Monday, October 19, 2009

Then & Now !

ပျင်းလို့ တင်တဲ့ post !



(Choa Chu Kang MRT က Handicap Ramp မှာ - ရိုက်ပြီးမှ သတိထားမိတယ်)

ဒီလို အချိန်အခါမျိုးမှာ ဓါတ်ပုံတင်တာ မိုက်မဲရာ
တော့ ကျချင် ကျလိမ့်မယ်။

သို့သော်လည်း လူ့ဘဝကြီး ဒါတွေ လိုက် ဂရုစိုက်နေရရင်ဖြင့် အလုပ်မဟုတ်ဘူး ထင်တာပဲ။

ဒါပေမဲ့ ဟို တပတ်က အိမ်ကလူတွေနဲ့ အပြင်ထွက်စားပြီး ရိုက်လာတဲ့ group ဓါတ်ပုံတချို့ကို အိမ်က ညီမလေးတွေက face book ကနေ tag နဲ့ ပို့ပေးတော့ ကိုယ် tag တွေကို ကမန်းကတန်း ပြန်ဖြုတ်ရပါတယ်။ ကိုယ့်ကိစ္စကို အရေးမစိုက်လှပေမယ့် သူများတွေ ကိုယ်နဲ့ ငြိပြီး အချောင်ပါကုန်မှာ စိုးလို့ပါ။

အဲဒီပုံတွေ တကူးတက tag လုပ်ပြီး ပို့ပေးတဲ့ ညီမလေးကိုတောင် အဲဒီအကြောင်း သေချာ ရှင်းမပြရသေးဘူး။ သူက ပို့ချင်လို့ tag ပေးတာ ကိုယ်က ဖြုတ်ပစ်တယ် ထင်တော့မယ်။

(ဆုံးရှုံးသွားတဲ့ အခွင့်အရေး။
face book မှာ ဓါတ်ပုံတွေ မရှိလို့တော့ ဘာမှ ဖြစ်မသွားပါဘူး။ ကိုယ် fb ကို သိပ်လဲ familiar ဖြစ်လှတာ မဟုတ်ဘူး။ သိပ်လဲ မသုံးတတ်ဘူး။ ကိုယ်ကစလို့လဲ ဘယ်သူ့မှ add မလုပ်ဖြစ်လှဘူး။

ဒါပေမဲ့ တစ်ခုတော့ စဉ်းစားမိတယ်။ ဘဝဘဝက သူတပါး
ရဲ့ အခွင့်အရေးတွေကို အုံနဲ့ ကျင်းနဲ့ ပိတ်ပင်ခဲ့မိလို့များ ဒီဘဝ မြန်မာနိုင်ငံလို နေရာမျိုးမှာ လူလာဖြစ်ခဲ့ကြသလားလို့ပါ။)

ကိုယ့်အတွက် အရေးမစိုက်ဘူးဆိုတာက လူတွေနဲ့ နေသရွေ့ ဒါမျိုးတွေ တကွေ့မဟုတ် တကွေ့ ကြုံမှာပဲလို့ ယူဆမိလို့ပါ။

ဒါ့ထက်ပိုတာ တစ်ခုက ကိုယ့်အနီးဆုံး လူတွေရဲ့ ကိုယ့် အပေါ်ထားတဲ့ ယုံကြည်မှုကို သေချာနေလို့ပါ။ ဘယ်သူဘာပြောလို့မှ နားယောင်မယ့်သူ တစ်ယောက်မှ မပါဘူး။
အကုန် ဦးနှောက်နဲ့ချည်းပဲ။


***

14 comments:

  1. 19 Oct 09, 20:29
    Rita: ကွာတာပေါ့မမရဲ့။ fb မှာဖြုတ်တာတွေက သူများတွေပါပါလို့။ ခု blog မှာ တင်တာတွေက တယောက်တည်းပုံ။
    19 Oct 09, 20:25
    kom: fb က့ပုံတွေ ကိုဖြုတ်တယ်။ ဘလော့မှာ ပုံတွေတင်တယ်။ ဘာကွာခြားသလဲသိပရစေ။

    ReplyDelete
  2. ဟုတ်ကဲ့ ခင်ဗျ ပြောချင်ရင် ငါ့တစ်ယောက်တည်းကိုပဲ ပြောဆိုတဲ့သဘောလား
    စီးတီးပီအမ်က မေးတာလေး ဖြေပေးပါဦး။ =P

    ReplyDelete
  3. အင်း..
    အင်း.. မောင်ဖြိုးမော်
    ဆွပေးနေ
    ကိုယ့်ဆီ လာလို့ကတော့ လွှတ်လိုက်ဦးမယ်။

    (ကိုယ်တင်ဖို့ စိတ်ကူးရှိနေတာကို တင်တာပါ။ fb က ကိစ္စကတော့ ကြုံကြိုက်လို့ ထည့်ပြောသွားတယ်မှတ်ပါ။)

    ReplyDelete
  4. Nothing to say related this article.

    BINO.

    ReplyDelete
  5. တစ်ခုက ကိုယ့်အနီးဆုံး လူတွေရဲ့ ကိုယ့် အပေါ်ထားတဲ့ ယုံကြည်မှုကို သေချာနေလို့ပါ။ ဘယ်သူ ဘာပြောလို့မှ နားယောင်မယ့်သူ တစ်ယောက်မှ မပါဘူး။
    အကုန် ဦးနှောက်နဲ့ချည်းပဲ။

    Great...!!!
    Two Thumbs Up...!!!

    ReplyDelete
  6. လန့်သွားတာပဲ... ကလူ ကလူ... :P

    အိပ်ခါနီးမှ ဘလော့လည်မိတဲ့ ကျွန်တော်မျိုးကြီး သေသင့်ပါတယ်လေ။ အဟား...

    ReplyDelete
  7. hey mama rita
    since when u become a Narcissus

    ReplyDelete
  8. Rita,
    You have changed in terms of your features while grwoing up. I won't be able to recognize the current you if I am only shown Shwedagon pic. But one thing I can tell for sure is that cute baby Rita turns out to be the pretty Rita. Also, I think that you are quite proportionate.

    ReplyDelete
  9. Rita က ချောချောလေးပဲ။ Profile က ပုံထက် ပိုချောတယ်။ ကလေးလေးပုံလည်း Rita ပဲလား။

    ReplyDelete
  10. ညိုသွယ်လေးပဲ။

    ReplyDelete
  11. ဟားဟားဟား...."ရှမ်းကြိုက်နွားချော"၊ "ကိုယ်ထင် ကုတင် ရွှေနန်:"၊ "အရူး စိတ်ချမ်းသာ တိုင်းပြည် ငြိမ်:ချမ်း" ဆိုတဲ့ စကားတွေကို အခုမှပဲ သဘောပေါက်တော့တယ်။

    ReplyDelete
  12. အင်း ကိုယ်လဲ သဘောတော့ ပေါက်နေတယ်။
    အရူးတွေ စိတ်မချမ်းသာရင် ဘယ်သူမှ မငြိမ်းချမ်းဘူး ဆိုတာကို...

    ReplyDelete
  13. 22 Oct 09, 21:07
    သိင်္ဂါကျော်: ငယ်ငယ်တုန်းက ပုံလေးက ချစ်စရာလေး...

    ReplyDelete