
တိုးဖို့ ခက်ရင်
ဆုတ်ဖို့လည်း ခက်တာပဲ...
လှုပ်လေ မြုပ်လေ
ရုန်းလေ နစ်လေ
ဒါနဲ့ပဲ ငြိမ်သက်
မေ့လောက်အောင် ရပ်နေခဲ့ရတာ
အစွန်းနှစ်ဘက်က အထုံးများ
ဖြေမရအောင် နစ်ဝင်ရစ်ပတ်
ဆန့်ကျင်ဘက်ကို ထပ်ရွေ့ကြရင်လည်း
ပို တင်းကြပ်လာတာပဲ တွေ့လိမ့်မယ်။
***
ရှေ့ဆက်စရာ မရှိရင်
နောက်ဆုတ်စရာလည်း မရှိတော့ဘူး
ဒီလိုနဲ့ ဝေး ဝေ ဝါး
ဘာတရားမှ လာမချပါနဲ့
ထပ်မှားစရာ ဆိုတာလည်း မရှိတော့ဘူး
ဘာဗျူဟာမှ လာမပြပါနဲ့
ဆက်သွားစရာ ဆိုတာလည်း မရှိတော့ဘူး
***
သံယောဇဉ်တဲ့
တချိန်မှာ ပြတ်မယ့်ကြိုး...
ကိုယ့်အတ္တ ကိုယ်ပျိုး
ဘယ်သူ့ အဆိုးမှလည်း မဟုတ်ခဲ့
ထုံးလွယ် ဖြေခက်
ခြေရာလက်ရာ ပျက်ရုံ
***
(2009 November)
***pic from here
အင်း ရီတာက ဆက်ထုံးတဲ့
ReplyDeleteကျတော်က အခုတလော ညွှန်တွေ အကြောင်းစဉ်းစားမိနေတယ်ဗျ..
လှုပ်လေ မြုပ်လေ
ရုန်းလေ နစ်လေ
တကယ်ပဲဟုတ်တယ်ဗျာ လွတ်မြောက်ချင်လို့ ရုန်းမိပါတယ် ပိုနစ်နေမိတယ်ဗျာ...
ရီတာရေ..
ReplyDeleteဆက်ထုံးဖြေ ပြေပါ့ ဆိုတဲ့ စာသားလေးတောင် သတိရမိသလိုပဲ..
တို့တော့ နှောင်ကြိုးများ တစ်ရစ်ထက် တစ်ရစ်တိုး ဆိုသလို ဖြစ်ပြီးသားမို့ ရုန်းလို့လည်း မရတော့ပါဘူးကွယ်..
:)
ခင်မင်စွာဖြင့်
သီဟသစ်
ကိုယ့်အတ္တ ကိုယ်ပျိုး
ReplyDeleteဘယ်သူ့ အဆိုးမှလည်း မဟုတ်ခဲ့
----------------------------
သိပ်မှန်တာပေါ့။ ကောင်းလိုက်တဲ့စာသား။
It is a nice poem.
ReplyDeleteAbsolutely right.
ထုံးလွယ် ဖြည်ခက်
For the seaman...
They can easily release any kind of Knots and hitches.
Thanks for your link.
Your post heading icon is
CHAIN KNOT for compact storage of line the chain.
It starts with a slip knot (right side); the free end then is pulled through the loop, and the operation is repeated to form the chain. This is a good way to handle the lines.
BINO
It is a nice poem.
ReplyDeleteAbsolutely right.
ထုံးလွယ် ဖြည်ခက်
For the seaman...
They can easily release any kind of Knots and hitches.
Thanks for your link.
Your post heading icon is
CHAIN KNOT for compact storage of line the chain.
It starts with a slip knot (right side); the free end then is pulled through the loop, and the operation is repeated to form the chain. This is a good way to handle the lines.
BINO
မောင့်ချည်တိုင် .. မဟုတ်ဘူးလား ညီမရဲ့.. :)
ReplyDeleteထုံးလွယ် ဖြည်ခက်
ReplyDeleteခြေရာလက်ရာ ပျက်ရုံတဲ့..
ဟုတ်ပါရဲ့နော်..
သံယောဇဉ်တဲ့
ReplyDeleteတချိန်မှာ ပြတ်မယ့်ကြိုး...
ကိုယ့်အတ္တ ကိုယ်ပျိုး
ဘယ်သူ့ အဆိုးမှလည်း မဟုတ်ခဲ့
Great
သိပ်မှန်တယ်သူငယ်ချင်း
hip hop lyric ???
ReplyDeletevery nice poem,,
ReplyDeletethe last paragraph is the best
:)
သံယောဇဉ်တဲ့
တချိန်မှာ ပြတ်မယ့်ကြိုး...
that is really true,,, one day can cut off
is that a new style ofr this blog
ReplyDeleteenglish comments for myanmar poem
:0
love
:D
သိပ်ကြိုက်တယ်...။
ReplyDeleteဖတ်ပြီး ဘာကြောင့်မှန်းမသိ ဝမ်းနည်းနေတယ်..။ Cheers !!!
သံယောဇဉ်တဲ့ ဒီကြိုး
ReplyDeleteများလို့ ရှုပ်သွားရင်လည်း ဖြည်ရခက်တယ် =)
အစ်မတော့ ဖြည်ရခက်တဲ့ကြိုးထုံးတွေကို စိတ်မရှည်လို့ ကတ်ကြေးစာမိရော။ မိန်းမပီသပုံပြောပါတယ်။
ReplyDeleteThis comment has been removed by the author.
ReplyDeleteထုံးဖို့ လွယ်တယ်...
ReplyDeleteဒါပေမယ့် ထုံးပြီးရင် ဖြေဖို့ က ခက်လှတယ်...
မတတ်သာတဲ့ အခါမျိုးမှာ၊ ပြီးတော့ မဖြစ်မနေ ပြတ်ကို ပြတ်ရမယ့် အခါမျိုးမှာ ကိုယ့်မျက်စေ့ထဲ ပြေးမြင်တာကတော့ ဓါးထက်ထက်တချောင်း (သို့) ကပ်ကြေး ချွန်ချွန်တလက်ပါပဲ...