Saturday, August 1, 2009

အိပ်မက်ထဲက အိပ်မက်များ




အိပ်မက်ထဲက အိပ်မက်များ (ရေး/ ဆို - Alex)


အတိတ်ကို မပြင်နိုင်ချိန်မှာကွယ်
တို့တွေ အတူဆုံလာခဲ့တယ်

မျိုသိပ်ထားလို့ မခံနိုင်ရင် ယဉ်ယဉ်လေးနဲ့ ငါရူးမယ်


မင်းကို ယုံကြည်နေချင်တယ်
ရှေ့မှာ ဘာတွေ ဖြစ်ဦးမလဲ

အရာရာ စွန့်လွှတ်နိုင်ပါတယ် တကယ်သာ မင်းစိတ်တွေ ပြတ်သားရင်


CHO: တယောက်လက် တယောက်ကို တွဲပြီး ဟိုး အဝေးကြီးကို ထွက်သွားချင်
ဘာတွေ ဖြစ်ဦးမလဲ
လူတွေ အလယ်မှာ မနေချင်ဘူး သိပ်စိတ်ရှုပ်တယ်

လောကကြီးကို အရွဲ့တိုက်လို့

မင်းရဲ့ အနားမှာ အမြဲ ပေးဆပ်ရင်းနဲ့ နေပါရစေ
ဘာတွေ ဖြစ်ဦးမလဲ
လိုချင်တာတွေ အို.. နောက်ဆုံး အပြစ်ရှိပလေ့စေ.. ခံယူတာက မှားပစေကွယ်


အချစ်တွေ မကုန်စေချင်ပါတယ်
အနမ်းတွေ ပြန်လိုချင်မိတယ်

ငါတယောက်ထဲ ဖြစ်နေချိန်မှာ အရင်လို စကားလေးတွေ ပြန်ကြားရင်


အပြစ်လို့ မြင်နေသူတွေရယ်..
ချစ်တယ် ဆိုတာတွေ နားမလည်..
လူတွေနဲ့ ဝေးတဲ့ နေရာမှာ ဆုံနိုင်ဖို့ တစ်ခုသာ ကျန်တော့ရင်...


CHO:

*****
အဲဒီ သီချင်းလေး စကြားကတည်းက တော်တော် စိတ်ဝင်စားမိပါတယ်။
မနေ့ညက blog မှာ တင်ချင်လို့ အသဲအသန် လိုက်ရှာလဲ မတွေ့ဘူး။
(တကယ်က တွေ့တယ်။ ခေါင်းစဉ်ကို မသိဖြစ်နေတာ။ အဲဒီ ခေါင်းစဉ်လို့ မထင်တော့ You Tube မှာ ဖွင့် မကြည့်မိဘူး။)

အဲလက်စ် ရေးတဲ့ သီချင်းတွေ သိပ်လဲ ထူးထူးခြားခြား မရှိလှဘူး ထင်ခဲ့ပေမယ့် ဒီတစ်ပုဒ်ကတော့ ချွင်းချက်။
သူ ဒါကို ရေးဖို့ ဘယ်လို inspiration ရခဲ့လဲ သိချင်မိတယ်။
စာသားလေးတွေက ဘာမှ အဆန်းတကြယ် မပါပေမယ့် ထိတယ်။

ဥပမာ။ ။ "မျိုသိပ်ထားလို့ မခံနိုင်ရင် ယဉ်ယဉ်လေးနဲ့ ငါရူးမယ်" ဆိုတာမျိုး...

Cheers! Alex


MP3 link ပို့ပေးတဲ့
မျိုး ကို ကျေးဇူးတင်ပါတယ်။

9 comments:

  1. နားထောင်ခဲ့ဖူးတာ ကြာပေါ့
    တစ်ယောက်တစ်ယောက်ဆွဲပြီး ဟိုးအဝေးကြီးကို ခိုးပြေးမယ် ဘာညာနဲ့

    အိမ်ထောင်ကျပြီးမှ အိမ်ကမိန်းမကို စိတ်ကုန်ပြီးရေးတဲ့သီချင်းထင်တယ်

    ဟင် သူများ ခံစားချက်ကို ဖျက်ဆီးလိုစိတ်နဲ့ မန့် တယ်မထင်ပါနဲ့ မမရီတာ

    ReplyDelete
  2. ဟုတ်သား ခုမှ တွေးမိတယ်
    ကောင်စုတ်လေး
    :D

    ReplyDelete
  3. သီချင်းနားထောင်နေတယ်...

းဝ)

    ReplyDelete
  4. PM ရေးသလိုပဲ အဲ့သီချင်းရေးတုန်းက သူ့မှာ အဲ့ခံစားချက်တစ်ခုရှိတယ်ကြားမိတယ်ဗျ။ ထားပါတော့လေ ဒါက သူ့အကြောင်း
    ကျနော်လည်း အဲ့သီချင်းကြိုက်တယ်

    "တယောက်လက် တယောက်ကို တွဲပြီး ဟိုး အဝေးကြီးကို ထွက်သွားချင်
    ဘာတွေ ဖြစ်ဦးမလဲ
    လူတွေ အလယ်မှာ မနေချင်ဘူး သိပ်စိတ်ရှုပ်တယ်
    လောကကြီးကို အရွဲ့တိုက်လို့"

    အဲ့အပိုဒ်ကိုကြိုက်တယ်

    ReplyDelete
  5. သီချင်းနားထောင်သွားတယ်
    ကေက်ချက်တွေ မချတော့ပါဘူးလေ
    :)

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  6. ဟဲဟဲ သူ့နောက်မှာ အဆက်ယှိသေးတယ်ဗျ
    ... တော်ပါပီ စိတ်ကုန်တယ် တောထဲကသစ်ပင်ပေါ်မှာ သွားနေမယ် .. ကျားကြီးပဲကိုက်ကိုက်သေသေ ကျေနပ်တယ်..အားလုံး အားလုံးအေးဆေး ဆိုတာ ဟီးဟီး
    အဲ့တစ်ပုဒ်ကျန်သေးတယ်

    ReplyDelete
  7. I dont know his songs. thanks for sharing

    ReplyDelete
  8. အဲ့ဒါ ဒီလောက်နာမည်ကြီးတာ။ ဒီသီချင်းနားထောင်တိုင်း သူတို့နှစ်ယောက်ကို မျက်လုံးထဲ ပြေးမြင်ယောင်တယ်။ သိချင်ရင် လက်တို့ ။။

    ReplyDelete
  9. လက်တို့လိုက်ပါတယ်

    ReplyDelete