Thursday, August 13, 2009

Singapore Botanic Garden မှာ...

(ဆယ့်နှစ်ကြိုး ကဝေ)

(ဘယ်လောက် လှလည်းပဲ ဟိုးထိပ်ဖျား တက်ပွင့်နေတော့ သွားတာပဲ။ လူသိပ်မသိဘူး။ ကိုယ့်လို မော့မကြည့်တတ်တဲ့ လူမျိုးဆိုရင်ပေါ့။)

(တခါတလေတော့ ဘယ်သူမှ မရှိတဲ့ အဲဒီလို နေရာမျိုးမှာ...)

(Ever Green)

(အနောက်အရပ်က ကောင်ချောလေးပေါ့ကွယ်။ တိတ်တိတ် ခိုးရိုက်လိုက်တာ။ သူကတော့ သူ့ဘာသာ အလုပ်တွေ ရှုပ်နေတာနဲ့ ကိုယ့်ကို သတိမထားမိပါဘူး။)

(သူ့ကို မှတ်မိကြလား)

(Harry Potter ကားထဲက လိုလို)

(တောကြီးမျက်မည်းထဲ ရောက်သွားသလိုပဲ)

(ခက်ညွန့်သန် နုသစ်လို့ ရစ်ပတ်နှောင်တွယ် သံယောဇဉ်ဆိုတာရယ် နွယ်ကလေးတပင်ပေါ့)

(ရာသီတွေ ဘယ်လိုပြောင်းပေမယ့် ခေါင်းထောင်လို့ကျော့)



(သံယောဇဉ်က ဒီပုံစံမျိုးနဲ့ လာတွယ်ရင်တော့ ဒုက္ခ...)

(ပုံထဲမှာတော့ လှတယ်နော်။ အပြင်မှာတော့ မလှပါဘူး။ ၀ါးလုံးတွေ ဆေးသုတ်ထားတာပါပဲ)

(သူ့ကို ချစ်ရတာ ဗြဟ္မာကြီး ဦးခေါင်း ရွက်ထားရသလိုပဲ)

(Red & Green)

(တပွင့်တည်း ဒါပေမဲ့ Orchid)







(ခရမ်းရောင်က ကိုယ့်ကို အဆွဲဆောင်နိုင်ဆုံး အရောင်ပဲ)



(၀ါဖျော့ဖျော့၊ ပန်းဖျော့ဖျော့ကလေးတွေ မြင်တော့ လက်ထပ်တော့မယ့် သတို့သမီးလေးတွေလိုပဲလို့ တွေးမိတယ်)

(Pure Virgin)

(တွဲခုတ်နေကြတယ်)

(ရိုက်ပေးတဲ့ photographer ကတော့ သူငယ်ချင်း ကြည်ဖြူပိုင် (ချိုမာ)၊ သူ့သူငယ်ချင်းလေး မလေးရှား မသွားရရှာလို့.. ပန်းခြံခေါ်ပြီး ဓါတ်ပုံ အမျိုးမျိုး ရိုက်ပေးရှာတာ)

(အဲဒီ နှစ်ပုံ အဆင်ပြေဆုံးပဲ။ သေချာမမြင်ရလို့။ ရိုက်ပေးတဲ့ လူက တော်ပါတယ်။ ကိုယ်ကိုက မလှရှာတာ။)

*****
ဘယ်နေရာသွားသွား ကိုယ့်နေရာ မဟုတ်ဘူး ဆိုတဲ့ အသိနဲ့ စိတ်ထဲမှာ တခုခု လိုနေသလိုပဲ။
မလုံခြုံဘူး ဆိုတဲ့ ခံစားချက်မျိုး ထင်တယ်။ ဘာမှလဲ ထူးထူးခြားခြား မခံစားမိဘူး။

အခါခါ ရောက်ဖူးရဲ့သားနဲ့ ကိုယ့် အတွက် ခြေညောင်းခံပြီး အချိန်ပေးတဲ့ ချိုမာ့ကို ကျေးဇူး...
ချစ်စ်စ်စ် :)

16 comments:

  1. အတော်လှတဲ့ နေရာပဲ။ စလုံးမှာ ရှိတာလား။ မရောက်ဖြစ်ခဲ့ဘူး။

    ဗြဟ္မာကြီး ဦးခေါင်းဖြစ်ဟန်မတူဘူး။ မျက်စိမြင်ပေမဲ့ မစွမ်းမသန်ဖြစ်နေတဲ့ သူတယောက်က မျက်မမြင် သန်စွမ်းတဲ့ သူတယောက်ရဲ့ အကူအညီနဲ့ ခရီးသွားတဲ့ ပုံလို့ ထင်ရတာပဲ။

    အပေါ်က မစွမ်းမသန်က ရင်ထဲက ဆန္ဒတွေကို ကိုယ်စားပြုတယ်။ အောက်က မျက်မမြင်က ဆင်ခြင်ဥာဏ်ပေါ့။ ဆင်ခြင်ဥာဏ်က အားကောင်းရှာပေမဲ့ လမ်းညွှန်ပေးနိုင်တဲ့ နှလုံးသား ဆန္ဒနောက် အမြဲတမ်း လိုက်ရတဲ့ အကြောင်း သရုပ်ဖော်ထားတာပါ။

    ReplyDelete
  2. ကိုစမ်းချောင်း ပြောမှ အဓိပ္ပါယ်ကို သိတာ။ စိတ်ထဲ ဒီလိုပဲ အဆန်းထွင်ပြီး လျှောက်ထုထားတာ ထင်လို့။ :P

    ဗြဟ္မာကြီး ဦးခေါင်းလို့တော့ မထင်ပါဘူး။
    တမင် နောက်ပြီး ရေးထားတာ။
    သတိရသွားလို့ :)

    ReplyDelete
  3. nice.

    တော်တော်သာယာတာပဲနော်။ ရေငွေ့တွေနဲ့။ အဲလို garden မျိုးတွေ England မှာလဲရှိတယ်။ ဥပမာ လန်ဒန်က Kew garden

    ရီတာကလဲဓာဟ်ပုံထဲမှာ smart ကျတယ်

    http://www.timvp.com/london117.jpg

    ReplyDelete
  4. မမရေ..... နောင့် ရောက်ဖူးတုန်းက ဒီလောက်လှတာ မသိဘူးတော့ ခု မမ ဓာတ်ပုံလေး နဲ့ တွဲခံစားလိုက်မှ တော်တော် လှတယ်နော်....။ ဟုတ်တယ်... ပြန်သွားချင်စိတ်ပေါက်လာပြီ....း)

    ReplyDelete
  5. ဟိုသစ်ခွရော ဓာတ်ပုံရိုက်ခဲ့ဘူးလားဟင်................။

    sdl

    ReplyDelete
  6. စင်စင်ကို ဖြည့်ပေးလိုက်မယ်..
    သိန်းစိန် သစ်ခွမတွေ့ဖူးလို့ တွေ့ဖူးချင်တာလားးးးးး
    အမခင်မင်းဇော်

    ReplyDelete
  7. ရေတကောင်းပင်
    မြင်ဖူးသလိုလိုပဲ
    ဆန်းတယ် တုန်းက သင်ခဲ့ဖူးတာထင်တယ်။

    ReplyDelete
  8. လှလိုက်တာ... rita ရိုက်တတ်တာလဲပါတယ်.. ပူပူ ရောက်ရင် ဒီတစ်ခါတော့သွားဖြစ်အောင်သွားအုံးမှ..း)

    ReplyDelete
  9. ရီတာ
    မလေးရှားကိုအလည်လာချင်လို့လား၊
    လာခဲ့လေ
    :)

    ReplyDelete
  10. ဟိုက် .. နှစ်ရီတာပါလား
    အာရ် အကြီးနဲ့ အာရ်အသေး....။

    ReplyDelete
  11. လှတယ်…ပန်းတွေရော လူလေးရော… လူလေးဆိုတာ ဟိုကောင်လေးဟုတ်ဘူးနော်…အောက်ဆုံးက ကောင်မလေးကိုပြောတာ…အမလဲ သားကို လိုက်ပို့ မလို့ အားယူနေတာ…နေမကောင်းဖြစ်နေလို့ …

    ReplyDelete
  12. ရီတာရေ

    Photo blogging များလုပ်တော့မည်လော
    :D

    ဓါတ်ပုံလှလှလေးတွေကို ကြည့်သွားတယ်

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  13. အမ အယင်ကဆိုရင်လေ တနေရာရာသွားလို့ ပတ်ဝန်းကျင်ကို မခံစားတတ်ဘူး...သွားလိုက်တာပဲ...ရောက်ဖူးတယ်.. ပြန်လာတယ်..နေပူမိရင် ခေါင်းကိုက်လာတယ်..မျက်ရိုးကိုက်တယ်..အိမ်ရောက်ရင် ထိုးအိပ်လိုက်တယ်..ဒါပဲ။
    အခု ဘလော့တွေဖတ်ရင်းနဲ့မှ ခံစားတတ်လာတယ်..အိမ်ပြန်ရောက်ရင်လည်း ပင်ပန်းတယ်မထင်တော့ဘူး..လန်းဆန်းလို့။ ကိုယ်မရောက်ဖူးသေးတဲ့ နေရာတွေဆိုလည်း သွားချင်လို့ ပို့စ်လင့်လေးတွေ သိမ်းထားတယ်။ သွားခါနီးကျ ပို့စ်လေးကို တခေါက်ထပ်ပြန်ဖတ်လိုက်သေးတယ်။ ရေးပေးတဲ့ ဘလော့ဂါတွေအားလုံးကို ဒီနေရာကပဲ ကျေးဇူးတင်ကြောင်းလေး ရေးခဲ့မယ်နော်။

    ReplyDelete
  14. you are very welcome sonata-cantata (on behalf of Rita :) )

    ReplyDelete
  15. ပုံကလေးတွေ လှတယ် မရီတာရေ... တစ်ခေါက်ရောက်ဖူးတယ်။ လမ်းလျှောက်ရတာတော့ အဝေးကြီးပဲ..

    yu ya

    ReplyDelete
  16. ဟေးသယ်ချင်း...ထင်တဲ့ပုံလေးတွေနာရိုက်ပေးတာရှိပါတယ်ဟယ်
    အဲဒါလေးတွေတင်လိုက်
    ငါ့လက်ရာကောင်းမှန်းလူတွေသိသွားအောင်ပါ။အဟားဟား :D:P

    ReplyDelete