Tuesday, July 7, 2009

အိပ်မက်ဟောင်း

Photo from Google Search


ချစ်သူ…
မနေ့တနေ့ကလိုပဲနော်…


မင်း ကိုယ့်ကို ကြည့်တဲ့ အကြည့်တွေက

ဒီမျက်လွှာတွေကို ညှို့ချ

ဘယ်တော့မှ အနိုင်မရစေခဲ့ဘူး…


*

ဘာမှ မပြောင်းလဲဘူး ချစ်သူ…

ဒီလို အကြည့်တွေနဲ့ပဲပေါ့…

ကိုယ့်ခြေလှမ်းတွေရဲ့ အသိမ်း အနုတ်ကို
အဝေးကတောင် ထိန်းချုပ်နိုင်ခဲ့တယ်…


*

အရင်အတိုင်းပါပဲ…


ဒီမျက်ဝန်း အကြည့်တွေနဲ့

ခံစားမှုတွေ နိုးထစေလို့

မင်း နဲ့ ကိုယ့်ရဲ့အကြောင်း

မဟောင်းသေးဘူးပဲ ထင်မိတယ်…


*****
Early 1999
 

(ကိုယ် ဘယ်တော့မှ မနိုးထချင်ခဲ့တဲ့ အိပ်မက် တစ်ခု အကြောင်း)
 

4 comments:

  1. အိမ်မက်ဟောင်းက နိုးမထချင်ရင် ဆက်သာအိပ်နေပါ ရီတာရေ...၊ ၁၉၉၉ မတိုင်ခင်ကကိုး...အခုကော...ဘယ်လိုလဲ...

    ReplyDelete
  2. အိမ်မက်ဟောင်းတွေအချိန်ရောက်ရင် ကိုယ့်ဆီအမှန်ပြန်ဖြစ်လာတတ်တယ်သိလား.. သူများပြောတုန်းကမရုံမိခဲ့ဘူး။။။ အခုတော့လက်ခံတတ်နေပီ

    ReplyDelete
  3. မဟောင်းသေးတဲ့ အကြောင်းတွေကို

    မျက်လုံးများနဲ့ ခံစားသွားပါတယ်...

    ကဗျာလေးလှတယ် မမရီတာ

    ပျော်ရွင်ပါစေ...

    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    စကားမစပ်- မမရီတာရဲ့ အခန်းဆက်က ဘယ်တော့ပီးမှာလဲ....

    ReplyDelete
  4. ၉၉က အိပ်မက်ဟောင်းကို ပြန်မက်လိုက်တာ
    ကိုယ့်ကို ကိုယ်
    ငယ်တယ်လို့တောင် ထင်သွားရတယ်..
    ကောင်း၏

    ReplyDelete