Tuesday, September 29, 2009

My Very First Visit to Yangon !


(ရန်ကုန်ကို ပထမဆုံး ရောက်ဖူးတဲ့ အညာသူ)

မူကြိုကျောင်းသူ ဘ၀ပဲ ရှိသေးတယ်။
အတန်းကျောင်း မတက်ရသေးဘူး။
အဘိုးအဘွားတွေနဲ့ အတူတူ၊ ဘွားဘွားရဲ့ မွေးစားသမီးပါတယ်.. ကိုယ့်ကို ထိန်းဖို့။
မေမေတောင် မပါဘူး။
အသက် ၄ နှစ်လောက်မှာ မိဘတွေ မပါဘဲ ပထမဆုံး ခရီးထွက်ဖူးတာ။

တည်းတဲ့အိမ်မှာ မြို့ကရောက်နေတဲ့ အသိတစ်ယောက်က လာတွေ့ပြီးတော့ ပြောတယ်။
သူ ပြန်တော့မှာ တဲ့။ မေမေ့ဆီကို စာရေးပေးလိုက်ဦးမလား တဲ့။
ဘွားဘွားကလည်း ရေးလိုက်လေ လို့ပြောတယ်။

ကိုယ်ကလည်း မငြင်းဘူးပဲ။ အင်း ရေးမယ် ဆိုပြီး စာရွက်နဲ့ ဘော့ပင်ယူပြီး ရေးတော့တာ။
ဘာမှလည်း တတ်တာ မဟုတ်ဘူး။
"၀လုံး" လောက်ကလွဲပြီး ဘာမှ မရေးတတ်သေးတဲ့ အချိန်။
အဲဒါကို "၀လုံး" ပဲတတ်လို့ "၀လုံး" ပဲ ရေးလိုက်တယ် မထင်နဲ့။
လူကြီးတွေ စာရေးသလို
တွန့်တွန့်တွန့်တွန့် တွေနဲ့ ကကြီးတွေ ဗျိုင်းပျံသလို ရေးထည့်ပေးလိုက်သေးတယ်။

:D

အမယ် ကိုယ့်ဟာကိုယ်တော့ အဲဒီတုန်းက အဟုတ်ပဲ မှတ်နေတာ။ ငါကွ ဆိုပြီး...

အဲဒါကို အဲဒီ အသိအန်တီကလည်း တကယ်ယူသွားပြီးတော့ မေမေ့ဆီ တကယ်ပေးလိုက်တယ်။ ကိုယ်လည်း ခရီးသွားရာက ပြန်ရောက်ရော မေမေက ကိုယ်ရေးထားတဲ့
တွန့်တွန့်တွန့်တွန့် စာတွေကို ပြပြီး...

"ကဲ သမီးရေးထားတာ မေမေ့ကို ဖတ်ပြစမ်းပါဦး" လို့ ပြောတော့ ဟီးဟီးဟားဟားနဲ့ ရူးချင်ယောင်ဆောင်နေတာ မှတ်မိတယ်။

"အလျှံညီးညီး တောက်မည့်မီးကား" ဆိုသလိုပဲ။
(အရွှီး မီး)

***
ဒါနဲ့ ကြီးလာတော့ စာမေးပွဲတွေမှာ ဘာမေးမေး ဖြေလိုက်ဖို့ ဘယ်တော့မှ ၀န်မလေးဘူး။
မသိတာ မေးလဲ ရမ်းသမ်းပြီး ရေးထည့်လိုက်တာပဲ။

ငါကွ !

:D
***

22 comments:

  1. ရီတာကတော်တော်ခေတ်ရှေ့ပြေးတာဘဲ။ လန်ဒန်မှာတောင် အဲဒိဖက်ရှင်က မနှစ်ကမှ ခေတ်စားတာ

    ReplyDelete
  2. အစ်မရေ ရန်ကုန်တစ်ခေါက် အလည်ရောက် တဲ့ အကြောင်းလေး လာဖတ်ပါတယ် .... ဝ လုံး စာလေး သဘောကျမိတယ် ... :))
    လေးစားလျှက်
    ရန်ကုန်သား :))

    ReplyDelete
  3. ရောတောရှိပေါ့ :) ပုံလေးက ချစ်စရာလေး
    တို့လည်း မောင် ကိုကိုနဲ့ မရီတာ ဆက်ရေးပါ ပြောချင်နေတာ အားနာလို့... အားလုံး အလုပ်များကြတာ ကိုယ်ချင်းစာတယ်

    ReplyDelete
  4. Dr. မလှောင်ပါနဲ့ လူကို။
    အဲဒီတုန်းက ကလေးပဲရှိသေးတာ။ ဘာသိမှာလဲ။ လူကြီးတွေ ၀တ်ပေးတဲ့အတိုင်း ၀တ်ရတာပဲ။
    ကိုယ့်ဟာကို ဘယ်လိုလုပ် ၀တ်တတ်မှာလဲ။

    YGT, တကယ်တော့ ၀လုံးတင် မကဘူး။ ဗျိုင်းလိုပျံတဲ့ ကကြီးတွေပါ ပါသေးတာ :D

    Addy, အမွှေးအတောင် တူသော ငှက်များသာ အပေါင်းအသင်း ဖြစ်ကြကုန်၏။

    မမီယာ, ဆက်ရေးပါမယ်မမ။ ဘယ်ဟာမှ ပြီးအောင် မရေးဖူးပေမဲ့ ဒီတခါတော့ ပြီးအောင် ရေးပါမယ်။ I promise! :)

    ReplyDelete
  5. ဟိဟိ
    ကိုယ်လည်းဒီဖက်ရှင်မျိုးကြိုက်တယ်
    စာမွဲမှာ ထင်တာရေးထဲ့တာကလည်းတူနေပြန်ပြီ
    လူကြီးတွေကိုစာရေးတာလည်းတူတယ်
    ရီတာကမှ ပြန်မဖတ်ပြတာ ကိုယ်က စီကာပတ်ကုံးဖတ်ပြသေးတာ ..
    တကယ်က စာရွက်ပေါ်မှာ အခြစ်တွေပဲရှိတယ်

    ReplyDelete
  6. တို့တော့ ၁ဝတန်းအောင်ပြီးတော့မှ ရန်ကုန်ကိုရောက်ဘူးတယ်..။ စာရေးလိုက်တယ်ဆိုလို့ တို့တွေငယ်ငယ်တုန်းက သူငယ်ချင်းအချင်းချင်း စကားကိုကွိစိ ကွိစိနဲ့အသံထွက်ချင်သလိုထွက် လျှောက်ပြောတယ် ။ ကလေးတွေစိတ်ထဲမှာတော့ လူကြီးတွေကတော့ တို့တွေ
    အင်္ဂလိပ်စကားပြောနေတယ်လို့ထင်ကြလိမ့်မယ်ဆိုပြီး..ကိုယ့်အတွေးနဲ့ကိုယ် ဟား ဟား....။

    ReplyDelete
  7. Wow...Rita, you have a great memory. I can't vividly remember what I did when I was 4. Your 'O' reminds me of my sister when she was very little. She kept writing 'O' and when ppl asked her what they meant, she started saying random things which popped up in her head at that moment. And she now is very much into writing and keeps Journal instead of blog. My sister is a big fan of Jue :)

    ReplyDelete
  8. ညီညီ့အစ်မ တစ်ယောက်ထဲ ငါကွ နေရတာ မကြည့်ရက်ဘူး.. ကူကွ ပေးသွားတယ်..
    မရီတာကွ.. !!!
    :D

    ReplyDelete
  9. တို့များ ငယ်ငယ်တုန်းက အဲ့လို သစ်ကုလားအုပ်ကြီးနဲ့ ရိုက်ထားတဲ့ပုံက black&white ပုံ

    ReplyDelete
  10. You said you are Ah-Nyar-Thu. :0)
    May I know ur native town?
    Just curious.

    ReplyDelete
  11. vista, တကယ်ပဲ တူရာတူရာ စုကြတာနော်။

    Thant, အလုပ်ထဲမှာ ဖတ်ပြီး ရီချင်လိုက်တာ ဆိုတာလေ။ တွေးမိတိုင်း ပြုံးစိစိကို ဖြစ်နေတော့တာပဲ။ အဲဒါမျိုးတွေ လုပ်ဖူးတယ်။ လူဇိုးးးးးးးးးးးးး

    ဖြူတုတ်လေး, သိပ် မှတ်မိတယ်လို့တော့ မဟုတ်ပါဘူး။ တချို့ဟာတွေကျ လူကြီးတွေ ပြန်ပြန်ပြောလွန်းတာနဲ့ မှတ်မိတယ် ထင်နေတာ။ တချို့ဟာတွေကျတော့လည်း တကယ်ကို မှတ်မိတယ်။ ဒါမျိုးက နည်းပါတယ်။ ဖြူတုတ်လေးရဲ့ ညီမလေးကိုလည်း စိတ်ဝင်စားလိုက်တာ။ ကိုယ်နဲ့ အကျင့်တူတယ်ဆိုလို့။

    နီညန်း, blogger ဖြစ်ပြီး စာရေးရတာ ကောင်းလိုက်တာ။ အတူတူ ကွ ပေးမယ့်လူတွေ ဘာတွေပေါ်လာပါလား။

    မမသီတာ, ကြည့်ချင်တယ် မမ။ ပြပါ။

    Anonymous, ကိုကြီးကျော်ရဲ့ သက်ပျောက်နန်း ရှိတဲ့မြို့။ ချင်တွင်းမြစ်ရဲ့ တောင်ဘက်ကမ်းက မြန်မာပြည်မှာ နာမည်အကြီးဆုံး အမွှေးတိုင်နှစ်မျိုး ထွက်တဲ့ မြို့။
    ဒါဆို သိလား???။

    ReplyDelete
  12. Yesagyo? Pakhangyi?

    ReplyDelete
  13. ha ha
    a shweee meee
    but I really impressed with your ancestors. You got a good support for your confidence since child hood.
    That's why you become like that.


    Nyan Htun

    ReplyDelete
  14. ဟီး ဟီး
    တင်နေပီ.. တင်နေပီ
    ငယ်ငယ်တုန်းက ပုံတွေ..
    နောက်ဆိုလသားအရွယ် ကိုယ်တုံးလုံးပုံလေးတွေပါ တင်မလား မတိဘူး...

    My very first visit to the human life ဆိုပီးတော့လေ
    ခိခိ

    ReplyDelete
  15. Rita ရေ...'ပန်းသီးပုံပြင်'ကိုclickလုပ်လိုက်လေ။ တို့linkလုပ်ထားပြီးသား။ လာလည်ပေးတာ အရမ်းကျေးဇူး တင်ပါတယ်။ ဟုတ်တယ်...ညီမလေ:က Rita တို့လိုကိုအရေးကောင်းတာ။ တို့နဲ့တခြားစီပဲ။ သူကDiary , Journal သမားလေ။ တို့ကိုအကုန်တောင် မပေးဖတ်ဘူး။ ဟားဟား

    ထွန်းထွန်းအပေါ်ကိုမြင်တာတော့ တို့နဲ့တထပ်တည်:ပဲ။ အမြင်ခြင်းဖလှယ်လို့ ရသွားပြီ။ တို့အိမ်က Rita အိမ်လောက်ဟင်းမကောင်းဘူး။ ဒါပေမဲ့ လာတော့လည်နော်။ ရှိတာလေးနဲ့ ဧည့်ခံပါ့မယ်။ :)

    ReplyDelete
  16. မသိတာမေးလဲ ရမ်းဖြေလိုက်တယ်..ပိုင်သကွာ..ဂုဏ်ထူးတွေ ဘာတွေကော မထွက်ဘူးလား.

    ReplyDelete
  17. ပျောက်ဆုံးသွားတဲ့ နိဗ္ဗာန်ဘုံလေး ...
    ခဏလောက်ပြန်ငယ်ချင်လိုက်တာ ... ဟီဟိ
    အရိုက်တော့ ခဏခဏပြန်ခံရမှာ သိပ်မနိပ်ဘူး

    ReplyDelete
  18. မရီတာ တော်တယ် =)

    ReplyDelete
  19. ပုံကို မြင်မြင်ချင်းပဲ ဟယ်...အညာသူလေးက ၀တ်စားတာ ခေတ်မှီလိုက်တာလို့ စိတ်ထဲကပြောမိသေး။ စတိဖ် ကွန်မန့်တွေ့တော့ ပြုံးလိုက်ရသေးတယ်။ ရွဲ့ပြောတာမဟုတ်ဘူးနော်။ ဒါဆို လူကြီးတွေ ခေတ်မှီတယ်လို့ ပြောလို့ရတာပေါ့နော်။း)

    ReplyDelete