Thursday, July 9, 2009

If you fall in love...



ချစ်မိပြီဆိုရင်


၁) အချိန်ပြည့်ထက်တောင် ကျော်လွန်ပြီး သူ့အကြောင်းတွေချည်း တွေးမိနေလိမ့်မည်။
(အချိန်ပြည့်ထက် တကယ်ကို ကျော်နိုင်ကောင်းပါတယ်..ဘာဖြစ်လို့ဆိုတော့ တချိန်တည်း နှစ်ထပ်ကွမ်း
သုံးထပ်ကွမ်း အတွေးတွေ ထပ်ပြီး တွေးနေမိတတ်လို့ပါ)

၂) ပြောသမျှစကားမှာ သူ့အကြောင်း မပါ, ပါအောင် နားထောင်သူ အမြင်ကပ်ရလောက်အောင် အတင်း ဇာတ်သွင်း ပြောနေမိလိမ့်မည်။
(ခင်မင်ရင်းနှီးသော သူများက ပွင့်ပွင့်လင်းလင်း ဆဲသမျှ မကြာခဏခံရမည်)

၃) မတွေ့တာကြာပါက ကယောင်ကတမ်း ဖြစ် ဖြစ်လာမည်။
(ဥပမာ- အိမ်ရှေ့မှာရပ်ပြီး တံခါ့းဖွင့်ဖို့ သော့ထုတ်ရမှာကို ဖုန်း ထုတ်ပြီး contact folder ကို ဖွင့်မိနေခြင်းမျိုး၊ အမြဲသုံးနေကျ email password ကို အကြာကြီး ငိုင်ပြီး စဉ်းစားနေမိခြင်းမျိုး)

၎) နံပါတ် (၃) ၏ အကျိုးဆက် အဖြစ် သူရှိသမျှ နေရာတွေ ခြေရာခံမိမည်...
(ဖုန်းတော့ တော်ရုံခေါ်မိမည် မဟုတ်)
(internet ကန့်သတ်မဲ့ ဇုံတွင်နေရသူ ဖြစ်ပါက... online တခွင် ပြဲပြဲစင်အောင် လိုက်ရှာမည်။ Skype မှာလား..vzo မှာလား..gtalk မှာလား..(သို့) social network တွေ သုံးသူဖြစ်က .ning မှာလား...friendster မှာလား...facebook မှာလား...suboo မှာလား... Twitter မှာလား.. ဘယ် အချိန်က ဘာလုပ်ပြီး ဘယ်သူနဲ့ ဘာတွေ Q သွားလဲ)(internet က နယ်မြေတွေ သိပ်မကျွမ်းလို့ သိပ်ထည့်မရေးနိုင်ဘူး)

၅) သူ သုံးနေကျတွေ သူကြိုက်တတ်တာတွေ သူ ရှာနေတာတွေ သူ လုပ်နေသမျှတွေ အကုန် အကုန်
ကို စိတ်ဝင်တစားနဲ့ လိုက်မှတ်မိနေရုံမက လိုက်ပါလုပ်မိနေမည်။
(ဥပမာ- သူ့ laptop မှာ တင်ထားတယ်ဆိုတဲ့ anti-virus freeware က စ ကိုယ့် စက်မှာ ချက်ချင်းကောက်ပြီး install လုပ်မိမည်။ သူ့ အကြိုက် အဆိုတော်တွေရဲ့ သီချင်းတွေ စက်ကတောင် မနိုင်အောင် DL လုပ်ပြီး ဘေးလူ ငြူစူအောင် ဖွင့်ဖြစ်နေမည်။ စာရိုက်လျှင်..(သို့) တစ်ယောက်ယောက်နှင့် စကားပြောလျှင် သူသုံးနေကျ အသုံးအနှုန်း အခေါ်အဝေါ်တွေ အလိုလို ပြန်သုံးမိလာမည်။)

၆) တိုက်ရိုက် တွေ့ဖြစ်ကြရင်တော့ သူလုပ်သမျှ ကန့်လန့်တိုက် ပြောချင်ပြောမိမည်။
(ဟင် ဒီ ရေမွှေးကြီးကတော့ အနံ့လဲ သိပ်မကောင်းဘဲနဲ့...ဟင် ဒီ software ကတော့ tech geek တွေ recommend လဲ မလုပ်ဘဲနဲ့... ဟိုလိုလုပ်တာကတော့ အချိန်ကုန်ရုံပဲ...ဒီလိုလုပ်တာကတော့ အလကားပဲ..အာရုံပဲ)

၇) ကိုယ်ပိုင် စိတ်ကူးထဲမှာတော့ "သူ အမြတ်တနိုး စိုက်ပျိုးတဲ့ သစ်ပင်ကလေးကစလို့ ရေလောင်းပေးချင်နေလိမ့်မည်"။ သူ့ အိမ်မွေးတိရစ္ဆာန်လေးက စလို့ သံယောဇဉ်တွေ ထားမိနေမည်။

၈) အလုပ်လုပ်ရင်းတောင် မြင်ယောင်နေလို့ ခါတိုင်း နာရီဝက်နဲ့ ပြီးတဲ့ အလုပ် ၃ နာရီ မက ကြာလိမ့်မည်။

၉) သူနဲ့ ပတ်သတ်တဲ့ ငယ်ဘ၀က အကြောင်း (သို့) တော်ရုံလူ သိပ်မသိနိုင်တဲ့ စိတ်ဝင်စားဖွယ် မိသားစု အလေ့အထ တစ်ခုခု အကြောင်းကို ရင်းနှီးသူတစ်ယောက်ယောက်ထံမှ သိရပါက ထီပေါက်သလောက် ၀မ်းမြောက်ကြည်နူး ရှိနေမည်။ အတွေးထဲ စားမြုံ့ပြန်မဆုံး ဖြစ်နေမည်။
(ရီးစားဟောင်း အကြောင်းသိရပါက တပတ် ဆယ်ရက် ဆိုသလို စားမ၀င် အိပ်မပျော် ဖြစ်နေမည်)

၁၀) သူ စိတ်ဆိုးပါက ရပ်တည်ရာ မြေကြီး မရှိတော့သလို... သူ့ ဒေါသကို မြင်ရပါက တကမ္ဘာလုံး သွက်သွက်ခါ သလို... သူ ဥပေက္ခာပြုတာ ခံရပါက တလောကလုံးကို ဆုံးရှုံးလိုက်ရသလို ခံစားတတ်လာမည်။

၁၁) သူပြန်ကြည်လာတဲ့ အချိန်မှာတော့ သူ့ အပြုံး တစ်ချက်နဲ့တင် ကျန်တာ အားလုံး မှေးမှိန် ကုန်၍ တလောကလုံးကိုတောင် ခလုတ်မှတ်ပြီး ၀င်တိုက်ကိန်း ရှိလေသည်။

မှတ်ချက်။ ။ အသက် (၂၀) အောက် လူငယ်များသာ ဖတ်ရန် ...
(မိခိ သို့ ...)

17 comments:

  1. ၂၀ အောက်တွေသာ ဖတ်ပါဆိုတာတွေ့ တဲ့အချိန်မှာ ရေးထားသမျှ အကုန်လုံးဖတ်ပြီးသွားပြီ။

    ReplyDelete
  2. မှတ်ချက်က နောက်ဆုံးမှာ သွားရေးထားတော့ ဖတ်ပြီးမှ မှတ်ချက်ကို မြင်တော့တာပေါ့ ဒေါ်ရီတာရဲ့။ အဲသည်လို အသက်ကြီးသူတွေကို Discriminate မလုပ်ပါနဲ့။ အားငယ်တယ်။

    ReplyDelete
  3. ဟုတ်တယ် နေနေနိုင်ပြောသလိုဘဲ။
    ဖတ်ပြီးမှတွေ့ တာနော်။ အသက်၂၀အော်ဆိုတာ။

    ဘာဘဲပြောပြောဖတ်သွားတယ်။
း)

    ReplyDelete
  4. 20 အောက်ဖတ်ဖို့ရေးထားတာ 40 အောက်ဝင်ဖတ်သွားပါတယ်။ ပြုံးမိတယ်၊ သဘောကျတယ်...။
    ဒါ အရူးအမူးဖစ်နေတဲ့ ကာလပေါ့..။

    ReplyDelete
  5. ဟိဟိ နောင့် ကကျော်ကာစ ဆိုတော့ ဖတ်လို့ ရသေးလား ပဲ ..ဒါပေမယ့် ဖတ်ပြီးပြီ...ငယ်ငယ်တုန်း ကအဲ့လို ပဲ...း)

    ReplyDelete
  6. ဖတ်ပြီးလို့ ခံစားမလားအောက်မေ့တယ်


    အသက်နှစ်ဆယ်အောက်ဆိုတော့


    နင်ပြီးပြန်သွားတယ်


    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  7. ဘုရားရေ...
    အစုတ်ပလုပ်ကလေး... လုပ်ပုံက...
    အားလုံးဖတ်ပြီးခါမှ ဝမ်းနည်းဖွယ်အဖြစ်နဲ့ ကြုံရတော့တယ်...
    အမှန်ကတော့ ချစ်မိပြီဆိုရင် အသက်အရွယ်နဲ့ မဆိုင်... ဒါတွေဟာ Universal Truth ပါ ဒေါ်ရီတာရေ့...

    ReplyDelete
  8. ချစ်မိရင် နှစ်ခါရုံးသတဲ့ ဒါကြောင့် ပုလုကွေး ဘယ်သူကို မှ မချစ်...

    နှစ်ဆယ်အောက် .. :) ပုလုကွေးက ခုမှ ၁၀နှစ်ထဲရယ်...

    ReplyDelete
  9. ဟီးဟီး
    ၂၀ပြည့်သေးဘူး
    ဖတ်လို့ရတယ်

    ReplyDelete
  10. အင်း ဖတ်မှတ်လေ့လာသွားတယ်
    ကိုယ့်အတွက်ကတော့မလိုတော့ဘူး
    ချန်းချင်လေးခေတ်ရောက်ရင်တော့လည်း ဒီ့ထက်ပိုမယ်ထင်တယ်
    :D

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  11. ဟယ်... ရီတာမမ နာ့ကိုများ မြင်သွားလား မသိဘူး။
    ဘယ်တုန်းကတည်းက နောက်ယောင်ခံ လိုက်ကြည့်နေသလဲနော်။ ပါပါရာဇီ ရှုံးလောက်တယ်။ ရေးထားတာတွေက နာနဲ့ ကွက်တိပဲ။ ရှက်တော့ မရှက်ပါဘူး။ အရှက် မရှိတာ ကြာလှပေါ့။ အဟက်...
    ~~~~

    အဲဒီလိုများ ပြောမိရင် ဇူလိုင်တစ်ယောက် သောက်ပေါလို့ ထင်ကြအုံးမယ်လေ။ ထင်ချင်သလို ထင်ပါစေလေ။ အဟက်... အဟက်...

    ReplyDelete
  12. ဒီဘလော့ကို လာဖတ်တဲ့သူတွေ ၂၀အောက် တစ်ယောက်မှပါတယ်မထင်ဘူး။ အဟက်။
    နောက်တခါ ၂၀ ကျော်၊ ၃၀ ကြား အတွက်လည်းရေးပါဦးဗျို့။

    မောင်၊ကိုကို၊မမရီတာ ...ဆက်ရန်လေးတွေ မျှော်နေတယ်။

    ReplyDelete
  13. မှတ်ချက်။ ။ အသက် (၂၀) အောက် လူငယ်များသာ ဖတ်ရန် ...
    တော်ပါသေးရဲ့  ကျော်ဖတ်မိလို့...
    :P

    ReplyDelete
  14. အသက် (၂၀) အောက် လူငယ်များ၏ မိဘအရွယ်များ ဖတ်ရန်ဆိုရင် ပိုကောင်းမယ်။ :P

    ReplyDelete
  15. အသက်၂၀ဆိုတော့ မြီးကောင်ပေါက်ပေါ့လေ။
    ဒါဆို
    ခုမန့်နေကြတဲ့ မြီးကောင်ကျွတ်ကြီးတွေအတွက် တစ်ပုဒ်လောက်။

    ReplyDelete
  16. အသက် ၂၀+၂၀ အောက် မမဖတ်သွားပါတယ်ကွယ်.း)

    ReplyDelete
  17. နေဒေးသစ်July 11, 2009 at 8:51 PM

    အသက်ကတော့ ၂၀ ကျော်ပြီ ဒါပေမယ့် တစ်ချို့ အချက်တွေ လုပ်နေမိတုန်း ...
    မှန်နေသေးတုန်း ..

    အထူး သဖြင့် ၁ နှင့် ၁၁ ဖြစ်မည် ထင်သည် ..

    နေဒေးသစ်။

    ReplyDelete