Sunday, July 5, 2009

မောင်

photo from Google Search

ဒိုင်ယာရီတွေ ကြားမှာသာ

မကြာခဏ

ပြန့်ကျဲလို့ ကျခဲ့


အိပ်မက်တွေ များမှာသာ
ကြိမ်ဖန်များစွာ
ယောင်ယမ်းလို့ တခဲ့

*

နားဆင်ပါ...ချစ်သူရယ်

မိုးစက်ကလေးတချို့
မင်းဆီကို ပြေးကပ်လာတဲ့အခါ

မင်းဖြတ်သွားတဲ့အခိုက်
လေပြည်ကလေးက ရှိုက်သံပေးတဲ့အခါ

ဟိုးအဝေးက အသံတွဲတစ်စကို သယ်လာရင်း
ပင်လယ်ရေလှိုင်းတို့
မင်းခြေရင်းကို တို့ထိတဲ့အခါ

မင်းစောစောနိုးတဲ့
မနက်ခင်းတချို့မှာ
ငှက်ကလေးတို့ တေးဆိုသံကို ကြားတဲ့အခါ

*

ရှာကြည့်ပါ... ချစ်သူရယ်

ဇွန်ပန်းရုံ သစ်ရွက်ကလေးရဲ့ နောက်က
ပုန်းကွယ်နေတဲ့ ပန်းပွင့်လေးရဲ့ မွှေးရနံ့ထဲမှာ

ကောင်းကင်မှာ လူးလွန့်တဲ့
စိမ်းပြာရောင် လျှပ်စီးကြောင်းတွေရဲ့
မဆတ်တငံ့ မြည်ကြွေးသံမှာ

အေးစက်စက် မျက်ဝန်းနောက်က
ထွင်းဖောက်ကြည့်မှ မင်းမြင်ရမယ့်
ချစ်ခြင်းဆိုတဲ့ အလင်းတန်းရဲ့နောက်မှာ

*

နားလည်ပါ… ချစ်သူရယ်

တစ်ကြိမ်တစ်ခါမှ
ဖွင့်ဟခွင့် မရခဲ့တော့လည်း


တိုးတိတ်ကျယ်လောင်စွာ

မြိုသိပ်ပေါက်ကွဲ


ရင်ထဲမှာ...

*

(မင်းကြားအောင် မခေါ်နိုင်ခဲ့တာက လွဲရင်...နေရာအနှံ့မှာ အဲဒီခေါ်သံတွေ ကိုယ် ၀ှက်ထားခဲ့ပါတယ်)

7 comments:

  1. ကောင်း၏ ကြိုက်၏
    နှသ်ခါဖတ်သွား၏

    ReplyDelete
  2. ပုံက မျက်ခုံးမျက်လုံးလေးကို ကြည့်သွားတယ်။
    ကဗျာလေးလည်းဖတ်သွားတယ်...။ ကြိုက်တယ်။
    အောက်ဆုံးက Bold တင်ပြီးရေးထားတဲ့ ကွင်းစကွင်းပိတ်စာလေးဖတ်ပြီး ဂျူး/အမှတ်တရ စာအုပ်နောက်ကျောဖုံးက "မောင် ဖန်ဆင်းပေးခဲ့တဲ့ အိပ်မက်လေးကို စာအုပ်အဖြစ်အမှတ်တရ"( စာသားအတိအကျတော့ဟုတ်ချင်မှ ဟုတ်မယ်)ဆိုတဲ့ စာကြောင်းလေးကို သတိရသွားတယ်။

    အဖြစ်မှန်တော့မဖြစ်စေချင်ပါဘူး ဒေါ်ရီတာ....။


    sdl

    ReplyDelete
  3. မျက်ဝန်းတွေကိုကြည့်
    ကဗျာလေးကိုဖတ်သွားတယ်

    ရီတာဖွက်ထားတဲ့ ခေါ်သံတွေကို မောင်ကြားနိုင်ပါစေဗျာ

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  4. အင်း...
    ညီမတွေ တော်ကြပါပေတယ်...

းဝ)

    ReplyDelete
  5. ( မ ) ရီတာ.... ခံစားနားလည်စွာဖတ်သွားပါတယ်၊
    တချို့အရာတွေကပြောပြဖို့တော်တော်ခက်လောက်အောင်အ
    ရမ်းသိမ်မွေ့လွန်းတော့နှလုံးသားရဲ့ပုံဆောင်ခဲတွေလှုပ်ခတ်
    အောင်..ဒါမှမဟုတ်အနည်ထိုင်နေတဲ့ ( သို့ ) မေ့ထား
    တဲ့ပုံရိပ်တွေအရိပ်ထင်လာအောင်ဆွဲဆောင်နိုင်တဲ့ကဗျာလေး
    တစ်ပုဒ်ပါ။ ပုံရိပ်တူကဗျာတွေကိုမျှော်နေပါတယ်..။

    ReplyDelete
  6. အချစ်ရဲ့ နက်ရှိုင်းမှုကို မြင်ရတဲ့ ကဗျာ..။
    တကယ်တော့ အဲလို အချစ်ချည်းသက်သက်ရှိနေတဲ့ အချိန်ဟာ ခံစားလို့အကောင်းဆုံး.. စိတ်ကူးယဉ်ဆန်တယ်ပဲဆိုဆို...။

    ReplyDelete
  7. နေဒေးသစ်September 19, 2009 at 3:32 PM

    မဖွင့်ဟဖြစ်ပဲ နေရာအနှံ့မှာ ဝှက်ထားခဲ့တဲ့ ခေါ်သံတွေ မောင် မကြားနိုင် မသိနိုင်ခဲ့ပေမယ့် .. စာဖတ်သူတွေတော့ မြင်ခဲ့ကြားခဲ့ရတယ် ...

    မောင် သိရင် မနာလိုများ ဖြစ်နေမလား ?? :D

    နေဒေးသစ်။

    ReplyDelete