Wednesday, November 4, 2009

E for Engineer, F for Forget !

Archi နဲ့ Structure ပုံတွေမှာ ထည့်ရမယ့် member တွေ မစုံတော့ Manager ကပြောတယ်။ Main Con က QS တွေ လှမ်းမေးပါလားတဲ့။

မေးလဲ သူတို့က I don't know ပဲ ပြောတာ။ ပြီးရင် propose လေး လုပ်ပေးပါ။ ဒါပဲ ပြောမှာ လို့။ အဲဒီတော့ ကိုယ့်ဟာကိုယ် propose လုပ်ပြီး တွက်လိုက်တာ ကောင်းတယ်လို့။

I will ask them, but they will reply me, "I don't know. Can you, please, propose for it?".

Manager က Archi ပုံတွေ ကြည့်တော့လဲ ဒီလို Section မှာ ဒီလို ဆွဲထားပေမယ့်၊ ဟိုလို Section မှာ ဟိုလို ဆွဲထားသေးတာ ဆရာ။ ဟိုဟာနဲ့ ဒီဟာနဲ့ ယှဉ်ကြည့် တခြားစီ။

အင်း... မြန်မာပြည်မှာ နေတုန်း စင်ကာပူမှာ ဒါမျိုးတွေ ရှိတယ်လို့ တယောက်ယောက်က လာပြော ယုံမှာ မဟုတ်ဘူး။ (ဒါ ဘာဟုတ်သေးလဲ။ Main Con တခုက ပို့လိုက်တဲ့ dwg ကို ကြည့်ပြီး Senior တခါပြောဖူးတယ်။ အိမ်သာထဲက စက္ကူကျနေတာပဲ တဲ့။)

နောက်တော့ မန်နေဂျာက သူပဲ မေးလိုက်မယ် လို့ပြောတယ်။ သူမေးလဲ ကိုယ်ပြောတဲ့ အတိုင်းပဲ ပြန်ဖြေမှာပဲ။ ဘာမှ မထူးဘူး။

ပြီးတော့ သူက ဆက်ပြောတယ်။ QS က ဘယ်သိမလဲ တဲ့။ မင်းက အင်ဂျင်နီယာပဲဟာ၊ မင်း သိရမယ် တဲ့။

တိန် !
(လိုနေတာက tie beam တွေ လိုနေတာ။ Consultant ပုံတွေမှာလဲ မပါဘဲ ဆွဲထားတယ်။ အဲဒါ ကိုယ် လွန်သလား။ Consultant လွန်သလား။ ဟမ်)

ဒါပေမဲ့ တခါတလေလည်း အဲလိုမျိုးလေး သတိပေးတဲ့သူ ရှိဦးမှ။
ကိုယ့်ဘာသာ ဘာလဲ ဆိုတာ မေ့ မေ့နေလို့။

***
အတည်ပြောတာ။ မနောက်ဘူး။
ကိုယ်တော့ ဘူဇွာပဲ ဖြစ်ချင်တာ။

***
QS = Quantity Surveyor

***
Update :
တမင်တကာ ဘာမှန်းမသိအောင် ရေးထားတာ။
ရှင်းအောင် ရေးရင် ကိုယ်ညံ့တာတွေ လူသိကုန်မှာစိုးလို့။
:D

***

15 comments:

  1. အဟ ... ငါ့အမ သဘောကျစရာ
    ကိုယ်တော့ ဘူဇွာပဲဖြစ်ချင်တာတဲ့ .. ဟားဟား
    အင်း ကျွန်တော်လည်း ဘူဇွာဖြစ်ချင်သား

    ReplyDelete
  2. QS တွေဟာ ဘာမှမသိဘူးဆိုတာ ညည်းက အင်ဂျင်နီယာ ဖစ်ပီးမသိဘူးလားဟေ ... ဟိဟိ

    ReplyDelete
  3. "အင်း... မြန်မာပြည်မှာ နေတုန်း စင်ကာပူမှာ ဒါမျိုးတွေ ရှိတယ်လို့ တယောက်ယောက်က လာပြော ယုံမှာ မဟုတ်ဘူး" .....ဟုတ်ပ..။

    ReplyDelete
  4. hahaha
    forget it
    u just have another hard day

    P.S
    i want to be
    သက်ဦးဆံပိုင်
    ဘူဇွာလောက်နဲ့မရဘူး
    ဟိဟိ

    ReplyDelete
  5. အီး ဖော် အင်ဂျင်နီယာလို့တော့ ရေးထားသား။
    မအယ်က လာဖတ်ပြီး ဘာမှ နားမလည်ဘူး ဖြစ်သွားတယ်။
    only for အင်ဂျင်နီယာလို့ရေးရမှာ မရီတာ။

    မအယ်

    ReplyDelete
  6. အင်း... သူတို့ခေတ်စကားတွေက ကျုပ်တို့တောသားတွေ နားမလည်ပါဘူးဗျာ...

    အီးကလည်း ခဏခဏ ပါကြသေး...

    ပုံ
    သူကြီးလူထွေး
    သာယာကုန်းရွာ

    ReplyDelete
  7. 5 Nov 09, 00:37
    zaw: ဘာမှမတတ်ပဲ တတ်ချင်ရောင်ဆောင်တတ်ရင် main con ကလူလို့မှတ်

    ReplyDelete
  8. မရီတာ - မိတ်ဆက်ပါတယ်၊ ခရေဖြူပါ၊ မမန့်ပေမဲ့အမြဲဖတ်ပါတယ်

    ReplyDelete
  9. ခရေဖြူ .. ကျေးဇူးတင်ပါတယ်။
    =)

    ReplyDelete
  10. နဲနဲသိပီး များများဟောက်သူကို Consultant

    ReplyDelete
  11. ကိုယ်ကတော့ အင်ဂျင်နီယာနဲ ကျောင်းပြီ:ပြီ: buyer လုပ်ပါတယ် ကိုကချည်းဟောက်ရအောင်ပါ၊ ဘူဇွာနဲ ခပ်ဆင်ဆင်ပေါ့ ဟိ ရီတာကို မြင်ဖူးသလိုပဲ ဘယ်ပိုလီက ပီးတာလဲ?

    ReplyDelete
  12. ဦးသောင်း ပေါ်လီက ပြီးတာပါ။ ကြားဖူးလား။
    :)

    ReplyDelete
  13. တွေ့ဖူးသလိုလိုပဲ လို့တော့ တော်တော် ပြောခံရပါတယ်။ လောလောဆယ် ၁ ပတ်အတွင်းမှာတင် ၂ ယောက်။
    ကိုးရီးယားကားတွေ တော်တော် ကြည့်ကြလို့ ဖြစ်မယ်။
    =)

    ReplyDelete
  14. ဖြစ်နိုင်တာကတော့ မရီတာ ပုံတွေ internet, forward mails မှာ ပြန့်နေလို့ မြင်ဘူးသလိုလိုတွေ များလာတာဖြစ်မယ်။ ဟီးဟီး။

    SM

    ReplyDelete
  15. အမ် ကိုယ့်ဟာကိုယ်တောင် ကိတ်မုန့်နဲ့ တူလား သံသယ ဝင်နေပြီ။

    ReplyDelete