Sunday, November 1, 2009
မို့မို့ ရဲ့သီချင်း
ချစ်သူသို့
ချစ် သူလေးရယ်
ဝေး နေကြတယ်
နေ့ နဲ့ ညတွေ မဟောင်းနွမ်းဘူး
ရင်မှာ မပြောင်းလဲဘူး အချစ်ရယ်...
တွေး နေတော့ကွယ်
ကိုယ်နဲ့ မင်းနဲ့ နေချိန်များရယ်
တွေ့ဖို့ ရက်တွေ နီးနီးလေး
ရင်မှာ အမြဲ မှတ်ထားမိတယ်
Cho:
(အချိန်တွေ ပြောင်းနေ
နေရာဟောင်းတွေ
ကိုယ်လေ အမြဲရှိနေ ပါတယ်/ မှာပါ
အတူပျော်ရမယ့် နောက်ရက်တွေ
မျှော်လင့်ရင်းလေ
ရင်မှာ မင်းသာ
တစ်ယောက်တည်းပါ
ပူပင်တတ်တဲ့ ဝေဒနာ
တကယ်ကို မထားနဲ့ စိတ်ချစွာ
ယုံကြည်ထားပါ)
စိတ် တွေသွားရာ
ကိုယ်လေ လိုက် နေမိတယ်
မင်းရဲ့ ပုခုံးပေါ် လဲလျောင်းရင်း
ကိုယ်တို့ မခွဲတော့ဘူး အချစ်ရယ်
နေ့ စဉ် အလွမ်းတွေ
ရင်ကို ကြမ်းတမ်း ဝင်ရောက်နေ
ဒီသီချင်းလေးနဲ့ အတူ ကိုယ့်အချစ်များ
တကယ်ကို မင်းအတွက် အေးချမ်းစေ
Cho:
(ရင်မှာ မင်းသာ
တစ်ယောက်တည်းပါ
ထာဝစဉ် အချစ်တို့ တည်နေရာ
ဘယ်ခါ မပြောင်းလဲ သိပ်ချစ်မှာ
ယုံကြည်ထားပါ
အချိန်တွေ ပြောင်းနေ
ပြန်ဆုံမယ် နေ့တွေ
ကိုယ်လေ အမြဲစောင့်နေမှာပါ
တကယ်ကို အေးချမ်းမယ့် အပြုံးတွေ မျှော်နေဆဲပါ)
***
မို့မို့ မဖြစ်ခင်က သီချင်းလေး။
ကျောင်းမပြီးခင်တည်းက မြဝတီမှာ တခါတလေ နားထောင်ခဲ့ဖူးတယ်။
သူ့ရဲ့ ပထမဆုံး single ခွေမှာ ပါခဲ့တာ။
သီချင်းနာမည် မမှတ်မိတော့ဘူး။
စနားထောင်ကတည်းက ရင်ထဲ ဝင်သွားတဲ့ အရေးအဖွဲ့နဲ့ သံစဉ်ပါပဲ။
ရေးတာကတော့ "မျိုးကျော့မြိုင်" ပါ။
ရှာနေမိတာ ကြာပြီ။
net လည်း သိပ်မကျွမ်းတော့ ခုမှ တွေ့တယ်။
တွေ့တွေ့ချင်း ဝမ်းသာအားရနဲ့ ကောက်တင်လိုက်ပါတယ်။
သီချင်းနာမည် ရလိုရငြား မို့မို့ရဲ့ website ကို ရှာတာလဲ မတွေ့ဘူး။
အရင်ကတော့ ဝင်ကြည့်ဖူးတယ်။ ခုတော့ မရှိတော့တာလား၊ ကိုယ်ပဲ မတွေ့တာလား မသိတော့ပါဘူး။
title မသိတော့ you tube က MTV ရှာချင်တာလည်း ရှာလို့ မရတော့ဘူးပေါ့။
:(
သိတဲ့သူ ရှိရင်လည်း ပြောသွားကြပါဦး။
***
ဒီနေရာ မှာ download လုပ်ဖို့။
အပေါ်က title အသေးမှာ click လုပ်လဲ ရပါတယ်။
နားထောင်ဖြစ်အောင် ထောင်ကြည့်လိုက်ပါ။
နောင်တ မရစေရပါဘူး။
:)
***
သီချင်းနာမည် "ချစ်သူသို့" လို့ ပြောပြသွားတဲ့ co coe ကို သိပ်ကျေးဇူးတင်ပါတယ်။
Album title လည်းဖြစ်ပါတယ်။
***
ဟုတ်တယ်
ReplyDeleteဒီသီးချင်းကိုကြိုက်တယ်
အဲဒီသီချင်းလေးနာမည်က 'ချစ်သူသို့'တဲ့..
ReplyDelete1 Nov 09, 20:01
ReplyDeletetune: မို့မို့ ကြိုက်တယ် ကျေးဇူး .. win/win က R. covey ရေးတာ ပိုရှင်းတယ်
အရမ်း အရမ်းကို ကြိုက်ပါတယ်
ReplyDeleteး))
ယူသွားပါတယ်ရှင်
သီချင်းက မဆုံးသလိုပဲနော်
ဘာလို့လဲ မသိဘူး ..း))
ဟုတ်တယ် နည်းနည်းလိုသေးတယ်။
ReplyDeleteဒါပေမဲ့ ပြီးခါနီးပါပြီ။
စာသားတွေလဲ စုံသွားပြီ ဆိုတော့။
:)
သီချင်းနားထောင်သွားပါတယ် :)
ReplyDeleteSM
For me, 'Melody' always comes before 'Lyrics' when it comes to loving a song. :) I don't know why....such a particular taste that I have!
ReplyDeleteEven though the lyrics is beautiful, Melody doesn't hit me that much.
မို့မို့ဆိုသူကို အခုမှသိတာပါ...
ReplyDeleteသီချင်းလေးက အေးအေးလေးနဲ့...
ရတနာဦး အသံနဲ့တောင် ခပ်ဆင်ဆင်လားလို့...
းဝ)
မို့မို့ကို စိုင်းစိုင်း Hit Song - February မှတ်တမ်းမှဘဲ အသံကြားဘူးတာ။ တခြား သီချင်းလဲ နားမထောင်ဘူးပါဘူး။ ဟီးဟီး။ ဒါနဲ သူက ဖြူသီရဲ့ သမီးမဟုတ်လား??
ReplyDeleteSM
ဟုတ်ပါတယ်။ ဖြူသီရဲ့ သမီး။ လူပျံတော် ပတ္တမြား ကြော်ညာတာ သူပေါ့။
ReplyDelete2 Nov 09, 07:46
ReplyDeleteme me: remix lae kaung par tae
2 Nov 09, 07:46
me me: original chit thu thoe taw ma hote bu
2 Nov 09, 07:46
me me: myitzuri.com mar remix taw shi tae
2 Nov 09, 06:56
SM: http://www.youtube.com/watch?v=nnpRWFb3CY8
မဟုတ်ဘူး အစ်မရဲ့
ReplyDeleteညီမပြောတာက သီချင်း ပြီးသွားတဲ့ ပုံစံကိုပြောတာ
တုံးတိကြီး :D
ကြိုက်လို့ ချစ်သူသို့ ခွေကို ရှာဒေါင်းလိုက်တယ် .. :D
သီချင်းတင်လိုက်တယ်နော် ..း))
မို့ မို့ ကိုချောလို့ ကြိုက်တယ်
ReplyDeleteအသံလေးအေးလို့ ကြိုက်တယ်
သူ့ သီချင်းတွေအကုန်လုံးလိုလိုရှိတယ်
I dont know her. anyway, a nice song! thanks for sharing.
ReplyDelete