Sunday, November 15, 2009

The Mask



သတ္တိ ဆိုသည်မှာ ကြောက်ရွံ့ထိတ်လန့်မှု မရှိခြင်း မဟုတ်။
ထို ကြောက်ရွံ့စိတ်ကို သိုဝှက်နိုင်မှုပင် ဖြစ်သည်။

(ကျွန်တော်သိသော မင်ဒဲလား - သက်ဝင်းမြင့်
ရနံ့သစ် မဂ္ဂဇင်း - Oct 1995

Mandela : The Man & The Mask by Richard Stengel
Reader's Digest - Aug 1995)

***
လွန်ခဲ့တဲ့ ၁၄ နှစ်လောက်က...
ဇာတ်လမ်းကတော့ စီးလာတဲ့ လေယာဉ်ခရီးစဉ် တစ်ခုမှာ လေယာဉ် ပျက်ကျတော့မလို ရုန်းရင်းဆန်ခတ် ဖြစ်တော့ မင်ဒဲလားဟာ သတင်းစာဖတ်တောင် မပျက်ဘူး ဆိုတယ်။

လေယာဉ် အောက်ရောက်ပြီးမှ သူက ပြောတယ်။
"ကျွန်တော်ဖြင့် ခုနက ကြောက်သွားလိုက်တာ နေစရာတောင်မရှိဘူး" တဲ့။

***
ဒီလိုပဲ လူတစ်ယောက်ဟာ ပြင်းထန်တယ် လို့ ထင်ရရင် အဲဒါ ပျော့ညံ့တာတွေ အများကြီးကို ထိန်းချုပ် ကွယ်ဝှက်ထားနိုင်လို့ပါ ဆိုတာ သိစေချင်မိတယ်။

လူဆိုတာ ခံစားတဲ့ နေရာတွေမှာ အတူတူတွေပါပဲ။ တုန့်ပြန်မှုသာ ကွာသွားတာ။

တကယ်လို့ တစ်စုံတစ်ယောက်ကို ပြင်းထန်တဲ့သူ လို့ မင်း ထင်နေခဲ့ရင်တောင် အထက်က အဆိုအရ သူဟာ လူတစ်ယောက်ရဲ့ ပင်ကို ဗီဇ ပျော့ညံ့တာတွေကို အချိန်တော်တော်များများ၊ နေရာတော်တော်များများမှာ ထိန်းချုပ်နိုင်စွမ်း ရှိလို့သာပဲ။

ဒါပါပဲ။

***

15 comments:

  1. လူဆိုတာ ခံစားတဲ့ နေရာတွေမှာ အတူတူတွေပါပဲ။ တုန့်ပြန်မှုသာ ကွာသွားတာ။

    Right baby.

    Let me send some links for you.

    ReplyDelete
  2. who is Bino to call you "BABY" ??
    SM

    ReplyDelete
  3. တစ်ခုခုတော့ ရသွားသလိုလို...

    ReplyDelete
  4. I would to send some link of novel (translation).
    Sorry I still busy due short voyage.

    You can go BurmeseClasses and explore to Mya Than Tint "Crying under the Derk"

    The another one is Jack London's "Sea Wolf"

    Sorry for that.

    BINO

    ReplyDelete
  5. Yes, Uncle.
    It's ok.
    I will search for the link.

    ReplyDelete
  6. ခံစားချက်ကို ထိန်းချုပ်ဖို့က ကိုယ်လိုလူ တစ်ချို့ အတွက် တော်တော်ခက်တယ်.. လုပ်နိုင်တဲ့ လူတွေက လေးစားစရာပါ..

    ReplyDelete
  7. ဘာခံစားချက်တွေရှိလို့ ဘာတွေ ထိန်းချုပ်ရခက်နေတာပါလိမ့်။ အားလုံးက ဖြစ် ပျက် တွေချည်းပဲလေ။ တချိန် ချိန်မှာ အားလုံးကို ခွဲသွားရမှာပဲမဟုတ်လား

    ReplyDelete
  8. စာတော့ သေချာ မဖတ်ဘဲနဲ့။
    ဘယ်မှာ ထိန်းချုပ်ရခက်တယ် ပြောထားလို့လဲ။

    ReplyDelete
  9. 17 Nov 09, 08:28
    Pauk: ကိုယ်က အသည်းငယ်ပါတယ်။။ ပို့စ်ကို ဖတ်မိတော့ ပိုငယ်သွားပြီ။။

    ReplyDelete
  10. thanks for ur post. i get something from ur post.

    ReplyDelete
  11. ညီမရေ… အမကတော့ ကြောက်လဲ ကြောက်တယ်… လန့် လဲ လန့် တယ်… ပျော်လဲ ပျော်တယ် လူအတော်သိတယ်… ဒါလေးဖတ်ပြီး သားလေးဗိုက်ခွဲမွေးတုန်းက အမအမျိုးသားခွဲခန်းထဲ ၀င်လာပြီး အမကို အားပေးဖို့  လက်လာကိုင်တော့ သူ့ လက်ကြီးအေးစက်နေတာကို သတိသွားရမိတယ်… သူ့ မျက်နှာကတော့ ပြုံးပြီး ကိုယ့်ကို အားပေးနေတာ သိလား….

    ReplyDelete
  12. ညီမပြောတာ သိပ်မှန်ပါတယ်...
    လူတယောက်ဟာ မာကျောတယ် ပြင်းထန်တယ်လို့ ထင်ရရင် အဲဒါ သူတို့ရဲ့ မသိစိတ်ထဲကနေ ပျော့ညံ့နေတဲ့စိတ်၊ တုန်လှုပ်နေတဲ့စိတ်၊ ခံစားလွယ်တဲ့စိတ်တွေကို ကွယ်ဝှက်ထားတာ....

    ထိန်းချုပ်နိုင်စွမ်းဆိုတာ နေရာတကာမှာ မရှိမဖြစ်လိုအပ်တယ်လို့ ကိုယ်ထင်တာပဲ...။

    ဒီပိုစ့်လေးကြိုက်တယ်...။

    To whom it may concern... :-P

    ReplyDelete
  13. ဒါကို Emotional Intellegence လို့ အစ်မတို့ တက္ကသိုလ်မှာ သင်ရပါတယ်။ Professional တိုင်းဟာ Emotional Intellegence ရှိရမယ်လို့ ဆိုတယ်။ အဲဒီ သင်ခန်းစာကို သင်ရပြီးမှ Emotional Intellegence ဟာ တကယ်တော့ လိုအပ်တဲ့ အရာတခု ဆိုတာ လက်ခံပြီး ကိုယ်ကတော့ ဟန်ဆောင်တာကို သိပ်မုန်းတယ်ဆိုတဲ့ အစွဲဟာပျောက်သွားတယ်။

    ReplyDelete
  14. သြော်
    လက်စသတ်တော့
    မိန်းမပြင်း
    က မိန်းမပျော့ပါလို့အ
    ယူခံဝင်နေတာကိုး

    ReplyDelete