Wednesday, November 11, 2009

ခေတ်ကာလ သီချင်းများ

Hip Hop ပြောရမလား၊ Rap ပြောရမလား၊ ဘာပြောရမလဲ။
ခုခေတ် သီချင်းတွေထဲမှာ သဘောကျစရာလေးတွေ တခါတခါ ကြားရတတ်တယ်။

***
ကိုယ့် စိတ်ထဲ မှတ်မှတ်ရရ ဖြစ်မိတဲ့ သီချင်းက "အချစ်ဆုံး သူငယ်ချင်း" ဆိုတဲ့ သီချင်း။

"ရိုးသားတဲ့ သူငယ်ချင်း အချစ်ကို ငါ့စိတ်ကူးထဲ သာယာခဲ့၊

ဝိုးတဝါးနဲ့ နားမလည်နိုင်ဘူး ခံစားချက်တွေ ဘာသာမဲ့

ဆိုးရွားတဲ့ ရင်ခုန်သံနဲ့ မင်းကို တွေ့ရင် ပျာယာခတ်"

ဆိုတာ စကြားတော့ ကျောင်းမပြီးခင်၊ အိမ်ကို ပြန်တုန်းက။
စစချင်းတော့ အိမ်က မောင်တော်တွေနဲ့ သူတို့ သူငယ်ချင်းတွေ sound box နဲ့ ချနေကြတော့ အော်ထုတ်မိတယ်။ စာသားတွေလည်း နားမလည်ပါဘူး။

"ကဲ ကဲ တော်လောက်ပြီ ထင်တယ်နော် မင်းတို့..
ဘေးအိမ်တွေ အမြင်ကပ် မကပ် မသိဘူး။
တခါတလေမှ ပြန်လာတဲ့ လူကတော့ သည်းမခံနိုင်တော့ဘူး။" ဘာညာနဲ့ ဖိန့်ဖိန့်ပေါ့။

သူတို့တွေက ပြောတုန်း ရယ်ကျဲကျဲနဲ့ ငြိမ်သွားပြီး နောက်တော့လည်း ပြန်ဖွင့်ကြတာပဲ။
အစက နားမလည်ပေမဲ့ အာရုံစိုက်မိသွားတော့ သူတို့ သေချာ ရေးထားတဲ့ စာသားတွေ ပါလား လို့တော့ သိသွားတယ်။

"ဘယ်တုန်းကမှ မငိုဖူးခဲ့ဘဲ မင်းကြောင့်
ခုတော့ ငါငိုနေပြီ
မင်းနာမည် အိပ်မက်ထဲမှာ ယောင်ယောင်ခေါ်တာ လျှာတိုနေပြီ"

အဟား
တော်တော် သဘောကျသွားတယ်။

နောက်ပိုင်း အဲဒီ သီချင်းဖွင့်ရင် ဘာမှ မပြောတော့ဘဲ တိတ်တိတ်လေး နားထောင်နေလိုက်တယ်။

ခံစားလို့ ရလား မေးရင် ဒီအမျိုးအစားတွေ ဘယ်လိုမှတော့ ခံစားလို့ မရတော့ပါဘူး။
Gap က တော်တော် ကွာသွားပြီ။
ဒါပေမဲ့ ကြိုက်တော့ ကြိုက်မိတယ်။
ကာရန်တွေ ချိတ်ပြီး ဆိုထားတာ အကွက်စေ့ပြီး အပိုအလို မရှိတာကို ချီးကျူးမိပါတယ်။

***
စိုင်းစိုင်းခမ်းလှိုင် တို့၊ အနဂ္ဃတို့၊ Examplez အဖွဲ့က သီချင်းတွေတော့ အာပလာလို့ပဲ ထင်တယ်။

"သေပြီဆရာ" နာမည်ကြီးတုန်းက သူငယ်ချင်းတွေနဲ့ ပြောမိပါတယ်။
အဲဒီလို သီချင်းမျိုးများ... ငါ တနေ့ တစ်ခွေစာလောက် ထိုင်ရေးပြနိုင်တယ် လို့။
ဘာမှန်းမှမသိ၊ စတုန်းက တမျိုး၊ အလယ်က တမျိုး၊ နောက်ပိုင်းက တမျိုး။
တယောက်တကြောင်း ဝင်ရေးရင်တောင် အဲလို ဖြစ်အောင် တော်တော် လုပ်ယူပြီး ရေးရမှာ။

ကြိုက်တာ မကြိုက်တာ၊ ခံစားလို့ ရတာ မရတာကို အသာထားပြီး၊
ပရိသတ်ဆိုတာ ဘာမှ မဖန်တီးတတ်ရင်တောင် သူတို့ ထိတွေ့လိုက်မိတဲ့ အနုပညာကို ဖန်တီးထားတဲ့ လူဟာ လေးလေးနက်နက် ဖန်တီးလိုက်သလား၊ ပေါ့တီးပေါ့ပျက် ဖန်တီးလိုက်သလား ဆိုတာတော့ သိမြင်ခံစားလို့ ရတယ်။ သို့သော်လည်း သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့လေ။

Zone ဆိုတဲ့ သီချင်းလေးတွေလည်း သဘောကျစရာ ထင်မိတယ်။
ကိုယ်တခါ ရေးဖူးတဲ့ "
လှုပ်လှုပ် လှုပ်လှုပ် မင်းလာတော့ ဒုတ် ဒုတ် ဒုတ် ဒုတ် ဖြစ်ပြီပေါ့" ဆိုတဲ့ သင်္ကြန်သီချင်း လိုလိုဟာလည်း Zone ရေးတယ် ထင်တာပဲ။ အဲဒါလေးလည်း မဆိုးဘူး။ ကြုံရင် နားထောင်ကြည့်ပါ။

တကယ်တော့ ခုခေတ်ကဗျာတွေမှာ ပျောက်သွားတဲ့ ကာရန်တွေက သီချင်းတွေဆီ ရောက်သွားတာပါပဲ။

***
Song


ခုလည်း သူငယ်ချင်းက ပို့လိုက်ပြန်တယ်။
နားထောင်စေချင်လို့ ဆိုတာထက် နှိပ်ကွပ်ချင်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။
နားထောင်ကြည့်ရင် သိပါလိမ့်မယ်။ Song ဆိုတာလေးကို click လိုက်ပါ။

အစမှာ Black Hole လို့ ကြားလိုက်မိသလိုလိုပဲ။
Black Hole အဖွဲ့လို့ထင်ပါတယ်။
သေချာတော့ မသိပါဘူး။ Title လည်း မသိဘူး။
ပို့တဲ့ သူငယ်ချင်းလဲ သိမယ် မထင်ဘူး။

နားထောင်ရင်း စာသားတွေ သဘောကျလာလို့ တင်လိုက်ပါတယ်။

သူငယ်ချင်းတွေထဲမှာ အိမ်ထောင်ကျပြီးတဲ့သူ နည်းနည်းပဲ ရှိသေးတယ်။
ဒါပေမဲ့ ကျန်နေသေးတဲ့ လူလွတ် ယောက်ျားလေး တွေဟာ လူလွတ် မိန်းကလေးတွေများဆို သိပ်နှိပ်ကွပ်ချင်တာပဲ။ ပြီးရင် သူတို့က ပြောဦးမယ်။

"ငါတို့က ယောက်ျားလေး၊ ၁၈ နှစ်သမီးကို ကောက်ယူလဲ အချိန်မရွေး ရတယ်" ဆိုပြီး။
ဟင်း ဟင်း... လေနဲ့ ယူမပြကြပါနဲ့။
ကိုယ့်ဘာသာ စွမ်းတယ် ထင်ရင် လက်တွေ့ ပြလိုက်ကြစမ်းဘာာာာာာာာ...

စွံပြီးသားလူတွေက ပြောရတယ် မရှိဘူး။
မစွံသေးတဲ့ လူအချင်းချင်း တမူး ပိုရှူတာများ အသည်း နာ လွန်း လို့ ...
(ဒါတွေ မခံချင်လို့ ကောက်ယူပြလိုက်ရင်လည်း ကိုယ်ပဲ ဘဝ ဆုံးဦးမယ်။)

အဲဒီ သူငယ်ချင်းမှာဖြင့် လက်ဆွဲပြစရာ လူတောင် ရှိသေးတာ မဟုတ်ဘူး။
သူ့ကောင်မလေးက ဆဆဆဆဆွဆွဆွဲ ..........နေလို့ (အချိန်)။
ဒါနဲ့များ ကိုယ့်ကို ဒီသီချင်းမျိုး ပို့ပြီး ကလိ ချင်သေးတယ်။
(ချက်ချင်းလက်ငင်း လက်ဆွဲခေါ်ပြကြေး ဆိုရင် သူပဲ ရှုံးဦးမှာ သိသိကြီးနဲ့များ)

ဟင်းးးးးးးးးးးးးးး
သီချင်းထဲက အတိုင်းပဲ ပြောတော့မယ်။

မုန်းဒယ် မုန်းဒယ် ယောက်ျားတွေကို မုန်းဒယ်...

***

21 comments:

  1. တကယ်တော့ ခုခေတ်ကဗျာတွေမှာ ပျောက်သွားတဲ့ ကာရန်တွေက သီချင်းတွေဆီ ရောက်သွားတာပါပဲ။
    ထပ်တူပါပဲ၊၊
    jouk-jack လေးနာထောင် ရင့်တာကလွဲလို့ သေနေတာ ရှင်သွားလိမ့်မယ်။
    http://www.imeem.com/witnyin/music/vu-5QOAE/jouk-jack-sout-yuu-phit-twar-chin/

    ReplyDelete
  2. ဒေါ်ရီတာ တစ်ယောက်တော့ အပျိုကြီး လေသံနဲ့ :)

    တစ်ချို့သီချင်းတွေကတော့ ပေါက်ကွဲချင်တဲ့အချိန် နားထောင်ရင်မဆိုးဘူး Big Bag - Telepunk

    Zone ကတော့ ပထမခွေ တော်တော်ကြိုက်တယ်။ နောက်ပိုင်း သံစဉ်ထပ်သွားသလို ဖြစ်နေတာနဲ့ နားမထောင်ဖြစ်တော့ဘူး

    ReplyDelete
  3. စာရေးဆရာကြီးတစ်ယောက်ရေးဖူးတာမှတ်မိတယ် ..
    လူငယ်တွေ ဆေးချ၊ ရန်ဖြစ်၊ အလကားလမ်းတွေပေါ် အချိန်ကုန်နေတာထက် ပန်းချီဆွဲ၊ သီချင်းဆိုနေတာက ပိုမကောင်းဘူးလားဗျာတဲ့ ... ခု အမပို့စ်ကိုဖတ်ပြီး သတိရသွားတာ .. :)

    ReplyDelete
  4. မောင်ရေ
    လက်ဆွဲခေါ်ပြမလို့တဲ့
    ၁) အသင့်ပြင်
    ၂)နေရာယူ
    ၃)မောင်းချိန်
    ၄)ကျည်ဆံထည့်
    ၅)ဝပ်
    ၆)ပစ်နိုင်ပြီ

    ReplyDelete
  5. မှန်တယ်...အပြို ကြီးဖြစ်မှာ

    ReplyDelete
  6. that's only among MM guys.

    International,.. no guys think.

    har har..

    :D

    yesterday, I watched TV program..
    In there,.. about of couple program r participated.
    one couple,. lady is 47 and her hubby is 29. everyone surprised.
    :)
    and their answers is so surprised.
    coz they met online dating web site. :D
    They r now 2 yrs married life.
    :D

    another strange couple , her hubby is househusband.:P
    I will post later this program.

    Don't worry.. most of MM guys r said like this. They have closed eyes.

    ReplyDelete
  7. Hey, It's too much. Why do you hit me directly?

    NT

    ReplyDelete
  8. တို့ ညီမက အပျိုလေးပဲ ရှိသေးတာကို…
    အမလဲ ခုတလော အလုပ်တွေ ရှုပ်နေတာ ညညတွေ ညည့်နက်တဲ့အထိလုပ်ရတော့ အိပ်ငိုက်မှာ ကြောက်လို့  Hip Hopနဲ့ အလုပ်လုပ်တာ… အံမယ်… မဆိုးဘူး… နားထဲနဲနဲဝင်လာတယ်…. အိပ်ငိုက်ပြေတာတော့ အမှန်ပဲ….

    ReplyDelete
  9. This blogger has no ethic. She copy words from my email and post it as Anonymous. I won't hide to express my opinion publicly. She doesn't understand privacy. So SAD.

    ReplyDelete
  10. anonymous နဲ့ မတင်ပါဘူး။ နာမည် ရေးထားပါတယ်။

    ReplyDelete
  11. ငါ ဘာလုပ်လုပ် ပြောစရာကို ဖြစ်နေတော့တာပါလား။

    အပင်မြင့်လေ လေတိုက်လေပဲ။

    ReplyDelete
  12. တော်တော်လေးကို စိတ်ကြီးဝင်နေတာပဲ :D။ ဘာတဲ့.. Gap ကတော်တော်ကွာသွားပြီတဲ့ အသက်ကဖြင့် ၃၀မကျော်သေးဘူး တော်ကီတွေက တကယ့် ၄၀ကျော်ပဲ။ :P
    အဲဒါလည်း ဘလွတ်ဂါတချို့ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးပါပဲလေ.. သွပ်.. သွပ်.. သွပ်။

    ReplyDelete
  13. Rita version cover ဆိုပြီး record လုပ်ပါလား။ နားထောင်ချင်လို့။ ဟိ။
    SM

    ReplyDelete
  14. OKL Hall?? where's that?? we really don't know each other.. and i'm not YGN native =]
    SM

    ReplyDelete
  15. သူ့ကိုသူတော့ အနဂ္ဂ လို့ပဲ ပေါင်းတယ်။

    ReplyDelete
  16. ကောင်းတယ် NTကိုအဲလိုလေးရေးပေး ငါ့ကိုလဲဒင်းကပို့ထားသေးတယ်....
    ခံဟ (NT )
    ခိခိ
    ငါက (Mdm sweet hard) :P

    ReplyDelete
  17. မုန်းမှာပေါ့... သူ့မှ မကြိုက်တာ။ ကြိုက်တုန်းကလည်း ဂရုမှ မစိုက်တာ... ဆိုပဲနော် (သီချင်းထဲက ပြောတာပါ)

    ReplyDelete
  18. I like all kind of musics and songs that came from their deepest feeling ( the heart).

    BINO

    ReplyDelete