့အတွက် လုပ်နေတာ" တဲ့။ .........
    မြန်မာလိုပြောရရင်တော့ .....
    အဲဒီလို ပြောဆိုမှူ ဟာ ဆန္ဒပြသူ တရပ်လုံးကို ကိုယ်စားမပြူပါ။ အဲဒါ ဟာ Logically လဲ မမှန်တာ အသိသာကြီးပါ။ ဒါပေမဲ့ ဒီလောက် အဖမ်းအဆီး အသတ်ဖြတ် တွေကြားက ဆန္ဒပြ ရဲတာကိုဟာ ချီးကျူးရမဲ့ ကိစ္စပါ။ အဲဒီလူကလဲ စည်းရုံးချင်တာကို ပညာ မတတ်တာကြောင့် အဲလို ပြောတာဖြစ်ပါလိမ့်မယ်။ ကိုယ်ဆိုလိုတာက ဒီစကား တခုထဲကို အတည်ယူပြီး ကလောင်စွမ်းနဲ့ အနစ်နာခံ ဆန္ဒ ပြသူတွေကို အထင်လွဲအောင် မလုပ်သင့်ပါ။
    ရီတာရဲ့ အဖေတို့ ရီးစားတို့ အဲလို မြန်မာပြည်သူတွေအတွက် ဆန္ဒ ထုတ်ဖော်ပေးလို့ မင်းကိုနိုင်လို ထောင်ထဲမှာနေရရင် ဒီ Post ဖြစ်လာမယ် မထင်ပါ။ မြန်မာတွေလိုနေ မြန်မာ တွေလိုကျင့်တယ်ဆိုရင် မြန်မာတွေလို ကိုယ်ဒီချင်းစာတတ်ဖို့လိုပါမယ်။
    ReplyDelete
  140. ကိုယ်သိတယ်။
    ဒါပေမဲ့ "ဒီစကား တခုထဲကို အတည်ယူပြီး ကလောင်စွမ်းနဲ့ အနစ်နာခံ ဆန္ဒ ပြသူတွေကို အထင်လွဲအောင် မလုပ်သင့်ပါ"။ ဆိုတာ ကတော့ ကိုယ် ဆိုလိုချင်တာနဲ့ လွဲတယ်။ ဒီ post ကို ကိုယ်ရေးရတဲ့ အခြေအနေ background ကို ပြန်စဉ်းစား မကြည့်ဘူး ဆိုရင်တောင်၊ စာအုပ်ကို ဖတ်လိုက်ပြီး ဘာကို စဉ်းစားမိတယ် ဆိုတာတော့ ဒေါက်တာ တွေးကြည့်ဖို့ ကောင်းတယ်။
    ဆန့်ကျင်ဘက် comment တွေ လာတဲ့အခါမှာ ဒါကို ကိုယ် ပြန် မရေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ်ပဲ ကိုယ့်ဘက်က အနေအထားကို ရှင်းဖို့ ပြောဖို့ ဆန္ဒကို မရှိတော့လို့။ ဘာဖြစ်လို့ မရှိတာလဲ ဆိုတော့ မြင်အောင် ရေးထားတာကို မြင်အောင် မဖတ်ဘဲ ထောက်စရာ တကွက်တွေ့တာနဲ့ ပြောချင်ရာ ပြောမယ့်သူတွေကို ဘာမှ ကိုယ်မရှင်းဘူး။
    လွဲချော်ပြီး လာပြောရင် ပြန်ဆွေးနွေးမယ်။
    သူတို့အမြင်နဲ့ ကိုယ်မတူရင် မတူတာကို ပြောမယ်။ post ကို ဘယ်လိုကြောင့် ရေးရတယ်။ ဘယ်လိုအတွေးနဲ့ ရေးရတယ် ဆိုတာကို ကိုယ် ပြန်မရှင်းဘူး။ သိတဲ့လူက သိလို့ မသိတဲ့လူက မသိဘူးဆိုရင်လည်း ကိုယ်ကတော့ ဒီအတိုင်းပဲ။ ကိုယ်တယောက်တည်းရဲ့ ကိစ္စကို ကိုယ်ပြောခဲ့တာ ဘာပြောတယ်ဆိုတာ ကိုယ်သိရင် တော်ပြီ။ ကိုယ်ဘာပြောလဲ သိတဲ့သူတွေ comment မှာ ရေးတယ်။ email နဲ့ ပြောတယ်။ ဒါ ဝမ်းသာစရာလဲ မဟုတ်ဘူး။ အဲဒီတော့ မသိဘူး ဆိုတဲ့ အခါမှာလည်း ဝမ်းမနည်းဘူး။
    အဲဒါတွေနဲ့ ပတ်သတ်တဲ့ အမြင်ကို ရေးထားတာမှာ ကိုယ်ဟာ စည်းရုံးတာလည်း မဟုတ်ဘူး ဒေါက်တာ။
    ကိုယ်ရေးလိုက်လို့လဲ နဂိုမှာ သူရဲကောင်းလို့ မြင်ထားသူတွေက ပြောင်းလဲလို့ မမြင်ဘူး။ ဒီလိုပဲ စိတ်ပျက်စရာတွေကို ကိုယ် မြင်ခဲ့တယ်။ ကိုယ်လို မြင်ခဲ့သူတွေရှိတယ်။ ဒီလိုလူတွေကလည်း စိတ်ပျက်စရာကို စိတ်ပျက်စရာအတိုင်းပဲ ဆက်မြင်မယ်။ စိတ်ပျက်စရာ မဟုတ်တာတွေ ရှိတာကို သိချင်လည်း သိမယ်။ မသိချင်လည်း မသိဘူး။ စိတ်ပျက်လို့ မယုံကြည်ဘူး ဆိုရင်လည်း ကိုယ်ရေးလိုက်လို့ မဟုတ်ဘူး။ စကတည်းက သူတို့ တွေ့မြင်လာရတဲ့ အနေအထားတွေက သူတို့ကို စိတ်ပျက်စေတာ။ ဥပမာ - Addy နဲ့ ဖြူဖြူသင်း ကိစ္စ။
    ReplyDelete
  141. ကိုယ်ရေးတဲ့စာ ကိုယ် တာဝန်ယူရမယ် ဆိုတာ ကိုယ် သိတယ်။ ဘာကြောင့် ဘာနဲ့ ရေးတယ် ဆိုတာ ဒေါက်တာ ပြန်ဖတ်ကြည့်လို့ မရှင်းဘူး ဆိုရင် နှစ်ယောက်ချင်းပဲ ပြောမယ်။ ဒီထဲမှာ ကိုယ် မပြောဘူး။ ဒါပေမဲ့ ကိုယ်ရေးတဲ့စာကို လိုသလို အဓိပ္ပါယ် ကောက်ယူပြီး ထင်ချင်ရာ ဆွဲထင်မယ် ဆိုရင်တော့ ဒေါက်တာ့ အမြင်အတွက် ကိုယ့်မှာ တာဝန် မရှိဘူး။
    ဒါဟာ ကိုယ်တကယ် မကြုံဖူးတဲ့ တကယ်လုပ်နေသူတွေကို ဦးတည်ပြီး ရေးတဲ့ ကိစ္စ လည်း မဟုတ်ဘူး။ သူတို့ အကြောင်းကို ဆွဲထည့်လို့ ပြောချင်ရာပြောလဲ ကိုယ် ရှင်းချင်သလောက်ပဲ ပြန်ရှင်းခဲ့တယ်။
    နောက်ဆုံးတခု။ ကိုယ့်အဖေတို့၊ ကိုယ့်ရီးစားတို့ဆိုတာ...
    ဥပမာ- ကိုယ့် အနေနဲ့ လူတယောက်ကို (အိမ်မှာ နေရင်း ဝတ်တာ မဟုတ်ဘဲ) T shirt ဝတ်တာ မကြိုက်ဘူး ဆိုပါတော့။ (တကယ်လဲ မကြိုက်ဘူး)။ အဲဒါကို ကိုယ့်အဖေဝတ်လည်း မကြိုက်ဘူး။ ကိုယ့် ရီးစားဝတ်လဲ မကြိုက်ဘူးပဲ။ လူထဲ သူထဲ သွားတဲ့အခါ T shirt ဝတ်တာ မကြိုက်ဘူး လို့ ကိုယ်ပြောရင် ဝတ်တဲ့လူတွေကို ကိုယ် စော်ကားတာလား။ ဒီလိုပဲ ကိုယ်ပြောတာကို ကြားတဲ့လူတွေက အစက ကြိုက်ရဲ့သားနဲ့ ကိုယ့်အပြောကြားမှပဲ သူတို့ အကြိုက်တွေ ပြောင်းလာမှာလား။
    ဒီလိုပဲ ဒေါက်တာ။
    ဒါမျိုး အသံကောင်းဟစ်တာကို ကိုယ် မကြိုက်ဘူး ဆိုရင် ကိုယ့်အဖေ ကိုယ့်အဘိုး (ကိုယ့်ရီးစား ကို ကိုယ် တမင် မထည့်ဘူး။ ဘာဖြစ်လို့ဆိုတော့ ရီးစားဆိုတာ ရွေးချယ်လို့ ရတယ်။ မသိလို့ ရွေးမိတယ် ဆိုရင်တော့ အသံကောင်းဟစ်ချင်တဲ့လူလို့ သိတာနဲ့...။ အဖေတို့ အဘိုးတို့ ကျတော့ ရွေးချယ်လို့ မရဘူး မဟုတ်လား။) ကိုယ့်အဖေ ကိုယ့်အဘိုး ဘယ်သူပဲ ဖြစ်ဖြစ် ဘယ်သူပဲ ပြောပြော ကိုယ် ကြိုက်မှာ မဟုတ်ဘူး။
    သူတို့ အသံကောင်း ဟစ်သည် ဖြစ်စေ၊ မဟစ်သည် ဖြစ်စေ၊ ထောင်ထဲ ရောက်သည် ဖြစ်စေ၊ မရောက်သည် ဖြစ်စေ၊ ကိုယ် မကြိုက်တာတွေ ကြုံခဲ့ရပြီး၊ အဲဒါတွေကို တချက် မထင်မှတ်ဘဲ ပြောင်းလဲပေးလိုက်တာနဲ့ ကြုံခဲ့မယ် ဆိုရင် ဒီ post ဖြစ်ကို ဖြစ်လာမှာပဲ။
    ကိုယ်ပြောချင်တဲ့ လိုရင်းကိုပဲ ကြည့်ပါ ဒေါက်တာ။
    ကိုယ် ဘာပြောချင်တာလဲ ဆိုတာ။
    မြန်မာလို နေတာ၊ မြန်မာလို ကျင့်တာနဲ့ ဒီ post ရေးတာ မရေးတာလည်း ဘာမှ မဆိုင်ဘူး။ လူဟာ ကိုယ့် မွေးကတည်းက ကျင့်သားရလာတဲ့ habit ကို မစွန့်နိုင်လို့ မစွန့်တာနဲ့ ငါ မြန်မာပြည်ကို ချစ်လွန်းလို့ အော်ရင် ကိုယ့်ရဲ့ norm အရ အသံကောင်းဟစ်သူ ပဲ။ ငါးပိရည်စားတာ ရိုးရာ အစားအစာကို ချစ်လွန်းလို့ လို့ ဘယ်သူပြောမလဲ ဒေါက်တာ။ ပြောချင်တဲ့သူ ပြောပါစေ။ စာရင်း မရှိဘူး။ တကယ်တော့ ကိုယ်စားချင်လို့ စားတာပဲ။
    မြန်မာလိုနေ မြန်မာလိုကျင့်တာ မြန်မာတွေကို ကိုယ်ချင်းစာတာနဲ့ ဒီ post နဲ့ကတော့ ဘာမှ မဆိုင်ဘူး။ ကိုယ့်ရှေ့မှာ လိုအပ်နေတာ တွေ့ရင်၊ ဘယ်သူ့ကိုမဆို ကိုယ် သနားစိတ် ဝင်ချင်ဝင်မယ်။ ဗမာဖြစ်ဖို့ မလိုဘူး။ ဒါပေမဲ့ ကိုယ် မကြိုက်တာကတော့ မကြိုက်တာပဲ။ ကိုယ်ချင်းစာတာနဲ့ပဲ မကြိုက်တာကနေ ကြိုက်တာကို ပြောင်းမသွားဘူး။ မကြိုက်တာနဲ့ပဲ ကိုယ်ချင်းမစာရာရောက်တာလဲ မဟုတ်ဘူး။ ဘယ်လိုမှ ဆက်စပ်လို့ မရဘူး။
    ဒီ post ကို ကိုယ်ရေးတာ ကိုယ်ချင်းစာခြင်း၊ မစာခြင်းနဲ့လည်း ဘာမှ မဆိုင်ဘူး။
    ဒေါက်တာ့ မှတ်ချက်က ကိုယ့်ကို သူများတွေ တလွဲတွေးစေအောင် ရေးတာ လို့တော့ ကိုယ် မထင်ပါဘူး။ ဒါပေမဲ့ ဒေါက်တာကတော့ တလွဲတွေးပြီး ရေးလိုက်တာပဲ။
    အဲဒီ post ရဲ့ နောက်က ကိုယ့် အတွေးက ဘာဆိုတာ ဒီနေရာမှာတော့ ပြန်ရှင်းဖို့ စိတ် လုံးဝ မဝင်စားဘူး ဒေါက်တာ။ ဘယ်သူမသိလို့လဲ ဝမ်းမနည်းဘူး။
    k?
    ReplyDelete
  142. ခွေးနှစ်ကောင်ကိုက်ရင်တောင် ဝိုင်းအုံကြည့်တတ်တာ မြန်မာတွေထုံးစံ ဆိုတော့
    အခြေအမြစ်မရှိတဲ့စကား ကဖြစ်လာတဲ့ post ကိုလာဖတ်မိတာမှားသွားတယ်
    post ကတော့ ကိုယ့်စိတ်ကိုကိုယ်ရေးတာဖြစ်ပေမဲ့ တိုင်းပြည်နဲ့လူမျိုးအတွက် ထင်မြင်ချက်ရေးတဲ့ အကိုအမတွေရဲ့
    တန်ဖိုးရှိစကားတချို့ ဖတ်ခွင့်ရတဲ့ အတွက်မရှုံးပါဘူး
    ဘယ်သူကဘာရည်ရွယ်ချက်နဲ့ ပြောမှန်းတိတိကျကျမသိပဲ ကြားလိုက်တဲ့စကားကြောင့်"ဟင်"ခနဲဖြစ်သွားတယ်?
    လမ်းပေါ်မှာသေနတ်မှန်လို့သေတဲ့ အဖြူစိမ်းဝတ်တွေ အတွက်တော့ ဟင်း~~~~ လို့ ဖြစ်ဖူးလားဟင်
    လမ်းပေါ်ပေါ်ပြူလာတက်လုပ်လို့သေတယ်လို့ပဲတွေးမှာလား
    စစ်အစိုးရက လက်နက်မဲ့ပြည်သူကို သေနတ် နဲ့ပစ်သတ်
    လေဘေး မှာဒို့စားဖို့ဆန် စိုက်ပေးတဲ့ လယ်သမားတွေ သေတာတောင် ပစ်ထားပြီးထောက်ခံမဲ ဆက်လုပ် တဲ့စစ်အစိုးရ
    ငါတို့တွေမြန်မာပြည်မှာမွေး နိုင်ငံခြားမှာကျွန်ခံရင်းနဲ့ မတန်တဆအခွန် မပေးလို့ မိသားစုနဲ့ဝေး ခဲ့စေတဲ့စစ်အစိုးရ
    နိုင်ငံကိုရောင်းစား ပြည်သူကိုအငတ်ထား တဲ့စစ်အစိုးရ
    ဘလောဂ် ပိုင်ရှင် မြင်ဖူးတွေ.ဖူး အတိအကျသိဖူးတဲ့ စစ်အစိုးရ မကောင်းတာတွေကိုကော "ဟင်" လုပ်လိုက်ဖူးလား
    စစ်အစိုးရနဲ့ကင်းအောင်နေပစ်လိုက်ချင်စိတ်မပေါ်ဘူးလား?
    အဲ့ဒီ ယုတ်မာတဲ့ စစ်အစိုးရ ကို "ဟင်" မိတာမျိုး post လေးကောရေးအုံးမှာလား?
    အောက်က စာတွေကpost နဲ့မဆိုင်သော်လဲ comment တွေဖတ်ရင်းရေးချင်လို့
    (အရပ်သားက သူတောင်းစားလုပ်လုပ် နိုင်ငံရေးသမားလုပ်လုပ် သူ့သမိုင်းသူရေးပိုင်ခွင့်ရှိတယ် သူ့ ကပြည်သူ့ ဘဏ္ဏာမှမစားထားတာလေ
    ပြည်သူ့ ဘဏ္ဏာ စားပြည်သူကိုစော်ကားတဲ့ တိုင်းပြည်တာဝန် ယူထား တဲ့ စစ်အစိုးရနိုင်ငံရေးသမားတွေ လုပ်ရပ်တွေကိုပိုဝေဖန်သင့်တယ်မြင်တာပဲ
    နင်တို့လိုချင်လို့နင်တို့လုပ်တာ
    နင်တို့ဖြစ်တော့နင်တို့ခံပေါ့
    ငါမလိုချင်တော့ငါမလုပ်ဘူး
    ငါမလိုချင်တာ မလုပ်ချင်တာ လုပ်တဲ့နင်တို့
    ငါမကြိုက်ဘူး နင်တို့မကောင်းဘူး
    အဲ့ဒီတော့နင်တို့နဲ့မပေါင်းဘူး
    နင်တို့က ဦးနှောက် မရှိဘူး
    သေနတ်ကိုင်ပြီးလူစိတ်မရှိတဲ့ကောင်ကို သွားဝေဖန်တောခံပေါ့
    ငါ့လို ရဲရဲကြီးအာဏာမရှိ သေနတ်မရှိ တဲ့လူတွေကိုဝေဖန်ပါ.လား)းP
    ReplyDelete
  143. စာလုံးပေါင်းတော့သည်းခံ ဗျာ ပညာမတတ်တဲ့သူရေးထားတာမို့
    စာမတတ်ပေမတတ်နားလည်သလိုဝေဖန်သွားသည်
    စကားလုံးရိုင်းမိရင် ကြီးရင်ကန်တော. ငယ်ရင်sorry
    အပေါ်ကဒေါက်တာကလဲ မြန်မာမှန်ရင် မြန်မာမှန်ရင် သွားပြောနေတယ် နာမည်ကိုလဲကြည့်အုံးလေ
    ကိုယ်နဲ့ဒီblog နဲ့တော့ဘာမှမဆိုင်ဘူး မြန်မာပီပီ ဆွမ်းကြီးလောင်း သွားတာပါးP
    ReplyDelete
  144. (အပေါ်က Killer ရဲ့ comment က Anonymous တစ်ယောက်ရဲ့ comment နဲ့ တူလို့ အဲဒီ comment ကို စာကိုပဲ ပြန်ထားတဲ့ ပြန်ဖတ်လို့ ရအောင် copy & paste လုပ်ပေးလိုက်ပါတယ်။)
    Blogger Rita said...
    အဲဒါပဲ ဖတ်ရတာ အမော အဆို့ဆုံး ကွန်မန့်ဟာ အထက်က ကွန်မန့်ပဲ။
    တဖက်ကို ဝေဖန်တာနဲ့ တဖက်ကိုတော့ ဝေဖန်စရာ မရှိလို့ လွှတ်ထားတယ် လို့ တွေးလိုက်တော့တာပဲ။
    လောလောဆယ် ဖြစ်သွားတဲ့ ဆရာဝန်ကိစ္စလိုပဲ။ မီဒီယာ မှားတယ် ထောက်တော့ ဆရာဝန်ကျ ဘာလို့ မထောက်သလဲ လာတယ်။ ဆရာဝန်မှားရင် ဘာလုပ်သင့်တယ် ဆိုတာ ထည့်ပြောစရာကို မလိုလို့ ထည့်မပြောသွားတာ။ သေချာပေါက် မှားနေတဲ့ မီဒီယာပဲ ထောက်ရုံနဲ့ ဆရာဝန် ဘာလုပ်လုပ် မှန်တယ်လို့ အဓိပ္ပါယ် မပေါက်ဘူး။
    ဘာမှ ထည့်မပြောဘူးဆိုရင် ဘာမှ မမှားဘူးထင်လို့ လို့ ဘာဖြစ်လို့ တွေးရတာလဲ။ လယ်ပြင်မှာ ဆင်သွားသလို ဖြစ်နေလို့ ထည့်မရေးတာပေါ့။ ငါ့နှယ်...
    December 10, 2009 10:26 AM
    Delete
    Blogger Rita said...
    ဒါနဲ့ အမြင်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ထုတ်သွားတာကိုတော့ ကျေးဇူးတင်မိပါတယ်။
    ဒါပေမဲ့ အဲဒီ COMMENT ဟာ POST ရေးသူကို အန္တရာယ်ရှိစေနိုင်လိမ့်မယ်လို့ နဲနဲမှ မတွေးမိဘူးလား။ COMMENT ရေးသူကတော့ ANONYMOUS နဲ့မို့ ကိစ္စ မရှိဘူးပေါ့လေ။
    December 10, 2009 10:34 AM
    ReplyDelete
  145. ဟုတ်ပါတယ်
    blog ပိုင်ရှင်ပဲ ကိုယ့်အတွက်မလိုအပ်ရင်ဖြစ်ဖြစ်
    ရေးသူကို အန္တရာယ်ရှိစေနိုင်လိမ့်မယ်လို့ သတ်မှတ်ရင်ပဲဖြစ်ဖြစ်
    စာတလုံး comment တကြောင်း post တပုဒ် blog တခုလုံးကိုဖျက်ပိုင်ခွင့်ရှိတာပဲ
    ရေးသူက ငိုအောင်ရေးပေမဲ့ ဖတ်သူက ရီပြီးဖတ်သွားနိုင်ပါတယ် ခံစားချက်ချင်းမှမတူကြတာ
    ဝမ်းနဲမိပါတယ်ဗျာဒီစကားတခွန်းကိုဗွေယူတတ်ပြီး မြန်မာလူမျိုး တွေမွန်းကြပ်အောင်လုပ်တဲ့အဖြစ်တွေ မှာဗွေယူတတ်တာ မညီမျှဘူးမြင်လို့ပါ
    နှစ်ဖက်လုံးမှားတယ်ပဲထားပါအုံး အားနဲသူကို ဘာလို့ လက်ညှိုးထိုး တာလဲဟင်
    ခုတုံးလုပ်စားသွားတဲ့သူတွေအများကြီးပါမှန်ပါတယ် အနဲစုလားအများစုလားဟင်
    လမ်းပေါ်ထွက်အော် လို့ထောင်ကြရင် အမေရိကားရောက်မယ်ဆိုပြီး ရင်းတဲ့သူ တယောက်မြင်ဖူးတာနဲ့
    ငါတို့ရှေ့ကတိုက်မှနောက်ကလိုက်လာမှာငါရှေ့ကိုထွက်တိုက်ရမယ်ဆိုပြီးလက်နက်မဲ့လမ်းပေါ်ထွက်လို့ သေရွာရောက်သွားတဲ့ လူတွေ ကိုပါ ရောအထင်မသေးလိုက်ပါနဲ့နော်
    http://www.youtube.com/watch?v=DFTySFuMo5s&feature=player_embedded
    ရတဲ့အုတ်တိုင်အကွယ်လေးကို ကာဗာယူပုန်းနေတဲ့လက်နက်မဲ့ကို သွားဖမ်းရင်တောင်ရနေ ပါပြီပစ်သတ်လိုက်တယ်
    ဒီလိုဟာမျိုးမျက်မြင်တွေးဖူးတဲ့လူတွေအတွက် ဒီpost ကရင်ထဲဆူးနစ်စေပါတယ်အမ
    မျက်ရည်ကြစေပါတယ်အမ
    အသက်သွေးတွေအများကြီးပေးခဲ့ရတဲ့ဒီသမိုင်းကြီး ပေါ်ကအမဲစက်လေးတွေ.တာနဲ့
    ဒီသမိုင်းကြီးညစ်ပတ်တယ်လို့အသတ်မှတ်ခံရမှာသေမလောက်ကြောက်တယ်
    ကိုယ့်စိတ်နဲ့ကိုယ်တွေးကိုယ့်blog မှာကိုယ်ရေးတာပဲလေ
    လိုက်မခေါ်ပဲလာဖတ်ကြတာလေ ကိုယ့်အပြစ်နဲ့ကိုယ်ပေါ့
    ဒီလိုလက်ညှိုးထိုးတာတွေခံနိုင်ရည်ရှိအောင် ပဲကျိုးစားထားပါ့မယ်အမ
    အပေါ်မှာရေးခဲ့မိတာတွေအားလုံးအတွက်တောင်းပန်ပါတယ်
    လက်သီးဆုပ် အံကျိတ် ခေါင်းငုံ့မျက်ရည်ဝဲပီးပြန်သွားတယ်အမ
    ပျော်ရွှင်ပါစေ
    ReplyDelete
  146. ဟေး ..ဘာတွေဖြစ်..ခြေဦးမလှည့်ဖြစ်လို့မသိလိုက်မိဘူး
    ReplyDelete
  147. ချိုမာရယ် ...
    မင်းကွာ ...
    ပြောရက်လိုက်တာ ...
    ဒီလောက်ဖြစ်သွားတာကို မသိလိုက်ဘူးရယ်လို့ပဲ။
    SAME GENERATION အချင်းချင်း GAP လိုက်ပုံများ သူများကြားရင် ပြောစရာ ဖြစ်တော့မှာပဲ
    ReplyDelete
  148. ညီမလေးရေ-
    အဲဒီတုန်းက ညီမလေး မြင်ရကြားရတာဟာ “မင်းတို့အတွက် လုပ်နေတာ“ လို့ ပြောသံ မဟုတ်ပဲ
    (၁) အဖြူအစိမ်းဝတ် ဆယ့်သုံးနှစ်သား ကျောင်းသားလေးက ညီမလေးဘေးမှာ ငုတ်တုတ်လာထိုင်ပြီး “မမရယ်။ သား လေ နောက်နှစ်ဆို ကျောင်းထွက်ပြီး လက်ဖက်ရည်ဆိုင်မှာ အလုပ်ဝင်ရတော့မယ်။ သား ကျောင်းသိပ်တက်ချင်တာပဲ။ ဒါပေမယ့် အခမဲ့ ပညာရေး မဟုတ်တော့ကျောင်းစရိတ်ကို အိမ်က မပေးနိုင်တော့ဘူးတဲ့။ ဒီမိုကရေစီရရင် သားကျောင်းပြန်တက်လို့ရမှာ။ အနည်းဆုံးတော့ သားလိုကလေးလေးတွေ တချိန်မှာ ကျောင်းမထွက်ရပဲ စာသင်နိုင်ကြမှာ။ ဒါကြောင့် သား ဒီမိုကရေစီအရေး- ဒို့အရေးလုပ်လိုက်ဦးမယ်နော်“ လို့ ပြောလာခဲ့ရင်
    (၂)တိုင်းရင်းသူမလေးတယောက်က
    “မမရယ်။ ညဘက်ကြီးမှာ သူတို့တွေ ရွာကို ရောက်လာကြတယ်။ တရွာလုံးကို မီးရှို့ပြီး ရွှာက လူတွေကို ရိုက်ကြတယ်။ ကျွန်မမှာ ကိုယ်ဝန်ငါးလ။ ကျွန်မဗိုက်ကြီးကို စစ်ဖိနပ်တွေနဲ့ ၀ိုင်းကန်ကြတယ်။ ကျွန်မယောက်ျားကို ပစ်သတ်လိုက်တယ်။ ကျွန်မကိုယ်ဝန်ပျက်သွားတယ်။ ကံကောင်းလို့ အသက်မသေတာ။ ဘာပဲဖြစ်ဖြစ် ကျွန်မလို ဘ၀ဆိုးမျိုးကို နောင်လာနောက်သားတွေ မကြုံရအောင် ကျွန်မ ဒီလူထုတိုက်ပွဲထဲမှာ လမ်းဝင်လျှောက်နေတာပါ“ လို့ ပြောလာခဲ့ရင်
    (၃) သင်္ကန်းမှာ သွေးတွေပေကျံနေတဲ့ ရဟန်းတော်တပါးက
    “ဒကာမကြီး။ ဦးဇင်းတို့ သံဃာတော်တွေ တတိုင်းပြည်လုံးအတွက် မေတ္တာပို့ ဆုတောင်းနေတာကို ရိုက်နှက်သတ်ဖြတ်နေကြတယ်။ အလောင်းတွေကို ရေထဲမျောပစ်နေကြတယ်။ ဦးဇင်းကတော့ မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက် မေတ္တာပို့ ဆုတောင်း လမ်းလျှောက်ခဲ့တာပါ“ လို့ ဆိုလာခဲ့ရင်
    (၄) အသက် (၇၀) အရွယ် အဘိုးတယောက်က
    “မြေးလေးရယ်။ အဘိုးတို့မှာလေ ကျန်းမာရေး မကောင်းရင်တောင် ပိုက်ဆံမရှိလို့ ဆေးရုံဆေးခန်းနား မသွားနိုင်ဘူးကွယ်။ မြေးတို့ခေတ်ရောက်ရင် အဘိုးတို့လို မဖြစ်စေချင်ဘူး။ ဒါကြောင့် အဘိုးကတော့ မသေခင် တာဝန်ကျေအောင် ကြိုးစားသွားကြည့်တာပါကွယ်“ လို့ ပြောလာခဲ့ရင်
    ညီမလေး ဟင်လို့ လုပ်ဖြစ်ခဲ့မှာ မဟုတ်ဘူးနော်။
    တခါတရံမှာ လူတွေ စုမိသွားရင် စိတ်ကြွမှု ဖြစ်လာတာလေးတွေရှိပြီး အပြောအဆို၊ အပြုအမူလေးတွေ လွန်ကဲသွားတာလေးတွေ ရှိတတ်ပါတယ်။ အကြောင်းတိုက်ဆိုင်ချင်တော့ အဲလိုအခြေအနေမျိုးလေးနဲ့ ညီမလေးနဲ့ သွားဆုံမိလိုက်တာ ဖြစ်မှာပါ။
    ဒီလိုပဲ-
    ရာထူး၊ အာဏာ၊ ငွေကြေးတွေနဲ့ပတ်သက်ရင် လူ့စိတ်တွေက ဖောက်လွဲဖောက်ပြန်ဖြစ်တတ်ပါတယ်။စစ်အာဏာရှင်တွေဖောက်ပြန်ကြသလို အစ်မတို့ အတိုက်အခံတွေထဲမှာလဲ ဖောက်ပြန်သူတွေ ရှိတာပါပဲ။ ဒီလိုဖောက်ပြန်မှုတွေကို စည်းကမ်း၊ ဥပဒေနဲ့ ဘာသာတရားအဆုံးအမ၊ လူ့ကျင့်ဝတ်၊ စနစ်တွေကပဲ ထိန်းချုပ်နိုင်ပါတယ်။ အာဏာရှင်စနစ်က ထိန်းချုပ်မှုနည်းပြီး ဖောက်ပြန်မှုကို အားပေးပါတယ်။ ဒီမိုကရေစီစနစ်က ဖောက်ပြန်မှုကို ထိန်းချုပ်နိုင်မှု အားကောင်းပါတယ်။ တရားဥပဒေစိုးမိုးရေးကို အပြည့်အ၀ မဟုတ်ပေမယ့် အသင့်အတင့် အကောင်အထည်ဖော်နိုင်ပါတယ်။ ဒါကြောင့် အာဏာရှင် စနစ်တွေကို ဖယ်ရှားပြီး ဒီမိုကရေစီ စနစ်တွေကို အစားထိုးလာကြပါတယ်။
    အစားထိုးဖို့ ကြိုးစားရင်း ကြိုးစားနေသူတွေ ကိုယ်တိုင်က ဖောက်လွဲဖောက်ပြန်ဖြစ်နေတာတွေလဲ ရှိတာပေါ့ ညီမလေးရယ်။ လူတွေပဲကိုး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလူတွေကိုလဲ စနစ်က ပြန်ပြီး သန့်စင်ပေးသွားမှာပါပဲ။
    ဒါကြောင့် အာဏာရှင်စနစ်ကို ဖယ်ရှားဖို့ ကြိုးပမ်းရေးကသာ အဓိက ကျပါတယ်။ လုပ်နည်းလုပ်ဟန်အားနည်းချက်တွေ၊ ဆုံးရှုံးမှုတွေကလဲ တွဲပြီး ရှိနေမှာပါပဲ။ အောင်မြင်ပါ့မလားလို့ တွေးပူသူတွေ၊ မအောင်မြင်နိုင်ဘူးလို့ မြင်သူတွေလဲ ရှိမှာပါပဲ။ ၁၉၂၀- ၁၉၄၀ က မြန်မာ့ လူ့အဖွဲ့အစည်းမှာလဲ ဒီလိုတွေ ဖြစ်ခဲ့ကြမှာပဲ။ ဒီတုန်းက အမတို့ ဘိုးဘွားတွေဆို မြန်မာပြည်မှာ လွတ်လပ်ရေး ရမယ်လို့ အိပ်မက်တောင် မမက်ဖူးဘူးတဲ့။ ဒါတွေက ဖြစ်နေကျ အကြောင်းအရာတွေပါပဲ။
    ဘာပဲဖြစ်ဖြစ် တက်ကြွလွန်ပြီး ပြောထွက်သွားတဲ့ စကားလုံးလေးတွေ၊ လူတွေမှားလေ့မှားထရှိတဲ့ အမှားလေးတွေကြောင့် ခေတ်တခေတ်ရဲ့ စနစ်ဆိုးတခုကို ဖယ်ရှားပြီး၊ အနာဂတ်ခေတ်သစ်ကို တည်ဆောက်ရမယ့် တော်လှန်ရေး တရပ်ကို “ဟင်“ ကနဲ ဖြစ်သွားစေခဲ့တာအတွက် အစ်မ တကယ်ကို စိတ်မကောင်းပါဘူး ညီမလေး။
    ခင်မင်လေးစားစွာဖြင့်
    ခင်မမမျိုး
    ReplyDelete
  149. မရီတာ အပြောနဲ့ ဆို လမ်းပေါ်ထွက်ပြီး တစ်ရားဟောခဲ့တဲ့ ဒေါ်စုလဲ မှားနေတယ်လို့ပြောချင်တာလား၊ ဒေါ်စုရဲ့ Freedom for Fear ဆိုတဲ့စာအုပ်ထဲမှာ "တစ်နေ့နေ့ကြရင် ငါ့တိုင်းပြည်နဲ့ ငါ့လူမျိုးတွေအတွက် ပေးဆပ်ရမယ် အဲဒီအခါ ရှင်ကျမကိုနားလည်ပေးပါလို့ သူ့အမျိုးသားကို ကြိုတင်ပြောဘူးခဲ့တယ်"လို့ ရေးသားထားတယ်၊ ဒါကရော ဒေါ်စု ပေါ်ပြူလာဖြစ်ချင်လို့ "ငါ့လူမျိုး"အတွက်လို့ပြောတာလား၊ လူတိုင်း နိုင်ငံရေး မလုပ်သလို ကျမလဲမလုပ်ပါဘူး၊ ဒါပေမဲ့ သူတို့ခံယူ ချက်နဲ့ သူတို့ကိုယ်သူတို့ စတေး နေတဲ့လူတွေကိုတော့ လေးစားသင့်ပါတယ်၊ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေရှိသလို အမှန်အကန် ခံယူချက်ပြင်းတဲ့ နိုင်ငံရေးသမားတွေလဲရှိနေကြပါတယ်၊ လူအုတ် အရှိန်နဲ့ Emotion ကြောင့် ထွက်လာတဲ့ စကားတစ်ခွန်း ကို အခြေခံပြီး အားလုံး ကို ဝါးလုံးရှည်နဲ့မ ရမ်းသင့်ပါဘူး၊
    ReplyDelete
  150. I can guess your boyfriend must be from Army or you are second wife of army officer.
    aung myo han
    ReplyDelete
  151. Rita, be patient
    Some comments are out of post item...
    Some comments are reasonable...
    Some comments only aggravate the post.
    ReplyDelete
  152. Anonymous (December 15, 2009 7:30 AM)
    (အောင်မြင်တယ် ဆိုတာ အဲဒီ အစ်မက "ကိုယ်မယုံကြည်အောင် ဘယ်သူတွေလုပ်ခဲ့တာလဲ...ဆိုတာ သူတို့ဖက်က စဉ်းစားတတ်ရင်ကိုပဲ ကျေနပ်လှပီ။" ဆိုတာကို ပြောချင်တာဖြစ်မယ်။
    ကိုယ်ကတော့ အောင်မြင်တာ မမြင်တာ တယ် ဂရု မစိုက်ဘူး။
    ကိုယ်နဲ့ မတူ ကိုယ့်ရန်သူလို့ သဘောထားတဲ့ လူတွေ၊ အကျိုးသင့် အကြောင်းသင့် ပြောမယ်ဆိုတဲ့ စိတ်ဓါတ်မျိုးမရှိဘဲ ရူးသလိုလို နှမ်းသလိုလို ရန်စရ ပြီးရော သဘောထားတဲ့လူတွေ ရှိတယ်ဆိုတာ ထွက်လာလို့ အောင်မြင်တာ ဆိုရင်ရော...
    ကိုယ်က ကိုယ့် အမြင်ကိုပဲ ကိုယ်စားပြုပြီး ပြောနေတာနော်။ မှားသွားလဲ ကိုယ့်ကိစ္စပဲ။ သူများ ထောက်ခံတာ ကန့်ကွက်တာ၊ အကောင်းမြင်တာ၊ အဆိုးမြင်တာ ကိုယ်တယောက်တည်းနဲ့ ဆိုင်တဲ့ ကိစ္စ။
    တစုတဖွဲ့ကို ကိုယ်စားပြုပြောတဲ့လူတွေ သတိထားဖို့တော့ကောင်းတယ်။ ကိုယ်ပြောလိုက်တဲ့စကားက ဘာကို တန်ဖိုးကျသွားစေသလဲဆိုတာ။)
    အပေါ်က Anonymous မဖတ်ရသေးရင် ဖတ်ရအောင်လို့ တခြားတယောက်ကို ပြန်ထားတဲ့ comment ကို copy & paste လုပ်ပေးလိုက်တယ်။
    ဒါမျိုးတွေလာတာ တကယ်တော့ ဘာမှ မဆန်းဘူး။ ဒါတွေကြောင့်လည်း ဟင် တာဟေ့လို့ ဟင်ချင်စရာတွေကို အကြောင်းပြစရာ ခိုင်ခိုင်မာမာ ရသွားတာကလွဲလို့။
    ကိုယ်ကတော့ ဒီ comment မျိုးတွေ လိုက်ခံစားနေမယ် မထင်နဲ့။ ဘက်တူတဲ့ ဘက်တူသားတွေကပဲ ခံစားရမှာ။ ငါတို့ဘက်နဲ့တူတဲ့ ငါတို့ဘက်တူသားတွေမှာ အကျိုးသင့် အကြောင်းသင့် ပြောမယ် မရှိဘဲ ယှဉ်ပြီး ပြောကြစတမ်းဆိုရင် ဒါမျိုးပဲ ဦးနှောက်က ထွက်တော့တာပါလား ဆိုပြီး ... သူတို့နဲ့တူတဲ့ သူတို့ ဘက်တူသားအတွက် သူတို့ပဲ ခံစားလိမ့်မယ်။
    ok?
    ဘယ်ဘက်ကို ကိုယ်စားပြုပြီး ပြောချင်နေတာလဲ ဆိုတာ ကိုယ့်ဘာသာ အရင်ပြန် စဉ်းစား၊ နောက်တဆင့်က ကိုယ်ပြောလိုက်တဲ့ စကားဟာ ကိုယ်ကိုယ်စားပြုလို့ ပြောချင်နေတဲ့ အစုအဖွဲ့ နဲ့ သဘောတရားတွေကို မြင့်တက်သွားစေသလား၊ နိမ့်ကျသွားစေသလား ဆိုတာ ပြန်စဉ်းစား။
    ကိုယ်က ကိုယ့်အမြင်သက်သက်ကိုပဲ ပြောနေတာ။ ကောင်း/ ဆိုး ဘာပဲလာလာ ကိုယ်နဲ့ပဲ သက်ဆိုင်တယ်။
    ok?
    စစ်တပ်က လူနဲ့ ယူထားမှ မဟုတ်ဘူး... နိုင်ငံရေးသမားလို့ ခေါ်တဲ့ လူနဲ့ ယူလဲ ဒီ post ဟာ ဒီလို အကြောင်းတိုက်ဆိုင်ရင် ရေးကို ရေးဖြစ်မယ့် post ပဲ။
    ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။
    ကိုယ်ယူမယ့် နိုင်ငံရေးသမားက အသံကောင်း ဟစ်တဲ့လူ တော့ မဖြစ်စေရဘူး။
    "If you choose to do something, then you shouldn't say it's a sacrifice, because nobody forced you to do it"
    အဲဒီစကားအတိုင်း ဖြစ်နေရမယ်။ အဲဒီစကား ကြားရောကြားဖူးလား။ ဘယ်သူပြောတာလဲ ဆိုတာရော သိသလား။
    ReplyDelete
  153. ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။
    ကိုယ်ယူမယ့် နိုင်ငံရေးသမားက အသံကောင်း ဟစ်တဲ့လူ တော့ မဖြစ်စေရဘူး။
    totally agree with u, Nyima,
    U r right.
    I am sure, ur opinion is not only u.
    So, we can do whatever we want to support our country.
    Cheers!
    Be patient.
    Don't disappointed.
    Be strong.
    ReplyDelete
  154. Khin Ma Ma Myo, myanandar December 15, 2009 7:09 AM တို့ဆီကို ပြန်မဲ့ ကောမန့်မျိုးကို မျှော်နေပါတယ် မရီတာရေ. . ဘယ်လိုများ ရှာကြံ အဖြေထုတ်မလဲဆိုတာ မျှော်နေပါတယ်။
    ReplyDelete
  155. အပေါ်က Anonymous သို့
    ဟုတ်တယ် comment တွေ အားလုံး မပြန်ဖြစ်သေးဘူး။ စွန်းထွက်လာတာတွေပဲ မြန်မယ်ထင်ရင် ပြန်ဖြစ်သေးတယ်။
    တကယ်တော့ ခုပြောတဲ့ဟာတွေက ပြန်စရာမလိုတဲ့ comment တွေမို့ နဲနဲပဲ အသိအမှတ်ပြု ပြန်ရေးပြီး ထားလိုက်မလို့ပါပဲ။ ကိုယ်ရေးတဲ့စာကနေ ခွဲထွက်ရင်လည်း လုံးဝ မသက်ဆိုင်အောင် ခွဲထွက်ပြီး၊ ကိုယ်ပြောချင်တာနဲ့ သူတို့ပြောချင်တာ (သူတို့ဘာသာ သူတို့သာ မတူဘူးထင်နေတာ ဥပမာ- ဟန်လင်းထွန်းလိုပေါ့။ တကယ်တော့ သူလဲ မလုပ် ကိုယ်လဲ မလုပ်တူတူပဲ။ ဒါပေမဲ့ သူမျှော်လင့်တယ် ပြောတယ်။ ကိုယ် မမျှော်လင့်ဘူး ပြောတယ်။ ဒါကို မကျေမနပ်ဖြစ်တယ်။ တကယ်တော့ ဒါ ကိုယ့်အမြင်ဆို ရှင်းစရာ မလိုတဲ့ ကိစ္စပဲ။ ဒါပေမဲ့ မရှင်းရင် နောက်ထပ် ဒီလိုလူမျိုးတွေက ထပ်ကာ ပြောနေရင် comment တွေ ထပ်တက်လာမှာစိုးလို့သာ ပြန်ပြောရတာ) တူနေလို့ ပြန်ပြောစရာ မလိုတာတွေ ရှိတယ်။
    မခင်မမမျိုးကိုလည်း လောလောဆယ်တော့ ကျေးဇူးတင်စကားပဲ ပြန်နိုင်ဦးမယ်။ ရုံးမှာမို့။ ရှည်ရှည် ပြန်ရေးစရာလဲ မရှိပါဘူး။ ဒါတွေနဲ့ တွေ့ခဲ့ရင် ဟင် မှာ မဟုတ်ပါဘူး။ မှန်ပါတယ်။ ကျွန်မကလည်း ဟင် စရာ တွေ့လို့ ဟင် တဲ့ အကြောင်းရေးတာ စာအုပ်ဖတ်လိုက်တဲ့ အချိန်မှာ တွေးမိတာ ဘာ ဆိုတာကို ရေးထားတာ။
    တကယ်တော့ မခင်မမမျိုးနဲ့ မြနန္ဒာ comment က ထူး ပြန်စရာ မလိုဘူး။ အပေါ်မှာ ဆင်တူယိုးမှားတွေ လာရေးကြလို့ ပြန်ထားပြီးသား။ အစဦးကတည်းက ကိုလူထွေး ရေးခဲ့ပြီး ဖြစ်တယ်။
    comment တွေ အကုန်ဖတ်ဖြစ်ရင် ဖတ်ဖြစ်ရုံမက နားလည်တယ် ဆိုရင် သူတို့ comment ကို ရေးဖြစ်ချင်မှ ရေးဖြစ်လိမ့်မယ်။ ဒါ post တခုတည်းဖတ်ပြီး ရေးတာ ဖြစ်နိုင်တယ်။
    ဒါပေမဲ့ ပြန်တာကိုမှ anonymous က ဖတ်ချင်သေးတယ် ဆိုရင်တော့ ခဏစောင့်။ ကိုမျိုးဝင်းဇော်နဲ့ ကိုတင်မင်းထက် ကိုတောင် ရက်ခြားပြီးမှ ပြန်ဖြစ်တာ တွေ့တယ် မို့လား။
    မြနန္ဒာကိုလည်း ပြန်ပါမယ်။
    ခုလတ်တလောလေး ပြန်ပါမယ်။
    DASSK ပြောတာက သူ့အမျိုးသားကို ပြောတာလေ။ နှစ်ယောက်ချင်း။ အဲဒါ ကိုယ်က ဘာဝင်ပါစရာလိုလဲ။ သူတို့ဘာသာ ကျေနပ်ရင် ပြီးတာပဲ။
    ကိုယ်ပြောနေတာက ""If you choose to do something, then you shouldn't say it's a sacrifice, because nobody forced you to do it"" ဒီပေါ်ကနေ ပြောနေတာ။ အဲဒါ ဘယ်သူပြောတာလဲ သိလား။ ကိုယ်ဘာကြောင့် ဒါကို ထပ်ကာထပ်ကာ ကိုးကားနေလဲ သိလား။
    အဲဒီစကားကို မလိုက်နာဘဲ နေတဲ့သူတွေက ဘယ်သူတွေလဲ။ အဲဒီလူတွေ အကြောင်းကို ကိုယ်ရေးတယ်။ ကိုယ့်အမြင်ကို ရေးတယ်။ လိုက်နာတဲ့လူတွေ ရှိပါတယ်။
    မြနန္ဒာ ပြောသလို "လူတိုင်း နိုင်ငံရေး မလုပ်သလို ကျမလဲမလုပ်ပါဘူး၊ ဒါပေမဲ့ သူတို့ခံယူ ချက်နဲ့ သူတို့ကိုယ်သူတို့ စတေး နေတဲ့လူတွေကိုတော့ လေးစားသင့်ပါတယ်၊ ကိုယ်ကျိုးရှာ နိုင်ငံရေးသမားတွေရှိသလို အမှန်အကန် ခံယူချက်ပြင်းတဲ့ နိုင်ငံရေးသမားတွေလဲရှိနေကြပါတယ်၊ လူအုတ် အရှိန်နဲ့ Emotion ကြောင့် ထွက်လာတဲ့ စကားတစ်ခွန်း ကို အခြေခံပြီး အားလုံး ကို ဝါးလုံးရှည်နဲ့မ ရမ်းသင့်ပါဘူး၊" ဆိုတာကို ကိုယ်က ပြန်ရှင်းရပြန်ရင်လည်း အထပ်ထပ်အခါခါ ဖြစ်နေပြန်လို့...
    လောလောဆယ်တော့ အပေါ်နားက anonymous ကို နှစ်ထပ်ကွမ်း copy & paste လုပ်ထားရတဲ့ "ဖတ်ရတာ အမောအဆို့ဆုံး comment ဟာ..." အစချီတဲ့ comment ကို ပြန်ဖတ်ပါလို့ ပြောပါရစေ။
    နဲနဲ ပိုအားသေးရင် ကိုလူထွေးကို ပြောထားတဲ့ comment ဒီထက်နဲနဲ ပိုအားသေးရင် မဆုမွန်ကို ပြန်ထားတဲ့ comment ဒီထက် ပိုအားသေးရင် ဟန်လင်းထွန်းကို နောက်ဆုံးပိတ် ပြန်ထားတဲ့ comment ဒီထက်ပိုအားသေးရင် အားလုံးကို ပြန်ဖတ်ပေးပါ။
    ထူးပြီး ပြန်စရာမလိုတဲ့ ဒီ post အတွက် ပထမဦးဆုံးသော သဘောတရားများ မဟုတ်တဲ့ comment များကို သက်ဆိုင်ရာ reply များအား copy & paste လုပ်ခြင်း၊ refer လုပ်ပေးဖြင်းများဖြင့် အချိန်ကုန် သက်သာစေရန် စီစဉ်ဆောင်ရွက် သွားပါမည်။
    ReplyDelete
  156. မခင်မမမျိုး blog ကို 3, 4 ခါ ရံဖန်ရံခါ ရောက်ပါတယ်။ ဖတ်မိတိုင်းမှာ ဘဝင်ကျပြီး ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ လတ်တလော ဆရာဝန်နဲ့ မီဒီယာ ကိစ္စဖတ်ဖြစ်ထားပါတယ်။ comment လည်း ရေးခဲ့ပါသေးတယ်။ ကိုယ်ပိုင် blog မှာ မဟုတ်ရင် Public Health မှာ ဖြစ်လိမ့်မယ်။
    ခုန အနောနီးမတ်ကို ပြောနေတာ ဖြစ်လို့ ထမင်းစားရင်းနဲ့ တိုက်ရိုက်သေချာ ပြောဦးမှာပါလို့ တွေးမိပြီး ပြန်ရေးလိုက်ပါတယ်။
    အစ်မရေ Dr. Steve ကို ပြန်ထားတဲ့ comment လေး ပြန်ဖတ်ပေးစေချင်ပါတယ်။ သူရေးတာနဲ့ အစ်မ ရေးတာ မတူပေမဲ့ သဘောတရား မကွဲလှပါ။ သူက အဖေတွေ အဖိုးတွေနဲ့ ဥပမာပေးထားလို့ သူဆိုလိုချင်တာက ပိုပြီးတောင် ကိုယ့်အရေးနဲ့ တိုက်ရိုက်ကျနေပါတယ်။
    အစ်မရေးတဲ့ comment နဲ့ လည်း အကျုံးဝင်ပါတယ် ထင်မိတယ်။ ပြောစရာရှိသေးရင် ထပ်ပြောပါ။
    ReplyDelete
  157. ဒီနေ့ပဲ ဂျူး ရဲ့ ဟောပြောပွဲမှတ်တမ်း တွေ့တာနဲ့ မရီတာ အတွက် လာပေးတာပါ ..
    http://mayaonlinemagazine.blogspot.com/2009/12/blog-post_09.html
    ReplyDelete
  158. အစ်ကို ကျေးဇူးပါ။
    အစ်ကို့ဆီက ရရချင်း ချက်ချင်းဖတ်ပြီး၊ မမခင်ဦးမေ cbox မှာပါ ဖြန့်ပေးလိုက်ပါသေးတယ်။ အင်မတန်မှ သဘောကျရစေတဲ့ speech ပါပဲ။
    စိတ်ဝင်စားတဲ့သူများရှိရင်တော့ cbox မှာ free ပြောထားကြတာတွေကို အနည်းငယ် တည်းဖြတ်ပြီး၊ ပြန်တင်ဖို့ ဆန္ဒရှိရင် တင်ပါဦးမယ်။ ကျွန်မတယောက်တည်း ပြောထားတာ မဟုတ်တော့ သူများဆန္ဒလည်း ယူရဦးမယ်။
    နောက် ကျွန်မ ပြောပြောနေတဲ့ anonymous နဲ့ လာရေးတဲ့ အစ်မကလည်း ဖတ်ပြီး တူလွန်းလို့ သိပ်ကို နှစ်ထောင်းအားရ ဖြစ်မိကြောင်း gmail ကနေ လှမ်းပြောပါသေး။
    တကယ်ကိုပဲ စိတ်ထဲမှာ သူနဲ့ အဖြစ်ချင်း တူလိုက်တာ တူလိုက်တာနဲ့ ဖြစ်မိလို့... ကိုယ်ညံ့တယ် ဆိုတာ တကယ်တော့ ဂျူးလို တော်နေတာပါလား လို့တောင် ရီစရာလုပ်ပြီး ပြောမိသေးတယ်။ (မနှိုင်းကောင်း နှိုင်းကောင်း)
    သူ နောက်ဆုံးနား ပြောသွားတာလေးကတော့ အထိရောက်ဆုံးနဲ့ BRAVO အအော်ချင်ဆုံး အရေးအသားပဲ။ စာရေးဆရာနေရာမှာ Blogger ဆိုတာ ပြောင်းရေးပြီးတော့ကို မမ KOM ရဲ့cbox မှာ ချလိုက်မိသေးတယ်။
    အစ်ကိုက ဘာကို အဓိကထားပြီး ဖတ်စေချင်မှန်းတော့ မသိဘူး။ ကျွန်မကတော့ သန်ရာသန်ရာပဲ။
    ... ဆိုတော့ ကျွန်မ ကြွေနေတဲ့ စကားလုံးတွေနဲ့ အစ်ကိုက ကြွေစေချင်တဲ့ စကားလုံးတွေ လွဲနေရင် ပြန်ပြောပေးပါဦး။
    လေးစားစွာ
    RITA
    ReplyDelete
  159. ဒူဝေ...ဒူဝေ ကို ယူလေ...ယူလေ လို့ ဘာသာပြန်မိပါဦးမယ်။
    ပထမ တခုက မာလာ နဲ့ ဥပမာပေးသွားတာပါ -
    "သမီးရယ်တဲ့၊ တခါတခါကျတော့ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်တဲ့ ရှင်ဘုရင်က ဆိုးနေရင်၊ ယုတ်မာနေရင်၊ ကောက်ကျစ်နေရင် သူပုန်ဆိုတာလဲ ဇာတ်လိုက် ဖြစ်တတ်ပါတယ်တဲ့။"
    ကျွန်တော်တို့ ညံ့တာ ရှေ့လူတွေကြောင့်ဆိုတာကို သူက ဒီလိုဖြေသွားပါတယ်။ သဘောမျှမှာပါ -
    "၈၀% မရရင် ၆၀%၊ ၆၀% မရရင် ၄၀% ရဖို့ ကျမတို့မှာ တာဝန် ရှိပါတယ်။"
    သူ အဖြေ မတွေ့သေးဘူး ပြောတာက၊ ကပ်ဖကာ ပြောတဲ့ တံခါးကို ဘယ်လိုဝင်မလဲ ဆိုတဲ့ အဖြေ (နည်းလမ်း) ကို သူမတွေ့သေးဘူး ဆိုလို့ပြောတာပါ။ ဒါပေမဲ့ ဝင်ကို ဝင်ရမယ် ဝင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားရမယ်လို့ ပြောခဲ့ပြီးသားပါ။
    ဘယ်တံခါးကို ဝင်ပြီး၊ ဘယ်မြို့တော်ကို သွားသင့်တယ် ဆိုတာကို ငြင်းစရာ မလိုတော့ပါ။ သွားတဲ့သူတွေလည်း သွားနေပါတယ်။ မရောက်သေးတာသာ ဖြစ်ပါတယ်။
    စာရေးဆရာ၊ သတင်းစာဆရာ၊ (ဘလော့ဂ်ဂါရော ဆိုပါတော့) က ပြဿနာတွေကိုသာ ရှာနေကြတယ် ဆိုတာ၊ ဘယ်လိုသွားရမလဲ ဆိုတဲ့ နည်းလမ်း အတွက်သာ ဖြစ်သင့်ပါတယ်။ ခုထိလည်း မရောက်သေးဘူး၊ နည်းလမ်းလည်း မရှိဘူး၊ နည်းလမ်းရှာဖို့လည်း စိတ်မဝင်စားဘူး၊ သွားမနေကြပါနဲ့ ဆိုမျိုး အတွက် မဟုတ်ပါ။
    ReplyDelete
  160. RE : (ခုထိလည်း မရောက်သေးဘူး၊ နည်းလမ်းလည်း မရှိဘူး၊ နည်းလမ်းရှာဖို့လည်း စိတ်မဝင်စားဘူး၊ သွားမနေကြပါနဲ့ ဆိုမျိုး အတွက် မဟုတ်ပါ။)
    သွားမနေကြပါနဲ့ မပြောပါ အစ်ကို။
    နည်းလမ်းဘယ်လို ရှာရပါ့။ ဒါကတော့ စကတည်းက ကျွန်မလည်း ဉာဏ်မမီတဲ့ အကြောင်းလို့တော့ ဝန်ခံပြီး ဖြစ်ပါတယ်။
    နည်းလမ်းလည်း မရှိဘူး မပြောပါ။
    ဘာကြောင့်ဆိုတော့​ ရှိ / မရှိ မသိပါ။ ရှိတဲ့နည်းကိုရော လုံလောက်တဲ့ လူအရေအတွက်က ယုံကြည်ကြပါပြီလား မသိပါ။ (ဒါကျွန်မ စဉ်းစားရမယ့် ကိစ္စ မဟုတ်)
    တကယ်ပဲ ကိုယ်တိုင် မရှာနိုင်ရင်တောင် တကယ်ပဲ ယုံကြည်ချင်နိုင်လိုက်ချင်ပါတယ်။ (ဂျူး ပြောတဲ့ "သူတို့လည်း တော်ချင်ပါတယ်" ဆိုတာ ဒါမျိုးပဲ နေမှာလို့ တွေးမိပါတယ်)
    သို့သော်.......................
    မယုံလောက်စရာတွေကြောင့် မယုံနိုင်တာကို ချပြတဲ့ အခါ..................
    ယုံကိုယုံရမယ်လို့ တချို့က ပြောမရတဲ့ အခါ.............
    အဲဒီ အခါမှာ ကျွန်မနဲ့ ကိုမျိုးမြင့်မောင် ပြောထားတဲ့ comment တွေမှာ တပတ်ပြန်လည်ပါဦးမယ်။
    အဖြေသည် ယုံကြည်မှု။
    ကိုယ်တိုင်မလုပ်ဘဲနဲ့ သူများကို မယုံလို့ မလုပ်ဘူးဆိုတာ အဓိပ္ပါယ် မရှိဘူးလို့များ တယောက်ယောက်က ပြောလာခဲ့ရင်.................
    ကိုယ်လုပ်နိုင်တာ ဘာရှိသလဲ......
    "ငါတို့ကတော့ နိုင်ငံရေးမလုပ်ပေမဲ့ လုပ်နိုင်သလောက်လုပ်တယ်ဟေ့" လို့ ဟစ်ချင်တဲ့သူတွေ ဟစ်နေတဲ့သူတွေ ရှိပါတယ်။ သူတို့ဘာသာ ကျွန်မပြောတဲ့ စကား မယုံကြည်နိုင်ဘူးဆိုတာကို မကျေမနပ်ဖြစ်ပြီးတော့သာ ကျွန်မနဲ့ မတူဘူးထင်လို့ လာပြောနေတာ။ တကယ်တော့ တူတူပဲ။ လုပ်နိုင်သလောက်လုပ်တယ် ဆိုတာ ပြောရင် လူသိပြီး၊ မပြောရင် လူမသိဘူး၊ တမူးတော့ ပိုမရှူချင်ပါနဲ့ လို့ ပြောခဲ့ပြီး ဖြစ်ပါတယ်။
    ကိုယ်မလုပ်နိုင်ပေမဲ့ တကယ်ပဲ ယုံလိုက်ချင်ပါတယ်။
    ဘယ်သူ့ယုံရမှန်းကို မသိဘူး။ ကိုယ်တိုင် ဝင်လုပ် ကိုယ်တိုင် ဝင်လုပ် ဆိုတော့ ပြောတဲ့လူတွေကရော ဘာလုပ်နေကြတာပါလဲ။ ငွေပို့တာလား။
    ကိုယ့်မှာသာ သတ္တိရှိရင် မကြောက်တတ်ရင် ဆိုပြီး၊ ကိုမျိုးမြင့်မောင် နဲ့ ပြောထားတာကို ဒီနေရာကနေ ပြန်စပြီး တပတ်လည်လိုက်လို့ ရပါပြီ။
    (သွားမနေကြပါနဲ့) ဆိုတာမျိုးကို ကျွန်မက ဘာကြောင့်များ ပြောရမှာလဲ အစ်ကို။ ကျွန်မက ယုံကြည်ချင်စရာတွေ မတွေ့ခဲ့ရဘူး ပြောတာဟာ အဲဒီ အဓိပ္ပါယ်ရောက်သလား။ အဲဒီလို ပြောစရာအကြောင်း လုံးဝ လုံးဝ မရှိပါ။ ပြောရအောင် ကျွန်မက ဘာမို့လို့လဲ။ ပြောလဲ သွားချင်တဲ့သူက သွားမှာပဲ ကို ဉာဏ်နဲနဲ ရှိရင်ပဲ သိနိုင်ပါတယ်။
    မယုံကြည်နိုင်တဲ့သူတွေကို ယုံကြည်သူတွေက ဘာလို့ မယုံကြည်နိုင်ရတာလဲ ယုံကို ယုံသင့်တယ်လို့ ဆိုလိုနေတာက အဓိပ္ပါယ် မရှိသလို၊ သူ့သဘောသူဆောင် သွားကိုသွားနေကြမှာတွေကို မသွားကြပါနဲ့ ပြောတာလဲ အဓိပ္ပါယ် မရှိတာချင်း အတူတူပဲ ဆိုတာ ကျွန်မ သေချာ နားလည်ပါတယ်။ ဒါကြောင့် သွားမနေကြပါနဲ့ လို့ ပြောစရာ အကြောင်း ဘာမှ မရှိပါ။
    ယုံတဲ့သူတွေ သွားပါစေ။
    မယုံတဲ့သူတွေက လုပ်နိုင်တာ လုပ်ပါလိမ့်မယ်။
    မယုံလဲ မယုံ ဘာဆို ဘာမှ မလုပ်လဲ မလုပ်တဲ့လူတွေလဲ ရှိမှာပါပဲ။
    မယုံကြည်နိုင်တဲ့သူတွေဟာ သူတို့မှာ ရှိတဲ့ သဒ္ဓါတရားကို သူတို့ ရှိချင်တဲ့ ကိစ္စတွေအတွက် ရှိနေတယ်ဆိုရင်လဲ နတ်ကွန်းကို ပသ သလိုပဲ ပြောနေလို့တော့ ပို၍သာ ဆိုးတော့မယ် လို့ တော့ တွေးမိနေပါတယ်။
    အဲဒီကနေ စပြီး Some comments for my post ကို ပြန်တပတ်လည်နိုင်ပါပြီ။
    မသေခင်တော့ ယုံကြည်ရလောက်မယ့် သူတွေ၊ နည်းလမ်းတွေနဲ့ တွေ့ပြီး၊ ယုံကြည် သေပျော်ချင်ပါသေးတယ်လို့ ပြောရင် မယုံမရှိပါနဲ့ အစ်ကို။ ကိုယ်တိုင်လဲ မထွက်နိုင်ပါဘူး ဆိုတဲ့ ဘဝတွေမှာ ဘယ်သူ့ ယုံရမှန်းမသိတာကလည်း တယ်ဆိုးတာပဲ။
    အိမ်ဘေးက ကလေး ကျောင်းမတက်နိုင်လို့ ထောက်ပံ့တဲ့ အခါ ရလဒ်ကို မြင်နိုင်ပြီး၊ မတော်လို့ ဘယ်ရောက်လို့ ရောက်မှန်းမသိတဲ့ ကိုယ်လှူလိုက်တဲ့ငွေဟာ Addy Chen ရေးသွားတဲ့ comment လို +ive တွေ ဆေးပေးမယ့် ကိစ္စလို ဖြစ်သွားရင် လို့တွေးပြီး မယုံကြည်တဲ့သူတွေကို.......
    အဲလိုမျိုး ဖြစ်မယ့်အစား ဆေးပေးမယ့်ပေးတော့လည်း တိုက်ရိုက်ပဲ ပေးတော့မှာပေါ့။
    မသေခင်တော့ ယုံကြည်ရလောက်မယ့် သူတွေ၊ နည်းလမ်းတွေနဲ့ တွေ့ပြီး၊ ယုံကြည် သေပျော်ချင်ပါသေးတယ်လို့ ပြောရင် ...
    သူများပဲ တွေးနေတာပဲ ကိုယ့်ဘာသာတော့ မကြိုးစားဘူးပဲ လာဦးမှာပါပဲ။
    အဓိကပြောချင်တာက မသွားနဲ့ မပြောပါဘူး ဆိုတာပါ။
    ReplyDelete
  161. ဂျူးကိုလည်း မေးချင်သေးတယ်။
    နောက်ဆုံးနားမှာ သူပြောသွားသလို ခု ယုံသေးလားလို့။
    ဘာလို့ဆို သူ NGO ကိစ္စတွေပဲ လုပ်နေတယ် ထင်လို့ပါ။
    အေးလေ နိုင်ငံရေးလုပ်တယ် ဆိုလဲ အသိတော့ ဘယ်ခံပါ့မလဲ။
    လုပ်တယ်ဆို မေးချင်တယ်။
    သူယုံတယ်ဆိုရင်တော့ အဲဒါ ယုံရလို့နေမှာပဲ။
    လေ့လာကြည့်ချင်တယ်။
    ကဲ လုပ်ပြန်ပြီ။
    ကိုယ့်ဘာသာ နည်းလမ်းမရှာဘူး။
    သူများပဲ လိုက်ကြည့်နေတာပဲ။
    ReplyDelete
  162. မာယာမဂ္ဂဇင်းလင့်ကိုဒီကနေရလို့သွားဖတ်ပါတယ်၊
    တိုက်ဆိုင်စွာမခင်ဦးမေစီဘောက်ကိုရောက်သွားတယ်၊
    ပြောနေတာတွေဝင်ဖတ်လိုက်ရတော့အပေးနဲ့အယူ
    လွဲနေပြီလို့ထင်လိုက်တယ်၊အပေးmessageကဘာလဲ၊
    ယူလိုက်တဲ့messageကဘာလဲလို့သိပေမယ့်ရေလယ်
    အောင်၇ှင်းမပြတတ်ဘူး၊လွဲနေမှန်းတော့သိလိုက်တယ်၊
    ဒီpostမှာcommentပထမဆုံးရေးတဲ့အမည်မသိပါ၊
    ReplyDelete
  163. ရုံးမှာရေးခဲ့မိတာမို့ ကျန်နေသေးလို့။
    ၁) မာလာ ဝတ္ထုကိစ္စကတော့ အစ်ကို ဘာကြောင့်ထည့်ပြောချင်မှန်း မသိဘူး။ အဲဒါကတော့ ပြောဖို့မလိုတဲ့ ကိစ္စလို့သာ ထင်မိတယ်။ post နဲ့ ဘာမှ မသက်ဆိုင်ဘူးလေ။ ဒီအခေါ်အဝေါ် ကိစ္စတွေ ကြားမှာ ခြားထားတဲ့ အလွှာက ပါးပါးလေးပဲ ရှိတယ်။ ကျွန်မသိတာပေါ့။ ".....လက်ဝယ် ရှိခြင်း၊ မရှိခြင်း" လေ။ ရှေ့မှာ ချန်ခဲ့တဲ့ "....." ဘာဆိုတာ ထည့်မရေးတော့ဘူး။ ကြောက်လို့။
    အလွှာပါးပါးလေးပဲ ခြားတယ် ဆိုလို့ ထည့်ပြောရဦးမယ် ကြုံတုန်း...
    "သူပုန်မဖြစ်ဖူးဘဲနဲ့ လာမဝေဖန်နဲ့" ဆိုတဲ့ စကားကြားရတုန်းကလည်း အဲလို တွေးဖူးသေးတယ်။ အော် သူတို့မှာ "..... လက်ဝယ် ရှိခြင်း၊ မရှိခြင်း" သာ ကွာတယ်။ သဘောတရားကဖြင့် အတူတူပါလားလို့။ တကယ်လို့များ သူတို့တက်ရင် ဒီသံသရာက ဒီတိုင်း သွားဦးမှာပါလားလို့။ ကိုယ့်ရဲ့ တိမ်လွန်းသော ဦးနှောက်မှာ...
    ၂) ကိုယ်ညံ့တာ ရှေ့ကလူတွေကြောင့် ဆိုတဲ့ ကိစ္စကတော့ ပထမတကြိမ်မှာတည်းက ရှင်းပြီး ဖြစ်ပါတယ်။
    အဲဒီလို ပြောဖို့ လုံးဝ မရည်ရွယ်ပါ ဆိုတာကိုပါ။
    post မှာထည့်တာကိုက အဲဒီလူ အော်တာဟာ မမှားပါဘူး လို့ ပြောချင်ရုံသက်သက်ပါ ဆိုတာကို။ မမှားပေမယ့်.... ဆိုပြီး ဆက်ရေးတာပါ။
    အစ်ကို့ကို ပြောတဲ့ G1~4 ကိစ္စကလည်း တမင်သက်သက် ရေးချင်လို့ကို ရေးပစ်လိုက်တာပါ။ အဲဒီနေ့က ကိုမျိုးဝင်းဇော်နဲ့ ကိုတင်မင်းထက် ကို ပြန်တာတွေက တကယ့်ကို ပေါ့ပေါ့ပါးပါးစိတ်နဲ့ ပြန်ဖြစ်ခဲ့ပါတယ်။ ဒါကလဲ အစ်ကို့ ဘလော့ကို ကျွန်မက ဖတ်ဖြစ်နေလို့ပါ။
    အဲဒီ စကားလုံးကို ဘာဖြစ်လို့ ထည့်ရေးတာလဲ ဆိုတော့
    1) အဲဒီလူပြောတာ မမှားပါဘူး။ ခေတ်ဆိုတာ လက်ဆင့်ကမ်းရတာမို့ သူတို့လုပ်တာတွေရဲ့ သက်ရောက်မှုကို ကျွန်မတို့ ခံစားရမှာပါ လို့ ပြောလိုရင်း။
    2) တကယ်တမ်း ခေတ်နဲ့ချီပြောကြေးဆို ဘယ်သူ့ဘယ်သူမှ မပြောသင့်ဘူး ဆိုရင် လူကြီးက လူငယ်ကို ပြောတာကိုလဲ ကျွန်မကတော့ လူကြီးမို့ ဆိုပြီး ငုံ့ခံနေမှာ မဟုတ်ဘူး။ (အဲဒါဟာ ကျွန်မ တကယ် အပြောခံခဲ့ရတဲ့။ ချက်ချင်း ပြန်ပြောပစ်ခဲ့တဲ့ တကယ့် အဖြစ်ပဲ။ အလုပ်ဝင်စမှာ ကျွန်မ အလုပ်ရှင်ကို ပြောခဲ့တာ။ အဲဒီအလုပ်မှာ အကြာကြီးမြဲခဲ့တယ်။ မြန်မာပြည်မှာ နောက်ဆုံးလုပ်လာတဲ့ အလုပ်။ အကြာဆုံး လုပ်ခဲ့တဲ့ အလုပ်) ခေတ်ဆိုတာ လက်ဆင့်ကမ်းရတယ် လို့ အထူးပြုပြောချင်လို့ ပြောတာပါပဲ။ အဲဒီ အဖြစ်အပျက် ကြုံလို့ ထည့်ရေးလိုက်တာ။ အလုပ်ထဲက အတွေ့အကြုံကို ကိုယ့်ဘာသာ မော်ကြွားလိုက်တဲ့ သဘောဖြစ်နိုင်ပါတယ်။ လူငယ်ကတောင် မပြောသင့်ဘူးဆိုရင် လူကြီးကလဲ ဘာလို့ ပြောရမှာလဲ ဟုတ်တယ် မို့လား အစ်ကို။
    G1~4 ကိစ္စကတော့ ကျွန်မ အတည်ရေးတာ မဟုတ်ပါ။ ဒီတခုတည်းနဲ့ အကဲဖြတ်ပြောလို့ မရမှန်းလည်း သေချာပေါက်ကို နားလည်ပါတယ်။ ပေါ့ပေါ့ပါးပါး ပြောမိပါတယ် ဆိုတာ အဲဒီမှာလည်း ရေးပြီး ဖြစ်ပါတယ်။ ဘာကို အပြစ်တင်ရမလဲ။ တင်ပါဘူး။ ခေတ်ကိုက ကိုယ်လုပ်မှ ကိုယ်ရတဲ့ ခေတ်။ အဲဒီတုန်းက Generation ကိစ္စတွေ၊ အပြစ်တင်စရာတွေ စိတ်ကို မဝင်စားဘူး။ သူတို့ဘာသာ သူတို့ တော်တော် မတော်တော်။ အင်ဂျင်နီယာတွေ မြက်လို ပေါတယ် လို့တောင် အပြောခံရတဲ့ ခေတ်မှာ တကယ် မြက်ဖြစ်ပြီး နွားစားခွက်ထဲ မရောက်အောင် လုပ်နေရတာနဲ့ပဲ ဘယ်သူ့ကြောင့်လို့ လက်ညှိုးထိုးဖို့ စိတ်ကို မဝင်စားဘူး။ သို့သော်လည်း ပြောရေးရှိက ပြောအပ်လှ၏ ပဲ။ ကျွန်မ တင်ခဲ့တဲ့ post ကလည်း ကျွန်မ အမြင်နဲ့ အနေအထားတစ်ခုပဲ။ ဘယ်သူမှန်း မသိတာတွေကို ဝေဖန်ဖို့၊ အပြစ်တင်ဖို့ မရည်ရွယ်ပါ။ မရည်ရွယ်တာ စိတ်မဝင်စားလို့ပါ။ စိတ်မဝင်စားတာ စိတ်ကုန်လို့ပါ။ စိတ်ကုန်တာကတော့ အစကနေ ပြန်ပတ်လိုက်ပါ။
    သွားနေလဲ အပိုပဲ။ သွားမနေကြနဲ့လို့ လုံးဝ (လုံးဝ) ပြောလိုရင်း မရှိပါ။
    ဒီလောက်ဆို ရှင်းလောက်ပြီ ထင်ပါတယ်။
    ReplyDelete
  164. ဂျူး ရဲ့ နောက်ဆုံးစာပုဒ်လေး ဆိုတာကလည်း ကျွန်မ ဆိုလိုချင်တာနဲ့ ဘာများ ကွဲလွဲပါသလဲ အစ်ကို။
    ကျွန်မရေးတာဟာ လုပ်မနေကြပါနဲ့လို့များ အဓိပ္ပါယ် သက်ရောက်သလား။
    နည်းလမ်း၊ အဖြေ ကျွန်မ ရှာဖို့ ရေးပါတယ်လို့လည်း မပြောပါဘူး။ အနည်းဆုံးတော့ ဒါမျိုးတွေ ရှိတာကို ရှိတယ်လို့တော့ သိသွားရော မဟုတ်လား။ သိပြီးသားဆိုရင်တော့လည်း ပိုသွားမှာပေါ့။ ပိုလည်း ဘာမှတော့ မဖြစ်ပါဘူး။ ကျွန်မဘလော့ပေါ်မှာပဲ။
    ဆိုတော့ ဂျူးပြောတာနဲ့ ဘာကို ကွဲလွဲတယ်လို့များ ပြောချင်တာပါလဲ။ အစ်ကို က ဘာကို ရစေချင်သလဲတော့ မသိ။
    ကိုယ်ကတော့ သူနောက်ဆုံးပြောသွားသလို သူ ယုံကြည်နိုင်သေးရဲ့လား ဆိုတာပဲ သိချင်မိတော့တယ်။ သူယုံကြည်နိုင်တယ် ဆိုတဲ့ လူတွေကို ကျွန်မ လေ့လာချင်လို့ပါ။ ဘာဖြစ်လို့ဆိုတော့ ကျွန်မ သူ့ကို ယုံလို့ပါ။ သူ့ဦးနှောက်ကို ယုံလို့ပါ။ သူ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ယုံလို့ပါ။ သူယုံတယ် ဆိုတာ တချက်တည်းနဲ့တင် အဲဒီလူကို စိတ်ဝင်တစားလေ့လာဖို့ အချိန်ပေးချင်လို့ပါ။
    နောက်ဆုံးကတော့ မသေခင်လေးမှာ ယုံကြည်စိတ်နဲ့ သေပျော်ချင်လို့ပါ။
    ခုလည်း သေပျော်ပါတယ်လေ။
    ကိုယ် ကယ်/တတ်/လုပ် (အဆင်ပြေရာ ယူဖတ်ကြပါ) နိုင်သလောက်တော့ လုပ်ဖြစ်နေမှာ မို့လို့ပါ။
    နိုင်ငံခြားကနေ အော်တာကိုလဲ တံခါးဝရပ်ပြီး ဝင်မယ်နော် ပြောနေသလိုပဲ လို့ ခံစားမိကြောင်းပါ။
    (ကိုယ့်ကိုယ်ကိုယ်သာ ဖြစ်ပါသည်။ ခု ကိုယ်လုပ်နေသမျှကို ပြောခြင်း ဖြစ်ပါသည်။)
    ReplyDelete
  165. မောင်မောင်December 15, 2009 at 8:19 PM
    “ကိုယ်ကတော့ သူနောက်ဆုံးပြောသွားသလို သူ ယုံကြည်နိုင်သေးရဲ့လား ဆိုတာပဲ သိချင်မိတော့တယ်။ သူယုံကြည်နိုင်တယ် ဆိုတဲ့ လူတွေကို ကျွန်မ လေ့လာချင်လို့ပါ။ ဘာဖြစ်လို့ဆိုတော့ ကျွန်မ သူ့ကို ယုံလို့ပါ။ သူ့ဦးနှောက်ကို ယုံလို့ပါ။ သူ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ယုံလို့ပါ။ သူယုံတယ် ဆိုတာ တချက်တည်းနဲ့တင် အဲဒီလူကို စိတ်ဝင်တစားလေ့လာဖို့ အချိန်ပေးချင်လို့ပါ။“
    ဒီစကားတော့ ကြိုက်တယ်။ ဟုတ်တယ် ဂျူး ယုံတယ်ဆိုတဲ့လူကိုလည်း ကိုယ်လေ့လာချင်တယ်။
    ReplyDelete
  166. ၁။ "သွားမနေကြပါနဲ့ ဆို(တာ)မျိုး အတွက် မဟုတ်ပါ။" - ဆိုတာက မရီတာ ကို ပြောလိုရင်း မဟုတ်ပါ။ သတင်းစာ ဆရာဆိုတာ အဖြေပေးသူ မဟုတ်တောင်၊ ပြဿနာ ကို ထောက်ပြရင်း၊ သတင်းမှန် သမိုင်းမှန်ကို အသိပေးပြီး၊ အဖြေ (နည်းလမ်း) ရှာဖို့ အထောက်အကူ ပေးသူ ဖြစ်သင့်တယ် လို့ ပြောချင်တာပါ။ (ကျွန်တော် ရေးတာ စာမချောတော့ ဆိုလိုရင်းနဲ့ လွဲသွားပါတယ်။)
    ၂။ "ကိုယ်မလုပ်နိုင်ပေမဲ့ တကယ်ပဲ ယုံလိုက်ချင် ပါတယ်။ ဘယ်သူ့ယုံရမှန်းကို မသိဘူး။" ..ဆိုတဲ့ မရီတာ အမေးကိုတော့ တွေ့မယ် မထင်ပါဘူး လို့ပဲ ပြောချင်ပါတယ်။
    ဘာလို့လဲ ဆိုတော့ မရီတာက -
    "'ဟင်' စရာနဲ့ တွေ့လိုက်တော့လည်း 'ဟင်' လိုက်တာပေါ့။ မ'ဟင်'လောက်စရာတွေ လိုက်ရှာပြီး လေ့လာနေဖို့လည်း မအားခဲ့ပါဘူး။ " လို့ ဆိုတာကိုး။
    ကျွန်တော့် အနေနဲ့ကတော့ ယုံကြည်ချင်စရာ လူတွေ အများကြီး တွေ့ဖူးပါတယ်။ (သူ့ ကိုယ်ကျိုးအတွက် လုပ်တာမဟုတ်ဘူး၊ အားလုံးအတွက် အနစ်နာခံနေတယ် လို့ ယုံကြည်လောက်တဲ့သူတွေပါ။)
    ReplyDelete
  167. ဟုတ်ပ အားလို့ကြည့်တော့လည်း ဒီလိုပဲဖြစ်နေတော့တာ... ဆုတောင်းမကောင်းဘူးဆိုတာ ဒါမျိုးနဲ့ တူပါရဲ့။
    ReplyDelete
  168. မြန်မာနိုင်ငံသားတယောက် အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်ဖို့အတွက် တခြားသူတွေကို ယုံကြည်ဖို့ဟာ အဓိကကျသလားဆိုတာ သိချင်တယ်။ လက်ရှိမှာ ကိုယ်က အဖိနှိပ်ခံနေရတာ မဟုတ်လား။ ကိုယ်တိုင် အဲဒီလို အဖိနှိပ်ခံဘ၀က လွတ်အောင် မကြိုးစားသင့်ဘူးလား။ ယုံရမယ့်လူ ရှိရှိ မရှိရှိ ကိုယ်လွတ်ဖို့ ကိုယ်တိုင် မကြိုးစားသင့်ဘူးလား။ ယုံနိုင်ရလောက်တဲ့လူတွေ မတွေ့တာနဲ့ပဲ ဖိနှိပ်နေတာကို ဘာမှ မတုန့်ပြန်ပဲ ငြိမ်ခံနေသင့်သလား။
    နောက်ပြီး ဘာက အဖြေ ဖြစ်တယ်၊ အဲဒါကို ရအောင် ဘယ်လို လုပ်သင့်တယ် ဆိုတာတွေကို သူများတွေကိုပဲ လိုက်မေးရုံနဲ့ ပြီးသွားသင့်သလား။ လက်ရှိ ကိုယ့်ခေါင်းထဲမှာ မရှိသေးရင်ပဲ ဖြစ်ဖြစ်၊ သူများဆီက မရနိုင်သေးရင်ပဲ ဖြစ်ဖြစ် အဖြေလိုချင်နေတဲ့အခါ ကိုယ်တိုင်လည်း မစဉ်းစားသင့်ဘူးလား။ အဖြေမရရင် ၀င်မလုပ်ဘူးဆိုတာ ဖြစ်သင့်သလား။ အဖြေကြိုသိမှ စာမေးပွဲ ၀င်ဖြေချင်တာလား။
    အပြစ်တင်နေတာတော့ မဟုတ်ဘူး။ 'ဟင်' လို့ ခံစားရစေတဲ့ အချက်တွေကို ထောက်ပြပြီး မေးကြည့်တာ။
    ReplyDelete
  169. မောင်မောင်December 15, 2009 at 10:33 PM
    “ကျမလဲ ဒီသတင်းစာဆရာကြီးလိုပဲ ဖြေရပါ လိမ့်မယ်။ ကျမဟာ စာရေးဆရာသာ ဖြစ်ပါတယ်၊ စာရေးဆရာ ဖြစ်တဲ့အတွက် ပြဿနာတွေ ရှာတယ်လို့ အဓိပ္ပါယ် သက်ရောက်ရင် သက်ရောက်သွားပါလိမ့်မယ်။ ကျမဟာ ပြဿနာတွေရဲ့ အဖြေကို မသိလို့သာ စာရေးဆရာ ဖြစ်နေတာပါ။ ပြဿနာတွေရဲ့ အဖြေကို သိရင် နိုင်ငံရေးသမား လုပ်မှာပေါ့။ “
    ဂျူးပြောသလို ပြန်ပြောရရင်...ပြောပါတယ်..။
    ဟုတ်ကဲ့ ..ပြဿနာရဲ့ အဖြေကို သိမှတော့ နိုင်ငံရေးသမားလုပ်မှာပေါ့တဲ့... ဟဲဟဲ...။
    ReplyDelete
  170. I totally agree with you except some parts.I dont want to critic your post,but to some comments. I am only uncomfortable with the people who are blaming others when the ideas are different.Because of those men, I want to a way from politics. Now I am in the age of 40s.Although I actively participated in 88, I ve kept away myself from politic since 1995.Why? I really feel like that most of the people in political movements(Government and anti-government are selfish)They are destroying our lives.
    Because of different with age, we can not same ideas.But I agree with your opinions. Human are only interested on their affair.Not only Myanmar,But also in around the world, the peoples who interested in politics are dramatically declining.And also, IR(My degree) are unpopular and students enrolled are declining.So,I dont want to blame the younger generation who do no interested in Politics.Also don't uncomfortable for do not trusted on politicians.According to Washington Posts polls,American feels the most un-ethiclal people in states was politicians.
    But, I am a little surprise for your posts. I am living in abroad for years, I do not courage like you to express my feeling openly.
    Why do you want to create the enemies??? However,you should understand most of our Myanmar aggressively response to other when they feels it is different with them.
    ReplyDelete
  171. @မောင်မောင်
    ဂျူးဆိုတာ ကိုယ်မသိတာကို သူများကိုပဲ မေးတတ်တဲ့ စာရေးဆရာမျိုးလား။ ကိုယ်တိုင် စဉ်းစားပြီး အဖြေရှာဖို့ကော မကြိုးစားတတ်တဲ့သူလား။ ဟုတ်တယ်ဆိုရင်တော့ သူ့အဖြေကို စောဒကတက်စရာ မရှိဘူး။ ဟုတ်တယ်ဆိုရင် သူ့စာတွေ မဖတ်ဘူးတာ ၀မ်းသာရမှာပဲ။
    ReplyDelete
  172. အစ်မ Khin Ma Ma Myo
    ရုံးမှာတော့ အလုပ်တဖက်နဲ့မို့ သေချာတော့ ဖတ်ခဲ့တယ်။ ဦးနှောက်က သိပ် မစဉ်းစားနိုင်ခဲ့ဘူး။
    နောက်ပြီး အပေါ်ပိုင်းဟာတွေကိုပဲ အာရုံပိုရောက်ခဲ့တယ်။ ဒါတွေပဲ ထပ်ခါတလဲလဲ လာကြလို့...
    အိမ်ရောက်တော့လဲ ထပ်မဖတ်ဖြစ်ဘူး။ ဒါပေမဲ့ ခေါင်းထဲမှာ ရှိနေတာမို့ စိတ်နဲနဲအားတာနဲ့ ဖျတ်ခနဲဝင်လာပါတယ်။
    အစ်မပြောတဲ့ထဲမှာ ပါတဲ့ အကြောင်းတစ်ခု !
    ကျွန်မခေါင်းထဲမှာ မီးသီးတချက်လင်းသွားတယ်။
    ကျေးဇူးပဲ အစ်မ။
    ဘယ်သူမှ မပြောခဲ့ကြဘူး။ အနဲဆုံးတော့ ပြောခဲ့တယ်လို့ ကျွန်မက မထင်ဘူး။
    တခုပြေတာပဲ။
    သိပ်ကျေးဇူးတင်တယ်။ ကျွန်မ ပြောင်းပြန်လှန်ကြည့်လိုက်ဖို့ လုံးဝ မစဉ်းစားမိခဲ့တဲ့ အရာ။
    ဒါတွေကို ဒီနေရာမှာ မပြောချင်ပေမယ့် အပေါ်ယံလေးကိုတော့ ရေးလိုက်ချင်တာနဲ့။
    အစ်မပြောတဲ့ အပေါ်ပိုင်း ကိစ္စတွေကတော့ ကျွန်မ post နဲ့ ဘာမှ မဆိုင်တာရယ် Dr. Steve ရဲ့ comment နဲ့ ဆင်တူနေတာရယ်ကြောင့် အဲဒါကိုပဲ ပြန်ညွှန်း လိုက်ပါရစေတော့။
    အစ်မကို သိပ်ကျေးဇူးတင်တယ်။
    ReplyDelete
  173. မောင်မောင်December 15, 2009 at 11:11 PM
    ဂျူးဆိုတာ ကိုယ်မသိတာကို သူများကိုပဲ မေးတတ်တဲ့ စာရေးဆရာမျိုးလား။
    ကိုမျိုးမြင့်မောင်..
    ခင်ဗျားထက်တတ်သိနားလည်သူတွေကို သွားမေးပါ။ ခင်ဗျားအထင်ကြီးသူတွေကတော့ ဂျူးအကြောင်း ပြောနိုင်လိမ့်မယ် ထင်တယ်။
    ReplyDelete
  174. သူ့ဖြေသလို ဖြေထားလို့ ကြုံတုန်းမေးကြည့်တာ။ စိတ်ဝင်းစားတဲ့သူတွေ အထဲမှာတော့ ဂျူးမပါဘူး။
    ReplyDelete
  175. မောင်မောင်December 15, 2009 at 11:21 PM
    ဂျူး ဘယ်သူဆိုတာမသိလို့ ဘာမှမဖြစ်ပါဘူး။
    ဂျူး ပြောတဲ့စကားလုံးထဲကအတိုင်းဖြေပေးတာပါ။ အခုဟာ ဂျူးပြဿနာ မဟုတ်ဘူးနော်။
    ပြဿနာ က ဘာဆိုတာ ကိုမျိုးမြင့်မောင်သိပါတယ်။
    ReplyDelete
  176. ဂျူးရဲ့ စကားကို သုံးသုံး၊ ဘယ်သူ့ စကားကိုပဲ သုံးသုံး အရေးကြီးတာက မေးတာကို တိုက်ရိုက်ဖြေဖို့ပဲ။ အခု ပေးထားတဲ့ အဖြေက မေးထားတာတွေကို တိုက်ရိုက်ဖြေထားတယ်လို့ မမြင်ဘူး။ ဥပမာ ပေးရရင် မေးတာက "နေကောင်းလား။" ဆိုရင် ဖြေထားတာက "ကိုယ့်ဝမ်းနာ ကိုယ်သာသိ။" ဆိုသလိုပဲ။ မူရင်းမေးခွန်း တိုက်ရိုက်မဖြေပဲ မဆိုင်တဲ့ အဖြေပေးတယ်လို့ မြင်တယ်။ တကယ်လို့ တိုက်ရိုက်ဖြေထားတာပါ ဆိုရင် မေးထားတဲ့ နှစ်ချက်လုံးကို ပေးထားတဲ့ ဂျူးရဲ့ အဖြေက ဘယ်လိုဘယ်ပုံ ဖြေရှင်းသလဲဆိုတာ ရှင်းပြစေချင်တယ်။ ရှင်းပြဖို့ အတွက် အမေးနှစ်ခုနဲ့ အဖြေကို အောက်မှာ တွဲရေးပေးလိုက်တယ်။
    မေး။ ။ မြန်မာနိုင်ငံသားတယောက် အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်ဖို့အတွက် တခြားသူတွေကို ယုံကြည်ဖို့ဟာ အဓိကကျသလားဆိုတာ သိချင်တယ်။ လက်ရှိမှာ ကိုယ်က အဖိနှိပ်ခံနေရတာ မဟုတ်လား။ ကိုယ်တိုင် အဲဒီလို အဖိနှိပ်ခံဘ၀က လွတ်အောင် မကြိုးစားသင့်ဘူးလား။ ယုံရမယ့်လူ ရှိရှိ မရှိရှိ ကိုယ်လွတ်ဖို့ ကိုယ်တိုင် မကြိုးစားသင့်ဘူးလား။ ယုံနိုင်ရလောက်တဲ့လူတွေ မတွေ့တာနဲ့ပဲ ဖိနှိပ်နေတာကို ဘာမှ မတုန့်ပြန်ပဲ ငြိမ်ခံနေသင့်သလား။
    နောက်ပြီး ဘာက အဖြေ ဖြစ်တယ်၊ အဲဒါကို ရအောင် ဘယ်လို လုပ်သင့်တယ် ဆိုတာတွေကို သူများတွေကိုပဲ လိုက်မေးရုံနဲ့ ပြီးသွားသင့်သလား။ လက်ရှိ ကိုယ့်ခေါင်းထဲမှာ မရှိသေးရင်ပဲ ဖြစ်ဖြစ်၊ သူများဆီက မရနိုင်သေးရင်ပဲ ဖြစ်ဖြစ် အဖြေလိုချင်နေတဲ့အခါ ကိုယ်တိုင်လည်း မစဉ်းစားသင့်ဘူးလား။ အဖြေမရရင် ၀င်မလုပ်ဘူးဆိုတာ ဖြစ်သင့်သလား။ အဖြေကြိုသိမှ စာမေးပွဲ ၀င်ဖြေချင်တာလား။
    ဖြေ။ ။ “ကျမလဲ ဒီသတင်းစာဆရာကြီးလိုပဲ ဖြေရပါ လိမ့်မယ်။ ကျမဟာ စာရေးဆရာသာ ဖြစ်ပါတယ်၊ စာရေးဆရာ ဖြစ်တဲ့အတွက် ပြဿနာတွေ ရှာတယ်လို့ အဓိပ္ပါယ် သက်ရောက်ရင် သက်ရောက်သွားပါလိမ့်မယ်။ ကျမဟာ ပြဿနာတွေရဲ့ အဖြေကို မသိလို့သာ စာရေးဆရာ ဖြစ်နေတာပါ။ ပြဿနာတွေရဲ့ အဖြေကို သိရင် နိုင်ငံရေးသမား လုပ်မှာပေါ့။ “
    ဂျူးပြောသလို ပြန်ပြောရရင်...ပြောပါတယ်..။
    ဟုတ်ကဲ့ ..ပြဿနာရဲ့ အဖြေကို သိမှတော့ နိုင်ငံရေးသမားလုပ်မှာပေါ့တဲ့... ဟဲဟဲ...။
    ReplyDelete
  177. နောက်ပြီး ဒီတခါ ဖြေတဲ့အခါမှာ မေးထားတာတွေအားလုံး အကျူံးဝင်အောင် ဖြေပေးပါ။ မေးခွန်းစာပိုဒ်ထဲက လိုရာတကြောင်းလောက်ကိုပဲ ကွက်ဖြေတာမျိုး တတ်နိုင်ရင် မလုပ်ပါနဲ့။ မတတ်နိုင်ရင်တော့ မဖြေပဲသာ နေလိုက်ပါ။ မဟုတ်ရင် ကိုယ်လိုရာသာ ပြောနေသလိုဖြစ်ပြီး ဆွေးနွေးမှုက အရာမထင်ပဲ ဖြစ်သွားလိမ့်မယ်။
    ReplyDelete
  178. မောင်မောင်December 16, 2009 at 6:27 AM
    “မေး။ ။ မြန်မာနိုင်ငံသားတယောက် အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ တိုက်ရိုက်ပါဝင်ဖို့အတွက် တခြားသူတွေကို ယုံကြည်ဖို့ဟာ အဓိကကျသလားဆိုတာ သိချင်တယ်။ လက်ရှိမှာ ကိုယ်က အဖိနှိပ်ခံနေရတာ မဟုတ်လား။ ကိုယ်တိုင် အဲဒီလို အဖိနှိပ်ခံဘ၀က လွတ်အောင် မကြိုးစားသင့်ဘူးလား။ ယုံရမယ့်လူ ရှိရှိ မရှိရှိ ကိုယ်လွတ်ဖို့ ကိုယ်တိုင် မကြိုးစားသင့်ဘူးလား။ ယုံနိုင်ရလောက်တဲ့လူတွေ မတွေ့တာနဲ့ပဲ ဖိနှိပ်နေတာကို ဘာမှ မတုန့်ပြန်ပဲ ငြိမ်ခံနေသင့်သလား။“
    အိုကေ..ကိုယ်ဖြေမယ်။ မဖြေခင် အထက်က လူတယောက်ရဲ့စကားကို ကိုယ်ယူပီးတင်ပြမယ်။
    Anonymous Tavoygyi said...
    I totally agree with you except some parts.I dont want to critic your post,but to some comments. I am only uncomfortable with the people who are blaming others when the ideas are different.Because of those men, I want to a way from politics. Now I am in the age of 40s.Although I actively participated in 88, I ve kept away myself from politic since 1995.Why? I really feel like that most of the people in political movements(Government and anti-government are selfish)They are destroying our lives.
    အရင်ဖတ်လိုက်ပါ။ ဖတ်ပီးပီလား။ ကိုယ်ဆက်ပြောမယ်။ ၈၈ မှာ ကိုယ်ငယ်သေးတယ်။ဒါပေမဲ့ ကိုယ်လဲ အများအော်တဲ့အထဲမှာပါခဲ့တယ်။ အများယုံသလို ကိုယ်ယုံခဲ့တယ်။ သေချာတာကတော့ ဘာပြောင်းလဲရင် ဘာဖြစ်မယ်ဆိုတာ ကိုယ်ဘာမှမသိဘူး။ ကိုယ်လက်ခံတယ်။ မြန်မာနိုင်ငံသားတွေဟာ အဖိနှိပ်ခံအောက်ကနေရုန်းထွက်ရမယ်ဆိုတဲ့စကားလုံးကို ကိုယ်သဘောပေါက်တယ်။
    ၈၈ အပီးမှာ တက္ကသိုလ်က ကိုယ့်အကို အချို့ တောခိုသွားတယ်။ အင်း... အဲဒီရဲ့ရလဒ်ဟာ ဘာလဲ။ ကိုယ့်အကို တောထဲမှာ စစ်ကြောင့် သေရတာမဟုတ်ခဲ့ပဲ အချင်းချင်း စားခွက်လုလို့သေခဲ့ရတယ်။ ကိုယ့်အကိုငယ်တယောက်ပဲ လွတ်ခဲ့တယ်။ ဘာဖြစ်လို့လဲ။ ကိုယ်တို့တွေရုန်းထွက်ရတာ အဖိနှိပ်ခံဘ၀က ရုန်းရမှာ ကိုယ့်အချင်းချင်း အာဏာလုဖို့မဟုတ်ခဲ့ဘူး။ အဲဒီအခါမှာ ကိုယ်တို့တွေရဲ့ ယုံကြည်မှုပျက်ခဲ့တယ်။ ဒါပေမဲ့ ကိုယ်တို့မှာ မျှော်လင့်ချက်တွေနဲ့ပါပဲ။ ခင်ဗျားသိတဲ့အတိုင်း စစ်အစိုးရရဲ့ ဖိနှိပ်မှုကလဲ ပြင်းတယ်လေ။ အဲဒီအချိန်တုန်းက ကိုယ်တို့က မြန်မာပြည်ထဲမှာနေတော့ တိုင်းရေးပြည်ရေးထက် ကိုယ့်မိသားစု စားဝတ်နေရေးက ပိုအရေးကြီးတယ်။ မြန်မာပြည်ထဲမှာဆိုတော့ ကိုယ်တို့ဝင်ပါတာနဲ့ ထောင်နုတ်ခမ်းနင်းရမှာ အသေအချာပဲ။ ခင်ဗျားတောင် အခုလို လေလုံးထွားနေတာ ပြည်ပရောက်နေလို့ပါ။
    ဒီလိုနဲ့ ကိုယ် စီးပွါးရေးကြောင့် ဒီနိုင်ငံကို အလုပ်လာလုပ်ခဲ့တယ်။ ဒီရောက်တော့ ၂၀၀၇ ကို ကိုယ်မျှော်လင့်ခဲ့တယ်။ သွေးတွေသိပ်ကြွခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ပြန်ဖို့အဆင်သင့် ကိုယ်ပါဖို့အဆင်သင့်ပဲ။ ကိုယ့်နိုင်ငံအတွက် ကိုယ်အဆင်သင့် ဖြစ်နေတဲ့အချိန်မှာ ဗျာ... ခင်ဗျားတို့ တွေလုပ်နေတဲ့ နိုင်ငံရေးဆိုတာ လေသေနတ်တွေပဲဆိုတာ သိလိုက်ရတာဗျ။
    ReplyDelete
  179. မောင်မောင်December 16, 2009 at 6:49 AM
    ရှင်းရှင်းပြောရရင် ကိုယ်ဟာ နိုင်ငံရေးမှာ ဦးဆောင်နိုင်လောက်တဲ့ အရည်အချင်းမရှိဘူး။ ကိုယ်ဟာ ဦးဆောင်သူအောက်ကနေ တက်ကြွစွာ လိုက်လုပ်ချင်ခဲ့တာ။ အဲဒီအချိန်မှာ ကိုယ့်ရဲ့မျှော်လင့်ချက်တွေအားလုံး ပျောက်ဆုံးခဲ့ရတယ်။ နောက်ဆုံး ကိုယ်လဲ ပညာတတ်ပီပီ စဉ်းစားမိတာပဲ။ဘာမှ သေချာ အစီအစဉ်မရှိဘာမရှိ ပြည်ပကနေမြှောက်ပေးတဲ့ အလုပ်လောက်ပဲ လုပ်နိုင်တာပါလားဆိုပီး ကိုယ်သုံးသပ်လိုက်တယ်။
    ဘာလို့လဲဆိုတော့ ဟိုဖက်မှာခံနေရတဲ့အချိန်မှာ ဒီဖက်ကလူတွေက ဘာမှမတုန့်ပြန်နိုင်ပဲ ဒီအတိုင်းငြိမ်ခံလိုက်ရတဲ့အခြေအနေကို ကိုယ်မလိုလားခဲ့ဘူး။ အနည်းဆုံးတော့ ဟိုဖက်ကိုလည်း အထိနာစေချင်တယ်။ အခုတော့ ဒီဖက်က လေသေနတ်နဲ့ ပစ်နေတော့ ဟိုဖက်ကလဲ ပန်းနဲ့ပစ်နေတယ်ပဲထင်နေကြတာဗျ။ အဆိုးဆုံးက ကိုယ်တို့က အပြင်ကအော်ကြ မြှောက်ပေးကြ ။ အထဲက ပြည်သူတွေပဲ အထိနာကြတာ။ နောက်ဆုံးရလဒ်က ထောင်။ မဟုတ်ရင် သေဒဏ်။
    ကိုမင်းကိုနိုင်တို့ကိုတော့ လေးစားပါတယ်။ ဒါပေမဲ့ သူတို့ တွေ နည်းလေးများ ပြေင်းကြဖို့ စိတ်မကူးသေးတာတော့ ကိုယ်မအံ့သြပဲ မနေနိုင်ခဲ့ဘူး။ သမားရိုးကျနည်းနဲ့ အချိန်တန်အော် အချိန်တန်ထောင်ထဲဝင်နေတာ ကိုယ့်အတွက် အဖြေမရှိဘူး။ ဘယ်လိုနားလည်ရမှန်းလဲမသိဘူး။ ကိုယ်သိလိုက်တာကတော့ ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ သူတို့သိနေရဲ့သားနဲ့။ နောက်ကွယ်က တခုမျှဘာမှ မစီစဉ်ထားတာတော့ အံ့သြမိပါရဲ့။ ဒီလိုနဲ့ မြန်မာနိုင်ငံရေးမှာ အပြင်ကလူတွေက ဆူပူအောင်လှုံဆော် အတွင်းကလူက လိုက်အော် အချိန်တန်တော့ထောင်ကျ ။ ဒါနဲ့ပဲ သံသရာလည်နေတာ။ ဒါက ကျနော့်အမြင်ပါ။ ဒီထက်ပိုကောင်းတဲ့ အစီအစဉ်တွေ ခင်ဗျားတို့ဖက်မှာ ရိှကောင်းရှိမှာပါ။ မရှိချင်လဲမရှိနိုင်ဘူး။ကျနော်ကတော့ ရှိပါစေ လို့ ဆုတောင်းပါတယ်။ ဒီလိုနဲ့ ကျနော်လဲ အထဲကလူတွေကိုပဲ ပိုသနား အပြင်ကအော်နေတဲ့သူတွေကို ဟင်နဲ့ သံသရာလည်နေတာဗျ။
    နောက်တခါ ကိုယ်တို့ဆီမှာ နာဂစ်ဝင်ဆော်တော့လဲ ကိုယ်ကြည့်နေတယ်။ စစ်ခွေးတွေကလဲ စစ်ခွေးအလျောက် ပြည်သူတွေကို လျစ်လျူရှူနေကြသလို ဒီဖက်ကမိတ်ဆွေများကလဲ လေပဲစိုက်ထုတ်နေကြတာကိုးဗျ။ ဟိုမှာ သေကောင်ပေါင်းလဲ ဘယ်ကလာလာ လာတဲ့အကူအညီလက်ခံရမဲ့အခြေအနေပါဗျာ။ ဒါပေမဲ့ တဦးကိုတဦး လက်ညှိုးထိုးကောင်းတုန်း။ ကိုယ်လေ.ကိုယ်ယုံကြည်ခဲ့ဖူးတဲ့ ဒီဖက်က လူတွေဘာများလုပ်မလဲ ကိုယ်စောင့်ကြည့်နေခဲ့သေးတယ်။ နောက်ဆုံးဘာမှ မထူးလာဘူး။ အကူအညီ ပြည်ကနေ၀င်ဖို့ပဲ အော်နေကြတယ်။ ဟိုဖက်ကလဲတင်းခံနေတယ်။ ကြားထဲက ကိုယ့်ရဲ့ မြန်မာနီုင်ငံသားတွေ မုန်တိုင်းကြောင့်မသေပဲကျန်နေသူတွေ အစာရေစာငတ်သေကြတယ်။ဆေးဝါးချို့တဲ့လို့သေကြတယ်။ ကိုယ် မနေနိုင်တော့ဘူး။ အော်နေလို့ ဘာတွေဖြစ်လဲ။ ကိုယ်ကတော့ လက်တွေ့ပဲလုပ်ချင်တယ်ဲ။ ကိုယ် သူတို့တွေကို ဘယ်လိုကူညီနိုင်မလဲ နည်းလမ်းရှာတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့အချိန်မရှိဘူးလို့ ကိုယ်ထင်တယ်။ လူတွေကို တတ်နိုင်သလောက် ကယ်ရမယ်။ ဒါက ကိုယ့်အမြင်ပေါ့။ အဲဒီအချိန်မှာ ကိုယ်လုပ်တဲ့ လုပ်ရပ် မှားတယ်လို့ စွပ်စွဲခဲ့ရင် ကိုယ်ကလဲ တန်ပြန်စွပ်စွဲမယ်။ နိုင်ငံရေးလို့ ကြွေးကြော်နေတဲ့သူတွေဟာ နှလုံးသားမဲ့နေသူတွေပဲ။ အကြင်နာတရားမရှိသူတွေပဲ။ ကိုယ့်မျက်စိရှေ့မှာ ဖြစ်နေတာ ကိုတောင်လျစ်လျူရှူနိုင်တဲ့နောက် အဲဒီနိုင်ငံရေးဆိုတာကို ကိုယ်မယုံကြည်တော့ဘူး။
    ReplyDelete
  180. မောင်မောင်December 16, 2009 at 7:07 AM
    ဒီတော့ ဘယ်သူကိုမှ အပြစ်မတင်မိဘူး။ ကိုယ်တိုင်နာဂစ်အတွက် လှုပ်ရှားတဲ့ လူမှုရေးတွေ လုပ်တယ်။
    နောက်ပိုင်းလဲ ကိုယ်နိုင်သလောက်နိုင်တဲ့ လူမှုရေးအပိုင်းတွေကိုလုပ်တယ်။ ဒါကိုတချို့ကပြောကြတယ်။ ကိုယ့်သဒ္ဒါတရား နဲ့ ကိုယ်လုပ်တာတောင် ရွာပြင်ကနတ်ကိုပသလိုပဲ အကျိုးမရှိဘူးပေါ့။ NGO တွေလုပ်နေတာ ကိုယ့်နိုင်ငံမလွတ်လပ်သေးပဲ မလုပ်သင့်ဘူးဆိုတဲ့ စကားအချို့ကိုထောက်ပြကြတယ်။ ကိုယ်မေးပါရစေ။ မျက်စိရှေ့မှာ ဒုက္ခရောက်နေသူတွေကိုတွေ့တိုင်း ဒါ နိုင်ငံအုပ်ချုပ်သူမကောင်းလို့ပဲ ဆိုတဲ့ စကားလုံးနဲ့ မျက်နှာလွှဲရမှာလား။ ဒါကြောင့် ငါတို့တွေ ဒီလိုမဖြစ်အောင် နိုင်ငံရေးလုပ်ကြရမယ်ဆိုတဲ့ အသိပဲမွေးရမယ်။ ဒီလိုမှ မဟုတ်ရင် နိုင်ငံရေး မဟုတ်တော့ဘူးပေါ့။
    ခက်တာက ကိုယ့်မှာ အဲ့လိုစိတ်ဓာတ်မရှိဘူး။ ကိုယ့်ရှေ့မှာ ဒုက္ခရောက်နေတွေကို ကိုယ်တတ်နိုင်သလောက်ကူညီချင်တယ်။ ဒါကတော့ မွေးရာပါစိတ်ပဲ။ အဲဒီလို ကိုယ်ကူညီလိုက်တာ လေသေနတ်တွေထက်စာရင်တော့ ကိုယ်မသေခင်အချိန်လေးအထိ ထိရောက်ခဲ့တယ်လို့ ကိုယ်ယုံကြည်တယ်။
    ကိုယ်ထောင်ထဲလဲမ၀င်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်တို့တွေ ပြည်ပကနေအော်နေကြတာပေါ့ဗျာ။ ခင်ဗျားလဲ မငြင်းပါနဲ့။ ပြည်ပကနေအော်နေတာ။ ဒီနေရာမှာ ပြည်ပကနေ နိုင်ငံရေးဆိုပီး အော်တဲ့သူမှ နိုင်ငံရေးလုပ်နေတာမဟုတ်ဘူးဗျ။ ကျန်တဲ့သူတွေလဲ ကိုယ်တတ်နိုင်သလောက်လုပ်နေကြတာပဲ။ဒါနဲ့ပဲ မျိုးမချစ် တိုင်းပြည်မချစ်မပြောပါနဲ့ဗျ။ အမျိုးချစ်လို့ ဒုက္ခရောက်နေသူတွေအတွက် အားဆေးတခွက်အဖြစ်ပါဝင်ကူညီနေတာပေါ့ဗျ။ အဲဒီလိုကူညီနေသူတွေကိုပါ ခင်ဗျားတို့နိုင်ငံရေးလုပ်နေသူတွေက အပြစ်ပြောချင်နေကြတာကိုလည်း ထပ်ပီးဟင်မိတယ်ဗျ။
    ခင်ဗျားတို့အလိုရဆို နိုင်ငံရေးဆိုတာကိုလဲ လေသေနတ်နဲ့ပစ်မယ်။ ပြည်သူတွေ ဒုက္ခရောက်နေတာကိုလဲ လက်ပိုက်ကြည့်နေရမယ်ဆိုရင်... အင်း..။ နိုင်ငံရေးသမားဆိုတာ အကြင်နာမရှိပါလားလို့ ကောက်ချက်ချရမလိုဖြစ်နေတယ်။
    ဒီတော့ အဖိနှိပ်ခံမို့ကိုယ်တိုင်ပါဝင်ရေးမပါဝင်ရေးမှာ ကိုယ်လုပ်နိုင်တဲ့အပိုင်းကနေ ပါဝင်နေတဲ့အတွက် ခင်ဗျားကျေနပ်လိမ့်မယ်ထင်ပါတယ်။ ဒါကို နိုင်ငံရေး မဟုတ်ဘူးဆိုလာခဲ့ရင်လည်း ကိုယ်ကတော့ ထပ်ဟင်ပါတယ်။
    ဂျူးပြောခဲ့တဲ့ စကားလုံးတွေ ကိုသေချာပြန်ဖတ်ပါ ကိုမျိုးမြင့်မောင်။
    ကျနော်လဲ နိုင်ငံရေးဆိုတဲ့ အဖြေကိုမတွေ့ပေမဲ့ ကိုယ်ယုံကြည်တဲ့ ကိုယ်လုပ်နိုင်တဲ့ လူမှုရေးအလုပ်တွေကိုပဲ လုပ်နေတယ်။ ဒီလိုလူမှုရေးအလုပ်ဟာလဲ နိုင်ငံသားတိုင်းရဲ့ တာဝန်မဟုတ်ဘူးလို့ ခင်ဗျားငြင်းခဲ့မယ်ဆိုရင်တော့ ခင်ဗျားတို့ နိုင်ငံရေးဆိုတာကို ထပ်ကာထပ်ကာ ဟင်မိမည် ဖြစ်ပါကြောင်း ဒီနေရာကနေပြောချင်ပါတယ်။
    ReplyDelete
  181. Bravo Ko Maung Maung for your deeply concern.
    ကိုမင်းကိုနိုင်တို့ကိုတော့ လေးစားပါတယ်။ ဒါပေမဲ့ သူတို့ တွေ နည်းလေးများ ပြေင်းကြဖို့ စိတ်မကူးသေးတာတော့ ကိုယ်မအံ့သြပဲ မနေနိုင်ခဲ့ဘူး။ သမားရိုးကျနည်းနဲ့ အချိန်တန်အော် အချိန်တန်ထောင်ထဲဝင်နေတာ ကိုယ့်အတွက် အဖြေမရှိဘူး။ ဘယ်လိုနားလည်ရမှန်းလဲမသိဘူး။ ကိုယ်သိလိုက်တာကတော့ ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ သူတို့သိနေရဲ့သားနဲ့။ နောက်ကွယ်က တခုမျှဘာမှ မစီစဉ်ထားတာတော့ အံ့သြမိပါရဲ့။ ဒီလိုနဲ့ မြန်မာနိုင်ငံရေးမှာ အပြင်ကလူတွေက ဆူပူအောင်လှုံဆော် အတွင်းကလူက လိုက်အော် အချိန်တန်တော့ထောင်ကျ ။ ဒါနဲ့ပဲ သံသရာလည်နေတာ။ ဒါက ကျနော့်အမြင်ပါ။
    ReplyDelete
  182. ကိုမင်းကိုနိုင်ဟာ အကြမ်းမဖက်ရေး နည်းလမ်းကို ယုံကြည်သူဖြစ်လို့ ဒီနည်းကိုပဲ ကျင့်သုံးဖို့ ရှိပါတယ်။ ဂန္ဓီ၊ မင်ဒဲလား စသူတွေလည်း ဒီနည်းကိုပဲ ထောင် အကြိမ်ကြိမ် အကျခံပြီး လုပ်သွားရတာပဲ မဟုတ်လား။
    ReplyDelete
  183. မောင်မောင်နဲ့ BINO
    မင်းကိုနိုင်တို့ မှားတယ်ဆိုရင် ခင်ဗျားတို့က ဘယ်ဟာ မှန်တယ် လုပ်ပြလေဗျာ။။ တကယ်တော့ မင်းကိုနိုင်တို့လို လူတွေနည်းနေသေးလို့ဗျ။ ဗမာပြည်ထောင်ထဲမှာ ထောင်မဆန့်အောင် လူတွေ ၀င်လောက်တဲ့ထိ ကိုယ်ကျိုးစွန့်စိတ်တွေ ပြန့်နှံ့နိုင်ဖို့ မင်းကိုနိုင်တို့က ရှေ့က လုပ်ပြနေတာ။ ခင်ဗျားတို့က ဒါကို မှားတယ်ပြောတယ် ပြီး နိုင်ငံခြားမှာထွက်နေတယ်။
    လုပ်နေသူတွေမှားတယ် ကိုယ်လဲ ဘာမှမလုပ်ဘူး ။ လူမှုရေး လုပ်တယ်ဆိုတာလဲ ဘယ်လောက်လေးလေးနက်နက်လုပ်သလဲ။ ကိုယ်ကျိုးစွန့်လုပ်သလား။ ငွေလေးထောက်ပံ့ယုံနဲ့က လူမှုရေး တကယ်လုပ်နေတယ် မပြောနဲ့ဦး။ တကယ့်လူမှုရေးလုပ်ငန်းတွေ ထဲထဲဝင်ဝင် လုပ်ကြည့်ပါဦး။ နိုင်ငံရေး စနစ်မပြောင်းလဲ သရွေ့လဲ လူမှုရေး လုပ်ငန်းတွေလုပ်ရင်း ပြည်သူတွေကို စစ်စစ်မှန်မှန်ကယ်နိုင်မယ်မထင်ဘူး။
    နောက်ဆုံး ဘလော့ပိုင်ရှင်နဲ့တကွ ထောက်ခံသူတွေ အမြုတေ ရှိရာ အမြုတေ လာဆိုတဲ့ စကားကြားဖူးကြမလား။ ကိုယ်က ယုံကြည်အောင် လုပ်ဆောင်ပြနိုင်ရင် ကိုယ့်လို ယုံကြည်အောင် လုပ်နေသူတွေနဲ့ ဆုံမှာပဲ။ နိုင်ငံရေး ဘလော့ဆို မဖတ်ဘူး ဟင် ပစ်တယ်၊ နိုင်ငံရေး သမား ဆို ဟင်ပစ်တယ် ဆိုနေမှတော့ မျက်လုံး ဖွင့်မထားပဲ အလင်းမြင်ချင်တယ်ပြောနေတာနဲ့ တူတူပဲ။ ကိုယ်တိုင်လဲ မျက်လုံးဖွင့်ထား စိတ်ကို ဖွင့်ထား ကိုယ်လိုချင်တဲ့ လူလိုမျိုး ကိုယ်တိုင်ကျင့်ကြံကြည့်ပါဦး။
    ခုမှ လာဖတ်မိပြီးပထမဆုံး မန့်တဲ့ အနောနီးမတ်ပဲ။ ဒါ့ကြောင့် မြတ်စွာဘုရားက ဟောထားတာ။ တချို့လူတွေကို ဥပေက္ခာတရားနဲ့ ဆက်ဆံရတယ်တဲ့။ တချို့လူတွေ ၀င်ရေးမလား ဖတ်ကြည့်နေတာ သူတို့ ဥပေက္ခာ တရား သုံးထားသလားပဲ။
    ReplyDelete
  184. ဒါဖြင့် အားလုံးကို စကားလုံးတွေ သတိထားသုံးပြီး မနိမ့်ကျရအောင် ပြောဆိုဆက်ဆံနေတဲ့ reply လုပ်ပေးနေတဲ့ blog မှာ အဲဒီ ဘက်တော်သားတွေက ဆွေးနွေးပြောဆိုတယ် ဆိုတဲ့ အဆင့်အတန်းနဲ့ မကိုက်ညီအောင် ဘာဖြစ်လို့ အောက်တန်းကျတဲ့ စိတ်ဓါတ်တွေနဲ့ အောက်ကလိအာ comment တွေ လာပေးနေပါလိမ့်။
    အပေါ်ကလူတွေ မင်းကိုနိုင် မှားတယ် ပြောနေတာလို့ ကိုယ်ကတော့ မထင်ဘူး။ သူဘာဖြစ်လို့ ဒီလမ်းစဉ်ကို လုပ်နေတာလဲလို့ မေးခွန်းထုတ်နေကြတယ်လို့ပဲ ကိုယ်ထင်တယ်။
    anonymous ပြောသွားတာကို ကိုယ်သဘောပေါက် လက်ခံမိပါတယ်။
    ဒါပေမဲ့ အပေါ်က anonymous (December 16, 2009 3:01 PM) လို စကားလုံးမျိုး မသုံးဘဲ၊ ဘာဖြစ်လို့ ဒီလို စကားလုံးမျိုး သုံးသလဲ။ အမြုတေ ရှိရာ အမြုတေ လာတယ်ဆိုတာ ခု လာပြောနေတဲ့ anonymous ကရော ဘာလဲ။
    ကိုယ်တို့ရှိရာကို ကိုယ်တို့ နဲ့ အတွေးအခေါ် မတူတာတွေ လာတာလဲ တွေ့တယ် မဟုတ်လား။ ဘယ်သူက စည်းစနစ်တကျ အပြောနဲ့ အလုပ်ညီအောင် ပြောဆိုဆွေးနွေးသွားတယ်။ ဘယ်သူကတော့ နင်တို့ ဒါလောက်မှနားမလည်ဘူးလား ဆိုတဲ့ သဘောနဲ့ ပြောဆိုသွားတယ် ဆိုတာ အားလုံးက သိပါတယ်။
    ငွေလေး ထောက်ပံ့တာဟာ ဘယ်ကိစ္စအတွက်မဆို ဘာမှမဟုတ်ဘူးလို့ ထင်တယ်ဆိုတာကို နောက်တပို့စ် မှာ ကိုယ်ရေးပြီးသား ဖြစ်တယ်။
    ခုပြောနေတဲ့ anonymous လည်းပဲ ဘာမှ သေချာ မလုပ်နိုင်လို့ blog ဖတ်ပြီး comment လာရေးနိုင်တာပဲ မဟုတ်လား။
    ဘာတွေလုပ်တယ် ဆိုတာ ပြောရင်လူသိပါတယ်။ မပြောရင် လူမသိပါဘူး။ ကြိုက်တာရွေးပါ။ ကြိုဆိုပါတယ်။
    ReplyDelete
  185. @မောင်မောင်
    အဲဒီလောက် ရှည်အောင် ဖြေလိမ့်မယ်လို့ မထင်မိဘူး။ ဒါတောင် ပထမမေးခွန်းပဲ ဖြေလို့။ ဒါပေမယ့် မေးထားတာကို လိုရင်းတိုရှင်းနဲ့ တိုက်ရိုက်ဖြေတယ် ဆိုတာထက် အဖြေထဲမှာ ကိုယ့်ဖက်က တဖက်သတ် ထင်တာမြင်တာတွေအပေါ် အခြေခံပြီး ဟင်နေတာတွေကို အဓိကထားရေးထားလို့ စိတ်ပျက်မိတယ်။ မေးမိတဲ့ မေးခွန်းတွေက လိုရင်းတိုရှင်းနဲ့ တိုက်ရိုက်ဖြေဖို့အတွက် ခက်နေစေသလားလို့ သံသယ ၀င်မိတယ်။ ဟုတ်တယ်ဆိုရင် ထောက်ပြပေးပါ။
    @Rita
    မေးခွန်းနှစ်ခုရဲ့ မူလ ရည်ရွယ်သူက ဘယ်လိုဖြေမလဲဆိုတာ သိချင်တယ်။ ဖြေချင်စိတ်ရှိရင် ဖြေပေးပါ။
    ReplyDelete
  186. မောင်မောင်December 16, 2009 at 10:35 PM
    ကျနော်လဲ အထူးပင်စိတ်ပျက်မိပါတယ် ကိုမျိုးမြင့်မောင်။
    စိတ်ပျက်လွန်းလို့ ခင်ဗျားတို့ဘာဆက်ပြောပြော ပြောချင်စိတ်မဲ့သွားပီဖြစ်ပါတယ်။
    လူတိုင်းက ကိုယ်ယုံကြည်တာကိုယ်လုပ်နေတာ။ မယုံကြည်တာကို လွပ်လပ်စွာပြောပိုင်ခွင့်ရှိသလို မယုံကြည်တာကို တွန်းအားပေးပီး လုပ်ခိုင်းတာလဲ ဘယ်လိုပဲပြောပြော အာဏာရှင်စနစ်က မကင်းပါဘူး။
    ခင်ဗျားလဲခင်ဗျားယုံကြည်တာဆက်လုပ်နိုင်သလို ကျနော်လဲ ကျနော်တို့ယုံကြည်ရာဆက်လုပ်နေမှာပါပဲ။
    နောက်ထပ်ဘယ်သူတွေဘာရေးရေး ဘယ်လိုတွေပြောပြော ကိုယ်ဘာလုပ်နေသလဲ ဘယ်လောက်အတိုင်းအတာထိ ထိရောက်သလဲဆိုတာ ကိုယ်ပဲသိနေတာမို့ ဆက်လက်ငြင်းခုန်ခြင်းကို ရပ်စဲလိုက်ပါပီ။
    ဘာပဲဖြစ်ဖြစ် လက်တွေ့ကအရေးကြီးတာကို သေသည်အထိယုံကြည်နေပါတယ်။
    ReplyDelete
  187. မလုပ်သင့်လူးလားလို့ မေးတာ အတင်းအကျပ်လုပ်ခိုင်းတာလား။ မလုပ်တဲ့အတွက် အပြစ်တင်တယ်လို့ ခင်ဗျားကို ဘယ်တုန်းက ပြောမိသလဲ။
    လူမှုရေးနဲ့ နိုင်ငံရေး မတူဘူးလို့ ပြောတာ လူမှုရေးအလုပ်ကို ရှုပ်ချတာလား။ ခင်ဗျားတောင် ခွဲပြောနေသေးတာပဲ။
    ဖြစ်နိုင်ရင် ပြောတဲ့စကားကို ပြောတဲ့အတိုင်းပဲ ယူစေချင်တယ်။ ရှင်းရှင်းလင်းလင်း သိချင်လို့ မေးတာကို ကိုယ့်စိတ်အခံနဲ့ လိုရာဆွဲယူပြီး ဟင်ပြနေတာကို စိတ်ပျက်တယ်။
    ReplyDelete
  188. "ဘာပဲဖြစ်ဖြစ် လက်တွေ့ကအရေးကြီးတာကို သေသည်အထိယုံကြည်နေပါတယ်။"
    ဟုတ်ပါပြီ။ ဘာပဲဖြစ်ဖြစ် နိုင်ငံရေးကို လက်တွေ့မလုပ်ဖို့ သေတဲ့အထိ ယုံကြည်နေပါတယ် ဆိုရင်လည်း သဘောပါ။ တကယ်တော့ ယုံကြည်တဲ့အတိုင်းလုပ်တယ် ဆိုတဲ့ စကားဟာ နာဇီပါတီဝင်တွေကနေ အယ်လ်ခိုင်းဒါးအဖွဲ့ဝင်တွေအထိ အဖန်တရာသေအောင် အဓိပ္ပါယ်မဲ့ခဲ့ရ ပြီးပြီပဲ။ နအဖဗိုလ်ချုပ်တွေလည်း ယုံကြည်တဲ့အတိုင်း လုပ်နေကြတာ ဖြစ်မှာပါ။
    ReplyDelete
  189. ကိုယ့်စိတ်အခံနဲ့ လိုရာဆွဲယူပြီး ပြောနေတာလား မျိုးမြင့်မောင်
    ReplyDelete
  190. ရီတာ
    ရီတာက ဒီပို့စ်ကို ဘာသဘောနဲ့ ရေးတယ် ဆိုတာ နည်းနည်းတော့ သဘောပေါက်သလိုပဲ၊ဒီပို့စ့်ကို ရီတာရေးရတဲ့ အကြောင်းက ကိုမင်းကိုနိုင်ရဲ့ စာအုပ်ကောင်းကြောင်းပြောချင်တာ၊
    ရီတာ့လို ဟင် ဆိုရင် လှည့်မကြည့်တတ်တဲ့ သူမျိုးတောင် ကိုမင်းကိုနိုင် ရဲ့စာအုပ်ဖတ်ပြီး ကြိုက်တယ် ဆိုတဲ့ အကြောင်းကို ကိုယ့်ဂုဏ်လေး ကိုယ်ဖော်ပြီး ရေးတာ
    ဒါပေမယ့် မထင်မှတ်ပဲ ပြဿနာက ကြီးသွားမှ ရီတာက ပထမ ဒေါသနဲ့ ပြောချင်ရာ ပြောတယ်၊ နောက်မှ တကယ့် ချက်နဲ့လက်နဲ့ ပြောတတ်တတ်တဲ့ နံမည်ကြီးအသိုင်းအ၀ိုင်းက လူတွေပါ ၀င်ဆွေးနွေးမှ လေသံက တော်တော် ပြောင်းသွားတာပဲ။
    ဘယ်လိုပြောင်းသွားလဲ ဆိုတာ ပြောမယ်နော်
ီး (ခေတ္တ ကျွန်းပေါ် ) said...
    ခင်ဗျား ဘလော့ဂ်မှာ စာဖတ်တယ်ဆိုတဲ့ အကြောင်းတွေ သိပ်မရေးနဲ့။ ခင်ဗျား ဒီပိုစ့်တစ်ခုထဲ ဖတ်ရုံနဲ့ ခင်ဗျားအဆင့်ဘယ်လောက်ရှိလဲဆိုတာသိသာတယ်။ ကိုယ်မသိတဲ့အရာကို ၀င်မပါနဲ့။ ပြုပြင်ပြောင်းလဲမှုတိုင်းမှာ ဘယ်အရာကမှ အေးအေးဆေးဆေးမရခဲ့ဘူး။
    December 6, 2009 10:32 AM
    Rita said...
    ဟုတ်ကဲ့
    သိစေချင်လို့ ရေးတာ သိသွားတယ် ဆိုရင် ပြီးတာပါပဲ။
    ကိုယ်မသိတဲ့ အရာကို​ ဝင်မပါခဲ့ဘူး ဆိုတဲ့ အကြောင်းပြောတာပဲ။ ဝင်မပါနဲ့ ဆိုတဲ့ စကားကို ဘာဖြစ်လို့ ထပ်ပြောရတာလဲ။
    ဝင်မပါနဲ့ ဆိုတဲ့စကားကို ပြောစရာမလိုအောင်ကို ဝင်မပါကြ၊ မသိကြလို့ ဒီနေ့ ဒီလို ဖြစ်နေတယ်လို့ မှတ်လိုက်ပါ။
    ကိုယ့်အဆင့်ကို သိစေချင်လို့ကို တမင်ရေးလိုက်တာ။
    တော်ကြာ မြန်မာတွေ အားလုံး အရေးတော်ပုံကြီးမှာ အာရုံဝင်စားလို့ မကြာမီပဲ အရာအားလုံးပြောင်းလဲကုန်တော့မယ်လို့ အိပ်မက်မက်နေကြ မစိုးလို့။
    December 6, 2009 11:18 AM
    ပထမတော့ အဲလို ဒေါသနဲ့ ပြန်ပက်တယ်၊
    နောက်မှ
    အဲလို မဆိုလိုပါဘူးလို့ ဆိုပြီး လျောချ သွားတယ်
    (Rita said:
    သွားနေလဲ အပိုပဲ။ သွားမနေကြနဲ့လို့ လုံးဝ (လုံးဝ) ပြောလိုရင်း မရှိပါ။)
    အခုလို လာရေးတာ ဘာရည်ရွယ်ချက်နဲ့မှ မဟုတ်ပါဘူး။ အမှားလဲ လာထောက်တာ မဟုတ်ပါဘူး။ အရှေ့အနောက် မညီတာလေးကို ထောက်ပြယုံ သက်သက်ပါ၊ ကိုယ်အမှားကို မြင်ပြီး ပြင်ချင်ရင်လဲ ပြင်၊ ဒါမှမဟုတ် ငါသာလျှင် အမှန်၊ ငါက ဟင် ဆိုရင် လုံးဝ လှည့် မကြည့် တတ်တဲ့ လူစားမျိုးဆိုပြီး ကိုယ့်ကိုယ်ကိုယ် ထင်တလုံး ဖြစ်နေရင်တော့လဲ မတတ်နိုင်ဘူးပေါ့၊
    လူဆိုတာ အသက်အရွယ်အလိုက် အချိန်အခါလိုက် သွေးသား ပြောင်းလဲ မှု ကြောင့်ရော ခံယူချက် အယူအဆနဲ့ အကြိုက်တွေက အချိန်တိုင်း ပြောင်းလဲ နေတာပါ၊ ကောင်းသော ပြောင်းလဲ မှု ဆိုရင် အချိန်မရွေးပြောင်းလဲ နိုင်ရမှာပါ၊ ဒါရှက်စရာ မဟုတ်ပါဘူး၊
    ဒါကို မပြောင်းပဲ လှေနံဒါးထစ် ငါကတော့ ဒါတွေပဲ မြင်ရတယ် ဒါတွေပဲ ကြုံတွေ့ရလို့ ။ငါကတော့ ဟင် ပြီးရင် လှည့်မကြည့်ဘူးဆိုပြီး နားပိတ် မျက်စိမှိတ်ခါ မှားယွင်းလွဲမှားစွာ တလွဲ ဆံပင်ကောင်းနေရင်တော့ ရီတာ မျှော်လင့်ထားသလို အိပ်မက် မက်မနေပါနဲ့တော့ ဆို တာ ရီတာ့အတွက် (ရီတာ့လို လူမျိုးတွေ များလားရင်) အမှန်ဖြစ်လာမှာပါ၊
    တောင်ပေါ်သား ပြောချင်တဲ့ ရီတာ တဖက်သတ်ပြောတာ တယူသန်ပြောတာက အဲဒါကို ပြောချင်တာ ဖြစ်မှာပါ၊
    ရီတာ ကွန်မန့်တွေကို ဖွင့်ထားတာဆိုလိုချင်တာ မဟုတ်ဘူး ထင်ပါတယ်။
    ရီတာ ဒီပို့စ်ကို ဘာကြောင့် ရေးတယ် ဘာ့အတွက်ရေးတယ် ဆိုတာ ကျွန်မ အမြင်နဲ့ နားလည်သလို ၀င်ရေးသွားတာပါ။
    မှားလဲ မှားနိုင်ပါတယ်၊ လွှဲတယ်ဆိုရင်လဲ ကျွန်မညံ့တယ်လိုပဲ မှတ်လိုက်ပါ၊
    ReplyDelete
  191. ဂျူး ရဲ့ ကျွန်မ ညံ့တယ် ဆိုတဲ့ ဆောင်းပါးကို ဖတ် ရကတည်းက ဘာကြီးလဲလို့ ထင်မိတယ်။ သူ ဟာ ဆရာဝန် စာရေးဆရာ ဖြစ်တယ် ဆိုကတည်းက နလပိန်းတုံး ပညာမတတ်တဲ့ သူတွေ သွားမေးတောင် သူ တော်တယ် ဆိုတာ လူတိုင်းသိပါတယ်၊ တကယ်တော့ သူညံ့ပါတယ်လို့ ပြော ပြီး သူတော်ကြောင်းကို ကြွားသွားတာပါလို့ ကျွန်မက မြင်တာပဲ၊ ကိုယ်တော်ကြောင်း ပြောချင်တဲ့ သူဟာ အရင်ဆုံး ကိုယ်ဘယ်လို ညံ့ကြောင်း ပြောတာနဲ့ စလေ့ရှိတယ်လေ၊
    ရီတာကလဲ ဂျူးကို bravo လို့ ပြောမှာပေါ့၊ ရီတာ က လူတွေ ရီတာ့ကို ချီုးကျူးအောင် ဒီပို့စ်ကို ရေးကာမှ အရေးမတတ်တော့ တကယ့် ဗြဟ္မာကြီးဦးခေါင်းကို သွားကိုင်သလို ဖြစ်နေတာကိုး၊
    ကိုမင်းကိုနိုင်သာ ဒီအကြောင်းကို သိရင်တော့ စလေဦးပုညကို မြင်းထိန်း ငတာလား မသိပါဘူး ( လူနာမည်တွေ မှတ်တာ မှားရင်မှားမယ် သဘောတရားကတော့ တူတူပဲ)ချီုးကျူးလို့ စလေဦးပုညက မချီုးကျူးဖို့ လဘ်ထိုးပြီး ပြောရသလို၊ ရီတာရေ ငါ့စာအုပ်ကို မချီးကျူးရင်နေပါဟာ၊ ငါတို့ တိုင်းပြည်နဲ့ လူမျိုးအတွက် အနစ်နာခံပြီးလုပ်နေတဲ့ လူတွေကိုတော့ မစော်ကားပါနဲ့လို့ ပြောမှာပဲ၊
    အဲဒီလူတွေ ရင်နာရမယ့် စကားလုံးတွေ အဲဒီ့လူတွေရဲ့ အမွေကို လက်ဆင့်ကမ်းမယ့် ရဲရဲတောက် မျိုးဆက်သစ်လေးတွေ နောက်တွန့် စေမယ့် အရေးအသားတွေ မရေးပါနဲ့လို့ ပြောမှာပဲ၊
    ရီတာ့ဘာသာ နိုင်ငံရေး နားမလည်လို့လဲ ဘယ်သူ့မှ ဘာမှ လာမပြောဘူး။ မလုပ်လဲ ဘာမှ မပြောဘူး။ ဒါပေမယ့် မနီလာသိန်းတို့ရဲ့ ရင်သွေးလေး မိဘမဲ့ ဖြစ်ရတဲ့ ဘ၀ကိုတော့ အလဟဿ ဖြစ်စေမယ့် အရေးအသားမျိုးရောက်အောင် မလုပ်ပါနဲ့လို့ တောင်းပန်ပါရစေ၊
    အော် ဒုက္ခ ဒုက္ခ။ ခုတ်ရာတခြား၊ ရှရာတလွဲ ဖြစ် နေပါပေါ့လား။
    အသင်လောကလို့ ပဲ အော်လိုက်ချင်တော့တယ်၊
    ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကြောင့် အမည် မဖော် တာကိုတော့ ခွင့်လွတ်စေချင်ပါတယ်၊
    ReplyDelete
  192. အော် ဒုက္ခ ဒုက္ခ။ ခုတ်ရာတခြား၊ ရှရာတလွဲ ဖြစ် နေပါပေါ့လား။
    ရီတာ့ကိုယ်စား မှတ်ချက်ပြုမိ၏။
    ReplyDelete
  193. "မြန်မာတွေ အားလုံး အရေးတော်ပုံကြီးမှာ အာရုံဝင်စားလို့ မကြာမီပဲ အရာအားလုံးပြောင်းလဲကုန်တော့မယ်လို့ အိပ်မက်မက်နေကြ မစိုးလို့။"
    မှန်တယ် ကိုယ်မယုံသလို မယုံတဲ့လူတွေ ရှိနေတာကို ကိုယ့်ပတ်ဝန်းကျင်မှာ မြင်နေရလို့ ပြောလိုက်တာ။
    အဲဒါနဲ့ပဲ ယုံလို့ လုပ်နေတဲ့ လူတွေကို မလုပ်နဲ့ မသွားနဲ့ လုံးဝ (လုံးဝ) ပြောလိုရင်း မရှိ။
    ထို့ကြောင့် "သွားနေလဲ အပိုပဲ။ သွားမနေကြနဲ့လို့ လုံးဝ (လုံးဝ) ပြောလိုရင်း မရှိပါ။"
    ဒီ post မှာ ကိုယ် တုန့်ပြန်ပုံသည် လူနှင့် မဆိုင်ဘဲ ထိုသူ၏ လေသံနှင့်သာ သက်ဆိုင်ကြောင်း သေချာ ဖတ်ကြည့်လျှင် သိပါမည်။
    သို့သော် အမည်မသိများကိုတော့ အတတ်နိုင်ဆုံး လေးလေးစားစား သတိထား ပြောဆိုသည့်တိုင် စိတ်ထဲ သိပ်မရှိလှတာကိုတော့ ဝန်ခံရမည်။
    ReplyDelete
  194. မှန်တယ်။ ခုတ်ရာတခြား ရှရာတခြား ဆိုတာကို စကတည်းက ပြောပြီး ပါပြီး ရေးပြီး ဖော်ပြပြီး ဆွေးနွေးပြီး ပါပြီ။
    နောက်တခါလာရင် ပါပြီးတာတွေ မယူလာပါနှင့်။ အသစ်ပြောစရာရှိတာတွေသာ ယူလာပါ။
    ပြောမည်ကြံလျှင် ကိုယ်ပြောမည့်အရာ ပါပြီးမပြီး post နှစ်ခုလုံးနှင့် comment အားတိုက်ဆိုင်စစ်ဆေးပါ။
    တောင်ပေါ်သားကိစ္စ သေချာ မရှင်းရသေးသလို မြန်မာ နိုင်ငံ ပြန်မှာလား (ဘယ်သူမေးလဲ သေချာ မကြည့်ရသေး) နှင့် တချို့ comment တွေ ကို ပိုပြီး serious ဖြစ်တာတွေ ဦးစားပေး ကျော်ချလိုက်ရင်း ကျန်နေသေးကြောင်း cobx တွင် အသိပေးပြီးဖြစ်။
    ယခုလောလောဆယ် အချိန်မရသေး။ အာရုံမရသေး။
    အာရုံဆိုသည်မှာ စာရိုက်ရခြင်း သက်သက်။
    နောက်တခုက 3, 4 ရက် ဆက်တိုက် အလွန်စိတ်ဝင်စား။ နောက်ရက်တွေ ငြီးငွေ့။ သို့သော် အရေးမကြီးဘဲ ကိုယ်ရေးကိုယ်တာနှင့် ပတ်သတ်သည့် (ဖြေလိုက်ပြီးရင် personal နဲ့ ဘယ်ရွေ့ဘယ်မျှ ပတ်သတ်တယ် ဆိုတာ ပိုသိနိုင်) မြန်မာပြန် ပြန် မပြန် ကိစ္စ ကိုတောင် ဖြေမည်ဟု ပြောကြားပြီး။
    ကိုယ့်နား ဆူဆူဆူဆူ လာလုပ်ရင် နားညည်းမိသလိုသာ နားညည်း။ တကယ်က ဆွေးနွေးဖို့ဆို စိတ်အားထက်သန်။
    ကိုမျိုးမြင့်မောင်နှင့် ထို့ကြောင့် ပြော။
    အောက်ကလိအာ တာမျိုးတော့ အဖက်မလုပ်။
    ထို့ကြောင့် ဝါကျများ တို။
    ကိုမျိုးမြင့်မောင် ယခု မေးထားတာကိုလည်း ဖြေပြီးသားကိုသာ ပြန်ညွှန်းစရာ ရှိသည်မို့ အိပ်ရန်သာ စိတ်စော။
    ReplyDelete
  195. ကြီးလေသလား ငယ်လေသလား မသိ။
    ငယ် ကိစ္စ မရှိ။ ကြီး သတိပေးလို။
    စကားပြောလျှင် ကိုမျိုးမြင့်မောင်တို့ ကိုတင်မင်းထက်တို့ ဘယ်လိုပြောသလဲ နည်းယူ။ Anonymous ကိစ္စ မရှိ။ သို့သော် စိတ်ထဲ မလေးပင်။
    ဒီလို ကိစ္စရပ်မျိုးမှာ ကိုယ်က ဆွေးဆွေးနွေးနွေး ပြောလိုစိတ်မရှိက ပြတ်ပြတ်သားသား ပြောဆိုနိုင်ဖို့ ကြိုးစားနိုင်မှ ကောင်း။
    Anonymous ယူပြီး ခနဲ့ သလိုလို ရွဲ့သလိုလို ချွတ်သလိုလိုလုပ်တော့ ကိုယ့်ကို တဘက်လူက အလေးအနက်မရှိတာသာ အဖတ်တင်။ အသိလို့ စိတ်ထဲထင်မိလို့ စေတနာနဲ့ ပြောခြင်းဖြစ်။
    ဆွေးနွေးသမျှကို အလေးအနက် ခံယူချင်စိတ်၊ တန်ပြန်ဆွေးနွေးချင်စိတ် ပြင်းထန်။ ရိသလိုလို မထိတထိလိုလိုများ (သဘောတရား မှန်နေလျှင်ပင်) တန်းဝင်သည်မမှတ်။
    သို့သော်လည်း ထိုလေသံနှင့်လာသူများ စိတ်ဓါတ် မမှန်သလို သဘောတရားသည်လည်း ထိုနည်း လည်းကောင်း ထိုနည်း လည်းကောင်း။
    (အင်း ကိုယ့်လေသံတောင် သူနဲ့ တူသွားပြီ။ ပတ်ဝန်းကျင်ကို ကူးစက်စေတတ်သည်။ သို့သော် နောက်လဲ လာပါ။ ကြိုဆိုပါသည်။)
    ReplyDelete
  196. "စလေဦးပုညကို မြင်းထိန်း ငတာလား မသိပါဘူး"
    ယောအတွင်းဝန် ဦးဘိုးလှိုင်ဖြစ်သည်။
    ဒီ post ကို စာအုပ်အား ချီးကျူးတယ်ဟု ထင်လျှင် တတ်တတ်စင်အောင် လွဲပါသည်။
    ReplyDelete
  197. ပါလာပြန်သည်။ ဘယ်သူတွေကတော့ တကယ်လုပ်တာပါနော်။ ဒီလူတွေကတော့ တကယ်လုပ်တာပါနော်။
    အဲဒီစာသည် ကနဦး အစ မူလပထမ ကိုလူထွေးရေး၍ နောက်ပိုင်း ဆက်ဆက်ကာ ရေးကြပါသည်။ ပြန်ပြီး ဖြစ်ပါသည်။ ပြန်ရှာ ဖတ်နိုင်ပါသည်။
    ReplyDelete
  198. ဆရာကြီး ဆိုသူ ဘယ်လိုလူ ဖြစ်၍ ဘယ်လိုပုံစံနှင့် ရေးသည်။ ကိုတင်မင်းထက် ဘယ်လိုလူ ဖြစ်၍ ဘယ်လို ပုံစံနှင့် ရေးသည်။ သဘောတရားက ဘာဆိုတာကို ယှဉ်ကြည့်ပြီးမှ၊ သူတို့ကို ကိုယ်တုန့်ပြန်တဲ့စာကို ထပ်၍ ယှဉ်ကြည့်ပါရန်။
    တုန့်ပြန်ပုံ မတူသကဲ့သို့ ဆက်စပ်စရာ အကြောင်းမမြင်လေ။
    ReplyDelete
  199. ညီလင်းဆက်ကတော့ အသက်သုံးဆယ်အရွယ် လူမပျိုတပျိုလေး ဖြစ်ပာတယ်ခင်ဗျ (မသိသူများ အတွက်ပာ :))
    ReplyDelete
  200. I love my home, village.
    I love my township.
    I love my state.
    I love my Country.
    Everybody exactly same as me.
    The blog readers who come to this post are interesting the way they wish to solve the problem.
    Otherwise they never came.
    Rita had posted other four newly item.
    But we still come to read and make comments.
    Why?
    BINO
    ReplyDelete